Food Myanmar Food Myanmar Magazine.

"လုပ်ရတာ တကယ်လွယ်ပြီး တစ်ညတည်းနဲ့ ထိရောက်တဲ့ နည်းလမ်းကောင်းလေးပါ။ နာတာရှည်ချောင်းဆိုးတာ၊ ရင်ကျပ်ပြီး သလိပ်ကပ်တာ၊ ချောင်း...
11/07/2026

"လုပ်ရတာ တကယ်လွယ်ပြီး တစ်ညတည်းနဲ့ ထိရောက်တဲ့ နည်းလမ်းကောင်းလေးပါ။ နာတာရှည်ချောင်းဆိုးတာ၊ ရင်ကျပ်ပြီး သလိပ်ကပ်တာ၊ ချောင်းခြောက်ဆိုးလို့ အာခေါင်တွေ နာတာတွေကို ဆေးသောက်စရာမလိုဘဲ အိမ်တွင်းက ပစ္စည်းလေးတွေနဲ့တင် သက်သာပျောက်ကင်းစေမယ့် ရိုးရာဆေးနည်းကောင်းလေးတစ်ခု ရှိပါတယ်။
ပြုလုပ်ပုံအဆင့်ဆင့် -
• ကြက်သွန်နီ ကို ပါးပါးလှီးပြီး ပျားရည်နဲ့ ရောစပ်လိုက်ပါ။
• ပြီးလျှင် တစ်ည (၁ ည) အိပ် နှပ်ထားပေးပါ။
သောက်သုံးရန် -
• ရလာတဲ့ အရည်ကို တစ်ခါသောက်လျှင် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှုန်းဖြင့် ခဏခဏ စုပ်ပြီး သောက်ပေးပါ။
• သို့မဟုတ် ရေနွေးနွေးလေးနဲ့ ရောပြီးတော့လည်း ဖြည်းဖြည်းချင်း သောက်ပေးလို့ရပါတယ်။
• ပိုပြီး မြန်မြန်သက်သာချင်ရင်တော့ နှပ်ထားတဲ့ ကြက်သွန်နီဖတ်လေးတွေကိုပါ ဝါးစားပေးလို့ ရပါတယ်ဗျာ။"

​မှတ်ချက် - ဒီနည်းလမ်းက အသက်ရှူလမ်းကြောင်းကို ရှင်းလင်းစေပြီး ချောင်းဆိုးတာကို သိသိသာသာ သက်သာစေတဲ့အတွက် အိမ်မှာ စမ်းလုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

#အိမ်တွင်းဆေးမြီးတို #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးဗဟုသုတများ #ဆေးနည်း #ကျန်းမာရေး #ဗဟုသုတ #ကျန်းမာရေးဗဟုသုတရကြပါစေ
#နာတာရှည်ချောင်းဆိုး #ကျန်းမာရေး

တစ်ခါက အဘွားပြောဖူးတာ မှတ်မိတာပေါ့...အဆစ်အမြစ်ရောင်ရမ်းတာ ဒါမှမဟုတ် ဒူးနာကျင်တာမျိုးတွေဆိုရင် အဘွားက ဆေးတွေ ချက်ချင်းမသု...
09/07/2026

တစ်ခါက အဘွားပြောဖူးတာ မှတ်မိတာပေါ့...
အဆစ်အမြစ်ရောင်ရမ်းတာ ဒါမှမဟုတ် ဒူးနာကျင်တာမျိုးတွေဆိုရင် အဘွားက ဆေးတွေ ချက်ချင်းမသုံးဘဲ မီးဖိုချောင်ထဲက ဂျင်းအစိုကို အမြဲအသုံးပြုလေ့ရှိတယ်။

အဘွားပြောတာကတော့ ဂျင်းရဲ့ ပူစပ်တဲ့အရသာက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေလို့ ရောင်ရမ်းတာတွေကို လျော့နည်းစေပြီး ကိုက်ခဲတာကို သက်သာစေတယ်တဲ့။ ဒီလို ရိုးရှင်းတဲ့ ကုထုံးလေးကို အဘွားက ကိုယ့်ကို သင်ပေးခဲ့တာပါ။

ဒါပေမဲ့ အသားအရေ ထိလွယ်ရှလွယ်တဲ့သူတွေအတွက် အပူဓာတ်ကို လျှော့ချတဲ့ လျှို့ဝှက်ချက်ကိုလည်း အဘွားက ပြောပြခဲ့သေးတယ်။

👵 အဘွားရဲ့ ဒူးပေါ် ဂျင်းအုံနည်း
ဒါကတော့ နာကျင်တဲ့ဒူးပေါ် ဂျင်းကို ဘယ်လိုအုံရမလဲဆိုတဲ့ အဘွားပြောပြတဲ့ နည်းလမ်းအတိုင်းပါပဲ။

၁။ ဂျင်းထောင်းပါ: ဂျင်းအစိုကို သန့်စင်အောင်ဆေးပြီး အကွင်းလိုက်လှီးကာ ညက်နေအောင် ထောင်းပါ။

၂။ လျှို့ဝှက်ချက် ထည့်ပါ: ထောင်းထားတဲ့အထဲကို ဆန်မှုန့် ဒါမှမဟုတ် ဂျုံမှုန့် အနည်းငယ် ထည့်ပါ။ (အဘွားပြောတာက ဒါက အပူဓာတ်ကို လျှော့ချပေးပြီး အုံတဲ့အခါ ပိုစေးကပ်နေစေဖို့ပါတဲ့။) အရေပြားကို ပိုစိုပြေချင်ရင်တော့ ပျားရည် ဒါမှမဟုတ် အုန်းဆီကိုလည်း ထည့်ရောနိုင်ပါတယ်။

