Burmese Nomads ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Burmese Nomads, เว็บไซต์ข่าวและสื่อ, Bangkok.

🇹🇭🏠ထိုင်းမှာ အိမ်ဝယ်ဖို့ ကုမ္ပဏီ ၃၃ ခုအထိ ထောင်ခဲ့တဲ့ တရုတ်နိုင်ငံသားထိုင်းရဲတပ်ဖွဲ့ Central Investigation Bureau (CIB) ...
28/07/2026

🇹🇭🏠ထိုင်းမှာ အိမ်ဝယ်ဖို့ ကုမ္ပဏီ ၃၃ ခုအထိ ထောင်ခဲ့တဲ့ တရုတ်နိုင်ငံသား

ထိုင်းရဲတပ်ဖွဲ့ Central Investigation Bureau (CIB) က Bangkok မြို့အတွင်းရှိ စုစုပေါင်းတန်ဖိုး ၁.၂၇၅ ဘီလီယံဘတ်ကျော်ရှိတဲ့ Luxury House (၃၃) လုံး ကို သိမ်းဆည်းလိုက်ပြီး တရုတ်နိုင်ငံသားတွေက Nominee (အမည်ခံ) ကုမ္ပဏီများ အသုံးပြုပြီး ထိုင်းမြေယာပိုင်ဆိုင်မှု ဥပဒေကို ရှောင်တိမ်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စုံစမ်းစစ်ဆေးနေပါတယ်။

ဒီအမှုမှာ တရုတ်နိုင်ငံသား Hao Deng နဲ့ ထိုင်းအမျိုးသမီး (၂) ဦးကို Foreign Business Act နဲ့ Land Code အရ အရေးယူဆောင်ရွက်နေပြီး Bangkok နဲ့ အနီးတဝိုက်ရှိ နေရာ (၂၀) ကျော်ကို တစ်ပြိုင်နက် ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

စုံစမ်းမှုဟာ Phatthanakan နဲ့ Krungthep Kreetha ရပ်ကွက်တွေက နေထိုင်သူတွေက Luxury Housing Estate တွေအတွင်း တရုတ်နိုင်ငံသားအများအပြား လာရောက်နေထိုင်ပြီး အနှောင့်အယှက်ဖြစ်နေတယ်လို့ တိုင်ကြားရာကနေ စတင်ခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ ထိုင်းအမျိုးသမီး (၂) ဦးကို ကုမ္ပဏီဒါရိုက်တာနဲ့ ရှယ်ယာရှင်အဖြစ် အမည်တင်ထားပေမဲ့ အမှန်တကယ် အမိန့်ပေးထိန်းချုပ်သူက Hao Deng ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

စုံစမ်းတွေ့ရှိချက်အရ ဥပဒေရေးရာကုမ္ပဏီတစ်ခုနဲ့ စာရင်းကိုင်ကုမ္ပဏီတစ်ခုကို အသုံးပြုပြီး အမည်ခံကုမ္ပဏီ (၃၃) ခု တည်ထောင်ကာ Luxury House (၃၃) လုံးကို ဝယ်ယူပြီး တရုတ်နိုင်ငံသားများကို ငှားရမ်းပေးခြင်း၊ နေထိုင်စေခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရှာဖွေမှုအတွင်းမှာတော့
မြေယာပိုင်ဆိုင်ခွင့် စာချုပ် (၃) ခု
အိမ်ဝယ်ယူမှု စာချုပ်နဲ့ ပိုင်ဆိုင်မှုစာရွက်စာတမ်း (၃၀) စုံ
Passport (၁၅) အုပ်
Electronic Device (၁၃) ခု
ထိုင်းဘတ်နဲ့ နိုင်ငံခြားငွေ စုစုပေါင်း ၁.၄ သန်းဘတ်ခန့်
ကုမ္ပဏီတံဆိပ်တုံး (၆) ခု
ထိုင်းအမျိုးသမီး (၂) ဦးက ကြိုတင်လက်မှတ်ရေးထိုးထားတဲ့ ရှယ်ယာလွှဲပြောင်းစာရွက်များ
တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
လက်ရှိမှာ သိမ်းဆည်းထားတဲ့ အိမ်တွေကို Land Department ထံ လွှဲပြောင်းထားပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်။

