SHWE PYI AYE Burmese Notoriety Community Of Leo Messi 🇦🇷 Football News

ဒီည လာမီးယာမယ် ဘောလွန်ဒေါဆုရလိမ့်မယ်လို့ စပိန်လူမျိုး နာမည်ကြီး ရုပ်သံဒါရိုက်တာတဦးဖြစ်တဲ့ Edu Aguirreက ပြောဆိုလိုက်ပါတယ်...
22/09/2025

ဒီည လာမီးယာမယ် ဘောလွန်ဒေါဆုရလိမ့်မယ်လို့ စပိန်လူမျိုး နာမည်ကြီး ရုပ်သံဒါရိုက်တာတဦးဖြစ်တဲ့ Edu Aguirreက ပြောဆိုလိုက်ပါတယ်။

“လာမီးယာမယ် ရွှေဘောလုံးရမှာပါ။ မရဘဲနဲ့ လူအယောက် ၂၀ လောက်ခေါ်သွားစရာအကြောင်းမရှိပါဘူး။ ကျွန်တော့်အမြင်ပြောတာပါ” လို့ ပြောခဲ့ပါတယ်။

ယာမဲက အခုညပွဲအပြီး ပဲရစ်မှာ ပါတီကျင်းပဖို့ မိသားစုဝင်တွေ သူငယ်ချင်းတွေ စုစုပေါင်းအယောက် ၂၀ လောက်ကို ခေါ်သွားတယ်လို့သိရပါတယ်။

တဖက်မှာလည်း PSG နည်းပြ လူးဝစ်အင်းနရီကေးက သူ့စိတ်ထဲမှာ “အူစမန်း ဘော်လွန်ဒေါ” ဆိုတဲ့ သီချင်းတပုဒ်စွဲနေတယ်လို့ပြောထားပြီး ဒမ်ဘီလီရမယ်ဆိုတာ အခိုင်အမာယုံကြည်နေပါတယ်။ ဒီနှစ်က ဒမ်ဘီလီနဲ့ ယာမယ်အားပြိုင်ရမယ့် ရွှေဘောလုံးဖြစ်ပါတယ်။

ဘော်လွန်ဒေါဆုဆိုတာ ဆုပေးပွဲမတိုင်ခင်ကတည်းက ဆုရမယ့်ကစားသမားကို ကြိုတင်အသိပေးထားတဲ့ ဆုဖြစ်ပါတယ်။ ဒါကြောင့် မနှစ်က ဆုပေးပွဲအနားနီးမှ ရိုဒရီရမယ်ဆိုတဲ့သတင်းကြောင့် အဖြူရောင်တော်ဝင်သူငယ်ချင်းလေးများ ရှက်သွေးဖြာစိတ်ဆိုးပြီး တသင်းလုံး ပွဲတက်မယ့်အစီအစဉ်ကို ဖျက်ခဲ့ကြတာဖြစ်ပါတယ်။

#ရွှေပြည်အေး #ရွှေဘောလုံး #ယာမယ်

20/09/2025

ပွဲအစ ၄ မိနစ်မှာတင် အမ်ဘူမိုကို တားဆီးပုံကြောင့် တိုက်ရိုက်အနီကဒ်နဲ့ ချယ်လ်ဆီးဂိုးသမား ရောဘတ်ဆန်းချက်ဇ်အထုတ်ခံခဲ့ရပါတယ်။

တယောက်လျော့ကစားနေတဲ့အနေအထားမှာ ချယ်လ်ဆီးနည်းပြမာရက်ဇ်ကာက ကိုးပါးမားလ်၊ နီတို၊ အက်စ်တီဗာအိုတို့ကိုလူစားလဲခဲ့ပါတယ်။ ပထမပိုင်း ၃၆မိနစ်အရောက်မှာတော့ မန်ယူက ၂-၀ နဲ့ဦးဆောင်နေပြီဖြစ်ပါတယ်။

မန်စီးတီးက အဝေးကွင်းညံ့တာသိပေမယ့် ဒီပွဲကိုရှုံးမယ်မထင်ထားခဲ့တာတော့ ဝန်ခံရမယ်။ စီးတီးရဲ့အရှိန်အဝါကြောင့် ဒီနှစ်ပရီးမီးယား...
31/08/2025

