Food Myanmar Food Myanmar Magazine.

Miang Moo Sam Chan (ဝက်သုံးထပ်သားပြုတ်) 1- ဝက်သားကိုပြုတ်ပေးပါ (ဆားအနည်းငယ်ထည့်) 2 - မိမိနှစ်သက်ရာ လတ်ဆတ်သော ဟင်းသီးဟင်း...
27/10/2025

Miang Moo Sam Chan (ဝက်သုံးထပ်သားပြုတ်)
1- ဝက်သားကိုပြုတ်ပေးပါ (ဆားအနည်းငယ်ထည့်)
2 - မိမိနှစ်သက်ရာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ တွဲဖက်စားနိင်ပါတယ် (သခွားသီး ဂေါ်ဖီ ဆလပ်ရွက် )
3- ဆန်ကြာဇံခေါက်ဆွဲကို ပြုတ်ပြီး ကြက်သွန်ဖြူကြော်နဲ့ ဖြန်းပေးပါ။
4- ဆော့စ်အတွက်ပါဝင်ပစ္စည်း (ကြက်သွန်မြိတ်၊ ငရုတ်သီးအနီ၊ သံပုရာရည်၊ ငါးငံပြာရည်၊ သကြား၊ ကြက်သွန်ဖြူ၊ နံနံပင်)၊
#တွဲဖက်စားရန်အတွက် ဆောစ့်ပြုလုပ်နည်း
- ငရုတ်သီး၊ ကြက်သွန်ဖြူ၊ နံနံပင်တို့ကို ပါးပါးလှီး၍ ထောင်းထားပါ။ အုန်းသကြားကိုပါ ရောထည့်ပြီး သမအောင် မွှေပါ။ ထို့နောက် ပန်းကန်လုံးတစ်လုံးထဲသို့ထည့်ပါ။ အရသာအတွက် ငါးငံပြာရည်နှင့် သံပရာရည်ထည့်ပေးပါ
ဒီဆော့စ်က ပင်လယ်စာနဲ့ပါ တွဲဖက်စားလို့ရပါတယ်
Crd "Sailu


Food Myanmar

တုန်ယမ်းအနှစ်လုပ်နည်းအပြင်မှာ ဝယ်ရင် ခု စျေးကြီးတယ်နော်။ကိုယ့်ဟာကိုယ်လုပ်ပြီး သိမ်းထားနော်။အရမ်းလွယ်ပြီး အရသာကလည်း ကောင်...
21/10/2025

တုန်ယမ်းအနှစ်လုပ်နည်း
အပြင်မှာ ဝယ်ရင် ခု စျေးကြီးတယ်နော်။
ကိုယ့်ဟာကိုယ်လုပ်ပြီး သိမ်းထားနော်။
အရမ်းလွယ်ပြီး အရသာကလည်း ကောင်းနေတာပါပဲ။
ပါဝင်ပစ္စည်းတွေကတော့
ငရုတ်သီးအခြောက်တောင့်
ကြက်သွန်နီ
ကြက်သွန်ဖြူ
ဂျင်း
ပဒဲကော
ရှောက်ဘီလူးရွက်
စပါးလင်
နံနံပင်အမြစ်
ပုဇွန်ခြောက်
ပုဇွန်ငါးပိ
ဆား
အရသာမှုန့်
မန်ကျည်းရည်
သံပရာရည်
ပထမဆုံး ငရုတ်သီးအခြောက်တောင့်ကို အစေ့ထုတ်ပြီး ရေနွေးပူပူနဲ့နာရီဝက်ခန့် စိမ်ထားပေးပါ။
အစေ့က ရောင်းသမားဆို ထုတ်တာ ပိုကောင်းပါတယ်ရှင့်။
အိမ်စားဆိုရင် မထုတ်ချင်လည်း ရပါတယ်။
နံနံပင်အမြစ်နှင့် ရှောက်ဘီလူးရွက်အပါအဝင် ပါဝင်ပစ္စည်းအားလုံးကို တြိတ်စက်ထဲထည့်တြိတ်နိုင်တဲ့ အရွယ်ပမာဏ အထိ လှီးပေးပါ။
ပြီးရင် ပုံထဲက ပါဝင်ပစ္စည်း အားလုံးကို တြိတ်စက်နဲ့ ညက်နေအောင် တြိတ်ပေးပါ။
ပြီးရင် ဒယ်အိုးထဲ ဆီပူလာရင် တြိတ်ထားတာ အားလုံးကို ထည့်ကြော်ပါ။ နွမ်းကျလာတဲ့ထိကြော်ပါ။ ဆီများရင် ပိုအထားခံပါတယ်။ အနည်းဆုံး နာရီဝက်ခန့်ကြော်ပေးပါ။အနံ့လေးက တအားမွှေးပြီး အတော်ဆွဲဆောင်မှူ ရှိပါတယ်။
အဆီပြန်ပြီး နွမ်းလာရင် မန်ကျည်းရည် တမျိုးတည်း ( သို့ဟုတ်) မန်ကျည်းရည် + သံပရာရည် နှစ်မျိုးလုံး ထည့်ပေးလည်းရပါတယ်။
သကြားအနည်းငယ် ၊ ဆား ၊ အရသာမှုန့်အနည်းငယ် တို့ထည့် မိမိစိတ်ကြိုက် အရသာကို ပြင်ဆင်ပါ။
ပုံထဲကလို မန်ကျည်းရည်တွေခမ်းပြီး အဆီပြန်ရင်ချလို့ရပါပြီ။
ပုလင်းထဲထည့် ရေခဲသေတ္တာထဲ ထည့်သိမ်းထားရင် အကြာကြီးခံပါတယ်။
ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ တုန်ယမ်းဟင်းချို စသည်ဖြင့် လိုအပ်တာတွေထဲ ထည့်သုံးလို့ရပါပြီနော်။
အပြင်မှာဝယ်ရင် စိတ်မသန့်သူများ ကိုယ့်ဟာကိုယ်လုပ်ပြီး သိမ်းထားနော်။
🟥🟥🟥ရှောက်ဘီလူးရွက်နေရာမှာ မှားပြီး ရှောက်ရွက်ထည့်မသုံးရဘူးနော်။ ရှောက်ရွက်က အပူထိရင်ခါးပါတယ်။ အရွက် နှစ်ခုက အနံ့မတူသလို သုံးရတာလည်းမတူပါဘူး။ နာမည်လေးပဲ ဆင်တူနေသလောက်ပါနော် 🟥🟥🟥
အဆင်ပြေပါစေရှင့် ❤️❤️❤️
Crd - ချစ်ခြင်းဖြင့် ချက်သော စားဖွယ်စုံ

Food Myanmar
ho

 #ဂေါ်ရခါးသီးသုပ်သုပ်စားကြရအောင်ပါ ။1 ဂေါ်ရခါးသီးကို ရေနွေးဆူဆူထဲမှာ ငါးမိနစ်ခန့် ထည့်ပြီး ပြုတ်2 ပြီးရင် ရေအေးထဲမှာ စိမ...
02/10/2025

