Momeik News ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Momeik News, บริษัทด้านสื่อ/ข่าวสาร, Thailand, Bangkok.

အားလုံးမင်္ဂလာပါခင်ဗျ မိုးမိတ်သတင်းမှ ကြိုဆိုပါတယ်
သတင်းအချက်အလက်မှန်ကန်တိကျပြီး အချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမယ်ခင်ဗျ ဖော်/လိုက် /ရှယ်လေးလုပ်ပေးသွားပါအုန်းခင်ဗျ

13/07/2026

ဘန်ကောက်အရက်ဘားမီးလောင်မှုမြင်ကွင်း

ဇူလိုင်-၁၃၊ ၂၀၂၆။ Momeik News

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား တစ်ခုမှာ ဆိုးရွားတဲ့ မီးလောင်မှု ဖြစ်ပွားပြီး လူ ၂၇ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

ဇူလိုင် ၁၂ ရက်နေ့ သန်းခေါင်ယံ ဝန်းကျင်လောက်မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး အဆောက်အအုံရဲ့ မျက်နှာစာ တံခါးဝကနေ မီးလျံတွေ တိုးထွက်လာတာ၊ လူတွေ အလန့်တကြား ထွက်ပြေးလာတာတွေကို တွေ့ခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ လူတွေ ကြောက်လန့်တကြား ထွက်ပြေးနေတာ၊ အလဲလဲ အပြိုပြိုတွေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ပြီးတော့ အနည်းဆုံး လူ ၂ ယောက်လောက် မီးစွဲလောင်နေတာကို တချို့ဗီဒီယိုတွေမှာ မြင်ခဲ့ရပါတယ်။

ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ရာ နေရာမှာ အလောင်း ၂၇ လောင်း ရှာတွေ့ခဲ့ကြောင်း ပြောပါတယ်။ သူက ဆေးရုံရောက်နေသူတွေလည်း ရှိတယ်လို့ မီဒီယာတွေဆီ အတည်ပြုခဲ့ပါတယ်။

မီးလောင်မှု စတင်ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲပါ။ ကနဦး တွေ့ရှိချက်တွေအရ အရက်ဘားရဲ့ အရေးပေါ် ထွက်ပေါက် နေရာတွေမှာ သကြားလုံးတွေနဲ့ တခြား ကုန်ပစ္စည်းတွေ ရောင်းချတဲ့ စင်တွေ ထားရှိတာကြောင့် လမ်းကြောင်း ပိတ်ထားသလို ဖြစ်နေခဲ့တယ်လို့လည်း သိရပါတယ်။

မီးသတ်တွေက မီးကို နာရီဝက်လောက်အတွင်း ငြှိမ်းသတ်နိုင်ခဲ့ပေမယ့် အဲဒီ တိုတောင်းတဲ့ အချိန်အတွင်းမှာတင် အရမ်းဆိုးရွားတဲ့ အခြေအနေတွေ ကြုံတွေ့ခဲ့ရပါတယ်။ ပြည်တွင်း မီဒီယာတွေက အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၁၈ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း လူ ၆၀ ကျော် ဆေးရုံရောက်နေတယ်လို့ ဖော်ပြကြပါတယ်။ ပြီးတော့ အရေအတွက် အတိအကျ မသိရသေးတဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိပါတယ်။

ဝန်ကြီးချုပ်က သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ သူဟာ မီးစလောင်ချိန် ဘားထဲမှာ ဖျော်ဖြေနေခဲ့တဲ့ အဆိုတော် တစ်ဦးကို ကိုယ်တိုင် မေးမြန်းကြည့်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီ မျက်မြင်သက်သေရဲ့ အဆိုအရ အဆောက်အအုံရဲ့ လျှပ်စစ်ဓာတ်အား အဖြတ်အတောက် လုပ်တဲ့ မိန်းခလုတ် နေရာမှာ မီးစလောင်တာကို မြင်ခဲ့ရကြောင်း၊ အဲဒီနောက် အခြေအနေတွေက မြန်မြန်ဆန်ဆန် ဆိုးရွားသွားခဲ့ကြောင်း၊ ပေါက်ကွဲမှုတချို့လည်း ဖြစ်ခဲ့ပြီး လူတွေက မီးတွေ၊ မီးခိုးလုံးတွေကြား ထွက်ပြေးကုန်ကြတယ်လို့ သိခဲ့ရကြောင်း အနူတင်က ပြောပါတယ်။