သို့သော် Hao Deng နဲ့ ထိုင်းအမျိုးသမီး (၂) ဦးစလုံးက Nominee Network ဖွဲ့စည်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ထိုင်းအမျိုးသမီး (၂) ဦးကတော့ ရင်းနှီးမြှုပ်နှံသူရဲ့ ညွှန်ကြားချက်အရ စာရွက်စာတမ်းတွေမှာ လက်မှတ်ရေးထိုးခဲ့တာကို ဝန်ခံခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒီအမှုဟာ ထိုင်းအစိုးရရဲ့ Nominee (အမည်ခံ) ကုမ္ပဏီများကို အသုံးပြုပြီး နိုင်ငံခြားသားတွေက မြေယာနဲ့ အိမ်ခြံမြေ ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေကို ရှောင်တိမ်းနေတဲ့ ကွန်ရက်များကို နှိမ်နင်းနေတဲ့ စီမံချက် ရဲ့ နောက်ဆုံးဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

Ref: The Thaiger

Bangkok က F&B လုပ်ငန်းရှင်တွေအချင်းချင်း ချိတ်ဆက်ပြီး လုပ်ငန်းပိုတိုးတက်စေနိုင်ဖို့ စကားဝိုင်း 🇹🇭ဆိုင်ဖွင့်ထားပေမယ့် ဒီလ...
27/07/2026

Bangkok က F&B လုပ်ငန်းရှင်တွေအချင်းချင်း ချိတ်ဆက်ပြီး လုပ်ငန်းပိုတိုးတက်စေနိုင်ဖို့ စကားဝိုင်း 🇹🇭

ဆိုင်ဖွင့်ထားပေမယ့် ဒီလိုပြဿနာတွေနဲ့ ခေါင်းစားနေတုန်းပဲလား?

နေ့တိုင်း Operation ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေတာ

ဝန်ထမ်းအပြောင်းအလဲနဲ့ Legal ကိစ္စတွေကြောင့် စိတ်ရှုပ်နေရတာ

Marketing ကို ထိထိမိမိ ဘယ်လိုလုပ်ရမလဲ လမ်းပျောက်နေတာ

စတဲ့အဖြေတွေကို လုပ်ငန်းရှင်အချင်းချင်း တူတူအဖြေရှာ စကားတွေပြောကြရင်း Connection တစ်ခုတူတူ တည်ဆောက်နိုင်ဖို့ F & B ရပ်ဝန်းက ဒုတိယတစ်ခေါက်လုပ်မယ့် “F&B စကားဝိုင်း” ကိုဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

စကားဝိုင်းကို Facilitate လုပ်ပြီး ဦးဆောင်
ဆွေးနွေးပေးမယ့်သူကတော့ Burmese Nomads မှ ကိုဉာဏ်လင်းဖြိုး (Managing Director at IPTM Co., Ltd. (E-commerce & F&B) နှင့် Founder & Strategic Advisor (88 Toys Store, CMMT, Stories'Lab)) ဖြစ်ပါတယ်။ Business စတင်တည်ဆောက်ခြင်းနဲ့ Management ပိုင်းတွင် အတွေ့အကြုံ ၁၅ နှစ်ခန့်ရှိပြီး လက်တွေ့လုပ်ငန်းအတွေ့အကြုံများကို အခြေခံ၍ မျှဝေပေးသွားမှာဖြစ်ပါတယ်။

📌 ပွဲအသေးစိတ်အချက်အလက်များ

နေ့ရက်: ၂၈.၀၇.၂၀၂၆ (အင်္ဂါနေ့)
အချိန်: ညနေ ၆:၀၀ မှ ၈:၀၀ နာရီအထိ
နေရာ: Cove C, Sukhumvit 71st (Near Phra Kanong BTS)

မှတ်ချက်: Free Registration ဖြစ်ပါတယ်။ Food and drinks ကိုတော့ မိမိအစီအစဥ်ဖြင့်သာ ဝယ်ယူသုံးဆောင်ရပါမည်။

Bangkok က F&B လုပ်ငန်းရှင်တွေအချင်းချင်း ချိတ်ဆက်ပြီး လုပ်ငန်းပိုတိုးတက်စေနိုင်ဖို့ စကားဝိုင်း 🇹🇭ဆိုင်ဖွင့်ထားပေမယ့် ဒီလ...
26/07/2026

Bangkok က F&B လုပ်ငန်းရှင်တွေအချင်းချင်း ချိတ်ဆက်ပြီး လုပ်ငန်းပိုတိုးတက်စေနိုင်ဖို့ စကားဝိုင်း 🇹🇭

ဆိုင်ဖွင့်ထားပေမယ့် ဒီလိုပြဿနာတွေနဲ့ ခေါင်းစားနေတုန်းပဲလား?

