Karika Vlogss ဤ Page သည် ခရီးသွားအတွေ့အကြုံများ ခရီးစဉ်များ ဒေသဓလေ့ထုံးစံများ သိမြင်မှုများကို ပြသခြင်း နာမည်ကြီး နေရာများကို ခရီးသွားများအတွက် အကြံဉာဏ်များပေးလေ့ရှိသည်

Solo traveling လို့ခေါ်တဲ့ တစ်ယောက်တည်း ခရီးသွားခြင်းကို တော်တော်များများက သွားဖူးချင်ကြပေမယ့် ကြောက်စိတ်ဆိုတဲ့အရာက လွှမ...
18/04/2025

Solo traveling လို့ခေါ်တဲ့ တစ်ယောက်တည်း ခရီးသွားခြင်းကို တော်တော်များများက သွားဖူးချင်ကြပေမယ့်
ကြောက်စိတ်ဆိုတဲ့အရာက လွှမ်းမိုးထားတော့ တော်ရုံလဲ တစ်ယောက်တည်းသွားဖို့ သတ္တိမရှိကြပါဘူး။

ဘာကြောင့်လဲလို့မေးရင် ကြောက်လို့ပါပဲ။ ဘာတွေကြောက်လဲဆိုရင် လူ၊ သရဲ၊ ဘာသာစကား၊ social experience လို့ခေါ်တဲ့ လူတွေနဲ့ပေါင်းသင်းဆက်ဆံမှု၊ နောက်တစ်ခုအရေးကြီးဆုံးက Confidence လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့နည်းနေခြင်း စတဲ့အချက်တွေကြောင့် တစ်ယောက်တည်းခရီးသွားဖို့ကို ကြောက်ကြပါတယ်။

ဘာသာစကားကတော့ အမိဘာသာစကားတတ်ရင်တော့ ပြည်တွင်းမှာသွားလို့ရသလို ပြည်ပမှာသွားချင်ရင်တော့
အင်္ဂလိပ်စကားကို grammar မှန်အောင်ပြောတတ်ဖို့ထက် အနည်းဆုံး တစ်ယောက်နဲ့တစ်ယောက် communicate လုပ်နိုင်အောင် ပြောတတ်ဖို့လိုပါမယ်။

မိမိကတော့ ဘယ်သင်တန်းမှမတတ်ပါဘူး။ အင်္ဂလိပ်စာတွေမြင်ရင်လိုက်ဖတ်တယ်။ ရုပ်ရှင်တွေကြည့်ပြီး သီချင်းနားထောင်တယ်။ နိုင်ငံခြားသားတွေနဲ့ဆုံရင် သူတို့နဲ့စကားပြောတယ်။ သူတို့က ကိုယ့်အသံထွက်၊ grammar တွေကို မဝေဖန်တဲ့အတွက် ပြောရဲဆိုရဲလာပါတယ်။

အဲ့ထဲကမှ မသိတဲ့စာလုံးပါလာရင် google translate နဲ့ကြည့်ပြီး အဲ့စာလုံးကို သင်ယူလိုက်ပါတယ်။ English စာကိုကြောက်နေရင်တော့ ကမ္ဘာကြီးရဲ့အလှအပတွေကို မြင်တွေ့ရဖို့လဲ ပိုခက်ခဲသွားမှာမို့ ပြောကြည့်ပါ၊ ကြိူးစားကြည့်ပါ။
မဖြစ်နိုင်ဘူးဆိုတာဘာမှမရှိပါဘူး။ လူမှုဆက်ဆံရေးကလေ ခရီးသွားတဲ့အချိန်မှာ သိပ်အရေးကြီးပါတယ်။