မလွတ်မြောက်နိုင်တဲ့သူ တော်တော်များများက ထွက်ပေါက် ရှာမတွေ့တဲ့အခါ အိမ်သာထဲကို ဝင်ရောက် ပုန်းအောင်းနေခဲ့ကြောင်း၊ ဝမ်းနည်းဖို့ ကောင်းစွာနဲ့ပဲ အဲဒီနေရာမှာ ရုပ်အလောင်းတွေ အများဆုံးကို ရှာတွေ့ခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

Rong B**r Na Lat Phraoဆိုတဲ့ ဘားဟာ ဘန်ကောက်ရဲ့ ချာတူချက် ခရိုင်ထဲမှာ တည်ရှိပြီး လူအသွားအလာ များပြားတဲ့ စားသောက်ဆိုင်နဲ့ ဖျော်ဖြေရေးရိပ်မြုံ တစ်ခုအဖြစ် လူသိများပါတယ်။

အခင်းဖြစ်တဲ့ နေရာဆီ ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ ဘန်ကောက် အုပ်ချုပ်ရေးမှူး ချတ်ချာ့တ် ဆစ်တီပွန်က အရက်ဘားရဲ့ အတွင်းပိုင်း အဆင်အပြင်မှာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေ အသုံးပြုထားခြင်းက မီးကူးစက်မှုကို ပိုပြီး မြန်ဆန်သွားစေခဲ့ကြောင်း ပြောပါတယ်။

ဖြစ်စဉ် တစ်ခုလုံးကို မှုခင်းဆိုင်ရာ ပညာရှင်တွေက အသေးစိတ် နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းစစ်ဆေးဖို့ လိုအပ်နေကြောင်းလည်း ချတ်ချာ့တ်က မှတ်ချက်ပေးခဲ့ပါတယ်။

ဖြတ်သွားဖြတ်လာ ကားတစ်စီးရဲ့ ယာဉ်မောင်းက ဘားမှာ မီးလောင်နေတာကို တွေ့ပြီး အကြောင်းကြားမှ မီးသတ်တွေက အဲဒီနေရာဆီ ရောက်သွားခဲ့တာလို့လည်း သိရပါတယ်။ အဲဒီ တာဝန်သိပြည်သူ ယာဉ်မောင်းက အဆောက်အအုံရဲ့ ပြတင်းပေါက်တွေကို ခွဲပြီး လူ ၂ ဦးကို ကူညီ ကယ်ထုတ်ပေးခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ်။

ကိုးကား: BBC

#ဘန်ကောက် #ထိုင်းနိုင်ငံ #မီးလောင်မှု #ဘန်ကောက်မီးလောင်မှု #နိုင်ငံတကာသတင်း

11/07/2026

◾️ထရန့်နဲ့တွေ့ချိန် မော်စကိုကို ပြက်လုံးထုတ်ခဲ့တဲ့ ယူကရိန်းသမ္မတ
#ယူကရိန်း #ရုရှား

10/07/2026

လားရှိုးမြို့တွင်းသို့ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲခဲ့သည့်မြင်ကွင်း

Momeik News
ဇူလိုင် ၁၀ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ထဲကို မနေ့ကညနေပိုင်းက MNDAAအဖွဲ့က ပစ်ခတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့တဲ့မြင်ကွင်း ဖြစ်ပါတယ်။

လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးလေးလုံး ကျရောက်ပေါက်ကွဲခဲ့ရာမှာ အရှေ့မြောက်တိူင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ၁ လုံး၊ အမှတ် ၆၂၆ တပ်ရင်းအတွင်းသို့ ၁ လုံးနှင့် ကျန်နှစ်လုံးမှာ ပြည်သူများနေထိုင်သော ရပ်ကွက်နှစ်ခုထဲကို ကျရောက်ပေါက်ကွဲခဲ့ရာမှာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်။

#လားရှိုး #ရှော့တိုက်ဒုံး #နမခ

10/07/2026

ယူကရိန်းတိုက်ခိုက်မှုကြောင့်ရုရှားမှာ မီးဟုန်းဟုန်းတောက်လောင်
#ရုရှား #ယူကရိန်း

နှစ်ဂိုးအရှုံးကနေ သုံးဂိုးပြန်သွင်းပြီး ကွာတားဖိုင်နယ်တက်ခဲ့တဲ့ အာဂျင်တီးနားMomeik News ဇူလိုင် ၈ ရက်အင်္ဂါနေ့ ညနက်ပိုင်...
07/07/2026

နှစ်ဂိုးအရှုံးကနေ သုံးဂိုးပြန်သွင်းပြီး ကွာတားဖိုင်နယ်တက်ခဲ့တဲ့ အာဂျင်တီးနား

Momeik News
ဇူလိုင် ၈ ရက်

အင်္ဂါနေ့ ညနက်ပိုင်းကယှဥ်ပြိုင်ကစားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဥ် (၇) မှာ စူပါစတား မက်ဆီရဲ့ အာဂျင်တီးနားက အီဂျစ်ကို နှစ်ဂိုးအရှုံးကနေ သုံးဂိုးဆက်တိုက်ပြန်သွင်းပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။

ဒီကနေ့ပွဲစဥ်ဟာ အပြန်အလှန်ထိုးဖောက်ကန်သွင်းမှုတွေနဲ့အတူ သွင်းဂိုးတွေမြိုင်ဆိုင်ခဲ့သလို ရူးလောက်အောင် စိတ်လှုပ်ရှားမှုပေးခဲ့တဲ့ပွဲစဥ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဆာလက်ဦးဆောင်တဲ့အီဂျစ်ဟာ မက်ဆီဦးဆောင်တဲ့ အာဂျင်တီးနားကို ပွဲချိန် မိနစ် ၇၀ ကျော်အထိ နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် အာဂျင်တီးနားက ၇၉ မိနစ်၊ ၈၃ မိနစ်နဲ့ ၉၂ မိနစ်တွေမှာ သုံးဂိုးဆက်တိုက်သွင်းယူပြီး ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ အီဘရာဟင်ကခေါင်းတိုက်ပြီး အီဂျစ်အတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန် ၂၁ မိနစ်မှာ အာဂျင်တီးနားပယ်နယ်တီရခဲ့ပြီး မက်ဆီကန်သွင်းရာမှာ အီဂျစ်ဂိုးသမား ရှိုဘီးယားလက်စွမ်းပြ ပုတ်ထုတ်ခဲ့ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ အီဂျစ်အသင်းတန်ပြန်တိုက်စစ်ကတဆင့် လှလှပပချိတ်ဆက်ပြီး ထိုးဖောက်ဂိုးသွင်းပေမယ့် ကွင်းလယ်ဒိုင်က ဂိုးကိုပယ်ဖျက်ပြီး ပြစ်ဒဏ်ဘောသတ်မှတ်ခဲ့လို့ အီဂျစ်တို့နစ်နာခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ အဆိုပါ ဆုံးဖြတ်ချက်ဟာ အငြင်းပွားဖွယ်ရာဖြစ်ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာ ဇီကိုက လျင်မြန်တဲ့တန်ပြန်တိုက်စစ်ကတဆင့် အီဂျစ်အတွက် ဒုတိယဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့လို့ အီဂျစ်တို့အာဂျင်တီးနားကို နှစ်ဂိုးပြတ် ဦးဆောင်ခဲ့ပါတယ်။

