05/06/2026
အခုပွဲမှာ စောမင်းမင်း အသာစီးဖြစ်ပြီး အမှတ်ပေးဒိုင်မှားတယ်လို့ပဲ မြင်တယ်။ စောမင်းမင်းက လူပျင်းလား။ ကျော်စွာဝင်းကို ထိုးတုန်းကလည်း အခုလို မြင်ရဖူးတယ်။ အချီကြာရင် သက်လုံမရတော့ဘဲ အမောဖောက်လာတယ်။ ပျော့တီးပျော့ဖတ်ဖြစ်လာပြီး လဲချင်လာတယ်။ Yodlekpet က Body Shot ချည်းပဲ လှိမ့်ထိုးနေတယ်။
Yodlekpet ကစားတာကိုလည်း မကြိုက်ပါဘူး။ အခံသက်သက်လို့ပဲ မြင်တယ်။ စောမင်းမင်းက အခုလို ထိုးကြေးရဖို့ လာထိုးတာမဟုတ်ဘဲ ပိုကြိုးစားဖို့ လိုပါတယ်။ ဒီအတိုင်းဆိုရင် ဒို့ရိုးရာကလပ်က ညီငယ်တွေက ထိုးကြေးအတွက် ဘန်ကောက်လာမှန်း မြန်မာပရိသတ်တွေ သိနေကြပြီမို့ ဘက်ကန်လာကြတာ တော်တော်ထောနေကြပါပြီ။ စာဖတ်သူတွေ ဘေးကင်းပါစေ။