မန်စီးတီးက အဝေးကွင်းညံ့တာသိပေမယ့် ဒီပွဲကိုရှုံးမယ်မထင်ထားခဲ့တာတော့ ဝန်ခံရမယ်။ စီးတီးရဲ့အရှိန်အဝါကြောင့် ဒီနှစ်ပရီးမီးယားလိဂ်က စီးတီးအတွက်ပဲလို့ ပရိတ်သတ်အများစုက ယူဆကြပေမယ့် လက်ရှိအနေအထားအရ မလွယ်ကူတာတွေ့ရပါလိမ့်မယ်။

လူသစ်အများစုနဲ့ဖွဲ့စည်းထားတဲ့ စီးတီးအစုအဖွဲ့က အသားကျဖို့လိုအပ်နေပါသေးတယ်။ ရာသီအစမို့ ဘာကိုမှတပ်အပ်ပြောလို့မရသေးပါဘူး။ ဒါပေမယ့် မန်စီးတီးအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့က အရင်ရာသီထက်တောင် ပိုခက်မလားစဉ်းစားမိပါတယ်။

ဒီနေ့တော့ အေးအေးပဲနေတော့မယ်။ မင်းတို့ကို လူလိုပြိုင်ငြင်းဖို့ဖိတ်ခေါ်တယ်၊ ကျောက်ခေတ်က အပြောအဆိုတွေ ချန်ထားခဲ့ဖို့ ဆုံးမပ...
27/08/2025

ဒီနေ့တော့ အေးအေးပဲနေတော့မယ်။ မင်းတို့ကို လူလိုပြိုင်ငြင်းဖို့ဖိတ်ခေါ်တယ်၊ ကျောက်ခေတ်က အပြောအဆိုတွေ ချန်ထားခဲ့ဖို့ ဆုံးမပေးတယ်။ ဒါပေမယ့် သိပ်မထူးခြားပါဘူး။ ယဉ်ကျေးမှုအဆင့်အတန်းက ဒီလောက်ပဲ။ အမေကိုင်တုတ်တဲ့အဆင့်က တက်မလာဘူး။

ဘာကြောင့် ဒီလိုယဉ်ကျေးမှုမမြင့်မားရလဲ၊ ဘာလို့လူပီသစွာမငြင်းခုန်တတ်ကြလဲ၊ ဘာလို့ anger issue တွေ အရမ်းကြီးလဲ၊ ဘာလို့ကျောက်ခေတ်က အပြောအဆိုတွေရှိနေသေးလဲဆိုတာ မနေ့ကပို့စ်မှာ ကျနော်ရှင်းပြခဲ့တယ်။ အာဏာရှင်စနစ်အောက်မှာ နှစ် ၆၀ ကျော် ကြီးပြင်းခဲ့ရပြီး စစ်မှန်တဲ့ပညာရေးမရလို့၊ နိုင်ငံက ဆင်းရဲတွင်းထဲကျပြီး ပြည်သူတွေက ငတ်မွတ်ခေါင်းပါးပြီး စားဝတ်နေရေးကို ဦးစားပေးရတဲ့အခါ အသိပညာမရှာနိုင်ကြောင်း စသဖြင့် ပြောခဲ့ပါတယ်။

အဲဒါကို “မဆိုင်တဲ့ နိုင်ငံရေးဆွဲထည့်ပြန်ပြီ” လို့ပြောတဲ့သူက ရှိသေးတယ်။ နိုင်ငံဒီအခြေအနေထိရောက်နေတာတောင် နိုင်ငံရေးကိုယ်နဲ့မဆိုင်ဘူးထင်တဲ့သူက ရှိသေးတယ်။ နိုင်ငံရေးဆိုတာ သာမာန်ပြည်သူနဲ့မဆိုင်တဲ့အရာလို့ ထင်အောင်လည်း စစ်တပ်က သေချာဦးနှောက်မုဒိန်းကျင့်ပြီး အုပ်ချုပ်ထားတာဖြစ်တယ်။

တိုင်းပြည်တပြည်မှာ ဖြစ်ပျက်သမျှအရာအားလုံးက နိုင်ငံရေးနဲ့ တိုက်ရိုက်သက်ဆိုင်တယ်။ ယဉ်ကျေးမှုအဆင့်အတန်းနိမ့်ပါးတာက အကြီးမားဆုံးဥပမာပေါ့။ ငါတို့ဟာ တယောက်ယောက်နဲ့ငြင်းခုန်တဲ့အခါ တဖက်က ပြောတာမှန်ရင် ကိုယ်ဘယ်လောက်မုန်းတဲ့သူဖြစ်ပါစေ လက်ခံတတ်ရတယ်။ ဘယ်သူမှ အမြဲမှန်နေတဲ့သူဆိုတာ မရှိပါဘူး။ အငြင်းအခုန် တခုလုပ်တယ်၊ ငြင်းတာ လေသာကုန်သွားတယ်၊ ကိုယ့်ဘာသာ မဆင်ခြင်မသုံးသပ်ရင် အလကားပါပဲ။

