18/11/2025
ကံမကောင်းဘူး ဆိုရင် ဘုရားရှိခိုးရမယ်။ ဗုဒ္ဓဂုဏ်တော်ပွားရမယ်။ဂုဏ်တော်ပုတီးစိတ်ရမယ်။မေတ္တာပို့ရမယ်။သမထဝိပဿနာ ကမ္မဌာန်းအားထုတ်တာအကောင်းဆုံးပဲဖြစ်တယ်။
မနက် နေ့ ည ဘုရားရှိခိုးရင် ကံကောင်းလာမယ်။အဆောင်ပစ္စည်းက အားကိုးမရဘူး။
ဘုရား တရား သံဃာ ဂုဏ်တွေကသာအားကိုးရတာ။မေတ္တာများများပွား ဒါတွေကိုပရောဂသမ္ပတ္တိလို့ ခေါ်တယ်။ကောင်းတာများများ
လုပ်ရင် ကံကောင်းလာမယ်။
မိမိသည်သာလျင်မိမိရဲ့ကိုးကွယ်ရာပဲ။ ကံမကောင်းရင် စိတ်ဓာတ်မကျနဲ့။
ဘယ်ကိစ္စပဲဖြစ်ဖြစ် ကြိုးစားရမယ်။ကြိုးစားတဲ့သူက အနိုင်ရစမြဲပဲ။အဓိကကတော့စိတ်ဓာတ်မကျဖို့ပဲ။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဘိဝံသ
#ကောင်းမှုတစ်ခုနေ့စဉ်ပြု
#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်