Ko Leo Vlog ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ko Leo Vlog, ครีเอเตอร์ดิจิทัล, No. 71, Sukhumvit Road, Bangkok.

ဖူးခက် မှာ ထိုင်းအစားအစာ စားရတာ အားမရသေးလို့ အလုံလမ်းက Thai 47 မှာ ထပ်စား😋
29/10/2025

ဖူးခက် မှာ ထိုင်းအစားအစာ စားရတာ အားမရသေးလို့ အလုံလမ်းက Thai 47 မှာ ထပ်စား😋

ဘန်ကောက် လေဆိပ် နဲ့ ဖူးခက်လေဆိပ် ရောက်တဲ့အခါ Check In Counter သွားစရာလိုဘဲ မိမိကိုယ်တိုင် Check In လုပ်လို့ရတဲ့စက်တွေမှာ...
29/10/2025

ဘန်ကောက် လေဆိပ် နဲ့ ဖူးခက်လေဆိပ် ရောက်တဲ့အခါ Check In Counter သွားစရာလိုဘဲ မိမိကိုယ်တိုင် Check In လုပ်လို့ရတဲ့စက်တွေမှာ အခုလက်ရှိအချိန်အထိ ဘယ် Airlines တွေလုပ်လို့ရနေလဲ?
🔹ဘန်ကောက်မြို့က သုဝဏ္ဏဘူမိလေဆိပ် နဲ့ ဖူးခက် လေဆိပ် မှာရှိတဲ့ မိမိကိုယ်တိုင် Chek In လုပ်လို့ရတဲ့စက်တွေ ရှိပါတယ်။
🔹ဘယ်လိုအခြေအနေမျိုးမှာ မိမိကိုယ်တိုင် Check In လုပ်သင့်လဲ? ဆိုတော့ လေဆိပ်က Check In ကောင်တာ မှာ တန်းစီတဲ့သူတွေ အရမ်းများတဲ့အခါ ၊ ဒါမှမဟုတ် မိမိက လေဆိပ်ရောက်တာ နောက်ကျတဲ့အခါမျိုးမှာ Self Service Check In လုပ်တဲ့ စက်တွေကို အသုံးပြုပြီး မိမိကိုယ်တိုင် Check In လုပ်လို့ရပါတယ်။

Self Check In လုပ်လို့ရတဲ့ Airline တွေကတော့👇
🛫ENROLL
🛫THAI
🛫Bangkok Airways
🛫Air Asia
🛫Air India
🛫Emirates
🛫Salam Air
🛫Qatar Airways
🛫Jetstar
🛫Singapore Airlines
🛫Air France
🛫FINNAIR တို့ပဲ ဖြစ်ပါတယ်။
🔹Self Check In လုပ်ဖို့ Touch Screen ကို နှိပ်လိုက်တာနဲ့ ပထမဦးဆုံး ပေါ်လာမှာကတော့ တားမြစ်ထားတဲ့ ပစ္စည်းတွေ လေယာဉ်ပေါ်သယ်ယူခွင့် မပြုတဲ့အကြောင်းပေါ်လာမှာဖြစ်ပါတယ်။ပြီးရင်တော့ Continue ကို နှိပ်ပါ။
🔹Passport ကို ရွေးပါ။
🔹Passport စာအုပ်ကို Scan ဖတ်ပါ။
🔹Passport ကို Scan ဖတ်လိုက်တာနဲ့ ဘယ်လေယာဉ်နဲ့ ဘယ်ကို၊ဘယ်အချိန် သွားမယ်ဆိုတာကအစ Auto ပေါ်ပြီးသား ဖြစ်ပါတယ်။မိမိ အပ်မည့် Luggage အိတ်မှာကပ်တဲ့ Sticker စာရွက်အရှည်ကြီးကအစ ကိုယ်တိုင် ထုတ်ပြီးကပ်လို့လည်း ရသလို၊ ထိုင်ခုံလည်း ရွေးလို့ရပါသေးတယ်။
🔹ဖူးခက် လေဆိပ် နဲ့ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ် မှာရှိတဲ့ မိမိကိုယ်တိုင် Check In လုပ်လို့ရတဲ့ စက်ရဲ့ Airline List ထဲမှာတော့ အခုလက်ရှိထိ MAI Airline ကတော့ မပါသေးပါဘူး။
🔹မိမိကိုယ်တိုင် Check In လုပ်တဲ့အခါ မသိတာ မေးလို့ရတဲ့ လေဆိပ်က ဝန်ထမ်းတွေလည်းရှိတဲ့အတွက် အဆင်ပြေပါတယ်။
🔹ဒီလိုစက်မျိုးတွေကို Japan မှာ လည်း အသုံးပြုဖူးပါတယ်။ Japan မှာ Self Check In လုပ်ခဲ့တာကတော့ Singapore Airline နဲ့ဖြစ်ပါတယ်။ မြန်မာ Passport နဲ့ လည်း Check In လုပ်လို့ရပါတယ်။

"ခရီးသွားမိတ်ဆွေများအားလုံး အဆင်ပြေကြပါစေ"

Check In Counter ဆိုတာဘာလဲ? လေဆိပ်ရောက်တာနဲ့ Check In Counter ကို ဘယ်လိုအလွယ်တကူ ရှာလို့ရမလဲ? 🔹လေဆိပ် Terminal ထဲရောက်တာ...
28/10/2025

