Clear Mind တရားစာပေ

02/10/2025

ဖြေးဖြေးဝေဘန်ကြပါ
မန္တလေးသိန်းဇော်တောင် key အ၀င်‌လွဲကုန်ပီ...

01/10/2025

ဘယ်သူတွေ content monetization run နေကြတာလည်း
ဒေါ်လာဈေးတွေ ကျချက်ပဲ

20/09/2025

ခုတလော မတရား မျက်စိနောက်စရာ တွေ့တွေ့နေတာ
ဖော်လိုဝါ ဘလောက်ရှိပါတယ်
အိုင်ဖုန်း ဘယ်မော်ဒယ်ဆို တယောက်ကို ဘလောက်ပဲကျပါတယ်။
Kpay ဘလာ ဘလာ...

မရဘူး...
ပိုက်ဆံက ဒီလို အလကား လိုချင်လို့မရဘူး...

အပေးဆိုတာရှိမှ အယူဆိုတာရှိတာ...
အိုင်ဖုန်းရရင် အ၀တ်မပါဘဲ ၅မိနစ်ကပြပါမယ်။
အိုင်ဖုန်းရရင် အမြင့်ပေ ၅၀၀ကနေ ခုန်ချပြပါမယ်။

အဲ့လို ချဲလင့် လုပ်ကြည့်။ ကျိန်းသေ ‌ပြည့်စေရမယ်...

တကထဲ... နို့မို့ဆို မီးပွိုင့်က ကလေးတွေနဲ့ တူတူလာပြီ

မြန်မာက နံပါတ် 1 ပဲပိုက်ဆံကုန်မယ့်နေရာဆိုရင်...
19/09/2025

မြန်မာက နံပါတ် 1 ပဲ

ပိုက်ဆံကုန်မယ့်နေရာဆိုရင်...

ထိုင်းမှာ ဒီနေ့ စတင်ရောင်းချတဲ့ အိုင်ဖုန်း ၁၇ ကို ဘန်ကောက် Apple Central World ဆိုင်မှာ မြန်မာနိုင်ငံသားတစ်ဦးက ပထမဆုံး တန်းစီနံပါတ် ၀၀၁ နဲ့ ဝင်ရောက်ဝယ်ယူခွင့်ရခဲ့ပါတယ်။

“မနှစ်က မြန်မာက မိန်းကလေးက နံပါတ်၁ ဖြစ်တယ်။ ဒီနှစ်က မြန်မာကပဲ ယောကျာ်းလေးတစ်ယောက် နံပါတ် ၁ ရတာ” လို့ အိုင်ဖုန်း ၁၇ သွားရောက်ဝယ်ယူခဲ့တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းအပြည့်အစုံနဲ့ အတူ စက်တင်ဘာ ၁၉ ရက် သတင်းများကို ဘီဘီစီရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ဒီလင့်ခ် https://www.bbc.com/burmese/live/cy0vq85zx8dt ကိုနှိပ်ရုံနဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း #အိုင်ဖုန်း #မြန်မာ #ထိုင်း

ကြွက်နှင့် ခြင်္သေ့ မကြွက်ငယ်၏ ကယ်တင်မှုကြောင့် အသက်ဘေးမှ ချမ်းသာရာ ရခဲ့သည့် အဆိုပါခြင်္သေ့သည် ကြွက်ငယ်ကို ကျေးဇူးဆပ်သော...
30/08/2025

ကြွက်နှင့် ခြင်္သေ့ မ

ကြွက်ငယ်၏ ကယ်တင်မှုကြောင့် အသက်ဘေးမှ ချမ်းသာရာ ရခဲ့သည့် အဆိုပါခြင်္သေ့သည် ကြွက်ငယ်ကို ကျေးဇူးဆပ်သော အားဖြင့် တစ်စုံ တစ်ရာ ပေးကမ်းမည်ဟု ကြံ၏။ ထို့ကြောင့် သူသည် ကြွက်ငယ်ကို “အဆွေကြွက်ငယ်၊ ကျွန်ုပ်အား သင်အလိုရှိရာ ဆုကိုပြောပါ။ ကျွန်ုပ်ရှာကြံ၍ ပေးပါမည်” ဟု ဆို၏။ ကြွက်ငယ်လည်း အတန်ကြာစဉ်းစားပြီးနောက် “အရှင် ခြင်္သေ့မင်း၊ ကျွန်ုပ်အတွက် အလိုရှိရာ ဆုကိုပေးမည်ဆိုပါက ကျွန်ုပ်အား သင့်သမီးပျိုကိုသာ ပေးပါလော့။ ကျွန်ုပ်သည် သင့်သမီး ပျိုကို လက်ထပ်ကာ ဇနီးအဖြစ်ပေါင်းသင်းနေထိုင် လိုပါသည်” ဟူ၍ တောင်းဆိုလေ၏။

ထိုအခါ ခြင်္သေ့က “အဆွေကြွက်ငယ်၊ ကျွန်ုပ်၏ သမီးပျိုသည် ခြင်္သေ့မဖြစ်နေသဖြင့် သင်နှင့် ပေါင်းသင်းနေထိုင်၍ ဖြစ်မည်မဟုတ်။ သင်သည် အလွန်တရာ သေးငယ်သော သတ္တဝါဖြစ်သည်။ ကျွန်ုပ်၏ သမီးပျိုကား အလွန်တရာကြီးမားသော သတ္တဝါဖြစ်သည်” ဟု ညင်သာစွာ ကန့်ကွက်ပြောဆို၏။

ကြွက်ငယ်ကလည်း “အရှင်၊ ကျွန်ုပ်မှာ အလွန်တရာ သေးငယ်သော သတ္တဝါဖြစ်သဖြင့် အခြားသတ္တဝါတို့သည် ကျွန်ုပ်ကို များစွာပင် အထင်အမြင် သေးကြပါသည်။ သို့သော် အကယ်၍ ကျွန်ုပ်သည် ကြီးမားမြင့်မြတ်လှသော အရှင့်သမီးပျို၏ ခင်ပွန်းဖြစ်ပါက သူတို့သည် မုချပင် ကျွန်ုပ်ကို ရိုသေလာကြမည် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ် သည် အရှင့်သမီးပျိုကိုသာ အလိုရှိပါသည်” ဟူ၍ ဆို၏။

ဤတွင် ခြင်္သေ့က “ကောင်းပါပြီ အဆွေ၊ ဤသို့ဖြစ်ပါက ကျွန်ုပ်၏ သမီးပျိုကို သင့်အားပေးပါအံ့” ဟု ဆို၏။ ထို့နောက် သူသည် သမီး ဖြစ်သူထံသွား၍ အကျိုးအကြောင်း ပြောပြသည်။ ခြင်္သေ့ပျိုမလည်း ထိုစကားကိုကြားသော် ရယ်ဖွယ်အကောင်းဆုံးသော ပြက်လုံးတစ်ခု ကို ကြားနာရသကဲ့သို့ မှတ်ထင်မိလေ၏။

