 
                                                                                                    03/05/2023
                                            KNU ဥက္ကဋ္ဌ မူတူစေးဖိုး အနားယူသွားပြီး ပဒိုစောကွယ်ထူးဝင်းက ဥက္ကဋ္ဌဖြစ်လာ
ရန်ကုန်၊ မေ ၂ 
ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ဥက္ကဋ္ဌ မူတူးစေးဖိုး အနားယူသွားပြီးနောက် ပဒိုစောကွယ်ထူးဝင်းက ဥက္ကဋ္ဌသစ်ဖြစ်လာပါတယ်။ မူတူးစေးဖိုးဟာ အသက် ၉၀ ရှိပြီး မကျန်းမာလို့ ပြီးခဲ့တဲ့ ဧပြီလကပဲ ထိုင်းနိုင်ငံမှာ သွားရောက်ဆေးကုသခဲ့ရတာဖြစ်ပါတယ်။
ဧပြီလ နောက်ဆုံးပတ်မှာကျင်းပတဲ့ KNU ညီလာခံကနေ ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်ခဲ့တာပါ။ 
ပဒိုစောကွယ်ထူးဝင်းဟာ KNU ဒုဥက္ကဋ္ဌအဖြစ် ကာလရှည်ကြာတာဝန်ယူခဲ့ပြီးနောက် အခုတော့ သူဟာ KNU ရဲ့ ၁၀ ဦးမြောက် ဥက္ကဋ္ဌ အဖြစ် အများသဘောတူ ရွေးချယ်ခဲ့ကြတာပါ။ 
သူနဲ့အပြိုင် ညောင်လေးပင်ခရိုင် ဥက္ကဋ္ဌ တပ်မဟာ ၃ က ပဒိုစောဆဲဂေနဲ့ အပြိုင်ရွေးချယ်ခဲ့တာဖြစ်ပြီး နှစ်ခါထပ်ရွေးခဲ့ပြီးနောက် ပဒိုစောကွယ်ထူးဝင်းက ၂ မဲအသာနဲ့ အနိုင်ရခဲ့တာလို့ သိရပါတယ်။                                        
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  