Check In Counter ဆိုတာဘာလဲ? လေဆိပ်ရောက်တာနဲ့ Check In Counter ကို ဘယ်လိုအလွယ်တကူ ရှာလို့ရမလဲ?
🔹လေဆိပ် Terminal ထဲရောက်တာနဲ့ ပထမဦးဆုံး စလုပ်ရမည့်အရာက မိမိရောက်ရှိကြောင်း၊Luggage အပ်ဖို့၊Boarding Pass ထုတ်ဖို့၊Departure Card ထုတ်ဖို့ အတွက် Check In Counter ကို အရင်ရှာရမှာ ဖြစ်ပါတယ်။
🔹ဘယ် Check In Counter မှာ တန်းစီရမလဲကို အလွယ်တကူ သိနိုင်ပါတယ်။ လေဆိပ် Terminal ထဲမှာရှိတဲ့ Departure LED TV Screen မှာ ကြည့်ရမှာ ဖြစ်ပါတယ်။
🔹Departure LED TV Screen မှာ ကြည့်ရမှာ (၇) ချက် ရှိပါတယ်။
(၁) Time
9:25 Am ဆိုတာကတော့ မိမိစီးမည့် လေယာဉ်စတင်ထွက်ခွာမယ့် အချိန် ဖြစ်ပါတယ်။
(၂) Airlines
MAI ဆိုတာကတော့ မိမိစီးမည့် လေကြောင်းလိုင်း အမည်ဖြစ်ပါတယ်။
(၃) To
Yangon ဆိုတာကတော့ မိမိစီးမည့် လေယာဉ် သွားမည့် မြို့အမည် ဖြစ်ပါတယ်။
(၄) Flight
8M 355 ဆိုတာကတော့ မိမိစီးမည့် လေယာဉ်ခရီးစဉ် နံပါတ်ဖြစ်ပါတယ်။
(၅) Counter
F2-5 ဆိုတာကတော့ မိမိ Check In လုပ်ရမယ့် Counter နံပါတ် ဖြစ်ပါတယ်။
(၆) Floor
3 ဆိုတာကတော့ Check In လုပ်ရမယ့် အလွှာကို ပြောတာဖြစ်ပါတယ်။
(၇) Remark
Ck-in Open ဆိုတာကတော့ Check In Counter ဖွင့်ပြီလို့ပြောတာ ပြောတာဖြစ်ပါတယ်။
"မသိသေးသော ခရီးသွားမိတ်ဆွေများအတွက် Ko Leo Vlog မှ မျှဝေပေးခြင်းဖြစ်ပါသည်"

MAI လေယာဉ်စီးပြီး ဘယ်နိုင်ငံက  ပြန်လာပြန်လာလေယာဉ်ပေါ်ကဆင်းတာနဲ့ ရန်ကုန် Immigration မှာ ဖောင်ဖြည့်ပြီး ပေးခဲ့ရတဲ့ Arriva...
27/10/2025

MAI လေယာဉ်စီးပြီး ဘယ်နိုင်ငံက ပြန်လာပြန်လာလေယာဉ်ပေါ်ကဆင်းတာနဲ့ ရန်ကုန် Immigration မှာ ဖောင်ဖြည့်ပြီး ပေးခဲ့ရတဲ့ Arrival Card ပေါ်မှာ အဓိကဖြည့်ရတဲ့အချက်များ
(၁) Family Name
🔸Family Name ကတော့ ရှိရင်ထည့်ပါ။ အချို့ကလည်း Family Name နေရာမှာ Last Name ကို ထည့်ကြပါတယ်။
(၂) First Name
🔸မိမိ အမည် ၏ ရှေ့ကအမည် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - Zaw Min Thwin မှာဆိုရင် Zaw ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(၃) Middle Name
🔸မိမိ အမည် ၏ အလယ်က အမည် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - Zaw Min Thwin မှာဆိုရင် Min ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(၄) Male
🔸မိမိက ယောင်္ကျားလေး ဖြစ်ပါက Male မှာ အမှန်ခြစ် ပေးရမှာ ဖြစ်ပါတယ်။
(၅) Female
🔸မိမိက မိန်းကလေး ဖြစ်ပါက Female မှာ အမှန်ခြစ် ပေးရမှာ ဖြစ်ပါတယ်။
(၆)Nationality
🔸ဒီမှာတော့ Myanmar သာ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(၇) Occupation
🔸မိမိရဲ့အလုပ်အကိုင် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ဥပမာ - Company Staff , Business Owner ။
(၈) Passport Number
🔸မိမိ ၏ နိုင်ငံကူးလက်မှတ် မှာ ပါတဲ့ Passport နံပါတ်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(၉) Place of Issue
🔸Passport စာအုပ် ထုတ်ပေးတဲ့ နေရာကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - ရန်ကုန် မှာ Passport စာအုပ်ထုတ်ပေးတာဆို Yangon ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(၁၀) Date of Issue
🔸Passport စာအုပ်မှာ ရေးထားတဲ့ Date of Issue မှာပါတဲ့ရက် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(၁၁) Visa Number
🔸Visa Number နေရာ ကတော့ Visa နဲ့ သွားတဲ့ ခရီးသည်များသာ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ပုံမှန် ၁၄ ရက် အလည်အပတ် (Visa Free) သွားတဲ့ ခရီးသွားမိတ်ဆွေတွေကတော့ ဖြည့်စရာမလိုပါဘူး။
(၁၂) Place of Issue
🔸Visa ထုတ်ပေးတဲ့ နေရာကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(၁၃) Date of Issue
🔸ဒီ Date of Issue ကတော့ ၂ လ Visa (TR) / အခြား Visa နဲ့ သွားတဲ့သူဆိုလျှင် Visa ထုတ်ပေးတဲ့ Date ကိုဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(၁၄) From
🔸From ဆိုတဲ့ နေရာမှာ မိမိ ဘယ်ကပြန်လာတာလဲ ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - ဘန်ကောက်၊ ဖူးခက်။
(၁၅) By Rail, By Road, By Ship
🔸By Rail (မီးရထားနဲ့လား?),By Road (ကုန်းလမ်းနဲ့လား?) ,By Ship (သင်္ဘောနဲ့လား?)။
📌မိမိက MAI လေယာဉ်နဲ့ ပြန်လာတာဖြစ်တာကြောင့် ဒီ (၁၅) မှာတော့ ဘာမှခြစ်စရာမလိုပါဘူး။
(၁၆) By Air
🔸မိမိက MAI လေယာဉ်စီးပြီးလာတာဖြစ်တဲ့အတွက် By Air မှာ အမှန်ခြစ် ပြီးရင် မိမိ စီးခဲ့တဲ့ လေယာဉ် ခရီးစဉ်နံပါတ်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။ ဥပမာ - 8M355 ။
(၁၇) Address in Myanmar
🔸မြန်မာနိုင်ငံမှာ မိမိနေတဲ့ နေရပ်လိပ်စာ ကိုဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(၁၈) ID Card Number
🔸မိမိ၏ နိုင်ငံသားမှတ်ပုံတင်နံပါတ် ကိုဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(၁၉) Father Name
🔸မိမိအဖေရဲ့ အမည် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(၂၀) Signature
🔸မိမိရဲ့ ထိုးမြဲလက်မှတ်ကို ထိုးရမှာ ဖြစ်ပါတယ်။

