Green Heart အားလုံး လိုအင်ဆန္ဒတွေပြည့်ဝပါစေ🙏
သုတ ရသ ဟာသ (ပေါင်းစုံရောသမမွှေတင်ဆက်ပေးပါသည်)
like and follow ဖို့မမေ့နဲ့အုံးနော်
Thank all ❤️🤍💙

17/03/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

ဘာကြောင့် စာဖတ်ဖို့လိုသလဲ...ဆရာကြီးဦးအောင်သင်းရဲ့ကျွန်တော်အကြိုက်ဆုံးထဲက အကြိုက်ဆုံးစကားလူနဲ့တိရစ္ဆာန်ဘယ်သူသာလဲမေးရင်လူက...
07/02/2025

ဘာကြောင့် စာဖတ်ဖို့လိုသလဲ...

ဆရာကြီးဦးအောင်သင်းရဲ့
ကျွန်တော်အကြိုက်ဆုံးထဲက
အကြိုက်ဆုံးစကား

လူနဲ့တိရစ္ဆာန်
ဘယ်သူသာလဲမေးရင်
လူကသာတယ်လိုပဲဖြေကြတယ်
စဉ်းစားကြည့်ရအောင်...

မြင်းလောက်အပြေးသန်သလား?

ဆင်လောက်ခွန်အားကြီးသလား?

ငါးလောက်ရေကူးကျွမ်းသလား?

ကျီးကန်တို့လဒတို့လောက်
မျက်စိလျှင် လား?

အယ်ဇေးရှင်းခွေးလောက်
အနံ့ခံကောင်းလား?

ကျွန်တော်တို့က
အဖွဲ့အစည်းနဲ့ဘာနဲ့ညာနဲ့
စည်းလုံးတယ် ဘာညာနဲ့မပြောနဲ့

ပျားတွေလောက်မစည်းလုံးဘူးနော်

ပျားတွေဟာသိပ်ဝီရိယကောင်းတယ်

ပန်းပွင့်မညိုးခင်
မနက်စောစော
ကတည်းက လုံ့လစိုက်ပြီး
အလုပ်လုပ်တယ်

ပျားတစ်ကောင်ဟာ
ပန်းဝတ်ရည်ကိုတွေ့လာရင်
သတင်းလာပို့တယ်

သူကဦးဆောင်ခေါ်သွားတယ်
နောက်ကပျားတွေကလည်း
ထပ်ကြပ်မကွာလိုက်တယ်
သူတို့ယူလာတဲ့ဝတ်ရည်ကို
သိုလှောင်တဲ့နေရာမှ အတိတကျထားတယ်
ဘယ်ပျားကမှမခိုးဘူး ။
မှောင်ခိုမချဘူး
ကောင်းလိုက်တဲ့ဗီဇ

ရှဉ့်လျှောက်လို့ရအောင်
လမ်းချန်ပေးထားတယ်

သူများသွားလမ်းပိတ်မထားဘူး
လူတွေလို ဘယ်သူသေသေ
ပြီးပြီးရောဆိုတဲ့
စိတ်ယုတ်မရှိဘူး
ပျားအုံကိုထိရင်
အသေခံကာကွယ်တယ်
ကြည့်စမ်း

ပျားတွေနိုင်ငံတော်သည်
ဘယ်လောက်အားကျဖို့ကောင်းလဲ
ဘယ်လောက်အတုယူဖို့ကောင်းလဲ
ကောင်းပြီး ဆက်စဉ်းစားကြရအောင်
လူတွေဟာတိရစ္ဆာန်တွေထက်
ဘယ်နေရာသာသလဲ
အဖြေထုတ်ကြည့်ရင်
်သုံးမျိူးပဲရှိတယ်

၁.အလှအပကိုခံစားတတ်ခြင်း
ဖန်တီးတတ်ခြင်း

၂.ကိုယ့်ကျင့်တရားရှိခြင်း

၃.ကျိူးကြောင်းဆင်ခြင်နိုင်ခြင်း
ဥာဏ်ပညာရှိခြင်း

လူတွေဟာအလှအပကိုခံစားတတ်တယ် ဖန်တီးတတ်တယ်
တိရစ္ဆာန်တွေမှာကိုယ်ကျင့်တရားမရှိဘူး
ကြီးနိုင်ငယ်ညှင်းတယ်

မကောင်းတာကောင်းတာသူတို့မသိဘူး
ကိုယ့်ကျင့်တရားဆိုတာလည်းမရှိဘူး
လူတစ်ယောက်မှာ ကိုယ်ကျင့်တရားမရှိရင်
တိရစ္ဆာန်နဲ့မခြားနားဘူး
ကျိုးကြောင်းဆင်ခြင်ဥာဏ်
ပညာကြီးတယ်

ဘယ်လိုလုပ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာသိတယ်

ကိုယ့်ထက်အားကြီးတဲ့ဆင်ကို
ချွန်ပေါက်ပြီးသစ်ဆွဲခိုင်းတယ်

မြင်းကိုပါးချုပ်တက်ပြီးခွစီးတယ်
လှည်းတပ်ဆွဲခိုင်းတယ်

ရေကူးကျွမ်းတဲ့ငါးကို
ငါးမျှားချိတ်နဲ့များတယ်
ပိုက်နဲ့ဖမ်းတယ်

ကိုယ့်ထက်စည်းလုံးပါတယ်ဆိုတဲ့ပျားကို ဖွတ်စားတယ်
ဒါဘာလို့လဲ
လူတွေကတိရစ္ဆာန်တွေထက်
အကျိူးအကြောင်းဆင်ခြင်နိုင်လို့
ဥာဏ်ပညာကြီးလို့ပေါ့
လူတွေကတိရစ္ဆာန်တွေအပေါ်
လွှမ်းမိုးနိုင်တာဟာ
ဥာဏ်ပိုကြီးလို့

ဒါဆိုရင်လူအချင်းချင်းရော
သေချာစဉ်းစားကြည့်
လူတွေမှာလည်း
ပညာကြီးတဲ့လူက
ပညာနည်းတဲ့သူကို
လွှမ်းမိုးနိုင်မှာပေါ့

သူများနိုင်ငံမှာသွားပြီး
ပညာသင်ရတယ်

သူများနိုင်ငံမှာသွားပြီး
အောက်ကျို့ခံအလုပ်လုပ်ရတယ်
သူတို့လောက် ငါတို့ပညာမတတ်လို့ပဲ

ဒါကိုတို့နိုင်ငံက လူတွေက
အခုချိန်ထိပညာကို
တန်ဖိုးထားရကောင်းမှန်းမသိဘူး..

အမြင်ကျယ်တဲ့သူက အမြင်ကျဉ်းတဲ့သူကို လွှမ်းမိုးနိုင်မှာပေါ့

အဲ့ဒီတော့ သူများလွှမ်းမိုးတာမခံရအောင်
သူများခေါင်းပုံဖြတ်တာမခံရအောင်
သူများလူလည်ကျတာမခံရအောင်
သူများအနိုင်ကျင့်တာမခံရအောင်
ပညာတတ်ဖို့ အမြင်ကျယ်ဖို့
အသိပညာရှိဖို့ ဗဟုသုတရှိဖို့လိုတယ်
ဘာလုပ်ရမလဲ ။

စာဖတ်ရမှာပေါ့
စာဖတ်တယ်ဆိုတာ
သူများအမှား
ကိုယ်ဆက်မမှားအောင်လုပ်တာ
သူများအတွေအကြုံ
ကိုယ့်အတွေအကြုံအဖြစ်
ရယူတာ..

စာဖတ်တဲ့နေရာမှာ
ဦးနှောက်ကို ခွန်အားဖြစ်စေမယ့်
စာမျိူး များများဖတ်ပါ ။

ဘဝကိုဦးနှောက်ကဦးဆောင်တာ
အသိပညာရစေမယ်စာတွေ
များများဖတ်စေချင်တယ်

ဆရာကြီးအားလေးစားလျက်....

Credit.... crd...

မြန်မာပြည်မှာဆရာကြီးတွေတောင်အမြဲခံနေရတဲ့လူလိမ်တွေရဲ့အလုပ်လုပ်ပုံ ၊ သတိထားရန်https://www.youtube.com/watch?v=kChIGKsRAuo👌...
07/08/2023

မြန်မာပြည်မှာဆရာကြီးတွေတောင်အမြဲခံနေရတဲ့လူလိမ်တွေရဲ့အလုပ်လုပ်ပုံ ၊ သတိထားရန်
https://www.youtube.com/watch?v=kChIGKsRAuo
👌👌👌 Pure video, No Ads
https://play.google.com/store/apps/details?id=free.tube.premium.advanced.tuber&referrer=utm_source%3dGP_tubershare%26utm_medium%3dshare%26utm_campaign%3dGP_ptrshare

Application ကို အောက်ပါလင့်တွေက တဆင့် အခမဲ့ download ပြုလုပ်နိုင်ပြီး၊ Sample စာအုပ်တွေကိုလဲ အခမဲ့ ဝင်ရောက်ဖတ်ရှုနိုင်ပါ...

23/05/2022

သင့်ကိုယ်သင် ချစ်ပါ

ဘဝမှာနေရတဲ့ အချိန်တွေက တိုတောင်းလွန်းပါတယ်။ ဒါ့ကြောင့် သင့်ရဲ့အချိန်တွေကို ဘယ်လိုအရာတွေအပေါ်မှာ ကုန်ဆုံးစေမှာလဲ။ ဘယ်သူတွေအတွက် ကုန်လွန်စေမှာလဲ။

“သင့်ကို လိုအပ်နေတဲ့သူတွေအတွက် ရှိနေပေးပါ။ ဒါပေမယ့် သင့်ကိုယ်သင်လည်း ပစ်မထားပါနဲ့”

ကမ္ဘာတစ်ခုလုံးက သင့်ကိုချစ်နေရင်လည်း သင့်ကိုယ်သင် မချစ်ရင် သင်ဟာအချစ်ငတ်နေသူပါ။

သင့်ကိုယ်သင် ချစ်တယ်ဆိုတာက သင့်အတွက်သင်ပဲ စဉ်းစားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း မဟုတ်ပါဘူး။ မာနကြီးခိုင်းခြင်းလည်း မဟုတ်ပါဘူး။

သင့်အတွက်သင်နဲ့ သင်ချစ်တဲ့အရာတွေအပေါ်မှာ အချိန်ပေးခြင်းတစ်မျိုးပါ။

သင့်ကိုယ်သင် တန်ဖိုးထားခြင်းပါ။ သင့်ရဲ့ အကျင့်စာရိတ္တကို မြှင့်တင်ခြင်းနဲ့ သင့်ရဲ့ ဂုဏ်သိက္ခာကို အထိအခိုက်မခံစေခြင်းတွေ ဖြစ်ပါတယ်။

ဒါ့ကြောင့်

-သင့်ကို မနာလို ဖြစ်နေတဲ့ သူတွေကို ဗွေမယူပါနဲ့။ အနည်းဆုံးတော့ သင်ဟာ သူတို့ထက် တော်တယ်လို့ သူတို့က ထင်ထားတယ်လေ။

-သင့်ကို တန်ဖိုးမထားတဲ့သူကို အရူးအမူး စွဲလမ်းမနေပါနဲ့။ ကြာလာရင် သင်ပါ တန်ဖိုးမဲ့သွားလိမ့်မယ်။

-သင့်ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူကို သင့်ဘဝထဲ လက်ခံရမယ် ဘယ်သူကို သင့်ဘဝထဲ လက်မခံရဘူး ဆိုတာကို သိခြင်းနဲ့ အများကြီး ဆိုင်ပါတယ်။

