03/10/2025

🇲🇲 vs 🇸🇪
_ စနေ နေ့ပွဲကောင်း တစ်ပွဲ 💥💥💥🔥
🔴 ထိုင်းစံတော်ချိန် 8:00 မနက်

02/10/2025

ONE Fight Night 36 ပြိုင်ပွဲမှာ Aung La N Sang နဲ့ Zebaztian Kadestam တို့က မစ်ဒယ်ဝိတ်တန်းမှာ ကစားကြမယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ဒါကလည်း Aung La N Sang ရဲ့ နောက်ဆုံးပွဲဖြစ်ပါတယ်။ မြန်မာပြည်သိန်းတန်ရဲ့ အာဘော်ကို ပြန်သုံးရရင် Zebaztian Kadestam ဆိုတာကလည်း ခေသူမဟုတ်။ ONE Championship မှာ ဝယ်တာဝိတ်ချန်ပီယံဖြစ်ဖူးတဲ့အထိ ပေါက်မြောက်ဖူးတယ်။ နောက်ဆုံးပွဲမှာဆိုရင် စူပါစတား Roberto Soldic ကိုတောင် တီးထုတ်ထားတာမလား။

အခုပွဲမှာလည်း Zebaztian Kadestam က စိတ်လှုပ်ရှားနေတယ်။ Aung La N Sang ရဲ့ နောက်ဆုံးပွဲမှာ ကစားခွင့်ရတဲ့အတွက် ဂုဏ်ယူနေပုံပဲ။ ဒါကိုလည်း အတိအလင်း ဖွင့်ပြောထားပါတယ်။ ပွဲဝေးနေပေမယ့် သေချာပြင်ဆင်ထားတဲ့အကြောင်းကိုလည်း ထုတ်ပြောသွားတယ်။

"လာမယ့်ပွဲအတွက် အစီအစဉ်အတိုင်းပါပဲ။ ဝိတ်ကိစ္စ၊ လေ့ကျင့်ရေးကိစ္စ၊ အစားအသောက်နဲ့ စိတ်ပိုင်းဆိုင်ရာတွေက အဆင်သင့်ဖြစ်နေပါပြီ။ ကျွန်တော့်ဘက်က ပြည့်စုံသလောက်ဖြစ်နေပါပြီ။ Aung La N Sang ရဲ့ နောက်ဆုံးပွဲမှာ ကစားခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်"

ဟုတ်ပါတ​ယ်။ တကယ်တမ်းလည်း ဂုဏ်ယူစရာပါပဲ။ Aung La N Sang နဲ့ Zebaztian Kadestam တို့ကို သာမန်အချိန်မှာ တည်ပေးလိုက်ရင် ဒီလောက်မဟုတ်ပါဘူး။ အခုဟာက နောက်ဆုံးပွဲဖြစ်နေတာပါ။ အမှတ်တရအခြေအနေမို့ ဒီလိုပြောသွားတာပါ။ သမိုင်းဝင်တောင် ဖြစ်သွားနိုင်တယ်။ သူတို့ချင်း ဆက်ဆံရေးအကြောင်းကိုလည်း ထပ်လောင်းပြောသွားသေးတယ်။

"ကျွန်တော်တို့တွေက အချိန်အတော်ကြာအထိ ဘော်ဒါတွေ ဖြစ်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း Aung La N Sang ပရိသတ်ပါပဲ။ Aung La N Sang ဆိုတာ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားပါ။ အများကြီးလုပ်ပြထားပြီးပြီ။ ကျွန်တော့်ပြိုင်ဘက်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လေးစားမှုရှိပါတယ်"

"Aung La N Sang ရဲ့ အောင်မြင်မှုက မနည်းဘူးလေ။ အဲဒါကြောင့်မို့လည်း စိတ်လှုပ်ရှားနေတာပါ။ Aung La N Sang ကိုယ်တိုင်ကလည်း ကျွန်တော့်လို ပြိုင်ဘက်ကို ရင်ဆိုင်ရတဲ့အတွက် ကျေနပ်မယ်လို့ ယူဆပါတယ်။ တကယ်ကောင်းတဲ့ ကစားသမားနှစ်ယောက်။ ပြီးတော့ သူငယ်ချင်းနှစ်ယောက်။ အောင်နိုင်သူက တစ်ယောက်တည်းပေါ့လေ။ ပရိသတ်တွေလည်း သဘောကျကြမှာပါ"