#ဂေါ်ရခါးသီးသုပ်

သုပ်စားကြရအောင်ပါ ။

1 ဂေါ်ရခါးသီးကို ရေနွေးဆူဆူထဲမှာ

ငါးမိနစ်ခန့် ထည့်ပြီး ပြုတ်

2 ပြီးရင် ရေအေးထဲမှာ စိမ်

3 အေးသွားပြီးဆို စိန်ခလုတ်(သို့)သခွားခြစ်နဲ့ အမျှဥ်လေးတွေဖြစ်အောင်
ခြစ်။

4 ဇလုံကြီးတစ်ခုထဲ ဂေါ်ရခါးခြစ်တွေထည့် ၊ ဂေါ်ဖီနဲ့ကြက်သွန်နီ ပါးပါးရိတ်
ရိတ်လှီးထားတာထည့်။

ဆီချက် ၊ ပုဇွန်ခြောက်မှုန့် ၊ ဆား ၊ အချိုမှုန့် ၊ ငံပြာရည် ၊ နံနံပင် ၊ ပဲမှူန့် ၊
ငြုပ်သီးအလှော်မှုန့် ထည့် ။

5 အချဥ်အတွက်က မကျည်းနှစ်ကိုမသုံးဘူး။ သံပုရာရည်လေးပဲညှစ်
တယ်။

6 အားလုံးစုံပြီဆိုရင် အားရပါးရ စေးစေးပိုင်ပိုင်လေးဖြစ်တဲ့ထိ နယ်

ဒါဆို စားလို့ရပြီ၊၊

မရောနိစ်လုပ်နည်း (၄) နည်း********************မရောနစ် လုပ်နည်းလေးကို သင်တန်းတက်စဉ်ကာလနဲဟိုတယ်မှာအလုပ်ဝင်ခဲ့တုန်းကသာလုပ်ဖြ...
02/10/2025

မရောနိစ်လုပ်နည်း (၄) နည်း
********************

မရောနစ် လုပ်နည်းလေးကို သင်တန်းတက်စဉ်ကာလနဲဟိုတယ်မှာ
အလုပ်ဝင်ခဲ့တုန်းကသာလုပ်ဖြစ်ခဲ့တာမို့ မေးလာတဲ့မိတ်ဆွေများကို

ပြောပြဖို့ ကိုယ်တိုင်ပြန်လုပ်ပြီးမှ ပြောပြနိုင်မှာမို့ အချိန်တွေကြာနေ
ခဲ့တာပါ။

မြို့ကြီးပြကြီးတွေမှာတော့ အလွယ်တကူ ဝယ်ယူရရှိနိုင်ပေမဲ့ နယ်မြို့

ကသူတွေ အတွက်တော့ အနည်းငယ် အခက်အခဲရှိကြမယ် ထင်ပါ
တယ်။

မရောနစ်ကို အတော်များများ နေရာမှာ အသုံးဝင်တာမို့ မိမိကိုယ်တိုင်

စမ်းသပ်ပြုလုပ်လိုတဲ့ အိမ်ရှင်မများ အသေးစားလုပ်ငန်းသုံးများအတွက်
အသုံးတည့်စေမဲ့နည်းပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း အနည်းငယ်နဲ့ အချိန်အနည်းငယ် အတွင်းပြုလုပ်နိုင်ပြီး

တခါပြုလုပ်ပြီး ရေခဲသေတ္တာတွင် တပတ်ခန့်ထားပြီး အသုံးပြုနိုင်
ပါတယ်။

လုပ်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း
********
ကြက်ဥအနှစ် - တစ်လုံး

သံပုရာရည် - တစ်ဇွန်းခွဲ လ္ဘက်ဇွန်း

ရှာလကာရည် - တစ်ဇွန်း

ဆား - ဇွန်း တဝက်

ဆီ - ၂၀၀ ml

(Salad Oil, Olive Oil)

ပြင်ဆင်ပြုလုပ်ပုံ
***********

1.ဦးစွာပထမ ဇလုံတခုနှင့် မွေတံကို သန့်ရှင်းခြောက်သွေ့အောင် ပြုလုပ်
ထားပါ။

2.ကြက်ဥကို အကာအနှစ် ခွဲထုတ်ပြီး အနှစ်ကို ဇလုံတွင် ထည့်ပါ။

3.သံပုရာရည် ၊ ရှာလကာရည်နှင့်ဆားကို ထည့်ပြီး စက္ကန့်၃၀ခန့် သမ
အောင်မွေပေးပါ။

4.ပြီးလျှင် ဆီကို တဖက်မှ ဖြေးညင်းစွာ ထည့်ပြီး တဖက်မှ အဆက်မပျက်
မွေပေးပါ။

လက်တဖက်တည်းမနိုင်ပါက နည်းနည်းထည့်မွေ ထပ်ထည့် ထပ်မွေ ပြု
လုပ်ပါ။

နှစ်ယောက်လည်း ပြုလုပ်နိုင်ပါတယ်။

5.တဖြည်းဖြည်း ပျစ်လာပါက ဆက်ပြီး မွေပေးပါ။

အရောင်ဖြူလာသည်ထိ ၈မိနစ်ခန့် မွေပေးပြီး သန့်ရှင်းခြောက်သွေ့သော

ဘူးပုလင်းတို့တွင် ထည့်ပြီး ရေခဲသေတ္တာတွင် သိမ်းဆည်းကာ ဘာဂါ
ဆန်းဒွစ်အသုပ်များတွင် လိုသလို အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

မုန်ညင်းစေ့ အနှစ်ထည့်လိုပါက ဆီထည့်မမွေခင် လ္ဘက်ဇွန်းတဝက်ထည့်
ပေးနိုင်ပါတယ်။

မရှိလျှင် မထည့်လည်း ရပါတယ်။

ကြက်ဥအနှစ်တလုံးစာ ပြုလုပ်လျှင် မရောနစ်၂၃၀ဂရမ်ရရှိပါတယ်။
(ပုံပါအတိုင်း)

သံပုရာရည် ၊ ဗီနီကာ မရောပဲနှစ်သက်ရာ တမျိုးတည်း အသုံးပြုနိုင်
ပါတယ်။

ဆီကိုsoy bean oil ၊ Sunflower oil ၊ Olive Oil ၊
Canola Oil တို့ကိုသုံးနိုင်ပါတယ်။

မွေနေစဉ်တွင် အတတ်နိုင်ဆုံး တဖက်တည်းသာမွေပါ။
အမွေမလွန်အောင်လည်း ဂရုပြုပါ။

လိုအပ်တဲ့အနေရောက်ပါက ဆက်မမွေရပါ။
ဆီပြန်ကွဲသွားတတ်ပါတယ်။

Sofia
**************

#နောက်တနည်းပါ
*************

မရောနစ်ကို အိမ်မှာတော့ မလုပ်စားဖြစ်သေးဘူး။
လုပ်ရတာခက်မယ်လို့ထင်ထားတာကိုး။

လုပ်နည်းသိတော့မှ တကယ်အံ့ဩသွားတယ်။
လုပ်နည်းကလွယ်လွယ်လေးရယ်။

ကုန်ကျစရိတ်လဲတော်တော်နည်းတယ်။
လုပ်ရောင်းရင်တောင် ဝင်ငွေတိုးမယ့် နည်းတစ်နည်းပါ။

ပါဝင်ပစ္စည်းများ

ကြက်ဥ- ၂လုံး

ဆား- လက်ဖက်ရည်ဇွန်း၂ ဇွန်း

သကြား- ထမင်းစားဇွန်း ၂ ဇွန်း

ရှာလကာရည်(သို့)သံပုရာရည်- ထမင်းစားဇွန်း၂ ဇွန်း

ဆီ- လက်ဖက်ရည်ပန်းကန်လုံးနှစ်လုံး

ငရုတ်ကောင်းမှုန့်- ထမင်းစားဇွန်း ၁ ဇွန်း
မကြိုက်ရင်မထည့်လို့ရပါတယ် ။

ပြုလုပ်နည်း

ကြက်ဥ၊ ဆား၊ သကြား ၊ ငရုတ်ကောင်းနှင့် ရှာလကာရည်(သို့)သံပုရာရည်
ကို သစ်သီးဖျော်စက်(blender)ထဲကိုထည့်ပြီး မွှေပါ။