နေ့တိုင်း Operation ကိစ္စတွေနဲ့ပဲ အချိန်ကုန်နေတာ

ဝန်ထမ်းအပြောင်းအလဲနဲ့ Legal ကိစ္စတွေကြောင့် စိတ်ရှုပ်နေရတာ

Marketing ကို ထိထိမိမိ ဘယ်လိုလုပ်ရမလဲ လမ်းပျောက်နေတာ

စတဲ့အဖြေတွေကို လုပ်ငန်းရှင်အချင်းချင်း တူတူအဖြေရှာ စကားတွေပြောကြရင်း Connection တစ်ခုတူတူ တည်ဆောက်နိုင်ဖို့ F & B ရပ်ဝန်းက ဒုတိယတစ်ခေါက်လုပ်မယ့် “F&B စကားဝိုင်း” ကိုဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

စကားဝိုင်းကို Facilitate လုပ်ပြီး ဦးဆောင်
ဆွေးနွေးပေးမယ့်သူကတော့ Burmese Nomads မှ ကိုဉာဏ်လင်းဖြိုး (Managing Director at IPTM Co., Ltd. (E-commerce & F&B) နှင့် Founder & Strategic Advisor (88 Toys Store, CMMT, Stories'Lab)) ဖြစ်ပါတယ်။ Business စတင်တည်ဆောက်ခြင်းနဲ့ Management ပိုင်းတွင် အတွေ့အကြုံ ၁၅ နှစ်ခန့်ရှိပြီး လက်တွေ့လုပ်ငန်းအတွေ့အကြုံများကို အခြေခံ၍ မျှဝေပေးသွားမှာဖြစ်ပါတယ်။

📌 ပွဲအသေးစိတ်အချက်အလက်များ

နေ့ရက်: ၂၈.၀၇.၂၀၂၆ (အင်္ဂါနေ့)
အချိန်: ညနေ ၆:၀၀ မှ ၈:၀၀ နာရီအထိ
နေရာ: Cove C, Sukhumvit 71st (Near Phra Kanong BTS)
Google Maps: https://maps.app.goo.gl/HPiJHDvPneYiTN1A7?g_st=ic

မှတ်ချက်: Free Registration ဖြစ်ပါတယ်။ Food and drinks ကိုတော့ မိမိအစီအစဥ်ဖြင့်သာ ဝယ်ယူသုံးဆောင်ရပါမည်။

👉 ဘယ်လို Join မလဲ?
တက်မယ်ဆိုရင် အောက်က Messenger Group ထဲဝင်ပြီး နာမည်လေးပေးပြီး Register လုပ်ထားလို့ရပါတယ်။
https://m.me/j/AbauAEQ02eFsJ4Vh/?send_source=gc:copy_invite_link_c

BTS Mo Chit ကားပါကင်နေရာလွတ်ကို TikTok Live နဲ့ ပြပေးလို့ နာမည်ကြီးနေတဲ့ အမျိုးသားBangkok မှာ မနက်တိုင်း BTS Mo Chit Par...
24/07/2026

BTS Mo Chit ကားပါကင်နေရာလွတ်ကို TikTok Live နဲ့ ပြပေးလို့ နာမည်ကြီးနေတဲ့ အမျိုးသား

Bangkok မှာ မနက်တိုင်း BTS Mo Chit Park & Ride ကားပါကင်နေရာရှာရတာဟာ ကားမောင်းသူတွေအတွက် နေ့စဉ်ခေါင်းကိုက်စရာ ပြဿနာတစ်ခုဖြစ်ပါတယ်။

အခုတော့ ဒီပြဿနာကို အလွန်ရိုးရှင်းတဲ့ Idea တစ်ခုနဲ့ ဖြေရှင်းပေးနေတဲ့ TikTok Creator တစ်ယောက်ကို လူစိတ်ဝင်စားမှုများနေကြတာပါ။

