Myaelatt Athan Broadcasting

Myaelatt Athan Broadcasting To provide the right information to people
(1)

Myaelatt Athan Broadcasting Page ဟာ မြေလတ်အသံသတင်းဌာနရဲ့ ရုပ်သံသတင်းတွေ၊ ရုပ်သံဆောင်းပါးတွေနဲ့ Podcast အစီအစဥ်တွေကို တင်ဆက်ပေးသွားမယ့် တရားဝင် စာမျက်နှာခွဲ တခုဖြစ်ပါတယ်။


Myaelatt Athan Broadcasting Page is an official sub-page of Myaelatt Athan Media that has been producing daily video programs for news, articles, and podcasts.

ပဲခူးအနောက်ခြမ်းမှာ မိသားစုဆီပြန်လာတဲ့ လူငယ်တဦးနဲ့ နိုင်/ကျဉ်းဟောင်းတဦးကို စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရပဲခူး၊ စက်တင်ဘာ...
08/09/2026

ပဲခူးအနောက်ခြမ်းမှာ မိသားစုဆီပြန်လာတဲ့ လူငယ်တဦးနဲ့ နိုင်/ကျဉ်းဟောင်းတဦးကို စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးခံရ

ပဲခူး၊ စက်တင်ဘာ ၈၊ ၂ဝ၂၆။

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့က နိုင်ငံရေးအကျဉ်းသားဟောင်းတဦးနဲ့ ပန်းတောင်းမြို့နယ်က မိသားစုဆီပြန်လာတဲ့ လူငယ်တဦးတို့ကို စစ်မှုထမ်းအဖြစ် အဓမ္မဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့က နိုင်ငံရေးအကျဉ်းသားဟောင်း အသက် ၂၅ နှစ်ဝန်းကျင် ကိုတူး(ခ)ကျော်အောင်ဇော်ကို လွန်ခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်အတွင်းက ရန်ကုန်-ပြည်လမ်း စိုက်ပျိုးရေးဌာန အထွက်တိုးစခန်းရှေ့မှာ ဒေသအခေါ် ပုဇဉ်း(လယ်ယာသုံးယာဉ်)ကားနဲ့ အလုပ်သွားနေချိန် ဖမ်းဆီးခံရတာဖြစ်ပြီး သူဟာ ပေါင်းတည်ထောင်ကနေ ပုဒ်မ ၅၂ (က)နဲ့ လွန်ခဲ့တဲ့ ၃ လကျော်လောက်ကမှ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူဖြစ်တယ်လို့ ဆိုပါတယ်။

နောက်တဦးဖြစ်တဲ့ မိသားစုဆီပြန်လာရင်း စစ်မှုထမ်းအဖြစ်ဖမ်းဆီးခံရသူမှာ ပန်းတောင်းမြို့နယ်၊ တုံကင်းအုပ်စု၊ တုံကင်းရွာမကြီးက အသက် ၃၂ နှစ်ဝန်းကျင် ကိုဇကောကြီး(ခ)ကိုခင်မောင်ဇော်ဖြစ်ပြီး စက်တင်ဘာလ ၅ ရက်နေ့က ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအစပ် ဒေသအခေါ် ရှားဘိုဂိတ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကိုတူး အလုပ်သွားနေတုန်း အဖမ်းခံရတာ၊ အုပ်ချုပ်ရေးမှူးရဲထွန်းနိုင်နဲ့ ပျူစောထီးအန္တရာယ်ကျော်ကြီးတို့က ဖုန်းဆက်ဖမ်းခိုင်းလို့ ရဲတွေကဖမ်းထားတာ တခါတည်း စစ်မှုထမ်းထဲထည့်လိုက်တယ်။ ကိုတူးမိန်းမဆီကိုလည်း အုပ်ကြီးက သိန်း ၁၆ဝ ပေးမှ ပြန်လွှတ်ပေးမယ်ဆိုပြီး ပြောသံတွေလည်း ကြားတယ်။ နိုင်ငံရေးမှုနဲ့ ထောင်ထွက်လာမှန်းသိလျက်နဲ့ တမင်ရွေးပြီးဖမ်းထည့်တာ၊ အခုတော့ သူ့(ကိုတူး)မိန်းမနဲ့ ဖုန်းအဆက်အသွယ်လည်း မရတော့ဘူးလို့ကြားတယ်” လို့ ဟင်္သာကန်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမှူး ရဲထွန်းနိုင်နဲ့ အန္တရာယ်ကျော်ကြီးတို့ စစ်မှုထမ်းဖမ်းဆီးမှုကြောင့် ရပ်ကွက်အတွင်းက ဆင်းရဲနွမ်းပါးတဲ့ လူငယ် ၁ဝ ဦးထက်မနည်း စစ်မှုထမ်းနေရပြီး တရားဝင် ၂ ဦးသေဆုံးကာ မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်နေသူတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အလားတူ ပန်းတောင်မြို့နယ် တုံကင်းအုပ်စု တုံကင်းရွာမကြီးက ကိုဇကောကြီးကို တုံကင်းအုပ်စု အုပ်ချုပ်ရေးမှူး ကိုတင်အောင်မိုးနဲ့ လက်ပံခုံရွာက ပျူစောထီး မျိုးခိုင်တို့ ပေါင်းပြီး စစ်မှုထမ်းအဖြစ်ဖမ်းဆီးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“တအုပ်စုလုံးလည်း စစ်မှုထမ်းကြေးပေးနေရတာ နှစ်ပေါက်နေပြီ။ အဲကောင်လေးက ရန်ကုန်က စားသောက်ဆိုင်မှာအလုပ်လုပ်နေရင်း မိသားစုဆီပြန်လာတာ။ ရန်ကုန်ကိုအပြန်မှာ အဖမ်းခံလိုက်ရတာ နောက်ထပ်ဖမ်းအုံးမယ်လို့လည်း ကြိမ်းထားသေးတယ်" လို့ တုံကင်းအုပ်စုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တုံကင်းအုပ်စုမှာ စစ်မှုထမ်းကြေးလစဉ်ပေးနေရသလို စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေရဲ့ မိသားစုတွေကိုလည်း ယခင်ကျပ် ၅၀,၀၀၀ ကောက်ခံရာက အခုအခါ ကျပ် ၁ သိန်းဝန်းကျင်ထိတိုးကောက်ဖို့ စီစဉ်နေတယ်လို့လည်း ၎င်းကဆက်ပြောပါတယ်။

