SBTV SBTV aims to share knowledge concerning business, lifestyle and entertainment in Thailand.

11/03/2023

ဒီတစ်ခေါက် SBTV ရဲ့ ကိုယ်ချက်ကိုယ်ကောင်း အစီအစဉ်မှာ ချဉ်ငန်စပ်လေးနဲ့ အရသာရှိတဲ့ ထိုင်းစတိုင်ပဲကြာဇံသုပ်ချက်နည်းကို တင်ဆက်ထားပါတယ်။


08/03/2023

ဒီတစ်ခေါက် SBTV Sports Light အစီအစဉ်မှာတော့ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးကစားသမားတစ်ဦးဖြစ်တဲ့ မယမင်းလွင်ကို ကိုပြည့်က ဘောလုံးကို စိတ်ဝင်စားလာပုံ ၊ လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်လာပုံတွေအကြောင်းကို မေးမြန်းထားပါတယ်။


07/03/2023

ဒီတစ်ခေါက် SBTV Business Talk Show ဗီဒီယိုမှာတော့ နည်းပညာလောကထဲက ကုမ္ပဏီတွေအတွက် လိုက်နာသင့်တဲ့ အကြံဉာဏ်တွေကို Nuclear Engineer တစ်ဦးလည်းဖြစ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ Mr. Antonio Vergara Fernandaz က ဖြေကြားပေးထားပါတယ်။


05/03/2023

ဒီတစ်ခေါက် ကိုယ်ချက်ကိုယ်ကောင်းအစီအစဉ်မှာတော့ ထိုင်းအစား ဝက်သားဖက်ကပေါင်းဟင်းတစ်ခွက်ကို ဘယ်လိုချက်ရမလဲဆိုတာကို တင်ဆက်ပေးထားပါတယ်။ ကိုယ်တိုင်ချက်ပြီး ကိုယ်တိုင်အရသာကောင်းကောင်းစားရဖို့ ကိုယ်ချက်ကိုယ်ကောင်းအစီအစဉ်လေးကိုကြည့်လိုက်ပါဦး။



01/03/2023

Erik ten Hag ရဲ့ ဦးဆောင်မှုအောက်မှာ မန်ယူအသင်း ဖလား ၄ လုံး ပိုင်ရှင်ဖြစ်လာနိုင်မလား ၊ ရာသီကုန်မှာ ဘယ်လိုအခြေအနေရှိနိုင်မလဲ။ ဒီတစ်ခေါက် SBTV Sports Light အစီအစဉ်မှာတော့ အားကစားသုံးသပ်သူ ကိုပြည့်က မန်ယူအသင်းရဲ့ လက်ရှိအခြေအနေတွေကို သုံးသပ်ပေးထားပါတယ်။



27/02/2023

SBTV ရဲ့ Business Talk Show - Episode 12 မှာတော့ ဥရောပက နျူကလီးယား အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Dr. Antonio Vergara Fernandez နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ Dr. Fernandez ရဲ့ Nuclear Engineer ကနေ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပုံကို ဗီဒီယိုလေးမှာ ကြည့်လိုက်ပါဦး။


26/02/2023

SBTV International News (၂၅ ဖေဖော်ဝါရီ ၂၀၂၃) | SBTV နိုင်ငံတကာသတင်းများ (25 Feb 2023)

ဘရာဇီးနိုင်ငံရေကြီးမှု သေဆုံးသူ ၄၆ ဦးထိရှိလာ
ယူကရိန်းစစ်ပွဲ တစ်နှစ်ပြည့်မတိုင်မီ တရုတ်အဆင့်မြင့်အရာရှိ ရုရှားနိုင်ငံသို့ သွားရောက်
မကြာခင် ဘန်ကောက်မှာ ကျင်းပတော့မယ့် West Life အဖွဲ့ရဲ့ The Wild Dreams Tour

