EAOs In Myanmar မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင်များအကြောင်း Ethnic Armed Organization in Myanmar. EAOs/EROs

24/01/2024

สวัสดี

ပလက်ဝဒေသအခြေစိုက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ (၂၈၉)၊ စကခ (၁၉) တို့အား ရက္ခိုင့်တပ်တော...
18/01/2024

ပလက်ဝဒေသအခြေစိုက် အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီတပ်၏ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်သော ခလရ (၂၈၉)၊ စကခ (၁၉) တို့အား ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ပြီးနောက် သိမ်းဆည်းရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ

(သတင်းဓာတ်ပုံ)

Video File - ရက္ခိုင်တပ်တော် AA

https://www.facebook.com/profile.php?id=100063919364589&mibextid=2JQ9oc
https://fb.watch/pEEI1AWXDP/?mibextid=2JQ9oc


January 18, 2024

🟢ယာယီအပစ်ရပ်နေချိန် စစ်ကောင်စီတပ်က မူဆယ်မှာ အင်အားဖြည့်နေSPM၊ ဇန်နဝါရီ ၁၅ ရက်၊ မူဆယ်စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တို့ ...
15/01/2024

🟢ယာယီအပစ်ရပ်နေချိန် စစ်ကောင်စီတပ်က မူဆယ်မှာ အင်အားဖြည့်နေ

SPM၊ ဇန်နဝါရီ ၁၅ ရက်၊ မူဆယ်

စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်တို့ ယာယီအပစ်ရပ်နေချိန် ရှမ်းမြောက်ရှိ တရုတ်~ မြန်မာနယ်စပ် မူဆယ်မြို့နယ်မှာ စစ်ကောင်စီတပ်က ထောက်ပို့ယာဥ်နဲ့ အင်အားတွေ ဖြည့်တင်းနေတယ်လို့ TNLA က မနေ့ ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ စစ်ကောင်စီတပ်နဲ့ ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်တဲ့ တအာင်းအမျိုးလွတ်မြောက်ရေးတပ်မတော် TNLA၊ ရက္ခိုင့်တပ်တော် AA နဲ့ ကိုးကန့်တပ် MNDAA တို့ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်ည ကစပြီး ယာယီအပစ်ရပ်ဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

နှစ်ဖတ်တပ်အကြား အပစ်ရပ်ဖို့ သဘောတူပြီးနောက် ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်မှာ စစ်ကောင်စီတပ်က မူဆယ်မြို့ထဲကို ထောက်ပို့ယာဥ်နဲ့လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ လာဖြည့်နေတယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မူဆယ်မြို့နေ အမျိုးသားတစ်ဦးက "ရဟတ်ယာဥ်က တစ်ရက်ကို ၂ ခါလာတာ။ ဘာလာပို့တာလဲတော့မသိဘူး။ လေယာဥ်က နီးနီးလေးပဲပျံတာ။ အရမ်းနီးတော့ ထွက်မကြည့်ရဲဘူး။ ဟိုနေ့ ထွက်ကြည့်သူတွေကို သေနက်နဲ့ လေယဥ်ပေါ်ကနေ လှမ်းပစ်တာ" လို့ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၁၄ ရက်မှာလည်း မိုးမိတ်မြို့နယ်နဲ့ မိုးကုတ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လက်နက်ကြီး တွေတစ်ဖတ်သတ်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်မှာလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် မိုးမိတ်မြို့နယ် အုံကြောရွာသစ်က လင်းမယား ၂ ဦးလက်နက်ကြီးစထိမှန်သေးဆုံးသွားပြီး အုန်းကြောရွာဟောင်းက အမျိုးသမီး ၃ ထိခိုက်ဒဏ်ရာရတဲ့အပြင် နေအိမ်အချို့လည်းပျက်စီးသွားခဲ့ပါတယ်။

ရှမ်းမြောက်ရှိ မိုးမိတ်၊ ကျောက်မဲ၊ လားရှိုးမြို့နယ်တွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်လို့ TNLA ကထုတ်ပြန်ထပါတယ်။

~ ~Video File
https://fb.watch/pASMUEh0bu/?mibextid=2JQ9oc

10/01/2024

🚩နမ့်ဆန်တိုက်ပွဲမှာ ဖမ်းဆီးရမိခဲ့တဲ့ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းရဲ့ အင်တာဗျူးရုပ်သံဖိုင် TNLA ထုတ်ပြန်လာပါတယ်

ဗိုလ်မှူးချုပ် မင်းမင်းထွန်းဟာ နမ့်ဆန်စခန်းကုန်းကနေ ထွက်ပြေးဖို့ ကြိုးစားစဥ် ဒီဇင်ဘာ ၁၅ ရက်မှာ တအာင်းတပ် ဖမ်းဆီးတာကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်

https://www.facebook.com/100063919364589/videos/1414612019265356/?mibextid=2JQ9oc

ရှမ်းတွေအနေနဲ့၁) နမ်းခမ်းမြို့ကို TNLA နဲ့ သူ့ရဲ့ မဟာမိတ်တွေက      ပြန်လည် တိုက်ခိုက် သိမ်းပိုက်ပေးနိုင်ခဲ့ပြီးဖြစ်     ...
25/12/2023

ရှမ်းတွေအနေနဲ့

၁) နမ်းခမ်းမြို့ကို TNLA နဲ့ သူ့ရဲ့ မဟာမိတ်တွေက
ပြန်လည် တိုက်ခိုက် သိမ်းပိုက်ပေးနိုင်ခဲ့ပြီးဖြစ်
တယ်။

ဒါကြောင့် ဒီအပေါ်မှာ မကျေမနပ်ဖြစ်ကြမယ့် အစား

ခုဆိုရင် SSPP/SSA နဲ့ RCSS ကလည်း Ceasefire ပြုလုပ်နိုင်ခဲ့ပြီမို့....

၂) မန္တလေး တိုင်းထဲ အသားလွတ်ကြီး ပါသွားခဲ့တဲ့ မိုး
ကုတ်မြို့ နဲ့ ပါင်အူးလုံ ခေါ် ပြင်ဦးလွင် မြို့ကို စံပြ
အနေနဲ့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ပေးပါလား?
လို့။ အဲ့သည်လိုသာ ရှေ့မှာ မတ်မတ်ကြီး
ရပ်တည်ပြနိုင်ခဲ့မယ်ဆိုရင် သျှမ်းပြည်က ပြည်သူ
တွေ ဘယ်လောက်တောင် ချီးကျူးဩဘာပေးကြ
လေမ လဲ?

ခွန်စိုးမြင့် [ပ၊ အ၊ မ၊ ဖ]
ဒီဇင်ဘာ ၂၅၊ ၂၀၂၃ ခုနှစ်။

“ကျနော်တို့က တိုက်ပွဲကို အားမပေးဘူး” SSPP/SSA ဗိုလ်မှူးကြီး စိုင်းဆုDVB TV News November 8, 2023ရှမ်းပြည်နယ်မြောက်ပိုင်း...
11/11/2023

“ကျနော်တို့က တိုက်ပွဲကို အားမပေးဘူး”

SSPP/SSA ဗိုလ်မှူးကြီး စိုင်းဆု

DVB TV News
November 8, 2023

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေတာကို အားမပေးဘူးလို့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုက ဒီဗွီဘီကိုပြောပါတယ်။

ရှမ်းတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ တိုက်ပွဲတွေဖြစ်လာရင်တော့ ခွင့်ပြုမှာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်သွားမှာဖြစ်ပြီး တိုက်ပွဲဖော်ဆောင်လာတဲ့ အဖွဲ့အစည်းတွေရဲ့ တာဝန်သာ ဖြစ်တယ်လို့ လည်းဆိုပါတယ်။

လက်ရှိမှာ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ လိုလားချက်တူညီမှု မရှိသေးသလို စည်းလုံးညီညွတ်မှု မရှိကြသေးတဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကလည်း အားလုံးစည်းလုံးနိုင်ခြင်း မရှိသေးတာကြောင့် အဲဒီအပေါ်မှာ SSPP/SSA အနေနဲ့ လေ့လာသုံးသပ်နေဆဲဖြစ်လို့ ဘယ်ဘက်မှာပါမယ်၊ မပါဘူးဆိုတဲ့ သဘောထားကို မပြောနိုင်သေးဘူးလို့လည်း ပြောပါတယ်။ အဲဒီအကြောင်း အပြည့်အစုံကို ဒီဗွီဘီ သတင်းထောက် အောင်သူက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းဆုနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - လက်ရှိ ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေအပေါ်မှာ SSPP က ဘယ်လိုအမြင်သဘောထား ရှိပါသလဲ။

ဖြေ - “မြောက်ပိုင်းရဲ့ တိုက်ပွဲကိစ္စမှာ သူတို့မှာ သူတို့ ၃ ဖွဲ့ ရေးဆွဲတဲ့စီမံချက် သူတို့လုပ်တဲ့ကိစ္စ ဖြစ်တယ်။ ကျနော်တို့ကို အကြောင်းကြားတာမရှိဘူး။ နောက်ပြီး ပါဝင်တာမျိုးလည်း မရှိသေးဘူးပေါ့နော်။ ဒီကြားထဲမှာကျတော့ ကျနော်တို့က ထဲထဲဝင်ဝင်တော့ မသိဘူးဗျ၊ အသေးစိတ်တွေ၊ ပြောမယ်ဆိုရင်တော့ ပြည်သူလူထုတွေ ထိခိုက်တာမျိုးကိုတော့ ကျနော်တို့က မလိုလားဘူး၊ ဘယ်ဘက်မဆိုပေါ့။ အမြန်ဆုံး တွေ့ဆုံဆွေးနွေးပြီးတော့ ဖြေရှင်းသင့်တယ်လို့ ကျနော်တို့က မြင်တယ်ဗျ။”

