SBTV

SBTV SBTV aims to share knowledge concerning business, lifestyle and entertainment in Thailand.

11/03/2023

ဒီတစ်ခေါက် SBTV ရဲ့ ကိုယ်ချက်ကိုယ်ကောင်း အစီအစဉ်မှာ ချဉ်ငန်စပ်လေးနဲ့ အရသာရှိတဲ့ ထိုင်းစတိုင်ပဲကြာဇံသုပ်ချက်နည်းကို တင်ဆက်ထားပါတယ်။


08/03/2023

ဒီတစ်ခေါက် SBTV Sports Light အစီအစဉ်မှာတော့ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးကစားသမားတစ်ဦးဖြစ်တဲ့ မယမင်းလွင်ကို ကိုပြည့်က ဘောလုံးကို စိတ်ဝင်စားလာပုံ ၊ လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်လာပုံတွေအကြောင်းကို မေးမြန်းထားပါတယ်။


07/03/2023

ဒီတစ်ခေါက် SBTV Business Talk Show ဗီဒီယိုမှာတော့ နည်းပညာလောကထဲက ကုမ္ပဏီတွေအတွက် လိုက်နာသင့်တဲ့ အကြံဉာဏ်တွေကို Nuclear Engineer တစ်ဦးလည်းဖြစ် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ Mr. Antonio Vergara Fernandaz က ဖြေကြားပေးထားပါတယ်။


05/03/2023

ဒီတစ်ခေါက် ကိုယ်ချက်ကိုယ်ကောင်းအစီအစဉ်မှာတော့ ထိုင်းအစား ဝက်သားဖက်ကပေါင်းဟင်းတစ်ခွက်ကို ဘယ်လိုချက်ရမလဲဆိုတာကို တင်ဆက်ပေးထားပါတယ်။ ကိုယ်တိုင်ချက်ပြီး ကိုယ်တိုင်အရသာကောင်းကောင်းစားရဖို့ ကိုယ်ချက်ကိုယ်ကောင်းအစီအစဉ်လေးကိုကြည့်လိုက်ပါဦး။



01/03/2023

Erik ten Hag ရဲ့ ဦးဆောင်မှုအောက်မှာ မန်ယူအသင်း ဖလား ၄ လုံး ပိုင်ရှင်ဖြစ်လာနိုင်မလား ၊ ရာသီကုန်မှာ ဘယ်လိုအခြေအနေရှိနိုင်မလဲ။ ဒီတစ်ခေါက် SBTV Sports Light အစီအစဉ်မှာတော့ အားကစားသုံးသပ်သူ ကိုပြည့်က မန်ယူအသင်းရဲ့ လက်ရှိအခြေအနေတွေကို သုံးသပ်ပေးထားပါတယ်။



27/02/2023

SBTV ရဲ့ Business Talk Show - Episode 12 မှာတော့ ဥရောပက နျူကလီးယား အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Dr. Antonio Vergara Fernandez နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ Dr. Fernandez ရဲ့ Nuclear Engineer ကနေ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပုံကို ဗီဒီယိုလေးမှာ ကြည့်လိုက်ပါဦး။


26/02/2023

SBTV International News (၂၅ ဖေဖော်ဝါရီ ၂၀၂၃) | SBTV နိုင်ငံတကာသတင်းများ (25 Feb 2023)

ဘရာဇီးနိုင်ငံရေကြီးမှု သေဆုံးသူ ၄၆ ဦးထိရှိလာ
ယူကရိန်းစစ်ပွဲ တစ်နှစ်ပြည့်မတိုင်မီ တရုတ်အဆင့်မြင့်အရာရှိ ရုရှားနိုင်ငံသို့ သွားရောက်
မကြာခင် ဘန်ကောက်မှာ ကျင်းပတော့မယ့် West Life အဖွဲ့ရဲ့ The Wild Dreams Tour

26/02/2023

ဒီတစ်ခေါက် ကိုယ်ချက်ကိုယ်ကောင်း အစီအစဉ်မှာတော့ "ပုဇွန်ဆီပြန် အစပ်ချက်" ဟင်းလျာလေးကို ချက်ပြထားပါတယ်။ ကိုယ်ချက်ကိုယ်ကောင်းအစီအစဉ်မှာတော့ ဟင်းလျာတွေကို ကိုယ်ကြိုက်တဲ့ပုံစံအတိုင်းကိုယ်တိုင်ချက်ပြုတ်သွားမှာဖြစ်လို့ အရသာကောင်းမှာအသေအချာပဲပေါ့။