သို့ဖြင့် သူသည် ခင်ပွန်းလောင်းနှင့် တွေ့ဆုံရန် ဖခင်နှင့်အတူ လိုက်လာ၏။ ကြွက်ငယ်လည်း သူ့ကို သတို့သမီးမမြင်မီ သူက သတို့ သမီးကို ဦးစွာမြင်နိုင်ရန် မြက်ပင်များအကြား၌ ပုန်းအောင်းလျက် စောင့်ကြည့်နေ၏။

ခြင်္သေ့ပျိုမသည် ကြွက်ငယ်ကို မတွေ့ရသဖြင့် “ကျွန်မ၏ ခင်ပွန်း လောင်းဘယ်မှာနည်း။ ကျွန်မ၏ ခင်ပွန်းလောင်း အဘယ်မှာနည်း” ဟု မေးမြန်းကာ ရယ်မောသည်။ ထို့နောက်သူသည် ရယ်မောရင်း လှည့်ပတ်ကခုန်ရာ သူ၏ ကြီးမားလှသော ခြေတစ်ဖက်ဖြင့် ပုန်းအောင်းနေသော ကြွက်ငယ်ကို နင်းမိသွား၏။ ကြွက်ငယ်လည်း ပိပြားကာ သေဆုံးသွားရှာလေသတည်း။

မင်းယုဝေ

မည်သူပို၍ ပျက်သနည်း================= ဇော်ဂျီသီတာသည် ကြမ္မာဒိုက်မင်းကြီးအား ဤသို့ လျှောက်ထား၏“အရှင်မင်းကြီး၊ ကျွန်တော်မျိ...
29/08/2025

မည်သူပို၍ ပျက်သနည်း
=================
ဇော်ဂျီသီတာသည် ကြမ္မာဒိုက်မင်းကြီးအား ဤသို့ လျှောက်ထား၏

“အရှင်မင်းကြီး၊ ကျွန်တော်မျိုး ပုံပြင်တစ်ပုဒ် လျှောက် ထားပါရစေဘုရား။ ရှေးသရောအခါက ပါဋလိပုတ်ပြည်မှာ သူဌေးသားတစ်ယောက် ရှိပါတယ် ဘုရား။ သူဟာ ကျေး တစ် ကောင်နဲ့ ဇရက်(ဆက်ရက်)မတစ်ကောင်ကို မွေးထားပါတယ် ဘုရား”

တစ်နေ့သောအခါတွင် ဆက်ရက်မသည် ကျေးသားနှင့် မြူးထူးလိုကြောင်း စကားစသည်။ ထိုအခါ ကျေးသားက မိန်းမ တွေ မကောင်းကြောင်းပြောကာ အပြစ်တင်သည်။

“အမောင်ကျေးသား၊ ယောက်ျားတွေသာ မကောင်းတာပါ၊ မိန်းမတွေဟာ ကောင်းပါတယ်၊ အမောင် မယုံရင် နားထောင်”

“ရှေးရှေးတုန်းက မဓုရာပြည်ကြီးမှာ ကုန်သည်တစ်ယောက် ရှိလေရဲ့။ သူ့သားက· ကစားသမား။ အဲဒီကစားသမားဟ ကြွေအန်လောင်းကစားရင်း ရှုံးဖန်များတော့ ကြွေးတွေပတ်လည်ဝိုင်းလာပါလေရော။ သူဟာ ကြွေးတွေမဆပ်နိုင်ရင် အသတ်ခံ ရကောင်း ခံရမယ်။ တရားစွဲခံရပြီး အရှက်ကွဲကောင်း ကွဲမယ်။ အဲဒါကြောင့် တစ်ရပ်တစ်ကျေးကို ထွက်ပြေးတာပေါ့”

ကား သို့သော် လူမိုက်ကား ကံကောင်း၏။ အကြောင်းသော် ကစားသမားလုလင်အား ကုန်သည်တစ်ဦးက သမီးနှင့် ပေးစားပြီး ကုန်သည်အလုပ်ကို အလုပ်ခိုင်းသောကြောင့် ဖြစ်ပေ ၏။ ထို့နောက် ဆက်လက်ဖြစ်ပွားပုံကို ဆက်ရက်မက ပြောသည် မှာ ဤသို့-

“ကစားသမား လူမိုက်ဟာ . ကျေးဇူးမသိတတ်ဘူးလေ။ တစ်နေ့မှာ မယားနဲ့ ပွဲလမ်းသဘင်ကို အတူ သွားရာက အပြန်မှာ မယားကို ခြိမ်းခြောက်ပြီး လက်ဝတ်လက်စားတွေကို ချွတ်ယူ ထွက်ပြေးပါလေရော။”

“မယားဟာ မအေ့အိမ်ကို ပြန်လာတယ်။ ဓားပြတိုက် ခံရတယ်လို့ပဲ ပြောပြီး သူ့လင် ယုတ်မာပုံကို ထိန်ချန်ထားတာ ကလား။ သူယုတ်မာလည်း ရသွားတဲ့ဥစ္စာတွေကို ကြွေအန် ကစားလိုက်တာ ကုန်ပြန်ပါရော။ ကုန်ပြီးတဲ့နောက် စားစရာ တောင်မရှိတဲ့အခြေအနေကို ရောက်တဲ့တစ်နေ့မှာ ယောက္ခမအိမ် ကို တိတ်တိတ်ကလေးပြန်လာတယ်။”

သူယုတ်မာက သူ့မယားသည် မိဘအိမ်သို့ ပြန်ရောက် နိုင်မည် မထင်။ ထို့ကြောင့် လှည့်ဖြားအသနားခံကာ စားဝတ် နေရေး ဖြေရှင်းရန် စိတ်ကူးထားသည်။ သို့ရာတွင် အိမ်လှေကား အကွယ်မှ သူ့မယား ရုတ်တရက်ထွက်လာသည်။ လင်ကို ခြေဆေးပေးရင်း တီးတိုးပြောသည်။

“လမ်းမှာ ဓားပြတိုက်ခံရတယ်လို့ ကျွန်မ ပြောထားတယ်၊ ဘာမှ ဣန္ဒြေပျက်စရာမလိုဘူး”

ထိုစကားမှာ အမှန်ပင် ဖြစ်သည်။ ယောက္ခမကုန်သည် ကြီးက မသေမပျောက် ပြန်ရောက်လာပေသည်ဟု သမက်အား ဝမ်းသာအားရ ကြိုဆိုသည်။ ရက်အတန်ကြာ အပန်းဖြေနားနေ ခိုင်းပြီးနောက် ကုန်သည်လှည်းတစ်ဖွဲ့ကို ဦးစီးခိုင်းကာ သမီးနှင့် သမက်အား လွှတ်လိုက်လေ၏။ သူယုတ်မာက ယုတ်မာမှုကို မဖျောက်နိုင်။ သုံးလေးခေါက် ကုန်ကူးအပြီးတွင် ယောက္ခမ၏ ဥစ္စာများကို ခိုးယူထွက်ပြေးသွားလေ၏။