လက်ရှိတွင် စစ်ကော်မရှင်ဟာ အဓမ္မစုဆောင်းထားတဲ့ စစ်မှုထမ်းအသစ်တွေနဲ့ ယခုလ စက်တင်ဘာ(၇) ရက်နေ့က စစ်မှုထမ်းအပတ်စဉ် ၂၈ သင်တန်းကို အုတ်တွင်းတပ်နယ်မှာ စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ- စက်တင်ဘာ(၇) ရက်နေ့က အုတ်တွင်းမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဉ်(၂၈) ဖွင့်ပွဲမှာ တွေ့ရတဲ့ တပ်သားသစ်များ

#မြေလတ်အသံ
#သတင်း #ပဲခူးတိုင်း #စစ်မှုထမ်း #လူငယ် #နိုင်ကျဉ်း

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ရေဦး မှာ စျေးနဲ့ကားဝပ်ရှော့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ ဦးသေဆုံးရေဦး၊ စက်တင်ဘာ ၈၊ ၂၀၂၆။ စစ်ကိုင်းတိုင်း၊ ရေဦး...
08/09/2026

ရေဦး မှာ စျေးနဲ့ကားဝပ်ရှော့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ ဦးသေဆုံး

ရေဦး၊ စက်တင်ဘာ ၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တင်းတိမ်ရံကျေးရွာက စျေးနဲ့ကားဝပ်ရှော့ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ ၇ ဦးသေဆုံးတယ်လို့ ရေဦးမြို့နယ် ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

ယမန်နေ့ စက်တင်ဘာလ ၇ ရက် ညနေ ၅ နာရီခန့်မှာ စစ်တပ်ဘက်က ကျေးရွာထဲကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲခဲ့သလို MI 35 နဲ့ပါ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ဂျိုင်ရိုကော်ပတာနဲ့ကြဲချတာက ဝပ်ရှော့ပေါ်ကျတယ်။ MI 35 နဲ့က ၁၁ ကြိမ်ပစ်တာ။ စျေးထဲကို ။ စျေးသိမ်းချိန်ဆိုတော့ အဲဒီမှာ လူမထိတာ။ စျေးနဲ့ဝပ်ရှောကြ ကပ်လျက်ရှိတာ။ ဒီအတိုင်းလာပစ်တာ။ ဘာပွဲလမ်းမှလည်းမရှိဘူး"လို့ ရေဦးမြို့နယ် ပကဖ တာဝန်ခံကပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၀ ကနေ ၅၀ ကြားရှိ အမျိုးသမီး ၁ ဦး၊ အမျိုးသား ၆ ဦးနေရာမှာတင်သေဆုံးပြီး နောက်ထပ်အမျိုးသား ၃ ဦးဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကားဝပ်ရှော့နဲ့စျေးဆိုင်ခန်းအချို့လည်းပျက်စီးမှုရှိပြီး ကျေးရွာနေပြည်သူတွေကတော့ ကြောက်လန့်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့ကလည်း အရာတော်မြို့နယ်၊ ညောင်ကြီးအိုင်နဲ့ထန်းတောကုန်းကျေးရွာတွေ လေကြောင်းတိုက်ခိုက်ခံရလို့ ပကဖရဲဘော်တဦးအပါအဝင် ၄ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-ရေဦးမြိုနယ်စစ်ဘေးရှောင်ပြည်သူ ထောက်ပံရေးအဖွဲ့

သတင်း - ကျော်ကြီး၊ စာတည်း - စိုးဦး

#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #ရေဦးမြို့နယ် #လေကြောင်းအန္တရာယ်
#သတင်း

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အမြန်လမ်းမှာ အဌားယာဉ်မောင်းကို သတ်ပြီး ကားလုသွားသူ ရဲတပ်သားကို ဖမ်းမိထားမိတ္ထီလာ၊ စက်တင်ဘာ ၈၊  ၂၀၂၆။မန္တလေးတိုင်း၊ မိတ္ထ...
08/09/2026

အမြန်လမ်းမှာ အဌားယာဉ်မောင်းကို သတ်ပြီး ကားလုသွားသူ ရဲတပ်သားကို ဖမ်းမိထား

မိတ္ထီလာ၊ စက်တင်ဘာ ၈၊ ၂၀၂၆။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မိုင်တိုင် ၂၇၉ အနီးမှာ လူသတ် ကားလုသွားသူက ရဲတပ်သားဖြစ်နေပြီး တရားခံကို ဖမ်းမိထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။

ပြစ်မှုကျူးလွန်သူက နေပြည်တော် လူကုန်ကူးမှုတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့က အသက်၂၃ နှစ်အရွယ် ရဲတပ်သားရဲရင့်အောင်ဆိုသူဖြစ်ပြီး စက်တင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်မှာပဲ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

"လူကုန်တားက ရဲတပ်သား ရဲရင်အောင်က သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ကားကိုလုသွားတာ။ နေပြည်တော်မှာ မိတာ။ ဖြစ်တာက မိတ္ထီလာ အပိုင်ဆိုတော့ မိတ္ထီလာစခန်းမှာ အမှုဖွင့်ထားတယ်။ နေပြည်တော်ကနေတော့ ဒီဘက်ကို လွဲပြောင်းလာတာတော့ မရှိသေးဘူး။ သေနတ်က အရာရှိသေနတ်ကို ယူလာတာဖြစ်ဖို့များတယ်"လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

လူသတ်ပစ္စည်းလုယက်မှုနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကိုတော့ မိတ္ထီလာမြို့မရဲစခန်းက (ပ)၁၄၉/၂၀၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ညနေပိုင်းမှာ မိတ္ထီလာမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မိုင်တိုင် ၂၇၆ အနီးမှာ အမျိုးသားတဦးသတ်ဖြတ်ခံထားရတဲ့ အနေထားနဲ့ သေဆုံးနေတာကို ကောက်စိုက်ပြီးပြန်လာသူတွေက တွေ့ရှိခဲ့ပါတယ်။

