CJ Platform We Are Freedom And Voices.
(481)

The Burma Citizen Journalist Platform Organization, known as “CJ Platform,” was founded on March 5, 2021, in response to the military coup in Myanmar, aiming to combat the suppression of news by the junta and provide crucial media education for Citizen Journalists. Based in Thailand, CJ Platform News operates as an independent news agency, offering step-by-step journalism training to a new generat

ion of reporters, ensuring they are proficient in news writing and media ethics. The platform advocates for freedom, federal democracy, human rights, and the protection of minority groups, while also focusing on environmental issues, transitional justice, and preserving Myanmar's heritage. On July 1, 2022, CJ Platform News was officially established, broadcasting daily news produced by certified Citizen Journalists, guided by a team of five Executive Directors. With the slogan “We Are Freedom And Voices,” CJ Platform is committed to delivering accurate and unbiased news for Myanmar and the world.

ဧရာဝတီတိုင်းမှာ ရေကြီးနိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိနေပြီး ရေတားတာတွေရဲ့ ကြံ့ခိုင်မှုကို ပြင်ဆင်ထားဖို့လိုCJ Platformမိုးန...
24/09/2025

ဧရာဝတီတိုင်းမှာ ရေကြီးနိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိနေပြီး ရေတားတာတွေရဲ့ ကြံ့ခိုင်မှုကို ပြင်ဆင်ထားဖို့လို

CJ Platform

မိုးနှောင်းကာလ မုတ်သုံမိုး ဆက်တိုက်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတို့မှာ အခုရက်ပိုင်းအတွင်း ရေကြီးနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က CJ Platform ကို ပြောပါတယ်။

ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ မနက်ဖြန် စက်တင်ဘာ ၂၅ ရက်ကနေ ၂၆ ရက်နေ့ထိ နှစ်ရက်အတွင်း ရေကြီးမှုသတိပေးချက် Medium Level (အဝါရောင်) အဆင့်မှာ ရှိနေတယ်လို့ သိရပါတယ်။

အဲဒီရက်တွေအတွင်း ဧရာဝတီမြစ်ရဲ့ မြစ်လက်တက်တွေဖြစ်တဲ့ ငဝန်မြစ်၊ တိုးမြစ်နဲ့ ဖျာပုံမြစ်တို့မှာ ရေတိုးလာနိုင်ပြီး ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ဘိုကလေး၊ ဖျာပုံနှင့် ဒေးဒရဲမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ ဦးဝင်းနိုင်က အသိပေးထားပါတယ်။ ဧရာဝတီတိုင်းမှာ ရေကြီးနိုင်ခြေဟာ ၇၀ ရာခိုင်နှုန်းထိ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း အရှေ့ပိုင်းဒေသတွေဖြစ်တဲ့ ပဲခူး၊ ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ်တို့မှာလည်း စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် လယ်ကွင်းတွေ ရေလွှမ်းမိုးနိုင်တဲ့ အခြေအနေ ရှိနေပြီး ရေကြီးနိုင်ခြေဟာ အမြင့်ဆုံး ၆၀ ရာခိုင်နှုန်း အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

“မြစ်ကမ်းဘေးက အနိမ့်ပိုင်းရပ်ကွက်တွေ၊ အနိမ့်ပိုင်းမှာရှိတဲ့ လယ်ကွင်းတွေ၊ စိုက်ခင်းတွေ ဒါတွေ ရေလွှမ်းသွားနိုင်တယ်။ အဓိကကတော့ အနိမ့်ပိုင်းက ပစ္စည်းတွေ ရွှေ့ထားသင့်တယ်။ မြစ်ရေကြီးရင် လျှံထွက်လာအောင် တားထားတဲ့ ‘ရေတားတာ’ တွေ ကျိုးပေါက်နိုင်တဲ့ အခြေအနေ၊ ရေစိမ့်နိုင်တဲ့ အခြေအနေကို သတိထားသင့်တယ်” လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က သတိပေးပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ တောင်တရုတ်ပင်လယ်မှာ ထပ်ဖြစ်နိုင်တဲ့ မုန်တိုင်းတွေရဲ့ အရှိန်ကြောင့် မုတ်သုံလေ ပိုအားကောင်းလာကာ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်း၊ အနောက်ခြမ်း၊ ကရင်ပြည်၊ မွန်ပြည်၊ ကရင်နီပြည်နဲ့ တနင်္သာရီတိုင်းတို့မှာ အောက်တိုဘာလလယ် မိုးနှောင်းကာလ ကုန်တဲ့အထိ မိုးများနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