"ကျွန်တော်က ပါဝါတင်ထားတယ်။ အခုပွဲမှာ ကျွန်တော့်ရဲ့ အလန်းစား Striking Skill ကို မြင်ကြရလိမ့်မယ်။ ကျွန်တော်က အလဲထိုးဖို့ပဲ စဉ်းစားထားတယ်။ ဒါပေမယ့် ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ကြမယ်လေ။ ကျွန်တော့်ရည်မှန်းချက်ကတော့ အလဲထိုးဖို့ပါပဲ"

Zebaztian Kadestam က အလဲထိုးမယ်လို့ ကြွေးကြော်နေပေမယ့် ပြိုင်ဘက်ကို လျှော့မတွက်ပါဘူး။ Aung La N Sang ဆိုတာကလည်း လျှော့တွက်လို့ရတဲ့ ကစားသမားမှ မဟုတ်တာလေ။ အကြီးတန်းပါဝါဆိုတော့ အဝင်မှားရင် နားထင်ပြားမှာပဲ။ Zebaztian Kadestam က နိုင်ပွဲဆက်နေပေမယ့် ပွဲဝေးနေတဲ့ အားနည်းချက်လေးရှိနေတယ်။

"Aung La N Sang လည်း သေချာပြင်ဆင်ထားမယ်ဆိုတာ သေချာပါတယ်။ နောက်ဆုံးပွဲမှာ ရှုံးချင်မှာ မဟုတ်ဘူးလေ။ ကျွန်တော်လည်း အိမ်စာလုပ်ထားပါတယ်။ Aung La N Sang က သူငယ်နှပ်စားမှ မဟုတ်တာပဲ။ အတွေ့အကြုံက မနည်းဘူးလေ။ တော်တော်အန္တရာယ်များတဲ့ ကစားသမားပါ"

"Aung La N Sang က လက်သီးကောင်းတယ်။ အလဲထိုးပါဝါရှိတယ်ဆိုတာ သေချာပါတယ်။ ကျွန်တော့်မှာလည်း အလဲထိုးပါဝါရှိတာပဲ။ အလဲထိုးပါဝါသမားတွေ တွေ့ကြတာဆိုတော့ ပွဲကောင်းဖြစ်မှာ သေချာပါတယ်။ ကြမ်းကုန်မယ်၊ ရမ်းကုန်မယ်။ ပရိသတ်တွေအတွက် ဖျော်ဖြေကြတာပေါ့လေ"

Zebaztian Kadestam က ပွဲကောင်းဖြစ်ဖို့ ရည်ရွယ်ထားပုံပဲ။ ခွန်အားချင်းပြိုင် လက်သီးချင်းဆိုင်ရင်တော့ သိပ်မလွယ်လှပါဘူး။ Aung La N Sang ဆိုတာက မစ်ဒယ်ဝိတ်တန်းမှာ ဆူဖြိုးနေလို့တောင် ဝိတ်ပိုနေတာပါ။ ဝယ်တာဝိတ်သမား Zebaztian Kadestam က မစ်ဒယ်ဝိတ်တန်းကို တက်ထိုးရတာမလား။ ဝင်လုံးနိုင်မှပဲ ရလဒ်ကောင်းနိုင်တာပါ။ Striking Skill မယှဉ်မိဖို့ အရေးကြီးတယ်။ အရပ်၊ အလုံးအထည်နဲ့ ပါဝါတွေက မြင်မကောင်းအောင် ကွာနေပါလိမ့်မယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။

+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷

ဘောလုံးပွဲတွေလောင်းရတာ ဝါသနာပါသူတွေအတွက် သတင်းအချက်အလက်တွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် ရှာဖွေနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် Golden Goal Myanmar က အကောင်းဆုံးအဖြေတစ်ခုပါ။ Application မှာ ပွဲစဉ်တွေရဲ့ စဖွင့်စျေး ၊ မနက်ပိုင်းစျေး ၊ ညနေပိုင်းစျေးတွေ၊ နိုင်ခြေ/ရှုံးခြေ ဂိုးပေါ်/ဂိုးအောက် ရာခိုင်နှုန်းတွေအပြင် နောက်ဆုံး ၅ ပွဲကြေးအောင်ရှုံးအချက်အလက်တွေနဲ့ ပွဲကြိုအချက်အလက်တွေ သုံးသပ်ချက်တွေကိုပါ တိကျမှန်ကန်စွာ ဖော်ပြပေးထားပါတယ်။ ဒါ့အပြင် အထူးပွဲရွေးချယ်မှုတွေကိုပါ တင်ဆက်ပေးနေတာမို့ ကိုယ့်ရဲ့နိုင်ခြေကို ပိုမိုတိုးတက်စေမှာပါ။ ဘောလုံးပွဲစဉ် ခန့်မှန်းမှုတွေအတွက် သတင်းအချက်အလက်အစုံအလင်ကို အချိန်တိုအတွင်းမှာ ဖတ်ရှုနိုင်ဖို့ Golden Goal Myanmar ကို ယခုပဲ ဒေါင်းလုဒ်ဆွဲလိုက်ပါ။