-သင့်ကို စိတ်ဆင်းရဲစေတဲ့ သူတွေကို သင့်ဘဝထဲက ထုတ်ပယ်လိုက်ပါ။ သင့်ဘဝရဲ့ ငြိမ်းချမ်းမှုက သင့်လက်ထဲမှာပါ။

-သူများတွေက သင့်ကို ဘယ်လို ထင်နေသလဲ ဆိုတာအရေးမကြီးပါဘူး။ သင့်ကိုယ်သင် ဘယ်လို မြင်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

ကိုရဲ

သူငယ်ချင်းတို့ရေ ပိုက ဒီနေ့မှာ ကြိုတင်ငွေစုထားရင် ကိုယ့်အတွက် ဘာကောင်းကျိုးရှိမလဲဆိုတာ ပြောပြပေးမယ်နော်။ကြိုတင်ငွေစုထားတ...
04/05/2022

သူငယ်ချင်းတို့ရေ ပိုက ဒီနေ့မှာ ကြိုတင်ငွေစုထားရင် ကိုယ့်အတွက် ဘာကောင်းကျိုးရှိမလဲဆိုတာ ပြောပြပေးမယ်နော်။

ကြိုတင်ငွေစုထားတော့ သူငယ်ချင်းတို့ အရေးပေါ်ငွေလိုတဲ့အခါမျိုးမှာ အသိမိတ်ဆွေတွေဆီက ငွေချေးတာမျိုး၊ရှိတဲ့ လက်ဝတ်ရတနာတွေ ရောင်းချတာမျိုး ၊ငွေတိုးချေးတဲ့လူတွေဆီက အတိုးအများကြီးပေးပြီး ငွေချေးတာမျိုးတွေ မလုပ်ရတော့ဘူးပေါ့။

တစ်ကယ်လို့သာ အဲ့လိုကြိုမစုထားရင် သူများဆီက အကြွေးတွေ ယူလိုက်၊ ပြန်ဆပ်လိုက်နဲ့ တဖြည်းဖြည်း အကြွေးနွံထဲ နစ်သွားလိမ့်မယ်နော်။ ကြိုတင်ငွေစုထားရင်တော့ အရေးပေါ် ငွေလိုတဲ့ အခက်အခဲလည်း ရှင်းသွားမယ်။

ပြီးတော့ မလိုအပ်တဲ့ နောက်ဆက်တွဲ အခြေအနေတွေ၊ ပြဿနာတွေ ကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားမှာပါနော်။ ကိုယ်တတ်နိုင်သလောက်လေး ငွေစုဖို့ မမေ့ကြနဲ့နော်။
__________________________________
𝙒𝙧𝙞𝙩𝙚𝙧

ဆက်လျှောက်.....    မအောင်မြင်ခင်မှာ.....သင်အထင်လွဲ ခံရလိမ့်မယ်။ဒါပေမယ့် အောင်မြင်သွားရင်တော့ အတုယူတာ ခံရပါလိမ့်မယ်။မပြီး...
14/11/2021

ဆက်လျှောက်.....

မအောင်မြင်ခင်မှာ.....
သင်အထင်လွဲ ခံရလိမ့်မယ်။
ဒါပေမယ့် အောင်မြင်သွားရင်တော့
အတုယူတာ ခံရပါလိမ့်မယ်။

မပြီးမြောက်ခင်မှာ.....
သင်အဝေဖန် ခံရလိမ့်မယ်။
ဒါပေမယ့် လမ်းဆုံးသွားရင်တော့
ဝန်းရံ ခံရပါလိမ့်မယ်။

အမြင့်ကို တက်နေချိန်မှာ.....
သင်ဆွဲချတာ ခံရလိမ့်မယ်။
ထိပ်ဆုံးရောက်ရင်တော့ ဆွဲတင်ဖို့
လက်ကမ်းကြပါလိမ့်မယ်။

တည်ဆောက်နေချိန်မှာ.....
ဖ်က်ဆီးတာ သင်ခံရလိမ့်မယ်။
ဒါပေမယ့် လုံခြုံသွားရင်တော့
ခိုနားဖို့ တောင်းပန်ကြပါလိမ့်မယ်။

ချမ်းခိုက်နေတဲ့ အချိန်မှာ.....
သင်ရေလောင်းတာ ခံရလိမ့်မယ်။
ဒါပေမယ့် နွေးထွေးသွားရင်တော့
သင်ထွေးပွေ့ဖို့ သူတို့တောင့်တကြပါလိမ့်မယ်။

အားနည်းနေချိန်မှာ.....
သင်တိုက်ခိုက်တာ ခံရလိမ့်မယ်။
ဒါပေမယ့် သန်မာသွားရင်တော့
ကာကွယ်ပေးဖ်ို့ အသနား ခံကြပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ကိုယ်ရဲ့ပန်းတိုင်ကို
မယိုင်မလဲပဲ လျှောက်လှမ်းနေဖို့ပဲ
လိုပါတယ်။

Credit-OriginalWriter
#သုတရသစာပေများစုစည်းရာ

စာဖတ်ချင်ရင်အောက်ကဂရုလေးကို
Joinခဲ့ပါဦးဗျာ
https://facebook.com/groups/2691600871129999/

အသက် ငယ်ရွယ်စဉ်အခါက ငွေ ၅၀၀၊ ၁၀၀၀ ရှိယုံနဲ့၊ဘဝရဲ့ တစ်ရက်စာ၊ တစ်နေ့တာအတွက် ဖြတ်သန်းလို့ရပါတယ်။အသက်ကြီးလာတော့လဲ။အသုံးစရိတ်...
04/10/2021

အသက် ငယ်ရွယ်စဉ်အခါက
ငွေ ၅၀၀၊ ၁၀၀၀ ရှိယုံနဲ့၊
ဘဝရဲ့
တစ်ရက်စာ၊ တစ်နေ့တာအတွက် ဖြတ်သန်းလို့ရပါတယ်။

အသက်ကြီးလာတော့လဲ။
အသုံးစရိတ်က နည်းသွားတာမရှိ။
များတာထက် များလာတာပဲရှိတယ်။

👉ဒီတော့ အလုပ်တွေ လုပ်ပြီး
👉အသုံးစရိတ်အတွက် ငွေတွေရှာ။

ဝင်ငွေတွေ ရှိလာပြန်တော့လဲ။
လက်ထဲမှာ
ငွေကကြာကြာမမြဲ၊ မစုထားနိုင်။

ဘာကြောင့် သူများတွေလို
ငွေမစုနိုင်ရတာလဲ။???

ဟုတ်ကဲ့။
👉စုငွေရဲ့ ရန်သူက အသုံးစရိတ်မဟုတ်ပါဘူး။
👉စုငွေရဲ့ အဓိက ရန်သူဟာ
👉သုံးဖြုန်းချင်း အကျင့်စရိုက်ပါ။

ဒီရန်သူကို မခြေမုန်းနိုင်သ၍
👉ငွေဘယ်လောက်ပဲ ဝင်ပါစေ၊
👉ဘယ်လောက်ပဲ ရှာနိုင်ပါစေ၊
နောက်ဆုံး လက်ထဲမှာ ငွေမြဲမှာမဟုတ်ပါ။

အမျိုးသမီးတစ်ယောက်ရဲ့
ဖြစ်ရပ်မှန်တစ်ခု။

👤
သူမဟာ
သိန်းထောင်ချီ ထီပေါက်ပါတယ်။
အစပိုင်းမှာ ငွေတွေကို၊
သူ့မိသားစု ပျော်ရွင်ဖို့အတွက်၊
အသုံးပြုသွားဖို့ စိတ်ကူးထားသော်လည်း
လက်တွေ့ ဖြစ်မလာ။

ဘာကြောင့်လဲဆိုတော့

👉အလှအပဆင်ခြင်း။
👉ခန္ဒာကိုယ် ခွဲစိတ်ပြုပြင်ခြင်း။
👉တန်ဖိုးကြီး အသုံးအဆောင်ဝယ်ခြင်း။
👉မူးယစ်ဆေးဝါး သုံးဆောင်ခြင်း။

နောက်ဆုံး လက်ထဲမှာ ငွေတွေမကျန်တော့ပဲ
ကိုယ့်ကို အဆုံးစီရင်ဖို့ ၄ ကြိမ်အထိ ကြိုးပမ်းခဲဖူးပါတယ်။😥😥

ကံကောင်းတာက
သူမ အသိတရားတွေ ပြန်ရလာပြီး၊
ပုံမှန်အလုပ် ပြန်လုပ်၊
ဘဝကို ကောင်းကောင်းမွန်မွန်
ပြန်လည် ဖြတ်သန်းနိုင်ခဲ့ပါတယ်။

👤
လက်တွေ့ အမျိုးသမီးနောက် တစ်ယောက်။
အစ်မရဲ့ သူငယ်ချင်း။
👉အသက် ၄၀ ဝန်းကျင်။
👉အလှပြင်ဆိုင် ဖွင့်ထားတယ်။

တစ်နေ့မှာ သူမနှင့်အစ်မတွေ စကားပြောရင်း ငြေးငွေ့စကားဆိုလာပါတယ်။

တစ်သက်လုံး အလုပ်လုပ်လာပေမဲ့။
👉ငှကေတိုးမလာဘူး
👉ဘာဖြစ်လို့ သူများတွေလို
👉စုငွေတွေ မရှိရတာလဲနော်။
👉ဘဝက ဆိုးတယ်။
👉သူများတွေလို ဘယ်တော့ချမ်းသာလာမလဲ။
👉ဘယ်တော့ ထီပေါက်မလဲနော်
👉အာ့မှ ဘဝက အေးချမ်းမှာ။

ဒီလို ငြေးငွေ့သံကြားတော့။
တစ်သက်လုံး အလုပ်လုပ်လာတဲ့လူက
အဘယ်ကြောင့် ငွေတွေမစုနိုင်ရသလဲ ဆိုတာကို သိချင်စိတ်တွေ ဖြစ်ပေါ်လာပါတယ်။

မကွာပါဘူး သူမ ဟာ
ကျတော့ဘက် လက်ညိုးထိုးပြီး
👉မောင်လေးက အသက်ငယ်သေးတယ်။
👉ရှာလို့ရသမျှ ငွေတွေ အကုန်လုံးသုံးလဲ 👉👉ပြသနာမရှိဘူး၊ ပြန်ရှာလို့ရတယ်လေ။

အစ်မက အဲ့လိုလုပ်လို့မရတော့ဘူးလေ။
အစ်မက အသက်ကြီးနေပါပြီ။ တဲ့....