၃။ သမအောင် မွှေပါ: အားလုံး တစ်သားတည်းဖြစ်သွားအောင် သမအောင် မွှေပေးပါ။

၄။ ဒူးပေါ် အုံပါ: ရလာတဲ့ အရောအနှောကို နာကျင်နေတဲ့ ဒူးနေရာပေါ် အုံပြီး ပါးလွှာတဲ့ အဝတ်စနဲ့ အုပ်ပေးပါ။

၅။ ဆေးကြောပါ: မိနစ် ၁၅-၂၀ လောက်ပဲ ထားပြီးရင် သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောပစ်ရပါမယ်။

အဘွားက တစ်ပတ်ကို ၂-၃ ကြိမ်လောက် လုပ်ပေးရင် ဒူးက ပိုပေါ့ပါးပြီး သက်သောင့်သက်သာ ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ဖူးတယ်။
⚠️ သတိထားဖို့ အချက်လေးတွေ
ကြာကြာမအုံရဘူး: ဂျင်းက အသားအရေကို ပူစပ်စေနိုင်တာကြောင့် သတိထားရမယ်။

အရင်စမ်းကြည့်ပါ: ပထမဆုံးအသုံးမပြုခင် ကိုယ့်အသားအရေနဲ့ အဆင်ပြေရဲ့လားဆိုတာ သိရအောင် လက်မောင်းအတွင်းဘက်မှာ အရင် စမ်းသပ်ကြည့်သင့်တယ်။

ဒါတွေကတော့ အဘွားပေးခဲ့တဲ့ မီးဖိုချောင်ထဲက ရိုးရှင်းတဲ့ ဉာဏ်ပညာပါပဲ။ တစ်ခါတလေကျတော့ ကိုယ်နဲ့နီးစပ်တဲ့အရာတွေက ကိုယ်ထင်ထားတာထက် ပိုပြီး အကူအညီပေးနိုင်တယ်နော်။

#အိမ်တွင်းဆေးမြီးတို #ဆေးနည်း #ကျန်းမာရေး #ဗဟုသုတ #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးဗဟုသုတများ #ကျန်းမာရေးဗဟုသုတရကြပါစေ
healthta

ဒီအကြောင်းလေးက တကယ်ကို ပြန်ပြောပြချင်လွန်းလို့ပါ။ အဆစ်အမြစ်ကိုက်တာ၊ ဒူးနာတာ၊ လက်ချောင်းလေးပတွေ နာတာ (အထူးသဖြင့် ဂေါက်ရော...
06/07/2026

ဒီအကြောင်းလေးက တကယ်ကို ပြန်ပြောပြချင်လွန်းလို့ပါ။ အဆစ်အမြစ်ကိုက်တာ၊ ဒူးနာတာ၊ လက်ချောင်းလေးပတွေ နာတာ (အထူးသဖြင့် ဂေါက်ရောဂါရှိသူတွေ) ဒီစာလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်ပေးပါ။

​ကျွန်တော့်အိမ်မှာA သုံးလာတာ ကြာပါပြီ။ အဘိုးနဲ့ အဘွားကိုယ်တိုင် လုပ်ပြခဲ့တာပါ။ တကယ်ကို ထိရောက်မှုရှိတယ်လို့ ပြောလို့ရပါတယ် 😌။ ရိုးရှင်းတဲ့ အိမ်တွင်းကုထုံးလေးဖြစ်ပေမဲ့ ဝေဒနာကို တော်တော်လေး သက်သာစေပါတယ်။
​ကျွန်တော်တို့က "ရဲယိုရွက်" ကို "ဆိုဒါ" နဲ့ ရောပြီး သုံးတာပါ။
စမ်းကြည့်လိုက်ရင် အေးမြပြီး သက်သောင့်သက်သာရှိတာကို ခံစားရပါလိမ့်မယ်။ ပူစပ်တာမျိုးလည်း မရှိပါဘူး။

​ပြင်ဆင်ရမည့်အရာများ...
• ​ရဲယိုရွက် အစိမ်း
• ​ဆိုဒါ (Soda water သောက်တဲ့ဆိုဒါ)

​ပြုလုပ်နည်း...
၁။ ​ရဲယိုရွက် (၄) ရွက်ကနေ (၅) ရွက်ခန့်ကို ညက်နေအောင် ထောင်းပါ။
၂။ ​ဆိုဒါရည် အနည်းငယ်ကို ပျစ်ပျစ်လေးဖြစ်အောင် ရောစပ်လိုက်ပါ။
၃။ ​ဒူးနာတဲ့နေရာ၊ အဆစ်အမြစ်နာတဲ့နေရာ ဒါမှမဟုတ် လက်ချောင်းဆစ်လေးတွေ နာကျင်တဲ့နေရာတွေပေါ်မှာ အုံပေးရုံပါပဲ။

​အသုံးပြုပုံ
• တစ်ခါအုံရင် ​၁၅ မိနစ် ကနေ မိနစ် ၂၀ ခန့် အုံထားပေးပါ။
• ​တစ်နေ့ကို ၂ ကြိမ် ကနေ ၃ ကြိမ်ခန့် လုပ်ပေးနိုင်ပါတယ်။
• ​အုံထားတဲ့အချိန်မှာ အေးအေးလေးနဲ့ ချက်ချင်း သက်သာသလို ခံစားရပါလိမ့်မယ် ❄️။

