ဓမ္မချမ်းသာ

ဓမ္မချမ်းသာ Burmese Buddha
(1)

25/10/2025

#လာဘ်နှိုးဂါထာ...🙏🙏🙏

#လူတိုင်းနီးပါး လာဘ်ပွင့် လာဘ်ရွှင်ဂါထာတို့ ငွေဝင်ဂါထာတို့ပဲ ရွတ်ဆိုနေကြပြီး လာဘ်ကိုနှိုးပေးဖို့မေ့နေတက်ကြပါတယ်။

#အဲ့တော့ လာဘ်လာဘ ငွေကြေးတွေက ဝင်သင့်သလောက်မဝင်တော့ဘူးပေါ့။

#အဲ့တာကြောင့် ဒီလာဘ်နှိုးဂါထာလေးကိုဖော်ထုတ်ပေးလိုက်ပါတယ်။

#ရွတ်ဆိုပုံကတော့...

အနက်အိပ်ယာထ မျက်နှာသစ်ပြီးတာနဲ့
ပိုက်ဆံအိပ်ကိုကိုင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အာရုံပြုပြီး

၁။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ကို ၃ခေါက်ရွတ်ဆိုပါ။

၂။ သရဏဂုံ ၃ပါးကို တစ်ခေါက်ရွတ်ဆိုပါ။

၃။ ပြီးရင်တော့အခုပြောတဲ့ လာဘ်နှိုးဂါထာကို ၂၇ ခေါက်ရွတ်ဆိုရပါမယ်။

#လာဘ်နှိုးဂါထာတော်🙏🙏🙏
---------------------------

သိဒ္ဓိတေဇာ သိဒ္ဓိဝရာ
သိဒ္ဓိဇေယျာ သိဒ္ဓိကမ္မာ
သတ္ထု ပူဇာ လာဘဝရာ
သဗ္ဗေပိယာ ဘဝတုမေ။

#ဒါဆို ကိုယ့်အတွက် ကိုယ်ပိုင်ဆိုင်ရမယ့် ကိုယ်ပိုင်ဆိုင်ခွင့်ရှိတဲ့ လာဘ်ကိုနှိုးပြီးပါပြီ။

#လာဘ်ပွင့်ဂါထာတို့ လာဘ်ခေါ်ဂါထာတို့ ငွေရဂါထာတို့ နှစ်သက်ရာကိုထပ်ပြီးရွတ်လို့ရပါတယ်။

#နေ့စဉ်မပျက်အကွက်ဆောင်ရွက်ပါ ၇ ရက်အတွင်း ထူးခြားသိသာလာပါလိမ့်မယ်။
သတိပြုရမှာကတော့ လာဘ်နှိုးပြီးမှ လာဘ်ကိုခေါ်ပါ။

#အားလုံးသောဓမ္မမိတ်ဆွေများဘေးရန်ခပ်သိမ်းကင်းပ​ငြိမ်း၍ကောင်းကျိုးလိုရာဆန္ဒအားလုံးပြည့်စုံကြွယ်ဝကြပါစေ။

#ကပ်ကြီးသုံးပါးကျော်လွှားနိုင်ကြပါစေ🙏



,

#တရားဓမ္မစာစု_video
#သုတရသစာစုလေးများ
:🌺🌾

25/10/2025

မိမိတန်ဖိုးကိုကိုယ်တိုင်ဘဲမြင့်လိုက်ပါ သမီးတို့ရေ ...❤🤍💙

ညီမလေးရေ မိန်းကလေးဆိုတာ ပန်းလေးတစ်ပွင့်လိုပဲရနံ့မွှေးသည်ဖြစ်စေ၊ရနံ့မရှိသည်ဖြစ်စေလှပတင့်တယ်သည့်ပန်းအနားမှာပျားပိတုန်း တို့ပျံဝဲနေတက်တာ သဘာဝပါပဲ•••

များပြားလှတဲ့ ပျားပိတုန်း တွေကြားကရွေးချယ်မမှား မိဖို့တော့လိုလိမ့်မယ်•အချစ်ကိုယုံလို့ ဘဝတစ်ခုလုံးကို ပုံအပ်ဖို့မတွေးလိုက်ပါနဲ့…ကျားဆိုတာ သက်သက်လွတ်မစားဘူးဆိုတာတော့သိမှာပါနော်•••ကိုယ့်ကိုကိုယ် မှတန်ဖိုးမထားရင်ဘယ်သူကမှ တန်ဖိုးထားနေမှာမဟုတ်ဘူး•••

လူတိုင်းပါးစပ်ဖျားမှာချစ်တယ်ဆိုတာ အလွယ်ပြောလို့ရချင်ရလိမ့်မယ်အဲ့ဒီအချစ်တစ်ခုတည်မြဲဖို့ဆိုတာဘယ်လိုမှမလွယ်ကူနိုင်ဘူးမိန်းကလေးဖြစ်တဲ့ ကျမတို့တွေကရွေးချယ်မမှား မိဖို့အရေးကြီးပါတယ်•••အလွယ်ရတဲ့ အရာမှန်သမျှကို ဘယ်သူမှတန်ဖိုးမထားတက်ကြဘူးလေ

နောက်ဆုံး တကယ်မချစ်မနှစ်သက်လို့၊သဘောထားမတိုက်ဆိုင်တော့လို့လမ်းခွဲကြတဲ့အခါကိုယ့်ဘက်က လိပ်ပြာသန့်ဖို့လိုပါတယ်

ကိုယ့်ဘက်က သိက္ခာမဲ့နေရင်ဘယ်သူက တန်ဖိုးထားတော့မလဲ•••သိက္ခာရှိရှိနဲ့ မိန်းမမာနကိုလက်ကိုင်ထားပါဒါဟာ မာနကြီးတာမဟုတ်ဘူးမိန်းကလေးတစ်ယောက် မှာရှိသင့်တဲ့ကိုယ်ကျင့်တရားကိုစောင့်ထိန်းခြင်းပဲ•••

မိန်းကလေးတိုင်း ကိုယ့်ရဲ့အရှက်နဲ့သိက္ခာအတွက်ကိုယ့်ကိုကိုယ် တန်ဖိုးရှိစွာ နေထိုင်တက်ပါစေ

ညီမလေးရေး

မိန်းကလေးဆိုတာ အချိန်တိုင်းမှာ အမြဲတမ်း မသန်မာနိုင်ဘူး…တစ်ခါတစ်လေကျရင် အခန်းထောင့်လေး တစ်နေရာ မှာ ငိုခွင့်ရှိတယ်။