ဟုတ်ကဲ့။
သူမ အပြောကြောင့်ပဲ၊
သူမ ငွေမစုနိုင်ရတဲ့ ၊
အကြောင်းရင်း ပေါ်လွင်သွားပါပြီ။

သူမရဲ့ အယူအစဟာ အတော်မှားရွန်းပါတယ်။
အလုပ်လုပ်လို့ ရလာတဲ့ငွေ၊
ရှာလို့ရလာတဲ့ ငွေ အားလုံးကို
👉အကုန်သုံးပြစ်မယ်
👉နောက်ထပ်ပြန်ရှာလို့ရတယ် ဆိုသည့်
အယူအစပါပဲ။

စုငွေ ဆိုသည့်အရာဟာ
👉ခံနိုင်ရည်ရှိမှ၊
👉ဝိရိယရှိမှ၊
👉ကြိုးစားအားထုတ်မှုရှိမှ၊
👉လိုအင်ဆန္ဒာတွေကို လျစ်လျှရှုနိုင်မှ။

⚠️⚠️⚠️
စုငွေ ဆိုသည့်အရာဟာ
တခြားတန်ဖိုးကြီးတဲ့အရာတွေလိုပါပဲ
လွယ်လွယ်နဲ့တော့ အလကားမရလာနိုင်ပါဘူး။

ငွေတွေ စုနိုင်ဖို့အတွက်
ပြန်ပေးဆပ်ရမဲ့ အရာတွေလဲရှိပါတယ်။

ပေးဆပ်နိုင်မှ ဆက်ဖတ်ပါ။

✅✅✅
ပေးဆပ်ရမှာကတော့။
ကိုယ့်ရဲ့ ပျော်ရွင်မှုတွေအတွက်
ငွေသိပ်မသုံးသေးဖို့ အတွက်ပါပဲ။

၁၀၀% အကောင်းဆုံးနည်းလမ်းကတော့။
👉ငွေတွေရလာတဲ့ အချိန်တိုင်းမှာ
👉ငွေကို အရင်စုပြီးမှာ သုံးပါ။
🚫သုံးပြီးမှ မစုပါနဲ့။

နောက်ထပ် အရေးကြီးဆုံး တစ်ခုကတော့။
တစ်စုံတစ်ယောက်ဟာ
👉ဇိမ်ခံပစ္စည်းတွေအကြောင်း၊
👉အသုံးအဆောင်တွေ အကြောင်း၊

ငွေသုံးပြီး ရလာတဲ့ပျော်ရွင်မှုအကြောင်းတွေ
လာပြောတာပဲ ဖြစ်ဖြစ်၊
လာကြွားတာပဲ ဖြစ်ဖြစ်၊
ဂရုမစိုက်ပါနဲ့။
👉အဲ့ဒီအရာတွေက သူလိုအင်ဆန္ဒာတွေပါ။

🚫ကိုယ့်လိုအင်ဆန္ဒာတွေ မဟုတ်ဘူးလေ။

ကိုယ်က စုငွေ ရှိချင်တဲ့
လူတစ်ယောက်ဖြစ်သည့်အတွက်

ကိုယ့်ရဲ့ လိုအင်ဆန္ဒာကလဲ
စုငွေ တဖြည်းဖြည်းတိုးပွားလာတာကိုပဲ
ပိုအာရုံစိုက်ရမယ်လေ။

✅ပုံမှန်ဖြည်းဖြည်းချင်း စစုသွားပါ။
✅အနည်းအကျင်းစုရာကနေ
အများကြီးဖြစ်လာမှာပါ။

🔜🔜🔜
ငွေ ၅၀၀ (၁၀)ခါစုနိုင်ရင် = ၅ ထောင်ဖြစ်လာမယ်။

ငွေ ၅၀၀၀ (၁၀)ခါ စုနိုင်ရင် = ၅ သောင်းဖြစ်လာမယ်။

ငွေ ၅သောင်း (၁၀)ခါ စုနိုင်ရင် = ၅ သိန်းဖြစ်လာမယ်။

၅သိန်း (၁၀)ခါ စုနိုင်ရင် = သိန်း၅၀ ဖြစ်လာမယ်။

သိန်း၅၀ (၁၀)ခါ စုနိုင်ရင် = သိန်း ၅၀၀ ဖြစ်လာမယ်။

လူတိုင်း သိန်း ၅၀၀ စုနိုင်ကြပါတယ်။

အရေးကြီးဆုံး ကတော့။
✅ခံနိုင်ရည်ရှိရမယ်၊
✅ဝိရိယရှိရမယ်၊
✅ငပျင်းဖြစ်မနေပဲ၊
✅အမြဲကြိုးစားအားထုတ်နေသူ ဖြစ်ရမယ်။

👇👇👇
စုငွေတွေ စစုတော့မယ်ဆိုရင်။
ရည်မှန်းချက် သေးသေးလေးက စသတ်မှတ်ထားပါ။
ဥပမာ-
ဘဝမှာ ပထမဆုံး (၃)သောင်းရအောင်စုမယ်။
( ၂ ) သိန်းရအောင်စုမယ်။
(၅) သိန်းရအောင်စုမယ်။ တို့ဘာတို့ပေါ့

အကယ်၍
✅ငွေစုသည့် အတွေ့အကြုံရှိနေပြီ။
✅ရင့်ကျက်နေပြီ ။
✅ဝင်ငွေကလဲ (၂၊ ၃)လိူင်းရှိနေပြီဆိုရင်
✅ရည်မှန်းချက်ကြီးကြီးထားပါ။

ဘဝမှာ ပထမဆုံး သိန်း (၃၀၀)
ဘဝမှာ ပထမဆုံး သိန်း(၅၀၀)တို့ ဖြစ်ဖြစ်ပေါ့။

✅✅✅✅
ဘယ်လိုရည်မှန်းချက်မျိုး
သတ်မှတ်ရမလဲဆိုတာ
ကိုယ့်သဘောနဲ့ကိုယ် ရွေးရမှာပဲ။

ရည်မှန်းချက် သတ်မှတ်သည့်နေရာမှာလဲ
အရေးကြီးလှပါတယ်။

✅ကိုယ့်ကို ဖိအားပြန်မပေးနိုင်တဲ့
✅ရည်မှန်းချက်မျိုးကို သတ်မှတ်ထားပါ။

အကယ်၍ ရည်မှန်းချက်က၊
👉ကိုယ့်နဲ့ အလှမ်းကွာနေရင်၊
👉ဖိအားများလာမယ်၊
👉စိုးရိမ်စိတ်တွေဖြစ်ပေါ်လာပြီး။
👉ဘဝရဲ့ ပျော်ရွင်မှုတွေ
ပျောက်ကွယ်သွားပါလိမ့်မည်။

ဟုတ်ကဲ့။
ရည်မှန်းချက် သေးသည်ဖြစ်စေ၊
ကြီးသည်ဖြစ်စေ၊
အကောင်အထည်ဖော်နိုင်ရင်တော့၊

✅ကိုယ့်ကို ယုံကြည်မှုတွေ ပိုရှိလာပြီး

အဲ့ဒီ ယုံကြည်မှုတွေကပဲ၊
မင်းဘဝကို ဒီထက်ကောင်းမွန်သွားအောင်
ပြောင်းလဲပေးသွားမှာပါ။

ဟုတ်ကဲ့။
✋️အကယ်၍ ဒီစာကို မယုံရင်လဲ
✋️ဘာမှမဖြစ်ပါဘူး။
👉လက်တွေ့သာလုပ်ကြည့်ဖို့
👉တိုက်သွန်းချင်ပါတယ်။

လက်တွေ့လုပ်ကြည့်ပြီးရင်လဲ
ရရှိလာတဲ့ အတွေ့အကြုံကို
ပြန်လာပြောပြကြပါအုံးလို့။

👉ဘိုးဘွားခေတ် တွေရဲ့
အဆုံးအမ စကားတစ်ခုရှိပါတယ်။

ဘဝမှာ ပထမဆုံး သိန်း ၃၀ စုနိုင်ဖို့ရာ
အတော်ခက်ခဲမှာဖြစ်ပြီး။

အကယ်၍ လုပ်နိုင်ခဲ့ရင်
နောက်ထပ် သိန်း ၃၀ဟာ မခက်ခဲတော့ပါဘူး
ဟု ဆိုသည်။

ီ_ဘာ_ဘာ

မရှိခြင်းဟာ ချမ်းသာတယ်လို့ နားလည်လာတဲ့အခါမရှိမှာကို မကြောက်တော့ဘူး ရှိလာခြင်းဟာ မမြဲဘူးလို့ နားလည်လာတဲ့အခါဘာကိုမှ စွဲလန်...
03/10/2021

မရှိခြင်းဟာ
ချမ်းသာတယ်လို့ နားလည်လာတဲ့အခါ
မရှိမှာကို မကြောက်တော့ဘူး

ရှိလာခြင်းဟာ
မမြဲဘူးလို့ နားလည်လာတဲ့အခါ
ဘာကိုမှ စွဲလန်း မထားတော့ဘူး

အထင်ကြီးခံရမှုဟာ
ဘ၀မဟုတ်မှန်း ခံစားလာရတဲ့အခါ
သတိလက်လွတ် မပျော်မိတော့ဘူး

အထင်သေးခံရမှုဟာ
အားငယ်စရာ မဟုတ်မှန်း သိလာတဲ့အခါ
အပြစ်တင်မှုတွေကို ဂရုမစိုက်တော့ဘူး

တိတ်ဆိတ်မှုဟာ
အရှုပ်ကင်းခြင်းလို့ နားလည်လာတဲ့အခါ
နေရာတကာ ၀င်မပါတော့ဘူး

ဘ၀ဟာ ခဏပါလို့ နားလည်လာတဲ့အခါ
အမုန်းတရားတွေနဲ့ စိတ်ညစ်စရာတွေကို
သိမ်းပိုက် မထားချင်တော့ပါဘူး

နေရသမျှလေးမှာ
အပြစ်ကင်းပြီး စိတ်ချမ်းသာအောင်ပဲ
ကြိုးစား၍ နေဖြစ်ပါတော့တယ်

Credit

၀င်ငွေ အမျိုးအစားများအကြောင်း ဆောင်းပါးများစုစည်းမှု (zawgyi)ဆရာကောင်းဟိန်းစိုး (Strategic)💎💎💎💎💎💎💎💎💎💎💎ဒီနေ့မှာတော့ လူတို...
26/09/2021

၀င်ငွေ အမျိုးအစားများအကြောင်း ဆောင်းပါးများစုစည်းမှု (zawgyi)
ဆရာကောင်းဟိန်းစိုး (Strategic)
💎💎💎💎💎💎💎💎💎💎💎