မေး - နောက်တချက်က အခု မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေ MNDAA / TNLA / AA / PDF ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ပွဲဧရိယာတွေက SSPP/SSA ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ထိန်းချုပ်လာ နိုင်သလား၊ အဲလိုမျိုး ဖြစ်ပေါ်လာမယ်ဆိုရင် SSPP/SSA ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ - “တချို့တဝက်တော့ ထိပါးတာ ရှိတယ်ခင်ဗျ၊ မြောက်ပိုင်းမှာဖြစ်နေတဲ့ အခါကျတော့။ ကိုးကန့်ဒေသမှာကျတော့ ကျနော်တို့နဲ့ နည်းနည်းဝေးတယ်၊ ပြည်ထောင်စုလမ်းမှာပေါ့နော်။ တရုတ်ပြည်နဲ့ မြန်မာနိုင်ငံ ကုန်ကူးနေတဲ့ လမ်းမကြီးမှာ အဖွဲ့တိုင်းက စိုးမိုးချင်တဲ့ဟာနဲ့ နောက်ပြီး ရှမ်းရွာတွေနဲ့ မြို့ပေါ်မှာရော တော်တော်များများ နစ်နာခံခဲ့ရတယ်။ အဲဒါမျိုးတော့ မလိုလားဘူးပေါ့နော်။ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းကြပါလို့ ကျနော်တိုက်တွန်းချင်တယ်။”

မေး - SSPP/SSA ရဲ့ နယ်မြေထဲကို ထိပါးလာရင် SSPP/SSA ရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိမလဲ။

ဖြေ - “တုံ့ပြန်မှုကတော့ ကျနော်တို့ ပြည်သူလူထုကို အဓိက ကာကွယ်သွားမှာဖြစ်ပါတယ်။ ကာကွယ်တယ်ဆိုရာမှာ နှစ်ဖက် ညှိနှိုင်းပြောဆိုတာမျိုးတော့ ရှိကြတာပေါ့။ ဒါပေမဲ့ စစ်ပွဲက အရှိန်မလျှော့သေးဘူး၊ ပြည်မကနေတက်လာတဲ့ အဲဒီ ပို့ဆောင်ရေးလမ်းကြောင်း၊ ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုလုပ်ကြတာပေါ့လေ။ ရှမ်းလူထုတင်မကဘူး၊ လူမျိုးပေါင်းစုံတွေ ခံရတာပေါ့။ ကုန်သည်တွေ၊ ပြည်တွင်းကုန်စည်စီးဆင်းမှုတွေလည်း ထိခိုက်တာပေါ့၊ တရုတ်ပြည်မှာလည်း ထိခိုက်တယ်။ ပြည်သူလူထုတွေကို မထိခိုက်စေချင်ဘူး။ ကျနော်တို့နယ်မြေဒေသတွေ အမြန်ဆုံး ပြန်လည်အေးချမ်းနိုင်ဖို့ ပန်ဆန်းရယ်၊ မိုင်းလားရယ်၊ ကျနော်တို့ SSPP ရယ် ဆွေးနွေးညှိနှိုင်း ပြောဆိုကြပါတယ်။ ပြောမယ်ဆိုရင်တော့ ကျနော်တို့က တိုက်ပွဲကို အားမပေးဘူးပေါ့နော်။”

မေး - လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေပေါ် အားမပေးတာလား ခင်ဗျ။

ဖြေ - “အားမပေးဘူးဗျ၊ အမြန်ဆုံးငြိမ်းချမ်းဖို့ နှစ်ဖက် ညှိနှိုင်းတွေ့ဆုံ ဆွေးနွေးလုပ်ဖို့၊ နောက်ပြီး ဘယ်ဘက်မဆို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ ပြည်သူလူထု မထိခိုက်အောင်၊ အနည်းဆုံးပေါ့ ဖြစ်စေချင်တယ် ကျနော်တို့က။”

မေး - SSPP/SSA နဲ့ TNLA နဲ့က အခုစစ်ပွဲမှာ ထိပ်တိုက်တွေ့လာနိုင်တဲ့ အနေအထားမျိုး ရှိလာနိုင်သလား၊ တကယ်လို့ ရှိလာနိုင်ခဲ့တယ်ဆိုရင် SSPP/SSA နဲ့က ဘယ်လို ယန္တရားမျိုးနဲ့ ဖြေရှင်းဖို့အတွက် တွေ့ဆုံဆွေးနွေးထားတာ ရှိပါသလဲ။

ဖြေ - “ပြောမယ်ဆိုရင်တော့ စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဒီ နဂိုဖြစ်နေတဲ့ အခြေအနေမှာရော ကျနော်တို့ မပါသေးဘူး။ အခုက ကျနော်တို့ကို ထိပါးလာတယ် ဆိုရင်တော့ ကျနော်တို့မှာ မဖြစ်ချင်သော်ငြားလည်း ကိုယ့်ကိုယ်ကိုယ်ကာကွယ်တဲ့ အဆင့်နဲ့တော့ လုပ်ရမယ့်ကိစ္စဖြစ်တယ်။ ဒါတွေက မဖြစ်စေချင်ဘူး။ ညှိနှိုင်းဆွေးနွေး ဖြေရှင်းလို့ရရင်ရ၊ မရရင် မဟာမိတ်နဲ့တော့ မဆိုင်ဘူး။ လုပ်ရင် လုပ်ဆောင်တဲ့ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းနဲ့ပဲ သက်ဆိုင်တယ်။ တာဝန်ရှိတယ်လို့ပဲ ပြောချင်တယ်။”

မေး - ရှမ်းပြည်နယ် တပြည်နယ်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ဆိုရင် အဲဒီဒေသမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ တိုက်ထုတ်လိုက်မယ် ဆိုရင် ရှမ်းပြည်နယ် တပြည်နယ်လုံးက ကိုယ့်ဧရိယာနဲ့ကိုယ် သီးခြားလွတ်လပ်တဲ့ ပြည်နယ်တွေ ဖြစ်လာနိုင်တယ်ပေါ့နော်။ အဲဒီတော့ မပါသေးတဲ့အဖွဲ့တွေလည်း ပါလာသင့်တယ်။ စစ်တပ်ကိုတိုက်ဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိလာတယ်။ အဲဒီတော့ အဲဒီပြောဆိုမှုတွေအပေါ်မှာ SSPP/SSA ရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ။

ဖြေ - “ကျနော်တို့သဘောထားကတော့ လူမျိုးပေါင်းစုံအားလုံး စုဖွဲ့စည်းတာတောင်မှ ကျနော်တို့က ကျောထောက်နောက်ခံ နိုင်ငံအင်အားကြီးတဲ့ အင်အားကောင်းတဲ့ တကယ့် ငြိမ်းချမ်းရေးကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို စိတ်ပါလက်ပါပြီးတော့ ပါဝင်ဖြေရှင်းနိုင်တဲ့ ဆန္ဒရှိတဲ့ အဲ့လိုနိုင်ငံမျိုး မပါမချင်းကတော့ ကိစ္စက ပြီးမှာမဟုတ်ဘူး။ အဓိကက တရုတ်ပြည်ပေါ့ဗျာ။ တရုတ်ပြည်က သူက စူပါပါဝါနိုင်ငံလည်းဖြစ်တယ်၊ လုံခြုံရေးကောင်စီမှာလည်း သူပါတယ်၊ နောက်ပြီး ဘက်စုံမှာ အင်အားကောင်းတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ အခုက တရုတ်ပြည်က ကြားဝင်ပြီးတော့ ဖျန်ဖြေလို့ရှိရင် လောလောဆယ်မှာ ရပ်နိုင်တာပေါ့။ ဘာကြောင့်လဲဆိုတော့ အင်အားစုတွေအားလုံးလည်း တရုတ်ပြည်နဲ့ ကူးလူးဆက်ဆံမှုရှိတယ်၊ စကစမှာလည်း တရုတ်ပြည်နဲ့မကင်းဘူး၊ နိုင်ငံကြီး အင်အားကောင်းတဲ့နိုင်ငံ စူပါပါဝါနိုင်ငံလိုမျိုး မပါဝင်သေးသမျှ ကိစ္စကတော့ ပြီးမှာမဟုတ်ဘူး။ အခုက ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေလည်း တယောက်တပေါက်တွေ ဖြစ်နေတုန်းပဲ။ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် မရှိဘူး။ သူ့အခြေအနေ ကိုယ့်အခြေအနေ၊ သူ့လိုလားချက် ကိုယ့်လိုလားချက် မတူညီကြဘူး။ တချို့တွေကလည်း အမြင်ကျဉ်းမြောင်းပြီးတော့ အမျိုးသားရေးဝါဒတွေ ကျင့်သုံးပြီး လုပ်ဆောင်တာတွေလည်း ရှိတယ်။ အဲဒါကြောင့် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိမှပဲ ဖက်ဒရယ်ပြည်ထောင်စုကို သွားနိုင်ဖို့က ဒါတွေက ကျနော်တို့ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ အတွေးအမြင်က ပြောမယ်ဆိုရင် နည်းနည်းနုနေသေးတယ်။ ဒီထဲမှာလည်း စည်းစည်းလုံးလုံး မရှိသေးဘူး။ ကျနော်တို့အနေနဲ့ လေ့လာသုံးသပ်နေတုန်းပဲ၊ ကြည့်နေတုန်းပဲ။ အခုချိန်မှာ ကျနော်တို့က ဟိုဘက်ပါတယ်၊ ဒီဘက်ပါတယ်၊ အဲလိုမျိုးဆန္ဒတော့ မပေးနိုင်သေးဘူး။”

မေး - အခုအနေအထားက စစ်တပ်ကို နိုင်အောင်တိုက်နိုင်တဲ့ အခြေအနေ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းဘက်မှာရော အာဏာရှင်ကိုတော်လှန်နေတဲ့ PDF တပ်ဖွဲ့‌တွေမှာရော စစ်တပ်ကို နိုင်အောင်တိုက်နိုင်တဲ့ အနေအထားမျိုး ရှိတယ်လို့ ယူဆပါသလား။

ဖြေ - “ခုန ကျနော်ပြောသလို တကယ့်အင်အားကောင်းတဲ့နိုင်ငံက ကျောထောက်နောက်ခံတဲ့ နိုင်ငံကြီး မရှိလို့ရှိရင် စုပေါင်းပြီးတော့ တိုက်သော်ငြားလည်း ရေတိုတော့ရမယ်၊ ရေရှည်တော့ မရဘူး။ ဘာကြောင့်လဲဆိုတော့ ကြီးကြီးမားမား တာဝန်ခံမှု တာဝန်ယူမှုတွေ အာမခံမှု မရှိသေးတာပေါ့နော်။”