22/02/2023

နောက် ၃ ပွဲပဲ အခွင့်အရေးရှိတော့မယ့် Chelsea နည်းပြ Graham Potter ရလဒ်ကောင်းတွေပြနိုင်ပါ့မလား။ သူ့ရာထူးကို ဆက်ထိန်းနိုင်မလား။ ဒီနေ့ Sports Light ဗီဒီယိုမှာတော့ အားကစားသုံးသပ်သူ ကိုပြည့်က Chelsea အသင်းရဲ့ လက်ရှိအခြေအနေတွေနဲ့ ပွဲအခြေအနေတွေအကြောင်းကို သုံးသပ်မျှဝေပေးထားပါတယ်။



19/02/2023

SBTV International News (Feb 19, 2023) | SBTV နိုင်ငံတကာသတင်းများ (ဖေဖော်ဝါရီ ၁၉ ၊ ၂၀၂၃)

- တရုတ်မိုးပျံပူဖောင်းထံမှ အာရုံခံကိရိယာများကို သမုဒ္ဒရာထဲမှာ ရှာတွေ့ပြီဟု အမေရိကန်ဆို
- ယူကရိန်းအတွက် တိုက်လေယာဉ်များ ပံ့ပိုးပေးဖို့ အလားအလာရှိဟု ပိုလန်ကာကွယ်ရေးဝန်ကြီးဆို
- ဟေတီသမ္မတကို လုပ်ကြံသတ်ဖြတ်မှုပါ ပါဝင်သူ ၄ ဦးအား အမေရိကန်ဖမ်းဆီးရမိ
- TWICE အဖွဲ့ ရဲ့ What Is Love? ဗီဒီယို ကြည့်ရှုသူ သန်း ၇၀၀ ကျော်ရှိ

18/02/2023

ဒီနေ့မှာတော့ SBTV ရဲ့ ကိုယ်ချက်ကိုယ်ကောင်း အစီအစဉ်ရဲ့ ပထမဆုံး ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီနေ့ ကိုယ်ချက်ကိုယ်ကောင်း အစီအစဉ် ဗီဒီယိုမှာတော့ အရသာမြိန်စေတဲ့ အရန်ဟင်းတစ်ခွက်ဖြစ်တဲ့ ခရမ်းချဉ်သီး ငါးပိချက် ချက်နည်းလေးကို တင်ဆက်ပေးထားပါတယ်။


#ကိုယ်ချက်ကိုယ်ကောင်း

17/02/2023

ထိုင်းနိုင်ငံမှာ အိမ်ခြံမြေ ကွန်ဒို ရောင်းဝယ်ဖို့ နဲ့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေသူ လူကြီးမင်းများအတွက် ချင်းမိုင်မှ Hyparc Residences အဆင့်မြင့်ကွန်ဒို နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Hyparc Residences
တည်နေရာ - Hangdong, Chiang Mai
Feb 28 မတိုင်မီ ဝယ်ယူမှုများအတွက် - 29,999 THB / Month Installment Plan

SBTV Sales program ဟာ ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုတွေ ၊ ရင်းနှီးမြှုပ်နှံမှုတွေကို လူကြီးမင်းတို့ လက်မလွတ်သွားရဖို့ တင်ဆက်ပေးသွားမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။




15/02/2023

မကြာခင်က ကျင်းပခဲ့တဲ့ ပရီးမီးယားလိဂ်ကစားပွဲတွေမှာ ဒိုင်လူကြီးများရဲ့ ဆုံးဖြတ်ချက်များဟာအဖွဲ့ချုပ်ကိုယ်တိုင်က မှားယွင်းတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝန်ခဲ့ခံရတဲ့အထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီဗီဒီယိုမှာတော့ Premier League ရဲ့ ဒိုင်လူကြီးတွေဟာ အရည်အသွေးပြည့်ဝမှုရှိရဲ့လားဆိုတာကို ဆွေးနွေးတင်ဆက်ထားပါတယ်။