ဒီနေ့မှာတော့ လူတိုင်း ဘ၀ အတွက်သိပ် ကို အသုံး၀င်စေမယ့် မျှဝေမှု တစ်ခုကို ပြုလုပ်လို ပါတယ်ဗျ။ ကျွန်တော်ဟာ ငွေ ကြေးဆိုင်ရာအသိပညာ Personal Finance (Financial Literacy) ဆိုတဲ့ သင်တန်းကို ကိုယ်တိုင် ဖြတ်သန်း ခဲ့တဲ့အတွေ့အကြုံ များကို အသုံး ပြုပြီး လွန်ခဲ့တဲ့၂နှစ်ကျော် ကထဲ က သင်တန်းသား အတော်များများကို ပို့ချ ခဲ့ပါတယ်။ ဒီသင်တန်းက ဖော်မြူလာတွေ အသိပညာတွေကို လက်တွေ့တကယ် အသုံးချ နိုင်လို့ငွေ ရေးကြေးရေး မှာ အကြွေး နဲ့လုံးလည်လိုက်နေရာကနေ လုပ်ငန်းအသေးတစ်ခု လုပ်နိုင် သွားတဲ့ သူတွေ ၊ ငွေ ကြေးကို အသုံးချပြီး လက်တွေ့စီမံနိုင်သွားတဲ့ သူတွေ အများအပြားရှိ ခဲ့ပါတယ်။ အခုတော့ အဲဒီ သင်တန်း စစချင်းမှာ အရင်ဆုံး ရှင်းပြလေ့ရှိတဲ့ ၀င်ငွေ လမ်း ၇ မျိုး အကြောင်းကို မျှဝေပေးလိုတာဖြစ်ပါတယ်။
လူတစ်ဦးမှာ သူ့ရဲ့လစာနဲ့၀င်ငွေ ပမာဏချင်းက တူညီနေပြီ ဆိုရင် ငွေ ကြေးဆိုင်ရာ ပြသနာ တစ်ခုခု ဖြစ်ဖို့အလားအလာ များနေပြီ ဖြစ်ပါတယ်။ လူအတော်များများ က လစာ နဲ့၀င်ငွေ ဟာ အတူတူပဲ လို့ဆိုကြသလို အဲဒီလိုပဲယုံကြည်ကြပါတယ်။ တကယ်တော့ ဒီလို ယုံကြည်လိုက်တာနဲ့သူ့အတွက် ၀င်လာနိုင်တဲ့ ၀င်ငွေ အမျိုးအစားဟာ လစာ တစ်ခု ပဲရှိ တယ်လို့စိတ်ထဲမှာ စွဲ မြဲ ယုံကြည်သွားတော့တာပါပဲ။ တကယ်တော့ လစာ ဟာ ငွေ ၀င်လမ်းကြောင်း အမျိုးအစားတစ်ခုသာ ဖြစ်ပြီး ၀င်ငွေ အမျိုးအစား ၇ ခု ထဲက Earned Income ဆိုတဲ့ ခေါင်းစဉ်အောက်က ခေါင်းစဉ် ခွဲ လေး တစ်ခုသာဖြစ်ပါသေးတယ်။ ဘယ်လို လဲ..မိတ်ဆွေ အံ သြသွားပြီလား။
အခု က စပြီးတော့ ကျွန်တော် ဆက်ပြောပြမှာတွေ ဟာ မိတ်ဆွေ အနေနဲ့တက်ကျမ်း များ လား လို့ယူဆမယ် ဆိုရင်တော့ ဆက်မဖတ် ပါနဲ့တော့။ ငါအနေနဲ့လစာ အပြင် တခြား ငွေ ၀င်လမ်း တစ်ခုခုကို လဲ အာရုံအနောက်ခံပြီး မစဉ်းစားချင်ဘူးဆိုရင်လဲ ဆက်ဖတ်စရာမလိုပါဘူး။
တကယ်တော့ ၀င်ငွေ အမျိုးအစား အားလုံးပေါင်း ၇ မျိုးရှိပါတယ်။ ဒါဟာကျွန်တော် က တီထွင်ပြီး ပြောတာမဟုတ်ပဲ တစ်ကမ္ဘာလုံးက စီးပွားရေး ဆိုင်ရာ လေ့လာသူတွေ လက်ခံထားကြတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒါတွေ ကတော့…
1. Earned Income
2. Profit Income
3. Interest Income
4. Dividend Income
5. Rental Income
6. Capital Gain Income
7. Royalty Income
တို့ပဲဖြစ်ပါတယ်။
1. Earned Income

Earned Income ဆိုတာကတော့ မိမိ က အချိန်နဲ့လုပ်အား ကိုအသုံးပြုကာ ကိုယ်တိုင်၀င်ရောက် အားထုတ် လုပ်ကိုင်တဲ့အတွက် ရရှိတဲ့ ၀င်ငွေ အမျိုးအစားဖြစ်ပါတယ်။ ဒါကတော့ လက်ရှိ လူအများစု ၀င်ငွေ ရအောင် ပြုလုပ်နေကြတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုခုမှာ ၀န်ထမ်း အနေနဲ့၀င်ရောက် လုပ်ကိုင်ခြင်း အားဖြင့် လစာ ရရှိပါတယ်။ ဒီလစာ ဟာ Earned Income အမျိုးအစား ထဲက တစ်ခု ဖြစ်ပါတယ်။ လူတိုင်း ဟာ Earned Income ကို တစ်ခုထက် ပိုပြီးရအောင် အလွယ်တကူ လုပ်နိုင်ပါတယ်။ မိမိကိုယ်တိုင်သတိမမူမိဖြစ်နေလေ့ရှိတာကြောင့် သာ earned income တစ်မျိုးထဲကိုသာ ရယူနေကြလေ့ရှိပါတယ်။ ဒါ့အပြင် တကယ်တော့ Earned income ဟာ အခြားသော income တွေ နဲ့ချမ်းသာကြွယ်၀မှု wealth ကိုတည်ဆောက် ရာမှာ အဓိက အရေးကြီး ဆုံးအရာဖြစ်ပါတယ်။ သာမာန် ၀န်ထမ်းတစ်ဦးအနေနဲ့ ကိုယ့်ရဲ့Earned income ကို များသထက်များ အောင် ပထမအဆင့်ကြိုးစားပြီး အခြား income တွေကို တည်ဆောက် ရမှာ ဖြစ်ပါတယ်။
Earned Income အမျိုးအစားတွေ လဲရှိပါတယ်။ ဒါတွေ ကတော့ Full Time Earned Income, Part time Earned Income, Freelance Earned Income တို့ပဲဖြစ်ပါတယ်။ Full Time ကတော့ ရှင်းပါတယ်။ လခစား အနေနဲ့မနက် ၈ နာရီကနေ ညနေ ၅ အထိ အလုပ် တက်ကာ လာကုန်ရင်ရလာတဲ့ လစာငွေ ဟာ full time earned income ဖြစ်ပါတယ်။
Part time earned income ကလဲ အချိန်ပိုင်း လုပ်ငန်းတွေ ၀င်ရောက် လုပ်ကိုင် ခြင်းက ရတဲ့ ငွေ အမျိုးအစားဖြစ်ပါတယ်။ ဒီ ၂ မျိုးလုံးကတော့ သတ်မှတ်ထား တဲ့ အလုပ်ချိန် အတိုင်း မဖြစ်မနေ လုပ် ကိုင်ပေးမှ သာ အဲဒီ ၀င်ငွေ ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
Earned Income ထဲမှာ မှ ပိုပြီး လွတ်လဲလွတ်လပ် အချိန်သတ်မှတ် ချက်လဲ မရှိတာကတော့ Freelance income ဖြစ်ပါတယ်။ ဥပမာ ဒီနေ့လို FB page တွေ မျိုးစုံ ရှိချိန်မှာ ကိုယ်ဝါသနာပါ တဲ့ အကြောင်း အရာလေးတွေကို Content အနေနဲ့ရေး ပြီး ရောင်းစားလို့ရပါတယ်။ ဒါမှမဟုတ် ဒီဇိုင်းတွေ လိုဂိုတွေ ဆွဲတာ စသဖြင့် ဖန် တီးနိုင်ပါတယ်။ ဒီ အမျိုးအစားကတော့ အချိန် သတ်မှတ် ချက် လဲ မရှိကာ ပြီးရင်ပြီးသလောက် ရနိုင်တဲ့ ၀င်ငွေ အမျိုးအစားဖြစ်ပါတယ်။
ကောင်းကျိုး. နဲ့ဆိုးကျိုး က….
Earned Income မှာ လဲ ကောင်းတာ ဆိုးတာ ရှိတာပါပဲ။ ကောင်းတာကတော့ earned income ကို အဓိက ရစေတဲ့ ၀န်ထမ်း ဘ၀ ဟာ ကိုယ်ပိုင် အလုပ် လုပ်တာထက်တော့ ဖိအား နည်းပါတယ်။ လကုန်တာနဲ့ရမယ့် လစာ ပမာဏ ကအတိအကျရှိနေပါတယ်။ ဒီအတွက် ငွေ ကြေးနဲ့ဆိုင်တဲ့ Plan တွေ သေချာ ဆွဲလို့လုပ်လို့ရပါတယ်။ ဥပမာ အိမ် တွေ ကားတွေ အရစ်ကျ နဲ့၀ယ်တာ မျိုးတွေ အေးအေးဆေးဆေးလုပ်နိုင်ပါတယ်။ နောက်တစ်ခုက သတ်မှတ်ထားတဲ့ အ၇ည်အချင်းနဲ့လုပ်ရည်ကိုင်ရည် ရှိရင် ဒီ ၀င်ငွေ ကလဲ ဆ နဲ့တိုးသွားနိုင် ပါတယ်။ ဥပမာ ၂ သိန်း ရတဲ့ အရောင်း ၀န်ထမ်း က အရောင်းမန်နေဂျာ ဖြစ်တဲ့ အခါ လစာ သိန်း ၂၀ မက ရနိုင်ပါတယ်။ (၂၀၁၉ salary survey တစ်ခုအရ မြန်မာနိုင်ငံ ရဲ့အရောင်းမန်နေဂျာ တစ်ဦး အမြင့်ဆုံးလစာ ဟာ သိန်း ၄၀ ကျော်ထိရှိပါတယ်)။ ဒီတော့ လိုတာလေးတွေ ဖြည့် သင်တန်းလေးတက် လုပ်လို့ရပါတယ်။ နောက်တစ်ခုကတော့ ဒီ၀င်ငွေ မျိုးကို အလွယ်တကူ ရှာဖွေ ရယူနိုင်ပါတယ်။ ဥပမာ လုပ်သက် ၂ နှစ် ၃ နှစ် ရှိသွားတာနဲ့အလုပ်လျှောက် လို့ရတဲ့ company တွေ အများအပြား ကို ရှိပါတယ်။ part time ကလဲ အချိန်အများကြီး မလိုပဲနဲ့၀င်ငွေ ပမာ ဏ ထပ် ရစေပါတယ်။ Freelance ဆို၇င်တော့ အချိန် အတိုင်း လုပ်စရာမလို တဲ့ လွတ်လပ်မှု ကိုပါရနိုင်ပါသေးတယ်။ တကယ်တော့ ၀န်ထမ်းဘ၀ Earned Income ယူ ပြီး အောင်မြင် ချမ်းသာနေသူတွေ လဲ အများကြီး ရှိပါတယ်။ လုပ်သက်ရင့် မန်နေဂျာ တစ်ဦး လစာဟာ တော်ရုံ SME လုပ်ငန်းရှင် ၀င်ငွေ ထက် တောင် သာ ကောင်း သာနိုင်ပါတယ်။
ဆိုးကျိုး ကဘာတွေ ရှိမလဲဆိုရင် Earned Income ဟာ အခြားသူအပေါ်မှီခို မှု အပြည့် နဲ့လည်ပတ်နေတာဖြစ်ပါတယ်။ဥပမာ သူဌေးက အလုပ်ဖြုတ်လိုက်တာနဲ့ဒါမှမဟုတ် company ပျက် တာနဲ့ကိုယ် လဲ ၀င်ငွေ ပျောက် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြီးမားဆုံး အားနည်းချက်ကတော့ Earned Income ဟာ ကိုယ်လုပ်မှ ကိုယ်ရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်တိုင် အင်အား နဲ့အချိန် ကို စိုက်ထုတ် ပြီး လုပ်မှသာ ဒီ ၀င်ငွေ ကရပါတယ်။ တကယ်လို့နေမကောင်းတာဖြစ်ဖြစ် လို အကြောင်းတစ်ခုခုကြောင့် အလုပ် မသွား နိုင်ရင် တစ်ရက် ဆို ဆိုသလောက် ငွေ လျော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တပါးသူက ခိုင်းစေမှာ ဖြစ်တဲ့ အတွက် စည်းမျဉ်းတွေ လိုက်နာရတာတွေ လဲ အများသားကို ကြုံပါလိမ့်မယ်။
အချုပ်က …ဒီ ၀င်ငွေ ဟာ အလွယ်တကူ ရနိုင်တာဖြစ်ပြီး သူကို အခြေတည်ကာ အခြား income တွေကို တည်ဆောက်နိုင်တာကြောင့် မိမိဟာ မွေးရာပါ ဘောစိမဟုတ်ရင် ၊ ထီလဲ မပေါက်သေး ဘူး ဆိုရင်တော့ ရွေးချယ်ပြီး လုပ်သင့်ပါတယ်။ ငွေ အပြင် အတွေ့အကြုံ ကိုပါ ရနိုင် တဲ့ အတွက် ဖြစ်ပါတယ်။ဒါပေမယ့် တစ်သက်လုံး ဒီ တစ်ခု ထဲ ကို သာ ရွေး လုပ်သင့်တဲ့ အမျိုးအစားတော့ မဟုတ်ပါဘူး။
2. Profit Income

