29/10/2025
တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် TNLA တို့အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး
အင်းလေး ၊ အောက်တိုဘာလ ၂၉ ရက် ၊၂၀၂၅။
တရုတ်နိုင်ငံ၏ အထူးကိုယ်စားလှယ် မစ္စတာတိန်းရှီကျွန်း၏ ကြားဝင််ညှိနှိုင်းမှုဖြင့် စစ်ကောင်စီနှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) တို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း TNLA ကထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံ ကူမင်းမြို့၌ အောက်တိုဘာလ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပခဲ့သည့် (၉) ကြိမ်မြောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် စစ်ကောင်စီတပ် ကိုယ်စားလှယ်အဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်ပြီး PSLF/TNLA ၏ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား တို့ကဦးဆောင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် ဆွေးနွေးပွဲအတွင်း နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး အောက်ပါသဘောတူညီချက်များရယူခဲ့ကြကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါအချက်များမှာ သဘောတူသတ်မှတ်ထားသည့် ကာလအတွင်း မိုးကုတ်နှင့် မိုးမိတ်မြို့နယ်များမှ TNLA တပ်များ ပြန်လည်ဆုတ်ခွာမည်ဖြစ်ပြီး စစ်ကောင်စီတပ်မှ တအောင်းဒေသအား လေယာဉ်ဗုံးကြဲခြင်း၊ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ၊၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့၊ (၀၀:၀၀) နာရီမှစတင်၍ နှစ်ဖက်တပ်များ ရောက်ရှိရာနေရာတွင် ရပ်တန့်ကာအပစ်အခတ်ရပ်စဲရေး စတင်ရန် သဘောတူညီလက်မှတ်ရေး ထိုးခဲ့ကြကြောင်း ဆိုထားသည်။
#အင်းလေးလူထုလှုပ်ရှားမှု
.com