(Wang Pao – “နေရာလွတ်ရှိလား”) ဆိုတဲ့ TikTok Account က မနက် 7:30 AM ကနေ 9:00 AM အထိ (တင်္နလာနေ့ကနေ ကြာသပတေးနေ့အထိ) BTS Mo Chit Park & Ride ကားပါကင်ကို အပေါ်စီးကနေ Live Stream လွှင့်ပေးနေပါတယ်။

အဲဒါကြောင့် ကားမောင်းသူတွေဟာ Park & Ride ထဲမဝင်ခင်ကတည်းက နေရာလွတ်ရှိ/မရှိကို Real-Time ကြည့်နိုင်ပြီး မလိုအပ်ဘဲ လှည့်ပတ်ရှာဖို့ မလိုတော့ပါဘူး။

ဒီ Channel ဟာ လက်ရှိမှာ View ပေါင်း ၁ သန်းကျော် ရရှိထားပြီး၊ Live ထဲမှာပဲ ပါကင်နေရာရသွားတဲ့သူတွေက “ကျေးဇူးတင်ပါတယ်” လို့ Comment ဝင်ရေးတာ၊ တချို့ဆို ဝမ်းသာလွန်းလို့ Live ထဲမှာတောင် အကကပြသွားတဲ့ Video တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Social Media ပေါ်မှာတော့ “နည်းပညာကို အသုံးချပြီး လူအများကို အခမဲ့ကူညီပေးတဲ့ Idea ကောင်းတစ်ခု” လို့ ချီးကျူးနေကြပြီး၊ တချို့ကတော့ ဒီလိုဝန်ဆောင်မှုကို အနာဂတ်မှာ Business အဖြစ်ပါ တိုးချဲ့နိုင်တယ်လို့ မှတ်ချက်ပေးနေကြပါတယ်။

တစ်ခါတလေတော့ နာမည်ကြီးသွားဖို့ အကြီးကြီးတီထွင်ဖို့လည်း မလိုပါဘူး။ လူတွေ နေ့တိုင်းကြုံနေရတဲ့ ပြဿနာတစ်ခုကို ရိုးရိုးရှင်းရှင်း ဖြေရှင်းပေးနိုင်ရုံနဲ့လည်း လူပေါင်းများစွာရဲ့ အားပေးမှုကို ရနိုင်ပါတယ်နော်။

Ref: Khaosod English

တရုတ်ခရီးသွားတွေကြားမှာ နာမည်ကြီးနေတဲ့ ၅ ဘတ်တန်ရထား 🚂ခေတ်မီ Bullet Train တွေ၊ မြန်နှုန်းမြင့်ရထားတွေခေတ်မှာ ထိုင်းနိုင်င...
23/07/2026

တရုတ်ခရီးသွားတွေကြားမှာ နာမည်ကြီးနေတဲ့ ၅ ဘတ်တန်ရထား 🚂

ခေတ်မီ Bullet Train တွေ၊ မြန်နှုန်းမြင့်ရထားတွေခေတ်မှာ ထိုင်းနိုင်ငံမြောက်ပိုင်းက ရိုးရိုးတန်း (Third Class) ရထားလေးတစ်စီးကတော့ တရုတ်နိုင်ငံက ခရီးသွားတွေကြားမှာ အရမ်းရေပန်းစားလာနေပါတယ်။

Chiang Mai ကနေ Lamphun ကို ပြေးဆွဲတဲ့ ဒီရထားခရီးစဉ်ဟာ လက်မှတ်ခ ၅ ဘတ်သာ ကျသင့်ပြီး ခရီးချိန်လည်း မိနစ် ၃၀ ဝန်းကျင်သာ ကြာမြင့်ပါတယ်။