မွှေနေရင်း နေကြာဆီ (သို့မဟုတ်) ဟင်းသီးဟင်းရွက်ဆီကို အနည်းငယ်
ထည့်ပါ။

မွှေတာကိုရပ်ပြီးထည့်လဲရပါတယ်နော်။

မွှေလိုက် ဆီနည်းနည်းထည့်လိုက် ထပ်မွှေလိုက်လုပ်ပေးပြီး ပျစ်လာရင်
အရသာရှိတဲ့ မရောနစ်လေး ရပါပြီ။

ဓာတုဆေးမသုံးပဲတောင် တစ်ခါလုပ်ထားရင် တစ်ပတ်လောက်အထားခံ
ပါတယ်နော်။

သစ်သီးဖျော်စက်(blender)မရှိသူများအတွက်ပြုလုပ်နည်း
******************************************

ကြက်ဥ၊ ဆား၊ သကြား ၊ ငရုတ်ကောင်းနှင့် ရှာလကာရည်(သို့)သံပုရာရည်
ကို ပန်းကန်လုံးထဲကိုထည့်ပြီး ကြက်ဥမွှေတံဖြင့် မွှေပေးပါ။

ထို့နောက် ဆီအနည်းငယ်ထည့်ပြီး ဆက်မွှေပါ။

၅-၁ဝ မိနစ်လောက် မွှေပြီးရင် ၃ မိနစ်လောက် ခဏနားပါ။

ပြီးနောက် ဆီထည့်လိုက် မွှေလိုက် ဆက်တိုက်လုပ်ပေးပြီး နောက်ဆုံးအနှစ်
တွေပျစ်လာရင် စားသုံးလို့ပါပြီ။

အချိန်ခဏကြာအောင် စိတ်ရှည်လက်ရှည်မွှေပြီးနောက် အရသာရှိတဲ့
မရောနစ်လေးကို ရရှိမှာဖြစ်ပါတယ်။

မရောနစ်ပမာဏကို များစေချင်ရင် ဆီပမာဏပိုထည့်လို့ရပါတယ်နော်။

နောက်ပြီး အရသာကိုလည်း ကိုယ်ကြိုက်သလို လိုတိုးပိုလျော့လုပ်လို့ရပါ
တယ်နော်။

#ဝတ်မှုံသင်း
P
(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူး
ယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

Green Way

**************

နည်း (၃)
*******

Home made mayonnaise (မရောနိစ်)လေး လုပ်ကြည့်ကြရ
အောင်နော် ။

ကိုယ်တိုင်လုပ်ထားတဲ့ သန့်ရှင်းလတ်ဆတ်ပြီး ဆိုင်အရသာနဲ့ တစ်ထပ်ထဲ
နီးပါးတူတဲ့ Home made Mayonnaise (မရောနိစ်)လေးပါ ။

ပါဝင်ပစ္စည်းများ

ကြက်ဥ ၁လုံး

ဆား လက်ဖက်စားဇွန်း ၁ဇွန်း

သကြား ထမင်းစားဇွန်း ၁ဇွန်း

Vinegar(ရှာလကာရည်) ထမင်းစားဇွန်း ၂ဇွန်း

ဆီ တရုတ်ထမင်းစားပန်းကန် ၁လုံးနီးပါး (ထမင်းစားဇွန်း ၁၇ဇွန်း)

(ဆီကို မြေပဲဆီ၊နှမ်းဆီ မသုံးရ အနံ့ပြင်းပြီး မရောနိစ်အနံ့မရပဲ ဖြစ်လိမ့်မယ်)

ကြက်ဥ၊ဆား၊သကြား၊ရှာလကာရည် အကုန်လုံးကို blenderထဲ ထည့်ပါ ။
ဆီကလွဲလို့ အခြားပါဝင်ပစ္စည်းတွေထည့်ပြီးရင် Blender မွှေ့လို့ရပါပြီ။

Blender မွှေနေရင်း ဆီကို ထမင်းစားဇွန်းနဲ့ Blenderရဲ့ အပေါ်ပေါက်
လေးကနေ ခပ်ထည့်ပါ ။

ဆက်တိုက်မထည့်ပဲ ဆီတစ်ဇွန်းထည့်လိုက် မွှေတာခဏစောင့်လိုက် ဆီ
တစ်ဇွန်းထည့်လိုက် မွှေတာခဏစောင့်လိုက် လုပ်ပါ ။

ဆီထည့်နေတဲ့အချိန် Blender ကို လုံးဝရပ်မပြစ်ပါနဲ့နော်။
ဆီအကုန်ထည့်ပြီး အခြေအနေပါ ကျဲနေတုန်းပါပဲနော်။

ဆီအကုန်ထည့်ပြီးချိန်မှာ နောက်ထပ် ၁၃မိနစ်လောက် ထပ်မွှေရင် ညက်ပြီး
@အပြင်ကကြည့်ရင် မွှေနေတယ်လို့ကိုမထင်ရအောင် ဖြစ်လာပါလိမ့်မယ် ။

၁၃မိနစ်မွှေပြီးအခြေအနေပါ။

Mayonnaise (မရောနိစ်)ကို ဖန်ပုလင်း သို့ အခုလို ဘူးထဲကိုထည့်ပြီး ရေခဲသေတ္တာထဲထည့်သိမ်းလို့်ရပါပြီ ။

ညီမ အခုလုပ်တဲ့အချိုးနဲ့ ဘူးတစ်ဝက်ရပါတယ်ရှင် ။

Blender သန့်ရှင်းတဲ့အနေနဲ့ ကျန်နေတဲ့ မရောနိစ်တွေလဲ မလွှင့်ပစ်ရ
အောင် ပေါင်မုန့်တစ်ချပ်နဲ့ blender အတွင်းကိုမွှေပြီး စားရင် အလေ

အလွှင့်လဲ မဖြစ်သလို အနှစ်တွေလဲမကျန်လို့ ဆေးရတာလဲ လွယ်ကူသွား
ပါတယ် ။

Yamone Phoo
********

#နည်း (၄)
********

မရောနိစ်ဆော့စ် (Making Mayonnaise )

မရောနိစ်ဆော့စ်လုပ်ရတာ လွယ်ကူပါတယ်။

မရောနိစ်ဆော့စ်ကဆီနဲ့ ကြက်ဥအနှစ်ကို အချဉ်အနည်းငယ်လေးနဲ့ ရော
မွှေထားတဲ့ ရိုးရိုးဆော့လေးပါ။

ဒါကို အဓိကဆော့ယူပြီး ကြိုက်နှစ်သက်ရာနဲ့ရောပြီး တခြားဆော့စ်ပြောင်း
လို့ရပါတယ်။

ပါ၀င်ပစ္စည်းများ (1 cup).............................