''ခေါင်းကိုမတ်ထား ရင်ကိုကော့ထား'' စိတ်ဓာတ်ကို မြင့်မြင့်ထားပြီး သတ္တိရှိရှိသန်မာပြလိုက်စမ်း။ မင်းဟာ မင်းကမ်ဘာရဲ့ ရေမြေ့အရှင်သခင်ဖြစ်တယ်…ဘယ် ဘဝမုန်တိုင်းမှ မင်းကမ်ဘာကို မရိုက်ခတ်စေနဲ့…မဖျက်ဆီးစေနဲ့။

ပြောင်းလဲမှုဆိုတာ ခက်ခဲတယ်။ ဒါပေမဲ့ ပြောင်းလဲမှုကို မကြောက်နဲ့ တစ်ခါတစ်လေ ဆံပင်အရှည်လေးထက်စာရင် ဆံပင်အတိုလေးနဲ့က ပိုလိုက်ဖက် နေတတ်တယ်။

စာဖတ်ပါ… စာကို ရာသီဥတုကြောင့် ဆိုပြီး မဖတ်ပါနဲ့…နေရာဒေသ အချိန်မရွေးဖတ်ပါ…စာဖတ်တဲ့ မိန်ကလေးတွေ ဟာ သူများထက် ပိုပြီး ထက်မြက်တယ်…ရင့်ကျက်လွယ်တယ်။

make-up ထူထူလိမ်း brandတွေဝတ်မှ လှတယ်ဆိုတာ ခဏတာပါ။ စိတ်နေစိတ်ထားကို တန်ဆာဆင်ပြီး လှပစေတာက တစ်သက်တာပါ… စိတ်သဘောထားပြည့်ဝတဲ့ မိန်းကလေးရဲ
အလှဟာ ပို၍ကြာရှည် ခံတဲ့အရာပါ။

မပြောင်းလဲချင်သူကို သွားပြီး မပြောင်းလဲချင်နဲ့… ခွင့်လွှတ်မှုကို အလွဲသုံးစား လုပ်သူကို အခွင့်ရေး ထပ်မပေးနဲ့။

အချစ်ရေးမှာ စိတ်မပျော့ပါနဲ့…ကိုယ့်နှလုံးသားမနေချင်တဲ့ အရပ်ကို နောက်ပြန် ကျောခိုင်းလိုက်ပါ…အဝေးဆုံးကို ထွက်ခွာလိုက်ပါ… ကိုယ့်နှလုံးသားကို အယုံသွင်းတဲ့ စကားလုံးတွေနဲ့ ထပ်ခါ ထပ်ခါ မနာကျင်စေပါနဲ့။

ကိုယ့်ကိုယ်ကိုယ် လိမ်လည် မလှည့်စားပါနဲ့…အမှားကို သတ္တိရှိစ္စာ ဝန်ခံပါ… ရင်ဆိုင်ပါ…စကားလုံးတွေသုံးပြီး အကြောင်းပြချက်မပေးပါနဲ့။

အတိတ်ဆိုတာ ပြီးဆုံးခြင်းဆိုတာကို လက်ခံပါ…သွားပြန်လှန်မကြည့်ပါနဲ့…ပြန်၍ ပိုင်းခြား စိတ်မဖြာပါနဲ့… ပူဆွေးနောင်တမရပါစေနဲ့ ပြီးဆုံးခြင်းတွေဟာ နာကျင်စေတာပဲ အဖတ်တင်နိုင်လို့ပါ။

လုံးဝမရနိုင်တဲ့ အရာကို လိုချင်တယ်ဆိုရင်.… လုံဝ မလုပ်ဖူးတဲ့ အရာကို လုပ်ရလေ့မယ်…အမြင့်ရောက်ချင်လျှင် အကျတော့ခံနိုင်ရမယ်… မိန်းကလေးဆိုပြီး ပျော့ညံ့နေလို့ မရဘူး။

ကိုယ့်ကိုယ် လုပ်နိုင်တယ်ဆိုပြီး အားပေးပါ…ဘယ်လောက်ခက်ပြီး ဘယ်လောက်ကြမ်တမ်းပါစေ…ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လုပ်နိုင်ဖို့ပဲလိုတယ်။

လဲကျတယ် ရှုံးနိမ့်တယ်ဆိုတာ မတော်တဆဖြစ်တယ်… ဒါပေမဲ့ အရှုံးနွံထဲကနေ ရုန်ထွက်ခြင်း မထွက်ခြင်းကတော့ မိမိရွေးချယ်မှု ဖြစ်တယ်။

ဆိုးတာပဲဖြစ်ဖြစ် ကောင်းတာပဲဖြစ်ဖြစ် ဒီလမ်းက ကိုယ်နဲ့ မသက်ဆိုင်တော့ဘူးဆိုရင် ယောင်လို့တောင် ပြန်လှည့်မကြည့်ပါနဲ့။

သန်မာသော မိန်းကလေးဆိုတာ သူမစိတ်ကို ခံစားစေအောင်လုပ်တဲ့ အရာတွေကို သူ့ဘာသာပဲ အလိုလိုရပ်ဖို့ကြိုးစားတယ်။ သူမဟာ အဲ့လိုခံစားချက်တွေကိုကိုယ့်စိတ်ခန္ဒာကိုယ်မှာရောနှောပြီး ထမ်းပိုးမနေစေဘူး။ သူမက အဲ့ဒီအရာတွေကို ကိုယ့်ဆီက အဝေးဆုံးကိုပဲ ထွက်သွားအောင်ပဲ လုပ်စေတယ်။

သင် အရမ်းမချော အရမ်းမလှလည်း ရတယ်…ဒါပေမဲ့ ကိုယ့်အတွက် လိုအပ်တဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ သင့်တယ်တဲ့ အလှပရှိရင် ကျေနပ်ဖို့လိုတယ်။

ကိုယ်ရဲ့ချောမောလှပမှုအောက်မှာ အသိညဏ်ဆိုတာ ပေါင်းထပ်ထားရမယ်…ဒါမှ သိပ်လှတဲ့ မိန်းကလေးဖြစ်မယ်။

မိန်းကလေးဆိုပြီး ပျော့ညံမနေရဘူး မိန်းကလေးတစ်ယောက်လို မဟုတ်ပဲ လူတစ်ယောက်လို ရှင်သန်ရမယ်…ရဲရင့်ရမယ် သန်မာရမယ်။

မိမိမှာ ဦးနှောက်ရှိတာနဲ့ညဏ်ရည် မြင့်တာကို ကောင်းကောင်းကြီး ခွဲခြားတတ်ရမယ်…ဒါမှသာ ဘဝဆိုတဲ့ သက်တမ်းတိုတစ်ခုမှာ ကြုံလာတဲ့ လောကဓံတွေကို အကောင်းဆုံး ကြံ့ကြံ့ခံပြီး ဖြတ်သန်းနိုင်မယ်။