ဆက်ရက်မသည် ပုံပြင်အဆုံးတွင်

“အဲဒါကြောင့် မကောင်းတာဟာ မိန်းမတွေ မဟုတ်ဘူး ရှင့်၊ ရှင်တို့ ယောက်ျားတွေ”

ဟု ချေပလေ၏။

“ဟား ဟား ဟား၊ ဒီလိုတမ်းလား၊ ဒီလိုတမ်းဆိုရင် ငါကလည်း ပြောရတာပေါ့ကွာ”

သည်။ ကျေးသားပြောသော ပုံပြင်မှာ အောက်ပါအတိုင်း ဖြစ်ပေ

တစ်ရံရောအခါက ရွာတစ်ရွာတွင် ကွမ်းသီးခြံပိုင်ရှင်တစ် ယောက် ရှိ၏။ ထိုသူ၏မယားကား သစ္စာမဲ့သည်။ တစ်ခုသော ညဉ့်ဦးယံတွင် အိမ်ပေါ်မှ ဆင်း၍ သယောက်အမြှောင်နှင့် တွေ့ သည်။ ထိုစဉ်တွင် လင်ကြီး ပြန်လာသည်။

သယောက်အမြှောင်နှင့် မိန်းမယုတ်မှာ ကြောက်ရွံ့စွာဖြင့် ပန်းချုံထဲတွင် ပုန်းနေကြ၏။ ထိုအချိန်တွင် သူ ခိုးကလည်း ထို အိမ်ကို လူမရှိဟူသော အထင်ဖြင့် ချဉ်းကပ်လာသည်။ သို့စဉ် တွင် ပန်းချုံထဲမှ လူရိပ်ကို မြင်သည်။ လက်ဦးမှု ရစေရန် လှံဖြင့်ထိုးပြီး ပြေးလေ၏။

သူခိုး၏လှံသည် သူယုတ်မာ၏ချက်ကောင်းကို ထိသည်။ “အောင်မလေး” အော်သည်။ ထိုအသံကို လင်ကြီးကြားလျှင် ဒုက္ခရောက်မည်။ ထို့အတွက် မိန်းမသည် ည် သူယုတ်၏ပါးစပ်ကို နှာခေါင်းဖြင့် အပ်ထားလိုက်သည်။ သူယုတ်လည်း ထိုခဏတွင် ပင် အသက်ပျောက်သွားရာ ပါးစပ်စေ့သွားသဖြင့် မိန်းမယုတ်၏ နှာခေါင်းမှာ ကိုက်ဖြတ်ခံရပြီးသား ဖြစ်သွားတော့သည်။

သို့ရာတွင် ကွမ်းသီးခြံပိုင်ရှင်၏ မယားသည် ညဉ့်တွင်းချင်း ရွှေနန်းတော်သို့ ပြေးသည်။ သူ့လင်က သူ ့နှာခေါင်းကို ဓားဖြင့် လှီးသည့်အတွက် အရေးယူပေးပါရန် လျှောက်ထားသည်။

ဘုရင်လည်း မစစ်ဆေး မမေးမြန်းဘဲ၊ ကွမ်းသီးခြံပိုင်ရှင် အား ထောင်သွင်းအကျဉ်းချရန် ပြင်ဆင်သည်။ ဤတွင် ဤ သတင်းကို ကြားရသောသူခိုးက မခံမရပ်နိုင်ဖြစ်ကာ ရှေ့တော်သို့ ဝင်သည်။ ပန်းချုံတွင်းရှိ လူသေအလောင်း၏ခံတွင်းကို ဖွင့်ကြည့် ပါက နှာခေါင်းပြတ်ကို တွေ့နိုင်ကြောင်း လျှောက်ထားတော့မှ အမှုမှန်ပေါ်တော့သည်။

ကျေးသား၏ ချေပချက်စကားဆုံးသည်တွင် ဇော်ဂျီက အမေးပုစ္ဆာ တင်ပြလာ၏။

“အရှင်မင်းကြီးဟာ ပညာအမြင်နဲ့ ဆင်ခြင်ပြီး တရား ဆုံးဖြတ်ရာမှာ သတင်းကြီးလှပါတယ်၊ ဒါကြောင့် လှံနဲ့ ထိုးတဲ့ သူ ခိုးရယ်၊ ကွမ်းသီးခြံပိုင်ရှင်ရဲ့ မိန်းမရယ်။ သည်နှစ်ဦးမှာ ဘယ့်သူဟာ ပျက်ပါသလဲဘုရား”

ကြမ္မာဒိုက် မင်းကြီးမှာ ပြဿနာတွေ့လျှင် မဆုံးဖြတ်ဘဲ မနေနိုင်ရကား-

“သူ ခိုးဟာ ခိုးတတ်တာပဲ ရှိတယ်။ ကွမ်းသီးခြံပိုင်ရှင်ရဲ့ မယားကသာ သယောက်လင်မြှောင်ထားရုံမက လင်ကြီးကိုပါ လုပ်ကြံစွပ်စွဲတဲ့အတွက် ပျက်တယ်”,

ဟူ၍ အမိန့်ရှိလိုက်လေ၏။

မင်္ဂလာဈင်အောင်

ကိုယ့်အရည်အချင်းနှင့်ကိုယ်တစ်ချိန်တစ်ခါက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ် သည်။ရုစဘဲ့၏ မိတ်ဆွေတစ်ဦးက ရုစဘဲ့၏ ဂုဏ်ထူးဝိ...
28/08/2025

ကိုယ့်အရည်အချင်းနှင့်ကိုယ်

တစ်ချိန်တစ်ခါက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်တစ်ခု ဖြစ် သည်။ရုစဘဲ့၏ မိတ်ဆွေတစ်ဦးက ရုစဘဲ့၏ ဂုဏ်ထူးဝိသေသများနှင့် ပတ်သက်ပြီး ရုစဘဲ့အား ချီးကျူးစကားပြောရင်း ရုစဘဲ့ကို မေးလိုက် သည်။

“ဘဝမှာ အောင်မြင်မှုရရှိရေးအတွက် ထူးထူးခြားခြား အရည် အချင်းရှိဖို့ လိုအပ်ပါသလား"