မေး - ရှမ်းပြည်နယ်က တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း အများဆုံးရှိတဲ့ ပြည်နယ်လို့ ပြောရမှာဖြစ်တယ်ပေါ့နော်။ စစ်တပ်လက်အောက်ကနေ လွတ်မြောက်သွားတယ် ဆိုရင်တောင်မှ ရှမ်းပြည်နယ် တည်ငြိမ်အေးချမ်းမှုနဲ့ ရှမ်းပြည်နယ်တွင်းက တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းတွေကြားထဲက တွေ့ဆုံဆွေးနွေးမှုက ဘယ်လောက်ထိ အခက်အခဲ ဖြစ်လာနိုင်တဲ့ အနေအထားမျိုး ရှိလာနိုင်သလဲ။

ဖြေ - “အချင်းချင်းတွေကလည်း သွေးခွဲမှုခံနေရပါတယ်။ ကျနော်တို့မှာ ဖက်ဒရယ် တိုင်းပြည်တခုတည်းနဲ့ပဲ သွားရမယ့်ကိစ္စမှ ရမယ်။ ဖက်ဒရယ်ကို နားလည်လို့ရှိရင်တော့ ပြဿနာသိပ်မရှိလောက်ဘူး။ ရှမ်းပြည်မှာ သူ့တပ်မတော် ကိုယ့်တပ်မတော် အဲလောက်များနေတဲ့ တပ်မတော်တွေက စုဖွဲ့ပြီးတော့မှ ဖက်ဒရယ်တပ်မတော် ဖြစ်လာရမှာပေါ့။ လောလောဆယ်တော့ ကျနော်တို့က စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ကို သွားဖို့ကိစ္စက ကျနော်တို့ပြည်ထောင်စုက နာမည်ပဲရှိတယ်ဗျာ၊ ဗမာပြည်မရှိဘူး၊ ဗမာနိုင်ငံပဲရှိတယ်။ ပြောမယ်ဆိုရင် ဗမာလူမျိုးအနေနဲ့လည်း ပြည်နယ်တခုဖွဲ့ပေးပါ။ ပြည်နယ်ကြီးငယ်က ကိစ္စမဟုတ်ဘူး။ ဥပမာ အခု တိုင်း ၇ တိုင်း ဖွဲ့စည်းနေတဲ့ကိစ္စက တိုင်းက အုပ်ချုပ်ရေးနဲ့ပဲ ဆိုင်တယ်ပေါ့နော်၊ လူမျိုးရေးနဲ့မဆိုင်ဘူး။ အဲတော့ ကျနော်တို့မှာ ဗမာပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကျန်တဲ့ လိုအပ်တဲ့ပြည်နယ် ဘယ်နှစ်ပြည်နယ်ပဲ ပေါ်လာပေါ်လာပေါ့၊ အဲလိုမျိုးလာရင် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုက ပေါ်လာမှာပေါ့။ ကျနော်တို့ ရှမ်းပြည်အနေနဲ့လည်း လွှတ်တော်မှာ တန်းတူရည်တူ သွားနိုင်တာပေါ့။ အဲလိုမျိုး မလုပ်နိုင်သေးရင် ကျနော်တို့ ရှမ်းပြည်အရေးမှာလည်း ဖြေရှင်းရမယ့်ကိစ္စက အာဏာရှင်စနစ်နဲ့ ဝင်ပြီးတော့ မစွက်ဖက်လို့ရှိရင် ကျနော်တို့ အေးချမ်းတဲ့နည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ဖြေရှင်းလို့ရမယ့် အခြေအနေရှိတယ်။”

မေး - ဒီတိုက်ပွဲတွေမှာ တရုတ်ရဲ့ထောက်ခံမှုတွေ ပါရှိတယ်လို့ ယူဆလားခင်ဗျ။

ဖြေ - “အခုဖြစ်နေတဲ့ပုံက တရုတ်ပြည်ကလည်း မဖြစ်စေချင်ဘူး။ သူတို့အကျိုးစီးပွား ထိခိုက်တယ်လေ။ ဖြစ်နေတဲ့တိုက်ပွဲမှာလည်း သူတို့က အကောင်းမမြင်ဘူးဗျ။ ကျနော်တို့က မြန်မာနိုင်ငံမှာရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံး တရုတ်ပြည်ဘက်ကို ချဉ်းကပ်မှုတွေကလည်း မတူကြဘူး။ တချို့တွေကလည်း အားနည်းတယ်ပေါ့နော်။ တရုတ်ပြည်က လက်မခံလို့ရှိရင် ကျနော်တို့နိုင်ငံမှာ ကျနော်တို့ဖြစ်ချင်တဲ့ဟာတွေ သွားနိုင်ဖို့ရာ နည်းနည်းခက်မယ်တူတယ်။”

https://m.facebook.com/story.php?story_fbid=182392041596557&id=100094772858979&mibextid=2JQ9oc

တနင်္သာရီမှာ သြဂုတ်လအတွင်း တိုက်ပွဲနဲ့ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၃၀ နီးပါး ဖြစ်ပွား စက်တင်ဘာ၊ ၂ ရက်တနင်္သာရီတိုင်းမှာ ပြ...
03/09/2023

တနင်္သာရီမှာ သြဂုတ်လအတွင်း တိုက်ပွဲနဲ့ပစ်ခတ်တိုက်ခိုက်မှု အကြိမ် ၃၀ နီးပါး ဖြစ်ပွား

စက်တင်ဘာ၊ ၂ ရက်

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့လအတွင်းက စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲနဲ့ ထိတွေ့ပစ်ခတ်တိုက်ခိုက်မှုက ဇူလိုင်လကထက် နည်းသွားတာကို တွေ့ရပါတယ်။

ဇူလိုင်လက တနင်္သာရီတိုင်းမှာ တိုက်ပွဲပေါင်း ၅၂ ကြိမ်ထက်မနည်း ဖြစ်ပွါးခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ်လမှာတော့၂၈ ကြိမ်ကျော် ဖြစ်ပွါးခဲ့တာကို တွေ့ရပါတယ်။

တိုက်ပွဲနဲ့ပစ်ခတ်တိုက်ခိုက်မှုတွေဟာ တနင်္သာရီတိုင်းမှာရှိတဲ့ မြို့နယ် ၁၀ ခုထဲက ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ တနင်္သာရီနဲ့ ကော့သောင်း စတဲ့ မြို့နယ် ၇ မြို့နဉ်တွေမှာ ဖြစ်ပွားခဲ့တာပါ။

သြဂုတ်လ ၁ ရက်နေ့ကနေ ၃၁ ရက်အထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဘက်က သေဆုံးသူ ၃၈ ဦးရှိပြီး ဒဏ်ရာရသူ ၃၁ ဦးထက်မနည်းရှိခဲ့တာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ တွေ့ရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ ရေဖြူမြို့နယ် ဧကနိရွာတဝိုက်ကတိုက်ပွဲမှာ ရဲဘော်တစ်ဦးကျဆုံးခဲ့သလို တနင်္သာရီမြို့နယ် ဘန်ကျုတ်ရွာတဝိုက်က တိုက်ပွဲမှာလည်း ရဲဘော်တစ်ဦးလက်နက်ကြီးထိမှန် ကျဆုံးခဲ့ပါတယ်။
တစ်လအတွင်း ဒဏ်ရာရရှိတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်ကတော့ စုစုပေါင်း ၈ ဦးအထိရှိခဲ့ပါတယ်။

ဒီအချက်အလက်တွေဟာ သက်ဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်၊ ဒေသခံတွေရဲ့သတင်းပေးပို့မှုတွေကို တနင်္သာရီတိုင်းမ်က စာရင်းပြုစုထားတာပါ။ မြေပြင်အခြေအနေမှာ တိုက်ပွဲဖြစ်ပွားမှုနဲ့ ထိခိုက်ကျဆုံးသူတွေ ပိုမိုများပြားနိုင်ပါတယ်။

တချို့တိုက်ပွဲဖြစ်စဥ်တွေမှာတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိပေမဲ့ အရေအတွက်ကိုအတည်မပြုနိုင်တာကြောင့် စာရင်းထဲမှာထည့်သွင်းမထားပါဘူး။

အဲဒီတိုက်ပွဲတွေထဲက ၁၁ ကြိမ်ဟာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေရဲ့ စခန်းနေရာတွေကို တော်လှန်ရေးတပ်တွေဘက်က သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျန်တဲ့ဖြစ်စဥ်အားလုံးနီးပါးကတော့ စစ်ကောင်စီစစ်ကြောင်းနဲ့ ယာဥ်တန်းတွေကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်

Source - The Tanintharyi Times

🟢 KNU/KNLA ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့KNU ကရင်အမျိုးသား အစည်းအရုံးသည် ရှည်ကြာသော သမိုင်းကြောင်း ရှိခဲ့သည်။ လွတ...
28/08/2023

🟢 KNU/KNLA ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့

KNU ကရင်အမျိုးသား အစည်းအရုံးသည် ရှည်ကြာသော သမိုင်းကြောင်း ရှိခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် အစိုးရအား အစောဆုံး ပုန်ကန်တိုက်ခိုက်သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အဖြစ် ထင်ရှားသည်။ သမိုင်းအစဉ်အလာနှင့် နိုင်ငံရေး ဩဇာကြီးမားသည့် အဖွဲ့အစည်းဖြစ်သည်။ ဤနေရာတွင် ရှည်လျားသော သမိုင်းကြောင်းအား မဖော်ပြတော့ပါ။ လက်ရှိ အခြေအနေကိုသာ လိုတိုရှင်း ဖော်ပြသွားပါမည်။

၁၉၈၈ နောက်ပိုင်း KNU သည် အစိုးရတပ်၏ ပြင်းထန်သော ထိုးစစ်ကို ကြုံခဲ့ရသည်။ စစ်ရေးအကြပ်အတည်းအပြင် KNU အတွင်း နိုင်ငံရေးအကြပ်အတည်းကိုလည်း ကြုံခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် KNU မှ ဗုဒ္ဓဘာသာကရင်များက DKBA ဟု ခွဲထွက်သွားပြီး သီးခြားရပ်တည်သည့်အပြင် တပ်နှင့်ပေါင်း၍ KNU အား ပြန်တိုက်သည်ပင်ကြုံခဲ့ရသည်။