တန်ဖိုးကြီးတဲ့ အသုံးအဆောင်တွေသုံး…ဘယ်လောက်ပဲ လှအောင်ပြင်ပြင်…ဒါတွေက ခဏတာပဲဖြစ်တယ်။ စိတ်ရင်း စိတ်နေကောင်းပြီး စိတ်သဘောထားပြည့်ဝမှုကသာ ကြာရှည်ခံတဲ့ တစ်ကယ့်အလှ ဖြစ်တယ်။

တစ်ခါတစ်လေမှ ဘာမှသိချင်ယောင်ဆောင်ပါ…ထက်မြက်တဲ့ မိန်းကလေးတိုင်းဟာ ဘာမှမသလို တုံးတိတုံးအ နေတတ်ကြတယ်။

စိတ်ညစ်နေရင်ပဲဖြစ်ဖြစ် ဝမ်းနည်းရင်ပဲဖြစ်ဖြစ် မျက်နှာကြီးကို ရှုံ့မဲ့မထားနဲ့… သင့်အပြုံးဆိုတာ သိပ်လှတဲ့ ဘာသာစကားပါ။

သူ့ပုံစံကို ကိုယ် ကြည့်မရသလို ကိုယ့်အသွင်ပြင်ကိုလည်း သူက နှစ်သက်ချင်မှ နှစ်သက်လေ့မယ်။ ဘယ်တော့မှ ပုံသေ မတွက်ထားနဲ့ လူတိုင်းက သင့်ကို မနှစ်သက်နိုင်ဘူး။

ကိုယ့်အားကိုယ်ကိုးဖို့ အမြဲတမ်းကြိုးစားပါ…ငွေရေးကြေးရေးမှာပဲဖြစ်ဖြစ် အခက်ခဲတွေ ကြုံတွေ့တာပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်ပါစေ။

သင် သိထားရမယ် မိန်းကလေးတွေ အမြဲတမ်း လုပ်တဲ့အမှားက " သူပြောင်းလဲသွားပါမှာ "ဆိုပြီး စဉ်းစားပေးခြင်းဖြစ်တယ်။

အားလပ်ချိန်မှာ စာဖတ်ပါ…စာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုယ် ရင့်ကျက်သန်မာစေပါ။

မိဘနေရာရောက်မှ မိဘကျေးဇူးသိသူ မဖြစ်ပါစေနဲ့…အနားမှာ ရှိတုန်းမှာ ဂရုစိုက်ပါ…ကျေးဇူးသိပါ။

နှလုံးသားကို ကြီးကြီးထားပါ။ ရင်ခွင်ကို ကျယ်ကျယ်ထားပါ။ မနာလိုဝန်သိုမှုလျော့ပါ။ ရည်မွန်အောင် ကြိုးစားပါ။ ရှင်သန်ခြင်းကို ချစ်ပါ။

ကိုယ့်ကိုယ် မချစ်ခင် မနှစ်သက်လို့ ထွက်သွားတာ သူ့ကိစ္စဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ပျော်ရွင်အောင် နေရမှာက ကိုယ့်ကိစ္စဖြစ်တယ်။

ကိုယ်ရဲ့ ထက်မြက်မှုအောက်မှာ မာနကို ချိုးနှိမ်တတ်ဖို့လိုသလို စိတ်ထားဖြူစင်တတ်မှု အောက်မှာလည်း သဘောထားကြီးမားတတ်ဖို့လိုတယ်…ဒါမှတစ်ကယ်တော်ပြီး ထက်မြက်တဲ့ မိန်းကလေး ဖြစ်မယ်။

ပျော့ညံ့နေတဲ့မိန်းမဖြစ်အောင်မနေပါနဲ့..
စိတ်ဓာတ်မာကျော့တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

မပြတ်သားတဲ့မိန်းမ ဖြစ်အောင်မနေပါနဲ့
ဆုံးဖြတ်ချက်ချပြီးနောက်လှည့်မကြည့်တတ်တဲ့မိန်းမဖြစ်အောင်ကြိုးစားပါ..

အရာရာအရှုံးပေးတတ်တဲ့မိန်းမဖြစ်အောင်မနေပါနဲ့အရှုံးတွေထဲကသင်ခန်းစာယူပြီးဘဝခရီးဆက်နိုင်တဲ့မိန်းဖြစ်အောင်နေထိုင်ပါ..

မျက်ရည်လွယ်တဲ့ မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့..မျက်ရည်ကျတိုင်းကိုယ်မျက်ရည်ကိုယ်သုတ်ပြီးပြုံးနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

အချစ်တွေအလွမ်းတွေနဲ့အချိန်ကုန်နေတဲ့မိန်းမဖြစ်အောင်
မနေပါနဲ့..အချစ်ဆိုတာမရှိမဖြစ်မဟုတ်ဘူးဆိုတဲ့စိတ်ဓာတ်နေထိုင်အောင်ကြိုးစားပါ..

အိမ်နောက်ဖေးမှာဘဝကုန်ဆုံးတော့မယ်မိန်းမတစ်ယောက်ဖြစ်အောင်မနေပါနဲ့ အိမ်ဦးခန်းမှာအိမ်ထောင်ဦးစီးကိုလမ်းပြနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ..

အသိဥာဏ်မဲ့တဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့..အသိဥာဏ်ကြွယ်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ...

တန်ဖိုးမဲ့မိန်းမတစ်ယောက်
ဖြစ်အောင်မနေထိုင်ပါနဲ့တန်ဖိုးကြီးတဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားပါ

အနာဂတ်အမေတွေဖြစ်လာမယ့်
မိန်းမတွေ ထက်မြက်ဖို့လိုပါတယ်...!!

🧡🌾🌻


゚viralシ
#ဓမ္မသုတရသစာပေများ #ဘဝ၏ပျော်ရွင်ခြင်း #💞
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ #မိသားစုချစ်ခြင်း
#ချစ်ခြင်းမေတ္တာအားလုံးရရှိကြပါစေ🤎🙏
💙🙏
#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်❤🌿

အဆင်ပြေလားလို့တောင်တစ်ခါမှ...💙 မေးဖော်မရတဲ့သူတွေအတွက်ကိုယ့်ဘက်က အမြဲအသင့်ရှိနေပေးခဲ့တာကိုနောင်တ,လို့တော့ ခေါင်းစဥ်မတတ်တေ...
25/10/2025

အဆင်ပြေလားလို့တောင်
တစ်ခါမှ...💙
မေးဖော်မရတဲ့သူတွေအတွက်
ကိုယ့်ဘက်က အမြဲအသင့်ရှိနေပေးခဲ့တာကို
နောင်တ,လို့တော့ ခေါင်းစဥ်မတတ်တော့ဘူး။