သေဆုံးသူဟာ ဇဗ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာ နေထိုင်သူအဌားယာဉ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကိုဆိုသူဖြစ်ပြီး အဆိုပါ မနက်ပိုင်းမှာ ကားအဌားလိုက်ဖို့ နေအိမ်မှ ထွက်သွားရာမှ ပျောက်ဆုံးနေခဲ့တာဖြစ်ကာ အလောင်းကို တွေ့ရချိန် ဝဲဘက် ဦးခေါင်းဂျိုစောင်းမှာ ရိုက်နှက်ခံထားရလို့ဘ ဦးခေါင်းခွံကြေမွ ပေါက်ပြဲဒဏ်ရာ၊ ယာဘက် မျက်လုံး ညိုမဲဖူးရောင် ဒဏ်ရာတွေနဲ့ ပက်လက်အနေအထား သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ကိုဝင်းကိုသေဆုံးပြီးနောက် သူမောင်းသွားတဲ့ သူ့ရဲ့ကား 9Q/4825 Hyundai Accent အမျိုးအစားကိုလည်း ပြစ်မှုကျူးလွန်သူက ယူဆောင်သွားခဲ့တာလို့ သိရပါတယ်။

ပုံစာ - အဌားယာဉ်မောင်းကို သေနတ်နဲ့ ပစ်သတ်ပြီး ကားလုသွားသူ ရဲတပ်သားရဲရင့်အောင်

သတင်း - ကျော်ကြီး

#မြေလတ်အသံ
#အမြန်လမ်း #အငှါးယာဉ်မောင်း
#မိတ္ထီလာမြို့နယ် #ရန်ကုန်မန္တလေးအမြန်လမ်းဘေး
#မိုင်တိုင်၂၇၉
#လူကုန်ကူးရဲတပ်သား

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မုံရွာ-ယာကြီး-ကလေးဝလမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်မှ အလင်းဝင်လာသူ ၂၈ ဦးရှိလာ◼️စစ်တပ်က နယ်မြေစိုးမိုးဖို့ ကြိုးစားနေပေ...
07/09/2026

မုံရွာ-ယာကြီး-ကလေးဝလမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်မှ အလင်းဝင်လာသူ ၂၈ ဦးရှိလာ

◼️စစ်တပ်က နယ်မြေစိုးမိုးဖို့ ကြိုးစားနေပေမဲ့ မကြာခဏတိုက်ခိုက်ခံရလို့ သေဆုံးများနေ

ကနီ၊ စက်တင်ဘာ ၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို နယ်မြေစိုးမိုးမှုရဖို့ ကြိုးစားနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ကနီမြို့နယ်ထဲမှာ မကြာခဏတိုက်ခိုက်ခံရတဲ့အတွက် အထိအခိုက်များလာပြီး ဘက်ပြောင်းခိုလှုံလာသူ (၂၈) ဦးထက်မနည်း ရှိတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ယမန်နေ့ စက်တင်ဘာ (၆) ရက် နေ့က ကနီမြို့နယ်၊ အဲဒီလမ်းပိုင်းမှာရှိနေတဲ့ ယာကြီးရွာအနီး (၄၅) မိုင်မှာ စစ်ကော်မရှင်တပ်သား ၃၀ ဦးခန့် တော်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းမိခဲ့ပြီး အသေအပျောက်များနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့ဝင်တဦးဆီက သိရပါတယ်။

“မနေ့ ကတော့ ဒေသအခေါ် သံပုရာခြံ မှာ မိုင်းမိတယ်။ ခ--အကောင် သုံးဆယ်လောက်ထိတယ် အသေအပျောက်လည်း များတယ်။” လို့ ကနီမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

အဲဒီလမ်းပိုင်းကို စိုးမိုးဖို့ ကြိုးစားနေတဲ့ စစ်တပ်နဲ့ ဒေသတွင်း ပကဖတပ်ဖွဲ့တွေနဲ့ (၅) လနီးပါးကြာ ကာလအတွင်း ထိတွေ့တိုက်ပွဲတွေ ရှိနေပြီး စစ်ကော်မရှင်တပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ကြိုကြား ကြိုကြား ပကဖ တွေ နဲ့ ထိတွေ့ တာလည်း အနည်းဆုံး ခွေး ၆ ကောင် (စစ်ကော်မရှင်တပ်သား ၆ဦး)လောက်သေတယ်။ အလင်းဝင် ၂၈ ဦး ထက်မနည်း ရှိတယ်။” လို့ အထက်ပါ တော်လှန်ရေးအဖွဲ့ဝင်က ပြောပါတယ်။

မကြာခဏတိုက်ခိုက်ခံရမှုတွေကြောင့် (၅) လနီးပါးအတွင်း စစ်တပ်ဘက်က ဘက်ပြောင်းခိုလှုံလာသူ တပ်ဖွဲ့ဝင်(၂၈) ဦးထက်မနည်း ရှိလာခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်က ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့ကစလို့ အင်အား ၁၀၀၀ ခန့်နဲ့ စတင် စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အင်အား ၄၀၀ ခန့်နဲ့ လမ်းပိုင်းတလျှောက်မှာ တပ်စွဲနေတာလို့ သိရပါတယ်။

စစ်တပ် တပ်စွဲနေစဉ်အတွင်း ကနီမြို့နယ်က ပြည်သူ (၉) ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀ လုံးကိုလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

“ပြည်သူ ၉ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်တယ်။ ပြည်သူနေအိမ် ၁၀လုံး မီးရှို့ ပြီး ပြည်သူပိုင် နေအိမ် အများအပြား ဖျက်ဆီး၊ သစ်ဝါး သံဆူးကြိုးပါမကျန်၊ ဆန်၊ ဆီ၊ နွား၊ ဝက်၊ ကြက်၊ အိမ်မွေး အိမ်သုံးစ္စည်းများ ခိုးယူတယ်။” လို့ တော်လှန်ရေးအဖွဲ့ဝင်ကပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၅ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကနီမြို့နယ်ထဲရှိ ကျေးရွာတရွာက သာသနာ့အဆောက်အအုံတွေ ပျက်စီးခဲ့ရသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကြောင်းထိုးတာ၊ တပ်စွဲအထိုင်ချတာ၊ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကနီမြို့နယ်ထဲမှာ ကျေးရွာ (၂၄)ရွာထက်မနည်းက သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရပြီး မိုးကာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်က မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းက ရွှေတောင်ဦး၊ ၅မိုင် ဂိတ်၊ တရော်ကျင်းရွာ (၁၀မိုင်)၊ ချောင်းမရွာ (၁၅မိုင်)၊ အောင်မင်္ဂလာရွာ (၂၀မိုင်)၊ ရွှေပြည်သာရွာ (၂၆မိုင်)၊ ၃၄မိုင် ဘုရားနဲ့ ယာကြီးကျေးရွာ (၄၀မိုင်)တို့မှာ တပ်စွဲနေပြီး ချောင်းမ-ကနီ လမ်းပိုင်းက မုဌောရွာမှာလည်း တပ်စွဲထားတယ်လို့ သိရပါတယ်။