ရှုံးနိမ့်နေတဲ့အာဂျင်တီးနားဟာ တိုက်စစ်မြှင့်ကစားခဲ့ပြီး ၁၃ မိနစ်တွင်းမှာ ရိုမဲရိုး၊ မက်ဆီနဲ့ အန်ဇိုဖာနန်ဒက်ဇ်တို့က သုံးဂိုးဆက်တိုက် သွင်းယူခဲ့လို့ အာဂျင်တီးနား နောက်တဆင့်တက်ခဲ့ပါတယ်။

ဒီကနေ့ပြွစဥ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တချို့ဟာ အာဂျင်တီးနားကို အသာပေးတယ်ဆိုပြီး အီဂျစ်အသင်းနည်းပြအဖွဲ့နဲ့ ကစားသမားတွေ စောဒကတက်ခဲ့ရာမှာ အဝါကတ်တွေ ပြသခံခဲ့ရပါတယ်။

မက်ဆီရဲ့အာဂျင်တီးနားဟာ ကွာတားဖိုင်နယ်မှာ ဆွဇ်ဇာလန်နဲ့ ကိုလံဘီယာပွဲစဥ်က အနိုင်ရတဲ့အသင်းနဲ့ ယှဥ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

07/07/2026

တိုင်ဖွန်းမုန်တိုင်း မေဆတ်ခ်ကြောင့် ရေကြီးနစ်မြုပ်မှုများ ဆိုးရွားစွာဖြစ်ပေါ်နေသည့် နန်နင်းမြို့မြင်ကွင်း

Momeik News
ဇူလိုင် ၇ ရက်

တိုင်ဖွန်းမုန်တိုင်း မေဆက်ခ်တိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း၊ ကွမ်ရှီးဒေသ၏ မြို့တော် ဖြစ်သည့် နန်နင်းမြို့တွင် ရေကြီးနစ်မြုပ်မှုများဆိုးရွားစွာဖြစ်ပေါ်နေသောမြင်ကွင်းများ ဖြစ်ပါသည်။

မုန်တိုင်းအရှိန်ကြောင့် မြစ်များနှင့်ရေလှောင်တမံများတွင် ရေပြည့်လျှံကာ ရေကြီးနစ်မြုပ်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသည့်အတွက် ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများက ရေဘေးကာကွယ်ရေး တုံ့ပြန်မှုအဆင့်ကို အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း တရုတ်နိုင်ငံ၏သတင်းများကိုကိုးကား၍ ရိုက်တာသတင်းဌာနက ဖော်ပြသည်။

#တရုတ် #နန်ကျင်း #ရေကြီး

06/07/2026

တရုတ်နိုင်ငံတောင်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းအပြီး ရေလှောင်ကန်ပြိုကျပျက်စီး၊
မြို့ရွာအများအပြား ရေကြီးရေလျှံမှုများနှင့် ဆိုးရွားစွာရင်ဆိုင်နေရ

Momeik News
ဇူလိုင် ၆

တရုတ်နိုင်ငံတောင်ပိုင်း ဒေသအချို့တွင် အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးနောက် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ယနေ့တွင် လျူလန် (Liulan) ရေလှောင်ကန် ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

မုန်တိုင်းဒဏ်ကို ပြင်းထန်စွာခံခဲ့ရသည့် ဟန်ကျိုး၊ နန်နင်းနှင့် ကွမ်ရှီးပြည်နယ်တို့တွင် မိုးရေချိန် မြင့်တက်ခဲ့ရာမှ ယခုကဲ့သို့ ရေလှောင်ကန်ကြီး ပြိုကျပျက်စီးခဲ့ရခြင်း ဖြစ်သည်။

