29/07/2025                                                                            
                                    
                                                                            
                                            ဒီပို့စ်မှာတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ အမြင့်ဆုံးအဆောက်အဦလေးခုကို ယှဉ်ပြီး ဗဟုသုတအနေနဲ့ သိသင့်တာလေးတွေကို တစ်ခုပြီးတစ်ခုရှင်းပြပေးပါမယ်ဗျ 
🇹🇭 ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးအဆောက်အဦလေးခုကို ယှဉ်ကြည့်မယ်ဆိုရင်…
➡️1. Magnolias Waterfront Residences
 • အမြင့်: 318 မီတာ
 • အထပ်: 70 ထပ်
 • ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး အဆောက်အဦ ဖြစ်ပါတယ်။
 • King Power Mahanakhon ထက် 4 မီတာပိုမြင့်ပါတယ်။
📍 တည်နေရာ: เขตคลองสาน (Khlong SanDistrict),Bangkok 
အနီးအနားထင်ရှားရာနေရာများ:
 • ICONSIAM Shopping Mall နား
 • ခရီးသွားတွေအတွက် ခေတ်သစ် luxury condo တစ်ခုလဲဖြစ်ပါတယ် 
➡️2. King Power Mahanakhon
 • အမြင့်: 314 မီတာ
 • အထပ်: 78 ထပ်
 • ထိုင်းမှာ ဒီဇိုင်းအထူးဆုံး မြို့တော်မြင်ကွင်းအလှကို ထင်ဟပ်စေတဲ့ အဆောက်အဦတစ်ခုလဲဖြစ်ပါတယ်။
 • Baiyoke II Tower ထက် 10 မီတာ ပိုမြင့်ပါတယ်။
📍 တည်နေရာ: เขตบางรัก (Bang Rak District), Bangkok
အနီးအနားထင်ရှားရာနေရာများ:
 • Chong Nonsi BTS Station (စျေးအနီးအနားမှာရှိ)
 • Silom Road
 • မြို့လယ်နဲ့အနီးဆုံးမှာရှိတဲ့ Mahanakhon SkyWalk
➡️3. Baiyoke Tower II
 • အမြင့်: 304 မီတာ
 • အထပ်: 85 ထပ် (အထပ်အရေအတွက်အများဆုံး)
 • Four Seasons Residences ထက် 4 မီတာ ပိုမြင့်ပါတယ်။
📍 တည်နေရာ: เขตราชเทวี (Ratchathewi District), Bangkok
📌 အနီးအနားထင်ရှားရာနေရာများ:
 • Pratunam Market 
 • Ratchaprarop Airport Rail Link Station
 • မြို့ရဲ့ Shopping Zone (Platinum Fashion Mall, Central World နဲ့နီး)
➡️4. Four Seasons Private Residences Bangkok
 • အမြင့်: 300 မီတာ
 • အထပ်: 73 ထပ်
 • အဆောက်အဦအနေနဲ့ အနိမ့်ဆုံး ဖြစ်ပါတယ်။
📍 တည်နေရာ: เขตสาทร (Sathon District), Bangkok
📌 အနီးအနားထင်ရှားရာနေရာများ:
 • Chao Phraya River 
 • Sathon Road နဲ့ Chan Road ကြား
 • Four Seasons Hotel Bangkok 
⸻
🏙️ အမြင့်အတိုင်းအတာ အစဉ်လိုက်ကတော့:
 1. Magnolias Waterfront Residences – 318m
 2. King Power Mahanakhon – 314m
 3. Baiyoke Tower II – 304m
 4. Four Seasons Private Residences – 300m
📌 ဗဟုသုတအဖြစ် သိထားရမှာက အထပ်အရေအတွက် များတဲ့အဆောက်အဦက အမြင့်ဆုံးမဟုတ်ပါဘူး။ ဒီလေးခုထဲမှာ Baiyoke Tower II ဟာ အထပ်အများဆုံးရှိပေမဲ့ အမြင့်ကတော့ တတိယအမြင့်ဆုံးသာ ဖြစ်ပါတယ်။
တချို့ဆိုရင် KING POWER MAHANAKHON တိုက်က အမြင့်ဆုံးလို့ ထင်နေကြပါတယ် 
ဒီအဆောက်အဦတွေအားလုံးဟာ ဘန်ကောက်မြို့ရဲ့ အရေးကြီးလမ်းများ၊ မြစ်ဘေး၊ BTS/MRT နဲ့နီးတဲ့နေရာများမှာရှိကြတာကြောင့် ထိုင်းကိုခရီးသွားမယ်ဆိုရင်လည်း သွားရလာရလွယ်ကူပါတယ်။