​တစ်ပတ်လောက် ဆက်တိုက်လုပ်ပေးမယ်ဆိုရင်တော့ တောက်တင်းတာ၊ ကိုက်ခဲတာတွေ သိသိသာသာ သက်သာသွားပါလိမ့်မယ်။ ကျွန်တော့်အဘိုးနဲ့ အဘွားဆိုရင် ဒါလေးလုပ်ပြီး လမ်းလျှောက်ရတာ ပိုသွက်လာလို့ ပြန်လည်မျှဝေပေးလိုက်တာပါ 🤍။
​အိမ်နားမှာ ရဲယိုပင်ရှိရင် စမ်းကြည့်လို့ရပါတယ်။ သဘာဝနည်းလမ်းအတိုင်း ကုသချင်သူတွေအတွက် ရွေးချယ်စရာ နည်းလမ်းကောင်းတစ်ခုပါပဲ 🌱။

#အိမ်တွင်းဆေးမြီးတို #ကျန်းမာရေးဗဟုသုတများ #ကျန်းမာရေးဗဟုသုတ #ဆေးနည်း
#ကျန်းမာရေးဗဟုသုတရကြပါစေ

မျက်မှန်ချွတ်ထားလိုက်တော့... ရှားစောင်းလက်ပတ်ရဲ့ အံ့မခန်းစွမ်းအား... 🌵ငွေကုန်ကြေးကျ သက်သာပြီး... မျက်စိနဲ့ နားဝေဒနာရှင်တ...
06/07/2026

မျက်မှန်ချွတ်ထားလိုက်တော့...
ရှားစောင်းလက်ပတ်ရဲ့ အံ့မခန်းစွမ်းအား... 🌵
ငွေကုန်ကြေးကျ သက်သာပြီး...
မျက်စိနဲ့ နားဝေဒနာရှင်တွေအတွက် တကယ့်ကို ထိရောက်တဲ့ သဘာဝဆေးနည်းကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်ဗျာ။

အဘိုးကိုယ်တိုင် လက်တွေ့အသုံးချပြီး မျက်စိဝေဒနာတွေ ယူပစ်သလို ပျောက်ကင်းသွားတဲ့ ရှားစောင်းလက်ပတ် ရဲ့ အံ့မခန်းအစွမ်းတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်!

👁️ မျက်စိမှုန်၊ မျက်စိတိမ်အတွက် ထိရောက်တဲ့ဆေးနည်း
မျက်စိခွဲစိ"တ်ဖို့ ပြင်ဆင်နေရသူတွေ၊ အတွင်းတိမ်ရှိသူတွေနဲ့ မျက်မှန်အမြဲတပ်နေရသူတွေအတွက် အလွန်ထူးခြားတဲ့ နည်းလမ်းပါ။
• ပြုလုပ်ပုံ - ရှားစောင်းလက်ပတ်ကို ဘေးဆူးတွေခြစ်၊ သန့်စင်အောင်ဆေးပြီး ထက်ခြမ်းခြမ်းလိုက်ပါ။ အတွင်းက အနှစ် (ဂျယ်လ်သား) လေးတွေကို မျက်လုံးပေါ်မှာ မိနစ် (၂၀) ကနေ နာရီဝက်ခန့်အထိ မှိန်းပြီး ကပ်ပေးထားရုံပါပဲ။
• မနက် (၁) ကြိမ်၊ ညအိပ်ရာဝင်ခါနီး (၁) ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် မျက်စိမှုန်တာတွေ သိသိသာသာကြည်လင်လာပြီး မျက်စိတိမ်တွေကို သက်သာပျောက်ကင်းစေပါတယ်။

👂 နားကို"က်၊ နားအူသူများအတွက်
နားထဲမှာ အူနေတာပဲဖြစ်ဖြစ်၊ နားကို"က်လို့ ခံစားနေရရင်လည်း ရှားစောင်းလက်ပတ်အနှစ်လေးကို နားထဲ အသာအယာ ထည့်ပေးထားခြင်းဖြင့် အေးမြတဲ့အာနိသင်ကိုရရှိစေပြီး ဝေဒနာတွေကို အမြန်ဆုံး သက်သာစေမှာပါ။

မှတ်ချက် - သဘာဝဆေးဖက်ဝင်အပင်ဖြစ်လို့ ဘေးထွက်ဆိုးကျိုးမရှိဘဲ လူတိုင်းလက်တွေ့ စမ်းသပ်ကြည့်နိုင်တဲ့ နည်းလမ်းကောင်းလေး ဖြစ်ပါတယ်။

#ဆေးနည်း #ကျန်းမာရေး #ဗဟုသုတ #ကျန်းမာရေးဗဟုသုတများ #ကျန်းမာရေးဗဟုသုတ #အိမ်တွင်းဆေးမြီးတို #ကျန်းမာရေးဗဟုသုတရကြပါစေ

ခန္ဓာကိုယ်က အလွယ်တကူ နုံးခွေပင်ပန်းနေသလိုမျိုး၊ လန်းလန်းဆန်းဆန်းမရှိဘူးလို့ ခံစားနေရတဲ့သူတွေ၊ ဒါမှမဟုတ် ရှေးလူကြီးတွေ ရှ...
05/07/2026

