ပါမောက္ခချုပ်ဆရာတော်ဓမ္မမှတ်စု

ပါမောက္ခချုပ်ဆရာတော်ဓမ္မမှတ်စု ပါမောက္ခချုပ်ဆရာတော်ဓမ္မမှတ်စုသည် ဓမ္မမိတ်ဆွေများအတွက်
နိဗ္ဗာန်၏ မှန်ကန်‌သော အကြောင်းအထောက်အပံ့များ
ဖြစ်ပါစေသား။

ဗုဒ္ဓရဲ့အဆုံးအမ အရ မြင့်မြတ်သူဆိုသည်မှာ စိတ်ထားမြင့်မြတ်ရမယ်။ကိုယ်လုပ်တဲ့လုပ်ငန်းဟာ မြင့်မြတ်တဲ့အလုပ်ဖြစ်ရမယ်။အဲ့ဒီ မြင်...
01/11/2025

ဗုဒ္ဓရဲ့အဆုံးအမ အရ မြင့်မြတ်သူဆိုသည်မှာ စိတ်ထားမြင့်မြတ်ရမယ်။

ကိုယ်လုပ်တဲ့လုပ်ငန်းဟာ မြင့်မြတ်တဲ့အလုပ်ဖြစ်ရမယ်။

အဲ့ဒီ မြင့်မြတ်တဲ့ အလုပ်ထဲမှာ ကိုယ့်ရဲ့ Society၊ကိုယ့်ရဲ့ အသိုင်းအဝိုင်းထဲမှာ ကိုယ်လုပ်တဲ့ အလုပ်ဟာ ဘယ်လိုအလုပ်ဟာ မြင့်မြတ်သလဲ ဆိုရင်

မေတ္တာကို အခြေခံတဲ့ အလုပ်ဟာမြင့်မြတ်တယ်။

ကရုဏာ အခြေခံပြီးလုပ်တဲ့ အလုပ်ဟာ မြင့်မြတ်တယ်။

Jealousy ကင်းပြီးတော့ အားလုံးအပေါ်မှာ ကျေနပ်နိုင်တယ်။

အဲ့လို ဝမ်းသာနိုင်မှု ရှိတယ် ဆိုလို့ရှိရင် ဒါဟာ စိတ်ဓာတ်အနေနဲ့ မြင့်မြတ်သွားပြီ။

ဒါကြောင့်မို့ ပါဠိလိုဆိုရင် ဗြဟ္မဝိဟာရ လို့ခေါ်တယ်။

ချီးမွမ်းဖွယ်ရာ သဘောထားတစ်ခုဖြစ်လို့
မြင့်မြတ်ခြင်းအဓိပ္ပာယ်အရ ဗြဟ္မလို့ခေါ်တယ်။

နောက်အဓိပ္ပာယ်တစ်ခုက အမုန်းကင်းစင်တဲ့ သဘောတရား
ဖြစ်သည့်အတွက်ကြောင့် ဗြဟ္မလို့ ခေါ်တယ်။

လောကမှာ-ကနေ့ခေတ်ပဲကြည့်

Hate speech ဆိုတာ လူတွေကို ဒုက္ခအပေးဆုံးအရာ တစ်ခုဖြစ်တယ်။

Hate speech ထွက်သွားတာဟာ ရင်ထဲက Hatered ကြောင့်မို့ဖြစ်တာလေ။

နှုတ်ကထွက်လာတယ်ဆိုတာ ရင်ထဲက မအောင့်နိုင်လို့ အန်ထွက်လာတာ ဖြစ်တယ်။

ရင်ထဲမှာ အလုံးနဲ့ အခဲနဲ့ ရှိနေတဲ့ Hatred ဆိုတဲ့
အမုန်းစိတ်၊ဒေါသ ဖယ်ရှားနိုင်မှ မြင့်မြတ်သူ ဖြစ်နိုင်တယ်။

အားလုံးအပေါ်မှာ ကျေနပ်ခြင်း၊သည်းခံခြင်း၊ခွင့်လွှတ်ခြင်းနဲ့
လူလူချင်း တန်းတူ ညီညာ ဆက်ဆံ ပေါင်းသင်းပြီး အကျိုးစီးပွါးကိုလိုလားတဲ့ စိတ်ကောင်းနှလုံးကောင်းတွေ မွေးမြူကြရမှာ ဖြစ်တယ်။

အဲ့ဒီလို မွေးမြူပြီး မြင့်မြတ်တဲ့ အလုပ်တွေကို
လုပ်နိုင်ပြီ ဆိုတော့မှ တကယ်မြင့်မြတ်သူ။
အလွန်ကျေနပ်စရာကောင်းတဲ့ Definition ပဲ။