🔸MAI Airline နဲ့ ဘယ်နိုင်ငံကပဲ ပြန်လာပြန်လာ ပုံမှန်ဆိုရင်တော့ လေယာဉ်ပေါ်မှာ Arrival Card ဝေလေ့ရှိပါတယ်။ Arrival Card ဝေတာ နဲ့ ဖောင်ဖြည့်ထားပါ။ရန်ကုန်လေဆိပ် Immigration ဖြတ်တဲ့အခါမှာ Arrival Card ကို Immigration Officer ကို ပေးခဲ့ရတာဖြစ်ပါတယ်။

🔸မြန်မာနိုင်ငံကနေ မည်သည့်နိုင်ငံကိုမဆို MAI လေယာဉ်နဲ့ အလည်အပတ်သွားပြီး ပြန်လာမည့်ဆိုပါက အပေါ်ကအချက် (၂၀) ကို Arrival Card မှာ ဖြည့်ပေးရမှာ ဖြစ်ပါတယ်။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

လေယာဉ်စီးပြီး အခုမှ ပထမဦးဆုံး ခရီးသွားမည့် မိတ်ဆွေများ ဘာတွေသိထားသင့်လဲ?📌 ခရီးမစခင် ပြင်ဆင်ရမည့်အချက်များ(၁) အိတ်ဆောင်ပစ...
26/10/2025

လေယာဉ်စီးပြီး အခုမှ ပထမဦးဆုံး ခရီးသွားမည့် မိတ်ဆွေများ ဘာတွေသိထားသင့်လဲ?
📌 ခရီးမစခင် ပြင်ဆင်ရမည့်အချက်များ
(၁) အိတ်ဆောင်ပစ္စည်းများ စစ်ဆေးပါ
🔹လေယာဉ်ပေါ်သို့ သယ်ဆောင်သွားမည့် လက်ဆွဲအိတ် (Hand Carry) နှင့် အပ်နှံမည့်အိတ် (Check-in Luggage) များတွင် တားမြစ်ပစ္စည်းများ မပါဝင်စေရန် ကြိုတင်စစ်ဆေးပါ။ အပ်နှံမည့်အိတ်များကို သယ်ဆောင်ခွင့်အလေးချိန် မကျော်စေရန် သတိထားပါ။

(၂) အရေးကြီးစာရွက်စာတမ်းများ စနစ်တကျထားပါ
🔹နိုင်ငံကူးလက်မှတ် (Passport), လေယာဉ်လက်မှတ် (E-Ticket/Itinerary), ဗီဇာ (Visa) (လိုအပ်ပါက) တို့ကို လွယ်ကူစွာထုတ်ယူနိုင်သော အိတ်တစ်ခုတွင် သေချာစွာထားပါ။

📌လေဆိပ်တွင်း လုပ်ဆောင်ရမည့် အဆင့်များ
(၁) လေဆိပ်သို့ စောစောရောက်ပါ
🔹နိုင်ငံတကာခရီးစဉ်များအတွက် လေယာဉ်ထွက်ချိန်ထက် ၃ နာရီကြိုတင်၍ လေဆိပ်သို့ရောက်ရှိပါ။ ပြည်တွင်းခရီးစဉ်များအတွက် ၂ နာရီ ခန့် ကြိုတင်ရောက်ရှိပါ။

(၂) ခရီးစဉ်အတွက် စာရင်းသွင်းခြင်း (Check-in)
🔹လေဆိပ်ရောက်ပါက ဦးစွာ FIDS (Flight Information Display Screen) မှ သင်စီးမည့်လေယာဉ်အတွက် Check-in Counter (စာရင်းသွင်းရုံ) နံပါတ် ကို ရှာဖွေပါ။
🔹Check-in Counter တွင် သင့် Passport (နှင့် Visa) ကိုပြသ၍ အပ်နှံမည့်အိတ်ကို ပို့ဆောင်ပေးပါ။
🔹Check In Counter မှ ပြန်လည်ရရှိမည့်အရာများကတော့ Boarding Pass (လေယာဉ်ပေါ်တက်ရန် ခွင့်ပြုလက်မှတ်) နှင့် Departure Card (ထွက်ခွာခွင့်ကတ်ပြား) (တစ်ချို့နိုင်ငံများတွင် လိုအပ်သည်) တို့ကို လက်ခံယူပါ။
🔹Boarding Pass ပေါ်တွင် သင့်ထိုင်ခုံနံပါတ်၊ လေယာဉ်ပေါ်တက်ရန် Gate (အပေါက်) နံပါတ်နှင့် Boarding Time (လေယာဉ်ပေါ်တက်ချိန်) တို့ ပါဝင်ပါသည်။

(၃) Immigration (နိုင်ငံကူးထွက်ခွာရေး) မတိုင်ခင် ထွက်ခွာခွင့်ကတ်ပြား (Departure Card) ကို အင်္ဂလိပ်ဘာသာဖြင့် ကြိုတင်ဖြည့်သွင်းထားပါ။