Reference Source - SCMP MMA
Photo Credit - ONE Championship
ကျော်စိုးအောင် (Myanmar Fight Edition)

02/10/2025

Who will be the next Champions League winning coach? 👔🔮

02/10/2025

အာဆင်နယ်အသင်းကတော့ ချန်ပီယံလိဂ်မှာလည်း ပုံစံကောင်းတွေပြသပြီးနိုင်ပွဲဆက်ခဲ့ပါတယ် ။ အိုလံပီယာကော့စ်အသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး မာတင်နယ်လီ နဲ့ ဘူကာယိုဆာကာ တို့က သွင်းယူပေးခဲ့ကြတာပါ ။ မာတင်နယ်လီကတော့ ချန်ပီယံလိဂ် ၂ ပွဲမှာ ၂ ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါပြီ ။


အားပေးကြဦးနော် 💪☝️🙏
26/09/2025

အားပေးကြဦးနော် 💪☝️🙏





သွေ-းလင်းထက် စင်ပေါ်တက်လာပြိနော် 🇲🇲💪☝️ အနိုင်ယူပြမယ် ဒီည
26/09/2025

သွေ-းလင်းထက် စင်ပေါ်တက်လာပြိနော် 🇲🇲💪☝️ အနိုင်ယူပြမယ် ဒီည


သွေးလင်းထက်က သတ်မှတ်ဝိတ်တန်းကို ၁၂၅ ပေါင်နဲ့ ဝင်ပြီး ဘိုးတော်က ၁၂၆.၄ ပေါင်ဖြစ်နေပြီး တစ်ပေါင်ကျော်ပိုနေလို့ ထိုးကြေးထဲက ...
26/09/2025

သွေးလင်းထက်က သတ်မှတ်ဝိတ်တန်းကို ၁၂၅ ပေါင်နဲ့ ဝင်ပြီး ဘိုးတော်က ၁၂၆.၄ ပေါင်ဖြစ်နေပြီး တစ်ပေါင်ကျော်ပိုနေလို့ ထိုးကြေးထဲက ၁၅% ခွဲပေးရပါတော့မယ်။

အတိအကျမပြောနိုင်ပေမယ့် Sam A က မွေထိုင်းပွဲထိုးရင် ထိုးကြေး ဒေါ်လာ 20000 ဝန်းကျင်လောက်ရတယ်လို့ သိရတယ်။ 15% ခွဲပေးရမယ်ဆိုတော့ ပွဲပြီးတာနဲ့ သွေးလင်းထက်ကို ဒေါ်လာ 3000 လောက် လွှဲ ပေးရမယ်။ ဒီပမာဏက သွေးလင်းထက်ရဲ့ အခြေခံထိုးကြေး ပမာဏထက် နည်းနည်း သာသာ လောက်ရှိမယ် ထင်တယ်။

Sam A ကြီးက အသက်အရွယ်အရ ဝိတ်ချဖို့ခက်လာတယ်ထင်ပါတယ်။ အနေအထားကို ကြည့်ရတာလည်း ပင်ပင်ပန်းပန်း ဝိတ်ချထားရပုံပါပဲ။ သွေးလင်းထက်ကတော့ လန်းလန်းဆန်းဆန်းမြင်ရတယ်။ ပွဲထဲမှာလည်း ပိုပြီးတော့ active ဖြစ်နေနိုင်ပါတယ်။

ဒီနေ့ထွက်လာတဲ့ 1xဘတ် ပေါက်ကြေးတွေမှာတော့ ထူးထူးခြားခြား သွေးလင်းထက်က အပေါ်ကြေးပါးပါး ပြန်ပေးထားတယ်။ ဘွတ်ကီတွေက သွေးလင်းထက် အသာရမယ်လို့ တွက်ထားပုံရတယ်။

ဆိုတော့ကာ....မနက်ဖြန်မှာ ရင်ခုန်ကြတာပေါ့.....