ခန္ဓာကိုယ်က အလွယ်တကူ နုံးခွေပင်ပန်းနေသလိုမျိုး၊ လန်းလန်းဆန်းဆန်းမရှိဘူးလို့ ခံစားနေရတဲ့သူတွေ၊ ဒါမှမဟုတ် ရှေးလူကြီးတွေ ရှေးယခင်ကတည်းက သုံးစွဲလာခဲ့ကြတဲ့ အိမ်သုံးတိုင်းရင်းဆေ:ဘက်ဝင်အပင်တွေအကြောင်း သိချင်ကြတဲ့သူတွေ ရှိပါသလားခင်ဗျာ
++++++++++++++
ဒီနေ့မှာတော့... လူအများစု နေ့တိုင်း ဘေးကနေဖြတ်လျှောက်သွားတတ်ကြပေမယ့် တန်ဖိုးရှိမှန်း သတိမထားမိကြတဲ့ "တောဇီဖြူပင်" ဆိုတဲ့ အပင်ငယ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။
တောဇီဖြူပင်ဟာ ထူးခြားတဲ့လက္ခဏာရှိပြီး အရွက်ညှာအောက်မှာ အသီးလုံးလေးတွေ စီတန်းနေတာကြောင့် ဒီလိုအမည်တွင်ရခြင်း ဖြစ်ပါတယ်။ ရှေးလူကြီးတွေဟာ အပင်တစ်ပင်လုံးကို နှုတ်ယူ၊ သန့်စင်ပြီး တိုင်းရင်းဆေ:ရည်အဖြစ် ကျိုချက်သောက်သုံးလေ့ရှိကြပါတယ်။ ဘာကြောင့်လဲဆိုတော့... ခန္ဓာကိုယ်တွင်း စနစ်တွေကို မျှတစေတယ်၊ လန်းဆန်းမှုကို ပေးစွမ်းနိုင်တယ်၊ ပြီးတော့ ခန္ဓာကိုယ်အတွင်းပိုင်းကနေ ကျန်းမာရေးကို ပြုစုပျိုးထောင်ပေးနိုင်တယ်လို့ ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ်။

ပထမနည်းလမ်းကတော့... သန့်စင်အောင် ဆေ:ကြောထားတဲ့ တောဇီဖြူ အပင်စိမ်းကို ရေနဲ့ကျိုချက်ပြီး နွေးနွေးလေး သောက်သုံးတဲ့ နည်းလမ်းဖြစ်ပါတယ်။
ဒုတိယနည်းလမ်းကတော့... တောဇီဖြူ အပင်ကို ခြောက်အောင်လှန်းပြီး ဆေ:ဘက်ဝင်လက်ဖက်ရည်လိုမျိုး ခတ်ပြီး တစ်နေ့တာလုံး တစ်ငုံချင်း သောက်သုံးတဲ့ နည်းလမ်းဖြစ်ပါတယ်။
တတိယနည်းလမ်းကတော့... ဒေသတစ်ခုချင်းစီရဲ့ ရိုးရာဆန်းစစ်ချက်တွေအရ တခြားအိမ်သုံး တိုင်းရင်းဆေ:ဘက်ဝင်အပင်တွေနဲ့ တွဲဖက်ပြီး ရောနှောကျိုချက်သောက်သုံးတဲ့ နည်းလမ်းဖြစ်ပါတယ်။

လူအများစု သိပ်မသိကြတဲ့ လျှို့ဝှက်ချက်ကတော့ တောဇီဖြူပင်ဟာ များသောအားဖြင့် မိုးရွာပြီးနောက်ပိုင်း သဘာဝအလျောက် အလေ့ကျပေါက်တတ်ပြီး ခြံဝင်းထဲ၊ မြက်ခင်းပြင် ဒါမှမဟုတ် စိုစွတ်တဲ့ နေရာတွေမှာ တွေ့ရတတ်ပါတယ်။ သာမန်ပေါင်းပင်တစ်ပင်လို ထင်ရပေမယ့် ရှေးလူကြီးတွေကတော့ ဒါကို ကောင်းကောင်းအသုံးချပြီး တွင်တွင်ကျယ်ကျယ် ဆေ:ဖော်စပ်ခဲ့ကြပါတယ်။
လူအများစု မျက်ကွယ်ပြုထားတဲ့ ဒီအပင်ငယ်လေးကို ရှေးလူကြီးတွေကတော့ တန်ဖိုးထားပြီး အိမ်သုံးဆေ:ဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်ကို ပြုစုစောင့်ရှောက်ပေးနိုင်တယ်လို့ ယုံကြည်ကြတဲ့အပြင်၊ ဒါဟာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့ကြတဲ့ ရှေးရိုးရာဗဟုသုတ ပညာရပ်တစ်ခုလည်း ဖြစ်လို့ပါပဲ ခင်ဗျာ။

သတိပြုရန်ချက် - အကယ်၍ တောဇီဖြူပင်ကို သဘာဝအတိုင်း အလေ့ကျပေါက်တဲ့နေရာကနေ ခူးဆွတ်မယ်ဆိုရင် ဓာတုဗေဒပစ္စည်းတွေ ကင်းစင်ပြီး သန့်ရှင်းတဲ့နေရာကို ရွေးချယ်သင့်ကာ၊ မသုံးစွဲမီ အချိန်တိုင်းမှာ စင်ကြယ်အောင် စနစ်တကျ ဆေ:ကြောရပါမယ် ခင်ဗျာ။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

+++++++++++
လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်
🙏🙏🙏

#အိမ်တွင်းဆေးမြီးတို #ကျန်းမာရေးဗဟုသုတ #ဆေးနည်း #ကျန်းမာရေး #ဗဟုသုတ #ကျန်းမာရေးဗဟုသုတရကြပါစေ

#

မနက် အိပ်ရာကထတဲ့အခါ ခေါင်းမူး မျက်စိပြာသွားတာ…ခန္ဓာကိုယ်က တစ်ခုခုကို သတိပေးနေတာလား...?  လူတော်တော်များများ ကြုံဖူးကြမှာပ...
05/07/2026

