BurmeseTalks News

BurmeseTalks News Sharing

ရွှေဓူဝံ (မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ဟောင်း) ကွယ်လွန်၄.၃.၂၀၂၃ ရန်ကုန်နေပြည်တော် အမြန်လမ်း ပေါ်တွင် ဒို့ညီနောင် ခရီးသည...
04/03/2023

ရွှေဓူဝံ (မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ဟောင်း) ကွယ်လွန်

၄.၃.၂၀၂၃
ရန်ကုန်နေပြည်တော် အမြန်လမ်း ပေါ်တွင် ဒို့ညီနောင် ခရီးသည်တင်ယာဥ် သည် နေပြည်တော် မှ ရန်ကုန် သို့ မောင်းနှင်လာရာ မိုင်တိုင် ၁၆၇/၄ နှင့် ၁၆၇/၅ ကြားတွင် လမ်းလဟ် အတားအစီး များကို တိုက်မိ အရှိန်လွန်ကာ တိမ်းမှောက်ခဲ့ပါသည်။
ထို တိမ်းမှောက်မှု တွင် အမျိုးသား ခရီးသည် ၃ ဦး သေဆုံးခဲ့ရာမှာ ရွှေဓူဝံ ပါဝင်ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ယာဥ်ပေါ်တွင် ခရီးသည် ၃၁ ဦး လိုက်ပါ စီးနင်းခဲ့ပြီး အမျိုးသားခရီးသည် ၃ ဦး သေဆုံးခဲ့ပြီး၊ နောက် အမျိုးသား ၃ ဦး စိုးရိမ်ရ နှင့် ကျန်ခရီးသည် များ မစိုးရိမ်ရ အခြေအနေ ဖြင့် ထိခိုက် ဒာဏ်ရာ ရမှု များရှိခဲ့ပါသည်။ ကွယ်လွန်ချိန်မှာ ၅၁ အရွယ်ရှိ ရွှေဓူဝံ သည် မစ်ဒယ်ဝိတ်တန်း ချန်ပီယံ ခါးပတ် ကို ၁၉၉၆ ခုနှစ် တွင် ရရှိခဲ့ပါသည်။

www.burmesetalks.com
#ရွှေဓူဝံ

#အမြန်လမ်း

မြို့တော် ဖြစ်သော နေပြည်တော် အပါအဝင် ရန်ကုန်  နှင့် ပြည်နယ်တိုင်း တစ်ချို့ တွင် မိုးရွာနိုင်ကြောင်း ထုတ်ပြန်ပြီးနောက်  ရ...
17/02/2023

မြို့တော် ဖြစ်သော နေပြည်တော် အပါအဝင် ရန်ကုန် နှင့် ပြည်နယ်တိုင်း တစ်ချို့ တွင် မိုးရွာနိုင်ကြောင်း ထုတ်ပြန်ပြီးနောက် ရန်ကုန် တွင် မိုးကြီး ...

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ဖေဖော်ဝါရီ ၁၇ ရက် ထုတ်ပြန် ချက် အပြီး ရန်ကုန် မြို့ရဲ့ တစ်ချို့ မြို့နယ် မှားတွင် မိုးကြီး သည့်အပြင် မိုးသီး များပါ ကျရောက် ခဲ့ပါသည်။ နောက် နှစ်ရက် အတွင်း နေရာ ကွက်ကြား မိုးရွာနိုင်ကြောင်းလဲ မိုးဇလ က ထုတ်ပြန်ထားပါသည်။


www.burmesetalks.com
ဓါတ်ပုံ Internet

ကမ္ဘာ့အချမ်းသာဆုံး အိမ်မွေးတိ လေး နံပါတ် ၁၀       ကိုယ်တော်ချောရဲ့ နံမည်က ဂျစ်ပွန် (ဘူး) ပါတဲ့။ သူက အမေရိကန် ဒေါ်လူ ( ၈ ...
05/02/2023

