
09/01/2025
မြန်မာနိုင်ငံမှ နျူကလီယားဆက်စပ်ပစ္စည်းများအပါအဝင် လက်နက်မှောင်ခိုရောင်းဝယ်မှုအတွက် အပြစ်ရှိကြောင်း ဂျပန်ရာကူဇာခေါင်းဆောင်က အမေရိကန်တရားရုံးတွင် ၀န်ခံထွက်ဆို
ဂျွန်နသန်၊ နိရဉ္စရာ၊ ဇန်နဝါရီ ၉/ ၂၀၂၅
မြန်မာနိုင်ငံမှ နျူကလီယား ဆက်စပ်ပစ္စည်းများကို မှောင်ခိုရောင်းဝယ်မှု အပါအ၀င် မြန်မာနိုင်ငံ အတွင်း စစ်လက်နက် ပစ္စည်းများတင်ပို့ခြင်း၊ မူးယစ်ဆေးဝါးများကို အမေရိကန်သို့ ပြန်လည်တင်သွင်း ခြင်းများ ပြုလုပ်ခဲ့ရာတွင် အပြစ်ရှိကြောင်း ဂျပန်ရာကူဇာခေါင်းဆောင်က အမေရိကန် ရှိတရားရုံးတွင် ၀န်ခံ ထွက်ဆိုလိုက်ပြီဖြစ်သည်။
ဂျပန်နိုင်ငံမှ ယာကူဇာခေါင်းဆောင်ဖြစ်သူ Takeshi Ebisawa သည် မြန်မာနိုင်ငံမှ နျူကလီယား ဆက်စပ် ပစ္စည်းများကို မှောင်ခိုရောင်း၀ယ်မှုပြုလုပ်ခဲ့ခြင်းသာမက စစ်ဖြစ်နေသည့် မြန်မာနိုင်ငံ အတွင်းသို့ စစ်လက်နက် ပစ္စည်းများ တင်ပို့ရာတွင် မူးယစ်ဆေးဝါးများကို လဲလှယ်မှုများပြုလုပ်ခဲ့ပြီး အမေရိကန်သို့ ပြန်လည် တင်သွင်း ခြင်းဖြင့်ပြစ်မှုထင်ရှားခဲ့ကြောင်း၊ ၄င်းက၀န်ခံထွက်ဆိုခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုတရားရုံးက ဇန်နဝါရီ(၈)ရက်ကတရား၀င် သတင်းထုတ်ပြန်ခဲ့သည်။
"ဒီနေ့ ပြည်ထောင်စုတရားရုံးမှာ ဝန်ခံခဲ့တဲ့အတိုင်း Takeshi Ebisawa ဟာ လက်နက်အဆင့်ရှိတဲ့ ပလူတိုနီယံ အပါအဝင် နူကလီးယားနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို မြန်မာနိုင်ငံကနေတဆင့် ပြောင်ပြောင်တင်းတင်းကို ရောင်းဝယ်ဖောက်ကားမှုပြုခဲ့ပါတယ်” ဟု နယူးယောက်မြို့တောင်ပိုင်း ခရိုင်ပြည်ထောင်စု တရားရုံးမှ ယာယီခရိုင်ရှေ့နေချုပ် Edward Y. Kim က ပြောကြားခဲ့သည်။
“တချိန်တည်းမှာပဲ ၄င်းဟာ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းမှာ အသုံးပြုဖို့ အတွက် မြေပြင် ကနေ ဝေဟင်ပစ် ဒုံးကျည်တွေလို အကြီးစား လက်နက်ကြီးတွေနဲ့ လဲလှယ်ခဲ့ပြီး ဘိန်းဖြူနဲ့ မက်သာဖက်တမင်း အမြောက်အမြားကို အမေရိကန်နိုင်ငံအတွင်းတင်ပို့ဖို့ လုပ်ဆောင်ခဲ့ပါတယ်၊ မူးယစ် ဆေးဝါးတွေကနေရရှိခဲ့တယ်လို့ ယူဆရတဲ့ ငွေတွေကိုလည်း ငွေကြေး ခဝါချမှုတွေကိုလည်း လုပ်ဆောင် ခဲ့ပါတယ်"ဟု၄င်းကဆက်လက်ပြောဆိုခဲ့သည်။
ဂျပန်နိုင်ငံမှ အသက် (၆၀) အရွယ် Takeshi Ebisawa သည် မြန်မာနိုင်ငံမှ အခြားနိုင်ငံများသို့ ယူရေနီယံနှင့် လက်နက်ထုတ်လုပ်နိုင်သည့်အဆင့်ရှိ ပလူတိုနီယမ် အပါအဝင် နျူကလီယားပစ္စည်းများ ကို မှောင်ခိုရောင်း၀ယ်ခြင်းများအပြင်၊နိုင်ငံတကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် လက်နက် ရောင်းဝယ်မှု စွဲချက်များတွင် အပြစ်ရှိကြောင်း ၄င်းက ဇန်နဝါရီ(၈)ရက်တွင် နယူးယောက်၊ မန်ဟက်တန်ရှိ ခရိုင်ပြည်ထောင်စုတရားရုံးတွင်၀န်ခံခဲ့ခြင်းဖြစ်သည်။
Source/အမေရိကန်ပြည်ထောင်စုတရားရုံး
ယခုသတင်း အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်>>>>>
https://burmese.narinjara.com/international/detail/677f21f6d2ce1360cbff2851
-----
မြန်မာနိုင်ငံမှ နျူကလီယားဆက်စပ်ပစ္စည်းများကို မှောင်ခိုရောင်းဝယ်မှုအပါအ၀င်မြန်မာနိုင်ငံအတွင်းစစ်လက်နက....