Htoo Wint Wint Aung

Htoo Wint Wint Aung 🥗🧅🌶️ Food , Travel & Lifestyle Vlog လေးတွေကို အမြဲမျှဝေပေးမည့် page လေးဖြစ်ပါတယ်ရှင့် 🏔️🏖️☕️🚙🦀🦑

17/02/2026

ပါဝင်ပစ္စည်း ၃ မျိုးလောက်ရှိရုံနဲ့ ဆွေမျိုးမေ့အောင်စားကောင်းတဲ့ ကင်းမွန်မရမ်းသီး ချိုချဉ်သုပ်လေး




05/02/2026

မိုးကုတ် ဟော့ပေါ့လေးကြိုက်ရင် အခုလိုလေးချက်စားကြည့်နော် …. အရိုးပြုတ်ရည်ရဲ့အချိုဓာတ်ကိုအခြေခံပြီးချက်စားရတာမို့ အဟာရလည်း အရမ်းပြည့်တာ 😍






30/01/2026

အိအိမွှေးမွှေးလေးနဲ့ အရမ်းကိုစားကောင်းတဲ့ ယိုးဒယား ကြက်သားသာကူလုံးလေးကို ဒီနေ့မှာလည်းလုပ်စားဖြစ်ပါတယ်ရှင့်

သာကူကြိုက်တယ်ဆိုရင် အခုလိုလေးလုပ်စားကြည့်နော် ကြက်သွန်ဖြူကြော်အနံ့မွှေးမွှေးလေးနဲ့အရမ်းစားကောင်းပါတယ် 😍




#ကြက်သားသာကူလုံး

23/01/2026

ချိုအိပြီး စားလို့ကောင်းတဲ့ တောင်ပေါ်အရသာ ကိုက်လန်ပေါင်းအိအိလေး 🥬✨
ပါဝင်ပစ္စည်းလေးတွေကတော့ -
• ကိုက်လန် (၆) စီး
• ဆန်စိမ်းမှုန့် (၁ ထုတ်ခွဲ)
• ပဲပုပ် (၃) ချပ်
• မြေပဲအလှော်၊ ဂျင်း၊ ကြက်သွန်ဖြူ

ပြီးရင်တော့ ဆနွင်းမပါဘဲ ကြက်သွန်ဖြူလေးကို သေးသေးနုပ်နုပ်လှီးပြီး ဆီချက်လေးချက်ထားပါတယ် ... ငရုပ်အလှော်မှုန့်လေးကိုလည်း ဆီပူလေးလောင်းပြီး ကြော်ထားလိုက်ပါတယ်ရှင့်။

ရေဆေးသန့်စင်ထားတဲ့ ကိုက်လန်လေးတွေကိုတော့ ပြင်ဆင်ထားတဲ့ အစာပလာလေးတွေအားလုံးထည့်နယ်ပြီးသွားပြီဆိုရင်တော့ ပေါင်းခံအိုးထဲ နာရီဝက်လောက် ပေါင်းပေးရပါမယ်။ အချိန်စေ့ရင်တော့ ပဲပုပ်အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကိုက်လန်ပေါင်းအိအိလေး ရပါပြီရှင့် 🤗

ချက်နည်းလေးကလည်း လွယ်ကူပြီး စားလို့လည်းကောင်းတဲ့ တောင်ပေါ်အရသာလေးမို့ အားလုံးပဲ လုပ်စားကြည့်ကြပါဦးနော်။ အောက်က Video မှာလည်း ချက်နည်းအသေးစိပ်လေး တင်ထားပေးပါတယ်ရှင့် 🥰




#ကိုက်လန်ပေါင်း

20/01/2026

ထိမိပြီးအရသာပွင့်ထွက်သွားစေမယ့် ယိုးဒယားပဲကြာဆန်သုပ်နည်းလေး🤗😍🤤

* ပါဝင်ပစ္စည်းလေးတွေအနေဖြင့်
* ပဲကြာဆန် ၁ထုပ် ကြက်သား (သို့)ဝက်သား နုပ်နုပ်စင်းထားတာ​လေးအနည်းငယ်ရယ်
* ပုဇွန်
* ကြက်သွန်အနီ ၂လုံး
* ကြက်သွန်အဖြူ ၃ မွှာ
* နံနံပင်လေးအနည်းငယ်နဲ့
* ငရုပ်သီးအနီ ၄/၅တောင့် တို့ကို ဓါးပြားရိုက်ပြီးအဆင်သင့်လေးပြင်ဆင်ထားပေးလိုက်ပါမယ်ရှင့်

💁🏻‍♀️အားလုံးပြင်ဆင်ပြီးသွားရင်တော့ စပြီးချက်ပါမယ်ရှင့်

👩🏻‍🍳အရင်ဆုံးပဲကြာဆန်လေးတွေကို ပြုတ်ထားပေးလိုက်ပါတယ် ပုဇွန်နဲ့ ကြက်သားလေးတွေကိုလည်းပြုတ်လိုက်ပါတယ်ရှင့် ….