နောက်တခုပြောချင်တာက ကိုယ်တိုင်က တခြားလူတယောက်ကို မင်းဘာမလုပ်နဲ့ ဘာလုပ်ပါလို့ အမိန့်ပေးလို့မရပါဘူး။ အထူးသဖြင့် အဲဒီလူက ဆဲဆိုရိုင်းစိုင်းနေတာမဟုတ်ဘဲ အကြောင်းအရာတခုခုကို ကျိုးကြောင်းဆီလျော်စွာပြောဆိုတယ်ဆိုရင်ပေါ့။ ကိုယ်က သူပြောတာကို သဘောမတူရင် ဘာကြောင့်သဘောမတူလဲဆိုတာကို ရှင်းပြပြီး ပြန်ငြင်းရမယ်။ အဲ့လိုမှမဟုတ်ဘဲ “မင်းကမက်ဆီ page, မက်ဆီအကြောင်းပဲတင်၊ မင်းပထွေးအကြောင်း မတင်နဲ့လေ” လို့ပြောတာက အာဏာရှင်ဆန်တာထက်မပိုပါဘူး။ မင်းတို့လိုချင်တဲ့ ဒီမိုကရေစီမှာလည်း အဲဒါမျိုးမရှိပါဘူး။ ရော်နယ်ဒိုကို ရိုင်းစိုင်းတဲ့အသုံးတွေသုံးပြီး ဆဲဆိုတာမျိုး တခါမှမလုပ်ခဲ့ဖူးတဲ့အလျောက် အချက်အလက်နဲ့တကွ ဆက်လက်သရော်သွားဦးမှာ ဖြစ်ပါကြောင်း။ မကျေနပ်ရင် အချက်အလက်နဲ့တကွ ပြန်လာငြင်းလို့ရပါကြောင်း။

ဒီကြားထဲ ပညာရေးကို ပကာသနလို့ပြောတဲ့လူကိုတွေ့ရတော့ အရမ်းဝမ်းနည်းမိတယ်။ မင်းသာ အဆင့်မီတဲ့ပညာရေးကို ရခဲ့ရင် လောကကြီးဟာ မင်းအတွက် အရမ်းအံ့ဩစရာကောင်းနေမှာ။

ရော်နယ်ဒိုကို အပုပ်ချတယ်တို့၊ ဘလိမ်းတယ်တို့ လာပြောနေလို့။ ငါ့ page မှာ ရော်နယ်ဒိုကို ပင်နယ်ဒိုတို့၊ ဂုတ်တုတို့ တခါမှ မခေ...
26/08/2025

ရော်နယ်ဒိုကို အပုပ်ချတယ်တို့၊ ဘလိမ်းတယ်တို့ လာပြောနေလို့။ ငါ့ page မှာ ရော်နယ်ဒိုကို ပင်နယ်ဒိုတို့၊ ဂုတ်တုတို့ တခါမှ မခေါ်ဖူးဘူး။ ငါ သူ့ကိုဆဲတာလဲ တခါမှမလုပ်ဖူးဘူး။ ငါ ရော်နယ်ဒိုကို ငဒို၊ ရော်နယ်ဒို… ဒါမျိုးပဲ ခေါ်ဝေါ်တယ်။ ရော်နယ်ဒို မက်ဆီကို မယှဉ်နိုင်တဲ့အချက်အလက်တွေကိုပဲ ပြောပြတာပဲရှိတာ။ ဆဲတဲ့စကားလုံး တခွန်းမှမပါတာတောင် အနာပေါ်တုတ်ကျ တီကောင်ဆားပက်သလို ထွန့်ထွန့်လူးနေတာ။

ငါနေ့တိုင်းပြောနေတာ၊ ရှင်းရှင်းလေးပဲ။ ကြိုက်သလောက်ငြင်းလို့ရတယ်။ လူလိုငြင်း၊ ငါမှားရင် မှားတာကို အချက်အလက်နဲ့တကွထောက်ပြ။ ငါ လူသားဆန်တဲ့ အငြင်းအခုန်လုပ်ဖို့ အဆင်သင့်ပဲ။ အခုတော့ မင်းတို့ဟာက သင့်တင့်တဲ့ အသိပညာလည်းမရှိ။ မျက်ကန်းစွာ၊ အစွန်းရောက်စွာ ကျောက်ခေတ်က လူရိုင်းတွေလို ဆဲဆိုရိုင်းစိုင်း ထွန့်ထွန့်လူးနေတာမြင်မကောင်းဘူး။