ဒီ ၀င်ငွေ အမျိုးအစားကတော့ မိတ်ဆွေ ကကိုယ်ပိုင် အရင်းအနှီး နဲ့စီးပွားရေး လုပ်ငန်းတစ်ခုကို လည်ပတ်လုပ်ကိုင်ရာကနေ ရရှိတဲ့ အမြတ်အစွန်း ၀င်ငွေ အမျိုးအစား ဖြစ်ပါတယ်။ အိမ် ဆိုင်လေး တစ်ဆိုင် ဖွင့်တာဖြစ်ဖြစ် online shopping လုပ်တာဖြစ်ဖြစ် စွန့်ဦးတီထွင် company တစ်ခု ထောင် တာဖြစ်ဖြစ် အားလုံးဟာ ဒီ profit income ထဲကို ပါ၀င်ပါတယ်။ ကိုယ်ပိုင် လုပ်ငန်းတစ်ခု လုပ်ရင် လွတ်လပ်မယ် လို့ထင်ရပေမယ့် တကယ်တမ်းက ဆိုင်မဖွင့် ဘူး အိပ်နေမယ် ကွာ လို့လုပ်လို့မရပါဘူး။ ၀န်ထမ်း ဘ၀ မှာက ခွင့်ယူပြီးအ်ိပ်လို့ရပေမယ့် လုပ်ငန်းရှင် ဘ၀ ကျတော့ ပိတ်ထားလိုက်ရင် ငွေ မ၀င်တာအပြင် Fixed Cost တွေ ကုန် တာက ကုန်နေမှာ ဖြစ်တဲ့ အတွက် အရင်နေ့ကအမြတ်ကိုတောင် သွားထိမှာ ဖြစ်တဲ့ အတွက် အချိန်တွေ ခွန်အားစိုက်ထုတ် မှုတွေ အများကြီး သုံးရတတ်ပါတယ်။ ဒါပေမယ့် အခြေကျသွား ရင်တော့ ၀င်တဲ့ ငွေ ပမာဏ ကတော့ များသောအားဖြင့် ၀န်ထမ်း ဘ၀ က ပမာဏ ထက် များသွားတတ်ပါတယ်။ အခြေမကျချင်မှာ ပဲ အရင်းပြုတ်သွားတာမျိုး လဲ အတော်များများ ကြုံနိုင်ပါသေးတယ်။
တစ်ချို့ကတော့ Full time အလုပ် ရော Part time အလုပ် ရော earned income နှစ်ခုကို ပြိုင်လုပ်ပြီး ၀င်ငွေ ပမာဏကြီးအောင် လုပ်ကြသလို့အချို့ကတော့လဲ Full time အလုပ် လုပ် ပြီး အားတဲ့ အချိန်ကို Profit income ရအောင် လုပ်ကြပါတယ်။ ဥပမာ ရုံး၀န်ထမ်းပေမယ့် online shopping တစ်ခု လုပ်တာတို့၊ ရုံး က၀န်ထမ်းတွေကို ဖုန်းဘေရောင်း ပေးတာတို့ ဖြစ် ပါတယ်။
သူ့ရဲ့အားနည်းချက် ကလဲ ကိုယ်တိုင် ၀င်ပါ နေရတာပဲဖြစ်ပါတယ်။ SME လုပ်ငန်းသေး ဘ၀ မှာ ဆိုရင် Earned income အလုပ်တွေ ထက်တောင် ပို ပြီး အချိန် တွေ ပေးရပါသေးတယ်။
ကောင်းတာကတော့ ဒီ ၀င်ငွေကို business အဆင့်ထိ တိုး မြှင့်ပြီး System တစ်ခု နဲ့ကိုယ့်ရဲ့ပါ၀င်မှု အနည်းဆုံးဖြစ်အောင် လျော့ချ လို့လဲ နောင်တစ်ချိန်မှာ လုပ်လို့ရနိုင်ပါတယ်။
3. Interest Income

ဒါကတော့ အတိုး၀င်ငွေ လို့ပြောရပါလိမ့်မယ်။ တစ်နည်းအားဖြင့် သင့် ရဲ ့ငွေ ကို အခြား သူတစ်ဦးဦး သို့မဟုတ် လုပ်ငန်းတစ်ခုခု ကို ချေး လိုက်ပြီး အတိုး အဖြစ် ရတဲ့ ၀င်ငွေကို ခေါ်ဆို တာဖြစ် ပါတယ်။ ငွေချေးတယ်ဆိုတာမှာ ဘဏ် ထဲကို ငွေ ထည့် ပြီး အတိုးရတာ၊ အစိုးရ ကထုတ် ဝေ တဲ့ အစိုးရငွေ တိုက်စာချုပ်တွေ ၀ယ်ပြီး တစ်နှစ် တစ်ကြိမ် အတိုးရတာတွေ ကို ပါ interest income ထဲ ထည့်သွင်းနိုင်ပါတယ်။
ဒီ ၀င်ငွေ အမျိုးအစားရဲ့ကောင်းကွက်ကကတော့ တစ်ကြိမ် တစ်ခါ investment လုပ်ပြီး လိုက် တာနဲ့နောက် ထပ် ကိုယ်တိုင် ၀င်ပါစရာ မလို တော့ပဲ လစဉ် နှစ် စဉ် ငွေရင်းက အတိုးက ပုံမှန် ရနေ တော့မှာ ဖြစ်ပါတယ်။ Earned income ကို ပမာဏကြီးအောင် လုပ်ပြီး ပုံမှန်စု လို့ရလာတဲ့ ပမာဏကို ဒီ ၀င်ငွေ အမျိုးအစားအဖြစ် ဖန် တီးလေ့ရှိ ကြပါတယ်။
ဆိုးကျိုးကနေနဲ့ကတော့ ဒီ ၀င်ငွေဟာ အမြတ် များရင် risk များ သလို ငွေ မဆုံးမယ့် Safety များမယ် ဆိုရင် လဲ Profit က နည်းသွား ပြန်ပါတယ်။ ဥပမာ ဘဏ်မှာ ငွေ ထည့်တာ ဆုံးရှုံးဖို့အလွန် ကိုနည်းပေမယ့် အတိုးကတော့ တစ်နှစ် လုံးမှ ၈.၅ % ပဲရပါတယ်။ ဒါပေမယ့် စျေးထဲမှာ နေ့ပြန် တိုး ပေးရင်တော့ တစ်ရက်ထဲကို ၁၅ ကျပ် တိုး ၂၀ ကျပ်တိုး လောက် ကိုက်နိုင်ပါတယ်။ ဒါပေမယ့် အရင်းဆုံးနိုင်ချေလဲ များပါတယ်။
ကောင်းတာ တစ်ခုကတော့ ဒီ၀င်ငွေ အမျိုးအစား ဟာ မတည်ငွေ ပမာဏ နည်းနည်း နဲ့လုပ်လို့ ရတတ် လေ့ရှိပါတယ်။ Profit income တစ်ခု ဖန်တီးတာထက် ဒီ interest Income ဖန် တီး တာက ငွေ ပမာဏ လိုအပ်ချက်ပို နည်းပါတယ်။ ဥပမာ ကုန်စုံဆိုင်တစ်ဆိုင်ကို သိန်း ၅၀ လောက် မှစဖွင့်လို့ ရမယ် online shopping ဆိုလည်း ၁၀ သိန်းလောက် စလို မယ်။ ဒါပေမယ့် သူငယ်ချင်း သိုမ့ဟုတ် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်ကို ၅ ကျပ်တိုးနဲ့ငွေ ချေးမယ် ဆိုရင်၁ သိန်း လောက် နဲ့လဲ စလို့ရပါတယ်။
တကယ်တော့ ဒီ ၀င်ငွေ အမျိုးအစားဟာ risk and return ကစားတဲ့ အထဲမှာပါ၀င်ပါတယ်။ return များ လို့risk များ တယ်ဆိုပေမယ့် ကြုံလာနိုင်တဲ့ Risk တွေကို ကာကွယ်နိုင်မယ် လျော့ချနိုင် မယ် ဆိုရင်တော့ အတော် ကို အမြတ်များနိုင်တဲ့ အလုပ်လဲ ဖြစ် ပါတယ်။ ဥပမာ ခိုင်မာတဲ့ စာချုပ်စာတမ်းနဲ့ လုပ်ဆောင်တာ၊ တန်ဖိုး ပိုများတဲ့ အပေါင်းပစ္စည်း လက်ခံတာ၊ အာမခံ ပေးဆပ်မယ့် သူ ရှိတာ၊ စတာတွေ ဖြစ် ပါတယ်။ ဒါ့အပြင်ကိုယ့် ရဲ့လူကဲခတ် နိုင်စွမ်း ပေါ် မူတည်ပြီး ဒီလူက ဘယ်လောက် ပမာဏဆို ပြန်ဆပ်နိုင်လောက်တယ် အရည်အချင်းက ဘယ်လိုရှိတယ်. အခုချေးယူတာက ဘာလုပ်ဖို့အတွက်ဖြစ်တယ် စတာတွေ နဲ့အကဲခတ်ပြီး လည်း risk ကို လျော့ချနိုင် ပါတယ်။
အချို့ကျတော့ ပမာဏ များတဲ့ Earned Income ကို ရပြီးတဲ့နောက် ဆုံးရှုံးသွားလည်း အလွယ်တကူ အချိန်တိုတိုနဲ့ပြန်စု လို့ရမယ့် ဆိုတဲ့ ငွေ ပမာဏလောက်ကို ဒီ Interest Income ရဖို့အတွက် အသုံး ပြုပြီး ငွေ မြန်မြန်ပွားအောင် လုပ်ဆောင်ကြပါတယ်။