သံလွင်ဆီ- ၁ ခွက် (ဟင်းချက်လျှင် တိုင်းသောခွက်) ဆီအကောင်းစားနဲ့ပဲ
သုံးသင့်ပါတယ်။

ကြက်ဥ- ၁ လုံး (အနှစ် နဲ့အကာ ခွဲထားပါ

ရှလကာရည် (သို့) သံပရာရည်- စားပွဲ ဇွန်း ၂ ဇွန်း

ဆား- အနည်းငယ်

ငရုတ်ကောင်းမှုန့်- အနည်းငယ် (ကြိုက်နှစ်သက်လျှင် ထည့်ပါ)

ပြုလုပ်နည်း............

ကြက်ဥအနှစ်ကို ပန်းကန်လုံးကြီးထဲထည့်ပြီး ခလောက်ပါ။

ပြီးလျှင် သံပရာရည် (သို့) ရှလကာရည်ထည့်ပြီး ရောပြီးပျစ်သွားတဲ့
အထိ ခလောက်တံနဲ့မွှေပါ။

(စက်နဲ့ မွှေ့လည်းရပါတယ်)
ဆီကို ဖြည်းဖြည်းခြင်းလောင်းထည့်ပါ။

တစ်ဖက်ကနေလည်း အဆက်မပြတ် မွှေပေးရပါမယ်။

ဒါမှ လိုချင်တဲ့အရောင်ပြောင်းပြီး ညက်ညောသော မရောနိစ်ဆော့စ်ဖြစ်
လာမှာပါ။

ဆီထည့်နေတုန်း အဆက်မပြတ် မမွှေနိုင်ဘူးဆိုရင်တော့ အခဲတွေဖြစ်ပြီး
ပျက်သွားရင် အစကပြန်စရပါလိမ့်မယ်။

ခက်ကြဲကြဲလေးလိုချင်ရင် ရှလကာရည် အနည်းငယ်ပိုထည့်ပါ။

ကိုယ်လိုချင်တဲ့အနေအထား ရရှိလာပြီဆိုရင်တော့ ဆားနဲ့ ငရုတ်ကောင်းမှုန့်
ရောပြီး လိုရာနေရာမျာ သုံးလို့ရပါပြီ ။

အိမ်လုပ်တဲ့ လတ်ဆတ်မှုရှိတဲ့ ရောနိစ်ကို လေလုံပုလင်းထဲထည့်ပြီး ရေခဲ
သေတ္တာထဲမှာထားလျှင် ၅ ရက်လောက်ခံပါတယ်။................................

Syi Lwin Foods Garden
======================

ပြုလုပ်နည်း နှင့် အသုံးပြုနည်းများ

MAYONNAISE ကို အစားအသောက်မျိုးစုံ အသားငါးများနဲ့ တွဲဖက်
သုံးစွဲလာကြပါပြီနော်။

Pizza
ဘာဂါ
အသီးအရွက်များ Salad သုပ်စားရာတွင် အသုံးပြုနိုင်သည်
အာလူးချောင်းလေးတွေ
မှာဆမ်းစားရာတွင်၄င်း
Ho Dog လုပ်စားရာတွင်၄င်း
ပုဇွန် တန်ပူရာ နဲ့တို့စားရာတွင် ၄င်း
အသုံးပြုနိုင်ပါတယ်
ရေညှိထမင်းလိပ်လေးပေါ် မှာပဲဆမ်းမလား
sushi ပေါ် မှာကောဆမ်းဦးမလား
မိမိနှစ်သက်သလို တွင်ကျယ်စွာအသုံးပြုနိုင်ပါတယ်
ထောပတ်သီးနှင့်တွဲဖက်ပြီး အသုံးပြုနည်းများကို ပုံများတင်ထားပေးပါတယ်
လု အကြိုက်ဆုံးကတေ့ာ ထောပတ်သီးနဲ့ရောပြီး စားရတာကိုပဲ....။
Home made mayonnaise
****************************
မာရိုးနစ် လုပ်နည်းနဲ့ မာရိုးနစ် ကို အခြေခံ ဆော့ ၂ မျိုး ကို လဲ .တင်ပေးပါမယ် ..
Easy .&.tasty
ရိုးရိုးလေး နဲ့ အရသာရှိ ..လေးပေါ့
Mayonnaise (မာရိုးနစ်)
************************
Egg yolk 3 pcs
ကြက်ဥ အနှစ် ( အဝါ ရောင်)
Fresh lemon juice 2 teaspoon
သံပုယို ရည်
သို့
Vinegar အချဉ်ရည် /
ပန်းသီး အချဉ်ရည်
Dijion mustard 2 teaspoon
Vegetable oil( or )salad oil (or) soya oil
ဆီသန့် ..ပဲဆီ သို့ အုန်းဆီ အသီးအရွက်ဆီ
200ml
Salt
ဆား
Pepper
ငရုတ်ကောင်း အဖြူ
အနည်းငယ်ဆီ
Sugar သကြား ထည့် လဲ ရ တယ်
အချို ရှောင် ရင်တော့ မထည့်ပါနဲ့
1 😍..yum yum sauce
************************
Kip ကြိုက်တဲ့ ဆော့ လေးပါ
အာလူး ချောင်းကြော်နဲ့ တွဲစားတာ အရသာ မိုက် တယ် ..စားကြည့် ကြပါနော်
မားရိုနစ် 200 ml
ခရမ်းချဉ်သီး ဆော့ (သို့)ketchup 2 ထမင်းစားဇွန်း
ထောပတ် 2 ထမင်းစားဇွန်း
ဆား အနည်းငယ်
ရော ပြီး အာလူးချောင်းကြော် နဲ့ စား လိုက်တာ .
2 ..😍 spicy mayo dipping sauce
******************************
မာရိုးနစ် 200ml
Sweet chilli sauce 3 tablespoon
ငရုတ်သီး ဆော့ ..ပုံပါ
အစမ် ကြိုက်ရင်ပို ထည့်ပါ
Lemon juice
သံပုယို ရည် ၁ ထမင်းစားဇွန်း
ဆား
စသည့်တို့ကို ရော ပြီးအရသာ မြည်း
ကြိုက်ရာ အရသာ ကို စမ် ယူ စားသုံး နိုင်ပါတယ်
ပုဇွန် ကြော် . ..fish & chip
စသည့် တို့ နဲ့ တွဲ စား ကြည့် လိုက်ပါ အရသာ တမျိုးလေး နဲ့ စားကောင်းပါတယ် ..
Credit to Kip Smile
**************

လက်ဖက်ကြက်ဥလုပ်နည်းလက်ဖက်ရည်ဆိုင်ကြီးတွေမှာ တစ်လုံး ၁၅၀၀ ပေးစားရတဲ့ လက်ဖက်ကြက်ဥကို အိမ်မှာပဲ အရသာအပြည့်နဲ့ ဘယ်လိုပြုတ်စာ...
02/10/2025