မိတ်ဆွေ၏ အမေးစကားကြားရသောအခါ ရုစဘဲ့က ဆင်ခြင်စဉ်းစားပြီးလျှင် အဖြေပြန်ပေးသည်။

“ကျုပ် စဉ်းစားမိတာ ပြောရရင် ဘဝမှာ အောင်မြင်မှုရရှိဖို့ အတွက် ဒါမှမဟုတ် ကြီးကျယ်တဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် နည်းလမ်းနှစ်လမ်း ရှိတယ်။နည်းလမ်းတစ်လမ်းက ထူးခြားတဲ့ အရည် အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေလုပ်နိုင်တဲ့ နည်းလမ်းဖြစ်တယ်။ဒါပေမဲ့ ထူးခြား တဲ့ အရည်အချင်းရှိတဲ့ လူများရဲ့ အရေအတွက်ဟာ အင်မတန်မှ နည်းတဲ့ အတွက် အဲဒီလို အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်များရရှိတဲ့ အောင်မြင်မှုမျိုးကို တော့ အရေအတွက်နည်းပါးတဲ့ ပုဂ္ဂိုလ်တွေလောက်ပဲ ရရှိနိုင်ပေလိမ့် မယ်။သာမန်ပုဂ္ဂိုလ်များအဖို့ကတော့ အဲဒီအောင်မြင်မှုမျိုး ရရှိဖို့ လွယ်မှာ မဟုတ်ဘူး။တခြားနည်းလမ်း တစ်လမ်းက လူတိုင်းလူတိုင်း လုပ်လို့ ရတဲ့ အလုပ်မျိုးကို လုပ်ခြင်းဖြစ်တယ်။ဒါပေမဲ့ လူတိုင်းလုပ်နိုင်တဲ့ အလုပ် မျိုးကိုလည်း လူတွေက မလုပ်ကြဘူး။ကျုပ်ကို ကြည့်ပါ။ကျုပ်လည်း ထူးခြားတဲ့ အရည်အချင်းမျိုး ရှိတာမဟုတ်ဘူး။ဘဝမှာ အောင်မြင်မှုရရှိဖို့အတွက် လူတိုင်းလူတိုင်းမှာရှိတဲ့ မွေးရာပါ အရည်အချင်းလောက် သာ ရှိတယ်။အဲဒီအရည်အချင်းနှင့် ကြိုစားလုပ်ကိုင်တဲ့အတွက် ယခုလို အောင်မြင်မှုမျိုး ရရှိလာတာ ဖြစ်တယ်။အရေးကြီးတာက ကိုယ့်အရည် အချင်းကို နားလည်သဘောပေါက်ပြီး အသုံးချတတ်ဖို့ပဲ လိုတယ်"

ရုစဘဲ့၏ မိတ်ဆွေက ရုစဘဲ့၏အဖြေစကားကို ကျေနပ် အားရသွားသည်။

ပါရဂူ

မန်လည်ဆရာတော်ကြီး၏ ခရီးသွားဂါထာမြန်မာပြည်သူ၊ ပြည်သားများသည် စီးပွား ရေး၊ ကြီးပွားရေး၊ စားဝတ်နေရေးနှင့် အခြား အထွေထွေကိစ္...
28/08/2025

မန်လည်ဆရာတော်ကြီး၏ ခရီးသွားဂါထာ

မြန်မာပြည်သူ၊ ပြည်သားများသည် စီးပွား ရေး၊ ကြီးပွားရေး၊ စားဝတ်နေရေးနှင့် အခြား အထွေထွေကိစ္စရပ်များကို အကြောင်းပြု၍ မိမိတို့၏ နိုင်ငံတွင်းမှာသာမက ပြည်ပနိုင်ငံများအထိခရီးသွားနေကြပါသည်။

ကျွန်တော်ကိုယ်တိုင် စိုက်ပျိုးရေးဝန်ထမ်းဘဝ က မြေအသုံးချရေးလုပ်ငန်းများဖြင့် မြန်မာပြည်အနှံ့အပြား မြေပြန့်မှ နယ်စပ်ဒေသအစွန်အဖျား များအထိ မကြာခဏ ခရီးသွားခဲ့ရပါသည်။

ထိုသို့ခရီးသွားရာတွင် အန္တရာယ်ကင်းဝေး စေရန်နှင့် လုပ်ငန်းကိစ္စများ အောင်မြင်စေရန် မန်လည်ဆရာတော်ဘုရားကြီး အမြဲရွတ်ဆိုတော် မူသော ခရီးသွားဂါထာကို ရွတ်ဆိုပူဇော်ပြီး သွား လာခဲ့ပါသည်။

မန်လည်ဆရာတော်ကြီး ရွတ်ဆိုသော ခရီး သွားဂါထာမှာ မြတ်စွာဘုရားရှင် အာဠဝက နတ်ဘီလူးကို အောင်မြင်တော်မူပြီးနောက် အာ ဠဝကနတ်ဘီလူးက “ဘုရားတပည့်တော်သည် တစ်နေရာမှတစ်နေရာသို့ သွားလေတိုင်း မြတ်စွာ ဘုရားကို ရှိခိုးပူဇော်၍ သွားပါမည်ဘုရား” ဟု လျှောက်ထားသောဂါထာ ဖြစ်သည်။

ခရီးသွားဂါထာ

သော အဟံ ဝိစရိဿာမိ၊ ဂါမာ ဂါမံ ပုရာ ပုရံ။ နမဿ မာနော သမ္ဗုဒ္ဓံ၊ ဓမ္မဿ စ သုဓမ္မ တံ။ သံဃဿ သုပ္ပဋိပန္နတံ။

မြန်မာပြန်အနက်

သော အဟံ၊ ထိုငါသည်။ ဗုဒ္ဓဿ၊ ဘုရားရှင်၏။ သမ္ဗုဒ္ဓံ သမ္ဗုဒ္ဓ ဘာဝဉ္စ၊ သစ္စာလေးအင် အမှန်မြင် သော ဘုရားရှင်ဖြစ်ကြောင်းကိုလည်းကောင်း။ ဓမ္မဿ၊ တရားတော်မြတ်၏။ သုဓမ္မတံစ၊ တောင်းစွာဟော အပ်သော တရားတော်ဖြစ်ကြောင်းကိုလည်းကောင်း။ သံဃဿ၊ သံဃာတော်အရှင်မြတ်အပေါင်းတို့၏။ သုပ္ပဋိပန္န၊ သုပ္ပဋိပန္နတဉ္စ၊ နိဗ္ဗာန်ရောက်ကြောင်း ကောင်းစွာကျင့်ကြံတော်မူ သည့် အဖြစ်ကိုလည်း ကောင်း၊ အဘိတ္ထဝိတွာ၊ ဂုဏ်တော်အသီးသီးတို့တို ချီးကျူးထုတ်ဖော်၍။ နမဿမာနော၊ ဦးနှိမ်ညွတ်ကျိုး လက်စုံမိုးကာ ရှိခိုးပူဇော်လျက်။ ဝါမာ၊ တစ်ရွာမှာ ဂါမံ၊ တစ်ရွာသို့။ ဝိစရိဿာမိ၊ လှည့်လည်ထုတ်စား သွားလာပါတော့အံ့။ ပုရာ၊ တစ်ပြည်မှ။ ပု ံ၊ တစ် ပြည်သို့၊ ဝိစရိဿာမိ၊ လှည့်လည်ကျက်စား သွားလာ ပါတော့အံ့သတည်း။

(သံဃဿ သုပ္ပဋိပန္နတံ အပိုဒ်မှာ မန်လည်ဆရာတော် ကြီးရွတ်ဆိုသော မူလဂါထာတွင်မပါပါ။ သရဏဂုံသုံးပါး စုံ သွားစေရန် ဓမ္မာစရိယ ဦးဌေးလှိုင်က ထပ်မံ၍ ဖြည့်စွက်ထား သည်ဟု သိရပါသည်။)