နေပြည်တော်မှာလည်း မနေ့ စက်တင်ဘာ ၂၃ ရက် ညနေမှာ မိုးပိုကောင်းလာတာကြောင့် ပုဗ္ဗသီရိမြို့နယ်က လမ်းမတွေပေါ် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့သလို၊ လယ်ဝေး၊ တပ်ကုန်းမြို့နယ်တွေမှာလည်း ရေဘေးသတိပေးချက်တွေကို လူမှုကူညီရေးအဖွဲ့တွေက လိုက်လံ အသိပေးနှိုးဆော်နေကြပါတယ်။

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အင်အားပြင်း တိုက်ဖွန်းမုန်တိုင်း ရာဂါဆာဟာ မနက်ဖြန်မှာ တရုတ်နိုင်ငံကမ်းရိုးတန်းကို ဖြတ်ကျော်ကာ နောက်နှစ်ရက်အတွင်း ဗီယက်နမ်မြောက်ပိုင်း ကမ်းခြေကို ဝင်ရောက်ဖို့ရှိပါတယ်။ မနက်ဖြန်မှာ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်နဲ့ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းအနီးမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဖြစ်ကို ရောက်ရှိသွားနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဓာတ်ပုံ - မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ပုံစာ - နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် စက်တင်ဘာ ၂၃ရက်နေ့ ညပိုင်းက ရေကြီးရေလျှံမှု ဖြစ်ပွားနေပုံ

#ဧရာဝတီတိုင်း #ရေကြီး #ရေတားတာ #ဦးဝင်းနိုင်

စစ်အုပ်စုပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ထိုင်းဘက်ခြမ်းကျရောက်CJ Platformကရင်ပြည် မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသအနီးတိုက်...
24/09/2025

စစ်အုပ်စုပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ထိုင်းဘက်ခြမ်းကျရောက်

CJ Platform

ကရင်ပြည် မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသအနီးတိုက်ပွဲမှာ စစ်အုပ်စုဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ထိုင်းနိုင်ငံဘက်ခြမ်း ကျရောက်ခဲ့တယ်လို့ ထိုင်းသတင်းဌာန AEC News က ဖော်ပြထားပါတယ်။

ဒီနေ့ စက်တင်ဘာ ၂၄ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ စစ်အုပ်စုတပ်ဖွဲ့က လေးကေ့ကော်ဘက်ခြမ်းကို လက်နက်ကြီးပစ်ခတ်ချိန် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်ဒေသ နယ်စပ်အနီးကို ကျရောက်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်နက်ကြီးကျရောက်ခဲ့တဲ့ နေရာကို ထိုင်းစစ်တပ်နဲ့ တာဝန်ရှိသူတွေ သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ ထိုင်းနိုင်ငံ နယ်စပ်နဲ့ ၅ ကီလိုမီတာ (၃ မိုင်) ဝန်းကျင်သာကွာဝေးပြီး အခုလ စက်တင်ဘာ ၂၁ ရက်နေ့ကတည်းက စစ်အုပ်စုစစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

“မနေ့က မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းကလည်း တက်လာတဲ့စစ်အုပ်စုစစ်ကြောင်းကို ဒီဘက်က ပစ်တဲ့အချိန် သူတို့စစ်ကြောင်းတွေ လန်ကျတာ။ သေတာကတော့ များတယ်။ တက်လာတဲ့သူတွေကို ပစ်ရတာ ဇွန်ဘီတွေကို ပစ်နေရသလိုပဲ။ အသိစိတ်မရှိ ဘာမှန်းမသိဘဲ တက်လာနေကြတာ။ တပ်သားသစ်တွေကို သူတို့က အဲသလိုထိုးကျွေးပြီးတက်ခိုင်းနေတာ” လို့ စစ်မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

ထိုင်းနယ်စပ်အနီး မြဝတီမြို့တောင်ဘက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေချိန် စစ်အုပ်စုဘက်ကရော KNLA နဲ့ တော်လှန်ရေးတပ်တွေဘက်ကပါ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ဂျက်ဖိုက်တာလေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်အနီး လက်နက်ကြီးကျည် ကျရောက်ခဲ့တာကြောင့် ထိုင်းစစ်တပ်နဲ့ နယ်ခြားအထူးတပ်ဖွဲ့တို့က လုံခြုံရေးတင်းကြပ်မှုတွေ လုပ်ဆောင်နေပြီး မဲဆောက်မြို့နဲ့ ဖုတ်ဖရမြို့ နယ်စပ်တစ်လျှောက်မှာပါ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ သိရပါတယ်။