ကမ္ဘာ့အချမ်းသာဆုံး အိမ်မွေးတိ လေး နံပါတ် ၁၀

ကိုယ်တော်ချောရဲ့ နံမည်က ဂျစ်ပွန် (ဘူး) ပါတဲ့။ သူက အမေရိကန် ဒေါ်လူ ( ၈ ) သန်း ကြွယ်ဝ ချမ်းသာပါသတဲ့။ သူက ပိုမေးနီးယန်း မျိုးစိတ် ဖြစ်ပါတယ်။ သူ့ ပိုင်ရှင် က အီရန် အမ်း ( ဖေ့ဘုတ် ကုမ်ပဏီ မှာ အလုပ်လုပ်သည်။ ) ဖြစ်ပြီး ဘူး မှာ ဘတ်ဒီ ဆိုတဲ့ အစ်ကို တစ်ယောက်လဲ ရှိပါတယ်။

ဘူး ကို 2018 January မှာ မွေးဖွားခဲ့ပြီး 2010 မှာ အမေရိကန် အဆိုတော် နဲ့ သီချင်းရေး သူ ကရှာ့ရို့စ့် စဘာ့ က tweet လိုက်အပြီး မှာ ဘူး ဟာ လူမှု ကွန်ရက် မှာ လူသိများလာခဲ့ပါတယ်။ ဆန်ဖရန်စစ်စကို အခြေစိုက် ကရိုနီကယ် ဆိုတဲ့ စာအုပ်တိုက် က ကမ်းလှမ်း မှုနဲ့ အတူ ဘူး ရဲ့ ပိုင်ရှင် ဟာ 2011 သြဂုတ် လမှာ ဘူးရဲ့ ဓါတ်ပုံစာအုပ် ကို ရေးသားဖြန့်ချီ နိုင်ခဲ့ပါတယ်။ အဲ့ဒီ့ စာအုပ် ဟာ ဘာသာစကား ၁၀ မျိုး နဲ့ ရေးသားထားခံတာပါ။

ဘူး ဟာ သူ့ အစ်ကို ဘတ်ဒီ ဆုံးပါး အပြီး မှာ နှလုံး ရောဂါ နဲ့ ပတ်သက် တဲ့ လက္ခဏာ လေးတွေ ပြသလာပြီး 2019 january 18 မနက် မှာ သူ့ အိပ်ယာ ထဲက နေ ပြန်မနိုးထ လာခဲ့တော့ပါဘူး။

2014 ခုနှစ်ဘမှာ ထွက်ခဲ့တဲ့ ကေတီပယ်ရီ ရဲ့ Dark Horse ရဲ့ Music Video မှာ နောက်ခြေ နဲ့ မတ်တပ်ရပ် ပြီး ထွက် သွားတဲ့ တဲ့ ကိုယ်တော်ချော ဟာ ဘူး ပဲ ဖြစ်ပါတယ်။ သူက နောက်​ခြေထောက် ကို အသုံးပြုပြီး ၁၀ မီတာ ကို 6.56 sec နဲ့ လျှောက်နိုင်ပြီး ရှေ့ခြေထောက် ကို အသုံးပြုပြီး ၅ မီတာ ကို 7.76 sec နဲ့ လျှောက်နိုင်တဲ့ ဂရင်းနစ် မှတ်တမ်း ပိုင်ရှင် လဲ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။
www.burmesetalks.com

#တိချစ်သူ #ချစ်စရာ

ရွှေတံခါးကြီး ဖွင့်ပါဦး          တရုတ်နိုင်ငံသည် Covid ကပ်ရောဂါ ကို Zero Covid မူဝါဒ နဲ့ အတူ တင်းတင်းကြပ်ကြပ် ကိုင်တွယ်...
07/01/2023