SBTV ရဲ့ Sports Light အစီအစဉ်ကတော့ SBTV ရဲ့ အားကစားသတင်းတွေ ဖြစ်ရပ်တွေ နဲ့ သုံးသပ်ချက်တွေကို အပတ်စဉ် တင်ဆက်ပေးသွားမယ့် အစီအစဉ်သစ်ပဲဖြစ်ပါတယ်။ Sports Light အစီအစဉ်ရဲ့ Presenter အနေနဲ့ အားကစားသုံးသပ်သူ ကိုပြည့်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။



13/02/2023

ဒီအပတ် SBTV Business Talk Show မှာ ထိုင်းနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်ရတာနဲ့ မြန်မာနိုင်ငံမှာ လုပ်ကိုင်ရတာရဲ့ ကွာခြားချက်တွေနဲ့ အခက်အခဲတွေကို Su Htoo Pan Co., Ltd ရဲ့ Managing Director ဦးမြင့်ဟန်မှ မျှဝေပေးထားပါတယ်။

SBTV Business Talk Show | Episode 11


12/02/2023

SBTV အပတ်စဉ်နိုင်ငံတကာသတင်းများ (၁၂ ဖေဖော်ဝါရီ ၂၀၂၃) | SBTV International News (12 Feb 2023)

-တူရကီနဲ့ ဆီးရီးယား ငလျှင် သေဆုံးသူထောင်ကျော်ရှိလာ
- မန်စီးတီးအသင်းကို ပြစ်ဒဏ်ချမှတ်သင့်ကြောင်းပြောလာတဲ့ ဘဏ္ဍာရေးမှူးဟောင်း
- နယူးဇီလန်မှာ ကိုကိန်း ၃ တန်ကျော် ဖမ်းဆီးရမိ
-Mamamoo အဖွဲ့ဝင် Hwasa ရဲ့ Twit သီချင်း ကြည့်ရှုသူ သန်း ၁၀၀ ကျော်ရှိ

06/02/2023

ဒီတစ်ခေါက် SBTV Business Talk Show မှာတော့ Su Htoo Pan Co., Ltd ရဲ့ Managing Director ဦးမြင့်ဟန်မှ အခက်အခဲကြုံနေကြတဲ့ construction ကုမ္ပဏီတွေအနေနဲ့ project management ကို ဘယ်လုံးအသုံးပြုသင့်လဲဆိုတာကို ဖြေဆိုပေးထားပါတယ်။

SBTV Business Talk Show | Episode 10

ဗယ်လင်တိုင်းမှာ ချစ်သူနဲ့အတူလည်ပတ်သင့်တဲ့ ဘန်ကောက်အနီးတစ်ဝိုက်က နေရာ (၅) ခုဗယ်လင်တိုင်းလည်းနီးလာပြီဆိုတော့ ကိုယ့်ချစ်သူန...
06/02/2023

ဗယ်လင်တိုင်းမှာ ချစ်သူနဲ့အတူလည်ပတ်သင့်တဲ့ ဘန်ကောက်အနီးတစ်ဝိုက်က နေရာ (၅) ခု

ဗယ်လင်တိုင်းလည်းနီးလာပြီဆိုတော့ ကိုယ့်ချစ်သူနဲ့ အတူလျှောက်လည်ဖို့ ကြိုတင်ပြင်ဆင်နေကြမယ်လို့ထင်ပါတယ်။ ဒါကြောင့် အခုတစ်ခါမှာတော့ ဗယ်လင်တိုင်းမှာ ချစ်သူနဲ့အတူ လည်ပတ်သင့်တဲ့ ဘန်ကောက်အနီးတစ်ဝိုက်က နေရာ (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