4. Dividend Income

Dividend income ဆိုတာကတော့ လုပ်ငန်း တွေ မှာ ဒါမှ မဟုတ် Stock Exchange တွေ မှာ စာရင်း တင် listed လုပ်ထားတဲ့ Company ကြီး တွေ မှာ ရှယ်ယာ ၀ယ်ယူ ရာကနေ ရရှိတဲ့ ၀င်ငွေ အမျိုးအစားဖြစ်ပါတယ်။ သူငယ်ချင်း ရဲ့လုပ်ငန်းထဲကို ငွေ ထည့် ထားပြီး လစဉ် အမြတ်ရ နေတဲ့ သဘောဟာ လည်း ဒီ ၀င်ငွေ အမျိုးအစားထဲမှာ ပါ၀င်ပါတယ်။
တကယ်တမ်းတော့ Stock Exchange ဖွံ ဖြိုး တဲ့ နိုင်ငံ တွေ မှာတော့ လူတိုင်း နီးပါးဟာ Companyကြီး တွေ ရဲ့Stock share တွေကို ၀ယ်ယူ ကြလေ့ရှိပါတယ်။ ဥပမာ အမေရိကန် မှာ ဆိုရင် ငွေ အပို စုထားမယ့် အစား အာမခံချက်ရှိတဲ့ Apple, Facebook တို့ လို လုပ်ငန်းကြီးတွေ ရဲ့ရှယ်ယာတွေကို သာ၀ယ်ထားလေ့ရှိပါတယ်။ လက်ထဲမှာ ဒီအတိုင်း ငွေကို ထားမယ် ဆိုရင် ငွေ ကြေးဖောင်းပွ မှုအရ နှစ် စဉ် တန်ဖိုးကလျော့နေမှာ ဖြစ်ပေမယ့် ဒီလို ရှယ်ယာ ၀ယ်ယူ လိုက်ရင်တော့ ငွေ ကြေးဖောင်းပွမှုကို လဲ ကာကွယ်နိုင်လေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ လည်း Yangon Stock Exchange လည်ပတ်ခဲ့တာ နှစ် နှစ်ကျော် သုံးနှစ်လောက် ရှိလာပြီဖြစ်ပေမယ့် ကောင်းမွန် အသားကျစွာ လည်ပတ်ခြင်းတော့ မရှိသေးပါဘူး။ Listed company တွေ ထဲက လုပ်ငန်းကြီးတွေ ဖြစ်တဲ့ FMI, သီလဝါ အထူးစီးပွားရေး ဇုန် တို့ရဲ့ရှယ်ယာတွေ ဆိုရင် တစ်စု ကို သောင်းဂဏာန်း ၀န်းကျင်သာရှိ တဲ့အတွက် လူတန်းစား မရွေး ၀ယ်ယူနိုင်ပေမယ့် တစ်နှစ် လုံး အနေနဲ့ အမြတ် က တစ်စု ကို ကျပ် ၂၀၀ ခန့်သာ ရှိတာကြောင့် ဘဏ် တိုးလောက်တောင် မရနိုင် တဲ့ အတွက် Dividend income အနေနဲ မက်လောက်စရာ တော့မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ Dividend income ကို ရအောင် ကိုယ်သိတဲ့ အသိမိတ်ဆွေ တွေ ရဲ့လုပ်ငန်း ငယ်တွေ သာမက အွန်လိုင်းကနေ ရှယ်ယာခေါ်တဲ့ အလုပ်တွေ မှာလဲ ထည့်၀င်ကြသူတွေ ရှိပါတယ်။ ဒီလို ထည့်၀င်သူတွေ ကတော့ တစ်လကို အနည်းဆုံး ၂ ကျပ်တိုး ၃ ကျပ်တိုး ခန့်ရလေ့ ရှိတတ်ပါတယ်။
Stock exchange listed company တွေ နဲ့ ပြင်ပ လုပ်ငန်းကြီးတွေ ကတော့ ခြောက်လ တစ်ကြိမ် သို့မဟုတ် တစ်နှစ် တစ်ကြိမ် company policy ပေါ်မူတည်ပြီး အမြတ်ကို ပြန်လည် ထုတ် ပေးလေ့ရှိပါတယ်။ လုပ်ငန်းငယ်လေးတွေ မှာတော့ တစ်လ တစ်ကြိမ် သို့မဟုတ် သုံးလ တစ်ကြိမ် ထုတ် ပေးနေလေ့ရှိပါတယ်။
ဒီ Income ကို ဖန်တီးချင်တယ်ဆိုရင်တော့ ရှယ်ယာ နဲ့ ဆိုင်တဲ့ အသိပညာအပြင် ငွေ ကြေးဆိုင်ရာ Financial knowledge တွေ လိုအပ်ပါတယ်။ ကိုယ်ရှယ်ယာ ထည့်၀င်မယ့် လုပ်ငန်းရဲ့Profit and loss statement အရှုံးအမြတ် ရှင်းတမ်းကို ဖတ် တတ်ဖို့ ကိုယ်ထည့်၀င်မယ့် လုပ်ငန်းဟာ စီးပွားရေး အခြေအနေအရ ထပ်မံ ပြီးGrowth ကြီးထွား နိုင်ခြေရှိ မရှိ တို့ ကို ခန့်မှန်းဖို့၊ ကိုယ်ထည့်၀င်မယ့် လုပ်ငန်းဟာ ခိုင်မာမှု ရှိနိုင်မရှိနိုင် ဆန်းစစ်ဖို့တွေ လို အပ်ပါတယ်။
နောက်တစ်ခုကတော့ လုပ်ငန်းကလဲ အမှန်အကန် ဖြစ်တယ်ဆိုပေမယ့် စီးပွားရေး အခြေအနေမကောင်း လို့ဖြစ်ဖြစ် လုပ်ငန်းစီမံမှု ချို့ယွင်းတာဖြစ်ဖြစ် နိုင်ငံရေး ကြောင့် ဖြစ်ဖြစ် မိမိ ရှယ်ယာ ထည့်၀င်ထားတဲ့ လုပ်ငန်းဟာ အရှုံးပေါ်တာမျိုးဖြစ်ရင် အဲဒီ နှစ် အတွက် သို့မဟုတ် လ အတွက် အမြတ် မရနိုင်တာမျိုးရှိပါတယ်။ ရှုံးရုံဆိုရင်တော့ ပြန်မြတ်လာအောင် လုပ်နိုင်သေးပေမယ့် ငွေ ကြေးအရ တောင့်မခံနိုင်လို့လုပ်ငန်း ပျက်သွားရင်တော့ မိမိ ရှယ်ယာ ပါဆုံးနိုင်တဲ့ အနေအထားမျိုးလဲရှိပါသေးတယ်။
အကြမ်းအားဖြင့်တော့ ဒီ ၀င်ငွေ အမျိုးအစား ကို ဖန်တီးမယ်ဆိုရင် လုပ်ငန်းခိုင်မာမှု၊ အမြတ်အစွန်း ရရှိမှု၊ လုပ်ငန်းဦးဆောင်သူ ရဲ့ကျွမ်းကျင်စီမံနိုင်မှု၊ စီးပွားရေး အခြေအနေ၊ နိုင်ငံရေး အခြေအနေ၊ လုပ်ငန်းလည်ပတ်မှု ကောင်းမွန် မှု၊ စတဲ့ အချက် တွေ ကို မူတည်စဉ်းစားဖို့လိုအပ်ပါတယ်။
ဒီ income ဟာ လည်း Risk များ return များ တဲ့ အထဲမှာ ပါ၀င်ပါသေးတယ်။ ကောင်းကောင်း မြတ်စွန် းနေတဲ့ ရှယ်ယာ တစ်ခု ကနေ ဘဏ်တိုးထက် ပိုတဲ့ အကျိုးအမြတ် တွေ ရနိုင်ရုံသာမက လုပ်ငန်းလည်ပတ်ပုံ နဲ့အတွေ့အကြုံတွေ ပါရနိုင်ပါသေးတယ်။ ကျွန်တော့် ကိုယ်တိုင်လဲ ဒီ ၀င်ငွေ အမျိုးအစားသုံးလေး ခု ဖန်တီးထားပါတယ်။
Dividend Income ဟာ အဓိက ကောင်းကျိုးကတော့ သူဟာ Passive income လို့ခေါ်တဲ့ ကိုယ်တိုင်ပါ၀င်မှု အနည်းငယ်သာရှိတဲ့ တစ်နည်းအားဖြင့် အလုပ်မလုပ်ပဲ ငွေ၀င်တဲ့ ၀င်ငွေ အမျိုးအစားတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် သူဟာလည်း interest income လို ပါပဲ။ မိမိ ရဲ့ပမာဏ ကြီးမားလာတဲ့ Earned income ကနေ ပုံမှန် အလွယ်တကူ ပြန်စုနိုင်လောက်တယ်ဆိုတဲ့ ပမာဏကို ရှယ်ယာ ၀ယ်ယူပြီး Dividend income ကို ဖန် တီး ရင် အဆင်ပြေနိုင်ပါတယ်။
5. Rent Income

Rent Income ဆိုတာကတော့ ပိုင်ဆိုင်မှု Asset တစ်ခုခုကို ငွေကြေး အမြတ် အစွန် းတစ်ခု ရဖို့အခြား သူကို အချိန် အတိုင်းအတာ တစ်ခု ငှားရမ်းပေးခြင်းကနေရတဲ့ ၀င်ငွေ အမျိုးအစားဖြစ် ပါတယ်။ အမြင်သာဆုံး ဥပမာ ကတော့ တိုက်ခန်း တစ်ခန်း ၀ယ်ပြီး ငှားစားလိုက်မယ် ဆိုရင် ဒါဟာ Rent income အမျိုးအစားဖြစ်ပါတယ်။
နောက်ထပ်ဥပမာ ထပ်ပေးရရင်တော့ တက်စီ တစ်စီး ၀ယ်ပြီး အငှားပြန် ပေးလိုက်တာလဲ Rent income ထဲပါ၀င်ပါတယ်။ တက်စီ တစ်စီးကို သိန်း ၁၅၀ လောက်နဲ့ ၀ယ်ယူပြီး အငှား ချရင်Owner ကြေး တစ်လ သုံးသိန်း ခန့်ရနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ တစ်လကို ၂ ကျပ် တိုး ခန့်ကိုက် နေတဲ့ အနေအထား ဖြစ်ပါတယ်။
ဒါဆိုရင် Rent income ဟာ သိန်းရာကျော် ရှိမှ စလုပ်လို့ရတာလား ဆိုရင်တော့ လဲမဟုတ် ပြန်ပါဘူး။ အထက်က ဥပမာ နှစ် ခုကတော့ လူအတော်များများ ကအလွယ်တကူလုပ်ကြ လို့ မြင်သာအောင်ဥပမာ ပေးတာဖြစ်ပါတယ်။ ငွေ အရင်း အနည်းငယ်လောက်နဲ လဲ Rent income ရအောင် လုပ်လို့ ရပါတယ်။
ရပ်ကွက်ထဲက အိမ်ရှင်မတစ်ဦးဟာ အိမ်ထောင် စကျကထဲက ဝါသနာ အရ ကြွေပန်းကန် အလှ တွေ ကို set လိုက် စုထားလေ့ရှိတာ နှစ်အတော်ကြာတော့ အမျိုးအစား အတော်စုံ လာပါတယ်။ နောက်ဆုံး ပတ်၀န်းကျင် အိမ်နီးချင်းတွေ ကလဲ တိုက်တွန်းတာနဲ့ရပ်ကွက် ထဲက အလှူတွေ အိမ်တက်တွေ ဆိုရင် ဒီ ပန်းကန် တွေကို ငှားရမ်းခြင်း နဲ့rent income တစ်ခု ဖန်တီး နိုင်တာကို တွေ့ရပါတယ်။
သူငယ်ချင်းတစ်ဦး ဟာ လည်း ဓာတ်ပုံဆိုင်တွေ ဖွင့်ထားတဲ့ အသိ တွေ အတော်များပါတယ်။ သူက လဲဝါသနာပါတာနဲ့သိန်း ၂၀ ကျော် လောက် ကင်မရာတစ်လုံးကို ၀ယ်ယူ ထားပြီး သူ မရိုက်တဲ့နေ့တွေ မှာ လိုအပ်တဲ့ ဓာတ်ပုံဆရာတွေကို တစ်ရက် သုံး လေးသောင်းနဲ့ပြန်အငှား ချတာမျိုးလဲတွေ့ရဖူးပါတယ်။
ရန်ကုန် မှာ ဆိုရင် ခေတ် စားလာတာက ကားပါကင် ငှားစားတာ လဲ တစ်ခု ဖြစ်ပါတယ်။ ကိုယ်အိမ်ရှေ့တည့်တည့် နေရာအလွတ်မှာ အပိုကားတစ်နေရာစာရှိတယ် ဆိုရင် အခြား က ကားတစ်စီးစီး ကို တစ်လ ဘယ်လောက်ဆိုပြီး ပါကင် ငှားတာမျိုးလဲ ရှိပါတယ်။ ဒါ့အပြင် စျေး တွေ ထဲက အိမ်တွေ ဆိုရင် လဲ သူ့ရဲ့အိမ်ရှေ့နေရာမှာ စျေးသည် ရောင်းချ ဖို့တစ်ရက်ကို ၂၀၀၀ ၃၀၀၀ နဲ့နေရာ တစ်နေရာ စာ မနက် ၆ ကနေ နေ့လယ် ၁၂ ထိ ငှား ကြတာမျိုး လဲ ရှိပါတယ်။ ဒီနည်းလမ်းတွေ ကတော့ ငွေ ကြေး အရင်းအနှီးတောင် တစ်ခု မှ မလို အပ်ပဲ Rent income ကို ဖန်တီး ကြတာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် နယ်ပယ် အသီးသီးမှာလဲ Rent income ကို ဖန်တီး ပြီး ရပ်တည်နေတာတွေ ရှိပါတယ်။ ဥပမာ သတို့သမီး သတို့ သား၀တ်စုံ ငှားရမ်းတာ၊ လက်၀တ်ရတနာ ငှားရမ်းတာ၊ ကိုယ်ပိုင်ကား ငှား ရမ်းတာ ၊ ပန်းခြံတွေ မှာ အပျော် နင်းဖို့စက်ဘီး ငှားရမ်းတာ၊ ရေကန်တွေ မှာ လှေ ကားတာ၊ တိုက်ခန်းကို အစည်းအဝေး ခန်းမ အဖြစ် ပြောင်းလဲ ပြီး လုပ်ငန်းလေးတွေကို ငှားရမ်းတာ၊ စာသင်ခန်း ငှားရမ်းတာ၊ လူတစ်ဦး အလုပ်လုပ်ဖို့နေရာလေး တွေ အများကြီး ဖန်တီးကာ Co working space ဆိုပြီး ငှားရမ်းတာ၊ ထိုင်ခုံ စားပွဲတွေ ငှားရမ်းတာ၊ စတဲ့ Rent Income Business အများအပြားကို တွေ့နိုင်ပါလိမ့်မယ်။
Rent Income ကို လူတွေ ဖန်တီးကြတာကလဲ သူဟာ Passive income လို့ခေါ်တဲ့ ကိုယ်တိုင် ၀င်ရောက်လုပ်ကိုင်မှု အနည်းငယ်သာရှိတဲ့ တစ်နည်းအားဖြင့် အလုပ်မလုပ်ပဲ ငွေ၀င်တဲ့ ၀င်ငွေ အမျိုးအစားဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု တစ်ခုကို ငှားရမ်းပြီးတာနဲ့ကိုယ် အိပ်ပဲနေနေ ခရီး ပဲထွက်ထွက် အချိန်တန်ရင် ငှားရမ်းခကို ရနေမှာ ဖြစ်ပါတယ်။ ဒါကတော့ အဓိက အားသာချက်ပါပါပဲ။
Rent Income ရဲ့သဘောကတော့ ငွေ ရင်းများများ နိုင်လေလေ Rent income တည်ဆောက်ရတာ လွယ်လေလေဖြစ်ပါတယ်။ ဥပမာ သိန်း ၂၀၀ လောက် တတ်နိုင် မယ်ဆိုရင် လူစည်ကားရာ အရပ် က တိုက်ခန်း ငါးလွှာ ခြောက်လွှာကို အလွယ်တကူ ၀ယ်ယူပြီး အငှား ၀င်ငွေ ရနိုင်ပါတယ်။ ဒီလို မဟုတ်ပဲ အရင်း နည်းတဲ့ ဥပမာ မီးဖို ချောင်သုံးပစ္စည်းတွေ လောက်ကို ပဲ ငှားမယ် ဆိုရင်တော့ ဒီ ပစ္စည်းဟာ လူတွေ တကယ် ငှားနိုင်လား လိုအပ်လားဆိုတာကို သေချာ ရှာဖွေ ဆန်းစစ်ဖို့လိုအပ်လာပါတယ်။ Rent income ကို business တစ်ခု အဖြစ် ရပ်တည်မယ် ဆိုရင်တော့ ပိုမို တဲ့ အားထုတ် မှုတွေ လိုအပ်လာပါလိမ့်မယ်။