လူတိုင်းနဲ့ရောတာ လူတိုင်းကိုလိုက်ပြီး ငယ်ပေါင်းလိုတွေလိုက်ပြီးစကားရောဖောရောလိုက်တာကိုလူမှုဆက်ဆံရေးကောင်းတယ်လို့ခေါ်တာမဟုတ်ပါဘူး။ ကိုယ်ကဘယ်လောက်ပဲချေမိုးနေတဲ့သူဖြစ်ပါစေ တစ်ယောက်တည်းခရီးသွားရင်တော့ လူတိုင်းနဲ့လိုက်လျော ညီထွေဖြစ်အောင်၊ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံနေထိုင်တတ်ဖို့လိုပါတယ်။
အဲ့ဒါမှ ခရီးသွားတဲ့အခါ အထောက်အကူအများကြီးဖြစ်စေမှာသေချာပါတယ်။

ရှေ့ကပြောသွားတဲ့ဟာတွေဘယ်လောက်ပဲပြည့်စုံစုံ နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ ကိုယ့်ကိုကိုယ်ယုံကြည််မှုပါပဲ။ ယုံကြည်မှုမရှိရင်တော့ ဘယ်မှသွားနိုင်မှာမဟုတ်ပါဘူး။ Immigration ဖြတ်ဖို့ကြောက်တာ၊ English စာကျွမ်းကျင်နေပေမယ့်လဲ နိုင်ငံခြားကို လေယာဉ်မစီးရဲတာ၊ ခရီးသွားရင် တစ်နေရာကို ဘယ်ကစသွားရမှန်းလဲမသိ
ဘယ်သူ့ကိုမှလဲ မမေးမြန်းရဲတာ၊ လူကြောက်နေတာ၊ လူတွေက တစ်ယောက်တည်းဓာတ်ပုံတွေတင်ရင် တစ်မျိုးအထင်ခံရမှာကြောက်တာအဲ့ဒါကြောင့် ကြောက်နေတဲ့အရာတွေကိုလုပ်ကြည့်ပါ၊ ရင်ဆိုင်ကြည့်ပါ။

ကြောက်နေတဲ့အရာတွေကို Face to face ရင်ဆိုင်လိုက်ရင် တစ်ကယ်တစ်ခါပါပဲ။ နောက်ဆိုလုံးဝမကြောက် တော့ပါဘူး။ လူတွေက ရင်ဆိုင်ရမှာကို စိုးရိမ်တတ်ကြတယ်။ မဖြစ်သေးတဲ့အရာကိုတွေးရင်း ကြောက်ကြတာ သဘာဝပါပဲ။ ကြောက်လို့ ရင်မဆိုင်ရဲရင်တော့ တစ်သတ်လုံးကြောက်နေရမှာသေချာပါတယ်။ တစ်ယောက်တည်း ခရီးသွားရင်း ပြဿနာဖြေရှင်းနိုင်စွမ်းတွေပိုတိုးတက်လာတယ်၊ surviving skill တွေ၊ communication ဆက်ဆံရေးတွေ၊ ယုံကြည်မှုတွေ၊
တစ်ခုခုအရေးကြုံလာရင် ပြာမနေတော့ပဲ တည်တည်ငြိမ်ငြိမ်ဖြေရှင်းလာနိုင်တယ်။ တစ်ယောက်တည်း ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေရမလဲသိလာတယ်။ ဒါကတော့ ခရီးသွားခြင်းကရလာတဲ့ အကျိုးကျေးဇူးတွေပေါ့။

ခရီးသွားတာမှမဟုတ်ပါဘူး ကြောက်တဲ့အရာတွေကို face to face ရင်ဆိုင်နိုင်ရင် ဆိုင်ကယ်စီးတာ၊ ကားမောင်းတာ၊ ရေကူးတာ၊ အမြင့်ကြောက်တာ စတဲ့အရာတွေကိုလည်း လုပ်လာနိုင်မှာသေချာပါတယ်။

15/01/2025

ที่อยู่

Bangkok

เบอร์โทรศัพท์

+959795542861

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Karika Vlogssผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Karika Vlogss:

แชร์

ประเภท