လက်ဖက်ကြက်ဥလုပ်နည်း

လက်ဖက်ရည်ဆိုင်ကြီးတွေမှာ တစ်လုံး ၁၅၀၀ ပေးစားရတဲ့
လက်ဖက်ကြက်ဥကို အိမ်မှာပဲ အရသာအပြည့်နဲ့ ဘယ်လိုပြုတ်စား

ရမလဲဆိုတာ ကျွန်တော်က ဒီနေ့လေးမှာ ပြောပြပေးသွားမှာ ဖြစ်
ပါတယ်။

အရင်ဆုံး ကျန်းမာတဲ့ကြက်မက ဥထားတဲ့ ကြက်ဥအလုံးချောသန့်သန့်
၁၀ လုံးခန့်ကို ရေသေချာဆေးပြီး သန့်စင်ထားပါမယ်။

ပြီးရင်တော့ အပူချိန်အမြင့်ဆုံးကိုရောက်နေတဲ့ ရေနွေးဆူဆူထဲမှာ
ကျက်သွားတဲ့အထိ ၅ မိနစ်ခန့် ပြုတ်ပေးထားရပါမယ်။

ဒီလိုနဲ့ရေနွေးပွက်ပွက်ဆူလို့ ကြက်ဥလေးတွေမာသွားရင်တော့ ချက်ချင်း
ဆယ်ပြီးရေအေးထဲကို ထည့်လိုက်ပါ။

ကြက်ဥတွေအတွင်းပိုင်းအထိ အေးစက်သွားတဲ့အခါ အရသာဝင်နိုင်အောင်
အခွံလေးတွေကို ဇွန်းနဲ့ခေါက်ပြီး အက်ကွဲရာပေးလိုက်ပါမယ်။

အဲဒီနောက် အခွံအက်နေတဲ့ ကြက်ဥလေးတွေကို နာနတ်ပွင့်၊ ကရဝေးရွက်၊

အထုံစေ့နဲ့ ငရုတ်သီးခြောက်အပြင် ကောက်ညှင်းလက်ဘက်ခြောက်
အကောင်းစားပါထည့်ပေးလိုက်ပါမယ်။

အရသာအတွက် ဆားအနည်းငယ်၊ သကြားခဲတစ်ချို့နဲ့ ပဲငံပြာရည်
အကြည်ပါ ထည့်ပြီး ၁၀ မိနစ်ခန့် ပြုတ်လိုက်ရင်တော့ အင်မတန်ကို

အမြင်လှပြီး ဆိမ့်သက်နေတဲ့ လက်ဘက်ကြက်ဥ ခပ်ညိုညိုလေးကို
ရရှိပါပြီ။

တစ်နေကုန်ပြုတ်ထားလေ အရသာပိုဝင်ပြီး ပိုစားလို့ကောင်းလေဖြစ်ပြီး

အိမ်မှာလုပ်စားမယ်ဆိုလည်း ဘယ်လောက်မှမကုန်ဘဲ ထမင်းမြိန်တဲ့
ဟင်းတစ်ခွက်ဖြစ်စေပါတယ်။

လူကြီးမင်းတို့လည်း လက်ဘက်ကြက်ဥစားရတာ ကြိုက်တယ်ဆိုရင်
အိမ်မှာဒီလိုလေးလုပ်စားကြည့်ကြပါဦးနော်😋😋

သခွားသီးသုပ်ကြိုက်ကြလားရှင့်... သခွားသီး သုပ်ကြိုက်တဲ့သူလေးတွေအတွက် သုပ်နည်းလေး တင်ပေးထားပါတယ်။ပုဇွန်သခွားသီးရခိုင်သုပ် ...
02/10/2025

သခွားသီးသုပ်ကြိုက်ကြလားရှင့်...

သခွားသီး သုပ်ကြိုက်တဲ့သူလေးတွေအတွက် သုပ်နည်းလေး
တင်ပေးထားပါတယ်။

ပုဇွန်သခွားသီးရခိုင်သုပ် စပ်စပ်လေး 😋😋😋

သခွားသီးသုပ် အရည်ရွှဲရွှဲလေးကို ထမင်းဖြူလေးနဲ့စား အရမ်းကို
စားကောင်းပါတယ်။

သခွားသီးကို ရေဆေးနှစ်ခြမ်းခွဲ အလယ်ကအစေ့လေးတွေထုပ်ပြီး
ခြစ်ထားပါ။

နုနုလေးဆို အစေ့ထုပ်စရာတောင်မလိုပါဘူး။
ကြက်သွန်နီနှစ်လုံးလောက် ပါးပါလေးလှီးပြီး ရေဆေးထားပါ။

ပုဇွန်လှော်ပြီး အခွံခွာထားပါ။
ငပိမီးဖုတ်ထားပါ။

ငရုပ်သီးစိမ်း ကိုယ်အစပ်စားနိုင်သလောက် လှော်ထားပါ။
ပြီးရင် ငပိနဲ့ ငရုပ်သီးစိမ်းလေး ရောထောင်းပါ။

အရသာအတွက် လိုအပ်တဲ့ဆား၊ အချိုမှုန့်၊ သို့မဟုတ် ကြက်သားမှုန့်ကို
တခါတည်းထည့်ထောင်းပါတယ်။

လှော်ထားတဲ့ပုဇွန်တဝက်လောက်ကိုလည်း ရောထောင်းလိုက်ပါတယ်။
ကျန်တဲ့တဝက်က အကောင်လိုက်ထည့်ပါမယ်။

ပြီးရင် ခြစ်ထားတဲ့သခွားသီးထဲကို ထောင်းထားတာတွေထည့်၊
ကြက်သွန်နီပါးပါလှီးထားတာနဲ့ ပုဇွန်တွေထည့်ပြီး ရောသုပ်ပါ။

အချဥ်ကြိုက်ရင် သံပရာသီးလေး ညှစ်ထည့်ပါ။

နောက်ဆုံး အရသာလေးမြည်းပြီး ပင်စိမ်းလေးညှပ်ထည့်ပြီးရင်
ရပါပြီရှင့်......။ 😋😋😋


Credit - Kay Khaing Oo 🙏🙏
#သခွာသီးသုပ် #သခွာသီးရခိုင်သုပ်

ငါးသံပုရာပေါင်း ချက်နည်းငါးသံပုရာပေါင်းကို အိမ်မှာ အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။ပါဝင်ပစ္စည...
02/10/2025

ငါးသံပုရာပေါင်း ချက်နည်း

ငါးသံပုရာပေါင်းကို အိမ်မှာ အလွယ်တကူပြုလုပ်နိုင်မယ့် နည်းလမ်း
လေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

နှစ်သက်ရာ ငါးတစ်ကောင်

သံပုရာသီး ၃ လုံး မှ ၄ လုံး

ကြက်သွန်ဖြူ ၅ မြွှာ မှ ၇ မြွှာခန့်၊ ဓားပြားရိုက်ထားပါ ။

ငရုတ်သီးစိမ်း ၅ တောင့် မှ ၁၀ တောင့်ခန့်၊ အရောင်အသွေးနဲ့ အပူ
ကြိုက်နှစ်သက်မှုအလိုက် ညှိပါ ။