ပေးဆပ်မှုတိုင်းအတွက်
ဘာတစ်ခုမှ ပြန်မရရင်တောင်မှ
သင်ခန်းစာတော့ အလိုလိုရပြီးသားပါ။

ကိုယ်အဆင်မပြေတာကလွဲလို့
အားလုံးကို အဆင်ပြေစေချင်ခဲ့တာ။

ကိုယ်မပျော်တာကလွဲလို့
အားလုံးကို ပျော်ရွှင်စေချင်ခဲ့တာပါ။

အရာရာ ...
အလျှော့ပေးလွန်းလို့ ထင်ပါရဲ့
လူတကာက အမြဲ အနိုင်လိုချင်နေကြတာ။

အမုန်းမပေးချင်ဘူး။
ဒါ့ကြောင့်....
ပေးလက်စနဲ့....အရှုံးပေးထားတာ။

ထီးလေးတစ်ချောင်းဟာ
လူတစ်ယောက်ကို အရိပ်ပေးဖို့အတွက်
သူကိုယ်တိုင် နေပူဒဏ်ကို အရင်ခံရတယ်။

ဖိနပ်လေးတစ်ရံဟာ
လူတစ်ယောက်ကို သန့်ရှင်းစေဖို့အတွက်
သူကိုယ်တိုင် အညစ်အကျေး အပေခံရတယ်။

ရွှေငါးလေးတွေဟာ
လူတွေ အလှကြည့်ဖို့အတွက်
မှန်လှောင်အိမ်ထဲမှာ မွန်းကျပ်စွာ နေပေးရတယ်။

ကိုယ့်အဖြစ်က
ထီးလေးတစ်ချောင်းလို
ဖိနပ်လေးတစ်ရံလို
မှန်လှောင်အိမ်ထဲက ရွှေငါးလေးလို
ကိုယ့်အဖြစ်က... အဲ့လိုမျိုး။

တတ်နိုင်သလောက် ပေးဆပ်လိုက်မယ်
အမြဲတမ်းတော့
တာဝန်မယူနိုင်တော့ဘူး။

တဖက်လူကိုကြည့်ပြီး
တန်ရာတန်ရာပဲ ဆက်ဆံတော့မယ်
ဟန်ဆောင်ပြီးတော့ မပြုံးပြတော့ဘူး။

အဝေးကြီးကို လှမ်းမငေးတော့ဘူး
ကိုယ့်ဘဝနဲ့ မအပ်စပ်တဲ့
မျှော်လင့်ချက်တွေက
ကလေးတစ်ယောက်ရဲ့ စုဗူးလိုပဲ
အချိန်မတန်ခင် ခွဲရတာ များတယ်။

ကိုယ်သိလိုက်ပါပြီ
နောက်ဆိုရင် ကိုယ့်နေ့ရက်တွေက
ဖတ်လက်စ စာအုပ်တွေနဲ့ပဲ နေပျော်ပါတယ်။

ဝေဒနာ ရှိတိုင်းလည်း မကုစားချင်
တော့ပါဘူး
တစ်ချို့ဒဏ်ရာတွေက
ရင့်ကျက်ဖို့အတွက် လိုအပ်တယ်လေ။

အမှန်ပြောရရင်
ဘယ်သူ့ကိုမှ စိတ်မနာရက်ဘူး
စေတနာတွေ ရေစီးကမ်းပြိုခဲ့ဘူးတဲ့
ကိုယ့် မေတ္တာတွေကိုပဲ ပြန်အားနာတယ်။

🤍🌿

゚viralシ
#ဓမ္မသုတရသစာပေ #ခွန်အား​ဖြည့်စာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
🤍🙏
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်❤🙏

'ပညာမတတ်ပဲ ပညာရှိအယောင်မဆောင်ပါနဲ့တကယ်ပညာတတ်နဲ့ တွေ့တဲ့အခါမိမိဆွံ့အသွားတတ်တယ်။ပိုက်ဆံမချမ်းသာပဲ သူဌေးအယောင်မဆောင်ပါနဲ့တက...
25/10/2025

'ပညာမတတ်ပဲ ပညာရှိအယောင်မဆောင်ပါနဲ့
တကယ်ပညာတတ်နဲ့ တွေ့တဲ့အခါ
မိမိဆွံ့အသွားတတ်တယ်။

ပိုက်ဆံမချမ်းသာပဲ သူဌေးအယောင်မဆောင်ပါနဲ့
တကယ်ပြည့်စုံကြွယ်၀သူနဲ့ တွေ့တဲ့အခါ
မိမိမျက်နှာငယ်ရတတ်တယ်။

ဘာမှ လေ့လာမှုမရှိပဲ လူတတ်ကြီးမလုပ်ပါနဲ့
ထိထိမိမိချပြနိုင်တဲ့လူနဲ့တွေ့ရင်
မိမိလူပေါကြီး ဖြစ်သွားတတ်လို့ပါ။

မကျွမ်းကျင်သေးတဲ့ ပညာရပ်တစ်ခုကို
တတ်ရောင်ကန်းမလုပ်ပါနဲ့
တကယ်ကျွမ်းကျင်တတ်မြောက်တဲ့လူနဲ့တွေ့ရင်
မိမိအလကားလူဆိုတာ ဖော်ပြသလိုဖြစ်သွားတတ်တယ်။

မစူးဆန်းမဆင်ခြင်ပဲ စကားကို ပြီးစလွယ်မပြောပါနဲ့။
စကားပြောအတတ်ပညာရှင်နဲ့တွေ့တဲ့အခါ
မိမိစကားနဲ့ မိမိပြန်အရိုက်ခံရတတ်လို့ပါ။

ဘ၀င်မမြင့်ပါနဲ့ ဘဝမြင့်ပါ
ဘ၀င်မမြင့်တဲ့လူက အခြေမခိုင်လို့ ယိုင်နဲ့မယ်
ဘဝမြင့်တဲ့လူက အောက်ခြေခိုင်လို့ ခိုင်မြဲမယ်။
ဘ၀င်မမြင့်ပါနဲ့
ဘ၀င်မြင့်ပြီး အောက်ခြေလွတ်နေသူတွေဟာ
အမြဲတမ်း အရှုံးနဲ့ရင်ဆိုင်နေရတတ်ပါတယ်။
ကိုယ့်ဘ၀အခြေနေကို ပြန်မမြင်နိုင်တဲ့အတွတ်ကြောင့်လည်း
ဘယ်တော့မှ ဘဝမြင့်လာမှာမဟုတ်ပါဘူး။