ငါ့ဘဝမှာ အခုချိန်ထိ ရော်နယ်ဒိုကိုရော၊ သာမန် အသိပညာရှိတဲ့ ရော်နယ်ဒိုဖန်တွေကိုရော၊ ဖက်ဆစ်ဆန်တဲ့ ရော်နယ်ဒိုဖန်တွေကိုရော တခါမှမဆဲဖူးဘူး။ မင်း
တို့သာ အားနေ ငါ့ကို အမေကိုင်တုတ်ဆဲရတာနဲ့၊ မက်ပုတို့ သူခိုးတို့ ခေါ်ရတာနဲ့။ ဒါနဲ့များ ငါ့ကို respect ရှိဖို့ပြောသေးတယ်။ respect ရှိလို့ပဲ သက်သေမရှိ၊ အချက်အလက်မရှိတာတွေကို တခါမှမပြောဖူးဘူး။

မင်းတို့သာ အသိပညာမဲ့စွာ၊ ဦးဏှောက်ကန်းစွာနဲ့ မက်ဆီကို body shaming လုပ်ပြီး မက်ပုလို့ခေါ်တယ်။ ပြီးတော့ ဆုများများရလေလေ မနာလိုလိုလေလေဖြစ်ပြီး သူခိုးလို့ စွပ်စွဲတယ်။ အဲဒါမျိုးကို ဂုဏ်ယူနေရင်တော့ အဲဒါ မင်းတို့ရဲ့ အဆင့်အတန်းပဲ။

civilized ဖြစ်တယ်ဆိုတာဘာလဲ ငါပြောပြမယ်။ ငါ့မှာ မင်းတို့ဆဲတာခံရင်း မင်းတို့လို ignorant ဖြစ်တဲ့လူအုပ်ကြီးကို ပညာပေးရတာက အလုပ်တခု။ civilized ဖြစ်တဲ့ လူ့အဖွဲ့အစည်းဆိုတာ ကောင်းမွန်စွာ ဖွံဖြိုးတိုးတက်တဲ့ ယဉ်ကျေးမှု၊ အစိုးရစနစ်နဲ့အတူ မျှတစွာနေထိုင်တဲ့ လူမှုဘဝကိုခေါ်တယ်။ ဗမာပြည်ရဲ့ အများစုက civilized မဖြစ်တဲ့ လူအဖွဲ့အစည်းဖြစ်တယ်။ ဘာကြောင့် ယဉ်ကျေးမှုအဆင့်အတန်းနိမ့်ကျလဲဆိုရင် မင်းတို့ကိုယ်မင်းတို့ပြန်ကြည့်ပေါ့။ မင်းတို့ဟာ နှစ်ပေါင်း ၆၀-၇၀ လောက် စစ်အာဏာရှင်စနစ်အောက်မှာ နေထိုင်ကြီးပြင်းလာရတဲ့အတွက် အခုလိုယဉ်ကျေးမှုအဆင့်အတန်းခေါင်းပါးပြီး ကောင်းမွန်စွာ မငြင်းခုန်နိုင်တာဖြစ်တယ်။ အာဏာရှင်စနစ်ရဲ့ ပညာရေးမှာ မင်းတို့ရဲ့ဦးနှောက်က မင်းတို့မသိလိုက်ခင်မှာပဲ မုဒိန်းကျင့်ခံခဲ့ရပြီးသားဖြစ်တယ်။

ဒါကြောင့် အဆဲအဆိုမပါရင်၊ အမေကိုင်တုတ်မစော်ကားရရင် မငြင်းတတ်တာဖြစ်တယ်။ မင်းတို့မှာ ငါ့ကိုပြိုင်ငြင်းစရာအချက်အလက်တွေ၊ logic တွေ reason တွေနဲ့ လူပီသစွာ လာငြင်းလို့ရတယ်။ ဒါပေမယ့် မင်းတို့မလာဘူး၊ ပညာ မျက်စိကန်းစွာ ဆဲဖို့ရွေးခြယ်တယ်။ ပုံပြင်က ဒီမှာဆုံးတယ်။