ပုံစာ-မုံရွာ-ယာကြီး-ကလေးဝလမ်းမှာ တိုက်ခိုက်ခံရတဲ့ စစ်တပ်စစ်ကြောင်းနဲ့ မေလက အလင်းဝင်လာတဲ စစ်သားတွေကို တွေ့ရတာပါ။

သတင်း - ကျော်စွာ၊ စာတည်း-စိုးဦး

#မြေလတ်အသံ
#စစ်ကိုင်းတိုင်း #မုံရွာ #ကလေးဝ #ပကဖ #သတင်း

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

မင်းတုန်း မဲဇလီတံတားအနီး စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံးမင်းတုန်း၊ စက်တင်ဘာ ၇၊ ၂၀၂၆။မကွေးတိုင်း၊ မင်းတုန်းမြို့န...
07/09/2026

မင်းတုန်း မဲဇလီတံတားအနီး စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦးသေဆုံး

မင်းတုန်း၊ စက်တင်ဘာ ၇၊ ၂၀၂၆။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာထိပ် တံတားအနီး စစ်တပ်ဗုံးကြဲလို့ အမျိုးသမီး ၁ ဦး သေဆုံးတယ်လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။

စက်တင်ဘာလ ၆ ရက်နေ့ နေ့လည် ၂ နာရီခွဲခန့်မှာ ကျေးရွာထိပ်နဲ့ တံတားဝန်းကျင်တွေကို မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးက ဗုံး ၄ လုံး၊ ကပစ ၁၂ ကတက်လာတဲ့ စက်တပ်လေထီး ၃ စီးက ဗုံးသီး ၉ လုံးကြဲချသွားတယ်လို့ ဆိုပါတယ်။

"တိုက်ပွဲ မဖြစ်ဘူး။ သူတို့လက်လွှတ်ထားရတဲ့ ရွာတွေ။ သက်သက်လာကျဲတာပါ။ ခု ဗုံးထိသေတဲ့ အမျိုးသမီးက သူက အဲ့အနီးအနားမှာ စစ်ရှောင်ပြီး နေနေတာပါ။ သူနေတဲ့နေရာအနီးကို ကြလို့သေတာ"လို့ သရက်ခရိုင်တပ်ရင်း ၄ ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောပါတယ်။

ဗုံးပေါက်ကွဲစထိမှန်လို့ ပန်းတောင်းမြို့နယ်၊ ပုကန်ကွဲရွာကနေ စစ်လာရှောင်နေတဲ့ အသက် ၅၄ နှစ်အရွယ် အမျိုးသမီးကနေရာမှာတင်သေဆုံးပြီး နောက်ထပ် အမျိုးသား ၁ ဦးဒဏ်ရာရထားပါတယ်။

ဗုံးကြဲမှုကြောင့် ကျေးရွာထိပ်ရှိ ပြည်သူနေအိမ်အချို့ အနည်းအကျဥ်းပျက်စီးတာမျိုးရှိပြီး စိုးရိမ်ကြောက်လန့်မှုရှိတဲ့ ရွာခံတွေကတော့ ကျေးရွာကနေ ဘေးလွတ်ရာ တိမ်းရှောင်တာမျိုးရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာလ ၄ ရက်နေ့ကလည်း မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အနောက်ဘက်ရှိ အမှတ်(၁) တိရစ္ဆာန်မွေးမြူရေးနဲ့ လေ့ကျင့်ရေးတပ် ဒေသအခေါ် BPI တပ်ကို PDF ပူးပေါင်းတပ်တွေ လာရောက်တိုက်ခိုက်ရာမှ နှစ်ဖက်သေဆုံးရှိပြီး စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် အိုင်ကြီးနဲ့ ပေါက်တောရွာက ပြည်သူ ၄ ဦးပါ ထိမှန်သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

ပုံစာ - မဲဇလီကျေးရွာထိပ် တံတားအနီး ဗုံးကြဲခံရမှုမြင်ကွင်းများ

သတင်း - ကျော်ကြီး
#မြေလတ်အသံ

#မင်းတုန်းမြို့နယ်
#မဲဇလီကျေးရွာ
#မဲဇလီတံတား
#စစ်တပ်ဗုံးကြဲ
#အမျိုးသမီး၁ဦးသေဆုံး

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

07/09/2026

ဈေးနှုန်းမြင့်တက်မှုကြောင့် ကလေးများအတွက် အနည်းဆုံးအာဟာရ ကြက်ဥတစ်လုံးပင်မစားရ (ရုပ်/သံ)

မြေလတ်အသံ၊ စက်တင်ဘာ၊ ၂၀၂၆။

မြန်မာနိုင်ငံမှာ စားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုတွေနဲ့အတူ အခြေခံလူတန်းစားတွေ အဓိကအားထားစားနေရတဲ့ ဟင်းလျာဖြစ်တဲ့ ကြက်ဥတလုံးရဲ့ ဈေးနှုန်းဟာလည်းလက်လီဈေး (၇၀၀) ကျပ်အထိ မြင့်တက်နေပါတယ်။

စစ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ ငွေတထောင်ဖိုးကို ကြက်ဥအသေး (၁၂) လုံးရခဲ့ရာကနေ့ ယခုလက်ရှိ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှာတော့ ကြက်ဥတလုံးတန်ဖိုး(၇၀၀) ကျပ်အထိ မြင့်တက်လာတဲ့အတွက် အခြေခံလူတန်းစားမိသားစုတွေမှာ လူတစ်ယောက် ကြက်ဥတလုံးမစားနိုင်တော့သလို ကလေးငယ်တွေကိုလည်း ယခင် ကြက်ဥနှစ်လုံးကျွေးနိုင်ရာကနေ တစ်လုံးကျွေးဖို့ကို ခက်ခဲလာတယ်လို့ အိမ်ထောင်ရှင်မိခင်တွေက ပြောပါတယ်။