တဖန် ၂၀၀၇ ခုနှစ် ဇန္နဝါရီ ၃၁ ရက်တွင် KNU တပ်မဟာ ၇ မှူး စောဌေးမောင်ခေါ် ဗိုလ်ထိန်မောင်အဖွဲ့ ခွဲထွက်ပြီး KNU/KNLA-(PC) ဟူ၍ ခွဲထွက်ပြီးသီးခြားရပ်တည်သည်။ ထို့အပြင် KNU ဗဟိုမှ ဖဒိုအောင်ဆန်း၊ လှိုင်းဘွဲ့ဒေသမှ စောသမူဟဲ၊ တောင်ငူဒေသမှ စောဖယ်ရီမိုး စသည့်လူအချို့တို့လည်း အင်အားအနည်းငယ်စီဖြင့် KNU မှ ခွဲထွက်၍ လက်နက်ချပြီး အစိုးရနှင့်ပူးပေါင်းသွားခဲ့သည်။

အဆိုပါ နိုင်ငံရေး၊ စစ်ရေး၊ ဘာသာရေး အကြပ်အတည်းကြားမှ KNU သည်ဆက်လက်ရပ်တည်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိ KNU ခေါင်းဆောင်မှု
၄ နှစ်တကြိမ် ကျင်းပသော KNU ညီလာခံမှ ၂၀၁၆ ခုနှစ်တွင် ရွေးကောက်တင်မြှောက်သော ဗဟိုကော်မတီသည် လက်ရှိ KNU ကိုခေါင်းဆောင်နေသည်။ ၂၀၂၀ တွင် KNU ညီလာခံ ပြန်လည်ကျင်းပရန် ဖြစ်သော်လည်း ကိုဗစ်ကြောင့် မကျင်းပနိုင်ဘဲ ၂၀၂၁ ထဲတွင် ပြန်လည်ကျင်းပဖွယ်ရှိသည်။

ဥက္ကဌ- စောမူတူးဆေးဖော
ဒုဥက္ကဌ- ဖဒိုကွယ်ထူးဝင်း
အတွင်းရေးမှူး- ဖဒိုတာဒိုးမူနှင့် ဗဟိုကော်မတီက ခေါင်းဆောင်သည်။

စစ်ဦးစီချုပ်- ဗိုလ်ချုပ်ကြီး စောဂျော်နီ
ဒုစစ်ဦးစီးချုပ်- ဗိုလ်ချုပ် ဘောကျော်ဟဲတို့ ခေါင်းဆောင်သည်။

KNU အား နိုင်ငံရေးခေါင်းဆောင်မှုအနေဖြင့် ဖွဲ့စည်းထားပြီး တပ်အနေနှင့် KNLA- ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်နှင့် KNDO- Kaying National Defence Organization ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟု ဖွဲ့စည်းထားသည်။

ကရင်တော်လှန်ရေးမစမှီ KNDO ကိုစတင်ဖွဲ့စည်းသည်ဖြစ်ရာ ကရင်တော်လှန်ရေး သရုပ်လက္ခဏာတခုအဖြစ် ဆက်လက်ဖွဲ့စည်းထားပုံရသည်။ KNU ၏ အဓိက လက်နက်ကိုင်တပ်ဖွဲ့မှာ KNLA ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဖြစ်သည်။

လက်ရှိ KNU ထိန်းချုပ်နယ်မြေ
၁။ တောင်ငူခရိုင်
၂။ ညောင်လေးပင်ခရိုင်
၃။ သထုံခရိုင်
၄။ ဖာပွန်ခရိုင်
၅။ ဘားအံခရိုင်
၆။ ဒူပလာယာခရိုင် (ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူဒေသ)
၇။ ထားဝယ်ခရိုင်ဟူ၍ ခရိုင် ၇ ခု ဖွဲ့စည်းထားရှိသည်။

ခရိုင်ခေါင်းဆောင်များအား ၂ နှစ်တကြိမ် ရွေးကောက် တင်မြှောက်သည်။ ခရိုင်တခုတွင် ပျမ်းမျှ မြို့နယ် ၃ ခုဖွဲ့စည်းထားသည်။ ခြွင်းချက်အနေနှင့် မြို့နယ် ၂ ခု ဖွဲ့စည်းထား‌ေသာ ခရိုင်လည်းရှိသည်။ ကျေးလက်ဒေသကို အခြေပြုသည်။

လက်ရှိ KNU တပ်ဖြန့်ခွဲ လှုပ်ရှားမှု
KNU ဌာနချုပ်အား ဘားအံခရိုင်တွင်အခြေပြုသည်။ ဗဟိုဌာနချုပ်၌ တပ်ရင်း ၂ ရင်းခန့် ရှိသည်။ ဗဟိုဌာနချုပ်အောက်တွင် တပ်မဟာ ၇ ခုဖွဲ့စည်းထားသည်။

၁။ တပ်မဟာ ၁- သထုံခရိုင်
၂။ တပ်မဟာ ၂- တောင်ငူခရိုင်
၃။ တပ်မဟာ ၃- ညောင်လေးပင်ခရိုင်
၄။ တပ်မဟာ ၄- ထားဝယ်ခရိုင်
၅။ တပ်မဟာ ၅- ဖာပွန်ခရိုင်
၆။ တပ်မဟာ ၆- ဒူပလာယာခရိုင်
၇။ တပ်မဟာ ၇- ဘားအံခရိုင် စသဖြင့် ခရိုင်အလိုက် တပ်မဟာများ ဖြန့်ခွဲထားသည်။

တပ်မဟာ တခုလျှင် KNLA ၂ ရင်းမှ ၃ ရင်း၊ KNDO- ၁ ရင်းနှင့် ပြည်သူ့စစ်များရှိသည်။ အချို့တပ်မဟာတွင် အထူးတပ်ရင်းများ ရှိသည်။ တပ်မဟာ တခုနှင့်တခု အင်အားအညီအမျှ မရှိပါ။ အချို့အားကောင်း၍ အချို့ ဖွဲ့စည်းပုံအပြည့် အင်အားမရှိပါ။ KNU တပ်မဟာများထဲတွင် တပ်မဟာ ၅ သည် အင်အားအကောင်းဆုံးဖြစ်သည်ဟုခဆိုကြပါသည်။

တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ သဘာဝထိန်းသိမ်းရေးစသည့် နောက်တန်းအင်အားများပါ ပါဝင်သည့် KNU စုစုပေါင်း အင်အားသည် ၈ ထောင်ခန့်နှင့်အထက် ရှိနိုင်သည်ဟု ကရင်ခေါင်းဆောင်တစ်ဦးက ဆိုပါသည်။ ခေတ်မှီလက်နက်တပ်ဆင်ထားနိုင်မှုရှိသည်ကို တွေ့ရသည်။ လက်နက်ခဲယမ်းရရှိရေးအတွက်မူ ရုန်းကန်နေရသည်ဟု သုံးသပ်ရသည်။

ဘဏ္ဍာရေး
မဆလ မှောင်ခိုခေတ်က မှောင်ခိုလမ်းကြောင်းကြောင့် KNU သည် အခွန်ရရှိခဲ့ပြီး ဘဏ္ဏာရေးအခြေအနေ ကောင်းခဲ့သည်။ ယခုနောက်ပိုင်း‌တွင် အခွန်ရရှိမှု ကျဆင်းသွားသည်။ အချို့နယ်မြေများတွင် ရွှေတူးဖော်မှုရှိသည်ဟု သိရသည်။ မည်သို့ဖြစ်စေ ဘဏ္ဏာရေးနှင့် ပတ်သက်ပြီး ရုန်းကန်နေရသည်ဟုသုံးသပ်ရပါသည်။

တပ်ပေါင်းစု
KNU သည် မဒညတ၊ မဒတမှသည် ယနေ့ကာလထိ ခေတ်အဆက်ဆက် တိုင်းရင်းသား တပ်ပေါင်းစုအား ဦးဆောင်ဖွဲ့စည်းခဲ့သည်။ ၂၀၁၅ ထိ UNFC အဖွဲ့တွင် ပါဝင်ခဲ့သည်။ သို့သော် ၂၀၁၅ တွင် NCA တွင် KNU လက်မှတ်ထိုးပြီးနောက်တွင် UNFC အဖွဲ့ ပျက်သွားသည်။

ထို့နောက်တွင် KNU သည် မည်သည့်တပ်ပေါင်းစုတွင်မှ ပါဝင်သည်ကို မတွေ့ရပါ။ သို့သော် ယခင် UNFC အဖွဲ့ဝင်များဖြစ်သည့် KIO/SSPP/NMSP တို့နှင့် နီးကပ်သော ဆက်ဆံရေးရှိသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် PPST- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့တွင်ပါဝင်သည်။

NCA ထိုးရာတွင် ပါဝင်သော KNU ခွဲထွက် အဖွဲ့ ၂ ဖွဲ့ဖြစ်သည့် DKBA ၊ KNU/KNLA(PC)တို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ကရင်အသံ တစ်သံတည်း ထွက်ရန် ကြိုးစားလုပ်ဆောင်နေသည်ကို တွေ့ရသည်။

KNU ၏ တပ်မဟာ ၆ နယ်မြေ ဒူပလာယာခရိုင်မှာ မွန်ပြည်သစ်ပါတီ NMSP လည်း အခြေပြုရာဒေသဖြစ်၍ နယ်မြေထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး KNU နှင့် NMSP ကြား လက်နက်ကိုင်ပဋိပက္ခ ဖြစ်လေ့ရှိသည်။ ယခုနောက်ပိုင်းတွင် ပြဿနာ မကြီးထွားစေရန် ညှိနှိုင်းဖြေရှင်းလေ့ရှိသည်ကို တွေ့ရသည်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက် PPST ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အရ PPST ၁၀ ဖွဲ့အနေနှင့် NCA လက်မှတ်ရေးထိုးမထားသော EAO အဖွဲ့များနှင့် တပ်ပေါင်းစုဖွဲ့ရေး ဆွေးနွေးသွားမည်ဟု ဆိုပါသည်။ သို့သော် ၂၀၂၁ ခုနှစ် ဧပြီလ ၂၅ ရက်က NCA လက်မှတ်ရေးထိုးထားသော ၁၀ ဖွဲ့အနက်မှ DKBA နှင့် KNU/KNLA-PC အဖွဲ့ ၂ ဖွဲ့သည် နစအ ညှိနှိုင်းရေးကော်မတီနှင့်သီးခြားဆီ တွေ့ဆုံဆွေးနွေးသည်ကို တွေ့ရသည်။