မနက် အိပ်ရာကထတဲ့အခါ ခေါင်းမူး မျက်စိပြာသွားတာ…
ခန္ဓာကိုယ်က တစ်ခုခုကို သတိပေးနေတာလား...?
လူတော်တော်များများ ကြုံဖူးကြမှာပါ…
မနက်နိုးလို့ အိပ်ရာကနေ ဝုန်းခနဲ ထလိုက်တဲ့အခါ
ရုတ်တရက် အမူးလွန်ပြီး အိမ်ကြီးချာချာလည်သလို၊ မျက်စိတွေပြာကနဲ ဖြစ်သွားလို့
မလဲကျအောင် ကုတင်စောင်း ဒါမှမဟုတ် နံရံကို အမြန်လှမ်းကိုင်လိုက်ရတာမျိုး။
အများစုကတော့ “ဘာမှမဖြစ်ပါဘူး၊ ခဏနေရင် သက်သာသွားမှာပါ” ဆိုပြီး ပေါ့ပေါ့ဆဆပဲ တွေးတတ်ကြပါတယ်။
ဒါပေမဲ့ တကယ်တော့…
မတ်တတ်ရပ်လိုက်တဲ့အချိန်မှာ မျက်စိပြာ ခေါင်းမူးသွားတာဟာ ဦးနှောက်ဆီကို သွေ:ယာယီ ရောက်ရှိမှု နောက်ကျသွားတာကြောင့် ဖြစ်ပါတယ်။
အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ - ရေဓာတ် အားနည်းခြင်း (ရေသောက်နည်းခြင်း)
အိပ်ရေးမဝခြင်း၊ အနားယူမှု မလုံလောက်ခြင်း
သွေ:ပေါင်ကျခြင်း
သွေ:တွင်းသကြားဓာတ် လျော့နည်းခြင်း
သောက်နေကျ ဆေ:ဝါးအချို့ရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ခြင်း
သွေ:လှည့်ပတ်မှုစနစ် ပုံမှန်အလုပ်မလုပ်ခြင်း

အကယ်၍ အခုလို မူးဝေတာအပြင် အောက်ပါလက္ခဏာတွေပါ တွဲဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ် -
သတိလစ် မေ့မြောသွားခြင်း
ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း
အသက်ရှူရခက်ပြီး မောဟိုက်ခြင်း
ခြေလက်တွေ အားအင်ချည့်နဲ့သွားခြင်း
မကြာခဏဆိုသလို ပိုပြီးတော့ မူးဝေလာခြင်း

ဒီလိုမဖြစ်အောင် ကာကွယ်နိုင်မယ့် ရိုးရှင်းတဲ့ နည်းလမ်းများ -
အိပ်ရာကထရင် ချက်ချင်းမတ်တတ်မရပ်ပါနဲ့၊ ထိုင်လျက်အနေအထားနဲ့ စက္ကန့် ၃၀ ခန့် အရင်နားပြီးမှ ထပါ။
ရေကို လုံလုံလောက်လောက် သောက်ပေးပါ။
အစာ အငတ်မခံပါနဲ့ (အစာကို အချိန်မှန်စားပါ)။
ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးပါ။
နှစ်စဉ် ကျန်းမာရေး ပုံမှန်စစ်ဆေ:ပါ။
တစ်ခါတရံ “စက္ကန့်ပိုင်းမျှ မျက်စိပြာ ခေါင်းမူးသွားခြင်း” ဆိုတာ
သင့်ကျန်းမာရေးအတွက် ခန္ဓာကိုယ်က ကြိုတင်သတိပေးနေတဲ့ အချက်ပြလက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

အိပ်ရာကထတဲ့အခါ အခုလိုမျိုး ခေါင်းမူးမျက်စိပြာဖူးတဲ့သူတွေ ရှိလားရှင်?
မနက်ခင်းမှာ ဖြစ်တာလား၊ ဒါမှမဟုတ် နေ့ခင်းဘက်မှာ ဖြစ်တာလား?
ဒီလိုမျိုး ခံစားဖူးတယ်ဆိုရင် ကွန်မန့်မှာ “ဖြစ်ဖူးတယ်” လို့ ရေးပေးခဲ့ပါဦးနော်
ပြီးတော့ အိပ်ရာကနေ ဝုန်းခနဲ ထတတ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီကိုလည်း ဒီပိုစ့်လေး မျှဝေ (Share) ပေးလိုက်ပါဦး။ မတော်တဆ ချော်လဲတာနဲ့ ဘေးအန္တရာယ်တွေကို ကြိုတင်ကာကွယ်ပေးနိုင်လို့ပါရှင်။

#အိမ်တွင်းဆေးမြီးတို #ဆေးနည်း #ဗဟုသုတ #ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးဗဟုသုတများ #ကျန်းမာရေးဗဟုသုတရကြပါစေ

#

မျက်စိမှုန်လာလို့၊ ဝါးလာလို့၊ သဲသဲကွဲကွဲ မမြင်ရလို့ မျက်မှန် မတပ်ချင်ဘူးဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်လိုက်ပါဦး။ မျက်...
05/07/2026

မျက်စိမှုန်လာလို့၊ ဝါးလာလို့၊ သဲသဲကွဲကွဲ မမြင်ရလို့ မျက်မှန် မတပ်ချင်ဘူးဆိုရင် ဒီနည်းလမ်းလေးကို စမ်းကြည့်လိုက်ပါဦး။ မျက်မှန်တပ်စရာမလိုဘဲ မျက်စိကို ကြည်လင်တောက်ပသွားစေမှာပါ။ မျက်မှန်တပ်ရတာ ရှုပ်ယှက်ခတ်နေလို့ စိတ်ညစ်နေပြီလား? ဖုန်း၊ စခရင်တွေကို အကြာကြီးစိုက်ကြည့်လို့ မျက်စိညောင်းတာ၊ မျက်စိမှုန်တာ၊ မျက်စိစပ်တာ၊ မျက်ရည်ကျတာအပြင် နောက်ဆက်တွဲအနေနဲ့ ခေါင်းပါကိုက်လာရင်တော့ အောက်ပါအတိုင်း လုပ်ဆောင်ကြည့်ပါနော်။