ရေလှောင်ကန်ကျိုးပေါက်ပြီး ရေအဟုန်ပြင်းစွာ စီးဆင်းသွားသည့် အရှိန်ကြောင့် အနီးအနားရှိ မြို့ရွာအတော်များများတွင် ချက်ချင်းဆိုသလို ရေနစ်မြုပ်သွားခဲ့ပြီး ဒေသခံပြည်သူများသည် အလွန်ဆိုးရွားသည့် ဘေးအန္တရာယ်အခြေအနေများနှင့် ရင်ဆိုင်နေကြရသည်။

ယခုလက်ရှိတွင် တရုတ်နိုင်ငံအတွင်းရှိ ရေလှောင်ကန် အများအပြားမှာလည်း ရေဝင်ဆံ့မှု ပမာဏထက် ကျော်လွန်နေသဖြင့် အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိနေကြောင်း တာဝန်ရှိသူအချို့က အရေးပေါ် သတင်းထုတ်ပြန်ထားသည်။

ထို့ကြောင့် ထပ်မံ၍ ဆည်များကျိုးပေါက် ပျက်စီးမှုကို ကာကွယ်နိုင်ရန်အတွက် အချို့သော ဆည်ကြီးများမှ ရေများကို အရေးပေါ် ထိန်းညှိထုတ်လွှတ်နေရပြီဖြစ်ကြောင်းလည်း သိရသည်။

#တရုတ် #ရေကြီး #ရေလှောင်ကန်ကျိုးပေါက်

တရုတ်ကို မြစ်ဆုံ ရောင်းစားတဲ့ MaAloe စစ်ခွေး တသိုက်များ ကြည့်ရန် တရုတ်၌ မေဆက်မုန်တိုင်းကြောင့် မိုးကြီး၍ ရေလှောင်တမံ ကျိ...
06/07/2026

တရုတ်ကို မြစ်ဆုံ ရောင်းစားတဲ့ MaAloe စစ်ခွေး တသိုက်များ ကြည့်ရန်

တရုတ်၌ မေဆက်မုန်တိုင်းကြောင့် မိုးကြီး၍ ရေလှောင်တမံ ကျိုးပေါက်
Momeik News ဇူလိုင် ၆၊ ၂၀၂၆

တရုတ်နိုင်ငံအတွင်းသို့ ဇူလိုင်လ ၄ ရက်က တိုင်ဖွန်းမုန်တိုင်း မေဆက် (Maysak) ဝင်ရောက်ခဲ့ရာ မိုးသည်းထန်စွာရွာသွန်းနေပြီး ကွမ်ရှီး (Guangxi) ပြည်နယ် နန်နင်းရှိ အလတ်စား ရေလှောင်တမံတခု ကျိုးပေါက်သွားခဲ့ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။

ယနေ့တွင် တရုတ်နိုင်ငံတောင်ပိုင်း နန်နင်းရှိ ရေလှောင်တမံ ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာကာ ဒေသခံ ၃၀၀ ကျော်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး ရေကြီးမှုကာကွယ်ရေး အရေးပေါ် တုံ့ပြန်မှုအဆင့်ကို အာဏာပိုင်များက အမြင့်ဆုံးအဆင့်သို့ တိုးမြှင့်လိုက်ကြောင်း South China Morning Post သတင်းစာ၌ ဖော်ပြထားသည်။

ထိုသို့ ရေလှောင်ကန်ကျိုးပေါက်မှုကြောင့် တခြားရေလှောင်ကန်များလည်း ကျိုးပေါက်မှုအန္တရာယ်ရှိနေသည်ဟု တရုတ် သတင်းများတွင် ဖော်ပြထားသည်။

နန်နင်းမြို့မှ ၁၇၀ မိုင်ခန့်အကွာရှိ Guigang မြို့တွင်လည်း လမ်းမများ ရေကြီးနစ်မြုပ်ပြီး ကားများ ရေထဲမျောပါသွားသည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။

မိုးလေဝသခန့်မှန်းချက်များအရ ကွမ်ရှီး၊ ကွေ့ကျိုးနှင့် ဟူနန်ပြည်နယ်များတွင် လာမည့်ရက်များအတွင်း မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်ကြောင်း သတိပေးထားပြီး အဆိုပါဒေသများတွင် လူဦးရေ သန်း ၁၅၀ ကျော်နေထိုင်လျက်ရှိကြောင်း တရုတ်သတင်းများ၌ ဖော်ပြထားသည်။