လေးကေ့ကော်ဒေသမှာ တိုက်ပွဲပြင်းထန်နေပေမဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ထားတဲ့ မြဝတီမြို့တွင်းမှာတော့ လုံခြုံရေးတင်းကြပ်ထားတာမျိုးမရှိဘဲ ဒေသခံပြည်သူတွေ ပုံမှန်အတိုင်း သွားလာလုပ်ကိုင်နေကြတယ်လို့လည်း ဒေသခံတစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။

ဓာတ်ပုံ - AEC News, CJ Platform

စစ်အုပ်စုကိုကူညီပေးနေတဲ့ ရုရှားကို စစ်ခေါင်းဆောင် အခုနှစ်အတွင်း လေးကြိမ်မြောက်သွားရောက်CJ Platformကမ္ဘာ့အဏုမြူသီတင်းပတ်ဖ...
24/09/2025

စစ်အုပ်စုကိုကူညီပေးနေတဲ့ ရုရှားကို စစ်ခေါင်းဆောင် အခုနှစ်အတွင်း လေးကြိမ်မြောက်သွားရောက်

CJ Platform

ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ (World Atomic Week Forum -2025) ကို တက်ရောက်ဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားနိုင်ငံကို ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ထွက်ခွာသွားတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်လာပါတယ်။

ဒါဟာ အခု ၂၀၂၅ ခုနှစ်အတွင်း ရုရှားနိုင်ငံကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၄ ကြိမ်မြောက် သွားရောက်ခဲ့တာဖြစ်ပြီး ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ် ၇ ကြိမ်အထိ ရှိခဲ့ပါတယ်။ စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို ၂၀၂၁ ဇွန်လမှာ ပထမအကြိမ် သွားရောက်ခဲ့သလို ၂၀၂၂ ခုနှစ်အတွင်း ၂ ကြိမ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း ၄ ကြိမ် သွားရောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ရုရှားအစိုးရက မြန်မာစစ်အုပ်စုကို စစ်ဘက်ဆိုင်ရာသင်တန်းတွေ၊ နျူကလီးယားဆိုင်ရာကိစ္စရပ်တွေနဲ့ တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ စစ်ဘက်ဆိုင်ရာ လက်နက်ခဲယမ်းတွေကို ထောက်ပံ့ပေးနေသလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ထားဝယ်စီးပွားရေးဇုန်စီမံကိန်းတွေကိုလည်း စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေ ရှိနေပါတယ်။

အခုတစ်ကြိမ် စစ်ခေါင်းဆောင် သွားရောက်တဲ့ခရီးစဉ်ဟာ ရုရှားနိုင်ငံ နျူကလီးယားနည်းပညာစီမံကိန်းရဲ့ နှစ် ၈၀ ပြည့်အခမ်းအနားလည်းဖြစ်သလို နျူကလီးဆက်စပ်လုပ်ငန်းတွေရဲ့ အကြီးဆုံးပြပွဲတစ်ခုလည်းဖြစ်တယ်လို့ World Atomic Week ဖိုရမ်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ်-၂၀၂၅ ကို ရုရှားနိုင်ငံ မော်စကိုမြို့ VDNKh မှာ အခု စက်တင်ဘာ ၂၅ ရက်ကနေ ၂၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး နျူကလီးယားစီမံကိန်းတွေ ဖော်ဆောင်နေတဲ့ နိုင်ငံတွေက ခေါင်းဆောင်တွေ၊ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူတွေနဲ့ ကုမ္ပဏီကြီးတွေရဲ့ ထိပ်ပိုင်းအကြီးအကဲတွေ တက်ရောက်ကြမှာလည်း ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ စစ်ခေါင်းဆောင်နဲ့ ရုရှားအစိုးရတို့ တွေ့ဆုံဖို့ရှိနေပြီး စီးပွားရေး၊ လုံခြုံရေးဆိုင်ရာကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးဆောင်ရွက်သွားဖို့ရှိတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်ကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲနီးကပ်လာချိန် စစ်ခေါင်းဆောင်က နိုင်ငံတကာရဲ့ ထောက်ခံမှုနဲ့ တရားဝင်မှုရရှိအောင် ကြိုးပမ်းနေပြီး သူ့ရဲ့အရင်းနှီးဆုံးမဟာမိတ်တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်တို့က အပြည့်အဝထောက်ခံပေးထားတယ်လို့ ပြောဆိုနေသလို အိမ်နီးချင်း အိန္ဒိယရဲ့ ထောက်ခံမှုကိုလည်း ရရှိထားတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုနေတာလည်း ရှိနေပါတယ်။