ကျွန်တော့် အနေနဲ့၀င်ငွေ အမျိုးအစားတွေ အကြောင်းရယ် တစ်ခုချင်းစီ ရဲ့ ကောင်းခြင်း ဆိုးခြင်း တွေ ဘယ်လို တွေ ဖန်တီး လို့ရမယ် ဆိုတဲ့အကြောင်းတွေကို တင်ဆက်ပေးခဲ့ တာ အခု ဆိုရင် အပိုင်းသုံးကိုရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ Share တွေ အများကြီး ရသလို အများအပြား က ကြိုက်နှစ် သက်ကြတဲ့ အတွက်လဲ ၀မ်းသာပါတယ်။
တကယ်တော့ ငွေ ကြေး ဆိုင်ရာ အခက်အခဲဆိုတာ လူ တစ်ရာမှာ ကိုးဆယ်လောက်က ကြုံ နေရတဲ့ အခက်အခဲ တစ်ခု လဲဖြစ်ပါတယ်။ လူတစ်ယောက် အတွက် သူ့ဘ၀ တစ်သက်မှာ မိဘ အမွေ ရတာလို မျိုးဖြစ်ဖြစ် ထီပေါက် ဖို့ဖြစ်ဖြစ် ဖြစ်လာဖို့ဆိုတာ လူ တစ်သိန်းမှာ တစ်ဦး ဖြစ် နိုင် ဖို့ခက်ခဲလှပါတယ်။ ဒါကြောင့် အများစု အတွက်က တော့ မိမိ ရဲ့ငွေ ကြေးချမ်းသာကြွယ်၀ မှု ဆိုတာ မိမိကိုယ်တိုင် ကျားကုတ်ကျားခဲ အားထုတ် ဖန် တီးရမယ့် အရာသာဖြစ်ပါတယ်။ တစ်နည်း အားဖြင့် မိမိ ကိုယ်တိုင်ချမ်းသာ ဖို့အတွက် မိမိ ကိုယ်တိုင် မှာသာ တာ၀န်ရှိပါတယ်။ ဒီလိုပါပဲ မိမ ဆီကို စဉ်ဆက်မပြတ် ၀င်နေမယ့် ငွေ စီးကြောင်းတွေ ရှိနေဖို့ဆိုတာလဲ နှစ် ရှည် ဆက်တိုက် ကြိုးစားဖန်တီး လာမှုရဲ့အသီးအပွင့်တွေ သာဖြစ်ပါတယ်။
အရင် ပိုစ့်တွေ မှာ မျှဝေခဲ့ တဲ့ ၀င်ငွေ အမျိုးအစား ၅ မျိုးထဲမှာ အချို့သော Income အမျိုးအစား တွေ ဟာ Passive Income လို့ခေါ်တဲ့ မိမိ ရဲ့ပါ၀င် လုပ်ကိုင်အားထုတ်ရမှု ရာခိုင်နှုန်း နည်း ပါး လှတဲ့ ၀င်ငွေ အမျိုးအစားတွေ ဖြစ်ပါတယ်။ လူ အတော်များများ က ငွေ ရဖို့အတွက် အလုပ်လုပ် ရမယ်လို့ယူဆ ယုံကြည်ကြပါတယ်။ အလုပ်မလုပ် ပဲ ငွေ ရနိုင်လားလို့မေးရင် လဲ အတော်များများ ကမဖြစ်နိုင်ဘူး မရနိုင်ဘူး လို့ပြောကြမှာဖြစ်ပါတယ်။ တကယ်တမ်းကျတော့ အမျိုးအစားမတူတဲ့ income အမျိုးအစားတွေ ထဲက တစ်ချို့ဟာ အလုပ်မလုပ် ပဲ ငွေ ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘိုးဘိုအောင် ကမန်းမှုတ် လိုက်သလို ဝုန်းခနဲ ထဖြစ်မှာ မဟုတ်ပဲ. စိတ်ခိုင်ခိုင် နဲ့ကြိုးစားတည်ဆောက်ရတာဆိုတာကိုတော့ ထပ်ပြီး အသိပေးလို ပါတယ်။
အခုပိုစ့် ထိ တစ်စိုက် မတ်မတ် ဖတ်လာခဲ့ပြီး ဆိုရင်တော့ အလုပ်မလုပ်ပဲ ငွေ ရအောင် ဆိုတဲ့ ကျွန်တော့်ရဲ ့ဒီ ပိုစ့်တွေ ဟာ တက်ကျမ်း သာသာ မဟုတ်ဘူးဆိုတာကိုတော့ လက်ခံ လောက်ပြီ လို့ယူဆပါတယ်။
ကဲဗျာ ဒါဆိုရင်နောက်ဆုံး ၂ မျိုးဖြစ်တဲ့ ၀င်ငွေ အမျိုးအစားတွေကို ထပ်လေ့လာကြည့်ရအောင်ပါ။