မုန်တိုင်းမေဆက်သည် တရုတ်နိုင်ငံသာမက ဗီယက်နမ်နှင့် မွန်ဂိုလီးယားနိုင်ငံတို့တွင်လည်း ရိုက်ခတ်ရှိကာ ဇူလိုင်လ ၄ ရက် က မွန်ဂိုလီးယား အရှေ့ပိုင်းတွင် တောင်ကျရေလျှံသဖြင့် ရွာသား ၂ ဦး သေဆုံးခဲ့ပြီး တနေ့ထဲမှာပင် အိမ်နီးနားချင်း တရုတ်နိုင်ငံမြောက်ပိုင်း လျောင်နင်ပြည်နယ်ရှိ အရှေ့တောင်ဘက် ကီလိုမီတာ ၃၉၀ (မိုင် ၂၄၀) ခန့်အကွာက ဖူရွှန်းမြို့၌ ၃ ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းက ဆိုသည်။

ဓာတ်ပုံ- Chinadaily, Xinhua

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ၊ TNLA ၊ UWSA  အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ အင်အားကြီးထွားနေမှုကို တန်ပြန်ရန်...
06/07/2026

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ၊ TNLA ၊ UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ အင်အားကြီးထွားနေမှုကို တန်ပြန်ရန် စစ်တပ်အရန်အင်အားများ အရေးပေါ်စုဆောင်းရန် လျှို့ ဝှက် ညွှန်ကြား၊ ရှမ်းမြောက် မြို့နယ် ၁၃ ခုရှိ စစ်တပ်အရန်အင်အားများအတွက်စစ်တပ်က လက်နက်ခဲယမ်းများ ပေးပို့တပ်ဆင်မည်
ရန်ကုန်၊ ဇူလိုင် ၆

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ၊ TNLA ၊ UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ အင်အားကြီးထွားနေမှုကို တန်ပြန်ရန် စစ်တပ်အရန်အင်အားများ အရေးပေါ်စုဆောင်းရန် လျှို့ ဝှက် ညွှန်ကြားလိုက်ကြောင်း သက်ဆိုင်ရာစစ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA ၊ တအာင်း TNLA ၊ ၀ UWSA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များ အင်အားတိုးချဲ့နေပြီး စစ်မှုထမ်းဆင့်ခေါ်မှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြောင်း၊ ယင်းကဲ့သို့ အခြေအနေတွင် စစ်တပ်အနေဖြင့် ယင်းသို့ တိုင်းရင်းသားလက်နက်ကိုင်များ၏ အင်အားကြီးထွားလာမှုကို တန်ပြန်ဆောင်ရွက်ရန်အတွက် စစ်တပ်အရန်အင်အားများကို စာရင်းပြုစုပြီး အမြန်ဆုံး စုဆောင်းပြင်ဆင်မှုများ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း အကြမ်းဖက်စစ်တပ်က အရေးပေါ် လျှို့ဝှက်ချက်တစ်ရပ်ထုတ်ပြန်ထားသည်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြို့နယ်များအားလုံးတွင် အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းရှိ နိုင်ငံသားဝန်ထမ်းများကို စစ်တပ်၏အရန်အင်အားစာရင်းတွင် ထည့်သွင်းရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် နိုင်ငံတော်၏အရန်အင်အားစာရင်းအတွက် အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ၏ အင်အားစာရင်းအားပြုစု၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးဌာန(ပြည်သူ့စစ်ဌာနခွဲ)သို့ အမြန်ဆုံး အရေးပေါ် ပြန်လည်တင်ပြရန် လျှို့ဝှက်ညွှန်ကြားသည်။