မိမိမှာ သင်ယူမှတ်သားစရာတွေ ဘယ်တော့မှ
မကုန်နိုင်ဘူးဆိုတာ သိထားရင်
အလိုလို ဘ၀င်မြင့်တဲ့စိတ်ပျောက်ပြီး
ဘဝ​မြင့် လိုစိတ်တွေဖြစ်လာပါလိမ့်မယ်။

🤍🌿

゚viralシ
#ဓမ္မသုတရသစာပေ #ခွန်အား​ဖြည့်စာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
🤍🙏
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်❤🙏

25/10/2025

ဘဝမှာ... 🤍
တစ်ယောက်ယောက် ကြောင့်
နာကျင်မှုတွေ ကြုံခဲ့ရင်
ကိုယ် ယူခဲ့တာ ပြန်ပေးလိုက်ရတာပဲလို့
သဘောထားလိုက်ပါ။

ကိုယ်ပါသွားလို့
ပြန်ယူမယ်ဆိုတဲ့ စိတ်မျိုးမမွေးပါနဲ့
သံသရာတွေ ထပ်ရှည်တတ်လို့ပါ။

ကိုယ်ခံလိုက်ရပြီလို့ သိလိုက်တဲ့ အချိန်မှာ
အကြွေး တစ်ခု ဆပ်ခွင့်ရလိုက်တာပဲလို့
ဖြေကြည့်လိုက်ပါ။

ကိုယ် ခံစားရသလို
ပြန် ခံစားစေရမယ် ဆိုတဲ့
စိတ်မျိုးတော့ မဖြစ်ပါစေနဲ့ ။

အတုံ့အလှည့်တွေက
ထပ်လာနေအုံးမှာပဲလေ …
ကိုယ့်မှာခံစားရတဲ့
ဒုက္ခတွေ ကကြီးလွန်းတဲ့ အခါ
ဝဋ်ကြွေးတွေ ဆပ်နေရတာပဲ လို့
သဘာထားပါ။

အတိုး မများခင်ဆပ်ရတာ
ကောင်းတယ်လို့ ကျေနပ်လိုက်ပါ။

ကိုယ်ဒုက္ခကြီးသလို
သူတို့တွေလည်း ကြီးပါစေ
ဆိုတာမျိုးနဲ့တော့ မတုန့်ပြန်ပါနဲ့
ဒုက္ခကြီးတွေ ထပ်တိုးနေဦးမယ်။

တကယ်တမ်းတော့
သတ္တဝါတွေမှာ
❝ ကံသာ ❞ အားကိုးရှိတာပါ။

ကိုယ့် သံသရာ ကောင်းဖို့
ကိုယ်ပဲလုပ်ရ မှာလေ
ကိုယ့်သံသရာ ပြတ်ဖို့လဲ
ကိုယ်ပဲ ဖြတ်ရ မှာ

ကိုယ့် ဝဋ်ကြွေးတွေ ကျေဖို့
ကိုယ်ပဲ ဆပ်ရမှာလေ ။

အကြွေးဆပ်ရင်း
အကြွေးတွေ ထပ်မတင်အောင်ပဲ
သတိနဲ့ ရှောင်ဖို့ပါပဲလေ ။

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

🤍🌿

゚viralシ
#ဓမ္မသုတရသစာပေ #ခွန်အား​ဖြည့်စာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
🤍🙏
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်💖🙏

နမိတ်ဆိုတာတကယ်ရှိတယ်...🤍💜 မြင်တာနဲ့ချဲ့ပါနော်....💖 ဂုဏ်ယူပါတယ်...👍  သင့်အတွက်ငွေအိမ်ကြီး... 🏡🏡🏡 အခုပဲလက်ခံလိုက်ပါ...🤍💙💜
25/10/2025

နမိတ်ဆိုတာတကယ်ရှိတယ်...🤍💜
မြင်တာနဲ့ချဲ့ပါနော်....💖
ဂုဏ်ယူပါတယ်...👍
သင့်အတွက်ငွေအိမ်ကြီး... 🏡🏡🏡
အခုပဲလက်ခံလိုက်ပါ...🤍💙💜

25/10/2025

လူတစ်သိန်းကိုကျွေးရတာနဲ့ ညီမျှသည့် ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်း(ပုံကိုနှိပ်ပြီးဖတ်ပါ)....🙏🙏🙏
လူတစ်သိန်းကိုကျွေးရတာနဲ့ ညီမျှသည့် ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်း(ပုံကိုနှိပ်ပြီးဖတ်ပါ)

လူတစ်သိန်းကိုကျွေးရတာနဲ့ ညီမျှသည့် ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်း

ဘုရားရှိခိုးနည်း

တစ်ကြိမ်ဘုရားရှိခိုးလို့ရှိရင် လူတစ်သိန်းကျွေးရတာနဲ့ ညီမျှတဲ့ ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်းရှိတယ်။

ဘယ်လို ဘုရားရှိခိုးမလဲဆိုတော့….

မမြဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ ဘုရား…(တစ်ကြိမ် ရှိခိုးလိုက်)၊

ဆင်းရဲသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအား လှူဒါန်းပါ၏ဘုရား…(တစ်ကြိမ် ရှိခိုးလိုက်)၊

အစိုးမရသော ဤခန္ဓာကိုယ်ကို ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော ဘုရား တရား သံဃာအားလှူဒါန်းပါ၏ဘုရား…(တစ်ကြိမ် ရှိခိုးလိုက်)။

ဤသို့အားဖြင့် ရတနာသုံးပါးကိုသုံးကြိမ်သုံးခါ ရှိခိုးပူဇော်ပါ။

အင်မတန် အကျိုးများတဲ့ဘုရားရှိခိုးနည်းပါ။

ဘာကြောင့်လဲဆိုတော့ မမြဲသော မိမိခန္ဓာကိုယ်ကြီးကို မမြဲတဲ့အကြောင်း ပွားတာက ဝိပဿနာပါ။

(မမြဲခြင်း၊ဆင်းရဲခြင်း၊အစိုးမရခြင်း)

ကိလေသာမရှိတဲ့ ဘုရား ၊ ကိလေသာကင်းကြောင်းဖြစ်တဲ့ တရား ၊ ကိလေသာကင်းပြီးတဲ့ သံဃာတွေကို အာရုံပြုတာက သမထပါ။

လှူဒါန်းပါ၏ ဆိုတာက ဒါနပါ။ဒါနရော သမထရော ဝိပဿနာရောကုသိုလ် အကုန်ပါသွားတဲ့ ဘုရားရှိခိုးနည်းပါ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
🤍🌿

゚viralシ
#ဓမ္မသုတရသစာပေ #ခွန်အား​ဖြည့်စာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
🤍🙏
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်❤🙏