ငါကရော ဒီနိုင်ငံမှာပဲကြီးတယ်၊ ငါလဲ အတူတူပဲလို့ လာမငြင်းနဲ့။ အတူတူပဲဟုတ်တယ်။ ဒါမယ့် အခြေအနေမတူစွာ ငါဘယ်နိုင်ငံက ဘယ်တက္ကသိုလ်မှာ ဘယ်ဘာသာသင်တယ်ဆိုပြီး ဂုဏ်တွေမဖော်ချင်ဘူး။ မင်းတို့ကိုလည်း တောသားလို့မခေါ်ရက်ဘူး။ ဘယ်တုန်းကမှလည်း မခေါ်ခဲ့ဘူး။ ဘောလုံးနဲ့ပတ်သက်ရင်သာ အမြင်တွေကွဲလွဲနေပေမယ့် မင်းတို့သားသမီးမျိုးဆက်တွေ အာဏာရှင်အောက်မှာ မနေရစေဘဲ မင်းတို့ငါတို့မျိုးဆက်လို brainwash မခံရစေဖို့ ငါ့မှာတာဝန်ရှိသေးတယ်။

ဒီလောက်ဆုံးမထားတာတောင် ဆဲဦးမယ်ဆိုလည်း ဆဲပေါ့။ တသက်လုံးစွဲကိုင်လာတဲ့ ယဉ်ကျေးမှုစံနှုန်းတွေကို ငါ၁ ပတ်လောက်နဲ့ ဘယ်ချွတ်လို့ရမှာလဲ။ ငါနားလည်ပါတယ်။ ဒီနေ့တော့ ဒီလောက်ပဲကွာ။

ဒီနေ့တော့ မငြင်းချင်လို့ မစနောက်တော့ဘူးကွာ။ မနေ့က post မှာ ဘဲတပွေ လာမန့်တယ်။ “အရေးအသားထိမိပြီး နှလုံးသားချင်းတိုက်ဆိုင်လ...
25/08/2025

ဒီနေ့တော့ မငြင်းချင်လို့ မစနောက်တော့ဘူးကွာ။

မနေ့က post မှာ ဘဲတပွေ လာမန့်တယ်။ “အရေးအသားထိမိပြီး နှလုံးသားချင်းတိုက်ဆိုင်လို့ ရန်ကုန်ကဆို အပြင်မှာတွေ့ချင်ပါတယ်” တဲ့။

ကျနော်လည်း အစတော့ တကယ်ထင်နေတာ။ wall ထဲဝင်ကြည့်မှ ရော်နယ်ဒိုဖန်မှန်းသိတယ်။ ကျနော့်ကို အပြင်မှာခေါ်ပြီး ဆော်ဖို့ကြံနေကြတာ။ ဒီကိစ္စလောက်နဲ့ လူရိုက်ဖို့ထိပါတွေးကြတာကွာ။ တကယ့် fascist တွေ 💀

ရော်နယ်ဒိုကိုလှောင်မှ ဖေ့စ်ဘွတ်ကရတဲ့ပိုက်ဆံနဲ့ ငါထမင်းစားရမယ်ဆိုပဲ။ ငါ့ပေ့ဂျ်ကို ဖေ့စ်ဘွတ်ကပိုက်ဆံပေးတယ်လို့ထင်နေတာနဲ့တင...
24/08/2025

ရော်နယ်ဒိုကိုလှောင်မှ ဖေ့စ်ဘွတ်ကရတဲ့ပိုက်ဆံနဲ့ ငါထမင်းစားရမယ်ဆိုပဲ။ ငါ့ပေ့ဂျ်ကို ဖေ့စ်ဘွတ်ကပိုက်ဆံပေးတယ်လို့ထင်နေတာနဲ့တင်ကို ကျေးဇူးတင်နေပြီ။

အမှန်တော့ ရော်နယ်ဒိုကိုလှောင်တာက ပျော်လို့၊ လှောင်ချင်လွန်းလို့၊ ဝါသနာပါလို့ကို အချိန်ကုန်ခံပြီးလှောင်တာ။ မနာလိုစိတ်ဖြစ်စရာလည်း မရှိ။