စစ်တပ်၏ အရန်အင်အားစာရင်းများကို ဖော်ပြရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြို့နယ်များအလိုက် ဌာနတိုင်းရှိ အသက် ၁၈ နှစ်မှ ၆၀ နှစ်အတွင်းရှိ နိုင်ငံသားဝန်ထမ်းအင်အားစာရင်းကို ဇယားပြုစု၍ အမြန်ဆုံး မပျက်မကွက်(မပျက်မကွက်) တင်ပြရမည်ဖြစ်ကြောင်း စစ်တပ်က အမိန့် ညွှန်ကြားတစ်ရပ်ကို အရေးပေါ် ထုတ်ပြန်ထားသည်။

စစ်တပ်က စစ်တပ်၏ အရေးပေါ် အရန်အင်အား စုဆောင်းနေသော ရှမ်းမြောက် မြို့နယ်များတွင် လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ်၊ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်၊ နမ္မတူမြို့နယ်၊ မိုးမိတ်မြို့နယ်၊ မဘိမ်းမြို့နယ်၊ ၊တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်တို့ပါဝင်သည်။

စစ်တပ်က အရန်အင်အားစာရင်းများ ရရှိပြီးပါက ရှမ်းမြောက်မြို့နယ် ၁၃ ခုရှိ စစ်တပ်အရန်အင်အားများကို ပစ်ခတ်ရေး သင်တန်းများ ပို့ချခြင်း၊ လက်နက်ခဲယမ်းများ တပ်ဆင်ခြင်းများကိုလည်း အရေး​ပေါ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA ၊ TNLA ၊ UWSA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ အင်အားကြီးထွားနေမှုကို တန်ပြန်ရန် စစ်တပ်အရန်အင်အားများ အရေးပေါ်စုဆောင်းရန် လျှို့ ဝှက် ညွှန်ကြား၊ ရှမ်းမြောက် မြို့နယ် ၁၃ ခုရှိ စစ်တပ်အရန်အင်အားများအတွက်စစ်တပ်က လက်နက်ခဲယမ်းများ ပေးပို့တပ်ဆင်မည်

05/07/2026

မိုးမိတ်မြိုနယ် လယ်ကြီးကျေးရွာအုပ်စု မန်ဖွယ်ရွာမှာ SSPP ရှမ်းစိမ်းတပ်က ကျေးရွာသူ/ရွာသားတေကို ညတိုင်းညတိုင်း ရွာဝင်လမ်းမှာ ကင်းစောင့်ခိုင်း