ရွှေတံခါးကြီး ဖွင့်ပါဦး

တရုတ်နိုင်ငံသည် Covid ကပ်ရောဂါ ကို Zero Covid မူဝါဒ နဲ့ အတူ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထိန်းချုပ် ထားတဲ့ ကာလ ၂ နှစ် ပြည့်ခါနီး လာချိန် မှာတော့ ကန့်သတ် ထားမှု တွေကို အလျင်အမြန် ဖြေလျော့ နေပါသည်။ တင်းကြပ်တဲ့ Lockdown ချမှုများကြောင့် လုနေမှု ကုန်ကျစားရိတ်များ သော ပေကျင်း နှင့် တခြား မြို့တော် တွေမှာ လမ်းပေါ်ထွက် ဆန္ဒပြမှု များ အပြီးမှာ ကန့်သတ် ချက် များကို ဖြေလျော့လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ သည် တရုတ် နိုင်ငံ နှင့် မိုင်ပေါင်း တစ်ထောင့်သုံးရာခြောက်ဆယ့်ကိုး မိုင်ကျော် ထိစပ် နေပါသည်။ လူဦးရေများသော မြန်မာ နယ်စပ် မြို့ဖြစ်သော မူဆယ် မြို့ နဲ့ တရုတ် ပြည် ယူနန် နယ် ကြယ်ဂေါင် မြို့ တို့သည် ခြံစည်းရိုး သာ ခြား သော မြို့ နှစ်မြို့ ဖြစ်ပါသည်။ Covid 19 မတိုင်ခင် က တရုတ် မြန်မာ ကုန်သွယ်မှု တွေ အဆင်ပြေ ချောမွေ့ ခဲ့သော်လည်း အခုချိန် ထိ နယ်စပ် တံခါး ၃ ခု လုံး ပိတ်ထားစဲ ဖြစ်ပါသည်။

တရုတ် နိုင်ငံတွင် လူနေထူထပ်သော မြို့ကြီး များတွင် Covid ရောဂါ အသစ် တွေ့ရမှု များ ရှိလာခဲ့ပြီး သေဆုံးမှူ တော့ ပြီးခဲ့တဲ့ (7) ရက် အတွင်း မတွေ့ရပါ။ မူဆယ် ကြယ်ဂေါင် တံခါး ဖွင့်လိုက်ရင် ပိုပြီး ချောမွေ့ လာတဲ့ ကုန်သွယ်မှု အပြင် ရောဂါ အခြေအနေ အတွက် လဲ ကြိုတင်ကာကွယ်ထားသည့်ပါသည်။

အတည်ပြု မရ တဲ့ သတင်းများအရ လာမယ့် ဒီဇင်ဘာ (8) ရက်နေ့ တွင် မူဆယ် ကြယ်ဂေါင် လူဝင်ထွက် ခွင့်ပြုမယ်လို့ သိရပါသည်။ သို့သော် ကြယ်ဂေါင် မြို့တွင်ပင် မြို့ခံ များ ပြန်လည်အခြေကျ ဖို့ ခက်ခဲ နေတုန်း ဖြစ်ပါသည်။


နိုင်ငံကူး လတ်မှတ် ထုတ်ပေးခြင်း ယာယီ ပိတ်ထား        ဇန်နဝါရီ (၂) ရက် သည်နေ့ မနက် မှာ ပတ်စ်ပို့ ရုံးကို ရောက်နေခဲ့တဲ့ ပြည...
02/01/2023

နိုင်ငံကူး လတ်မှတ် ထုတ်ပေးခြင်း ယာယီ ပိတ်ထား

ဇန်နဝါရီ (၂) ရက် သည်နေ့ မနက် မှာ ပတ်စ်ပို့ ရုံးကို ရောက်နေခဲ့တဲ့ ပြည်သူများမှ တစ်ဆင့် သိရပါသည်။
ပတ်စပို့ ရုံးသည် ရန်ကင်းမြို့နယ် စက်မှု၁ လမ်း ဗဟိုဘဏ် မျက်စောင်းထိုး တွင် တည်ရှိပါသည်။

ဒီဇင်ဘာ (၅) ရက် ၂၀၂၂ မှ စတင်ကာ QR code ပေးခြင်း လုပ်ငန်းစဥ် ကို ရပ်ဆိုင်းထားခဲ့ပြီး သည်နေ့ ဇန်နဝါရီ (၂) ရက်နေ့တွင်တော့ QR Code ရပြီးသား ပြည်သူများကိုပါ နိုင်ငံကူး လတ်မှတ်ပြုလုပ်ပေးဖို့ ယာယီ ရပ်ဆိုင်း လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

QR Code အချိန်မရွေး ယူနိုင်သည့် အိုင်တီစနစ် တစ်ခု အပြီး တွင် နိုင်ငံကူး လတ်မှတ် များ ပြန်လည် ထုတ်ပေးနိုင်မည် ဆိုသော်လည်း မည်သည့် အချိန်တွင် အဆိုပါ စနစ် ပြီးစီးမည် ဆိုသည်ကို တော့ မသိရပေ။