🌿 နည်းလမ်း (၁)
ပိုးစာရွက် (Mulberry leaves) ၅ ရွက်မှ ၇ ရွက်ခန့်ကို ရေ ၁ လီတာဖြင့် ဆူအောင်ပြုတ်ပါ။ ထိုပိုးစာရွက်ပြုတ်ရည်ထဲသို့ သံပရာရည်အနည်းငယ်ညှစ်ထည့်ပြီး နံနက်နှင့် ညနေ အစားမစားမီ တစ်ကြိမ်လျှင် တစ်ဖန်ခွက်စီ သောက်သုံးပေးပါ။

🌿 နည်းလမ်း (၂)
ကြက်ဥ ၂ လုံးကို (သန့်စင်အောင် ဆေးကြောထားပါ)၊ ပိုးစာရွက် ၅ ရွက်မှ ၇ ရွက်နှင့် ရေသန့်တို့ကို ပြင်ဆင်ပါ။ ပထမဦးစွာ ပိုးစာရွက်ကို အနံ့မွှေးလာသည်အထိ ရေနဲ့ပြုတ်ပေးပါ။ ထို့နောက် ကြက်ဥများကို ထည့်ပြီး အတူတူ ဆက်ပြုတ်ပါ။ ကြက်ဥကျက်သွားပါက ပိုးစာရွက်နံ့သင်းသင်းလေးနှင့် စားချင်စဖွယ် ပိုးစာရွက်ကြက်ဥပြုတ်ကို ရရှိပါလိမ့်မည်။ ထိုကြက်ဥပြုတ်ကို နံနက်တွင် ၁ လုံး၊ နေ့လယ်တွင် ၁ လုံးဖြင့် ၂ ရက်ဆက်တိုက် စားသုံးပေးရုံရုံဖြင့် မျက်စိ ပိုမိုလင်းပွင့်လာပြီး အမြင်အာရုံ သိသိသာသာ ပိုမိုကြည်လင်ပြတ်သားလာသည်ကို ခံစားရပါလိမ့်မည်။ လိုက်လုပ်ကြည့်ကြပါဦးနော်...။

#အိမ်တွင်းဆေးမြီးတို #ဆေးနည်း #ကျန်းမာရေး #ဗဟုသုတ #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးဗဟုသုတများ #ကျန်းမာရေးဗဟုသုတရကြပါစေ

🔆 ဆီးချို ဖြစ်တာနှစ် ၂၀ ရှိပြီဖြစ်တဲ့ သူအမေ ပျောက်ကင်းသွားတဲ့အတွက် ဆေးနည်းဒါနပြုတာပါ။ဤဆေးနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတ...
05/07/2026