အစိုးရနှင့် ဆက်ဆံရေး
၂၀၁၅ ခုနှစ်တွင် NCA လက်မှတ်ရေးထိုးခဲ့ပြီး ပင်လုံညီလာခံတွင် ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ် နှစ်ကုန်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ငန်းစဉ်မှ ခေတ္တရပ်နားသည်။ ၂၀၂၀ ခုနှစ်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြန်လည်ပါဝင်သည်။

၂၀၂၁ ခုနှစ် နစအ တက်လာသောအခါ ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး လောလောဆယ် ဆက်ဆံရေး ရပ်တန့်နေသည်။ ထို့အပြင် KNU တပ်မဟာအချို့ အထူးသဖြင့် တပ်ဟာ ၅ နယ်မြေတွင် နစအတပ်များနှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။

ပြည်ပဆက်ဆံရေး
ထိုင်းနယ်စပ်တစ်လျှောက်တွင် ရေရှည်ရပ်တည်နေရာ ထိုင်းနှင့် ဆက်ဆံမှုရှိသည်။ ထိုင်းပိုင်နက်အတွင်း၌လည်း ကရင်ရွာများ၊ ကရင်ဒုက္ခသည်စခန်းများရှိရာ မကင်းရာ မကင်းကြောင်းဆက်ဆံရေးရှိသည်ဟု သုံးသပ်ရသည်။

နိုင်ငံရေး၊ စစ်ရေး
၂၀၁၅ မှစ၍ NCA လမ်းကြောင်းပေါ်တွင်ရှိသည်။ တပ်မဟာ ၅ နှင့် တပ်နေရာချရေး အဆင်မပြေသည်မှလွဲ၍ အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ ၂၀၂၁ နစအ အစိုးရ ပြန်တက်လာပြီးနောက် ဆက်ဆံရေး ရပ်တန့်နေပြီး ဆွေးနွေးပွဲများ ရပ်ဆိုင်းသွားသည်။ KNU တပ်မဟာ အချို့တွင်တိုက်ပွဲများ ပြန်ဖြစ်ခဲ့သည်။

တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲများပြင်းထန်ပြီး တပ်မဟာ ၁ နှင့် ၃ ဒေသတို့လည်း တိုက်ပွဲအချို့ဖြစ်ပွားသည်။ ကျန်တပ်မဟာ နယ်မြေများတွက် တိုက်ပွဲဖြစ်ပွားမှု မတွေရသလောက် နည်းပါးသည်။ KNU သည် စစ်ရေးအတွေ့အကြုံ ကြီးမားသည်။

စခန်းသိမ်းတိုက်ပွဲ၊ ခံစစ်တိုက်ပွဲ၊ ချေမှုန်းတိုက်ပွဲ များစွာအတွေ့အကြုံရှိသည်။ လက်ရှိနိုင်ငံရေး အပြောင်းအလဲသည် KNU အပေါ်သက်ရောက်မှု ကြီးမားသည်ဖြစ်ရာ KNU မည်သို့အလှည့်အပြောင်း ဖြစ်မည်ဆိုသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

မောင်မောင်စိုးရေးသားသည်

#စစ်ရေးဒေသ #နယ်မြေဒေသ #ညီနောင်မဟာမိတ် #စစ်ရေးလှုပ်ရှားမှု #မြောက်ပိုင်းအဖွဲ့ #စစ်ရေးဒေသ #တိုင်းရင်းသားလက်နက်ကိုင် #နယ်မြေဒေသ #ကော်သူလေး

🟢 KIA ဟုသိကြသည့် KIO/KIC/KIA တိုင်းရင်းသားလက်နက်ကိုင်အကြောင်းKIO-Kachin Independence Organization ကချင်လွပ်လပ်ရေးအဖွဲ့ကိ...
25/08/2023

🟢 KIA ဟုသိကြသည့် KIO/KIC/KIA တိုင်းရင်းသားလက်နက်ကိုင်အကြောင်း

KIO-Kachin Independence Organization ကချင်လွပ်လပ်ရေးအဖွဲ့ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်တွင် တည်ထောင်ပါသည်။ လက်နက်ကိုင်တော်လှန်ရေးပါတီ ဖြစ်သည်နှင့်အညီ ပါတီ၏ လက်နက်ကိုင်တပ်ဖွဲ့ KIA-Kachin Independence Army ကို ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်တွင် ဖွဲ့စည်းပါသည်။

ထို့အပြင် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ KIC-Kachin Independence Council ကို ဖွဲ့စည်းထားရှိပါသည်။ အများ KIA ဟု အလွယ်တကူ သိရှိထားသော်လည်း ဖွဲ့စည်းပုံအရ KIO-KIA-KIC ဟူ၍ ဗဟိုအဖွဲ့အစည်း ၃ ခု ဖွဲ့စည်းထားပြီး အမြင့်ဆုံးအာဏာပိုင်အဖွဲ့မှာ KIO ဖြစ်သည်။

လက်နက်ကိုင်သက်တမ်း နှစ်(၆၀)ကျော်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

KIO/KIC
လက်ရှိ KIO တွင် ဗဟိုကော်မတီအဖွဲ့ဝင် ၁၁/၁၂ ဦးခန့်ရှိပြီး အဓိက ခေါင်းဆောင်များမှာ
ဥက္ကဌ- ဗိုလ်ချုပ်ကြီး အင်ဘန်လ
ဒုဥက္ကဌ ၁- ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်
ဒုဥက္ကဌ ၂- ဆလန်ကဘာ ဆွန်လွတ်ဂမ်
အတွင်းရေးမှူး- ဆလန်ကဘာ ကွန်ထပ်ထိန်နန်

လက်ရှိ KIC ခေါင်းဆောင်များမှာ
ဥက္ကဌ- ဗိုလ်ချုပ်ကြီး အင်ဘန်လ
ဒုဥက္ကဌ ၁- ဒုဗိုလ်ချုပ်ကြီး ဆွန်လွတ်ဂွမ်မော်
ဒုဥက္ကဌ ၂- ဗိုလ်ချုပ် ဇောင်းဘုတ်ထန်
အတွင်းရေးမှူး- ဗိုလ်ချုပ် LLဇော်ရော်

KIO ဗဟိုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုကို ခံယူပြီး ဗဟိုဌာနကြီးများ၊ ကော်မတီများ၊ ရေးရာအဖွဲ့များဖွဲ့စည်းပြီး KIO/KIC ခေါင်းဆောင်များက စီမံအုပ်ချုပ်ကြပါသည်။ KIC ရဲ့အုပ်ချုပ်စီမံမှုအောက်မှာရှိကြပါသည်။

(က) ဌာနကြီးများ
၁။ ပြည်ထဲရေး(အထွေထွေအုပ်ချုပ်ရေး)- Ginjaw uphkang rung
၂။ ဘဏ္ဍာရေး-Ginjaw sutgan dap
၃။ စီးပွားကူးသန်း ရောင်းဝယ်ရေး-Ginjaw sut masa magam dap
၄။ ကျန်းမာရေး-Ginjaw Hkamja Dap
၅။ ပညာရေး-Ginjaw Hpaji Dap
၆။ တရားရေး-Ginjaw Tara Masa Magam Dap
၇။ သတင်းနှင့်ပြန်ကြားရေး-Shiga Magam Dap
၈။ နိုင်ငံခြားရေး-Ginjaw Maigan Makyit Mahkai Magam Dap
၉။ စာပေနှင့်ယဥ်ကျေးမူ-Ginjaw Htunghking hte Laili Laika Magam Dap
၁၀။ စိုက်ပျိူးမွေးမြူရေး(လယ်/ဆယ်)-Hkai Rem Magam Dap
၁၁။ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး-Nam maling hte Grup-yin Gawnhkang Magam Dap

(ခ) အခြားရုံးနှင့် ကော်မတီများ
၁။ ပါတီဗဟိုဌာနချုပ်ရုံး-Ginjaw Komiti Rung
၂။ ဗဟိုမူးယစ်​ဆေးဝါး တားဆီးပိတ်ပင်ရှင်းလင်းရေး ကော်မီတီ-Ginjaw Kani Nang Hpam Pat Jasan Komiti
၃။ ကချင်အမျိုးသမီးရေးရာအဖွဲ့-Wunpawng Mungdan Shanglawt Amyu Shayi Hpung
၄။ အမျိုးသားထောက်ပံ့ရေးနှင့်ပြန်လည်ထူထောင်ရေးကော်မီတီ-Wunpawng Karum Ningtum hte Gaw Sharawt Komiti
၅။ ဗဟိုလုပ်ငန်းနှင့် စာရင်းစစ်ချုပ်ရုံး-Ginjaw Magam Bungli hte Jahpan Chyarang Jepchyoi Makan Dap
၆။ စစ်ဘေးရှောင်များ ပြုစုစောင့်ရှောက်ရေးကော်မီတီ-Ginjaw Hpyen Yen Lakawn Lanawn Komiti
၇။ နိုင်ငံရေးရှေ့လုပ်ငန်းစဥ် ချမှတ်ဖေါ်ဆောင်ရေးအဖွဲ့-Shawnglam Mungmasa Jasat Hpung
၈။ ပြည်သူ့ဆက်ဆံရေးတပ်- Mungshawa kanawn mazum Hpyenphung

(ဂ) အုပ်ချုပ်ရေးနယ်မြေ
KIO/KIC သည် အုပ်ချုပ်ရေးနယ်မြေ ၄ ခု ဖြန့်ခွဲအုပ်ချုပ်သည်။

၁။ မြောက်ပိုင်းတိုင်း- မြစ်ဆုံမြောက်ဖက်ဒေသ
၂။ အနောက်ပိုင်းတိုင်း- မြစ်ဆုံတောင်ဖက်/ဧရာဝတီမြစ် အနောက်ဖက်ခြမ်း
၃။ အရှေ့ပိုင်းတိုင်း- မြစ်ဆုံတောင်ဖက်/ဧရာဝတီမြစ် အရှေ့ဖက်ခြမ်း
၄။ တောင်ပိုင်တိုင်း- ရှမ်းပြည်မြောက်ပိုင်း