Burmesetalks.com

တရုတ်အစိုးရ ရဲ့ ပြောင်းလဲလာတဲ့ Covid 19 ပေါ်လစီ      ရပ်ကွက်လုံးကျွတ်၊ မြို့လုံးကျွတ် လော့ဒေါင်း တွေချပြီး Covid 19 ရောဂ...
26/12/2022

တရုတ်အစိုးရ ရဲ့ ပြောင်းလဲလာတဲ့ Covid 19 ပေါ်လစီ

ရပ်ကွက်လုံးကျွတ်၊ မြို့လုံးကျွတ် လော့ဒေါင်း တွေချပြီး Covid 19 ရောဂါ ကို ကာကွယ် ကုသခဲ့တဲ့ တရုတ် အစိုးရဟာ ဒီဇင်ဘာလ ထဲမှာ စည်းမျဥ်းများကိုဖြေလျော့ပြီး Covid 19 ပေါ်လစီ ကို ရောဂါနဲ့အတူ ယှဥ်တွဲ နေထိုင်နိုင်ရေး အဖြစ် ဦးတည် ပြောင်းလဲ ခဲ့ပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ အထိ ​၆ ရက် ဆက်တိုက် Covid လူနာ အသေအပျောက် မရှိကြောင်းကိုလဲ အာဏာပိုင်များက သတင်းထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ရဲ့ အကြီးဆုံးမြို့များ ဖြစ်သည့် ပေကျင်း နှင့် ရှန်ဟိုင်း မြို့များတွင် လုပ်ငန်းခွင် ပြန်လည် ဝင်ရောက် သူများဖြင့်လဲ စည်ကားသည် ဟု သိရပါသည်။

မြန်မာ နှင့် နီးစပ်သော ယူနန်နယ် တွင်လည်း ကြယ်ဂေါင် နှင့် မြန်မာ နယ်စပ် ဂိတ်ပါက် ဖွင့်ပေးတော့မည်လား ဆိုသည့် သတင်းသံ သဲ့သဲ့ နဲ့ အတူ လူနေထူထပ် သော ရွှေလီ မြို့တွင် အဖျားအနာ ကူးစက်သူ များ ဒီရက်ပိုင်း တွင့် မြင့်တက်လာကြောင်း ဒေသခံ များမှ တဆင့် သိရပါသည်။

ကိုးကာ : Reuters, ရွှေလီကြယ်ဂေါင်ရောက်မြန်မာများ Facebook group

#တရုတ်နယ်စပ်ဂိတ်

အဆိုတော် ကိုင်ဇာတင်မုံ ကွယ်လွန်       အာကာသ ပြတိုက်၊ မျက်နှာ၊ ဆေးလိပ် အစရှိတဲ့ သီချင်းများအပြင် အခြား သီချင်းများ လဲ ရေး...
25/12/2022

အဆိုတော် ကိုင်ဇာတင်မုံ ကွယ်လွန်

အာကာသ ပြတိုက်၊ မျက်နှာ၊ ဆေးလိပ် အစရှိတဲ့ သီချင်းများအပြင် အခြား သီချင်းများ လဲ ရေးသားသီဆို ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ် မှာ အကြောင်းအရာ နဲ့ သီဆိုဟန် ထူးခြား ခဲ့တယ့် အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။

Golden City ကွန်ဒို၊ သူ့ရဲ့ နေအိမ် မှာပဲ နှလုံးရပ်ပြီး ယနေ့ ဒီဇင်ဘာ (၂၅) မှာ ကွယ်လွန်တာ ဖြစ်ပါတယ်။
အနုပညာဝမ်းစာ ပြည့်ဝ ပြီး ထူးခြား တဲ့ အဆိုရှင် မို့ ဂီတအသိုင်းအဝိုင်း နဲ့ ပရိသတ် များမှ အထူးကြေကွဲ ဝမ်းနေ ကြပါတယ် လို့ သိရပါတယ်။

#ကိုင်ဇာတင်မုံ
#အဆိုတော်

Buresetalks.com

ที่อยู่

Bangkok
10140

เบอร์โทรศัพท์

+959797000079

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BurmeseTalks Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง BurmeseTalks News:

แชร์