
16/07/2025
တခါတစ်လေ...
ကိုယ့်ဘက်ကစပြီး ဘယ်သူ့ကိုမှ
အဆက်အသွယ်မလုပ်ပဲ နေကြည့်ဖူးတယ်
ကိုယ့်ဘက်စပြီး
အခေါ် အပြော မလုပ်ပဲ နေကြည့်ဖူးတယ် ။
ဘယ်သူကများ ငါ့ကို သတိရနေမလဲ ?
ဘယ်သူကများ ငါ့ကို
ကျန်းမာရေးကောင်းလား !
အဆင်ပြေလား ? စသည်ဖြင့်
ဖုန်းကတဆင့် မေးမြန်းဆက်သွယ်လာမလဲပေါ့ ။
ဖုန်းတွေ fb တွေ viber တွေမှာလည်း
ဘယ်သူ့ဆီကိုမှ စာမပို့ပဲ နေကြည့်ခဲ့တယ် ။
အားလုံးနဲ့ ခေတ္တခဏ
အဆက်အသွယ်ဖြတ်ကြည့်တယ် ။
ဒါပေမယ့် အံသြစရာကောင်းတာက
ငါက မဆက်သွယ်ဘူးဆိုတာ နဲ့
သူတို့ ဘက်ကလည်း မဆက်သွယ်ခဲ့ကြဘူး ၊
ငါ့ဆီကိုလဲ ဘယ်သူမှ စာမပို့ကြဘူး ၊
ဖုန်းလည်း ဘယ်သူမှ မဆက်ကြဘူး ၊
ဘယ်သူကမှ ငါ့ကို သတိတရ မရှိခဲ့ဘူး ၊
ငါမရှိရင် အဆင်မပြေလောက်ဘူးလို့
ထင်ထားတဲ့ လူတွေကလည်း
ငါမရှိလည်း အဆင်ပြေနေတာကို တွေ့ရတယ် ။
ငါ့ကို
အရမ်းခင်ပါတယ်ဆိုတဲ့သူတွေကလည်း
စာမပို့ ဖုန်းမဆက်ကြတာကို တွေ့ရပါတယ် ။
ငါ့ကို
အရမ်းသံယောဇဉ်ရှိပြီး
ချစ်ကြ ခင်ကြပါတယ်ဆိုတဲ့သူတွေကလည်း
ငါ့ဘက်ကစပြီးမခေါ်လိုက်တာနဲ့
သူတို့ဘက်ကပါ သူစိမ်းဆန်သွားတာကို တွေ့ရတယ် ။
ဘဝမှာ
အရေးပါ ပါတယ် ။
အရေးကြီးပါတယ်ဆိုတဲ့သူတွေကတောင်
မသိချင်ယောင်ဆောင်နေတာမျိုးတွေရှိတယ် ။
နောက်ဆုံးတော့
ကိုယ့်ကိုယ်ကို နားလည်သွားတာက
ငါမရှိလည်း
အဆင်ပြေနေကြတဲ့ လူတွေအတွက် နဲ့
ငါ့က
ဘာလို့စိတ်ညစ် စိတ်ဆင်းရဲ ခံနေတော့မှာလဲ?
သူတို့အတွက်နဲ့
ဘာလို့ ပူလောင်ခံနေတော့မှာလဲ ?
သူတို့ကြောင့်
ဘာလို့ စိတ်သောက ရောက်နေတော့မှာလဲ ?
သူတို့အကြောင်းတွေကို
ဘာလို့ ခေါင်းထဲထည့်နေတော့မှာလဲ ?
သူတို့အတွက်နဲ့
ဘာလို့ စိတ်ပူပန်နေတော့မှာလဲ ?
နောက်ဆုံးတော့
သူတို့ဆီက သင်ခန်းစာရလိုက်တာက
ကိုယ့်ကိုယ်ကိုယ်
တစ်ယောက်ထဲလဲ နေတတ်ရမယ် ဆိုတာပဲ ၊
ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်
ဘယ်လိုအခက်အခဲမျိုးပဲ ကြုံကြုံ
ကိုယ်ကိုယ်ကိုယ် ပဲ
နေတတ်အောင်
ပျော်အောင်
အဆင်ပြေအောင်
ကျန်းမာရေးကောင်း ဂရုစိုက်ပြီး
စိတ်ချမ်းသာအောင် နေဖို့ပဲရှိတော့တာပေါ့....။
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#သုတရသစာပေများစုစည်းရာ
#စာပေဗဟုသုတများ
#ဘဝသင်ခန်းစာ
War Hlaing page #
#