"အရင်တုန်းကတော့ ဥစမ်းလေးတွေ ဆိုရင် ၁၀၀၀ ဖိုး ၁၂ လုံးလောက်ရတယ်လေ လူများရင် အသေးလေးတွေလောက်တယ်။ အခုက တလုံး ၇၀၀ ဆိုတော့ ကွာခြားသွားတာ။ အခက်အခဲက အများကြီးရှိတာပေါ့ တရက်လုပ်အားခနဲ့ဆို ၂ သောင်းနဲ့ဈေးသွားရင် ဘာမှမရခဲ့ဘူး အရင်တုန်းကဆို ၂ သောင်းဆိုရင် လေးငါးရက်စားရတယ် အဲလိုကွာခြားသွားတယ်။ အများကြီးလျော့စားရတယ်။ အဆအများကြီးတက်သွားတယ်။ အရင်တုန်းက ၂ လုံး ၃ လုံးကျွေးနိုင်တယ်။ အခုကတော့ တလုံးတောင်မနည်းကျွေးနေရတယ်။" လို့ အိမ်ရှင်မတစ်ဦးက မြေလတ်အသံကိုပြောပါတယ်။

ကုန်ဈေးနှုန်းမြင့်တက်လာပေမဲ့ လုပ်ခလစာတွေကတော့ မြင့်တက်လာတာမရှိသလို အလုပ်အကိုင်အခွင့်အလမ်းရှားပါးတာ စစ်မှုထမ်းအတင်းအဓမ္မဖမ်းဆီးတာတွေကြောင့် လူငယ်အများစု ရှောင်တိမ်းနေရပြီး သက်ကြီးရွယ်အိုတွေ အစားထိုး အလုပ်ထွက်လုပ်နေကြရတာ၊ အိမ်ရှင်မအမျိုးသမီးတွေလည်း ကြုံရကျပန်းလုပ်ကိုင်နေရတာတွေ ရှိနေပေမယ့်လည်း စားဝတ်နေရေး ခက်ခဲနေဆဲဖြစ်လို့ အစားအစာတွေကို ချွေတာစားသောက်နေကြရတယ်လို့ ပင်စင်စားအိမ်ရှင်မတဦးကလည်း မြေလတ်အသံကို အခုလိုပြောပါတယ်။

"အရင်တုန်းက လူတယောက်ကို ကြက်ဥနှစ်လုံးစားနိုင်မယ်။ အခုကတော့ တလုံးပဲစားရတယ် ချွေစားရတာပေါ့။ အရင်က ၃၅၀ အခုက ၆၅၀။ အရင်တုန်းက စားချင်တာစားပေါ့ အခုကတော့ ပုံစံနဲ့ပေါ့ မုန့်ဆိုလည်းအဲလိုပဲ အရင်မုန့်နှစ်ခုဆို အခုက တခုပေါ့ အရင်က နှစ်ကြိမ် ကျွေးတာမှာ အခုကတော့ တကြိမ်ပဲကျွေးနိုင်တော့တယ်၊ ပင်စင်ငွေနဲ့ဆိုတော့ ခက်ခဲတာပေါ့။ နောက်ထပ်အလုပ်တွေလုပ်ရတယ် အထည်ရောင်း၊ လပေးပစ္စည်းလေးတွေ ရောင်းရတယ် ပင်စင်ငွေက မလောက်ဘူး ကိုယ်တယောက်စာတောင် အဆင်မပြေဘူး။" လို့ဆိုပါတယ်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ သမ္မတသက်တမ်း ရက်(၁၀၀) အတွင်း စီမံကိန်အလွဲအမှားတွေနဲ့ သွင်းကုန်ပိတ်ပင်တဲ့ မူဝါဒတွေကြောင့် ပြည်ပကတင်သွင်းရတဲ့ စီးပွားဖြစ်မွေးမြူရေးသုံး တိရိစ္ဆာအစားအစာ၊ ဆေးဝါးနဲ့ ကုန်ကြမ်းဈေးတွေ မြင့်တက်ခဲ့တဲ့အတွက် စားသုံးသူပြည်သူတွေက လက်လီပြန်လည်ဝယ်စားတဲ့အခါ အခုလို ဈေးနှုန်းတွေ မြင့်တက်ခဲ့တာလို့ သိရပြီး ကြက်ဥဈေးနှုန်းမြင့်တက်တဲ့အခြေအနေနဲ့ပတ်သက်ပြီး မွေးမြူရေးသမားတဦးကလည်း အခုလိုပြောပါတယ်။

"အစာဈေးတက်တယ် ကုန်ကြမ်းဈေးတက်တော့ အစာဈေးတက်တယ် တအိတ်ကို ၁ သိန်းလောက်ဆို အခုက ၁ သိန်း ၁ သောင်းလောက်ပေါ့ ဥစုံထိကိုတော့ အရင်တနှစ်က တစ်ကောင်ကို အကောင်တထောင်ကို သိန်း ၂၅၀ နဲ့ရတယ် အခုနှစ်ကတော့ ကုန်ကြမ်းဈေးတက်တာရော ကြက်ပေါက်ဈေးတက်တာရောနဲ့ သိန်း ၂၈၀ လောက်မှ ရမယ် အကောင်ရည်များရင်များသလို မွေးမြူရေး သမားတွေ ကျန်တယ်။ ကြက်စာဈေးလည်းတက်သလို ကြက်ဥဈေးလည်း တက်တော့ အကျိုးအမြတ်ကတော့ အတူတူပဲရှိတယ်။ အဓိကက ကြက်ဥတွေဝယ်စားတဲ့သူမှာ ဈေးကြီးတယ်။" လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ (၂၀) ရက်နေ့မှာ UN/WFP (ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်) က ထုတ်ပြန်ချက်တခုထုတ်ပြန်ရာမှာ မြန်မာနိုင်ငံလူဦးရေ ၁၂ ဒဿမ ၄ သန်းဟာ လတ်တလောဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး လက်ရှိမြင့်မားနေတဲ့ စားနပ်ရိက္ခာနဲ့ စက်သုံးဆီဈေးနှုန်းတွေ ကျဆင်းသွားတာမရှိဘဲ ဆက်လက်မြင့်တက်နေပါက ထပ်တိုး လူဦးရေ (၅) သန်းအထိ လတ်တလော စားနပ်ရိက္ခာမလုံလောက်မှု အခြေအနေကို ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ လက်ရှိမှာ ဝမ်းရေးဒုက္ခကိုခံစားနေရတဲ့ အဆိုးရွားဆုံး နိုင်ငံအဆင့်(၆) မှာရှိနေပြီး လူလေးဦးမှာ တဦး ဆာလောင်မွတ်သိပ်မှုဒဏ်ကိုခံစားနေရသလို ကလေးငယ် (၃၆,၀၀၀၀) ကျော်မှာလည်း အာဟာရချို့တဲ့မှုကို ခံစားနေရတယ်လို့ WFP ဆိုပါတယ်။