ဒါပေမဲ့ ဒီရထားကို လူတွေက သွားလာရေးအတွက်တင်မဟုတ်ဘဲ ဓာတ်ပုံရိုက်ဖို့၊ Content ဖန်တီးဖို့နဲ့ Local Experience ခံစားဖို့အတွက် အဓိကထားလာကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ Xiaohongshu Social Media ပေါ်မှာ ဒီရထားလေးရဲ့ ဓာတ်ပုံတွေ၊ Review တွေ ပျံ့နှံ့လာပြီးနောက်ပိုင်း Chiang Mai ဘူတာမှာ မနက်ပိုင်းတိုင်း တရုတ်ခရီးသွားတွေ လက်မှတ်တန်းစီဝယ်နေကြတာကို တွေ့မြင်ရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ရထားရဲ့ ပြတင်းပေါက်အကြီးတွေ၊ သဘာဝအလင်းရောင်တွေ၊ ရထားလမ်းဘေးက ဒေသခံတွေရဲ့ နေ့စဉ်ဘဝမြင်ကွင်းတွေက ဓာတ်ပုံရိုက်ဖို့ အရမ်းလှတာကြောင့် အမျိုးသမီးခရီးသွားတွေကြားမှာ ပိုပြီး ရေပန်းစားနေပါတယ်။

တချို့ခရီးသွားတွေဆိုရင် Dress လှလှတွေ ဝတ်လာပြီး Camera, Tripod တွေပါ ယူလာကာ ရထားပေါ်မှာပဲ Photo Shoot လုပ်ကြတယ်လို့ သိရပါတယ်။ Xiaohongshu ပေါ်က Review အချို့မှာတော့ မနက် ၉:၃၀ ရထားဟာ အလင်းရောင်အလှဆုံးအချိန်ဖြစ်တယ်လို့တောင် အကြံပြုထားကြပါတယ်။

Lamphun ကိုရောက်တဲ့အခါ ကော်ဖီဆိုင်လေးတွေမှာ အနားယူပြီး နေ့လယ် ၂:၁၅ ရထားနဲ့ Chiang Mai ပြန်ကြသူတွေလည်းရှိသလို၊ ဒေသခံဘတ်စ်ကားနဲ့ ပြန်လာသူတွေလည်း ရှိပါတယ်။

ခေတ်မီအရာတွေကြားမှာ တချို့လူတွေကတော့ အဟောင်းတွေထဲက အလှတရားကို ပြန်ရှာတွေ့နေကြပါတယ်။ ထိုင်းရဲ့ ၅ ဘတ်တန် ရထားလေးကလည်း အခုဆိုရင် ခရီးသွား Attraction အသစ်တစ်ခု ဖြစ်လာနေပါပြီ။ 🚂✨

Ref - Thai PBS World

Louis Vuitton Logo နဲ့ ဆင်တူအသုံးပြုခဲ့လို့ တရုတ်က Bubble Tea Brand တစ်ခု ဘတ်သန်း ၅၀ လျော်ကြေးပေးရတရုတ်နိုင်ငံက နာမည်ကြီ...
21/07/2026

Louis Vuitton Logo နဲ့ ဆင်တူအသုံးပြုခဲ့လို့ တရုတ်က Bubble Tea Brand တစ်ခု ဘတ်သန်း ၅၀ လျော်ကြေးပေးရ

တရုတ်နိုင်ငံက နာမည်ကြီး Bubble Tea Brand Molly Tea ဟာ ပြင်သစ် Luxury Brand Louis Vuitton (LV) ရဲ့ မူပိုင်ခွင့်ကို ချိုးဖောက်တယ်လို့ တရုတ်တရားရုံးက ဆုံးဖြတ်ခဲ့ပြီး ယွမ် ၁၀.၃ သန်း (ထိုင်းဘတ် သန်း ၅၀ ဝန်းကျင်) လျော်ကြေးပေးဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

အမှုရဲ့ အဓိကအကြောင်းအရင်းကတော့ Molly Tea အသုံးပြုခဲ့တဲ့ ပန်းပွင့်ပုံစံ Logo ဟာ Louis Vuitton ရဲ့ နာမည်ကျော် Monogram Floral Logo နဲ့ အလွန်ဆင်တူနေတယ်လို့ တရားရုံးက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

တရားရုံးရဲ့ အမိန့်အရ Molly Tea ဟာ ယွမ် ၁၀ သန်းကို စီးပွားရေးထိခိုက်မှုအတွက်၊ ယွမ် ၃ သိန်းကို တရားစွဲဆိုစရိတ်အတွက်၊ စုစုပေါင်း ယွမ် ၁၀.၃ သန်း (ဘတ်သန်း ၅၀ ခန့်) ကို ၁၀ ရက်အတွင်း ပေးချေရမှာဖြစ်ပါတယ်။