ဓာတ်ပုံ - Pro SAC

ပဋိပက္ခတွေအကြား မြေပဲစိုက်ရတဲ့ မကွေးတိုင်းက တောင်သူတွေ ပဲအထွက်နှုန်းကျဆင်းလို့ အရှုံးပေါ်CJ Platformမကွေးတိုင်းထဲက မြေပဲ...
24/09/2025

ပဋိပက္ခတွေအကြား မြေပဲစိုက်ရတဲ့ မကွေးတိုင်းက တောင်သူတွေ ပဲအထွက်နှုန်းကျဆင်းလို့ အရှုံးပေါ်

CJ Platform

မကွေးတိုင်းထဲက မြေပဲစိုက်တောင်သူတွေ မြေပဲတွေ ရိတ်သိမ်းနေချိန်မှာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ပုံမှန်နှစ်တွေထက် အထွက်နှုန်းကျဆင်းကာ အရှုံးပေါ်နေတယ်လို့ မကွေးတိုင်းထဲက မြေပဲစိုက်တောင်သူတချို့က CJ Platform ကို ပြောပါတယ်။

ယခုနှစ် မြေပဲစိုက်ပျိုးချိန်မှာ ရာသီဥတုဖောက်ပြန်တာ၊ ဖျက်ပိုးကျရောက်တာအပြင် လိုအပ်တဲ့ သွင်းအားစု မြေဆီ၊ မြေဩဇာ၊ ပိုးသတ်ဆေးတွေကို တောင်သူတွေအနေနဲ့ ဝယ်ယူသုံးစွဲနိုင်ဖို့ မလွယ်ကူတာကြောင့် မျိုးပဲတစ်တင်းကို တင်း ၃၀ အောက်သာ ထွက်ရှိတယ်လို့ သိရပါတယ်။

"အထွက်ကျလာတဲ့အကြောင်းက အများစုက စစ်ကြောင်းထိုးလာရင် ထားခဲ့ရမှာပဲ အဲဒီလိုတွေးပြီး လုပ်အားလျော့လာတာရယ်။ ကျွန်တော်တို့ဒေသက မိုးကိုပဲ အားကိုးတဲ့ဒေသလည်းဖြစ်တော့ ရာသီဥတုကြောင့် ကတော့ အဓိကပေါ့ဗျာ" လို့ ချောက်မြို့နယ်၊ မြေပဲစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်က ပျိုးမြေပဲတစ်တင်းကို အနည်းဆုံး တင်း ၃၀ ခန့်ကနေ တင်း ၅၀ ကျော်အထိ အထွက်နှုန်းရှိခဲ့ပြီး ဒီနှစ်မှာတော့ မြေပဲဥထွက်နှုန်း နည်းပါးတာကြောင့် အထွက်နှုန်းခန့်မှန်းရခက်ကာ အရှုံးပေါ်နိုင်တယ်လို့ မြေပဲတောင်သူတွေက ဆိုပါတယ်။

"မြေပဲက နှုတ်နေကြပြီ ဒီနှစ်မိုးခေါင်သွားတော့ မဥဘူး ရှုံးတယ်။ မျိုး၊ လုပ်သားစရိတ်၊ မြေဆီစရိတ်တွေ ပြန်မရနိုင်ဘူး" လို့ မြိုင်မြို့နယ်၊ မြေပဲစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

မကွေးတိုင်း ဒေသခံ မြေပဲစိုက်ပျိုးသူအနေနဲ့ ဒေသတွင်းမတည်ငြိမ်တာတွေကြောင့် ထွက်ရှိလာတဲ့ မြေပဲတွေကို ရောင်းချဖို့ အခက်အခဲတွေလည်း ရှိနေတဲ့အတွက် နီးစပ်ရာ ပွဲစားတွေကိုပဲ ရောင်းချနေရပြီး တချို့တောင်သူတွေလည်း မျိုးနဲ့ ဆီကြိတ်ခွဲဖို့အတွက် သိုလှောင်ထားကြတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - CJ
#မကွေးတိုင်း #မြေပဲ #အထွက်နှုန်းကျ #အရှုံးပေါ် #စစ်ဘေးရှောင်

