30/12/2023
*Hey Gen-Zers! ဆုံးအောင်ဖတ်ပါ ငါ့ကောင် တို့ရေ။
ညေးတို့ ငါ့ကောင်တို့ရေ ဒီလို သပွတ်အူ နိုင်ငံရေးမှာ အထူးသတိပြုရမယ့် စကားလုံးက "Monolithic" ပဲကွ။ နားလည်သလို ပြန်တော့"လူလုပ်နိုင်တဲ့ တစ်ခုတည်းရှိတဲ့အရာ (Monolithic)" ပေါ့၊ ငါတို့ တော်လှန်ရေးဖက်ကနေ အပြုသဘောဆောင် အနက်ဖွင့်ရင်တေ့ "ငါတို့လုပ်မှ ဖြစ်မယ့်အရာ" လို့ပဲ ပြောရမှာပဲ။
ဒီလို ပြောလို့ မင်းတို့ ငါတို့ တန်းပြီး ပြေးမြင်တာက ဘာလဲဆိုတာ ငါတို့တွေ သိပါတယ်။ အေး အဲလိုမြင်တာကလည်း "Monolithic Thinking" မရှိတာပဲ ဟ။
ဒါကြောင့် ငါ့ကောင်တို့ (Gen-Zers) ဟာ "မိုနိုလစ်သနစ်" ကို သတိပြုဖို့ လိုသလို အသုံးပြုတတ်ဖို့လည်း လိုတယ်ကွ။
ဒါဟာ တော်လှန်ရေးသူရဲကောင်းတွေဖြစ်တဲ့ ငါ့ကောင်တို့မှာ ကြုံလာဖို့ ရှိတဲ့ အရေးကြီးတဲ့ ကိစ္စတွေကို ဖြေရှင်းရာမှာ အလွန်ကိုပဲ အရေးပါတယ် ကွ။
ငါ့ကောင်တို့လို လူငယ်သွေးသစ်တွေဟာ အဖက်ဖက်က အလွန်ကို တော်နေ ကောင်းနေ ဟုတ်နေ ပြီးသားပါ။
သို့သော် ရှေ့ကို ဆက်ရမှာကတော့ အသေအချာ ပါပဲ၊ အဲလို ဆက်တဲ့အခါ အရေးကြီး ကိစ္စတွေ နဲ့ လူလုပ်နိုင်ငံရေးတွေကြား ပါးနပ်စွာ ဖြေရှင်းနိုင်ဖို့လိုပါတယ်။
အဲလို ဖြေရှင်းမှု့တွေကို အောင်မြင်ချင်ရင်တော့ **"မိုနိုလစ်သနစ်အတွေးအခေါ် (Monolithic Thinking)"** ကို နားလည်အောင် လေ့လာဖို့ လိုပါတယ်၊ အသုံးချတတ်ဖို့ လိုတယ်။ အဲဒီအတွက် အရင်ဆုံး လုပ်ရမှာက ထိတွေ့ မှု့များများ လုပ်ပေးနေဖို့ လိုပါတယ်။
ယခု အခြေအနေမှာ ဘုံရန်သူကို တိုက်ရမှာဖြစ်သလို အခြေအနေအပေါ် ထူး သတိပြု ကြိုကြည့် မြင် နိုင်ဖို့ လိုတယ်။ လက်နက်ကိုင် စစ်ရေးမှာ လှည့်ကွက် မရှိပေမဲ့ နိုင်ငံရေးမှာတော့ တမင်လှည့်တဲ့ အကွက်တွေ ဆိုတာ ရှိတယ်။ ဒီလိုရှိတယ် ဆိုတာကို သိနိုင်ဖို့ဆိုရင် အာဘော်တွေကို ကျော်ကြည့်ဖို့ လိုပါတယ် ကောင်ရေ။
**[ အားလုံးပဲ အခုပြောတာတွေဟာ ရည်ရွယ်ချက်ရှိပါတယ်၊ ဒါဟာ ကိုယ့်ဖက် အားနည်းချက် ရန်သူ့အားသာချက်ကို ကျော်ပြီး ရန်သူလုပ်ရင် ဟုတ်သွားနိုင်သလို ရှိတဲ့ "ညွန့်ပေါင်းအစိုးရ" ဖွဲ့ဖို့ EAOs တွေ အကြံပြုဆိုတဲ့ CNI သတင်းကို ကိုးကားပြီး ပြောတာဖြစ်ပါတယ်။
ဒါဟာ ဖြစ်နိုင်လား ဆိုတာကတော့ နည်းနည်းကျယ်ပြန့်တာမို့ နေ့စဥ် ည 7:30 PM ရဲ့ YouTube မှာ တင်ဆက်နေတဲ့ "တော််လှန်ရေးလှည့်ကင်း | FV: Live" မှာ ပြောဆို ဆွေးနွေးရင်း တင်ပြပါမယ် ခင်ဗျာ။]**