အဲဒါအပြင် Molly Tea ဟာ Logo ကို ပြောင်းလဲအသုံးပြုရပြီး Website နဲ့ Official Social Media Account ၆ ခုမှာ တရားရုံးအမိန့်အတိုင်း တောင်းပန်ပြီး အသိပေးကြေညာချက် ထုတ်ပြန်ရမှာလည်း ဖြစ်ပါတယ်။

Molly Tea ဟာ ၂၀၂၄ ခုနှစ်အတွင်း ကုန်အမှတ်တံဆိပ် လျှောက်ထားမှုတွေ ပြုလုပ်ခဲ့ပေမဲ့ တရုတ်အမျိုးသား မူပိုင်ခွင့်ဦးစီးဌာနက ငြင်းပယ်ခဲ့ပြီး ပြန်လည်စိစစ်မှုအောက်မှာ ထားရှိခဲ့ပါတယ်။ Louis Vuitton ကတော့ အဆိုပါ မူပိုင်ခွင့်ပုံစံကို တရုတ်နိုင်ငံမှာ အပိုင်မှတ်ပုံတင်ထားပြီးသား ဖြစ်ပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ လူမှုကွန်ရက် Weibo ပေါ်မှာ အမြင်အမျိုးမျိုး ကွဲပြားခဲ့ကြပါတယ်။ အချို့က "နှစ်ခုစလုံးက ကွဲပြားတဲ့ လုပ်ငန်းနယ်ပယ်တွေဖြစ်လို့ ပြဿနာမရှိနိုင်ဘူး" လို့ ပြောကြသလို၊ အချို့ကလည်း "ဒီလိုပုံစံမျိုးကို တရုတ်ရှေးဟောင်းခေတ်ကတည်းက သုံးခဲ့တာ" လို့ ဆိုကြပါတယ်။ ဒါပေမဲ့ အများစုကတော့ ဒီ Logo ကို မြင်လိုက်တာနဲ့ Louis Vuitton ကိုပဲ တန်းပြီး ပြေးမြင်မိကြတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Molly Tea ဟာ လက်ရှိတွင် ကမ္ဘာတစ်ဝှမ်း၌ ဆိုင်ခွဲပေါင်း ၂,၀၀၀ ကျော် ဖွင့်လှစ်ထားပြီး အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ ဗြိတိန်၊ အင်ဒိုနီးရှား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများ၌ပါ ဆိုင်ခွဲများ တိုးချဲ့ထားတဲ့ အောင်မြင်နေတဲ့ ဆိုင်လည်း ဖြစ်ပါတယ်။

Ref: Bangkok Post

🐉 တရုတ်ဩဇာညောင်းတယ်ဆိုတဲ့ သံသယတွေကြားက Huai Khwang ရဲစခန်းရဲ့ နဂါးတံဆိပ် 🤔ဘန်ကောက်မြို့ Huai Khwang ရဲစခန်းမှာ ရဲဝန်ထမ်း...
19/07/2026

🐉 တရုတ်ဩဇာညောင်းတယ်ဆိုတဲ့ သံသယတွေကြားက Huai Khwang ရဲစခန်းရဲ့ နဂါးတံဆိပ် 🤔

ဘန်ကောက်မြို့ Huai Khwang ရဲစခန်းမှာ ရဲဝန်ထမ်းတွေရဲ့ ယူနီဖောင်းလက်မောင်းပေါ် အသုံးပြုနေတဲ့ နဂါး (Dragon) Logo ကို ဖယ်ရှားဖို့ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က ညွှန်ကြားလိုက်ပါတယ်။

အဆိုပါ Logo ဟာ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်လာပြီး Huai Khwang ဒေသဟာ တရုတ်လုပ်ငန်းများစွာ စုစည်းရာနေရာဖြစ်တာကြောင့် “တရုတ်ရင်းနှီးမြှုပ်နှံသူများ (Grey Chinese Investors) ရဲ့ သြဇာလွှမ်းမိုးမှုနဲ့ ဆက်စပ်နေသလား” ဆိုတဲ့ သံသယတွေ ထွက်ပေါ်ခဲ့ပါတယ်။