တိုင်းများလက်အောက်တွင် မြို့နယ်၊ တိုက်နယ်၊ ကျေးရွာအဆင့်ထိ အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိသည်။ ယခင်က ခရိုင်အဆင့် ဖွဲ့စည်းသေးသော်လည်း ယခု ဖြုတ်ထားသည်ဟု ယူဆရပါသည်။ (စီစစ်ဆဲ)

KIA
KIO ၏ အဓိက လက်နက်ကိုင်တပ်ဖြစ်သည့် KIA ၏ လက်ရှိ ခေါင်းဆောင်များနှင့် ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

တပ်မှူးကြီး- ဗိုလ်ချုပ်ကြီး အင်ဘန်လ
စစ်ဦးစီးချုပ်- ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်
ဒုစစ်ဦးစီးချုပ်- ဗိုလ်ချုပ် R ခေါင်လွန်း
ဒုစစ်ဦးစီးချုပ်- ဗိုလ်ချုပ် မရစ်အောင်ဆိုင်းလာ
စစ်ဦးစီးဗိုလ်မှူးချုပ်- ဗိုလ်မှူးချုပ် မရန်ဇော်တောင်
စစ်ဦးစီးပထမတန်း(ဦး)- ဗိုလ်မှူးကြီး ဂရားဇော်လီ
စစ်ဦးစီးပထမတန်း (ရေး)- ဗိုလ်မှူးကြီး ပေါက်ဆာအောင်လွန်း
စစ်ဦးစီးပထမတန်း(ထောက်) ဗိုလ်မှူးကြီး- အနိုင်းဇော်ခေါင်း

ဌာနချုပ်ဖွဲ့စည်းမှု
၁။ စစ်ရုံးချုပ် - Dailawn Rung
၂။ စစ်မဟာဗျူဟာ လေ့လာရေးဌာန -Zai Ninggawn Rung
၃။ ခြေမြန်တပ်မဟာ- ရင်း ၂၅၁/၂၅၂/၂၅၃/၂၅၄/၂၅၅/၂၅၆
၄။ ဗဟိုကင်းတပ်မဟာ- ရင်း ၂၃/၂၈/၄၀/၄၂
၅။ လက်နက်ကြီးတပ်ဖွဲ့- ရင်း ၆၁၁/၆၁၂/၆၁၃/၆၁၄
၆။ ကွန်မန်ဒိုတပ်ရင်း
၇။ ဂေါ်ရခါးတပ်ရင်း
၈။ လက်ဖြောင့်တပ်ဖွဲ့
၉။ လေ့ကျင့်ရေးတပ်ရင်း

KIA စစ်ရုံးချုပ်နှင့် ဌာနချုပ်လက်အောက်ခံ တပ်မဟာ/တပ်ရင်း/တပ်ဖွဲ့များသည် ဧရာဝတီမြစ်အရှေ့ဖက်ခြမ်း လိုင်ဇာဒေသအား ဗဟိုပြု၍ ဖြန့်ခွဲစုဖွဲ့ထားရှိပါသည်။

တပ်ဖြန့်ခွဲမှုများမှာ
၁။ မြောက်ပိုင်းတိုင်းနယ်မြေ
(က) တပ်မဟာ ၁- ပူတာအို၊ ဆွမ်းပရာဘွမ်ဒေသ
(ရင်း ၄/၇/၁၀/၂၂)
(ခ)တပ်မဟာ ၇- ချီဗွေ၊ ဖရဲဒေသ
(ရင်း ၃၂/၃၃/၄၆)
၂။ အနောက်ပိုင်းတိုင်းနယ်မြေ (က)တပ်မဟာ ၂- လီဒိုကားလမ်း တောင်မြောက် (ရင်း ၁၁/၁၄/၂၀/၄၅)
(ခ) တပ်မဟာ ၉- ဖားကန့်ဒေသ
(ရင်း ၆/၂၆/၄၄)
(ဂ) တပ်မဟာ ၈- မိုးညှင်း/နန့်စီအောင်ဒေသ(ရင်း ၅/၃၅/၄၁)
၃။ အရှေ့ပိုင်းတိုင်းနယ်မြေ
(က) တပ်မဟာ ၃ ဗန်းမော်ဒေသ
(ရင်း ၁/၁၂/၁၅/၁၆/၂၁/၂၇)
(ခ) တပ်မဟာ ၅- ဆဒုံးဒေသ
(ရင်း ၃/၁၈/၁၉/၂၄/၂၅/၃၀)
၄။ တောင်ပိုင်းတိုင်းနယ်မြေ
(က) တပ်မဟာ ၄- လားရှိုး/မူဆယ်ကားလမ်းတောင်ဖက်ခြမ်း
(ရင်း ၈/၂၉/၃၄/၃၇)
(ခ) တပ်မဟာ ၆- ကွတ်ခိုင်/မူဆယ် ကားလမ်းမြောက်ခြမ်း (ရင်း ၉/၃၆/၃၈)
(ဂ) တပ်မဟာ ၁၀- သိန္နီ/ကွမ်းလုံကားလမ်း တောင်/မြောက်
(ရင်း ၂ / ၁၇/ ၃၉)

သို့ဖြစ်ရာ KIA သည် စုစုပေါင်း ခြေလျင် တပ်ရင်း ၅၁ ရင်းပါသည့် တပ်မဟာ ၁၂ ခု၊ လက်နက်ကြီးတပ်ရင်း ၄ ရင်းနှင့် အထူးတပ်ဖွဲ့များဖြင့် ဖွဲ့စည်းထားသည်ကို တွေ့ရှိရပါသည်။

မှတ်ချက်။ ။ ရင်း ၁၃ အား ဖွဲ့စည်းထားခြင်းမရှိပါ ။ ကျန် ရင်း ၃၁/၄၃ တို့အား စီစစ်ဆဲဖြစ်ပါသည်။

MHH ပြည်သူ့စစ်
KIO/KIC/KIA မှ MHH ခေါ် ပြည်သူ့စစ်များအား တိုင်း/မြို့နယ်/တိုက်နယ်/ကျေးရွာအလိုက် ဖွဲ့စည်း လက်နက်တပ်ဆင်ထားပြီး KIC အုပ်ချုပ်ရေးရုံးများနှင့် တွဲဖက်ထားသည်။ ပြည်သူ့စစ်များအား KIC အတွင်းရေးမှူးမှ ကွပ်ကဲပါသည်။

အခြားဌာနများ
KIO/KIC သည် ၎င်းတို့ထိန်းချုပ်ရာနယ်မြေများတွင် ဆေးရုံ၊ ရဲတပ်ဖွဲ့၊စည်ပင်၊ မီးသတ်၊ သစ်တော၊ ဆည်မြောင်း၊ လျှပ်စစ်၊ တက္ကသိုလ်/ကျောင်း၊ ​အကောက်ခွန်၊ လဝက စသောဝန်ထမ်းများ လေ့ကျင့်ခန့်အပ်ထားသည်။

အင်အားနှင့် အခြား
KIA တိုက်ခိုက်ရေး တပ်ရင်းတစ်ရင်းလျှင် ပျမ်းမျှ အင်အား ၁၅၀ ခန့် ရှိနိုင်ပြီး နောက်တန်းဌာန ဝန်ထမ်းများပါပေါင်းလျှင် တပ်ဖွဲ့တခုလုံး အင်အား ၂ သောင်းခန့်အထိ ရှိနိုင်ပါသည်။ ပြည်သူ့စစ် MHH အင်အား ၅ ထောင်ခန့် ရှိနိုင်သည်ဟု ဆိုပါသည်။

ထိုအင်အားများသည် ခန့်မှန်းမျှသာ
ဖြစ်သည်။ အတိအကျ သိရှိနိုင်ရန် မဖြစ်နိုင်ပါ။ ထို့အပြင် KIA သည် ကိုယ်ပိုင်လက်နက်ခဲယမ်းထုတ်လုပ်မှုရှိနိုင်သည်ဟု အကဲခတ်များက သုံးသပ်ကြပါသည်။ ပြီးခဲ့သော ၄ နှစ်ခန့်အတွင်း KIA တပ်ဖွဲ့တခုလုံးအားချေမှုန်းရေး ရိုင်ဖယ်များ အသစ်ပြောင်းလဲတပ်ဆင်သည်အား တွေ့ရှိရသည်။

KIA တို့တွင် လေယာဉ်ပစ် ဒုံးလက်နက်အချို့ ဝယ်ယူရရှိပိုင်ဆိုင်ထားသည်ဟု နယ်စပ်‌ဒေသ သတင်းအရင်းအမြစ်များက ဆိုပါသည်။ သို့သော်လည်း လက်တွေ့သုံးစွဲသည်ကိုမူ မတွေ့
ရသေးပေ။ KIA သည် ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် ၂ နှစ် စစ်မှုထမ်းဥပဒေ ပြဌာန်းထားသည်ဟုဆိုပါသည်။

KIA ထိန်းချုပ်နယ်မြေဆိုရာတွင်အပြည့်အဝ ထိန်းချုပ်ထားနိုင်သည့်‌ နယ်မြေဒေသထက် ပြောက်ကျားလှုပ်ရှားထိန်းချုပ်နိုင်သည့် နယ်မြေက ပို၍များပြားသည်။

KIO/KIC/KIA အဖွဲ့အစည်းသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြားတွင် ဘဏ္ဏာရေးတောင့်တင်းသော အဖွဲ့အစည်းတခုဖြစ်သည်။ ကချင်ပြည်နယ်အတွင်းရှိ လူထု၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ဆက်ဆံရေးကောင်းမွန်သည်။ လက်ရှိတွင် မြောက်ပိုင်းနိုင်ငံရေး မဟာမိတ်အဖွဲ့ ၇ ဖွဲ့တွင် ပါဝင်နေသော်လည်း တောင်ပိုင်းရှိ NCA ထိုးထားသော အဖွဲ့များနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည်။

၁၉၈၈ အရေးတော်ပုံနောက်
ပိုင်း ABSDF (မြောက်ပိုင်း)ကို KIA နယ်မြေတွင် နေရာပေးခဲ့သကဲ့သို့ ၂၀၀၉ ခုနှစ်တွင် AA(ရခိုင်) ၂၀၁၁ တွင် TNLA (တအာင်း(ပလောင်)) အဖွဲ့များ ဖွဲ့စည်းလေ့ကျင့်ရာတွင် ၎င်းတို့‌
ဒေသတွင်း ဖွဲ့စည်းလေ့ကျင့်မှု ခွင့်ပြုခဲ့ပြီး အကူအညီပေးခဲ့သည်။