ထိုင်းနိင်ငံ ဘန်ကောက်မြို့ ယဥ်သွားလမ်းမကြီးပေ၁၆၀ ကျော် နက်သော မြေတွင်းကြီးဖြစ်ပြီး ပြိုကျသွားပါတယ်
24/09/2025

ထိုင်းနိင်ငံ ဘန်ကောက်မြို့ ယဥ်သွားလမ်းမကြီး
ပေ၁၆၀ ကျော် နက်သော မြေတွင်းကြီးဖြစ်ပြီး ပြိုကျသွားပါတယ်


ရော်နယ်ဒို vs မက်ဆီ သူတို့ သွင်းဂိုးတွေမှာ ပင်နယ်တီသွင်းဂိုး ဘယ်လောက် ရာခိုင်နူန်းပါနေလဲ? ရော်နယ်ဒို အာနာဆာအသင်းမှာ ၁၀၁ ...
22/09/2025

ရော်နယ်ဒို vs မက်ဆီ သူတို့ သွင်းဂိုးတွေမှာ ပင်နယ်တီသွင်းဂိုး ဘယ်လောက် ရာခိုင်နူန်းပါနေလဲ?

ရော်နယ်ဒို အာနာဆာအသင်းမှာ ၁၀၁ ဂိုးသွင်းထားပြီး
၂၇ ဂိုးက ပင်နယ်တီသွင်းဂိုးပါ။ ဒါကြောင့် သွင်းဂိုး ၂၇ % က ပင်နယ်တီကနေ သွင်းထားတာဖြစ်ပါတယ်

မက်ဆီ အာတာမာယာမီအသင်းမှာ ၆၂ ဂိုးသွင်းထားပြီး ၃ ဂိုးက ပင်နယ်တီသွင်းဂိုးပါ။ ဒါကြောင့်သွင်းဂိုး ၅ % က ပင်နယ်တီကနေ သွင်းထားတာဖြစ်ပါတယ်

လာမယ့်တနင်္လာနေ့မှာ ပေးအပ်မယ့် ရွှေဘောလုံးဆုပေးပွဲကို ဘရာဇီး ၊ ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီကစားသမားဟောင်းကြီး ရော်နယ်ဒင်ညို ...
21/09/2025

လာမယ့်တနင်္လာနေ့မှာ ပေးအပ်မယ့် ရွှေဘောလုံးဆုပေးပွဲကို ဘရာဇီး ၊ ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီကစားသမားဟောင်းကြီး ရော်နယ်ဒင်ညို တက်ရောက်ပြီး ဆုရရှိသူကို ရွှေဘောလုံးဆုပေးအပ်သွားမယ်လို့ သိရပါတယ် ။

 အောင်လ vs. အာဒိုဂန် (မကျေပွဲ)ကာတာမှာ ကျင်းပမယ့် ONE 171 ဖေဖော်ဝါရီ ၂၀ ရက် 📆
19/09/2025



အောင်လ vs. အာဒိုဂန် (မကျေပွဲ)

ကာတာမှာ ကျင်းပမယ့် ONE 171

ဖေဖော်ဝါရီ ၂၀ ရက် 📆

YouTube မှာ Subscribers (၇၆) သန်း အမြန်ဆုံးပြည့်မြောက်ခဲ့သူအဖြစ်မှတ်တမ်း၀င်ခဲ့တဲ့ ရော်နယ်ဒို 🔥🐐ရော်နယ်ဒိုအနေနဲ့ ဂီတလောကရ...
07/07/2025

YouTube မှာ Subscribers (၇၆) သန်း အမြန်ဆုံးပြည့်မြောက်ခဲ့သူအဖြစ်မှတ်တမ်း၀င်ခဲ့တဲ့ ရော်နယ်ဒို 🔥🐐

ရော်နယ်ဒိုအနေနဲ့ ဂီတလောကရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်တွေအားလုံးကို ခဏလေးအတွင်းမှာ ကျော်ဖြ၊တ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ที่อยู่

Bangkok

เบอร์โทรศัพท์

+959696949092

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dream Dreamผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Dream Dream:

แชร์