1. Chao Phraya River Dinner Cruise

ပထမဆုံး ညွှန်းချင်တဲ့တစ်ခုက‌တော့ ကျောက်ဖရားမြစ်ထဲက အကြီးဆုံးဇိမ်ခံအပျော်စီးသင်္ဘောတစ်စီး‌ပေါ်မှာ ကိုယ့်ချစ်သူနဲ့အတူ ညစွာသွားစားဖို့ပဲ ဖြစ်ပါတယ်။ ၂ နာရီကြာမယ့် ဒီ ခရီးစဉ်က ကျောက်ဖရားမြစ်ရဲ့အလှကို ၃၆၀° မြင်ကွင်းအပြည့်နဲ့ ခံစားရမယ့်အပြင် ထိုင်းအစားအစာ၊ နိုင်ငံတကာအစားအစာ‌တွေကို ဘူဖေးနဲ့ဧည့်ခံမှာဖြစ်လို့အစားအသောက်အတွက်စိတ်ပူစရာမလိုတော့ပါဘူး။ အထူးသဖြင့် ပုစွန်ကင်နဲ့ ဂျပန်အစားအစာကြိုက်သူတွေအတွက်ဆိုရင်တော့ ဆော်လ်မွန်ဆာရှိမိကို စားဖို့ညွှန်းချင်ပါတယ်။ ခရီးစဉ်တစ်လျှောက် live-band နဲ့ ဖျော်ဖြေတင်ဆက်မှုလည်း ရှိနေမှာဖြစ်လို့ ဗယ်လင်တိုင်းမှာချစ်သူနဲ့အတူသွားသင့်တဲ့ နေရာတစ်ခုဖြစ်မှာ အသေအချာပါပဲ။

2. Pruek Cruise

ချစ်သူများနေ့မှာ ကိုယ့်ချစ်သူနဲ့အတူ ဇိမ်ကျကျ အချိန်ဖြုန်းဖို့နည်းလမ်းကတော့ Pruek Cruise သင်္ဘောပဲ ဖြစ်ပါတယ်။ သင်္ဘောပေါ်ကို ရောက်တာနဲ့ Piper Heidsieck ရှန်ပိန်၊ Canape နဲ့အတူ ညစာအတွက် မီနူး ၄ မျိုးနဲ့ ကြိုဆိုနေမှာဖြစ်ပါတယ်။ မီနူးအားလုံးကို Michelin star က အာမခံချက်ပေးထားတဲ့ ပရော်ဖက်ရှင်နယ်စားဖိုမှူးတွေကပဲ ချက်ပြုတ်ထားတာဖြစ်လို့ အရသာနဲ့ သန့်ရှင်းလတ်ဆတ်မှုက လုံးဝထိပ်တန်းဖြစ်နေမှာ အသေအချာပါပဲ။ ဒီအပျော်စီးသင်္ဘောက ဘန်ကောက်မြို့ရဲ့ အထင်ကရနေရာ‌တွေကိုဖြတ်ပြီး ည‌ရောက်တဲ့အခါ Chao Phraya မြစ်ရဲ့ ၃၆၀° မြင်ကွင်းကို ခံစားဖို့စီစဉ်ထားတာဖြစ်လို့ ချစ်သူနဲ့အတူ သွားဖို့ အသင့်တော်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။

3. Mahanakorn Skywalk

ချစ်သူနဲ့အတူ ဗယ်လင်တိုင်းမှာ အတူရှိဖို့ကောင်းတဲ့ နောက်တစ်နေရာကတော့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးမိုးမျှော်တိုက် Maranakorn Skywalk ဖြစ်ပါတယ်။ ဘန်ကောက်မြို့လယ်ခေါင်မှာ တည်ရှိလို့ သွားရတာ အရမ်းလွယ်ကူပြီး ချစ်သူနဲ့အတူ ရုပ်ရှင်တွေထဲကလို ပျော်စရာကောင်းတဲ့အချိန်တွေ ဖန်တီးလို့ရနိုင်ပါတယ်။ မိုးမျှော်တိုက်ရဲ့ နေရာတိုင်းက သူ့အားသာချက်နဲ့သူရှိပြီးတော့ အပြင်ဘက် ဝိုင်းတွေမှာဆိုရင်တော့ ကျောက်ဖရားမြစ်ရှုခင်းနဲ့ ဘန်ကောက်မြို့ရှုခင်းတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ရင်သပ်ရှုမောလောက်တဲ့ ရှုခင်း‌တွေအပြင် ညစာအဖြစ် ကျွမ်းကျင်စားဖိုမှူး‌တွေရဲ့ လက်ရာတွေကိုလည်း သုံးဆောင်နိုင်ပါတယ်။ လူကြိုက်များတဲ့ မီနူးတွေကတော့ ဝက်ပါးသားကင်နဲ့ ဘဲသားသုပ်အစပ်တို့ပဲဖြစ်ပါတယ်။