24/09/2025

နေရာကွက်ကြား မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး မိုးထစ်ချုန်းရွာသွန်းမှုတွေရှိနိုင်

CJ Platform

ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့ မှာတော့ အရှေ့ဘက်က စူပါတိုင်ဖွန်းမုန်တိုင်းကြီးက တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်မှာပါ။ နောက်တစ်ဖက်မှာတော့ ဘင်္ဂလားပင်လယ်အော်က လေဖိအားနည်းရပ်ဝန်းနဲ့ ကျန်ရှိနေတဲ့ မုတ်သုံအရှိန်တွေကြောင့် မိုးရွာနိုင်ခြေတွေလည်း ရှိနေပါတယ်။ ဒါကြောင့် ဘယ်နေရာတွေက နေသာပြီး ဘယ်နေရာတွေက မိုးရွာနိုင်မလဲဆိုတာကို အတူတူ ကြည့်လိုက်ကြရအောင်။အဓိကအချက်ကတော့ အားပြိုင်မှုပါပဲ။ အရှေ့ဘက်က မုန်တိုင်းကြီးကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်တိုက်ရွာသွန်းလေ့ရှိတဲ့ မုတ်သုံမိုးကြီးတွေ ရွာသွန်းမှု ရပ်တန့်သွားပါတယ်။ ဒါကြောင့် နေသာချိန်တွေ ပိုများလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ဘင်္ဂလားပင်လယ်အော်ဘက်က လေဖိအားနည်းရပ်ဝန်းရဲ့ ဒေသန္တရအခြေအနေတွေကြောင့် နေရာကွက်ကြား မိုးတိမ်တောင်တွေ ဖြစ်ပေါ်ပြီး မိုးထစ်ချုန်းရွာသွန်း

#မုန်တိုင်း #မိုးထစ်ချုန်းရွာသွန်း

လေးကေ့ကော်မှာတိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးတင်းကြပ်CJ Platformကရင်ပြည် မြဝတီမြို့တောင်ဘက် လေ...
24/09/2025

လေးကေ့ကော်မှာတိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းစစ်တပ်က နယ်စပ်လုံခြုံရေးတင်းကြပ်

CJ Platform

ကရင်ပြည် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ စစ်အုပ်စုတို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကြပ်ထားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

လေးကေ့ကော်ကို စစ်အုပ်စုက အင်အားအများအပြားနဲ့ မြေပြင်စစ်ကြောင်းထိုးလာချိန် နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားမှုရှိနေပြီး ဒရုန်းတိုက်ခိုက်မှု၊ လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ရှိနေတာပါ။

ထိုင်းနယ်စပ်နဲ့ ၅ ကီလိုမီတာအကွာမှာရှိနေတဲ့ လေးကေ့ကော်တိုက်ပွဲအတွင်း စစ်အုပ်စုက မြဝတီမြို့အခြေစိုက် အမှတ် ၂၇၅ ခြေလျင်တပ်ရင်းကနေ လက်နက်ကြီး ပစ်ကူနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း ဒီနေ့ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းအထိ လုပ်ဆောင်နေချိန် ထိုင်းစစ်တပ်နဲ့ နယ်ခြားစောင့်အထူးတပ်ဖွဲ့က နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကြပ်ထားတာ ဖြစ်ပါတယ်။

အောင်ဇေယျစစ်ဆင်ရေးဖော်ဆောင်ပြီး တစ်နှစ်ကျော်ကြာ စစ်ကြောင်းထိုးခဲ့ရပြီးနောက် ကရင်နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ အာရှလမ်းမကြီးကို စစ်အုပ်စု ပြန်လည်ရယူနိုင်ခဲ့ပြီးနောက် မြဝတီမြို့တောင်ဘက်က KNLA ထိန်းချုပ်နေရာတွေကို စစ်အုပ်စုက ဆက်လက်စစ်ကြောင်းထိုးနေပြီး ပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

