09/06/2025
ကျီးကန်းနှင့် စာကလေး
( ဘင်္ဂလားဒေ့ရှ်ပုံပြင် )
တခါတုန်းက စာကလေးတကောင်သည် ကျီးကန်းတကောင်နှင့် အဆွေခင်ပွန်း ဖွဲ့၍ နေထိုင်၏။ တနေ့တွင် အစာရှာထွက်ကြရာ ဖျာပေါ်၌ နေလှန်းထားသော ငရုတ် သီးများကို ကျီးကန်းက တွေမြင်လေ၏။ ထိုအခါ ကျီးကန်းက -
လေ၏။ “ဒီငရုတ်သီးတွေကို ဘယ်သူအများဆုံးစားနိုင်မလဲ ပြိုင်ကြရအောင်” ဟု ပြော
“ကောင်းပြီလေ၊ ပြိုင်ကြတာပေါ့” ဟု စာကလေးက ပြန်ပြောလိုက်၏။ “ပြီးတော့ နိုင်သူက ရှုံးသူကို စားစတမ်းနော်” ဟု ကျီးကန်းက ပြောပြန်သည်။
စာကလေးသည် ကျီးကန်းက နောက်ပြောင်ပြောသည် ထင်မှတ်၍ ရှယ်ရှယ် မောမောနှင့် သဘောတူလိုက်၏။ မိတ်ဆွေအချင်းချင်း ဆိုသည်မှာလည်း စားကောင်း သည် မဟုတ်ချေ။
စာကလေးသည် ငရုတ်သီးများကို တတောင့်စီတတောင့်စီသာ ရိုးသားစွာစား ၏။ ကျီးကန်းကမူ အကောက်ကြံ၍ ငရုတ်သီး တတောင့်စားပြီးတိုင်း သုံးလေးတောင့် ကို စာကလေး မမြင်အောင် ဖျာအောက်တွင် ဝှက်ထား၏။
နောက်ဆုံးတွင် ကျီးကန်းက -
“ငါနိုင်ပြီက္ခ၊ ခု - မင်းကို ငါစားရတော့မယ်” ဟု ပြောလေ၏။
ယခုမှ ကျီးကန်းက အတည်ပေါက် ပြောဆိုခြင်းဖြစ်သည်ကို စာကလေးက သဘောပေါက်သွား၏။ ထိုကြောင့် စာကလေးက
“ကောင်းပါပြီ၊ ကျုပ် ကတိတည်ရပါစေ့မယ်။ ဒါပေမယ့် ကျုပ်ကို မစားခင် အဆွေနှုတ်သီးကိုတော့ ရေဆေးပါဦး။ အညစ်အကြေး၊ အပုပ်အသိုးတွေကို စားလို အဆွေဟာ ညစ်ပတ်တဲ့ ငှက်တကောင်ဆိုတာ လူတိုင်း သိပါတယ်” ဟု ပြောလိုက်၏။ ထိုအခါ ကျီးကန်းသည် နှုတ်သီးကိုရေဆေးရန် အလို့ငှာ မြစ်ဆီသို့သွား၍ ရေ တောင်း၏။
မြစ်၊ မြစ်
ရေပေးပါ နှုတ်သီးဆေးဖို့ပါ
နှုတ်သီး စင်အောင်ဆေး
စာကလေးကို စားမယ်လေး
ထိုအခါ မြစ်က “အဆွေ ရေလိုချင် လိုလား၊ ကောင်းပါပြီ၊ ဒါပေမယ့် အဆွေ ဟာ အညစ်အကြေးတွေကို စားတယ်လို့ အများက ပြောကြပါတယ်။ အဆွေနှုတ်သီး ကို ကျုပ်ရေထဲမှာ ဆေးချင်ယင် ထည့်စရာ ရေအိုး သွားယူပါ။ ပြီးတော့ လိုသမျှရေကို ကြိုက်သလောက် ခပ်ယူနိုင်ပါတယ်” ဟု ပြန်ပြောလိုက်သည်။
ကျီးကန်းသည် ရွာထဲရှိ အိုးထိန်း သည် ထံသွား၍ အိုးလုပ်ပေးရန် တောင်းပြန် လေသည်။
အိုးထိန်းသည်၊ အိုးထိန်းသည် နှုတ်သီးဆေးဖို ရေခတ်မယ်