4. Sea Life Bangkok Ocean World

အစားအသောက်တွေ ရှုခင်းတွေကို သိပ်မကြိုက်ဘူးဆိုရင်တော့ ဘန်ကောက်မှာရှိတဲ့ ရေအောက်ကမ္ဘာက သင်တို့ချစ်သူနှစ်ယောက်အတွက် ဗယ်လင်တိုင်းမှာ လည်စရာနေရာတစ်ခုဖြစ်နိုင်ပါတယ်။ ရေနေသတ္တဝါ ၆၀၀၀ ကျော်ကိုပြသထားတဲ့ ဒီ အဏ္ဏဝါပြတိုက်ဟာဆိုရင် ဘန်ကောက်မြို့လယ်မှာရှိတဲ့ Siam Paragon မှာတည်ရှိပြီး BTS Skytrain နဲ့ သွားလို့ရတာဖြစ်လို့ သွားရလာရတာ အရမ်းလွယ်ကူတဲ့နေရာလည်းဖြစ်ပါတယ်။ ပြတိုက်ဖွင့်ချိန်တော့ မနက် ၁၀ နာရီကနေ ည ၉ နာရီထိဖြစ်ပါတယ်။

5. Nong Nooch Garden, Pattaya

နောက်ထပ်လည်ပတ်လို့ကောင်းတဲ့ နေရာတစ်ခုကတော့ ပတ္တရားမှာရှိတဲ့ Nong Nooch Garden ပဲဖြစ်ပါတယ်။ ဒီပန်းခြံအကျယ်ကြီးထဲကို‌တော့ မတူညီတဲ့ပန်းခြံပုံစံတွေအများကြီးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး မျိုးစိတ်ပေါင်း ၆၇၀ ကျော်ရှိတဲ့ သစ်ခွပျိုးဥယျာဉ်၊ ပြင်သစ်ရှိ Versailles နန်းတော်နဲ့ အချိုးကျ ဒီဇိုင်းထုတ်ထားတဲ့ ပြင်သစ်ဥယျာဉ်၊ လိပ်ပြာတောင်ပံဥယျာဉ်တွေလည်းပါဝင်လို့ ဓာတ်ပုံရိုက်ပြီး အမှတ်တရလေးတွေဖန်တီးလို့ရမှာဖြစ်ပါတယ်။ ပန်းခြံထဲမှာလည်း ချီတက်ပွဲတွေ ဆင်ပြပွဲတွေရှိလို့ အဲလိုပွဲ‌တွေကို လိုက်ကြည့်ရင်း အပန်းဖြေလို့လည်းရပါတယ်။ ဖော်ပြခဲ့တဲ့နေရာအားလုံးထဲမှာတော့ ဒီတစ်ခုက ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်တာမို့ ချစ်သူနဲ့ သွားလည်ဖို့ကောင်းတဲ့နေရာတစ်ခုအဖြစ် ညွှန်ပေးချင်ပါတယ်။

06/02/2023

SBTV အပတ်စဉ်နိုင်ငံတကာသတင်းများ (၀၆ ဖေဖော်ဝါရီ ၂၀၂၃) | SBTV International News (06 Feb 2023)

- ပါကစ္စတန်နိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ ဗလီတစ်ခုမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့
- လူငယ် ဘောလုံးကစားသမား ၄ ဦး သေဆုံးခဲ့တဲ့ ဘရားဇီးလ်ယာဉ်မတော်တဆမှု
- ကိုရီးယားကျွန်းဆွယ်လုံခြုံရေးအတွက် အမေရိကန် နှင့်တောင်ကိုရီးယား ဆွေးနွှေးမှုပြုလုပ်ခဲ့
- 2PM အဖွဲ့ ယခုနှစ်နွေရာသီတွင် ဖျော်ဖြေပွဲကျင်းပရန် စီစဉ်ထား


Address


Telephone

+66637861475

Website

Alerts

Be the first to know and let us send you an email when SBTV posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SBTV:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share