🔆 ဆီးချို ဖြစ်တာနှစ် ၂၀ ရှိပြီဖြစ်တဲ့ သူအမေ ပျောက်ကင်းသွားတဲ့အတွက် ဆေးနည်းဒါနပြုတာပါ။
ဤဆေးနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုအပ်သော ပစ္စည်းမှာ ရဲယိုရွက် နှင့် ဥသျှစ်သီး ပါ။
​” ပြုလုပ်ပုံ ”
ရဲယိုရွက် ၉ ရွက် နှင့် ဥသျှစ်သီး ၂ လုံးကို ရေနှင့်ပွက်ပွက်ဆူအောင် ကျိုပါ။
ရေ ၆ ပုလင်း သို့ ၁၀ ပုလင်းခန့်နှင့် ထည့်ကျိုပါ။
ပွက်ပွက်ဆူပြီး အရောင်ရင့်ရင့် ပယင်းရောင်ဖြစ်လျှင် ရပါပြီ။ တစ်ရက်လျှင် လက်ဖက်ရည်သောက်ခွက် ၂ ခွက်ခန့် သောက်ပါ။
မနက်တစ်ခွက်၊ ညတစ်ခွက် သောက်ရပါမယ်။ သူအမေ ပျောက်သွားတဲ့အတွက် ဆေးနည်းဒါနပြုတာပါ။
ဥသျှစ်သီးကို အစိုဖြစ်စေ၊ အခြောက်ဖြစ်စေ သုံးစွဲနိုင်ပါသည်။ ဆီးချိုအတွက် သောက်သုံးရန် ဖြစ်ပါတယ်။
​ပိုစ့်တင်သူရဲ့ မိခင် နှစ် ၂၀ ကျော် ဆီးချိုရောဂါ ဖြစ်နေတာကို ရဲယိုရွက်နဲ့ ဥသျှစ်သီးခြောက် နှစ်မျိုးကျိုချက်ပြီး မနက်တစ်ခွက်၊ ညအိပ်ရာဝင်တစ်ခွက် သောက်ရပါတယ်။
တစ်ခါချက်လျှင် ၃ ရက်၊ ၄ ရက်စာ ချက်ရပါတယ်။
ဥသျှစ်သီး နှင့် ရဲယိုရွက်ကို အစိုရရ၊ အခြောက်ရရ အာနိသင်ရှိတာ တူညီပါတယ်။ ပြန်လည်မျှဝေအပ်ပါသည်။
​................................................
​အိမ်တွင်းဆေးမြီးတိုများ စုစည်းမှု
ဥသျှစ်သီး၏ ကျန်းမာရေးစွမ်းပကားကို ရှေးကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။
ဥသျှစ်သီးက မှည့်သွားတဲ့အခါ ဆေးဖက်ဝင်တန်ဖိုးက အလွန်မြင့်တက်သွားပါတယ်။
ဥသျှစ်သီးက အနံ့မွှေးပြီး အေးမြကာ ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။
​ဒါ့အပြင် ဗီတာမင်စီချို့တဲ့လို့ ဖြစ်တဲ့ရောဂါ (Scurvy) မဖြစ်အောင် ကာကွယ်ကုသရာမှာလည်း အသုံးဝင်ပါတယ်။
အစာအိမ်ကို သန်စွမ်းစေသလို အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်စေပါတယ်။
ဝမ်းမှန်မှန် သွားစေပါတယ်။
​ဥသျှစ်သီးမှည့်ဟာ အူလမ်းကြောင်းကို သန့်စင်ပေးတာကြောင့် အကောင်းဆုံး ဝမ်းပျော့ဆေးလို့ ခေါ်ကြပါတယ်။
အကောင်းဆုံးက ဥသျှစ်သီးအမှည့်ကို ထန်းလျက်နဲ့ ရောမွှေပြီး စားပေးရင် ဝမ်းချုပ်တာ ကင်းဝေးပြီး ဝမ်းမှန်မှန် သွားစေပါတယ်။
ဝမ်းကိုက်တာကို သက်သာစေပါတယ်။
​မမှည့်သေးတဲ့ ဥသျှစ်သီးကို ဝမ်းကိုက်တဲ့ ဝေဒနာတွေအတွက် သုံးရင် သက်သာတယ်လို့ တချို့ကဆိုပါတယ်။
အကောင်းဆုံးရလဒ်ကို ရရှိစေဖို့ ဥသျှစ်သီးခြောက် ဒါမှမဟုတ် ဥသျှစ်သီးအမှုန့်ကို သုံးသင့်ပါတယ်။
အစာအိမ်အနာကို သက်သာစေပါတယ်။ ဥသျှစ်ရွက်ကို အစာအိမ်အနာကုသဆေးအဖြစ် သုံးကြပါတယ်။
​အကြောင်းကတော့ ဥသျှစ်ရွက်တွေမှာ တန်နင်ဓာတ် ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး အစာအိမ်အနာကျက်အောင် ကူညီပေးလို့ပါ။ နားရောဂါဝေဒနာတွေကို သက်သာစေပါတယ်။ ဥသျှစ်ပင်ရဲ့ အမြစ်ကို နားရောဂါဝေဒနာတွေ ကုသရေးအတွက် အိမ်သုံးဆေးတစ်လက်အဖြစ် အသုံးပြုကြပါတယ်။
​အထူးသဖြင့် ဥသျှစ်ပင်ရဲ့ အမြစ်ဟာ နားပိုးဝင်တာ၊ နားရောင်ရမ်းတာနဲ့ နားပြည်ယိုတာစတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။
အကြောင်းကတော့ တမာရွက်မှာ ပိုးသတ်အာနိသင်ရှိပြီး ဥသျှစ်ပင်အမြစ်ပိုင်းမှာ သွေးတိတ်စေတဲ့ အစွမ်းရှိလို့ပါ။
အသက်ရှူလမ်းကြောင်းရောဂါ ဝေဒနာတွေကို သက်သာစေပါတယ်။
​ဥသျှစ်ရွက်ကရလာတဲ့ အဆီကို ရှူပေးရင် မကြာခဏ အအေးမိတာ၊ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို ယာယီသက်သာစေပါတယ်။
ဥသျှစ်ရွက်အဆီကို နှမ်းဆီနဲ့ ဆတူရောပြီး နားထင်မှာ လိမ်းပြီး နှိပ်နယ်ပေးရင် ခေါင်းကိုက်တာကို သက်သာစေသလို အအေးမိဝေဒနာကိုလည်း လျော့ပါးစေပါတယ်။
ဥသျှစ်ရွက်ပြုတ်ရည်ထဲ ငရုတ်ကောင်းနည်းနည်းထည့်သောက်ရင် ချောင်းဆိုးတာနဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။
​အစာမကြေတာနဲ့ အူမကြီးပိုးဝင်မှုကို သက်သာစေပါတယ်။ ဥသျှစ်သီးဟာ အစာအိမ်နဲ့ အူမကြီး ပြဿနာတွေကို သက်သာစေတဲ့ အလွန်အစွမ်းထက် အိမ်သုံးဆေးတစ်လက် ဖြစ်ပါတယ်။
ဒါကြောင့် အစာမကြေတာနဲ့ အူမကြီးပိုးဝင်တာတွေလို ဝေဒနာတွေကို ကုသရာမှာ သုံးကြပါတယ်။
​"အားလုံးပဲ ဘေးဘယာတွေဝေးကွာပြီး ကျန်းမာပျော်ရွှင်ကြပါစေ....
သင်တို့အတွက် အကျိုးတစ်စုံတစ်ရာ ရှိမယ်ဆိုရင် များများမျှဝေပေးပါ...." 🙏

#ဆေးနည်း #ဗဟုသုတ #ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးဗဟုသုတများ #ကျန်းမာရေးဗဟုသုတရကြပါစေ


​ #ကျန်းမာရေး #အိမ်တွင်းဆေးမြီးတို #ဆီးချို #ရဲယိုရွက် #ဥသျှစ်သီး #ဗဟုသုတ

သမီးဖြစ်သူ ကျောင်းရှေ့မှာ လူမြင်ကွင်းထဲ မိမိရဲ့ ယာဉ်မောင်းယူနီဖောင်းကြီးနဲ့ သွားကြိုရင် သမီးလေး မျက်နှာငယ်မှာစိုးလို့ ကာ...
01/07/2026