26/02/2023

ဒီတစ်ခေါက် ကိုယ်ချက်ကိုယ်ကောင်း အစီအစဉ်မှာတော့ "ပုဇွန်ဆီပြန် အစပ်ချက်" ဟင်းလျာလေးကို ချက်ပြထားပါတယ်။ ကိုယ်ချက်ကိုယ်ကောင်းအစီအစဉ်မှာတော့ ဟင်းလျာတွေကို ကိုယ်ကြိုက်တဲ့ပုံစံအတိုင်းကိုယ်တိုင်ချက်ပြုတ်သွားမှာဖြစ်လို့ အရသာကောင်းမှာအသေအချာပဲပေါ့။



22/02/2023

နောက် ၃ ပွဲပဲ အခွင့်အရေးရှိတော့မယ့် Chelsea နည်းပြ Graham Potter ရလဒ်ကောင်းတွေပြနိုင်ပါ့မလား။ သူ့ရာထူးကို ဆက်ထိန်းနိုင်မလား။ ဒီနေ့ Sports Light ဗီဒီယိုမှာတော့ အားကစားသုံးသပ်သူ ကိုပြည့်က Chelsea အသင်းရဲ့ လက်ရှိအခြေအနေတွေနဲ့ ပွဲအခြေအနေတွေအကြောင်းကို သုံးသပ်မျှဝေပေးထားပါတယ်။



19/02/2023

SBTV International News (Feb 19, 2023) | SBTV နိုင်ငံတကာသတင်းများ (ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၃)

- တရုတ်မိုးပျံပူဖောင်းထံမှ အာရုံခံကိရိယာများကို သမုဒ္ဒရာထဲမှာ ရှာတွေ့ပြီဟု အမေရိကန်ဆို
- ယူကရိန်းအတွက် တိုက်လေယာဉ်များ ပံ့ပိုးပေးဖို့ အလားအလာရှိဟု ပိုလန်ကာကွယ်ရေးဝန်ကြီးဆို
- ဟေတီသမ္မတကို လုပ်ကြံသတ်ဖြတ်မှုပါ ပါဝင်သူ ၄ ဦးအား အမေရိကန်ဖမ်းဆီးရမိ
- TWICE အဖွဲ့ ရဲ့ What Is Love? ဗီဒီယို ကြည့်ရှုသူ သန်း ၇၀၀ ကျော်ရှိ

18/02/2023

ဒီနေ့မှာတော့ SBTV ရဲ့ ကိုယ်ချက်ကိုယ်ကောင်း အစီအစဉ်ရဲ့ ပထမဆုံး ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီနေ့ ကိုယ်ချက်ကိုယ်ကောင်း အစီအစဉ် ဗီဒီယိုမှာတော့ အရသာမြိန်စေတဲ့ အရန်ဟင်းတစ်ခွက်ဖြစ်တဲ့ ခရမ်းချဉ်သီး ငါးပိချက် ချက်နည်းလေးကို တင်ဆက်ပေးထားပါတယ်။


#ကိုယ်ချက်ကိုယ်ကောင်း

17/02/2023

ထိုင်းနိုင်ငံမှာ အိမ်ခြံမြေ ကွန်ဒို ရောင်းဝယ်ဖို့ နဲ့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသူ လူကြီးမင်းများအတွက် ချင်းမိုင်မှ Hyparc Residences အဆင့်မြင့်ကွန်ဒို နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Hyparc Residences
တည်နေရာ - Hangdong, Chiang Mai
Feb 28 မတိုင်မီ ဝယ်ယူမှုများအတွက် - 29,999 THB / Month Installment Plan

SBTV Sales program ဟာ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေ ၊ ရင်းနှီးမြှုပ်နှံမှုတွေကို လူကြီးမင်းတို့ လက်မလွတ်သွားရဖို့ တင်ဆက်ပေးသွားမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။




ที่อยู่

486/7, Suppracha Alley, Wangthonglang
Bangkok

เบอร์โทรศัพท์

+66637861475

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SBTVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง SBTV:

แชร์