မောင်ဝနေ(လှည်းကူး)

ကိုယ်လုပ်တာ ကိုယ်ခံရွာတစ်ရွာ၌ ဗြဟ္မဏတစ်ဦး ရှိသည်။ထိုဗြဟ္မဏသည် လယ်ပိုင် ယာပိုင်ရှိသောဗြဟ္မဏ ဖြစ်သည်။သို့ရာတွင် သူ၏လယ်ယာ မ...
27/08/2025

ကိုယ်လုပ်တာ ကိုယ်ခံ

ရွာတစ်ရွာ၌ ဗြဟ္မဏတစ်ဦး ရှိသည်။ထိုဗြဟ္မဏသည် လယ်ပိုင် ယာပိုင်ရှိသောဗြဟ္မဏ ဖြစ်သည်။သို့ရာတွင် သူ၏လယ်ယာ မြေပေါ်၌ သီးနှံစိုက်ပျိုး၍ မရပေ။သီးနှံစိုက်ပျိုးသော်လည်း အခြားမြေယာ များကဲ့သို့ သီးနှံ ဖြစ်ထွန်းမလာပေ။ထို့ကြောင့် ဗြဟ္မဏသည် အကြီး အကျယ် စိတ်ညစ်နေသည်။

နွေဥတုကာလ တစ်နေ့သောအခါ၌ ဗြဟ္မဏသည် သူ၏ လယ်ယာမြေပေါ်တွင်ရှိသော သစ်ပင်တစ်ပင်အောက်၌ စိတ်ပျက် လက်ပျက်နှင့် ထိုင်နေရာ သူ့ရှေ့ရှိ တွင်းတစ်တွင်းထဲက မြွေတစ်ကောင် ထွက်လာပြီး ပါးပျဉ်းထောင်နေသည်ကို တွေ့ရသည်။

ထိုအခါ ဗြဟ္မဏသည်-

“ဟုတ်သော်ရှိ မဟုတ်သော်ရှိ သည်မြွေကြောင့် ငါ့လယ်ယာ မဖြစ်ထွန်းတာ ဖြစ်လိမ့်မည်။သူ့ကို ကောင်းကောင်းကျွေးမွေး ပြုစုမှ ဖြစ်မည်"ဟူ၍ တွေးမိသည်။

ယင်းသို့သောအတွေး ပေါ်လာသည်ဖြစ်၍ ဗြဟ္မဏသည် အိမ်ပြန်လျက် ခွက်တစ်ခွက်ဖြင့် နွားနို့ထည့်ယူလာပြီး တွင်းဝ၌ ချထား လိုက်သည်။

နောက်တစ်နေ့ ထိုနေရာလာသောအခါ ဗြဟ္မဏသည် ခွက်ထဲတွင် နွားနို့ကို မတွေ့ရတော့ဘဲ နွားနို့အစား ရွှေဒင်္ဂါးတစ်ပြား ရောက်နေသည်ကို တွေ့ရသည်။ဗြဟ္မဏသည် အကြီးအကျယ် ဝမ်းသာအားရဖြစ်သွားသည်။

ထိုနေ့မှစ၍ ဗြဟ္မဏသည် နေ့စဉ်နေ့တိုင်း နွားနို့တစ်ခွက် တစ်ခွက် ယူလာပြီး တွင်းဝ၌ ချထားသည်။နောက်နေ့များတွင်လည်း ခွက်ထဲ၌ ရွှေဒင်္ဂါးတစ်ပြား တစ်ပြား တွေ့ရသည်။

တစ်နေ့တွင် ကိစ္စတစ်ခုနှင့် တခြားသွားဖို့ ကြုံလာသည်။ “မြွေအတွက် နွားနို့ ဘယ်လိုပေးရမလဲ”ဟူသောပြဿနာ ပေါ်လာ သည်။မြွေအတွက် နွားနို့ပေးမည့် နေ့စဉ်အလုပ်ကို မဖျက်လိုပေ။ ထို့ကြောင့် သူ့သားကို အကျိုးအကြောင်းပြောပြပြီး မြွေတွင်းဝ၌ နွားနို့ခွက်ချထားရန် မှာထားခဲ့သည်။

သူ့အဖေ မှာထားခဲ့သည့်အတိုင်း သားဖြစ်သူကလည်း လုပ်သည်။အဖေလုပ်သလို သားလုပ်သောအခါ၌လည်း နွားနို့ခွက်ထဲ တွင် ရွှေဒင်္ဂါးတစ်ပြား ရောက်နေသည်ကို တွေ့ရသည်။ထိုအခါ သားဖြစ်သူက “ဤတွင်းထဲတွင် ရွှေဒင်္ဂါးအများအပြားရှိရမည်။ ထို့ကြောင့်သာ ရွှေဒင်္ဂါး တစ်ပြား တစ်ပြား မြွေယူလာခြင်း ဖြစ်မည်။ မြွေကိုသတ်ပြီး တွင်းထဲက ရွှေအားလုံးကိုယူမည်”ဟူ၍ အကြံရသည်။

ယင်းသို့ စိတ်ကူးပြီး သူငယ်သည် နောက်တစ်နေ့၌ နွားနို့ခွက် ယူလာပြီး တွင်းဝ၌ချထားလျက် အနီးအနားက စောင့်ကြည့်နေသည်။ တွင်းထဲက မြွေ ထွက်လာသောအခါ မြွေကို တုတ်နှင့် ရိုက်လိုက်သည်။ သို့သော်လည်း မြွေကို မရိုက်မိပေ။လွဲသွားသည်။မြွေက ခုန်ပြီး သူငယ်ကို ကိုက်လိုက်ရာ သူငယ်သည် ပွဲချင်းပြီး သေဆုံးသွားသည်။

အိမ်ပြန်လာသောအခါ ဗြဟ္မဏသည် အကျိုးအကြောင်း သိရသည်ဖြစ် ၍ ကြီးစွာ စိတ်မကောင်းခြင်း ဖြစ်ရသည်။သို့သော်လည်း ဗြဟ္မဏက “ကိုယ်လုပ်တဲ့အတိုင်း အကျိုးရတာပဲ”ဟု ပြောလေသည်။

ပါရဂူ

ကြမ္မာငင်လာသောအခါလင်းတဟူသော ငှက်မျိုးသည် အလွန်တရာ အမြင်စွမ်းအားကောင်းလှ၏။ ထိုကဲ့သို့ အမြင်စွမ်းအား ကောင်းလွန်းလှသော လင်း...
26/08/2025

ကြမ္မာငင်လာသောအခါ

လင်းတဟူသော ငှက်မျိုးသည် အလွန်တရာ အမြင်စွမ်းအားကောင်းလှ၏။ ထိုကဲ့သို့ အမြင်စွမ်းအား ကောင်းလွန်းလှသော လင်းတတို့သည် ဗာရာဏသီ မြို့တော်ကြီးပေါ်၌ ပတ်ချာလှည့်ဝဲပျံကာ အစာရှာဖွေ လေ့ရှိကြ၏။