နောက်ပြီးပြောသေးတယ်။
“ရော်နယ်ဒိုက မင်းတို့တမိသားစုလုံးထက် ချမ်းသာတယ်တို့ ဘာတို့”။ ဦးနှောက်လည်းသုံးပေါ့၊ ငါ့မိသားစုမပြောနဲ့၊ ငါတို့တမြို့လုံးထက်လည်း ချမ်းသာတာပဲ။ အဲဒီတော့ ဘာဖြစ်လဲ။ သူက ကမ္ဘာကျော်ဘောလုံးသမားလေ၊ သူချမ်းသာတာထူးဆန်းလို့လား။ ဘောလုံးသမားဆိုတာ ကမ္ဘာ့ဖလားနဲ့ ယှဉ်ရတယ်။ ဆုဖလားနဲ့ ယှဉ်ရတယ်။ ဂိုးနဲ့ ဖန်တီးမှုနဲ့ ယှဉ်ရတယ်။ အောင်မြင်မှုကို မက်ဆီနဲ့ သွားမယှဉ်ဘဲ ငါနဲ့လာယှဉ်​နေတယ်။ စိတ်ဒစ်ပဲ။

နောက်ထပ်ရှိသေးတယ်။
“ကမ္ဘာ့ဖလားရဖူးတဲ့သူ အများကြီးရှိတယ်။ ဂိုး ၉၀၀ ပြည့်တဲ့သူ ငဒိုတယောက်ရှိတယ်” တဲ့။

အင်း တယ်ခက်တာပဲ။ မသိရင် မက်ဆီက ဂိုးပေါင်း ၃၀ ပဲရှိသလိုလိုနဲ့။ ပါးပါးမက်ဆီက ဂိုး ၈၅၀ ကျော်အပြင် ဖန်တီးမှု ၃၀၀ ကျော်နဲ့ ဘောလုံးသမိုင်းမှာ အများဆုံးကွ။ ဒါတောင် မင်းတို့ဂုတ်ကြီးလောက် ပွဲမများဘူး။ goal ratio အရဆိုလည်း သာနေတယ်။ ဂိုး+ဖန်တီးမှုဆိုလည်း သာတာထက်တောင် ပိုနေသေးတယ်။

ဒါ့အပြင် ဘောသမိုင်းမှာ ဖလားအများဆုံးကလည်း မက်ဆီ၊ ရွှေဖိနပ်အများဆုံးကလည်း မက်ဆီ၊ ရွှေဘောလုံးအများဆုံးကလည်း မက်ဆီ။ ဘယ်နားမှ မသာတာကို အတင်းခံငြင်းနေတာကိုကွ။

Debating is easier when reality is on your side ဆိုတာရှိတယ်။ ငါပြောပြမယ်၊ အမှန်တရားက ကိုယ့်ဘက်မှာရှိနေတဲ့အခါ ငြင်းခုန်ရတာ အရမ်းလွယ်ကူတယ်တဲ့။

ကိုယ်ကြိုက်တာနဲ့ပိုကောင်းတာကို ခွဲခွဲခြားခြားသိပြီး လက်ခံနိုင်ဖို့ကြိုးစားကြလို့ပဲ အကြံပေးရမှာပါ။

မင်းတို့ဟာ ငြင်းကြခုန်ကြပြီဆိုရင် civilized မဖြစ်ကြတော့ ငါလည်းမင်းတို့နဲ့ပြိုင်မငြင်းချင်ဘူး။ အချက်အလက်၊ logic, reason နဲ့မငြင်းကြဘူး၊ အမေကိုင်တုတ်၊ ဆဲဆိုရိုင်းစိုင်းပြီး လူရိုင်းတွေလို ဖြဲကြတော့ ငါလည်းစိတ်ပိန်တယ်ကွာ။

ထပ်ပြောဦးမယ်၊ ဖေ့စ်ဘုတ်က ငါ တပြားမှမရဘူး။ ရော်နယ်ဒိုကို စနောက်လှောင်ပြောင်ရရင် ပျော်လို့ကို သီးသန့်လုပ်တာကွာ။ ထပ်နာလည်း ထပ်ဆဲကြကွာ၊ မင်းတို့ကို မဆဲနဲ့လို့ ဆုံးမရတာလည်း မောပြီ။ မနိုင်ဘူး။

မနေ့ညက ဂုတ်ကြီးရှုံးလို့ထင်တယ်၊ အိပ်မက်လှလှမက်တယ်။ သူဖလားမရတာ ၅ နှစ်ပြည့်တော့မယ်ဆိုတဲ့ စိတ်နဲ့အိပ်လိုက်တာ ကောင်းမွန်သောအ...
24/08/2025

မနေ့ညက ဂုတ်ကြီးရှုံးလို့ထင်တယ်၊ အိပ်မက်လှလှမက်တယ်။ သူဖလားမရတာ ၅ နှစ်ပြည့်တော့မယ်ဆိုတဲ့ စိတ်နဲ့အိပ်လိုက်တာ ကောင်းမွန်သောအိပ်စက်ခြင်းကိုရတယ်။