နံနံပင် အနည်းငယ်

ပဲငံပြာရည်အကြည် (ကြည်လင်သော ပဲငံပြာရည်)
စားပွဲတင်ဇွန်း ၂ ဇွန်း မှ ၃ ဇွန်းခန့်

ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း မှ ၂ ဇွန်းခန့်

သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်

ရေ သို့မဟုတ် ဟင်းရည် စားပွဲတင်ဇွန်း ၃ ဇွန်းခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးပြင်ဆင်ခြင်း


ငါးကို သန့်စင်ပါ။

ငါးရဲ့ အကြေးခွံ၊ အူနဲ့ အတွင်းပိုင်းတွေကို သန့်စင်ပြီး ရေစင်အောင်
ဆေးကြောပါ။

ငါးကို ဇကာပေါ်မှာတင်ပြီး ရေစစ်ထားပါ။

ငါးရဲ့ ကိုယ်ထည်ပေါ်မှာ အရသာဝင်လွယ်စေဖို့ ဓားနဲ့ အနည်းငယ်
ထစ်ပေးပါ။

၂။ အချဉ်ရည် (Sauce) ပြုလုပ်ခြင်း

ပန်းကန်လုံးတစ်လုံးထဲတွင် သံပုရာရည် ညှစ်ထည့်ပါ။


ပြီးရင် ပဲငံပြာရည်အကြည်၊ ငါးငံပြာရည်၊ သကြား၊ နဲ့ ရေ သို့မဟုတ်
ဟင်းရည် တို့ကို ထည့်ပြီး သကြားပျော်ဝင်အောင် သမအောင် မွှေပါ။

ထို့နောက် ဓားပြားရိုက်ထားသော ကြက်သွန်ဖြူ၊ ပါးပါးလှီးထားသော

ငရုတ်သီးစိမ်း အရသာပိုစပ်ချင်ရင် ထောင်း၍လည်း ထည့်နိုင်ပါတယ်
တို့ကို ထည့်ပြီး ရောမွှေပါ။

၃။ ပေါင်းခြင်း

ငါးပေါင်းမယ့် အိုးထဲမှာ (သို့မဟုတ် ပန်းကန်ပြားပေါ်မှာ) ငါးကို တင်ပါ။

အချဉ်ရည်ကို ငါးပေါ်ကို လောင်းထည့်ပါ။
ငါးရဲ့ ကိုယ်ထဲကိုပါ ဝင်အောင် လောင်းထည့်ပေးပါ။

သံပုရာကွင်းလေးများ ကို လှီးဖြတ်ပြီး ငါးပေါ်မှာ အလှဆင်၍ တင်
ပေးပါ။

ထို့နောက် ပေါင်းအိုး သို့မဟုတ် ပေါင်းစက် ထဲမှာ မိနစ် ၁၅ မိနစ် မှ
၂၀ မိနစ် ခန့် ငါးကျက်တဲ့အထိ ပေါင်းပေးပါ။

ငါးရဲ့ အရွယ်အစားပေါ်မူတည်ပြီး အချိန်ပြောင်းလဲနိုင်ပါတယ်။

၄။ အချောသတ်ခြင်း

ငါးကျက်ပြီဆိုရင် ပေါင်းအိုးထဲကနေ ဆယ်ယူပါ။

နံနံပင် ကို ပါးပါးလှီးပြီး ငါးပေါ်မှာ ဖြူးပေးပါ။

ပူပူနွေးနွေး ထမင်းဖြူ နဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါတယ်။

ဒီနည်းလမ်းအတိုင်း လိုက်လုပ်ကြည့်ရင် လတ်ဆတ်ပြီး အရသာရှိတဲ့
ငါးသံပုရာပေါင်း ကို ရရှိမှာ ဖြစ်ပါတယ်။

ပေါင်းတဲ့အချိန်မှာ ရေခမ်းမသွားဖို့နဲ့ ငါးအရမ်းနူးအိမသွားဖို့ သတိထား
ပေးပါ။






 #သီးစုံပဲကုလားဟင်းသီးစုံ ပဲကုလားဟင်း**************၁-ကြက်သွန်ဖြူ ၊ နီ ၊ ငရုတ်သီးအစိမ်းမှုန့် ဆီသတ်ပါ။ ( ပျော့လာရင် )၂-ဂျ...
02/10/2025

#သီးစုံပဲကုလားဟင်း

သီးစုံ ပဲကုလားဟင်း
**************

၁-ကြက်သွန်ဖြူ ၊ နီ ၊ ငရုတ်သီးအစိမ်းမှုန့် ဆီသတ်ပါ။ ( ပျော့လာရင် )

၂-ဂျင်းထောင်း ၊ ပျဉ်းတော်သိမ်း ၊ မဆလာ ၊ဘဇီယာ ထည့်၍
အနံ့မွှေးပြီး ရွလာသည်အထိ ဆီသတ်ပြီးရင်

၃-အာလူး ၊ ဘူးသီး ၊ ပဲသီး ၊ ဒန့်ဒလွန်သီး ၊ ရွှေဖရုံသီး ၊ ဥနီထည့်ပါ။

၄- ပဲပြုတ်စေ့နဲ့ ပဲပြုတ်ရည်ထည့်
ရေနွေးထည့်ပြီး မိနစ် ၂၀ ခန့် အဖုံးအုပ်ထားပါ။

၅- ခရမ်းသီး ၊ ပန်းဂေါ်ဖီထည့်ပါ။(ရေလိုရင်ရေနွေးထည့်ပေးပါ)
၁၀ မိနစ်နစ်ကြာရင်

၆- ရုံးပတီသီး ၊ ငရုတ်သီးစိမ်းခွဲခြမ်းထည့်မွှေပြီး အရသာမြည်းပါ။

၇- မကျည်းရည် ၊ ဆား ၊ ဟင်းခပ်မှုန့်ထည့်ပြီး
၅ မိနစ်ခန့်ကြာရင်တော့ အိုးချလို့ရပါပြီ။

ဟင်းရည် အပျစ်အကျဲ ၊ အသီးအနှံ နူးတဲ့အနေအထားနဲ့
အရသာကတော့ မိမိ နှစ်သက်သလို ထည့်ပါ။

ပဲကတော့ ညတည်းကရေစိမ်ထားပြီး

မနက်ကျမှ ဆားလဖက်စားဇွန်း ၁ ဇွန်းထည့်ပြုတ်ရင်
ခဏလေးနဲ့နူးပါတယ်။

အာလူး ၊ ဘူးသီး ၊ ပဲသီး ၊ ဒန့်ဒလွန်သီး ၊ ရွှေဖရုံသီး ၊ ဥနီ
ခရမ်းသီး ၊ ပန်းဂေါ်ဖီ ၊ ရုံးပတီသီး