Huai Khwang ရဲစခန်းမှူး Pol. Col. Sorasak Thongmee ကတော့ အဆိုပါ Logo ကို လွန်ခဲ့တဲ့ ၃ နှစ်မှ ၄ နှစ်ခန့်ကတည်းက အသုံးပြုခဲ့တာဖြစ်ပြီး၊ သူတာဝန်မယူခင်ကတည်းက ရှိနေခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

“ဒီ Logo မှာ ဘာလျှို့ဝှက်အဓိပ္ပာယ်မှ မရှိပါဘူး။ တရုတ်ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆက်စပ်ပြီး မတွေးကြပါနဲ့” လို့ ရဲစခန်းမှူးက ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း Metropolitan Police Division 1 ကတော့ အဆိုပါ Dragon Logo ဟာ Royal Thai Police ရဲ့ တရားဝင်ခွင့်ပြုထားတဲ့ အမှတ်တံဆိပ် မဟုတ်တာကြောင့် ရဲယူနီဖောင်းတွေကို စံသတ်မှတ်ချက်နဲ့အညီ အသုံးပြုနိုင်စေရန် ဖယ်ရှားဖို့ ညွှန်ကြားခဲ့ပါတယ်။

အဲဒါအပြင် Division 1 လက်အောက်ရှိ ရဲစခန်းအားလုံးကိုလည်း တရားဝင်စည်းမျဉ်းနဲ့ မကိုက်ညီတဲ့ Badge၊ Patch၊ Emblem နဲ့ Symbol တွေကို ပြန်လည်စစ်ဆေးပြီး အသုံးပြုခြင်း ရပ်ဆိုင်းဖို့ အမိန့်ထုတ်ထားပါတယ်။

Source: Bangkok Post

Lad Phrao မီးလောင်မှုဖြစ်စဉ်မှာ အရာရှိအယောင်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရသူကို အမှု ၄ မှုဖြင့် အရေးယူဘန်ကောက်မြို့ Lat P...
18/07/2026

Lad Phrao မီးလောင်မှုဖြစ်စဉ်မှာ အရာရှိအယောင်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရသူကို အမှု ၄ မှုဖြင့် အရေးယူ

ဘန်ကောက်မြို့ Lat Phrao ဘီယာဆိုင်မီးလောင်မှု ဖြစ်ပွားရာနေရာမှာ စစ်ယူနီဖောင်းပုံစံ ဝတ်ဆင်ပြီး မီဒီယာတွေကို အင်တာဗျူးပေးခဲ့သူနဲ့ ပတ်သက်တဲ့ အမှုမှာ နောက်ဆုံးအခြေအနေ ထွက်ပေါ်လာပါတယ်။

အဆိုပါအမျိုးသား Chitphong Khattaphong (ခေါ်) “Lieutenant Nat” ဟာ သတင်းတွေထွက်ပေါ်လာပြီးနောက် ရဲတပ်ဖွဲ့ထံ ကိုယ်တိုင်လာရောက်တွေ့ဆုံခဲ့ပြီး လက်ရှိမှာ အမှု ၄ မှု နဲ့ စွပ်စွဲခံထားရပါတယ်။

ရဲတပ်ဖွဲ့က စွဲဆိုထားတဲ့ စွပ်စွဲချက်တွေကတော့
• ခွင့်ပြုချက်မရှိဘဲ ဆက်သွယ်ရေး Radio စက် အသုံးပြုမှု
• အစိုးရအရာရှိအယောင်ဆောင်ကာ တရားဝင်တာဝန်ထမ်းဆောင်သကဲ့သို့ ပြုလုပ်မှု
• မမှန်ကန်တဲ့ အချက်အလက်တွေကို ဖြန့်ဝေပြီး ပြည်သူတွေကြား အထင်အမြင်လွဲမှားစေမှု
• စစ်ဘက်သုံးပစ္စည်းများကို တရားမဝင် လက်ဝယ်ထားရှိမှု (ဝတ်ဆင်ထားတဲ့ Body Armour ဟာ အစစ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက ထပ်မံအရေးယူမည်လို့သိရပါတယ်)

ဒီအမှုဟာ ဇူလိုင် ၁၂ ရက်နေ့က လတ်ဖရောင်း မီးလောင်မှုဖြစ်ပွားရာနေရာမှာ ၎င်းက စစ်ဝတ်စုံပုံစံ ဝတ်ဆင်ထားပြီး မီဒီယာအများအပြားကို အင်တာဗျူးပေးခဲ့တာနဲ့ ဆက်စပ်နေပါတယ်။