တစ်နေ့သောအခါတွင်ကား လင်းတတို့သည် ဗာရာဏသီမြို့တော်ထဲ၌ လူတို့လှမ်းထားသော အဝတ် များကို သုတ်ချီ၍ လာခဲ့ကြ၏။ ရနိုင်သမျှ သုတ်ချီ လာခဲ့သော အဝတ်များကို ဗာရာဏသီမြို့ထဲမှာပင် ရှိနေသော သူဌေးတစ်ဦး၏အိမ်ဝင်းထဲသို့ ပစ်ချခဲ့ကြ လေသည်။

ဤသို့ပြုလုပ်သော လင်းတများထဲတွင် ဘုရား အလောင်းတော် လင်းတပျိုလည်း ပါဝင်၏။ သူသည်အမိအဖဖြစ်သော လင်းတအိုများကို ပြုစုလုပ်ကျွေး နေသူဖြစ်၏။ ထိုနေ့တွင်ကား လင်းတပျိုသည် လူတို့ ထောင်ထားသော ကြော့ကွင်းမှာ မိသွားသဖြင့် အမိအဖများထံ အစာချီ၍ မပို့နိုင်တော့ပေ။

လူတို့သည် ဖမ်းမိထားသော လင်းတပျိုကို ပြည့် ရှင်မင်းထံဆက်သရန် နန်းတော်သို့ ယူဆောင်လာခဲ့ ကြ၏။ ဤတွင် လင်းတတို့ထံမှ အဝတ်များရရှိထား သော သူဌေးက မြင်သွားကာ လင်းတကို မသတ်ရန် တောင်းပန်ပြီးလျှင် နန်းတော်သို့ လိုက်ပါလာခဲ့၏။

ပြည့်ရှင်မင်း၏ရှေ့တော်သို့ ရောက်၍ အမေး အစစ်ခံရသောအခါ အလောင်းတော်လင်းတပျိုက –

“အရှင်မင်းမြတ်၊ အကျွန်ုပ်တို့ဟာ မြို့ရွာကို မဖျက်ဆီးကြပါ။ လူတို့ကို အနှောင့်အယှက်မပေးကြပါ။ လူတို့လှမ်းထားတဲ့ အဝတ်တွေကို သုတ်ချီတာက ကျေးဇူးဆပ်ဖို့သာ ဖြစ်ပါတယ်ဘုရား” ဟု လျှောက်တင် သည်။

“အံမယ် လင်းတများက ကျေးဇူးဆပ်ရတယ်ဆို တာ ဆန်းလှပါကလား။ ကဲ ကျေးဇူးဆပ်ပုံကို ဆိုစမ်း ပါဦး။”

“ဒီလိုပါ အရှင်မင်းမြတ်၊ တစ်နေ့မှာ ကျွန်ုပ်တို့ ဗာရာဏသီမြို့တော်ဝန်းကျင်မှာ အစာရှာနေတုန်း မိုးကြီး ရွာချလာပါတယ်။ မိုးရောလေပါ သည်းထန် လွန်းလို့ ကျွန်ုပ်တို့အားလုံး ခိုက်ခိုက်တုန်အောင် ချမ်း နေကြပါတယ်။ အဲဒီလို ဒုက္ခရောက်နေတုန်းမှာ အခု ကျွန်ုပ်တို့နဲ့အတူပါလာတဲ့ သူဌေးက အချမ်းဒဏ်က သက်သာအောင် ကူညီပါတယ်။ သူ့အလုပ်သမားတွေ ကို မီးဖိုကြီးတွေဖိုပေးဖို့ စေခိုင်းပါတယ်။ နောက်ပြီး တော့ သုသာန်မှာ စွန့်ပစ်ထားတဲ့ နွားသေကောင်ရဲ့ အသားတွေကိုယူပြီး အကျွေးခိုင်းပါတယ်။ အဲဒီကျေးဇူး ကို ဆပ်တာပါဘုရား။”

“အေး ကျေးဇူးဆပ်တာကတော့ ကောင်းတဲ့အလုပ် ပါပဲ။ ဒါပေမဲ့ လင်းတဆိုတာ အင်မတန် အမြင်အား ကောင်းပါရဲ့နဲ့ အခု အသင်လင်းတရဲ့ ခြေထောက်နဲ့ စွပ်မိခဲ့တဲ့ ကြော့ကွင်းကြီးတစ်ခုလုံးကိုတောင်မှ မမြင် ရဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။”

ဤသို့ ပြည့်ရှင်မင်းက တအံ့တသြနှင့် မေးလိုက် သောအခါ ဘုရားအလောင်းတော် လင်းတပျိုက ဂါထာတစ်ပုဒ်ကို ရွတ်ဆို၍ လျှောက်တင်၏။ ထိုဂါထာ ၏ သဘောအဓိပ္ပါယ်မှာ –

“အရှင်မင်းမြတ်၊ သတ္တဝါတစ်စုံတစ်ယောက်မှာ ပျက်စီးဖို့ ကြမ္မာငင်လာပြီဆိုရင်၊ သေချိန်ကျရောက် လာပြီဆိုရင် ကိုယ့်ကို ရည်စူးပြီးထောင်ထားတဲ့ ပိုက် ကိုလည်း မမြင်နိုင်တော့ပါ။ ကြော့ကွင်းကိုလည်း မမြင် နိုင်တော့ပါဘုရား” ဟူ၍ ဖြစ်သည်။

ဤသို့ သာယာပြေပြစ်စွာ အကျိုးသင့်၊ အကြောင်း သင့် တင်လျှောက်သောစကားကို နှစ်သက်လှသဖြင့်

ပြည့်ရှင်မင်းက အလောင်းတော်လင်းတပျိုကို လွှတ် စေ၏။ အတူလိုက်ပါလာသော သူဌေးကလည်း ရရှိထားသည့် အဝတ်များကို ပိုင်ရှင်များအား ပြန်၍ပေး လေသည်။

(ငါးရာ့ငါးဆယ်၊ ဒုကနိပါတ်၊ သန္တဝဝဂ်၊ ဂိဇ္ဈာတ်)

ဝဏ္ဏသီရိ

နွားသိုးနို့ရည်တစ်နေ့သောအခါ ဘောဇဘုရင်ကြီး၏ ကြင်ယာတော် မိဖုရားကြီး၏ ဦးခေါင်းတွင် အလွန်နာကျင်ကိုက်ခဲသော ရောဂါတစ်ခု စွဲ ကပ်...
26/08/2025

နွားသိုးနို့ရည်

တစ်နေ့သောအခါ ဘောဇဘုရင်ကြီး၏ ကြင်ယာတော် မိဖုရားကြီး၏ ဦးခေါင်းတွင် အလွန်နာကျင်ကိုက်ခဲသော ရောဂါတစ်ခု စွဲ ကပ်လာသည်။ ယခုအခါ သူသူငါငါ ခေါင်း ကိုက်ကြသကဲ့သို့ ဖြစ်လေသည်။ မိဖုရားကြီး မှာ များစွာအနေရ အထိုင်ရခက်သောကြောင့် ညည်းညူ၍ နေရရှာသည်။ ဘုရင်သည် ကြင်ယာတော် မိဖုရားရောဂါအတွက် စိတ် လက်မသာမယာရှိနေသည်။