နိုင်ငံတကာ ဆက်ဆံရေးတွင်
KIA သည် တရုတ်ပြည်နှင့်သာမက အနောက်နိုင်ငံအချို့နှင့် ဆက်ဆံမှုရှိသည်။ လက်ရှိအခြေအနေတွင် အစိုးရနှင့် NCA တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးလက်မှတ်ရေးထိုးထားခြင်း မရှိရုံသာမက တဖွဲ့ချင်းအပစ်အခတ်ရပ်စဲရေး Biletral လက်မှတ်ရေးထိုးထားခြင်းလည်း မရှိပေ။

KIA အား အကြမ်းဖက်အဖွဲ့ဟု တခါတရံ ရည်ညွှန်းပြောကြသော်လည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားခြင်း မရှိပါ။ သို့သော် KIA သည် NCA လက်မှတ်ရေးထိုးထားခြင်း မရှိ၍
မတရားသင်းအဖြစ် ကြေညာခံထားရဆဲအဖွဲ့ ဖြစ်သည်။

KIO/KIA အတွက် အဓိက အခက်အခဲ
တခုမှာ ကချင်ပြည်နယ်တွင်းရှိ ကချင်မဟုတ်သည့် တိုင်းရင်းသားလူမျိုးများအား စည်းရုံးသိမ်းသွင်းရာတွင် အကန့်အသတ် ရှိခြင်းဖြစ်သည်။

မောင်မောင်စိုးရေးသားသည်

#နယ်မြေဒေသ #စစ်ရေးလှုပ်ရှားမှု #တိုင်းရင်းသားလက်နက်ကိုင် #ညီနောင်မဟာမိတ် #စစ်ရေးဒေသ #မြောက်ပိုင်းအဖွဲ့

https://www.facebook.com/profile.php?id=100094772858979&mibextid=2JQ9oc

🔵PSLF/TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အကြောင်းPSLF/TNLA - တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့တအာင်းပလောင်များသည် ရှ...
12/08/2023

🔵PSLF/TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် အကြောင်း

PSLF/TNLA - တအာင်းပလောင်လက်နက်ကိုင်တပ်ဖွဲ့
တအာင်းပလောင်များသည် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ မူစယ်၊ ကွတ်ခိုင်၊ လားရှိုးဒေသရှိ တောင်တန်းများတွင်နေထိုင်ကြသည်။ မိုင်းကိုင်၊ မိုးမိတ်နယ်များတွင်လည်းတွေ့ရသည်။ ၁၉၅၈ ခုနှစ် ရှမ်းတိုင်းရင်းသားလက်နက်ပိုင်များ ပုန်ကန်ထကြွသော အခါ တအာင်းပလောင်များလည်း ရှမ်းတပ်ဖွဲ့များနှင့်အတူပုန်ကန်ကန်ခဲ့ကြသည်။ ရှမ်းတပ်ဖွဲ့
၏နမ့်ဆန်ဒေသရှိ ရင်း ၅ နှင့် နမ့်ခမ်းဒေသရှိ ရင်း ၆ တို့သည် တအာင်း ပလောင်တပ်ဖွဲ့များဖြစ်သည်။ တအာင်းပလောင်တပ်ဖွဲ့များဖြစ်သည့် ရင်း ၅ နှင့် ရင်း ၆ သည် ရှမ်းတပ်ဖွဲ့မှ ခွဲထွက်ပြီး ၁၉၆၃ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်တွင် ပလောင်အမျိုးသားတပ်ဦး PNF Palaung National Front ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ တဖန် ၁၉၇၆ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့တွင်
ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ PSLO- Palaung State Liberative Organization နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် PSLA- Palaung State
Liberation Army ဟု အမည်ပြောင်းလဲခဲ့သည်။

PSLO/PSLA သည် ရွှေလီချိုင့်ဝှမ်းဂွင်ဟုခေါ်ကြသည့် နမ့်ခမ့်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နမ့်
ဆန်၊ မန်တုံ ကြားဂွင်တွင်လှုပ်ရှားခဲ့သည်။ PSLO/PSLA ၏အဓိကမဟာမိတ်မှာ KIA ဖြစ် သည်။ PSLO/PSLA သည် နောက်ပိုင်းတွင် KIA နှင့်အတူ တောင်ပိုင်း မဒတ ( အမျိုးသား
ဒီမိုကရေစီတပ်ပေါင်းစု) တွင်ပါဝင်ခဲ့ပြီး မဒတ ရုံးစိုက်ရာ KNU နယ်မြေနှင့်ထိုင်းနယ်စပ်သို့
ကိုယ်စားလည် စေလွှတ်ထားခဲ့သည်။ အရှေ့မြောက်၌ ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲပြီးနောက် အဖွဲ့အသီးသီး နဝတ အစိုးရနှင့်ငြိမ်းချမ်းရေးယူကြရာ PSLO/PSLA- သည်လည်း
၁၉၉၁ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် နဝတ နှင့် အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့သည်။ ထိုအခြေ အနေကို လက်မခံသော မဒတ ရောက် ကိုယ်စားလည်များ ( မိုင်အိုက်ဖုန်း၊ မိုက်အိုက်ပန်(ကွယ်လွန်) ) စသည့် လူငယ်ရဲဘော်များ) က မဒတ အဖွဲ့ဝင်များ၏ အကူအညီဖြင့် ထိုင်းနယ်စပ်တွင် PSLF-
Palaung State Liberative Front ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးကို ၁၉၉၂ ခုနှစ် ဇန္နဝါရိလ ၁၂ ရက်နေ့တွင် စတင်ဖွဲ့စည်း သန္ဓေတည်ခဲ့သည်။

နအဖ အစိုးရ လက်နက်အပ်၍ တပ်ဖျက်သိမ်းရန် ဖိအားပေးလာခဲ့ရာ အင်အား ၃၀၀ မှ ၅၀၀ ခန့်ထိရှိသော PSLO/PSLA အဖွဲ့သည် ၂၀၀၅ ခုနှစ် ဧပြီ ၂၉ ရက်နေ့တွင် မန်တုံမြို့တွင် နအဖ အစိုးရအား လက်နက်အပ်ခဲ့ပြီး PSLO/PSLA လက်နက်ကိုင်အဖွဲ့ တခန်းရပ်သည်။
သို့သော်လည်း ထိုင်းနယ်စပ်ရှိ PSLF ထူထောင်ထားသော တအာင်းလူငယ်များနှင့် PSLO
စစ်ဦးစီးချုပ်ဖြစ်ခဲ့သူ တာညီလုံးတို့နှင့်တိုင်ပင်၍ တအာင်းလက်နက်ကိုင်တပ်ဖွဲ့အား ပြန်လည်ထူထောင်ရန် ၂၀၀၇ ခုနှစ်မှအစပြုပြီး ပြန်လည်လုံးပမ်းခဲ့သည်။ ၂၀၀၉ ခုနှစ်တွင်
ကျင်းပသော PSLF- တတိယအကြိမ်ညီလာခံတွင် TNLA - Ta-Ang National Liberative Army ဖွဲ့စည်းရေးကို အတည်ပြုခဲ့သည်။

သို့နှင့် KIA ၏ အကူအညီဖြင့် ၂၀၁၁ အောက်တိုဘာလတွင် KIA တပ်မဟာ ၃ နယ်မြေ ဗန်းမော်ဒေသ၊ ဝါရာဘွမ်တွင် တအာင်းလူငယ် ၅၀ ကျော် စစ်ပညာသင်ယူပြီး TNLA အား အစ
ပြုခဲ့သည်။ KIA နယ်မြေတွင်းလေ့ကျင့်ပြီးနောက် အသားတင်ကျန်ရစ်သူ တအာင်းလူငယ်
၄၂ ယောက်သည် KIA ကတပ်ဆင်ပေးသည့် သေနတ် ၂၂ လက်နှင့် ရွှေလီမြစ်အား နမ့်ခမ်မြို့အောက်နားမှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြန်လည်ဖြတ်ကူး၍ ရွှေလီချိုင့်ဝှမ်းဂွင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခါ PSLF/TNLA တပ်ဖွဲ့၏ စည်းရုံးလှုပ်ရှားမှု စတင်ခဲ့တော့သည်။

PSLF-/TNLA ခေါင်းဆောင်မှု

၁။ ဥက္ကဌ ဗိုလ်ချုပ်တားအိုက်ဖုန်း
၂။ ဒုဥက္ကဌ ၁ ဗိုလ်မှူးချုပ်တားဂျုပ်ကျား
၃။ ဒုဥက္ကဌ ၂ ဗိုလ်မှူးချုပ်တားခူလန်
၄။ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်
၅။ စစ်ဦးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်
၆။ အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး တားဂူးကျား နှင့်
ပြင်ပဆက်ဆံရေးဌာနမှူး တားပန်လ
ပြန်ကြားရေး ဗိုလ်မှူးမိုင်အိုက်ကျော် တို့ဖြစ်သည်ဟုသိရပါသည်။

ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း အဓိကလှုပ်ရှားသည်ဖြစ်ပြီး ပြောက်ကျားစစ်ဆင်နေရသည်ဖြစ်ရာ ဌာနချုပ်တည်နေရာကို လျှို့ဝှက်ထားရှိသည်။