အသီးအနှံ ၉ မျိုးကထွက်တဲ့အချိုဓါတ်တွေနဲ့
ဟင်းခပ်မှုန့်တောင် သိပ်မလိုပါဘူး။

ဒါကြောင့် နောက်ဆုံး အရသာမြည်းပြီး မှ
အရသာလိုတာလေး ဖြည့်စွက်ထည့်ပေးပါ။

မကျည်းရည်လည်း နောက်ဆုံးမှပဲထည့်ပါ။

ခပ်စောစောထည့်လိုက်ရင် အသီးအနှံတွေ
တော်တော်နဲ့မနူးတော့လို့ပါ။

ဝက်သားကြော်လေးနဲ့ဆိုတော့ပိုစားကောင်း









__________________________________________________

 #ဆွမ်းမွှေးရွက် လို့ပြောလိုက်တာနဲ့ အိမ်ခြံစည်းရိုးဘေးမှာ စိုက်ထားတဲ့သူတွေဟာ အဖိုးတန်ပစ္စည်းတစ်ခုကို မသိဘဲ ပိုင်ဆိုင်ထား...
02/10/2025

#ဆွမ်းမွှေးရွက် လို့ပြောလိုက်တာနဲ့ အိမ်ခြံစည်းရိုးဘေးမှာ စိုက်ထားတဲ့
သူတွေဟာ အဖိုးတန်ပစ္စည်းတစ်ခုကို မသိဘဲ ပိုင်ဆိုင်ထားတာပါပဲ။...

#ဆွမ်းမွှေးရွက်ဆိုတာ မွှေးလည်းမွှေး၊ ဆေးဖက်လည်းဝင်တဲ့ အရာ
ဖြစ်ပါတယ်။

မွှေးအောင်မုန့်တွေထဲ ထည့်တာအပြင်၊ ရင်အေးစေပြီး လန်းဆန်းစေတဲ့

ဖျော်ရည်လုပ်ပြီး သောက်ကြတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွက်
အာဟာရဓာတ်တွေ အများကြီးပါဝင်ပါတယ်။

#ဆွမ်းမွှေးရွက်ရဲ့ အဓိက အကျိုးကျေးဇူးများ........
* အပူကိုငြိမ်းစေပြီး နှလုံးကို အာဟာရဖြည့်ပေးတယ်။

နွေးနွေးလေးဖြစ်စေ၊ အေးခဲအောင်လုပ်ပြီးဖြစ်စေ ဆွမ်းမွှေးရွက်အရည်ကို

သောက်တာက နှလုံးကို လန်းဆန်းစေပြီး အပင်တစ်ပင်ကို ရေလောင်းပေး
လိုက်သလိုပါပဲ။

* ဆီးသွားစေတယ်။
ရှေးခေတ်တုန်းက ခန္ဓာကိုယ် ဖောရောင်တာနဲ့ ဆီးသွားရခက်တဲ့သူတွေကို

ဆွမ်းမွှေးရွက်ကို ပြုတ်ပြီးတိုက်ကြတယ်။ အဲဒါက ခန္ဓာကိုယ်ထဲက
အရည်တွေ စွန့်ထုတ်တဲ့စနစ်ကို ကောင်းမွန်စေပါတယ်။

* ခွန်အားကို ဖြည့်တင်းပေးတယ်။

ဆွမ်းမွှေးရွက်ဖျော်ရည်ကို သောက်ရင် လန်းဆန်းပြီး ပင်ပန်းနွမ်းနယ်တာ
ကို ပြေပျောက်စေပါတယ်။

* ဆံပင်ကို သန်စွမ်းနက်မှောင်စေတယ်။

ဆွမ်းမွှေးရွက်ကို ညက်အောင်ထောင်းပြီး အုန်းဆီနဲ့ ရောကာ ခေါင်းမလျှော်
ခင် ဦးရေပြားနဲ့ ဆံပင်မှာ လိမ်းပေးလို့ရပါတယ်။

အိမ်တွင်း လွယ်လွယ်ကူကူပြုလုပ်နည်း......။

* ဆွမ်းမွှေးရွက်စိမ်း ၅-၇ ရွက်လောက်ကို ခူးပြီး သေချာ
ဆေးကြောပါ။

* အရွက်တွေကို အတုံးသေးလေးတွေဖြစ်အောင် လှီးပါ။

* ရေ ၁ လီတာနဲ့ ၁၀ မိနစ်လောက် ပြုတ်ပါ။

* မနက်ပိုင်းမှာ နွေးနွေးလေးဖြစ်စေ၊ နေ့လယ်ပိုင်းမှာ
ရေခဲသေတ္တာထဲ အအေးခံပြီးဖြစ်စေ သောက်လို့ရပါတယ်။

သတိပြုရမှာကတော့ သကြားတွေ အများကြီးမထည့်ဘဲ သူ့ရဲ့ သဘာဝ

ရနံ့အတိုင်းဆိုရင် အကျိုးကျေးဇူးကို အပြည့်အဝရမှာပါ။ တစ်ခွက်လောက် သောက်ကြည့်ဖူးရင် စွဲသွားမှာပါ။

အိမ်မှာ ဆွမ်းမွှေးရွက်ရှိတဲ့သူတွေကတော့ တော်တော်ကံကောင်းတဲ့
သူတွေပါပဲ။

#ကျမ်းမာလို့ပျော်ရွင်ကြပါစေရှင့်😍။

ကိုယ့်ရဲ့မိတ်ဆွေများလဲသိရှိစေရန်ရှဲပေးခြင်းဖြင့်ကူညီပေးကြပါရှင့်။

Page လေးကို Follow မလုပ်ရေသးရင်Follow လုပ်သွားပေးဖို့
တောင်းဆိုပါရစေရှင့်🙏🙏🙏


#ဗဟုသုတ
#ကျန်းမာရေး

28/09/2025
 #သရက်သီးအုန်းနို့ကောက်ညှင်းထိုင်းမှာ နာမည်ကြီး အချိုပွဲတစ်ခုဖြစ်တဲ့ ကောက်ညှင်းအုန်းနို့ချက်နဲ့ သရက်သီး( ထိုင်းလိုတော့ က...
26/09/2025

#သရက်သီးအုန်းနို့ကောက်ညှင်း

ထိုင်းမှာ နာမည်ကြီး အချိုပွဲတစ်ခုဖြစ်တဲ့ ကောက်ညှင်းအုန်းနို့ချက်နဲ့
သရက်သီး

( ထိုင်းလိုတော့ ကောက်နီယို မက်မွမ်း လို့ခေါ်ပါတယ်)

အချိုပွဲအနေနဲ့ စားသုံးလို့ရအောင် အုန်းနို့သရက်သီး ကောက်ညှင်း
လေးကို တင်ဆက်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

သရက်သီး - ၁ လုံး
ကောက်ညှင်း - ၁၅၀ ဂရမ်
အုန်းနို့ - ၄ဝဝ မီလီလီတာ
သကြား - ၃၀ ဂရမ်
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။ ဦးစွာ ပထမဆုံး ကောက်ညှင်းလေးကို ရေ ၃ နာရီခန့် စိမ်ထားပေးပါ။

ပြီးလျှင် အဝတ်စအဖြူလေးထဲ ထည့်ပြီး ပေါင်းအိုးထဲမှာ ၄၅ မိနစ်ခန့်
ပေါင်းလိုက်ပါ။

၂။ ဒုတိယအဆင့်အနေနဲ့ အိုးတစ်လုံးထဲကို အုန်းနို့၊ သကြား၊ ဆားလေး
တွေ ထည့်ပြီး မီးအေးအေးနဲ့ ခဏလောက်တည်ပြီး အအေးခံထားပေးပါ။