ကလေးငယ်တွေကျန်းမာဖွံ့ဖြိုးဖို့အတွက် အဓိကလိုအပ်တဲ့ အာဟာရတွေဖြစ်တဲ့ အသား၊ ငါး၊ နို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ကြက်ဥ နဲ့ ဟင်းသီးဟင်းရွက်တွေကို မျှတအောင် စားသုံးပေးရမယ်လို့ ကျန်းမာရေးပညာရှင်တွေက သတ်မှတ်ထားကြပေမဲ့ မြန်မာကလေးငယ်တွေဟာ လက်ရှိမှာတော့ အာဟာရပြည့်မီအောင်မစားရသလို အနည်းဆုံးအာဟာရဖြစ်တဲ့ ကြက်ဥတစ်လုံးကိုတောင် စားနိုင်ဖို့ ခက်ခဲနေတာပဲဖြစ်ပါတယ်။

#မြေလတ်အသံ

သတင်း - ကျော်ကြီး၊ စိုးဦး ၊ တည်းဖြတ် - M

#မြေလတ်အသံ
#ကြက်ဉ #ကုန်ဈေးနှုန်း #ကလေး #အာဟာရ

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူကို မုံရွာ ပကဖ ပစ်ခတ်ရှင်းလင်းမုံရွာ၊ စက်တင်ဘာ ၇၊ ၂၀၂၆။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ဒုရဲအုပ်ထွ...
07/09/2026

ဒုရဲအုပ်နဲ့ ဇနီးဖြစ်သူကို မုံရွာ ပကဖ ပစ်ခတ်ရှင်းလင်း

မုံရွာ၊ စက်တင်ဘာ ၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ဒုရဲအုပ်ထွန်းကိုကိုနဲ့ ဇနီးဖြစ်သူကို မုံရွာပကဖ က ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၅ ရက် မနက်ပိုင်းမှာ မုံရွာမြို့နယ်၊ တိုက်နယ် ၂၊ ပကဖ တိုက်ခိုက်ရေးအဖွဲ့ဖြစ်တဲ့ Titans Force - Monywa LPDF က စစ်ကော်မရှင် စိုးမိုးနယ်မြေအတွင်း ဝင်ရောက်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

“ထွက်တဲ့အချိန် လမ်းက ဖြတ်ရှင်းခဲ့တာပါဗျ။ သူတို့နယ်နမိတ်အတွင်းမှာ ဝင်ရောက်ရှင်းလင်းရတာဆိုတော့ ကိုယ့်ဘက်က လက်ဦးမှုယူပြီး ရှင်းလင်းပြီး မြန်မြန် ပြန်ဆုတ်ရတာပါ။” လို့ မုံရွာမြို့နယ် ပကဖ က ဆိုပါတယ်။

စစ်ကော်မရှင်တပ် စိုးမိုးထားတဲ့ မုံရွာမြို့နယ်၊ သာစည်ကျေးရွာအနီး၊ အကျဉ်းသားမရှိသေးတဲ့ ဆောက်လက်စ အကျဉ်းထောင်အနီးမှာ ဒုရဲအုပ်ထွန်းကိုကို ဦးဆောင်တဲ့ ရဲနဲ့စစ်သားတွေက ဂိတ် ၃ ခု ဖွင့်ထားတာလို့ သိရပါတယ်။

အဆိုပါ ဂိတ်အနီးမှာ စစ်ကော်မရှင်လက်အောက်ခံ တပ်သားတွေက အနီးအနားကျေးရွာတွေက လယ်ယာလုပ်သားတွေ၊ ဆိတ်ကျောင်းသား၊ နွားကျောင်းသွားတွေကိုပါ ဖမ်းဆီး ငွေညှစ်လေ့ရှိပြီး ဒုရဲအုပ်ထွန်းကိုကိုက ခေါင်းဆောင်ဖြစ်တယ်လို့ မုံရွာပကဖ က ဆိုပါတယ်။

“အဲဒီ ရွာမှာက သူတို့ကြီးစိုးထားတာပါဗျ။ ရွာသူရွာသားတွေက အပြင်ထွက်ဖို့ကို မလွယ်တဲ့ ကိစ္စတွေရှိပါတယ်။ နစ်နာသူတွေရှိပေမယ့် ရှေ့ထွက်ဖို့မလွယ်တဲ့အခြေအနေပါဗျ။ အကျဉ်းထောင်မှာ ဂိတ် ၃ ဂိတ်ရှိပြီး အဲ့ထဲမှာ ရဲရော စစ်ရော စခန်းချနေတာပါဗျ။ အခုလူက ဂိတ် ၃ ဂိတ်ထဲက ၁ ဂိတ်ရဲ့ခေါင်းပေါင်း(ခေါင်းဆောင်)ပါဗျ။” လို့ မုံရွာ ပကဖအဖွဲ့က ပြောပါတယ်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုအပြီးမှာ Titans Force - Monywa LPDF က ပစ္စတိုသေနတ် ၁ လက်နဲ့ စကားပြောစက် ၁ လုံး သိမ်းဆည်းရရှိခဲ့ပြီး အမျိုးသားရော အမျိုးသမီးပါ နေရာမှာတင် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဒုရဲအုပ်ဦးဆောင်ကျူးလွန်ခဲ့တဲ့ မရားမှုတွေကို ဇနီးဖြစ်သူကပါ ကြံရာပါအနေနဲ့ ပူးပေါင်းခဲ့တာတွေ ရှိတယ်လို့ မုံရွာပကဖ ရဲ့ ဖြေကြားချက်အရ သိရှိရပြီး၊ ဇနီးဖြစ်သူရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပုံစာ - ပစ်ခတ်ရှင်းလင်းခံရသူ ဒုရဲအုပ်ထွန်းကိုကိုနှင့် သိမ်းဆည်းရမိသည့် ပစ္စတိုတလက်နှင့် စကားပြောစက်

သတင်း - ကျော်စွာ
မြေလတ်အသံ

#မုံရွာမြို့နယ်


#ဒုရဲအုပ်ထွန်းကိုကို
#ပစ်ခတ်ရှင်းလင်းခံရ

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အဌားယာဉ်မောင်းတဦး အမြန်လမ်းဘေးမှာ ရိုက်နှက်သတ်ဖြတ်ခံရမိတ္ထီလာ၊ စက်တင်ဘာ ၇၊ ၂၀၂၆။မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အပိုင် ရန...
07/09/2026