(၄) Immigration သို့သွားရောက်၍ သင့်လျော်သော တန်းတွင် စီတန်းထားပါ။ သင့်အလှည့်ရောက်လျှင် အောက်ပါစာရွက်စာတမ်းများကို နိုင်ငံကူးထွက်ခွာရေးအရာရှိထံ ပေးလိုက်ပါ။
🔹Passport
🔹Boarding Pass
🔹Departure Card
Immigration အရာရှိက ဓာတ်ပုံနှင့်အချက်အလက်များ စစ်ဆေး၍ တုံးထုပေးမည် ဖြစ်ပါသည်။

(၅) လုံခြုံရေးစစ်ဆေးခြင်း (Security Check)
🔹သင့်ခါးပတ်၊ ဖိနပ်၊ ဂျက်ကတ်များကို ချွတ်၍ ပုံးထဲထည့်ပါ။
🔹လက်ဆွဲအိတ်အားလုံးနှင့် ပုဂ္ဂိုလ်ရေးပစ္စည်းများ (ဖုန်း၊ ပိုက်ဆံအိတ်) ကို စက်ပေါ်သို့ တင်ပေးပါ။
🔹Body Check စစ်ဆေးမှုအတွက် လုံခြုံရေးအရာရှိ၏ ညွှန်ကြားချက်အတိုင်း လိုက်နာပါ။

📌လေယာဉ်ပေါ်တက်ရန် ပြင်ဆင်ခြင်း
(၁) သင့်လေယာဉ်ပေါ်တက်ရန် Gate သို့ သွားရောက်ခြင်း
🔹Security Check ကိုဖြတ်ပြီးလျှင် သင့် Boarding Pass ပေါ်ရှိ Gate နံပါတ် ကို ပြန်၍ကြည့်ပါ။ လမ်းညွှန်များကို လိုက်နာ၍ ထိုဂိတ်သို့ သွားရောက်ပါ။
🔹အကယ်၍ Gate နံပါတ် ပြောင်းလဲသွားပါက FIDS မျက်နှာပြင်ပေါ်တွင် ပြန်၍စစ်ဆေးနိုင်သည်။

(၂) လေယာဉ်ပေါ်တက်ခြင်း (Boarding)
🔹သင့် Boarding Pass ပေါ်တွင် ဖော်ပြထားသော Boarding Time ထက် စောပြီး Gate သို့ရောက်ရှိပါ။ လေယာဉ်ပေါ်တက်ရန် ကြေညာချက်ပြုလုပ်သည်နှင့် လေဆိပ်ဝန်ထမ်းများအား သင့် Boarding Pass ကိုပြသ၍ စီစဉ်ထားသောတန်းတွင် စောင့်ဆိုင်းပါ။

(၃) လေယာဉ်ပေါ်တွင် သင့်နေရာရှာဖွေခြင်း
🔹လေယာဉ်ပေါ်သို့ရောက်လျှင် သင့် Boarding Pass ပေါ်ရှိ ထိုင်ခုံနံပါတ် (Seat Number) ကို ကြည့်၍ သင့်ထိုင်ခုံကို ရှာဖွေပါ။ သင့်လက်ဆွဲအိတ်ကို သင့်ထိုင်ခုံအပေါ်ရှိ Box ထဲတွင် သေချာစွာထားပါ။

(၄) လေယာဉ် ပျံသန်းတဲ့အခါ
🔹သင့်ထိုင်ခုံ ခါးပတ် (Seatbelt) ကို ချက်ချင်းပတ်ပါ။
🔹သင့်ဖုန်းကို "Airplane Mode" သို့ပြောင်းပါ။
🔹သင့်ရှေ့ရှိ ထိုင်ခုံအိတ်ထဲမှ ဘေးကင်းရေး ညွှန်ကြားချက်စာအုပ် (Safety Instruction Card) ကို ဖတ်ရှုပါ။
🔹လေယာဉ်မယ်များ၏ ဘေးကင်းရေးညွှန်ကြားချက်များကို သေချာစွာ နားထောင်ပါ။

(၅) လေယာဉ်ပေါ်မှဆင်းခြင်း
🔹လေယာဉ်ဆင်းသက်ပြီးလျှင် ထိုင်ခုံ ခါးပတ်ကို ဖြုတ်ပါ။သင့်ထိုင်ခုံမှအလှည့်ကျဆင်း၍ သင့်လက်ဆွဲအိတ်ကို ယူပါ။

(၆) ဆိုက်ရောက်လေဆိပ်တွင် Immigration ဖြတ်ခြင်း နှင့် အပ်နှံထားသောအိတ်များ ပြန်လည်ယူခြင်း (Baggage Claim)
🔹နိုင်ငံတကာခရီးစဉ်ဖြစ်ပါက Immigration ဖြတ်ကျော်ရန် လိုအပ်ပါသည်။
🔹ဆိုက်ရောက်လေဆိပ်ရှိ Baggage Claim area သို့သွား၍ သင့်အိတ်များထွက်လာသည်ကို စောင့်ဆိုင်းပါ။
🔹သင့်အိတ်များအားလုံးရပြီဆိုလျှင် လေဆိပ်မှ ထွက်ခွာနိုင်ပါပြီ။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

ဒီနေ့ ဘန်ကောက်မှာ ဒေါ်လာ ကနေ ထိုင်းဘတ်ငွေ ချိန်းချင်တဲ့ ခရီးသွားမိတ်ဆွေတွေ ချိန်ဆနိုင်ရန်အတွက် မျှဝေပေးခြင်း ဖြစ်ပါသည်။
25/10/2025

ဒီနေ့ ဘန်ကောက်မှာ ဒေါ်လာ ကနေ ထိုင်းဘတ်ငွေ ချိန်းချင်တဲ့ ခရီးသွားမိတ်ဆွေတွေ ချိန်ဆနိုင်ရန်အတွက် မျှဝေပေးခြင်း ဖြစ်ပါသည်။

MAI လေယာဉ်စီးပြီး ပြည်ပထွက်ခွာမယ်ဆို ရန်ကုန်လေဆိပ် Immigration မှာ ဖြည့်ပြီးပေးခဲ့ရတဲ့ Departure Card အပေါ်မှာ ဘာတွေဖြည့...
25/10/2025