* ပြီးရင်တော့ ပြုတ်ထားပြင်ဆင်ထားတဲ့ အစာပလာလေးတွေအားလုံးထည့်ပြီး အရသာအတွက်ကိုတော့
* ဆား
* အရသာမှုန့်လေးအနည်းငယ်
* ပဲငံပြာရည်အကြည်အနည်းငယ်
* သံပုရာသီး (သို့) ရှာလကာရည် ၂ ဇွန်း
* ငရုပ်ကောင်းမှုန့်လေးအနည်းငယ်နဲ့
* သကြားလေးအနည်းငယ်ထည့်ပြီးတော့ သမအောင်နယ်ပေးလိုက်ပြီဆိုလို့ရှိတော့ ထိမိပွင့်ထွက်ပြီး အရသာရှိလှတဲ့ ယိုးဒယားပဲကြာဆန်သုပ်လေးရပါပြီရှင် 🤗

#ယိုးဒယားပဲကြာဆန်သုပ်


16/01/2026

အိအိတုန်တုန်လေးနဲ့ အရမ်းစားကောင်းတဲ့ ဝဥသုပ် ချဉ်ငံစပ်လေး 🤗🍲

#ဝဥ


ရှောက်ရွက်အနံ့ မွှေးမွှေးလေးနဲ့သုပ်ထားတဲ့ ဝဥသုပ် ချဉ်ငံစပ်လေး 🤗🥰 #ဝဥ
16/01/2026

ရှောက်ရွက်အနံ့ မွှေးမွှေးလေးနဲ့သုပ်ထားတဲ့ ဝဥသုပ် ချဉ်ငံစပ်လေး 🤗🥰

#ဝဥ


14/01/2026

လတ်ဆတ်ပြီး စိမ်းစိုနေတဲ့ ဆီမုန့်ညှင်းဖူးလေးတွေကို တောင်ပေါ်အရသာလေးအတိုင်း ပဲပုပ်အနံ့မွှေးမွှေးလေးနဲ့ သုပ်စားကြမယ်ရှင့် 🤗🥬⛰️

#မုန့်ညှင်းဖူးသုပ်


မုန်းညှင်းပေါတဲ့ ရာသီလေးရောက်ပြီဆိုတော့ တောင်ပေါ်သားတွေ အရမ်းကြိုက်တဲ့ ရိုးရိုးရှင်းရှင်းနဲ့စားလို့အရမ်းကောင်းတဲ့ မုန့်ည...
14/01/2026

မုန်းညှင်းပေါတဲ့ ရာသီလေးရောက်ပြီဆိုတော့ တောင်ပေါ်သားတွေ အရမ်းကြိုက်တဲ့ ရိုးရိုးရှင်းရှင်းနဲ့စားလို့အရမ်းကောင်းတဲ့ မုန့်ညှင်းဖူးသုပ်လေးကို သုပ်စားကြမယ်နော် 🥬✨

သုပ်နည်းအသေးစိတ်လေးကိုတော့ အောက်ကပုံလေးတွေမှာ တဆင့်ချင်းရေးပေးထားပါတယ်ရှင့်

#မုန့်ညှင်းဖူးသုပ်
#တောင်ပေါ်အရသာ


08/01/2026

ခံတွင်းပျက်ပြီး ထမင်းစားမကောင်းရင် အခုလို ငါးဆားနယ်ဟင်း အတွဲအစပ်လေးချက်စားကြည့်နော် ထမင်းစားလို့အရမ်းမြိန်



06/01/2026

ရာသီဥတုလေးအေးလာပြီဆိုတော့ ဗိုက်ထဲရော ရင်ထဲပါနွေးသွားအောင် ညစာ ကြာဆန်ပြုတ်ပူပူလောင်လောင်လေး ပြုတ်သောက်ကြမယ်🤗🍜❄️




#ကြာဆန်ပြုတ်

"မြင်လိုက်တာနဲ့ သွားရည်ကျစေမယ့် ဝါဝင်းအိစက် ထန်းသီးမုန့်အိအိလေး စားကြမယ်! 🥥✨ငယ်ငယ်က စားရတဲ့ လက်ရာအတိုင်း အချိုလည်း အနေတေ...
06/01/2026

"မြင်လိုက်တာနဲ့ သွားရည်ကျစေမယ့် ဝါဝင်းအိစက် ထန်းသီးမုန့်အိအိလေး စားကြမယ်! 🥥✨

ငယ်ငယ်က စားရတဲ့ လက်ရာအတိုင်း အချိုလည်း အနေတော်၊ အသားလည်း အရမ်းအိတဲ့ ဒီလို ထန်းသီးမုန့်မျိုးကိုရော စားဖူးကြလားရှင့် ? 😍"


#ထန်းသီးမုန့်


ที่อยู่

Soi Sukhumvit 8 Road
Bangkok
10110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Htoo Wint Wint Aungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์