၃။ကောက်ညှင်းပေါင်းအိုးကျခါနီး အုန်းနို့ကို နဲနဲပြန်နွှေး ပါ..။

၄။ သရက်သီးလေးကို အခွံခွာပြီး အတုံးလေးတွေ လှီးထားပါ။

အကုန်လုံး အဆင်သင့် ဖြစ်ပြီဆိုရင်တော့ ပန်းကန်တစ်ခုထဲကို

ကောက်ညှင်းထည့်၊ သရက်သီးထည့်၊ အုန်းနို့လေးထည့်ပြီး
သုံးဆောင်နိုင်ပါပြီ။

မှတ်ချက် ( ကောက်ညှင်းပေါင်းပေါ် အုန်းနို့လောင်းတဲ့အခါ .. အုန်းနို့

ရော ကောက်ညှင်းပါ ပူနေဖို့လိုပါတယ် ဒါမှအုန်းနို့ကကောက်ညှင်းထဲကို
စိမ့်ဝင်သွားမှာပါ )

ဟင်းချက်နည်းကောင်းများလေ့လာရန် Page ကို Like share and
follow လုပ်ထားပေးကြအုံးနော် နောက်လည်း အစားသောက်နဲ့ပတ်သက်တဲ့ ဟင်းချက်နည်းလမ်းတွေတင်ပေးပါမယ်...





 #ရန်ကုန်မုန့်ဟင်းခါး ချက်နည်း......။မုန့်ဖက်တစ်ပိသာအတွက်ပါဝင်ပစ္စည်းများ .........  ငါးခူ ၃၀ သား  ငါးဖယ် ၁၀ သား  ဘဲဥ ၁ဝ...
26/09/2025

#ရန်ကုန်မုန့်ဟင်းခါး ချက်နည်း......။
မုန့်ဖက်တစ်ပိသာအတွက်
ပါဝင်ပစ္စည်းများ .........
ငါးခူ ၃၀ သား
ငါးဖယ် ၁၀ သား
ဘဲဥ ၁ဝ လုံး
ကုလားပဲခြမ်း ၁၀ သား
မြေပဲ ၅ ကျပ်သား
ဆန်အကျက်မှုန့် ၁၀ သား
စပါးလင် ၃ ပင်
ဂျင်း လက် ၃ လုံး (၂ ကျပ်ခွဲ)
ကြက်သွန်ဖြူ ၄ မွှာ
ကြက်သွန်နီ (ကြီး) ၇ လုံး
ကြက်သွန်နီ (သေး) ၁ဝ လုံးနှင့် ငရုတ်ပုထောင်း အနည်းငယ် နနွင်း၊ ရုတ်ကောင်း
အချိုမှုန် ၁ ဇွန်း (သုံးလျှင်ကြိုက်သလောက်)
ငံပြာရည် လိုသလောက်
ထန်းလျှက် ၃ ခဲ၊ ငှက်ပျောအူ ၁ တုံး

ပြုလုပ်နည်း ...........
ငါးခူကို ရေဆေး ဆားကြမ်း မန်းကျည်းသီးနှင့်ဆေးထားပါ။

စပါးလင် ထိပ်ကို ဖြတ်၍ စည်းပြီး နနွင်း ငံပြာရည် တို့ဖြင့် ငးခူကို
ထည့်၍ ပြုတ်ပြီး အရိုးနွင် ထားပါ။

အရိုးကို ထောင်းပြီး ဇကာခံကာ ရေနှင့်ဆေးချထားပါ။

ကုလားပဲကို နနွင်း၊ ဆား အနည်းငယ်စီနှင့်နူးသည်အထိပြုတ်ပြီး
ခြေထားပါ။

ကြက်သွန်နီ ပါးပါးလှီးထားပါ။
ကြက်သွန်ဖြူ ဂျင်း စပါးလင် တို့ကို ထောင်းထားပါ။

ငှက်ပျောအူကို လှီး၍ ရေ၊ နနွင်း ရောထားသော ဇလုံ တစ်ခု ထဲသို့
လှီးချပါ။

ဆီသတ်ရန် ဆီထည့်ပါ။
ငါးဖယ်ကို ပြား၍ ကြော်ထားပါ။

ကျန်သော ဆီထဲသို့ နနွင်းထည့်ပြီး ကြက်သွန်နီကို ကြော်ပြီး ဘေး၌ ခဏ
ကပ်ပြီး ဆယ်ထားပါ။

ကြက်သွန်ဖြူ ထည့်ပါ။ ဂျင်းထည့်ပါ။ စပါးလင်ထည့်ပါ။

ရွှေအို ရောင် သန်းလာလျှင်ငရုတ်ပုထောင်းထည့်၍ ခဏမွှေပြီး
ငါးထည့် ပါ။

ငံပြာရည်၊ (အချိုမှုန့်) ထည့်၍ မွှေးလာပြီး အနည်းငယ် ခြောက် သည်
အထိ ဆီသတ်ပါ။

ကြက်သွန်ဥနီ အသေးကို ခွာထားပါ။
ဘဲဥကို ပြုတ်ထားပါ။

ငါးပြုတ်ရည်အိုးကို ရေထပ်ထည့်၍ ဆူအောင် တည်ပါ။
ပွက်ပွက် ဆူလာလျှင် ခြေထားသော ပဲထည့်၍ ၁ဝ မိနစ်ခန့်ထားပါ။

ဆန်အကျက်မှုန့် ရေဖျော်ထည့်ပါ။
ဆန်မှုန့်အနံ့ပျောက်အောင်ထားပါ။

နောက်ထပ် ၁ဝ မိနစ်ခန့်ထားပါ။
မြေပဲထောင်း ထားတာ ထည့်ပါ။

၁ဝ မိနစ်ခန့် ထပ်ထားပြီလျှင် ဆီသတ်ထားသော ငါးထည့်ပါ။
ငါးဖယ်ကို တုံး၍ ထည့်ပါ။

ဆူလာလျှင် ငှက်ပျောအူ ကြက်သွန်ဥ ထည့်ပြီးမွှေပါ။
အဖုံးမအုပ်ပဲ ထားပါ။

(ငှက်ပျောအူများ မဲတတ်သည်။) ဘဲဥ လှီးထည့်ပါ။
အိုးဘဲဥအတွက် အလုံးလိုက်လဲထည့်ပါ။

ထန်းလျှက်ခဲထည့်ပါ။

ငံပြာရည်၊ အချိုမှုန့် ထည့်၍ အရသာ အနေတော် ဖြစ်အောင်ပြင်ပါ။

ပြီးရင် ငရုတ်ကောင်းထည့်ပါ။
ဒါဆို ရန်ကုန်မုန့်ဟင်းခါး စာစလို့ရပါပြီရှင့်.......။



#ရန်ကုန်မုန့်ဟင်းခါးချက်နည်း
#ဟင်းချက်နည်း
#ဟင်းချက်နည်းများ

ที่อยู่

Bang Bon Street
Bangkok
10150

เบอร์โทรศัพท์

+66886357180

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Food Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์