ဓာရာတိုင်းကြီးတွင် ဘုရင့်လက်သုံး သမားတော်များ မြောက်မြားစွာပင် ရှိသည်။ အချို့မှာ အလွန်ကျော်စောထင်ရှားပြီး အချို့ မှာ ဆေးဝါးထက်မြက်သော သမားတော်များ ဖြစ်ကြသည်။ ဤသမားတော်များအနက် ဘုရင်အထူးအားထားသော သမားတော် တစ်ဦးလည်း ရှိလေသည်။ ဘုရင်သည် ထို သမားတော်ကို ခေါ်ယူပြီးလျှင် မိမိကြင်ယာတော် မိဖုရားဦးခေါင်း နာကျင်ကိုက်ခဲသော ရောဂါပျောက်ရေးအတွက် ဆေးပေးစေသည်။ မြန်မြန်သက်သာပျောက်ကင်း ကျန်းမာလာရေးအတွက် ဆေးချက် ရှာစေသည်။

အထူးလွှဲအပ်ခြင်း ခံရသော သမားတော်သည် ကာလိဒါသ အပေါ် မလိုမုန်းထား ရန်ငြိုးပွားသော သမားတော်ဖြစ်နေသည်။

ထိုသမားတော်သည် မိမိအား ထိုကဲ့သို့ တာဝန်ကျ အခွင့်ရလာသည် ဆိုလျှင် မိဖုရားအား ပေးရမည့် ဆေးနှင့်ပတ်သက်၍ ကာလိဒါသအား နှိပ်စက်ရန် ကြံတော့သည်။ ရိုးရိုးဆေးဖြင့် ကုသက ပျောက်ကင်း ကျန်းမာလာနိုင်ပါလျက် မကုဘဲ၊ ကာလိဒါသအား ဖိနှိပ်ရန်အတွက် ချက်ကောင်းယူလေသည်။

ဤသို့ဖြင့် ဘုရင့်သမားတော်သည် ဘုရင်မင်းကြီးအား “နွားသိုး နို့ရည်လိုပါသည်။ ဆေးနှင့် နွားသိုးနို့ရည် နှစ်ပါးရောစပ်ပြီး၊ မိဖုရား နဖူးလိမ်းမှ ရောဂါချက်ချင်း ပျောက်ကင်းကျန်းမာပါမည်” ဟု လျှောက်တင်တော့သည်။

ကာလိဒါသသည် ဘုရင်အားအထားဆုံး ပညာရှင်တစ်ဦးဖြစ် သည်။ အသေးအဖွဲကိစ္စကလေးများကို ပြုလုပ်ဆောင်ရွက်လိုရာ၌ လည်းကောင်း၊ နက်နဲခက်ခဲသော အမေးပုစ္ဆာပြဿနာများကို ဖြေရှင်း လိုရာ စသည်တို့၌လည်းကောင်း၊ ကာလိဒါသအားသာ တိုင်ပင် ဖြေရှင်းစေသည်။ ဤမရနိုင်သည့် နွားသိုးနို့ရည်ကိုသာ ကာလိဒါသ အားသာ ရှာခိုင်းတန်ရာသည်။ မရလျှင် ဘုရင်က ကာလိဒါသအား အထင်သေး အမြင်သေး၊ နေရာမပေး မျက်နှာသာမပေး ဖြစ်တန်ရာ သည်ဟု မကောင်းသောအမြင်ဖြင့် ကာလိဒါသအား ရှာခိုင်းရန် သမားတော်က ဘုရင်အားတင်လျှောက်ခြင်းဖြစ်လေသည်။

ဘုရင်လည်း သမားတော်တင်လျှောက်သည့် “နွားသိုးနို့ရည်” မှာ အဘယ်အရပ်မှာ ရပါမည်နည်း၊ ကြင်ယာတော် မိဖုရားရောဂါ ပျောက်ရေးအတွက် ဤနွားသိုးနို့ရည်ရဖို့က ခက်နေသည်။ မိမိသမား တော်ကြီးက တင်လျှောက်၍သာ သိရသည်။ နွားသိုးနို့ရည်ဆိုသည်ကို ကြားပင် မကြားဘူးပေ။

ဤနို့ရည်ကို ကာလိဒါသအား ရှာယူစေမှ ဖြစ်မည်။ ကာလိဒါသဆိုလျှင် ရှာဖွေနိုင်ရာသည်ဟု ကြံဆမြင်သိသည်နှင့် ကာလိဒါသ အား “နွားသိုးနို့ရည်” ကိုရအောင်ရှာရန် ဘုရင်က တာဝန်ပေးတော့ သည်။

“နွားသိုးနို့ရည်” ရှာဖွေဆက်သရန် တာဝန်ကျလာသော ကာလိဒါသသည် ဤသဘောမှာ ဤသမားတော်၏ အကြံဖြစ်သည်။ ရိုးရိုး ဆေးချက်ဖြင့် ပျောက်ကင်းနိုင်ပါလျက် သက်သက် မိမိအား ဘုရင် အမျက်တော် ရှစေလို၍ တင်လျှောက်ခြင်းဖြစ်သည်ဆိုသည်ကို သိသည်။ ထို့ကြောင့် “၂ ရက် ၃ ရက်နေမှ ရနိုင်ပါမည်' ဟု တင်လျှောက်ခဲ့ပြီး နန်းတော်မှ ပြန်ခဲ့သည်။

ထိုစဉ်အခါ အမျိုးသမီးငယ်တော်တော်များများသည် ကာလိဒါသထံ လာရောက်၍ ပညာဗဟုသုတများ သင်ယူလျက်ရှိကြသည်။ ထိုအထဲတွင် ရမဝတီဟူသော အမျိုးသမီးငယ်တစ်ဦးလည်း ပါနေ သည်။ ရမဝတီသည် ပညာဉာဏ်ထက်သည်၊ အရာရာတွင်လည်း ရဲရင့်တည်ကြည်သည်။

နွားသိုးနို့ရည်ရရေးကိစ္စအတွက် အကြောင်းတစ်စုံတစ်ခု တင် လျှောက်ဖြေရှင်းရန် ကြံစည်မိသော ကာလိဒါသသည် ရမဝတီကို ခေါ်၍ ပြောသည်။

“တပည့်မ ရမဝတီ၊ သင်သည် ညသန်းခေါင်အချိန်မှာ ဘုရင့် နန်းတော်တွင်းရှိ ရေကန်သို့သွား၍ အဝတ်ဖွပ်ရမည်။ ဘုရင်က ခေါ်မေးရင် မလျှောက်တင်ပါရစေနှင့်ဟု အစတွင်ပြော၊ ထပ်မေးလျှင် မှ တိုးတိုးကလေး “ကျွန်တော်မျိုးမ၏ဖခင် ကလေးမီးဖွားလို့ ဘယ်သူ မှ မသိမည့် ဤရေကန်မှာ အနှီးလာလျှော်ပါသည်” ဟု ပြောလေ။