MAI လေယာဉ်စီးပြီး ပြည်ပထွက်ခွာမယ်ဆို ရန်ကုန်လေဆိပ် Immigration မှာ ဖြည့်ပြီးပေးခဲ့ရတဲ့ Departure Card အပေါ်မှာ ဘာတွေဖြည့်ရမလဲ?
(1) Flight Number
🔹မိမိ စီးရမည့် လေယာဉ်ခရီးစဉ် နံပါတ်ကို ရေးပေးရပါမည်။ ဥပမာ - လေယာဉ်လက်မှတ်ပေါ်မှာပါတဲ့ 8M - 354 ကို ဖြည့်ပေးရပါမည်။
(2) Last Date of Arrival
🔹မြန်မာနိုင်ငံကို ပြန်ရောက်မည့်ရက် ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။တစ်နည်းအားဖြင့် အပြန်လေယာဉ် လက်မှတ် ဖြတ်ထားတဲ့နေ့ ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။
(3) Family Name ကတော့ ရှိရင်ထည့်ပါ။ အချို့ကြတော့လည်း Last Name ကို ဖြည့်ကြပါတယ်။
(4) First Name
🔹မိမိ အမည် ၏ ရှေ့ကအမည် ကို ထည့်ပါ။ဥပမာ - Zaw ကို ရေးပါ။
(5) Middle Name
🔹မိမိ အမည် ၏ အလယ်က အမည် ကို ထည့်ပါ။ညဥပမာ - Min ကို ရေးပါ။
(6) Male
🔹မိမိက ယောက်ျားလေးဆို Male မှာ အမှန်ခြစ်ပါ။
(7) Female
🔹မိမိက မိန်းကလေးဆို Female မှာ အမှန်ခြစ်ပါ။
(8) Passport Number
🔹မိမိ ၏ နိုင်ငံကူးလက်မှတ် (Passport စာအုပ်) မှာ ပါတဲ့ မိမိ၏ Passport နံပါတ် ကိုဖြည့်ပါ။
(9) Place of Issue
🔹Passport စာအုပ်ထုတ်ပေးတဲ့ နေရာကို ဖြည့်ပါ။
🔹ရန်ကုန်က Passport စာအုပ်ထုတ်ပေးတာဆိုရင်တော့ Yangon ကို ရေးပေးရမှာ ဖြစ်ပါတယ်။
(10) Date of Issue
🔹Passport စာအုပ်မှာ ရေးထားတဲ့ Date of Issue မှာပါတဲ့ ထုတ်ပေးတဲ့ ရက် ကိုဖြည့်ပါ။
(11) Nationality
🔹ဒီမှာတော့ Myanmar သာဖြည့်ပါ။
(12) Occupation
🔹မိမိ ၏ အလုပ်အကိုင်ကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။🔹ဥပမာ - Company Staff , Business Owner
(13) Visa Number ကတော့ Visa နဲ့ သွားတဲ့သူသာ ဖြည့်ရပါတယ်။
🔹ပုံမှန် ၁၄ ရက် အလည်အပတ် (Free Visa) သမားတွေကတော့ ဖြည့်စရာမလိုပါဘူး။
(14) Date of Issue
🔹ဒီ Date of Issue ကတော့ ၂ လ Visa (TR Visa) နဲ့ သွားတဲ့သူဆိုလျှင် Visa ထုတ်ပေးတဲ့ Date ကိုဖြည့်ပေးရပါမည်။
(15) I.D Card Number
🔹မိမိ၏ နိုင်ငံသား မှတ်ပုံတင် နံပါတ် (NRC) ကို ဖြည့်ပေးရပါမည်။
(16) Father Name
🔹မိမိအဖေ၏ အမည်ကို ဖြည့်ပေးပါ။
(17) Address in Myanmar
🔹မိမိ၏ နေရပ်လိပ်စာ ကိုဖြည့်ပေးပါ။
(18) Signature
🔹မိမိထိုးမြဲ လက်မှတ်ကို ထိုးပါ။

🔹လေဆိပ် Check-in Counter မှာ Boarding Pass နဲ့ Departure Card ကို Check -in Counter မှ ဝန်ထမ်းများက ပေးလေ့ရှိပါတယ်။ အကယ်၍ မပေးခဲ့ဘူးဆိုရင်လည်း တောင်းလို့ရပါတယ်။

🔹Departure Card လက်ထဲရောက်လာပြီ ဆိုရင်တော့ Immigration မဖြတ်ခင် ကြိုဖြည့်ထားရမှာ ဖြစ်ပါတယ်။

🔹MAI Airline နဲ့ ရန်ကုန်လေဆိပ်ကနေ ဘယ်နိုင်ငံပဲထွက်ခွာ ထွက်ခွာ ရန်ကုန်လေဆိပ် Immigration ကို ဖြတ်တဲ့အခါ Departure Card (ပြည်ပထွက်ခွာ ကတ်) ကို ဖြည့်ပြီး ပေးခဲ့ရတာဖြစ်ပါတယ်။

🔹Departure Card တော့ လက်ထဲရောက်လာပြီ ဘယ်လိုဖြည့်ရမလဲကို မသိသေးသော ခရီးသွားမိတ်ဆွေများအတွက် Ko Leo Vlog မှ မျှဝေပေးခြင်း ဖြစ်ပါသည်။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

Seven Eleven မှာ ငွေရှင်းတဲ့အခါ ပိုက်ဆံအနေနဲ့ ပြန်သုံးနိုင်တဲ့ ဆဲဗင်း Stamps Sticker အကြောင်း🔹Seven Eleven မှာ ဈေးဝယ်တဲ့...
24/10/2025