24/10/2025

ညီမလေးတို့ ဖတ်ဖို့
💖💖💖💖💖💖
ညီမလေးတို့...
အောက်တန်းကျတဲ့ ယောက်ျားက
ညီမလေးတို့ ခန္ဓာကောက်ကြောင်းပေါ်က
ရင်တွေ တင်တွေကိုကြည့်ပြီး
ညီမလေးတို့ အချစ်ကို စစ်လားမစစ်လား ဆုံးဖြတ်လိမ်မယ်

ညီမလေးတို့...
ယောက်ျားပီသတဲ့ ယောက်ျားကတော့
ညီမလေးတို့ ခန္ဓာကိုယ်ထက် ညီမလေးမိန်းမပီသလား မပီသလား
ညီမလေး မိခင်စိတ်ရှိလား မရှိလားဆိုတာကိုကြည့်ပြီးညီမလေးတို့ကို ရွေးချယ်လက်ထပ်လိမ်မယ်

[ တကယ်ချစ်ရင် Akate အကိတ်တွေ LCD တွေလည်း အသုံးမဝင်တော့ပါဘူး ညီမလေး )

ညီမလေးတို့...
နိမ့်ကျတဲ့ ယောက်ျားက
ညီမလေးနဲချစ်သူရည်းစားဖြစ်တာနဲ့
ညီမလေး ခန္ဓာကိုယ်ကို မရရတဲ့နည်းနဲ့
ဖျားယောင်းသွေးဆောင် သိမ်းသွင်းလိမ့်မယ်

ညီမလေးတို့...
ယောက်ျားပီသတဲ့ ယောက်ျားကတော့
ညီမလေး ခန္ဓာကိုယ်ကို ဝါးမျိုးခွင့်ရဖိုထက်
ညီမလေးရဲ့ တန်ဖိုးကို မကျအောင်
သူကိုယ်တိုင် စွမ်းဆောင်ပေးလိမ်မယ်

[ မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ သူလက်ကိုဆုပ်ကိုင်ထားတဲ့
ယောက်ျားပေါ်မှာ မူတည်နေတယ် ညီမလေး ]

ညီမလေးတို့...
ယုတ်ညံတဲ့ ယောက်ျားက ညီမလေးနဲ့
တရားဝင် ချစ်သူဖြစ်ပြီဆိုတာနဲ့
ညီမလေးရဲ့ Backgroung ကိုကြည့်ပြီး
ညီမလေး ဆီကနေ
ရသလောက် ပိုင်းလုံးလုပ်ဖို ကြိုးစားလိမ်မယ်

ညီမလေးတို့...
ယောက်ျားပီသတဲ့ ယောက်ျားကတော့
ညီမလေး သူ့ဘဝထဲကို ဝင်လာပြီဆိုတာနဲ
ညီမလေး အနာဂတ် အတွက် သူကိုယ်ကို
ဘဝအာမခံချက် ရှိအောင် ကြိုးစားပြလိမ်မယ်

[ ဘယ်လောက်ပဲချစ်ချစ် ဘဝအာမခံချက်လေးတော့ရှိအောင်လုပ်ထားရတယ်
[ ချစ်တယ်ပြောပြီး မကြိုးစားပဲ ဘဝအာမခံချက်မရှိရင်
အဲအချစ်က အလကားပဲ ညီမလေး ]

ညီမလေးတို့...
တာဝန်မယူတတ်တဲ့ ယောက်ျားက
ညီမလေးဆီက ချစ်တယ်ဆိုတဲ့
စကားကြားပြီဆိုတာနဲ့
အဲစကားကို ခုတုံးလုပ်ပြီး ညီမလေးဆီကနေ sex(လိင်) ကို မရ ရအောင် တောင်းယူ
ပြလိမ်မယ်

ညီမလေးတို့...
တာဝန်ယူတတ်တဲ့ ယောက်ျားကောင်းကတော့
ညီမလေးမှားခဲ့တဲ့ အတိတ်ကိုပါပြည်ဖုံးကားချပြီး
ညီမလေးလက်ကို သတ္တိရှိရှိ ကိုင်ဆွဲကာ

ဒါ ငါ့ချစ်သူပါ ဒါ ငါဘဝရဲ့ အနာဂတ်
သတို့ သမီးလောင်းပါဆိုပြီး
တစ်လောကလုံးကြားအောင် ဟစ်ကြွေးပြလိမ်မယ်

[ S*x ဆိုတာ အိမ်ထောင်ကျပြီးတဲ့အခါ
ငံပျာရည်ခွက်လောက်တောင်အသုံးမဝင်တော့ဘူး ညီမလေး ]

ညီမလေးတို့...
မချစ်တတ်တဲ့ ယောက်ျားက
ညီမလေးဆီက သူလိုချင်တာကို ရယူပြီးတဲ့ နောက်မှာ
ညီမလေး ဘာဖြစ်ဖြစ် လှည့်မကြည့်ဖြစ်တော့ပဲ
ညီမလေး အနားကနေ ညီမလေး ရင်ခွင်ကို
စုံကန် ထွက်သွားလိမ်မယ်

ညီမလေးတို့...
အချစ်ငတ်ခဲ့တဲ့ ယောက်ျားကတော့
ညီမလေးရဲ့ အနားကတော့
ညီမလေး ဘာဖြစ်ဖြစ် တစ်ဖဝါးမှမခွာပဲ
တောက်တဲ့ လို တွယ်ကပ်နေလိမ်မယ်

[မချစ်တတ်တဲ့ယောက်ျားအနားမှာ တွယ်ကပ်နေရင်ကိုယ်အနာဂတ်တွေပါ အလကားသက်သက်ဆုံးရှူံးရတတ်တယ် ညီမလေး ]

ညီမလေးတို့...
ယောက်ျားကောင်းလား?
ယောက်ျားဆိုးလား?
ယောက်ျားပီသလား ?
ယောင်္ကျားမ ပီသလား?
ဆိုတာတွေကို
အဝေးကြီး လိုက်ကြည့်စရာ မလိုဘူး

ကြီးကြီး ကျယ်ကျယ် တွေလုပ်ပြီး
မှတ်ချက် ပေးနေစရာမလိုဘူး
ဒီအချက်လေးတွေနဲ
တိုင်းတာ ကြည့်ရုံနဲ သိနိူင်တယ်
ညီမလေး

ညီမလေးတို့ ဘဝ တကယ် လှပပါစေလို့
ကျွန်မ ချစ်ရသော ညီမလေးများ အတွက်
ဆုတောင်းပေးပါတယ်။

အဆုံးထိနားဆင်ကြည့်ရှု့အားပေးခဲ့ကြသောစာချစ်သူအားလုံးကိုကျေးဇူးတင်ရှိပါတယ်။
မူရင်းရေးသားဖော်ပြပေးထားသူကိုလည်းCreditပေးပါတယ်။အားလုံး​ဘေးရန်ခပ်သိမ်းကင်းဝေး၍ကျန်းမာကြပါစေရှင်။

