24/08/2026
တေးသီချင်းပေါင်းများစွာကို ကိုယ်တိုင်ရေးစပ်သီဆို တီးခတ်ခဲ့တဲ့ နိုင်ငံကျော် စတီရီယိုတေးသံရှင် ကိုင်ဇာရဲ့ ဈာပနအခမ်းအနားကို ယနေ့ နေ့လယ်က ရေဝေးသုသာန်မှာ ကျင်းပခဲ့ပါတယ်။
ဈာပနအခမ်းအနားမှာတော့ ပရိသတ်တွေနဲ့အတူ အနုပညာလောကသားအများအပြားက သူ့ရဲ့ နောက်ဆုံးခရီးကို လိုက်ပါ ပို့ဆောင်ခဲ့ပါတယ်။
အဆိုတော် ကိုင်ဇာဟာ အသက် ၆၆ နှစ်အရွယ်မှာ အသည်းနဲ့ အဆုတ်ရောဂါတွေကြောင့် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံမှာ ဩဂုတ် ၂၂ ရက် ညပိုင်းမှာ ၉၆ ပါး ရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။
သူ့ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်ကို ဒီကနေ့ ညနေ ၄ နာရီမှာ ဂူသွင်းသင်္ဂြိုဟ်ခဲ့ပါတယ်။
#ကိုင်ဇာစျာပနာ
#နာရေးမြင်ကွင်း