အဌားယာဉ်မောင်းတဦး အမြန်လမ်းဘေးမှာ ရိုက်နှက်သတ်ဖြတ်ခံရ

မိတ္ထီလာ၊ စက်တင်ဘာ ၇၊ ၂၀၂၆။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မိုင်တိုင် ၂၇၉ အနီးမှာ ရိုက်နှက်သတ်ဖြတ်ခံထားရတဲ့ အမျိုးသား အလောင်းတလောင်းတွေ့ရှိခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးခဲ့သူတွေထံက သိရပါတယ်။

သတ်ဖြတ်ခံထားရသူဟာ ဇဗ္ဗူသီရိမြို့နယ်၊ သုခတော်ဝင်အိမ်ရာမှာ နေထိုင်သူ အဌားယာဉ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ အသက် ၃၄ နှစ်အရွယ် ကိုဝင်းကိုဆိုသူဖြစ်ပြီး စက်တင်ဘာလ ၆ ရက်နေ့ညနေ ၅ နာရီခန့်မှာ သေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

"ကန်ကြီးကုန်းရွာက ကောက်စိုက်ပြန်လာသူတွေက တွေ့တာ။ အဲတော့သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ အဲဒီကနေတဆင့် ရဲကိုအကြောင်းကြားလို့ သိကြရတာ။ "လို့ ကူညီဆောင်ရွက်ပေးခဲ့သူတဦးကပြောပါတယ်။

အလောင်းကိုတွေ့ရှိချိန်မှာ သေဆုံးသူရဲ့ ဝဲဘက် ဦးခေါင်းဂျိုစောင်းမှာ ရိုက်နှက်ခံထားရလို့ ဦးခေါင်းခွံကြေမွ ပေါက်ပြဲဒဏ်ရာ၊ ယာဘက် မျက်လုံး ညိုမဲဖူးရောင် ဒဏ်ရာတွေနဲ့ ပက်လက်အနေအထား သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ အလောင်းကိုတော့ လူမှုကူညီရေးအသင်းက ကောက်ယူပြီး မိတ္ထီလာပြည်သူ့ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အဆိုပါ မနက်ပိုင်းမှာပင် ကားဌားသူရှိတာကြောင့် နေအိမ်ကနေ ကားနဲ့အတူ ထွက်သွားပြီးနောက် အဆက်အသွယ် မရတာကြောင့် မိသားစုက ရဲတပ်ဖွဲ့ထံ ဆက်သွယ်အကူအညီတောင်းခဲ့ရာမှ ပျောက်ဆုံးသူနဲ့ သေဆုံးသူရဲ့ ပုံစံအချက်အလက်တွေ ကိုက်ညီနေတာကြောင့် သေဆုံးသူဟာ ကိုဝင်းကိုဖြစ်တာကို အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

ကိုဝင်းကိုနဲ့အတူ ပါသွားတဲ့ 9Q/4825 Hyundai Accent အမျိုးအစား ကားမှာလည်း ပျောက်ဆုံးနေပြီး စက်တင်ဘာလ ၇ ရက်နေ့မနက်ပိုင်းအထိတော့ တရားခံတွေကို ဖမ်းလို့မမိသေးဘူးလို့ သိရပါတယ်။

သတင်း - ကျော်ကြီး

#မြေလတ်အသံ
#အမြန်လမ်း #အငှားယာဥ်မောင်
#မိတ္ထီလာမြို့နယ်
#ရန်ကုန်မန္တလေးအမြန်လမ်းဘေး
#မိုင်တိုင်၂၇၉

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စစ်တပ်စစ်ကြောင်းက နေအိမ်ကြီး ၁၈ လုံးကိုမီးရှို့ပြီး လျှပ်စစ်ထရန်စဖော်မာ ၁ လုံးကိုဖြုတ်ယူ ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၅၊ ၂...
05/09/2026

စစ်တပ်စစ်ကြောင်းက နေအိမ်ကြီး ၁၈ လုံးကိုမီးရှို့ပြီး လျှပ်စစ်ထရန်စဖော်မာ ၁ လုံးကိုဖြုတ်ယူ

ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၅၊ ၂၀၂၆။

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ သီးကုန်းရွာက နေအိမ်ကြီး ၁၈ လုံးကို စစ်တပ်စစ်ကြောင်းကမီးရှို့ပြီး ပုပ္ပါးတောင်ခြေရှိ သုံးအိမ်ကုန်းရွာက လျှပ်စစ်ထရန်စဖော်မာ ၁ လုံးကိုလည်း ဖြုတ်ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၅ ရက် ဒီမနက်ပိုင်းမှာ အိမ်ကြီးအိမ်ကောင်းတွေကိုအဓိကထား ဖြုတ်ယူသွားတဲ့ လျှပ်စစ်ထရန်စဖော်မာကလည်း ကျပ်သိန်း ၄၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"သုံးအိမ်ကုန်းရွာလယ်က လျှပ်စစ်ထရန်စဖော်မာကို ဖြုတ်ယူသွားတယ်။ အမေစုလက်ထက်က ပြည်သူတွေစုဝယ်ထားတာ သိန်း ၄၀၀ လောက်ရှိတယ်" လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

မီးရှို့ခဲ့ကြတာဖြစ်ပြီး မီးရှို့အပြီး အဲဒီစစ်ကြောင်းဟာ ဒီးဒုတ်ကုန်းရွာကတဆင့် လေးပင်ရွာကို ရောက်ရှိနေတယ်လို့ မလှိုင်အခြေစိုက် လူထုသတင်းကွန်ယက်က သတင်းထုတ်ပြန်ထားပါတယ်။

ပုပ္ပါးတောင်ခြေက ကျေးရွာတွေကို မီးရှို့တာနဲ့ပတ်သက်ပြီး “ပုပ္ပါးတောင်မှာလုပ်မယ့် အဘဘိုးမင်းခေါင်ထွက်ပွဲကို စစ်တပ်ကအကောင်ကြီးတွေ ကတော်တွေလာမယ်လို့ သတင်းကြားတယ်။ အဲ့ဒါကြောင့် တောင်ခြေတွေမှာ မနေနိုင်အောင်လုပ်နေတာဖြစ်နိုင်တယ်” လို့ ကျောက်ပန်းတောင်းမြို့ခံတဦးက ပြောပါတယ်။