Seven Eleven မှာ ငွေရှင်းတဲ့အခါ ပိုက်ဆံအနေနဲ့ ပြန်သုံးနိုင်တဲ့ ဆဲဗင်း Stamps Sticker အကြောင်း
🔹Seven Eleven မှာ ဈေးဝယ်တဲ့အခါ Cashier ကနေ ပုံထဲကလိုမျိုး ဒီလို Sticker Stamps လေးတွေပြန်ရကြလား။
🔹မိမိ ဝယ်တဲ့ Amount အပေါ်မူတည်ပြီး ပြန်ပေးတဲ့ ဒီဆဲဗင်း Stamp လေးတွေက အလှသက်သက် မဟုတ်ပဲ Stamp မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်း အတိုင်း နောက်တစ်ကြိမ် ဈေးဝယ်တဲ့ အခါမှာ ပိုက်ဆံအနေဖြင့် ပြန်လည် အသုံးပြုလို့ ရပါတယ်။
🔹မိမိဝယ်ယူထားသည့် ပစ္စည်းတန်ဖိုးတွေထဲကနေ ဆဲဗင်း (Stamp Sticker) တံဆိပ်ခေါင်းလေးတွေပေါ်မှာပါဝင်တဲ့ ငွေပမာဏ အတိုင်း ပြန်လည်နုတ်ယူပေးပါတယ်။
🔹တစ်ချို့က အလှသက်သက် ပြန်ပေးတယ်လို့ ထင်နေကြသလို၊တစ်ချို့ကတော့ အိမ်ရဲ့ ရေခဲသေတ္တာ မှာ ကပ်လိုက်ကြသလို၊ တစ်ချို့ကလည်း လွှင့်ပစ်လိုက်တာလည်းရှိသလို ၊ မိမိရဲ့ ဖုန်းမှာ Sticker ကပ်လိုက်ကြတဲ့ သူတွေလည်း ရှိပါတယ်။
🔹ဆဲဗင်း Stamps က ၁ ဘတ် တန်လည်းရှိသလို ၃ ဘတ် တန်လည်းရှိပါတယ်၊Stamps Sticker ရဲ့ ညာဘက် အောက် ထောင့်စွန်းမှာ အဝိုင်းလေး နဲ့ ဘယ်လောက်ဆိုပြီး ရေးထားပါတယ်။
📌For every 80 Baht spent , receive (1) Baht Stamp Sticker.
📌Purchase Participating promotional products, receive (3) Baht Stamp Sticker.
"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

လေယာဉ်စီးပြီး ထိုင်းနိုင်ငံ Phuket မြို့ ကို သွားမယ်ဆို ဘာတွေသိထားသင့်လဲ? Phuket Immigration ဖြတ်ဖို့ ဘာတွေသိထားသင့်လဲ?🔹...
23/10/2025

လေယာဉ်စီးပြီး ထိုင်းနိုင်ငံ Phuket မြို့ ကို သွားမယ်ဆို ဘာတွေသိထားသင့်လဲ? Phuket Immigration ဖြတ်ဖို့ ဘာတွေသိထားသင့်လဲ?
🔹ရန်ကုန် လေဆိပ်ကနေ ဖူးခက်မြို့ကို MAI လေယာဉ် နဲ့ သွားတဲ့အခါ မြန်မာအချိန် မနက် 6:12 am ရန်ကုန်လေဆိပ်က စထွက်တာ ဖူးခက် လေဆိပ်ကို 8:16 am မှာ ဆိုက်ရောက်ပါတယ်။
🔹လေယာဉ်ခရီးစဉ် ကြာချိန်ကတော့ (၁) နာရီခွဲ ဝန်းကျင်သာ ကြာမြင့်ပါတယ်။
🔹လေယာဉ်ဆိုက်ရောက်တဲ့နေရာကနေ ဖူးခက်လေဆိပ် Terminal ကို Shuttle Bus စီးပြီး သွားရပါသေးတယ်။ Shuttle Bus စီးရတဲ့ ကြာချိန်ကတော့ (၃) မိနစ် ပါ။
🔹Thai Immigration ဖြတ်ဖို့ တန်းစီနေစဉ် (သို့မဟုတ်) Immigration ဧရိယာမှာ ဆေးလိပ်သောက်တာ (No Smoking), အမှိုက်ပစ်တာ (No Liitter), ဓါတ်ပုံရိုက်တာ (No Photograph) , ဖုန်းပြောတာ (No Mobile Phone) ကို တွေ့ရှိရင် ဘတ် ၂၀၀၀ ဆောင်ရပါတယ် (Fine Baht 2000)
🔹တကယ်တော့ ခရီးသွားရာသီက နောက်လမှ ဆိုပေမယ့် အခုကတည်းက ဖူးခက် ကို လာရောက် လည်ပတ်တဲ့ ခရီးသွားတွေ Immigration မှာ အများကြီးပါ။Immigration မှာ တန်းစီတာ အနည်းဆုံး ၃၀၀ နဲ့ ၅၀၀ ကြားမှာ ရှိပါတယ်။ Immigration မှာ မနက် 8:36 am ကနေ တန်းစစီတာ 10:20 am မှသာ ကိုယ်အလှည့်ရောက်ပါတယ်။ ကြာချိန် (၂) နာရီ နီးပါး ရှိပါတယ်။
🔹Immigration ဖြတ်တဲ့အခါ မိမိရဲ့ Passport နဲ့ အသွား အပြန် လေယာဉ်လက်မှတ် ဖြတ်ထားတဲ့ လေယာဉ်လက်မှတ်ကို ပြပါ။မျက်နှာ Scan ဖတ်ပါ၊ညာဘက်လက် (၄)ချောင်း (လက်မ မပါ) Scan ဖတ်ပါ၊Arrival Card ဖောင်ဖြည့်ထားတဲ့ Scan လိုအပ်မှသာ ပြရပါသည်။ဘယ်နှစ်ညအိပ် နေမှာလဲ မေးပါတယ်။လက်ဗွေနှိပ်တဲ့အခါ ပုံမှန်ဆို ဘယ် (၄) ချောင်း ၊ညာ (၄) ချောင်း ၊လက်မ (၂) ချောင်း Scam ဖတ်ရတာဖြစ်ပါတယ်။ပြီးရင်တော့ Visa Free (14) ရက် Immigration တုံးထုထားတာရပါပြီ။
🔹Immigration ဖြတ်ပြီးတဲ့အခါ Baggage Claim ဖို့ အောက်ထပ်ကို စက်လှေကား နဲ့ ဆင်းပြီး မိမိရဲ့ Luggage ကို သွားထုတ်ရပါတယ်။
🔹ထူးခြားချက်ကတော့ ဘန်ကောက်မှာဆို Baggage Claim တဲ့အခါ မိမိရဲ့ Luggage အိတ်ကို စက်ပေါ်ကနေ မိမိ Luggage အိတ် ဟုတ်၊မဟုတ် ကြည့်ပြီးယူရတာပါ။ဖူးခက် လေဆိပ်မှာတော့ AOTGA က စက်ပေါ်မှာ တင်ထားတဲ့ Luggage အိတ်တွေကို သေသေချာချာလေး စီးပြီး ထားပေးထားတဲ့အတွက် မိမိအိတ်ကို တန်းယူရုံပါပဲ။(တစ်ခုရှိတာက ဆိုက်ရောက်လေယာဉ်တွေများတဲ့အပြင် ခရီးသွားလည်း အရမ်းများတာကြောင့် အခုလို စက်ပေါ်က Luggage အိတ်တွေကို ဘေးမှာချပြီး စီပေးထားတာလည်း ဖြစ်နိုင်ပါတယ်။
🔹ဘန်ကောက်မြို့မှာလို Airport Rail Link , MRT , BTS မရှိတာကြောင့် ဆိုင်ကယ် ၊ Public Taxi ၊ Car Rent , Tour , Crew Bus ,Bus နဲ့ သာ မြို့တွင်းလည်ပတ်လို့ရမှာ ဖြစ်ပါတယ်။
"ခရီးသွားမိတ်ဆွေများအားလုံး အဆင်ပြေကြပါစေ"