စစ်မှုထမ်းတပ်သားသစ် အင်အားရာနဲ့ချီအသုံးပြုကာ စစ်အုပ်စုက လေးကေ့ကော်ကို စစ်ကြောင်းထိုးနေပေမဲ့ KNLA ပူးပေါင်းတပ်တွေက ပဟိကလော်ရွာနဲ့ ထီးမယ်ဝါးခီရွာနေရာတွေမှာ ဟန့်တားတိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စုစစ်ကြောင်း ရှေ့ဆက်မတိုးနိုင်ဘဲ ထိခိုက်သေဆုံးမှုများနေတယ်လို့ Karen Information Center (KIC) ကလည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ - AEC News

24/09/2025

ဘန်ကောက်မြို့လယ်မှာ ရုတ်တရက် မြေပြိုပြီး ဧရာမကျင်းနက်ကြီးဖြစ်ပေါ်

CJ Platform

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ခေါင်မှာ မယုံနိုင်စရာကောင်းလောက်အောင် ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ဒီကနေ့မနက်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ ဒီကနေ့မနက် ၇ နာရီကျော်လောက်မှာ Samsen လမ်းမပေါ်က Vajira ဆေးရုံကြီးရဲ့ ရှေ့တည့်တည့်က လမ်းမကြီးတစ်ခုလုံး ရုတ်တရက်ပြိုကျပြီး အကျယ် မီတာ ၃၀၊ အနက် မီတာ ၅၀ ရှိတဲ့ ဒီကျင်းနက်ကြီးဖြစ်ပေါ်လာတာပါ။ကျင်းကြီးဟာ ဆက်လက်ပြိုကျပြီး အနီးကပ်ရှိ Samsen ရဲစခန်းရှေ့အထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ Dusit ခရိုင်ရုံးကတော့ Vajira ဆေးရုံ-Sang Hi လမ်းဆုံအပါအဝင် ပတ်ဝန်းကျင်လမ်းအားလုံးကို ယာယီပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ ဆက်တိုက်ပြိုကျမှုတွေကြောင့် အန္တရာယ်ရှိလာတဲ့အတွက် ဆေးရုံဝန်ထမ်းတွေဟာ လူနာတွေနဲ့ အနီးတဝိုက်က ဒေသခံတွေကို အရေးပေါ် ပြောင်းရွှေ့ပေးနေရပါတယ်။

#ထိုင်းနိုင်ငံ #ဘန်ကောက်မြို့ #မြေပြို

23/09/2025

မနက်ဖြန်၊ စက်တင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့ အတွက် နောက်ဆုံးရ မိုးလေဝသခန့်မှန်းချက်

CJ Platform

မနက်ဖြန်မှာတော့ ချင်းပြည်၊ ရခိုင်ပြည်နဲ့ နေပြည်တော်တို့မှာ နေရာစိပ်စိပ်၊ ကရင်ပြည်၊ မွန်ပြည်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်းတို့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါတယ်။ တောင်ကျချောင်းရေစီးဆင်းတာ၊ ရေနုတ်မြောင်းတွေ ပိတ်ဆို့မှုကြောင့် လျှပ်တပြတ် ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တာကြောင့် သတိပြုသွားလာကြပါလို့ တိုက်တွန်းလိုပါတယ်။ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုန်သုန်လေအားကောင်းနေတာကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မိုးသက်လေပြင်းတွေ ကျရောက်နိုင်သလို လေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ကနေ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်ဟာ ၁၀ပေကနေ ၁၂ပေခန့်ထိ ရှိနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတော့ လှိုင်းအမြင့်ပေ ၈ပေကနေ ၁၀ပေအထိ ရှိနိုင်တာကြောင့် ပင်လယ်ပြင် ခရီးသွားတွေနဲ့ ကမ်းနီးကမ်းဝေးရေလုပ်သားကြီးတွေ သတိပြု သွားလာကြဖို့ တိုက်တွန်းအပ်ပါတယ်။

#ရေကြီးရေလျှံမှု #မိုးသည်းထန် #မိုးလေဝသခန့်မှန်းချက်

23/09/2025

စူပါတိုင်ဖွန်း 'ရာဂါဆာ' ဝင်ရောက်ခဲ့တာကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး ၃ ဦးသေဆုံး