(6) Capital Gain Income
Capital Gain ဆိုတဲ့ အသုံးအနှုန်းက တော့ ရှယ်ယာ အရောင်းအ၀ယ် လောက ကနေ လာတဲ့ စကားလုံးဖြစ်ပါတယ်။ Commom share လို့ခေါ်တဲ့ အရောင်းအ၀ယ် လုပ်ကြတဲ့ ရှယ်ယာ တစ်စု ကို ၀ယ်လိုက်မယ်ဆိုရင် အကျိုးကျေးဇူးက ၂ ခု တစ်ပြိုင်တည်းရနိုင်ပါတယ်။ ပထမ တစ်ခု က Dividend income ဖြစ်ပါတယ်။ (အထက်က ပိုစ့် မှာ Dividend income အကြောင်း သေချာ ရှင်းထားပြီး ဖြစ်ပါတယ်။)။ နောက် တစ်ခု ကတော့ အခု ၀င်ငွေ အမျိုးအစားဖြစ်တဲ့ Capital gain ဖြစ်ပါတယ်။ Capital gain ဆိုတာကတော့ မိမိ ပိုင်ဆိုင်မှု asset ကို မူလ ၀ယ်ယူတုန်းက တန်ဖိုး ထက် ပိုမြင့် တဲ့ တန်ဖိုး နဲ့ရောင်း ချလိုက်တဲ့ အခါမှာ တစ်လုံးထဲ ၀င်လာ တဲ့ အမြတ် ငွေ တွေကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ ရှယ် ယာ တစ်စု ကို ၁၀၀ နဲ့၀ယ်ယူ လိုက်ပြီ အချိန်တစ်ခု ကြာ လို့ရှယ်ယာ တန်ဖိုး တက်သွားလို့တစ်စု ကို ၅၀၀ ဖြစ်သွား တဲ့ အချိန် ပြန်ရောင်း ရင် အသားတင် အမြတ် ၄၀၀ ရရှိခြင်းဟာ Capital gain ဖြစ်ပါတယ်။
Capital Gain Income နဲ့အဓိက ရပ်တည်နေကြ တဲ့ သူတွေ ကတော့ အိမ်ခြံမြေ သို့မဟုတ် မော်တော်ကား လိုမျိုး ပိုင်ဆိုင်မှုတွေကို ၀ယ်ရောင်း အနေနဲ့လုပ်ဆောင် ကြတဲ့ ပွဲ စားတွေ ကို ပြနိုင်မှာ ဖြစ်ပါတယ်။ လ အစမှာ ကားတစ်စီးကို သိန်း ၁၀၀ နဲ့၀ယ်လိုက်ပြီး ၂ ပတ်အကြာ မှာ ၁၁၀ နဲ့ပြန်ရောင်း နိုင်ရင် ၁၀ သိန်းအမြတ် ရမှာဖြစ်ပြီး ဒီ၀င်ငွေ အမျိုးအစားဟာ Capital gain အမျိုးအစားဖြစ်ပါတယ်။ တစ်လ အတွင်း ဒီလို အကြိမ်ရေ များများ လုပ်နိုင် လေလေ capital gain ၀င်ငွေ ပမာဏ များလေလေ ဖြစ်ပါလိမ့်မယ်။
ဒီ၀င်ငွေ အမျိုးအစားဟာ ပုံမှန် Earned Income တစ်ခုကို လုပ်နေရင်းနဲ့လဲ အလွယ်တကူ တွဲ ဖက် လုပ်ဆောင် နိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ Capital Gain income ကို အရင်းအနှီး မရှိပဲ နဲ့အကျိုးဆောင် ပွဲစားတွေ အနေနဲ့လုပ်ဆောင်ပြီးတော့လဲ ရယူနိုင်ပါသေးတယ်။ ကျွန်တော် ရဲ့Rent Income အနေနဲ့တိုက်ခန်း တစ်ခန်း ကို ၀ယ်ယူတုန်းက အကျိုးဆောင်ပေးသူ ဟာ ရပ်ကွက် ထဲက ပွဲစား အစ်မကြီး ဖြစ်ပါတယ်။ သူဟာ ပုံမှန်ဆိုရင်တော့ ဆန် နဲ့ဆီ ရောင်းတဲ့ ဆိုင် လေးဖွင့် ပြီး Profit income ရနေသူဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့လစဉ် အကျိုးဆောင်ခ က Profit income ထက် အဆ များစွာ ၀င်နေသူဖြစ် ပါတယ်။ ဒါ့အပြင် သူ အကျိုးဆောင်ပေးတဲ့ အိမ် ၀ယ်သူ အိမ်ရောင်းသူ အိမ်ငှား သူ အိမ်ငှားတင် သူအားလုံးက သူ့ရဲ့ဆန်ဆိုင်ကို အားပေးကြတဲ့ အတွက် လဲ သူ့ရဲ့income နှစ် ခုလုံးဟာ အပြန်အလှန်အကျိုးပြုနေပါသေးတယ်။
Capital gain income ကိုရချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ နယ်ပယ် ရဲ့ကျွမ်းကျင်မှု ၊ ဗဟုသုတ တွေကို ရနိုင် ဖို့လိုအပ်ပါတယ်။ ကားအရောင်း အ၀ယ် လား၊ ဒေါ်လာ အရောင်းအ၀ယ် လား၊ ရွှေ အရောင်းအ၀ယ်လား၊ တိုက်ခန်း လား အားလုံး ဟာ သက်ဆိုင်ရာ ကျွမ်းကျင်မှု အပြည့် လိုအပ်ပါတယ်။ မဟုတ်ရင်တော့ တိုက်ခန်းစျေး တွေ ကျတော့မှ ကိုယ် က စျေးကြီး ပေးပြီး ၀ယ်မိတာ၊ မတန်တဲ့ ကား ကို ၀ယ်မိတာ၊ တိုက်ကြေ ကားကို ဂျင်းမိတာ ၊ အရှုပ် အရှင်း ရှိတဲ့ တိုက် ကို ၀ယ် မိတာ စတာတွေ အများအပြားဖြစ်တတ်ပါတယ်။
အတော်များများ ကတော့ capital gain ကို ဖန် တီး ဖို့သက်ဆိုင်ရာ နယ်ပယ် က ကျွမ်းကျင် သူ အကျိုးဆောင်တွေ ကို အသုံးချ လေ့ရှိပါတယ်။ ဥပမာ နိုင်ငံခြား တွေ မှာ ၇ှယ်ယာ ၀ယ်ဖို့ဆိုရင် ရှယ်ယာ ၀ယ်ယူရေး အကျိုးဆောင် အကြံပေးတွေကို သုံးကြပါတယ်။ ဒါ့အပြင် အိမ်ပွဲစား ခြံပွဲ စား စတဲ့ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ အကျိုးဆောင်တွေ ကို သံုးတာ မျိုးတွေ လဲရှိပါတယ်။

(၇) Royalty Income
Royalty Income ဆိုတဲ့ သစ္စာရှိ ၀င်ငွေ ဆိုတာကတော့ များသော အားဖြင့် Intellectual Property လို့ခေါ်တဲ့ ဥာဏဆိုင်ရာ တန်ဖိုးရှိပိုင်ဆိုင်မှု တွေ ဆီက နေ ရလေ့ရှိပါတယ်။ Royalty Income ဆိုတာဟာ အဲဒီ ဥာဏပိုင်ဆိုင်မှုတွေကို ငှားရမ်းတာ ရောင်း၀ယ် တာတွေ ပြုလုပ်တဲ့ အကြိမ်တိုင်းမှာ တစ်သက်လုံး ၀င်ငွေ ရနေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ များသောအားဖြင့် တော့ မူပိုင်ခွင့်တွေ ဖြစ်တဲ့ Patent, Copy right စတာတွေ ကနေ ရနိုင်လေ့ ရှိပါတယ်။ ဥပမာ သီချင်းရေးဆရာ တစ်ယောက် ရဲ့အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဟာ ဘယ်အဆိုတော် က ပြန်ဆိုဆို တေးရေး ဆရာ အတွက် ၀င်ငွေ ရရှိနေမှာ ဖြစ်ပါတယ်။
စီးပွားရေး လုပ်ငန်းတွေ ဆိုရင်တော့ သူ တို့ရဲ့Brand က နာမည်ကျော်ကြား ပြီး လူသိများ လာပြီ ဆိုရင် Royalty Income ကို စတင်ဖန်တီး လေ့ရှိကြပါတယ်။ Franchise ပေးတယ်ဆိုတာ ဟာလည်း တစ်နည်းအားဖြင့် စီးပွားရေး လုပ်ငန်းတွေ လုပ်လေ့ရှိတဲ့ Royalty income ဖြစ်ပါတယ်။ ဥပမာ ကိုယ့် ဟာကိုယ် ကြက်ကြော် ကြော် ပြီး ရောင်းမယ် ဆိုရင် အနည်းငယ်သော ၀ယ်ယူသူတွေ သာရှိနိုင်ပါလိမ့်မယ်။ ဒီလို မဟုတ်ပဲ FKC ဆိုတဲ့ ကမ္ဘာကျော် ကြက်ကြော်ဆိုင် နာမည် နဲ့ရောင်းမယ်ဆိုရင်တော့ ၀ယ်ယူစားသုံးသူများစွာ ကို အလွယ်တကူ ရနိုင်ပါတယ်။ ဒါကြောင့် လဲ KFC ကြက်ကြော် ဆိုင်ဟာ တစ်ကမ္ဘာလုံးမှာ Franchise ပေးထားတဲ့ ဆိုင်ပေါင်း များ စွာ ကိုဖွင့် လှစ်ထားပါတယ်။ Franchise ပေးရတဲ့ အတွက် အမည် အသုံးပြုခွင့်ကို သတ်မှတ် ငွေ ကြေးပမာဏ ပေးသွင်း ပြီး ၀ယ်ရသလို လစဉ် ရောင်းအား ထဲက ရာခိုင်နှန်း တစ်ခုကို လဲ franchise ဆိုင်တွေက KFC ကို ပေးရလေ့ရှိပါတယ်။ ဒါကတော့ လုပ်ငန်းတွေ ကဖန် တီး တဲ့ royalty income ပုံစံဖြစ်ပါတယ်။
လူတိုင်းမှာ လဲ royalty income ကို ဖန်တီး နိုင်ပါတယ်။ ကျွန်တော် ကကျတော့ စာသင်တဲ့ ဆရာ တစ်ယောက် ဖြစ် တဲ့ အတွက် ကျွန်တော့်ရဲ့လက်ချာတွေ ကို online learning platform တစ်ခု မှာ တင်ထားလိုက်ပါတယ်။ ဒီသင်ခန်းစာတွေကို ၀င်ရောက် လေ့လာသူတွေရှိတိုင်း ကျွန်တော် ဟာ ၀င်ငွေ ရနေ မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျွန်တေ်ာ့ ရဲ့နောက်ထပ် royalty income တစ်ခုကတော့ စာအုပ် ထုတ် တာပဲဖြစ် ပါတယ်။ လက်ရှိမှာ စာတိုပေစု ဆိုတဲ့ အမည်နဲ့စာအုပ် ၂ အုပ် အောင်မြင်စွာ ထုတ်ဝေ ဖြန့်ဖြူး ပြီး ဖြစ် ပါတယ်။ ဒီစာ အုပ်တွေဟာ နောင် ဘယ် အချိန်မှာ ဖြစ်ဖြစ် ပြန်လည် ရိုက် နှိပ် ထုတ်ဝေ တာနဲ့ကျွန်တော့် က ၀င်ငွေ ရနိုင်မှာ ဖြစ် ပါတယ်။
ဒီလောက်ဆိုရင်တော့ ၀င်ငွေ လမ်းကြောင်း ပေါင်းများစွာကို သိရှိသွားပြီလို့ယူဆပါတယ်။ မိတ်ဆွေ ရဲ့လက်၇ှိအနေအထားအပေါ်မူတည်ပြီး အလုပ်က ရတဲ့ လစာ ဆိုတာနဲ့မတူတဲ့ ၀င်ငွေ အမျိးအစားတွေကို ဖန် တီး နိုင်ပါတယ်။
ပိုစ့်အစမှာပြောခဲ့သလိုပါပဲ လစာ ဆိုတာ ၀င်ငွေ နဲ့ပမာဏ တူနေရင် မိတ်ဆွေ မှာ ငွေကြေးဆိုင်ရာ ပြသနာ တစ်ခုခုကြုံဖို့အလားအလာ များနေပါပြီ။ လစာ ဟာ တစ်ခု တည်းသော ငွေ၀င်လမ်းမဟုတ်ပါဘူး။ လစာ ဆိုတာ ၀င်ငွေ လမ်းကြောင်း ၇ ခုထဲက Earned income ဆိုတဲ့ ခေါင်းစဉ် ကြီးအောက်က. ခေါင်းစဉ် အခွဲလေး ၃ ခုထဲက တစ်ခု သာဖြစ် ပါတယ်။
ဒါလေးနဲ့ပဲမိတ်ဆွေ ကျေနပ် နေတော့မှာလား။ ဒါမှမဟုတ် ပေါများ လှတဲ့ အခြား ၀င်ငွေ အမျိုးအစား တွေကို ဖန်တီး ဦးမလား။ တစ်ခု တော့ ထပ်သတိပေးပါမယ်။ မိတ်ဆွေ ချမ်းသာ ဖို့အတွက် ဘယ်သူ့မှာမှ တာ၀န်မရှိ ပါဘူး။ ဒီတော့ ကိုယ့် တာ၀န်ကို ကိုယ် က ပဲကျေ အောင် ထမ်း ရမှာပါပဲ။
အဲ…ဒါပေမယ့် မိတ်ဆွေက မြန်မာပြည် လူဦးရေ ငါးဆယ့် လေးသန်း ကျော် ထဲက သိန်းတစ်သောင်းခွဲ ထီ ဆု နဲ့အခြား ဆုကြီးတွေ ပေါက် မယ့် လူ ဆယ် ဂဏာန်း လောက် မှာ ငါ ပါနိုင်တယ်လို့ယုံကြည် ယူဆနေတယ် ဆိုရင်တော့ လဲ…ဒီအတိုင်း နေမြဲ အတိုင်းလေး အတိုင်း ဆက်နေလို့ရပါတယ?

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Green Heartผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์