မိုးမိတ်သတင်း

SSPPရှမ်းစိမ်းတပ်ဟာ မန်ဖွယ်ကျေးရွာထဲမှာနေပြီး သူတို့စစ်သားဖြစ်လျက်နဲ့ ကင်းမစောင့်ရဲပဲ ကျေးရွာသူ/ရွာသားများကိုကိုပဲ ညတိုင်းရွာဝင်းလမ်းတေကိုကင်းစောင့်ခိုင်းတယ် ခရီးလွန်သူများဆို ကင်းမစောင့်နိုင်ရင် တစ်ည သုံးသောင်းကျပ်ပေးဆောင်ခိုင်းတယ် မိုးမိတ်စစ်ပွဲစကတည်းက အခုထိစောင့်ခိုင်းနေတုန်းပဲ ဘာအတွက်စောင့်ခိုင်းလဲနားကိုမလည်ဘူး စကစ တပ်ရွာထဲဝင်လာရင်တော့လည်း ပေးဝင်တာပဲ အဲ့တော့ကင်းက ဘာအတွက်စောင့်ခိုင်းနေတာလဲ ဒီကင်းကိုအကြောင်းပြုပြီး အခုဆို
တစ်လကို တစ်သောင်းခွဲ ဆောင်ခိုင်းတယ် ဒါအိမ်တိုင်းပါ ငွေရှိရှိမရှိရှိ ပေးဆောင်ရမယ်တဲ့ အခုခေတ်က စုဖို့မပြောနဲ့ တစ်နေ့စာစားဖို့ရှာကြံတာကိုမလွယ်တဲ့အချိန် ဒီSSPPရှမ်းစိမ်းက တစ်လကိုတစ်သောင်းခွဲ ပေးဆောင်ရမှာဆိုတော့ စဥ်းစားကြည်ပါ
ပြည်သူကိုကာကွယ်ပေးတာလား နှိုပ်ဆက်နေတာလားပေါ့
ကင်းစောင့်တာလဲ ပြည်သူ သူတို့စားဖို့ပိုက်ဆံထုတ်ပေးတာလဲပြည်သူ အိမ်ခြေ နှစ်ရာလောက်ရှိတဲ့ဒီမန်ဖွယ်ရွာကို သူတို့က တစ်အိမ်ကိုတစ်သောင်းခွဲ လစဥ်ပေးဆောင်ရမှာဆိုတော့ တွက်ကြည့်ပေါ့ စစ်လည်းတိုက်တာမတွေ့ဘူး မြို့သိမ်းတာလဲမတွေ့ဘူး ကျည်တတောင့်မှလည်းပစ်တာမတွေ့ဘူး တစ်အိမ်တစ်သောင်းခွဲက ဘာအတွက်ကောက်တာလဲ သူတို့စားဖို့ဆိုလဲ ကျေးရွာက နေ့တိုင်းညတိုင်းချက်ကျွေးနေတာလေ မိမိခြံထွက်တဲ့ပစ္စည်းနဲ့ အပြင်ကဝယ်တဲ့ပစ္စည်းနဲ့ စျေးဘယ်လောက်ကွာခြားလဲ သူတို့မသိတာလား မလေ့လာတာလားပေါ့ ဒီအကြောင်းရော ဝမ်ဟိုင်းက လူကြီးတေ မသိတာလား သိလျက်နဲ့မတားရဲတာလားပေါ့
ဒီအချိန်အဖက်ဖက်က ပြည်သူတေဒုက္ခကြီးကြီးတွေ့နေတဲအချိန်လေ ဘာအတွက်ကောက်တာလဲ ဆက်ကောက်ရင် ဆက်ရေးအုန်းမှာ SSPPရှမ်းစိမ်းက စကစနဲ့တူတူပဲ ဘာမှမထူးဘူး KIAနဲ့PDF ဘုရားတောင်မှာလာနေပြီး စကစနဲ့စစ်တိုက်တာ သုံးလေးလလောက်ရှိတယ် ရွာထဲလဲသူတို့မလာ ဘာအခွန်မှလဲလာမတောင်းဘူး စားဖို့သောက်ဖို့သွားပေးတာတောင် အပေးမခံဘူး ဘာသာမတူဘူး လူမျိုးမတူဘူး ဒါပေမဲ့သူတို့မှာ စည်းကမ်းရှိတယ် ရည်မှန်းချက်ရှိတယ် ပန်းတိုင်ရှိတယ် စစ်သားဆိုစစ်သားပီသတယ် ရွာသူရွာသားတေကို ဒုက္ခမပေးဘူး ခြံထဲမှာ အသီးရှိရင် ခြံပိုင်မေးပြီး ခွင့်တောင်းပြီးမှ ခူးယူတယ် စားသောက်တယ်
အပိုအလိုမယူဘူး ဒီSSPPရှမ်းစိမ်းက ရှမ်းပြည်သူထဲပေါက်ဖွားပြီး ရှမ်းလူမျိုးတေကိုလိုက်နှိုပ်ဆက်တယ် တခြားလူမျိုးဆို ဘယ်လိုလုပ်မလဲ ...ဆက်ရန်
#မိုးမိတ်မြို့နယ် #မန်ဖွယ်ကျေးရွာ #ကင်းစောင့်ခတစ်အိမ်တစ်သောင်းခွဲလစဥ်အခွန်ကောက် #တပ်မတော်ချစ်မြတ်နိူးသူ

ที่อยู่

Thailand
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Momeik Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์