ဘိုမင်းခေါင်ထွက်ပွဲကို နှစ်စဉ်တော်သလင်းလပြည့်ကျော် ၂ ရက်မှာ ကျင်းပလေ့ရှိတာဖြစ်တယ်လို့ ပုပ္ပါးတောင်ခြေရှိ ဒေသခံတွေဆီက သိရပါတယ်။

ပုံစာ - ကျောက်ပန်းတောင်းမြို့နယ်တွင် NLD အစိုးရလက်ထက် လျှပ်စစ်မီးရရှိရေးဆောင်ရွက်မှုမြင်ကွင်း။

#မြေလတ်အသံ
#ကျောက်ပန်းတောင်း #စစ်တပ် #မီးရှို့ #နေအိမ်ပျက်စီး

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ခမရ ၅၈၉ ကိုရိက္ခာပို့လေ့ရှိတဲ့ အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး ပစ်ခတ်ခံရပြီးသေဆုံးနိုင် ညောင်လေးပင်၊ စက်တင်ဘာ ၅၊ ၂၀၂၆။ပဲခူ...
05/09/2026

ခမရ ၅၈၉ ကိုရိက္ခာပို့လေ့ရှိတဲ့ အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူး ပစ်ခတ်ခံရပြီးသေဆုံးနိုင်

ညောင်လေးပင်၊ စက်တင်ဘာ ၅၊ ၂၀၂၆။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ အောင်းကြီးကျေးရွာနဲ့ ပြွန်တန်ဆာမြို့သွားလမ်းပေါ်မှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးဆိုသူတို့ ပစ်ခတ်ခံရပြီး သေဆုံးနိုင်တယ်လို့ 9 star UG အဖွဲ့ဆီက သိရပါတယ်။

ပစ်ခတ်ခံရသူတွေဟာ ရေတွင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး အသက် ၆၅ နှစ်အရွယ် ဦးစိုးဌေး၊ တပည့်ဖြစ်သူ အောင်းကြီးကျေးရွာနေသူ ရာအိမ်မှူး ပျူစောထီးခေါင်းဆောင် အသက် ၃၀ အရွယ် ကိုကျော် (ခ) အောင်ကျော်မျိုးတို့ဖြစ်ပြီး စက်တင်ဘာ ၄ ရက် နေ့လယ် ၁ နာရီကျော်မှာ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"ဆိုင်ကယ် နဲ့ မြို့ပေါ်အတတ်ကို နောက်က လိုက်ပစ်တာ။ ဘာကိစ္စ နဲ့ မြို့ပေါ်တတ်တယ်ဆိုတာတော့ မသိဘူး။ ဆိုင်ကယ်က နှစ်ယောက်တစီး စီးပြီးလာတဲ့အချိန် လိုက်ပစ်တော့ ဆိုင်ကယ်လဲသွားတဲ့အချိန် အုပ်ကြီးကိုက ကျောထဲလေးချက် ခြေနှစ်ချောင်းလုံး နှစ်ချက်။ ရာအိမ်မှူးကိုက သုံးချက် ရင်ဘတ်ထဲပဲ ပစ်ထည့်တာ လဲနေလို့ သေပြီဆိုပြီး ထားခဲ့တာ"လို့ 9 star UG အဖွဲ့တာဝန်ရှိသူကပြောပါတယ်။

သေနတ်နဲ့အနီးကပ်ပစ်ခဲ့တာကြောင့် အုပ်ချုပ်ရေးမှုးနဲ့ရာအိမ်မှူးဟာ အဆိုပါနေရာမှာပင် ကျည်ထိဒဏ်ရာတွေနဲ့ ငြိမ်သက်သွားပြီး လမ်းသွားလမ်းလာများတဲ့လမ်းပိုင်းဖြစ်လို့ မည်သည့်ပစ္စည်းမှ မယူလာနိုင်ဘဲ အမြန်ပြန်ထွက်လာရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးကိုတော့ ဒေသခံတွေက ပဲခူးဆေးရုံအထိ သယ်ဆောင်သွားတယ်လို့ သတင်းရထားပြီး သေဆုံးနိုင်ခြေများတယ်လို့ ဆိုပါတယ်။

အုပ်ကြီး စိုးဋ္ဌေးဟာ ရွှေကျင်မြို့နယ်၊ ဒုံစရစ် ခမရ ၅၈၉ တပ်တွင်းသို့ ဆန်၊ ရိက္ခာ၊ ဓာတ်ဆီတို့ကို တာဝန်ယူပို့ဆောင်ပေးခြင်း၊ ကျေးရွာအတွင်း စစ်တပ် အထိုင်ချနေထိုင်နိုင်ရန် စီစဥ်ဆောင်ရွက်ပေးတာ၊ ကျေးရွာနေပြည်သူများအပေါ် စစ်မှုထမ်းကြေး လစဥ်ကောက်ခံတဲ့အပြင် ဒေသအတွင်းပေါ်တာဆွဲကာ ဖမ်းမိပြည်သူတွေကို ငွေနဲ့ပြန်ရွေးယူခိုင်းတာတွေလုပ်တဲ့အပြင် ပျူ ခေါင်းဆောင် ကိုမျိုး(ခ)အောင်ကျော်မျိုးကလည်း ပြည်သူတွေအပေါ် ရိုက်နှက်နှိပ်စက်တာ၊ အနိုင်ကျင့် စော်ကားတာ၊ WY ဆေးပြားတွေရောင်းဝယ်ရာမှာ လိုင်းကြေးယူပြီး ကာကွယ်ပေးနေတာတွေကြောင့် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၂ ရက်ကလည်း ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး လှသောင်းဟာ ပစ်ခတ်ခံရပြီးသေဆုံးခဲ့သေးတယ်လို့သိရပါတယ်။

သတင်း - ကျော်ကြီး

#မြေလတ်အသံ
#ညောင်လေးပင် #အုပ်ချုပ်ရေးမှူး #ရာအိမ်မှူး #ပစ်ခတ်ခံရ

မြေလတ်အသံရဲ့ Website၊ Facebook၊ Youtube၊ Telegram၊ Instgram၊ Twitter နဲ့ TikTok တို့မှာ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဆက်ပေးနေပြီး page ကို Like ပေးခြင်း၊ YouTube Channel ကို Subscribed ခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myaelatt Athan Broadcastingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์