
04/08/2025
ပဲပြားအစာသွပ် သရေစာလေးက ကျွန်မကြိုက်တဲ့ snackထဲမှာ ပါလို့ ခဏခဏ လုပ်စားဖြစ်တယ်
ကျွန်မကတော့ လက်ဖက်လေးထည့်စားရတာ ပိုကြိုက်ပါတယ်
✔️အရင်ဆုံးပဲပြားလေးတွေကို တြိဂံပုံလေး
တုံး ပြီး ကြော်ပါ
✔️ကြက်သွန်ဖြူပါးပါးလှီးပြီး ဆီကျက်သတ်ပါ
✔️အစာအတွက်က ဂေါ်ဖီ၊ငရုတ်သီးစိမ်း၊ရှောက်ရွက်၊ကြက်သွန်နီတို့ကို ပါးပါးလှီးပါ
✔️နယ်မယ့်ဇလုံထဲ ခုနကလှီးထားတဲ့ အစာတွေရယ် လက်ဖက်၊ ပုဇွန်ခြောက်မှုန့်၊ငံပြာရည်၊အချိုမှုန့် ထည့်ပြီးသံပရာသီး ညှစ်ပြီး နယ်ပါ
✔️ပဲပြားလေးတွေကို ခလယ် မှာ ဓားရာပေးပြီး အစာသွပ်ပါ၊ အပေါ်ကနေ ကြက်သွန်ဖြူဆီကျက်မွှေးမွှေးလေး တင်ပြီး စားလို့ရပါပီ