“မင်းအဖေ ဘယ်မှာလဲပြပါ။ ငါမတွေ့နိုင်ဘူးလား” ဟု မေးရင် “လိုက်ခဲ့ပါ၊ ကြည့်နိုင်ပါတယ်” ဟု ပြော၍ ခေါ်ခဲ့၊ ငါ (ကာလိဒါသ) မင်းအဖေလုပ်ပြီး စောင့်နေနှင့်မည်” ဟု မှာပြီး လွှတ်လိုက်သည်။

ရမဝတီမှာ သွားရမည့်အကြောင်း မသိဘဲ ဖြစ်နေသည်။ သို့ဖြစ် ၍ ဆရာ (ကာလိဒါသ) အား သွားရမည့်အကြောင်းကို မေးသည်။

ကာလိဒါသက ရမဝတီအား “သွားသာသွားပါ၊ ဘာမှ မဖြစ်စေ ရ၊ ကိစ္စရှိလျှင် ငါဖြေရှင်းမည်” ဟု ပြောလေရာ၊ ရမဝတီလည်း သွားလေသည်။

ရမဝတီအဝတ်ဖွပ်လျှော်ရန် ရောက်သည့် သန်းခေါင်အချိန်တွင် ဘုရင်ဘောဇစက်တော်မခေါ်သေး။ ရမဝတီလည်း အသံမြည်အောင် ရိုက်နှက်ဖွပ်လျှော်နေလေသည်။ အချိန်မဲ့ အဝတ်ဖွပ်လျှော်သံကို ကြား လေရာ ဘုရင်ဘောဇလည်း ခေါ်၍ စစ်မေးသည်။ ထိုအခါ ရမဝတီ သည် ကာလိဒါသမှာသည့်အတိုင်း ဘုရင်အား တည်တည်ငြိမ်ငြိမ်ပင် တင်လျှောက်သည်။

ရမဝတီတင်လျှောက်သံကို ကြားသောအခါ “ဟာ ဟုတ်လား ယောကျ်ားတစ်ယောက်လုံးက ကလေးမွေးရသလား၊ ကလေးမွေးတဲ့ မင်းအဖေကို မကြည့်ရဘူးလား၊ ငါလိုက်ကြည့်ချင်တယ်” ဟု ဘုရင် က ပြောတော့သည်။

ယောက်ျားက ကလေးမွေးသည်ဆိုသည်မှာ ထူး၍နေပေသည်။ တစ်သက်တစ်ခါ ကြုံရခဲသော ကိစ္စဖြစ်နေသည်။ သို့ဖြစ်လေရာ ဘုရင်က အံ့အားသင့်စွာ ကြည့်လိုသည်ဟု ပြောသည်မှာ အပြစ်ဆို စရာ၊ ကဲ့ရဲ့စရာမဟုတ်ပေ။ လူတိုင်းလိုလို ထူးသည်ကို သိလိုကြည့် လိုကြပေသည်။

ရမဝတီလည်း “ကြည့်ချင်ရင် လိုက်တော်မူခဲ့ပါ၊ ဘုရင်တစ်ပါး တော့ ကြည့်နိုင်ပါတယ်” ဟု တင်လျှောက်လေရာ ဘုရင်လည်း လိုက်ပါလာသည်။

ရောက်လေလျှင် အိမ်တွင် ရမဝတီ၏ဖခင် ယောင်ဆောင်နေ သော ကာလိဒါသကို တွေ့ရသည်။ ရိုးရိုးသားသား တွေ့ရသည် မဟုတ်၊ မီးနေသည်မသဏ္ဌာန် သရုပ်ဆောင်နေသည်ကို တွေ့ရသည်။ ထိုအခါ သားမွေးသည် ကာလိဒါသအား “ကလေးမွေးဖွားသော အဖေဆိုတာ သင်လား” ဟု ဘုရင်က မေးလေရာ၊ “နွားသိုးနို့ရည် ရမည်ဆိုလျှင် ယောက်ျားလည်း ကလေးမွေးတာ ဟုတ်ပါမည်” ဟု မီးနေသည် ကာလိဒါသက ပြန်၍ တင်လျှောက်သည်။

“နွားသိုးမှာ နို့ရည်မရနိုင်” ဟူသည်ကို သိစေလို၍ ပရိယာယ် ဖြင့် အပြစ်လွတ်စေရန် ဤသို့မိမိအား ကာလိဒါသ တင်လျှောက် ဖြေဆိုသည်ကို မင်းကြီးသိသွားသည်။

ဘုရင်လည်း ကာလိဒါသအား မည်သို့မျှ အပြစ်တော်မထားဘဲ နန်းတော်သို့ ပြန်ကြွသွားသည်။ ကာလိဒါသအပေါ် မလိုမုန်းထား ရန်ငြိုးပွား၍ နွားသိုးနို့ရည် အရှာခိုင်းသော သမားတော်ကိုမူ တိုင်းပြည် မှ နှင်လိုက်သည်။ မိဖုရားကြီး၏ “ခေါင်းကိုက်” ရောဂါလည်း နဖူးကို ရိုးရိုးဆေး လိမ်းကာမျှဖြင့် ပျောက်သွားလေသည်။

လူထုဦးလှ

Q2ကိုယ့်မှာ အရည်အချင်း ရှိတယ်၊ မရှိဘူး ဆိုတာ ဘယ်အချိန် မှာသိလာသလဲ။ ကိုယ့် အရည်အချင်းကိုကော ဘယ်အချိန်မှာ လူသိရှင်ကြားအသုံ...
25/08/2025

Q2

ကိုယ့်မှာ အရည်အချင်း ရှိတယ်၊ မရှိဘူး ဆိုတာ ဘယ်အချိန် မှာသိလာသလဲ။ ကိုယ့် အရည်အချင်းကိုကော ဘယ်အချိန်မှာ လူသိရှင်ကြားအသုံးပြုခွင့်ရခဲ့သလဲ။ ကိုယ့်အရည်အချင်း အတွက်ကောစိတ်ပျက်နေဖူးသလား။ အရည်အချင်း အစွမ်း အစပြခွင့်ရတာမျိုးကောကြုံဖူးသလား။ ကိုယ့်အရည်အချင်း ပြသခွင့်မရဘူးဆိုရင် ပြသခွင့်ရအောင် ဘာလုပ်သင့်တယ်ထင် လဲ။ ❓

မြတ်ခိုင်
မေးခွန်း ၁၀၀၀

ที่อยู่

Bangkok

เบอร์โทรศัพท์

+959790625252

เว็บไซต์

https://youtube.com/@storyforchildrenbyoooo?si=IW504efoTYBa1VBw

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Clear Mindผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Clear Mind:

แชร์