လေယာဉ်စီးမည့် ခရီးသွားမိတ်ဆွေများ သိထားသင့်တဲ့ Update အချက် (၁၆) ချက်🔸လေဆိပ်ရောက်တာနဲ့ Departure အပေါက်ဝမှာ လက်မှတ် နဲ့ ...
23/10/2025

လေယာဉ်စီးမည့် ခရီးသွားမိတ်ဆွေများ သိထားသင့်တဲ့ Update အချက် (၁၆) ချက်
🔸လေဆိပ်ရောက်တာနဲ့ Departure အပေါက်ဝမှာ လက်မှတ် နဲ့ Passport Check ပါသည်။
🔸ဘယ်ဂိတ်မှာ Check In လုပ်ရမလဲ? ကို Departure LED TV Screen ကြည့်ရမည် ဖြစ်ပါသည်။
🔸Check In Counter မှာ Passport နဲ့ လက်မှတ် ပြ ၊Luggage အပ် ၊ Boarding Pass နဲ့ Departure Card ကို ထုတ်ယူပါ။
🔸Departure Card ကို Immigration မဖြတ်ခင် ကြိုဖြည့်ထားပါ။
🔸Immigration မဖြတ်ခင် အပေါက်မှာ Boarding Pass နဲ့ Passport စစ်ပါသည်။
🔸Immigration ဖြတ်ဖို့ တန်းစီတဲ့ အခါ Passport ၊ Boarding Pass နဲ့ Departure Card အား အသင့်ထုတ်ထားပါ။
🔸မိမိအလှည့်ရောက်တဲ့အခါ Immigration Office အား ပေးပါ၊ မျက်နှာ Scan ဖတ်ပြီး ၊ Immigration တုံးထုပြီးတာနဲ့ Pass ဖြစ်ပါပြီ။
🔸Security Check ဖြတ်တဲ့အခါ ဖိနပ်ချွတ်ပါ၊ဖုန်း ၊Passport နဲ့ ပိုက်ဆံအိတ်ကို စစ်ဆေးတဲ့စက်ပေါ်သို့တင်ပါ။
🔸Hand Carry ပါ မိမိနဲ့ အတူ သယ်ဆောင်လာပါက စက်ပေါ်သို့တင်ပါ။
🔸Body Check ပြီးတာနဲ့ Pass ဖြစ်ပါပြီ။
🔸မိမိစီးရမည့် လေယာဉ်ကို သွားရောက်စောင့်ဆိုင်းရမည့် ဂိတ်နံပါတ်ကို Boarding Pass ပေါ်မှာကြည့်ပါ။
🔸အကယ်၍ ဂိတ်ပေါက် နံပါတ် Boarding Pass ပေါ်မှာ မတွေ့ပါက Departure LED TV Screen ပေါ်မှာ ဂိနံပါတ်ကိုကြည့်ပြီး သွားရောက် စောင့်ဆိုင်းပါ။
🔸လေယာဉ်ပေါ်တက်ဖို့ ဂိတ်စဖွင့်ပြီဆိုတာနဲ့ လေယာဉ်ပေါ်စတက်လို့ရပါပြီ။
🔸လေယာဉ်ပေါ်ရောက်တာနဲ့ Boarding Pass ပေါ်မှာပါတဲ့ မိမိရဲ့ ထိုင်ခုံနံပါတ်အတိုင်း ရှာပြီးထိုင်ပါ။
🔸ထိုင်ခုံ ခါးပတ်ကို ပတ်ပါ။
🔸ထိုင်ခုံ ရှေ့မှာရှိတဲ့ Safety Instructions ကို ဖတ်ရှုပါ။
"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

မိမိစီးမည့် လေယာဉ်ခရီးစဉ် နောက်ကျခြင်း (Flight Delay)  ဖြစ်တာနဲ့ ကြုံခဲ့ပါက ဘာတွေလုပ်ရမလဲ?(၁) အတည်ပြုချက်ရယူပါ🔹လေဆိပ်ရှိ...
23/10/2025