အိုးတလုံးလောက် ဖုတ်ပေးကွယ်။
ရေကိုခတ်လို့ နှုတ်သီးဆေး
စာကလေးကို စားမယ်လေး
ကျီးကန်း၏ စကားကို ကြားရသောအခါ အိုးထိန်းသည်က …
“ အဆွေ- အိုးလိုချင်လိုလား ကောင်းပါပြီ။ ဒါပေမယ့် ကျုပ်မှာ ရွှံမရှိဘူး။ ကျုပ်ဆီကို ရွှံ့ယူလာခဲ့။ သင့်ဖို အိုးလုပ်ပေးပါ့မယ်” ဟု ပြန်ပြောလေသည်။
ကျီးကန်းသည် လယ်ကွင်းသိုသွား၍ နှုတ်သီးဖြင့် ရွှံများကို စတင်တူးဆွလေ၏။ ထိုအခါ မြေကြီးက -
“အဆွေ ကျီးကန်း၊ သင်ဟာ အညစ်အကြေးတွေကို စားတယ်ဆိုတာ တကမ္ဘာ လုံးက သိကြပါတယ်။ တူးရွင်းနဲ့မတူးယင်တော့ ကျုပ်ရွှံတွေကို တူးခွင့် မပေးနိုင်ဘူး” ဟု ပြောလေ၏။
ကျီးကန်းသည် ရွာထဲရှိ လှည်းဘီးလုပ်နေသော ပန်းပဲဆရာထံ သွားပြီး တူး ရွှင်းတလက် လုပ်ပေးရန် တောင်းရပြန်လေသည်။
ပန်းပဲဆရာ၊ ပန်းပဲဆရာ
တူးရွှင်းတလက် လုပ်ပေးပါ။
ရွှံကိုတူးလို အိုးလုပ်ဖို့
ရေကိုခတ်ယူဖို့
ရေကိုခတ်လို နှုတ်သီးဆေး
စာကလေးကို စားမယ်လေး
ဤတွင် ပန်းပဲဆရာက “အဆွေကျီးကန်း၊ တူးရွှင်းလိုချင်လိုလား၊ ကောင်းပါ ပြီ။ ဒါပေမယ့် အဆွေမြင်တဲ့ အတိုင်းပဲ၊ ဖိုထဲမှာ မီးမရှိဘူး၊ ကျုပ်ကို တူးရွင်း လုပ် ပေးစေချင်ယင် မီးယူလာခဲ့ရမှာပေါ့” ဟု ပြောလေ၏။
ကျီးကန်းသည် အနီးရှိ လယ်သမားတဦး၏ အိမ်သို့ မီးရှာရန် သွားရပြန်သည်။ လယ်သမား၏ ဇနီးသည် ခြံဝင်းထဲ၌ ထမင်းချက်နေ၏။
လယ်သမားကြီး ဇနီးသည်
မီးတစလောက် ပေးပါကွယ်
တူးရွှင်းလုပ်မှာ ရွှံတူးစရာ
ရေအိုးလုပ်ဖို့ပါ
ရေကိုခတ်လို နှုတ်သီးဆေး
စာကလေးကို စားမယ်လေး
ကျီးကန်းက လယ်သမား၏ ဇနီးသည်ထံတွင် မီးတောင်း၏။
လယ်သမားကြီး၏ ဇနီးသည်က “သင်မီးလိုချင်လို့လား၊ ကောင်းပါပြီ။ ဒါပေမယ့် မီးကို ဘယ်လို ယူသွားမလဲ” ဟု မေး၏။
“မီးကို ကျွန်ုပ်ကျောပေါ်မှာ တင်ပေးပါ” ဟု ကျီးကန်းက ပြောလေ၏။
လယ်သမား၏ ဇနီးသည် မီးကို ကျီးကန်း၏ ကျောပေါ်သို့ တင်ပေးလိုက်ရာ ကျီးကန်း၏ အမွေးအတောင်များကို ချက်ချင်းပင် မီးစွဲလောင်လေတော့သည်။ ဤသို့ဖြင့် မတော်လောဘ ရှိသော ကျီးယုတ်မာသည် မီးလောင်ပြာကျ၍ 6သပွဲဝင်သွားရလေသည်။
ရိုးသားသော စာကလေးမှာကား သက်တမ်းစေ့အောင် စိတ်ချမ်းသာစွာဖြင့် နေသွားရလေသတည်း။