တပ်ဖြန့်ခွဲလှုပ်ရှားမှု

၁။ တပ်မဟာ ၁ - နမ့်ခမ်း၊ မုန်းဝီးဂွင်
ရင်း ၁၀၁/၁၀၂/၄၇၈/၅၇၁/၈၇၆
စုစုပေါင်း အင်အား ၆၀၀ ခန့်
၂။ တပ်မဟာ ၂ - ကျောက်မဲ၊ နမ့်ဆမ်၊ မိုးမိတ်၊မိုင်းလုံဂွင်
ရင်း ၂၅၆/၄၃၄/၆၆၆/၇၁၇/၉၈၇
စုစုပေါင်း အင်အား ၆၀၀ ခန့်
၃။ တပ်မဟာ ၃ - မုန်းဝီးတောင်ဖက်၊ ရွှေလီမြစ်ရိုး
ရင်း ၃၆၇/၆၈၃/၇၆၅/၇၇၃/၉၉၉
စုစုပေါင်းအင်အား ၆၀၀ ခန့်
၄။ တပ်မဟာ ၄ - သိန္နီကားလမ်းအနောက်ဖက်-နမ္မတူဂွင်
ရင်း ၃၃၃/၅၇၇/၅၉၅/၆၆၁/၈၇၅
စုစုပေါင်းအင်အား ၆၀၀ မှ ၇၀၀ ခန့်
၅။ တပ်မဟာ ၅ -မူစယ်/ကွတ်ခိုင်/သိန္နီကားလမ်းအနောက်ခြမ်း
စုစုပေါင်းတပ်ရင်း ၅ ရင်း
စုစုပေါင်း အင်အား ၇၀၀ ခန့်
၆။ တပ်မဟာ ၆- မုန်းကျက်-မုန်းယော်ဂွင် ( ကွန်လုံ/လားရှိုး/တန့်ယန်းကြား)
ရင်း ၈၈၅ နှင့် အခြား ၄ ရင်း
စုစုပေါင်းအင်အား ၆၀၀ ခန့်
၇။ တပ်မဟာ ၇ - လှုပ်ရှားတပ်မဟာ
တပ်ရင်း ၅ ရင်းခန့်
အင်အားစီစစ်ဆဲ

ဒေသအုပ်ချုပ်ရေးအား အောက်ပါအတိုင်း ခရိုင် ၅ ခု ဖွဲ့စည်းထားသည်

၁။ မိုးကုတ်ခရိုင် (မိုဂူး)
၂။ နမ္မတူခရိုင် ( အိုမ်ညှိုး)
၃။ နမ့်ခမ်းခရိုင် ( အိုမ်တမောဝ်)
၄။ ကွတ်ခိုင်ခရိုင်( အိုမ် ခုံး)
၅။ လားရှိုး ( လာဆျို ) တို့ဖြစ်သည်။

အင်အား

TNLA သည် အနည်းဆုံး တပ်ရင်း ၃၅ ရင်းခန့်ဖွဲ့စည်းထားပြီး တရင်းလျင် အင်အား ၁၀၀ မှ
၁၅၀ ကြားတွင်ရှိမည်ဟုခန့်မှန်းရသည်။ နောက်တန်းဌာနများ၊ ဆေး/ဆက်သွယ်ရေးစသည့် ရုံးအဖွဲ့များ၊ နယ်မြေအုပ်ချုပ်စည်းရုံးရေးအဖွဲ့များ၊ အခွန်အကောက်အဖွဲ့များစသည့် အင်အား
များ အားလုံးပေါင်းပါက စုစုပေါင်းအင်အား ၈၀၀၀ မှ ၁၀၀၀၀ ခန့်ထိရှိနိုင်သည်။ လက်နက်တပ်ဆင်မှုမှာ ခေတ်မှီချေမှုန်းရေးရိုင်ဖယ်များတပ်ဆင်နိုင်သည်။ UWSA သို့မဟုတ် အခြားမှ လက်နက်ရရှိနိုင်သည့်လမ်းကြောင်းရှိသည်ဟု ခန့်မှန်းမှုများရှိသော်လည်း တိကျသော အထောက်အထားမရှိပါ။ TNLA လှုပ်ရှားဒေသသည်ရန်သူပတ်လည်ဝိုင်းထားသည့်ပြောက် ကျားဒေသဖြစ်သဖြင့် လက်နက်ခဲယမ်းစုပုံမှု အကန့်အသတ်ရှိသည်။ အကူပစ်လက်နက်အနေနှင့် ၁၀၇ မမ၊ ၆၀ မမ တို့သုံးစွဲနိုင်သည်ကိုတွေ့ရသည်။ ပြီးခဲ့သောနှစ်ပိုင်းက ရွှေလီချိုင့်ဝှမ်းဂွင်
အတွင်းရှိ TNLA လက်နက်ဂိုဒေါင်တခုအား အစိုးရတပ်ကသိမ်းဆည်းရမိရာတွင် လက်နက် ငယ်များအပြင် FN 6 အမျိုးအစားဟုယူဆရသည့် လေယဉ်ပစ်ဒုံးကျည်တလက်ပါသိမ်းဆည်းရမိသွားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ TNLA သည် လေယဉ်ပစ် ဒုံးကျည် ပိုင်ဆိုင်နေပြီဟု
တွက်ဆရသည်။ သို့သော် လက်တွေ့အသုံးပြုသည်ကို မတွေ့ရသေးပေ။

ဘဏ္ဏာရေး

TNLA ၏လက်ရှိဘဏ္ဏာရေးသည် အခွန်အကောက်ကောက်ခံမှုပေါ်တွင် မူတည်သည်ဟု ယူဆရသည်။ ဘဏ္ဏရေးအရ တောင့်တင်းသည့်အဖွဲ့အစည်းတော့မဟုတ်။ လက်ရှိတပ်အင်အားအား ထိမ်းသိမ်းရန်၎င်း၊ တပ်တိုးချဲ့ရေးအတွက်သော်၎င်း လိုအပ်သည့် ဘဏ္ဏာရန်ပုံငွေကို ကြိုးစားရှာဖွေနေရသည်ဟု သုံးသပ်ရပြီး ယခုအချိန်ထိတော့ ပုံမှန်လည်ပတ်ရန်အတွက် ဖြေရှင်းနိုင်သည်ကို တွေ့နေရသည်။

တပ်ပေါင်းစု

TNLA သည် ၂၀၁၇ မှ စတင်ဖွဲ့စည်းသည့် မြောက်ပိုင်းနိုင်ငံရေးမဟာမိတ်အဖွဲ့ ၇ ဖွဲ့တွင်ပါဝင်သည်။ AA ( ရခိုင် )၊ !MNDAA ( ကိုးကန့် )တို့နှင့် ပေါင်း၍ အဖွဲ့ ၃ ဖွဲ့ စစ်ရေးမဟာမိတ်အဖွဲ့ဖွဲ့ထားသည်။ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲအတွက် AA ၊ MNDAA ၊ KIA (ကချင် ) တို့နှင့်ပူးပေါင်း၍ အဖွဲ့ ၄ ဖွဲ့ဆွေးနွေးနေသည်။ TNLA သည် ၎င်းအားကူညီဖွဲ့စည်းပေးသည် KIA နှင့် ကောင်းမွန်သောဆက်ဆံရေးရှိသကဲ့သို့ UWSA နှင့်လည်း ကောင်းမွန်သောဆက်ဆံရေးရှိသည်။ ထို့ပြင် RCSS/SSA နှင့်စစ်ရေးပဋိပက္ခတွင် SSPP/SSA နှင့် ပူးပေါင်းရင်ဆိုင်လျက်ရှိသည်။

အစိုးရနှင့်ဆက်ဆံရေး

ငြိမ်းချမ်းစဉ်လုပ်ငန်းစဉ်စခဲ့သည့် ဦးသိန်းစိန်အစိုးရလက်ထက်တလျောက်လုံးနှင့် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းထိ အစိုးရတပ်က TNLA အား AA/MNDAA တို့နှင့်အတူ ငြိမ်းချမ်းလုပ်ငန်း စဉ်တွင်ပါဝင်ခြင်းအား အသိမှတ်မပြုဘဲ လက်နက်အပ်ရန်သာ တောင်းဆိုခဲ့သည်။ သို့ဖြစ်ရာ တိုက်ပွဲများသာတောက်လျောက်ဖြစ်နေခဲ့သည်။ ၂၀၁၈ ကုန်ပိုင်းမှစ၍ ၎င်း ၃ ဖွဲ့အား အပစ်ရပ်ဆွေးနွေးရန် တပ်က သဘောတူခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်း တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။
၂၀၂၀ မှစ၍ တွေ့ဆုံမှုများ ရပ်တန့်နေသော်လည်း အပြန်အလှန် အပစ်ရပ်ကြေညာပြီး တိုက်ပွဲများ လျော့ချထားသည်။

တရုတ်နှင့်ဆက်ဆံရေး

၂၀၁၇/၂၀၁၈ ငြိမ်းချမ်းရေးညီလာခံတွင် တရုတ်ကိုယ်စားလည်၏စီစဉ်မှုဖြင့် မြောက်ပိုင်း ၇ ဖွဲ့
နှင့်အတူ ပင်လုံညီလာခံဖွင့်ပွဲများသို့တက်ရောက်ခဲ့သည်။ တရုတ်နှင့်ဆက်ဆံရေးကောင်းမွန်သည်ဟု အများက အသိမှတ်ပြုထားသည်။ အခြားနိုင်ငံများ ဆက်ဆံရေးမတွေ့ရပါ။

နိုင်ငံရေး၊စစ်ရေး

နိုင်ငံရေးအရ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော တအာင်းပြည်နယ်ကို တောင်းဆိုသည်။ တအာင်းလူထုနှင့်တအာင်းအရပ်ဖက်အဖွဲ့အစည်းများကြား ဩဇာသက်ရောက်မှုရှိသည်။ စစ်ရေးအရ ချေမှုန်းရေးတိုက်ပွဲကြီးများတိုက်သည်ကို မတွေ့ရသေးသော်လည်း ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း အနှံ့အပြားပြောက်ကျားစစ်ဆင်ခြင်း၊ ရှမ်းမြောက်ရှိ အဓိကဆက်သွယ်ရေးလမ်းကြောင်းများအား ဖြတ်တောက်ထိမ်းချုပ်ခြင်း၊ မြို့များအား နှောက်ယှက်တိုက်ခိုက်ခြင်းတို့အား ကျွမ်းကျင်စွာပြုလုပ်နိုင်သည်။ စစ်ရေးအရ ထူးခြားမှုမှာ သီပေါ၊
နမ္မတူ၊ သိန္နီ ဒေသသို့၎င်း၊ ကျောက်မဲ၊ မုန်းဝီး၊နမ့်ခမ်းသို့၎င်း ထိုးဖေါက်ရန် ကြိုးစားနေသည့်
RCSS/SSA နှင့် စစ်ရေးပဋိပက္ခရှိသည်။

Update မဖြစ်ပါ
#မြောက်ပိုင်းအဖွဲ့ #ညီနောင်မဟာမိတ် #စစ်ရေးဒေသ #တိုင်းရင်းသားလက်နက်ကိုင် #နယ်မြေဒေသ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ EAOs In Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง EAOs In Myanmar:

แชร์