ယခင်က page “Soh Pao – This Story Deserves Attention” ကလည်း ၎င်းဟာ အစိုးရတာဝန်ရှိသူ၊ မီးသတ်ဝန်ထမ်း သို့မဟုတ် အရေးပေါ်ကယ်ဆယ်ရေး ကျွမ်းကျင်သူ မဟုတ်ဘဲ Volunteer တစ်ဦးသာ ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး၊ “ဖောက်သည်တွေကို ငွေမရှင်းမချင်း ဆိုင်ထဲက ထွက်ခွင့်မပေးခဲ့ဘူး” ဆိုတဲ့ သတင်းမှား ပျံ့နှံ့လာအောင် ကူညီဖြန့်ဝေခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။

ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ Chitphong ဟာ လက်ရှိမှာ စုံစမ်းစစ်ဆေးမှုအဆင့်ရှိ အမှုစွပ်စွဲခံထားရသူ ဖြစ်ပြီး အသေးစိတ်စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့ သူဟာ ကိုယ်တိုင်လာရောက်တွေ့ဆုံခဲ့တာဖြစ်တဲ့အတွက် အာမခံတင်စရာမလိုဘဲ ယာယီပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။

Ref: Khaosod English, The Thaiger

#ထိုင်းသတင်း #ဘန်ကောက်သတင်း

17/07/2026

ဘန်ကောက်မှာ World Cup Final ကို

ဘယ်နားမှာသွားကြည့်ကြမှာလဲ?

ဟိုတယ်မှာ တရုတ်အလံမပါလို့ ပြဿနာရှာခဲ့တဲ့ တရုတ်ခရီးသွား ❓🤔မလေးရှားနိုင်ငံ Kuala Lumpur မြို့ရှိ ဟိုတယ်တစ်ခုမှာ တရုတ်ခရီးသ...
16/07/2026

ဟိုတယ်မှာ တရုတ်အလံမပါလို့ ပြဿနာရှာခဲ့တဲ့ တရုတ်ခရီးသွား ❓🤔

မလေးရှားနိုင်ငံ Kuala Lumpur မြို့ရှိ ဟိုတယ်တစ်ခုမှာ တရုတ်ခရီးသွားအမျိုးသားတစ်ဦးက ဟိုတယ်အတွင်း တရုတ်နိုင်ငံအလံ မလွှင့်ထားတာကို မကျေနပ်ဘဲ ဝန်ထမ်းကို ပြောဆိုနေတဲ့ Video ဟာ လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးနေပါတယ်။

Video ထဲမှာ အဆိုပါအမျိုးသားဟာ ဟိုတယ် စားသောက်ဆိုင်အတွင်း နိုင်ငံအများအပြားရဲ့ အလံတွေ ချိတ်ဆွဲထားတာကို တွေ့ပြီး တရုတ်အလံ မပါတာကို မေးမြန်းခဲ့ပါတယ်။

“တရုတ်လူမျိုးတွေဆီက ပိုက်ဆံရှာချင်ရင် တရုတ်အလံကိုလည်း လွှင့်ထားသင့်တယ်” လို့ ဟိုတယ်ဝန်ထမ်းကို ပြောဆိုခဲ့တာလည်း Video ထဲမှာ တွေ့ရပါတယ်။

တကယ်တော့ ဟိုတယ်မှာ ချိတ်ဆွဲထားတဲ့ အလံတွေဟာ FIFA World Cup ပြိုင်ပွဲဝင်ခွင့် ရရှိထားတဲ့ နိုင်ငံတွေရဲ့ အလံများသာ ဖြစ်ပြီးတော့ တရုတ်အသင်းဟာ World Cup ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် အလံမပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ Video ဟာ Social Media ပေါ်မှာ ပျံ့နှံ့သွားပြီး အသုံးပြုသူအများအပြားက အမျိုးသားရဲ့ အပြုအမူကို ဝေဖန်နေကြသလို၊ အချို့ကလည်း ဟိုတယ်ဝန်ထမ်းအပေါ် စာနာကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: South China Morning Post (SCMP)

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burmese Nomadsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์