မိမိစီးမည့် လေယာဉ်ခရီးစဉ် နောက်ကျခြင်း (Flight Delay) ဖြစ်တာနဲ့ ကြုံခဲ့ပါက ဘာတွေလုပ်ရမလဲ?
(၁) အတည်ပြုချက်ရယူပါ
🔹လေဆိပ်ရှိ Flight Information Display System (FIDS) များပေါ်တွင် သင့်ခရီးစဉ်နံပါတ်ကို အတည်ပြုပါ။ "Delayed" ဟု ဖော်ပြထားသည်ကို မြင်ရပါမည်။
🔹သံသယဖြစ်ပါက သင့်လေကြောင်းလိုင်း၏ Counter သို့ တိုက်ရိုက်သွားရောက်စုံစမ်းပါ။
🔹လေကြောင်းလိုင်း၏ Official App သို့မဟုတ် Website မှတစ်ဆင့် အင်တာနက်ချိတ်ဆက်ကာ အချက်အလက်များကို ပြန်လည်စစ်ဆေးပါ။

(၂) လေကြောင်းလိုင်း၏ ညွှန်ကြားချက်ကို နားထောင်ပါ
🔹လေကြောင်းလိုင်းမှ ခရီးသည် များအား Announcement ထုတ်ပြန်ခြင်း၊ SMS သို့မဟုတ် Email ပို့ခြင်းများ ပြုလုပ်တတ်ပါသည်။
🔹နောက်ဆုံးရ အချက်အလက်များအတွက် လေဆိပ်ဝန်ထမ်းများ၏ ညွှန်ကြားချက်ကို လိုက်နာပါ။

(၃) သင့်ခရီးစဉ် ပြန်လည်စီစဉ်ခြင်း (Rebooking)
🔹နောက်ကျချိန်သည် ကြာမြင့်နိုင်သည်ဟု ထင်ပါက လေကြောင်းလိုင်းမှ အခြားခရီးစဉ်တစ်ခုသို့ ပြောင်းလဲပေးရန် တောင်းဆိုပါ။
🔹လေကြောင်းလိုင်းက တစ်ခြားလိုင်းသို့ ချိတ်ဆက်ပေးထားပါက၊ သင့်တစ်ကြောင်းတည်းသော လက်မှတ် (Single Ticket) အတွက် စိုးရိမ်စရာမလိုပါ။ လေကြောင်းလိုင်းက အလိုအလျောက် ပြင်ဆင်ပေးပါလိမ့်မည်။

📌အခြားသော အရေးကြီးအချက်များ
🔹ခရီးသွားအာမခံ (Travel Insurance) ဝယ်ထားပါက လေယာဉ်နောက်ကျခြင်းကြောင့် ကုန်ကျသော အပိုကုန်ကျစရိတ်များ (ဟိုတယ်၊ အစားအသောက်) အတွက် ပြန်လည်ထုတ်ပေးနိုင်ပါသည်။ အာမခံကုမ္ပဏီထံ ချက်ချင်းဆက်သွယ်ပါ။
🔹သင့်တွင် နောက်ထပ် ချိတ်ဆက်ရမည့် လေယာဉ်ခရီးစဉ် (Connecting Flight) ရှိပါက၊ ပထမဆုံး လေယာဉ်နောက်ကျခြင်းသည် ဒုတိယခရီးစဉ်ကို လွဲချော်သွားစေနိုင်သည်။ လေကြောင်းလိုင်းကို ချက်ချင်းအသိပေးပြီး သင့်အား နောက်တစ်စီးသို့ ပြောင်းပေးရန် တောင်းဆိုပါ။
🔹အချက်အလက်များ သိမ်းဆည်းထားပါ - လေကြောင်းလိုင်း၏ နောက်ကျကြောင်း အတည်ပြုစာရွက် (Delay Confirmation Slip)၊ စားသောက်ကုန်ကျငွေအတွက် ဘေလ်များ၊ ဟိုတယ်ဘေလ်များကို သေချာစွာ သိမ်းဆည်းထားပါ။ လျော်ကြေးတောင်းခံရာတွင် အသုံးပြုရန်ဖြစ်သည်။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

ဒီနေ့ ထိုင်းမှာ ဒေါ်လာ ကို ဘတ်ငွေသွားလဲမယ်ဆို ဒါလေးသိထားသင့်ပါတယ်🔸၁ ဒေါ်လာ = ၃၂.၇၀ ဘတ်📌ဥပမာ - မိမိက ဒေါ်လာ ၁၀၀ ကို ဘတ် န...
22/10/2025

ဒီနေ့ ထိုင်းမှာ ဒေါ်လာ ကို ဘတ်ငွေသွားလဲမယ်ဆို ဒါလေးသိထားသင့်ပါတယ်
🔸၁ ဒေါ်လာ = ၃၂.၇၀ ဘတ်
📌ဥပမာ - မိမိက ဒေါ်လာ ၁၀၀ ကို ဘတ် နဲ့ သွားလဲမယ်ဆို ဒေါ်လာ ၁၀၀ × ၃၂.၇၀ ဘတ်= ၃၂၇၀ ဘတ် ရရှိမှာ ဖြစ်ပါတယ် (Super Rich Thailand က ငွေလဲနှုန်း ဖြစ်ပါသည်)

🔸Super Rich အစိမ်းရောင်ကတော့ ငွေလဲနှုန်းပိုရပါတယ်။ငွေလဲ ပမာဏ နည်းရင် မသိသာပေမယ့် ငွေလဲပမာဏ များတဲ့အခါ သိသာပါတယ်။

🔸အကယ်၍ မိမိက အပြင်က ငွေလဲကောင်တာတွေမှာ ဒေါ်လာ ကနေ ဘတ်ငွေ ချိန်းဖို့ရှိပါက ချိန်ဆနိုင်အောင် မျှဝေပေးခြင်း ဖြစ်ပါသည်။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

ที่อยู่

No. 71, Sukhumvit Road
Bangkok
10110

เบอร์โทรศัพท์

+66827399251

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Leo Vlogผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ko Leo Vlog:

แชร์