🧡🌾🌻


゚viralシ
#ဓမ္မသုတရသစာပေများ #ဘဝ၏ပျော်ရွင်ခြင်း #💞
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ #မိသားစုချစ်ခြင်း
#ချစ်ခြင်းမေတ္တာအားလုံးရရှိကြပါစေ🤎🙏
💙🙏
#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်❤🌿

24/10/2025

"ညီမလေးသို့ စာတစ်စောင်"...💟

ညီမလေးရေ..💟
လူတွေက ပြောပြောနေကြတယ်..
ဒီခေတ် မိန်းကလေးတွေက
တန်ဖိုးတွေ ကျလာကြတယ်တဲ့…

ဘာ့အတွက်ရယ်လို့ မပြောနိုင်ပေမယ့်
ဘာ့တွေကြောင့် ဖြစ်နိုင်တယ်ဆိုတာ
စဉ်းစားရင်း ဒီစာလေးကို
ရေးလိုက်ရတယ်..။

ညီမလေးရေ…💟
ဘ၀မှာ ဖြစ်ချင်တာတွေထက် .
ဖြစ်သင့်တာတွေကို ဦးစားပေးပါ..

#ဖြစ်ချင်တာတွေ ဖြစ်မလာနိုင်တဲ့
အချိန်မှာဖြစ်ခဲ့တာတွေနဲ့ ရောင်ရဲတင့်တိမ်
ကျေနပ်နိုင်အောင်... ကြိုးစားပါ...။

#လောကမှာ လိုချင်တာတွေ များလာရင် အန္တရာယ်ဆိုတာ ကြုံလာရတတ်သလို
အဲဒီအန္တရာယ်တွေကပဲ ညီမလေးဘ၀ကို
သင်ခန်းစာတွေ ပေးသွားလိမ့်မယ်..

#ဘယ်နေရာ ဘယ်ဒေသမဆို ခေတ်နဲ့ ပတ်၀န်းကျင်ကို လိုက်လျော ညီထွေအောင် နေထိုင်စားသောက်၊ ၀တ်ဆင်ပါ....

#ခေတ်ဆန်တာ များလွန်းရင်
တန်ဖိုးတွေ ကျလာတတ်သလို .
ခေတ်နောက်ကျ လွန်းနေရင်လည်း
ရိုး အ လွန်းသူလို့ အပြောခံရတတ်တယ်...။

#ဒါကြောင့် မလျော့လွန်း မတင်းလွန်းတဲ့
မူကို ကျင့်သုံးပါ....။

ညီမလေးရေ…💟
လူတိုင်းကို အလေးထားပါ...
လူတိုင်းကို အရေးပါ အရာရောက်တဲ့
လူတွေလို့ မြင်ပေးပါ...

#ဒီလူက ဆရာ၀န် ဟိုလူက ကူလီထမ်း
(porter)သမားဆိုပြီး ခွဲခြားမဆက်ဆံပါနဲ့...
တိုင်းပြည်တစ်ခု နယ်ပယ်တစ်ခုမှာ...

#အားလုံးဆရာ၀န်တွေ ဖြစ်နေလို့ မရသလို
ကူလီထမ်း(porter)သမား မရှိရင်လဲ
အဲ့ဒီ တိုင်းပြည်က မပြည့်စုံနိုင်ပါဘူး...။

#အုန်းရေ သောက်ချင်ရင် အုန်းတက်သမားရဲ့ အကူအညီ လိုတယ်ဆိုတာ...
နားလည်ထားပါ..။

#အချိန်တိုင်း နေရာတိုင်းမှာ အပျော်တွေကို မရှာပါနဲ့....၊ လက်ရှိ အချိန်တွေကို ဘဲ
ပျော်တတ်အောင် ကြိုးစားပါ..။

#အပျော်တွေ မက်တာများလွန်းရင်
ဂုဏ်သိက္ခာတွေ ကျဆင်းလာတတ်တယ်.။
ကုဋေတစ်သန်း ခြေလှမ်းပိုင်ရှင်
မြန်မာ မိန်းကလေးတွေ အတွက်..

#အပျော်တွေကို အမြဲရှာဖွေနေလို့
မသင့်တော်ဘူးဆိုတာ ..
ညီမလေး သိထားပါ ။

#အရာရာကိုပေါ့ပေါ့ဆဆ မလုပ်ဘဲ
စဉ်းစားချင့်ချိန် ပြီးမှ ဆုံးဖြတ်ပါ...
ဘယ်အရာကို မဆို အသေးအဖွဲ
ဟူ၍ မထားဘဲ...
အလေးအနက်ထားပြီး လုပ်ကိုင်ပါ...........။

#ပုခတ်လွှဲတဲ့ လက်ပိုင်ရှင် မိန်းကလေးတို့ဘ၀က တချိန်မှာ ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတာ မမေ့ပါနဲ့..။

#ညီမလေးရေ…💟
စကားအများကြီး ပြောပြီး ...
ဟားတိုက် ရယ်မောခြင်းတွေကို
တတ်နိုင်သ၍ ရှောင်ကြဉ်ပါ...

#ဖြစ်ချင်တာ အများကြီးကို ဖြစ်သင့်တဲ့ စကားတချို့နဲ့ ထိရောက်နိုင်အောင်ပြောပါ...။

#ဟားတိုက်ရယ်မော ခြင်းဟာ
အပြစ်ကင်းစင်တဲ့ ညီမလေးရဲ့
အပြုံးလှလှတွေကို ဖုံးကွယ်သွားတတ်တယ်.ဆိုတာ အထူးသတိပြုပါ..။

#တနေ့တာဖြတ်သန်း ကုန်ဆုံးခဲ့တာတွေကို
ညအိပ်ရာ၀င်ခါနီး အချိန်တိုင်း.
သေချာပြန်လည် စဥ်းစား သုံးသပ်ပါ..

အမှား အမှန်ကို နားလည် သိမြင်နိုင်ခြင်းက အောင်မြင်ခြင်းရဲ့ အဓိက သော့ချက်ဆိုတာ ည်ီမလေး သိထားပေးပါ...။

ညီမလေးရေ..💟
နှလုံးသားရေးရာ ကိစ္စနဲ့ ပက်သတ်လာရင်
တစ်ယောက်ထဲကနေ အများကြီးကို
မချစ်ဘဲ တစ်ယောက်ကိုပဲ အများကြီး
ချစ်တတ်အောင် ကြိုးစားပေးပါ...။

#ဒါမှညီမလေးက ချစ်သူအတွက်
ပါရမီဖြည့်ဖက်ကောင်း တစ်ယောက်
ဖြစ်မှလေ...။

ညီမလေးရေ..💟
အနေနီးခြင်း ၊ဝေးခြင်းက .
အချစ်စစ်ကို ပိုင်ဆိုင်ထားသူတွေအတွက်
ဘာမှမပြောင်းလဲ နိုင်ပါဘူး.၊

နှလုံးသားတွေ အတူရှိနေခြင်း၊
မရှိခြင်းဘူးအပေါ် မူတည်ပြီးသာလျှင်
အချစ်က ပြောင်းလဲ သွားတတ်ပါတယ်..
ဒါ့ကြောင့်...