သမီးဖြစ်သူ ကျောင်းရှေ့မှာ လူမြင်ကွင်းထဲ မိမိရဲ့ ယာဉ်မောင်းယူနီဖောင်းကြီးနဲ့ သွားကြိုရင် သမီးလေး မျက်နှာငယ်မှာစိုးလို့ ကားကို အဝေးမှာ ခိုးရပ်ပြီး စောင့်ရရှာတဲ့ ပို့ဆောင်ရေးယာဉ်မောင်း ဖခင်တစ်ဦး...။
ဒါပေမဲ့ သမီးဖြစ်သူဆီက ပြန်ကြားလိုက်ရတဲ့ စကားတစ်ခွန်းက ဖခင်ရဲ့ နှလုံးသားကို တစ်သက်လုံး နွေးထွေးသွားစေခဲ့ပါတယ်။ "သမီး လုံးဝမရှက်ဘူးဖေဖေ။ ဒါဟာ ရိုးသားတဲ့အလုပ်ပဲ။ ဒီယူနီဖောင်းကြီးဝတ်ပြီး သမီးကို စိတ်ကြိုက်လာကြိုပါ" သမီးဖြစ်သူဟာ သူမရဲ့ ဘွဲ့နှင်းသဘင်နေ့မှာတောင် ဖခင်ဖြစ်သူကို ဒီယာဉ်မောင်းယူနီဖောင်းကြီး ဝတ်ပြီး တက်ရောက်စေခဲ့ပါတယ်။ အကြောင်းရင်းကတော့ ဒီဝတ်စုံဟာ သူမရဲ့ အိပ်မက်တွေကို ပျိုးထောင်ပေးခဲ့တဲ့ ဖခင်ရဲ့ ပေးဆပ်မှု၊ မေတ္တာတရားနဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုနေလို့ပါပဲ။
"ရိုးသားတဲ့ လုပ်အားနဲ့ ရှာဖွေကျွေးမွေးတဲ့ ဘယ်အလုပ်မဆို ဂုဏ်ယူစရာသာဖြစ်ပြီး ရှက်စရာ လုံးဝမရှိပါဘူး"

ဒီရက်ပိုင်း မိုးက နေ့တိုင်းလိုလို ရွာနေတော့ ကျွန်မတို့အိမ်မှာ ခြင်တွေက တအားများပြီး မခံနိုင်အောင် ဖြစ်နေပြီ!!ဒါတင်မကသေးဘ...
01/07/2026

ဒီရက်ပိုင်း မိုးက နေ့တိုင်းလိုလို ရွာနေတော့ ကျွန်မတို့အိမ်မှာ ခြင်တွေက တအားများပြီး မခံနိုင်အောင် ဖြစ်နေပြီ!!
ဒါတင်မကသေးဘူး၊ ပုရွက်ဆိတ်၊ ယင်ကောင်၊ တောက်တဲ့၊ ယင်ဖြူ (fruit fly) တွေပါ အိမ်အပြည့် ပျံဝဲနေတယ် 🦟🐜🪰
ဘယ်သူတွေ ဒီလိုပဲ ဖြစ်နေကြလဲ!? စမ်းလုပ်ကြည့်လို့ တကယ်ထိရောက်တဲ့ အိမ်တွင်းနည်းလမ်းလေးတစ်ခုကို ကျွန်မ မျှဝေပေးချင်ပါတယ် 🌿

​✨ပြင်ဆင်ရမယ့် ပစ္စည်းတွေကလည်း အလွန်လွယ်ကူပါတယ်
• လေညှင်းပွင့်
• ​သံပရာသီး ၂-၃ လုံး 🍋

​ပြုလုပ်နည်းကလည်း အလွန်ရိုးရှင်းပါတယ်
​သံပရာသီးကို အရင်ဆုံး ပျော့သွားအောင် ဖိလှိမ့်ပေးပြီး အလယ်ကနေ ထက်ခြမ်းခြမ်းပါ။ ပြီးရင် လေညှင်းပွင့်လေးတွေကို သံပရာသီးအသားထဲ အနှံ့ ထိုးစိုက်လိုက်ပါ 🍈
ပြီးတာနဲ့ ခြင် ဒါမှမဟုတ် အင်းဆက်ပိုးမွှားတွေ များတဲ့ထောင့်နေရာတွေမှာ သွားထားလိုက်ပါ။ သံပရာသီးနဲ့ လေညှင်းပွင့်ရနံ့ပေါင်းစပ်မှုက တကယ်ကို အစွမ်းထက်ပါတယ်! ခြင်၊ ပုရွက်ဆိတ်၊ ယင်ကောင်တွေ လုံးဝအနားမကပ်ရဲကြဘူး။

​အိမ်မှာရှိတဲ့ လူတွေရော၊ အိမ်မွေးတိရစ္ဆာန်တွေပါ အန္တရာယ်ကင်းပါတယ် 🐶🐱
​အဆိပ်အတောက်ကို ကြောက်စရာမလိုပါဘူး။ ရနံ့လေးကလည်း သင်းသင်းလေးနဲ့ လန်းဆန်းစေပါတယ် 🌸

​ကျွန်မတော့ ဒီနည်းကို သုံးပြီးကတည်းက ခြင်တွေ အများကြီး လျော့သွားတယ်လို့ ခံစားရတယ်။ ခြင်ဆေးဖြန်းပြီး ရှုပ်ရှုပ်ယှက်ယှက် လုပ်စရာမလိုတော့ဘူး။

#ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ကျန်းမာရေးဗဟုသုတများ #ကျန်းမာရေးဗဟုသုတရကြပါစေ

ที่อยู่

Bang Bon Street
Bangkok
10150

เบอร์โทรศัพท์

+66886357180

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Food Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์