CJ Platform

စူပါတိုင်ဖွန်း 'ရာဂါဆာ' ဟာ တနင်္လာနေ့ နေ့လယ်ပိုင်းမှာ ဖိလစ်ပိုင်မြောက်ပိုင်းက Panuitan ကျွန်းကို တစ်နာရီ ၂၁၅ ကီလိုမီတာနှုန်းရှိတဲ့ လေပြင်းတွေ၊ တစ်ခါတစ်ရံ ၂၉၅ ကီလိုမီတာအထိ ပြင်းထန်တဲ့ လေပြင်းတွေနဲ့ ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။
အာဏာပိုင်တွေက အသက်အန္တရာယ်ရှိတဲ့ ပင်လယ်ရေလှိုင်းကြီးတွေ၊ ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေအတွက် အရေးပေါ်သတိပေးချက်တွေ ထုတ်ပြန်ထားပြီး၊ မြို့တော်မနီလာအပါအဝင် ပြည်နယ် ၂၉ ခုမှာ ကျောင်းတွေ၊ ရုံးတွေကို ပိတ်ထားခဲ့ရပါတယ်။

#စူပါတိုင်ဖွန်း #ရာဂါဆာ

23/09/2025

အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ ၇ ဦး ထွက်ပြေး လွတ်မြောက်ခဲ့တဲ့သတင်း

CJ Platform

ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းခံရပြီး မြန်မာဘက်ကို ပြန်ပို့ခံရချိန်မှာ စစ်ကော်မရှင်ရဲ့ အဓမ္မတပ်သားသစ်စုဆောင်းမှုကို ခံခဲ့ရတဲ့ လူငယ် ၇ ဦးဟာ စစ်သင်တန်းကျောင်းကနေ ထွက်ပြေးလွတ်မြောက်လာပြီး KNDO တပ်ဖွဲ့တွေထံမှာ လာရောက်ခိုလှုံခဲ့ပါတယ်။

#အဓမ္မစစ်မှုထမ်း #ထိုင်းအာဏာပိုင်

23/09/2025

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့ အတွက် နေ့စဉ်သတင်းလွှာ

(၁) စစ်ကော်မရှင်က ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးမှုတွေအရှိန်မြင့်လာတဲ့သတင်း

(၂) အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ ၇ ဦး ထွက်ပြေး လွတ်မြောက်ခဲ့တဲ့သတင်း

(၃) စူပါတိုင်ဖွန်း 'ရာဂါဆာ' ဝင်ရောက်ခဲ့တာကြောင့် ဖိလစ်ပိုင်တွင် အနည်းဆုံး ၃ ဦးသေဆုံး ဟောင်ကောင် နဲ့ တရုတ်တောင်ပိုင်းဒေသတွေကို ဆက်လက်ခြိမ်းခြောက်နေတဲ့သတင်း

ဒီသတင်းတွေ အပါအဝင် ထူးခြားတဲ့ ပြည်တွင်းသတင်း နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

23/09/2025

စူပါတိုင်ဖွန်း 'ရာဂါဆာ' နဲ့ နီးကပ်လာတာကြောင့် ဟောင်ကောင်မြို့တော်မှာ လှုပ်ရှားသွားလာမှုတွေ ရပ်တန့်

CJ Platform

ဟောင်ကောင်မိုးလေဝသဌာနက အမြင့်ဆုံးအဆင့်နီးပါးဖြစ်တဲ့ သတိပေးချက်အမှတ် ၈ ကို ထုတ်ပြန်လိုက်တာနဲ့အတူ မြို့တော်တစ်ခုလုံးက လုပ်ငန်းတွေ၊ သယ်ယူပို့ဆောင်ရေးတွေ ရပ်တန့်သွားခဲ့ပါတယ်။ လူတွေဟာ အစားအသောက်နဲ့ အသုံးအဆောင်တွေကို အလုအယက်ဝယ်ယူခဲ့ကြလို့ စူပါမားကက်တွေမှာ ပစ္စည်းတွေ ပြတ်လပ်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ တစ်နာရီကို ၂၂၀ ကီလိုမီတာနှုန်းအထိရှိတဲ့ လေပြင်းတွေနဲ့အတူ ဒီမုန်တိုင်းဟာ ဟောင်ကောင်အိမ်နီးချင်း ကွမ်တုံပြည်နယ်ကို ဗုဒ္ဓဟူးနေ့ နေ့လယ် ကနေ ညနေ အတွင်းဖြတ်သန်းဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

#ရာဂါဆာ #ဟောင်ကောင်မြို့ #စူပါတိုင်ဖွန်း

ที่อยู่

Bangkok
10150

เบอร์โทรศัพท์

+66945981411

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ CJ Platformผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์