#ညီမလေး လူတစ်ယောက်ကို တကယ် ချစ်မိနေပြီဆိုရင်.နှလုံးသားခြင်း
အတူရှိနေအောင် ကြိုးစာပေးပါ...။

#အနားမှာ မရှိနိုင်တဲ့ အချိန်တွေမှာ
စိတ်တွေလေလွင့်ပြီး နှလုံးသားကို
ရှေ့တန်း မတင်မိပါစေနဲ့..

#ငယ်ရွယ်နုနယ်တဲ့ ညီမလေးတို့တွေက
နှလုံးသားကို ရှေ့တန်းတင်မိရင်
မလိုလားအပ်တဲ့ ပူဆွေးသောကတွေကို
ကြုံတွေ့ရတတ်ပါတယ်.....။

#နှလုံးသားက ဦနှောက်ရဲ့ ထိန်းချုပ်မှု့အောက်မှာဘဲ ရှ်ိသင့်တဲ့ အရာဆိုတာ
ညီမလေး သိထားပေးပါ.....။

#ညီမလေးရေ ..💟
နောက်ဆုံးအနေနဲ့ မှာချင်တာက
ဘ၀ခရီးလမ်းမှာ အရာရာကို အလျှင်စလို
မဆုံးဖြတ်ပါနဲ့

#အလွယ်တကူ မပေးဆပ်ပါနဲ့ အလျှင်စလို ဆုံးဖြတ်ချက်တွေက ဘ၀နဲ့ ရင်းနှီးရသလို အလွယ်တကူ ပေးဆပ်ခြင်းကို ဘယ်သူမှ တန်ဖိုး မထားကြပါဘူး.

#ဒါ့ကြောင့် အသိနဲ့ သတိ ကိုယှဉ်တွဲပြီး ခရီးကြမ်းကို နင်းလျှောက်ပါ….

#ဒီလောက်ပါပဲ ညီမလေးရယ်..
မွှေးရနံ့ သင်းတဲ့ ခပ်မြင့်မြင့်က
ပန်းတစ်ပွင့် ဖြစ်ပါစေ.....🌺

🧡🌾🌻


゚viralシ
#ဓမ္မသုတရသစာပေများ #ဘဝ၏ပျော်ရွင်ခြင်း #💞
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ #မိသားစုချစ်ခြင်း
#ချစ်ခြင်းမေတ္တာအားလုံးရရှိကြပါစေ🤎🙏
💙🙏
#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်❤🌿

ဖြစ်ချင်တာ ဖြစ်ခွင့်မရှိတာကျမရဲ့ ကံကြမ္မာပေါ့ဖြစ်သင့်သလောက်နဲ့ ကျေနပ်နေခဲ့ရတာလဲကျမတို့ သားအမိရဲ့ ဘဝပဲပေါ့😭
24/10/2025

ဖြစ်ချင်တာ ဖြစ်ခွင့်မရှိတာ
ကျမရဲ့ ကံကြမ္မာပေါ့
ဖြစ်သင့်သလောက်နဲ့ ကျေနပ်နေခဲ့ရတာလဲ
ကျမတို့ သားအမိရဲ့ ဘဝပဲပေါ့😭

 #ပေတံ..💝 #ယောက်ျားဘယ်လောက်ပဲခွန်အားတွေများများကိုယ်ကျင့်တရားမကောင်းရင်အလကားပါပဲ #မိန်းမဘယ်လောက်ပဲ ကောက်ကြောင်းလှလှကိုယ်...
24/10/2025

#ပေတံ..💝

#ယောက်ျား
ဘယ်လောက်ပဲခွန်အားတွေများများ
ကိုယ်ကျင့်တရားမကောင်းရင်
အလကားပါပဲ

#မိန်းမ
ဘယ်လောက်ပဲ ကောက်ကြောင်းလှလှ
ကိုယ်ကျင့်သိက္ခာမစောင့်ထိမ်းနိုင်ရင်
အလကားပါပဲ။

ယောကျာ်းတစ်ယောက်ရဲ့တန်ဖိုးကို
သူရဲ့ကိုယ်ကျင့်တရားကိုကြည့်ပြီး
အကဲဖြတ်ရသလို

မိန်းမတစ်ယောက်ရဲ့တန်ဖိုးကိုလည်း
သူမရဲ့သိက္ခာတရားပေါ် မူတည်ပြီး
ခေါင်းစဉ်တပ်ရပါတယ်

ကျား_တော့ ကျား_ပဲ
ဘာလာလာစားတတ်တဲ့ ကျား,ဖြစ်နေရင်တော့
အလကားပဲ

မ_တော့ မ_ပဲ
ခန္ဓာအလှကိုပဲ ဦးစားပေးတတ်တဲ့ မ,ဖြစ်ခဲ့ရင်
ဘယ်လောက် နု ရွ လှပနေပါစေ
သုံးစားမရတဲ့
လမ်းဘေးကပန်းပါဘဲ။

🤍🌿

゚viralシ
#ဓမ္မသုတရသစာပေ #ခွန်အား​ဖြည့်စာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
🤍🙏
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်❤🙏

လူတစ်‌ယောက်မင်းကို အရေးမပါသလို ဆက်ဆံတာက မင်းတန်ဖိုးမဲ့နေလို့ မဟုတ်ဘူးတန်ဖိုးမထားတတ်သူနဲ့ မင်းတွေ့နေလို့ပါ လှည့်ထွက်နိုင်...
24/10/2025

လူတစ်‌ယောက်မင်းကို အရေးမပါသလို ဆက်ဆံတာက မင်းတန်ဖိုးမဲ့နေလို့ မဟုတ်ဘူး
တန်ဖိုးမထားတတ်သူနဲ့ မင်းတွေ့နေလို့ပါ
လှည့်ထွက်နိုင်အောင်ကြိုးစားပါ...💙

🤍🌿

゚viralシ
#ဓမ္မသုတရသစာပေ #ခွန်အား​ဖြည့်စာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
🤍🙏
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်❤🙏

ที่อยู่

Phaya Thai District
Bangkok
10400

เบอร์โทรศัพท์

+959789807624

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဓမ္မချမ်းသာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์