ဒါပေမယ့် ဂုတ်ကြီးက ဂုတ်ကြီးပါပဲ။ အဲဒီပွဲမှာ အယ်လ်နားဆားအတွက် ဂိုး ၁၀၀ ပြည့်ခဲ့တယ်။ ဂိုး၁၀၀ထဲမှာ ၂၆ ဂိုးကပင်နယ်တီပါ။ ဒီတော့ လေးပုံပုံ တပုံက ပင်နယ်တီဖြစ်ပါတယ်။

ဆိုလိုတာကတော့ ပျမ်းမျှအားဖြင့် ဂုတ်ကြီး လေးဂိုးသွင်းတိုင်း အဲဒီထဲက တဂိုးက ပင်နယ်တီဖြစ်တယ်ဆိုတာ သေချာပေါက်တွက်လို့ရတာပါ။ အယ်နာဆားအတွက် ပထမဆုံးဂိုးကို ဂုတ်ကြီးက ပင်နယ်တီကသွင်းခဲ့သလို ၁၀၀ မြောက်ဂိုးကိုလည်း ပင်နယ်တီကနေပဲ သွင်းခဲ့တာပါ။

ဖလားမရပေမင့်လည်း ဂိုး ၁၀၀၀ ပြည့်ဖို့ ပိုနီးစပ်သွားတာမို့ သူ့အတွက်တော့ အကုန်မရှုံးခဲ့ဘူးပဲပြောရမှာပါ။

ဂုတ်ကြီးရော်နယ်ဒိုက ဆော်ဒီရောက်ပြီးကတည်းက ဖလားပြိုင်ပွဲတွေ၊ ဗိုလ်လုပွဲတွေမှာ ဆယ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပါပြီ 😍• Janu...
23/08/2025

ဂုတ်ကြီးရော်နယ်ဒိုက ဆော်ဒီရောက်ပြီးကတည်းက ဖလားပြိုင်ပွဲတွေ၊ ဗိုလ်လုပွဲတွေမှာ ဆယ်ကြိမ်ဆက်တိုက် ရှုံးနိမ့်ခဲ့ပါပြီ 😍

• January 2023: ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်မှာ Al-Ittihad ကိုရှုံးပြီး ပြိုင်ပွဲကထွက်ရ ❌

• April 2023: သုံးလအကြာမှာ ဆော်ဒီဘုရင့်ဖလား ဆီမီးဖိုင်နယ်မှာ Al-Wehda ကို ရှုံးပြီး ပြိုင်ပွဲကထွက်ရ ❌

• May 23: ဆော်ဒီလိဂ်မှာ ဒုတိယသာရခဲ့ပြီး အမှတ်ပေးဖလား ဆုံးရှုံးခဲ့ ❌

• March 2024: အာရှချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ Al-Ain ကိုရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရ ❌

• April 2024: ဆော်ဒီစူပါဖလား ဆီမီးဖိုင်နယ်မှာ Al-Hilal ကိုရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရ ❌

• May 2024: ဆော်ဒီဘုရင့်ဖလား ဗိုလ်လုပွဲမှာ Al-Hilal ကိုထပ်ရှုံးပြီး ဖလားလက်လွှတ်ရ ❌

• May 24: တစ်လထဲအတွင်းမှာပဲ ဆော်ဒီလိဂ်မှာ စည်သူလွင်ထပ်ဖြစ်ပြီး ဖလားလက်လွှတ်ရ ❌

• August 2024: ဆော်ဒီစူပါဖလား ဗိုလ်လုပွဲမှာ Al-Hilal ကိုပဲ ထပ်ရှုံးပြီး ဖလားထပ်လက်လွှတ်ရ ❌

• October 2024: ဆော်ဒီဘုရင့်ဖလား ၁၆ သင်းအဆင့်မှာ Al-Taawoun ကိုရှုံးပြီး ပြိုင်ပွဲကထွက်ရ ❌

• April 2025: အာရှချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ ဂျပန်ကလပ် Kawasaki ကိုရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရ ❌

• May 2025: ဆော်ဒီလိဂ်မှာ ဒုတိယတောင် မရတော့ဘဲ တတိယသာရခဲ့ ❌

• August 2025: အခုည ဆော်ဒီစူပါဖလားဗိုလ်လုပွဲမှာ Al-Ahli ကိုရှုံးပြီး ဖလားလက်လွှတ်ရ ❌

ဝိုးးး ဂုတ်ကြီးက ဂျူဗင်တပ်က ထွက်လာပြီးနောက်ပိုင်း ဘာဖလားမှ မရတော့တာပါ။ ဖလားမရတာ ၅ နှစ်ပြည့်ပါတော့မယ်။ ဥရောပကနေ တသင်းလုံးစာ လူဖြည့်ပေးပေမယ့် ဆော်ဒီမှာ ဂုတ်ကြီးက ဖလားမရနိုင်သေးဖြစ်နေပါတယ်။ အသက် ၅၀ ပြည့်မွေးနေ့မှာ ရှမ်းယူနိုက်တက်ကို အနိုင်ယူပြီး အယ်လ်နားဆားအတွက် ပထမဆုံးဖလားယူပေးဖို့ အားခဲထားတယ်လို့ ဂုတ်ကြီးက ပြောပါတယ် 😍

ဒီနေ့ဟာ ကောင်းသောနေ့ရယ်ပါ 😍(ဂုတ်ကြီးရော်နယ်ဒိုဟာ ဒီညကစားခဲ့တဲ့ Al Ahli နဲ့ ဆော်ဒီစူပါဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြန်...
23/08/2025

ဒီနေ့ဟာ ကောင်းသောနေ့ရယ်ပါ 😍

(ဂုတ်ကြီးရော်နယ်ဒိုဟာ ဒီညကစားခဲ့တဲ့ Al Ahli နဲ့ ဆော်ဒီစူပါဖလားဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ ဆော်ဒီမှာ official ဆုဖလားတခါမှ မရသေးတဲ့ စံချိန်ကောင်းကို ဆက်ထိန်းထားခဲ့ပါတယ်။ အခုဆို ဂုတ်ကြီး ဆုဖလားမရတာ ၅နှစ် ပြည့်ပါတော့မယ်။ ဂုတ်ကြီးနောက်ဆုံး ဆုဖလားရခဲ့တာ ဗမာပြည် အာဏာစသိမ်းခံရတဲ့ 2021 မေလတုန်းက ဂျူဗင်တပ်မှာဖြစ်ပါတယ်။

ဂုတ်ကြီးက ဆုဖလားမရပေမယ့် အသက် ၅၀ ပြည့်တဲ့အထိ အစွမ်းကုန်ကြိုးစားသွားမှာဖြစ်ပါတယ်။)

14/08/2025
မက်ဆီရဲ့ ၂၀၁၈ခုနှစ်နောက်ပိုင်း ဖရီးကစ်ဂိုးအရေအတွက်ဟာ ပင်နယ်တီဂိုးတွေထက်တောင် ပိုများနေပါတယ်။ မက်ဆီက ၂၀၁၈ နောက်ပိုင်း ပင်...
13/07/2025

မက်ဆီရဲ့ ၂၀၁၈ခုနှစ်နောက်ပိုင်း ဖရီးကစ်ဂိုးအရေအတွက်ဟာ ပင်နယ်တီဂိုးတွေထက်တောင် ပိုများနေပါတယ်။ မက်ဆီက ၂၀၁၈ နောက်ပိုင်း ပင်နယ်တီ ၃၃ ဂိုးသွင်းခဲ့ပြီး ဖရီးကစ် ၃၅ဂိုးတောင်သွင်းခဲ့ပါတယ်။

မက်ဆီက ဖရီးကစ်ဂိုး စုစုပေါင်း ၆၉ဂိုးသွားထားပြီဖြစ်ပြီး သမိုင်းတလျှောက်ဖရီးကစ်သွင်းဂိုးအများဆုံး နံပါတ် ၃ နေရာမှာရပ်တည်နေပါတယ်။ နံပါတ် ၁ နေရာက ဂျူနင်ဟိုကို ကျော်ဖြတ်ပြီး အများဆုံးဖြစ်ဖို့ ၉ ဂိုးသာလိုပါတော့တယ်။ နံပါတ် ၂ နေရာက ပီလီကိုမှီဖို့ ၁ ဂိုးသာလိုပါတော့တယ်။

မက်ဆီကနောက်ဆုံး MLS ငါးပွဲဆက်တိုက် တစ်ပွဲကို ၂ ဂိုးသွင်းခဲ့ပြီး စုစုပေါင်း ဆယ်ဂိုးထိသွင်းခဲ့ပါတယ်။

ที่อยู่

211 16 Soi Damnoen Klang Nuea, Wat Bowon Niwet, Phra Nakhon
Bangkok
10200

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ SHWE PYI AYEผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์