ကိုယ် ကိုယ်တိုင် မြင့်မြတ်တဲ့ သူ ဖြစ်ချင်ရင် မြင့်မြတ်တဲ့ စိတ်ဓာတ်ကို မွေးပါ။

မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ အဲဒီမြင့်မြတ်တဲ့
စိတ်နေသဘောထားတွေကို အခြေခံပြီးတော့

မြင့်မြတ်တဲ့ အလုပ်တွေကို လုပ်ပါ။

မြင့်မြတ်တဲ့အလုပ်တွေကို လုပ်ရင် ကိုယ်ဟာ ပိုက်ဆံမရှိဘူး။
မချမ်းသာဘူး ဆိုနေပါစေ။
ရာထူးမကြီးဘူးဆိုလည်း နေပါစေ။

ကိုယ်ဟာ အောက်တန်းကျတဲ့ စိတ်နေသဘောထား ရှိတဲ့သူ မဖြစ်လို့ ရှိရင်
ကိုယ်ဟာ မြင့်မြတ်သူ ပဲ ဖြစ်ပါတယ် ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမတရားကို မှတ်သားနာယူပြီး

ကြာပန်းမှာ ကြာပင် တစ်ပင်လုံးမှာ ကြည့်လိုက်ရင်
ကြာပန်းဟာ အပြစ်ကင်းစင်တဲ့ သန့်စင်မွန်မြတ်တဲ့ အရာဖြစ်သလို

လူတွေမှာလည်းပဲ အမွန်မြတ်ဆုံးက မြင့်မြတ်တဲ့
စိတ်နေသဘောထားသာလျှင် ဖြစ်တယ်လို့

မြင့်မြတ်တဲ့ စိတ်နေသဘောထား ရခြင်းအားဖြင့် ကိုယ့်ကိုယ်ကို
ကြာပန်းသဖွယ် နှစ်သက်ဖွယ်ဖြစ်အောင် မြင့်မြတ်သူ ဖြစ်အောင်
သတိဆောင်ပြီးတော့ ကြိုးစားအားထုတ် နိုင်ကြပါစေကုန်သတည်း။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

ပါမောက္ခချုပ်ဆရာတော်ဘုရား နေပြည်တော်သို့ ခေတ္တရောက်ရှိသီတင်းသုံးနေစဉ် ရေးသားချီးမြှင့်ပေးသည့် “စိတ်စွမ်းအားကို မြှင့်တင်...
28/10/2025

ပါမောက္ခချုပ်ဆရာတော်ဘုရား နေပြည်တော်သို့
ခေတ္တရောက်ရှိသီတင်းသုံးနေစဉ် ရေးသားချီးမြှင့်ပေးသည့်
“စိတ်စွမ်းအားကို မြှင့်တင်ပါ” ဩဝါဒ အဆုံးအမအားဖေါ်ပြအပ်ပါသည်။

စိတ်စွမ်းအားကို မြှင့်တင်ပါ

🔹လူတိုင်းမှာ စွမ်းအား နှစ်မျိုးရှိသည်၊ကာယစွမ်းအားနှင့် စိတ္တစွမ်းအားတို့ဖြစ်သည်။

🔹လူအများစုသည် ကာယစွမ်းအား၌သာ အလေးဂရုပြုပြီး မြှင့်တင်ဖို့ကြိုးစားကြပြီး စိတ္တစွမ်းအားကို မြှင့်တင်ရန် မေ့လျော့နေကြ၏။အနည်းငယ်သော ပုဂ္ဂိုလ်အချို့သာ စိတ္တစွမ်းအား၌ (Power of mind) အလေးဂရုပြုကာ မြှင့်တင်ကြ၏။

🔹ကာယစွမ်းအား (Power of physical body) သည် လက်ရှိဘ၀အတွက်သာ အကျိုးရှိနိုင်၏။စိတ္တစွမ်းအား(Power of mind) ကမူ ဘ၀ပေါင်းများစွာအတွက် အကျိုးရှိရုံမကထာ၀ရ အငြိမ်းဓာတ်ကို တွေ့ရှိစေနိုင်၏။

🔹ထို့ကြောင့် ဘ၀ရရှိထားသူတိုင်း ကာယစွမ်းအား လိုအပ်သလို စိတ္တစွမ်းအား မြှင့်တင်ရန်အရေးကြီးလှပေသည်။

🔹စိတ္တစွမ်းအားသည် ငါးမျိုးရှိ၏။
(၁) ယုံကြည်မှု စွမ်းအား
(၂) ရဲရင့်မှု လုံ့လ စွမ်းအား
(၃) စိတ်စိုက်မှု စွမ်းအား
(၄) စိတ်တည်ငြိမ်မှု စွမ်းအား
(၅)ဆင်ခြင်သုံးသပ်မှု စွမ်းအား
တို့သည် စိတ္တစွမ်းအားများ ဖြစ်ကြသည်။
ဤ စိတ္တစွမ်းအား ငါးမျိုးကို အသုံးပြု၍ ထာ၀ရအငြိမ်းဓာတ်ကို ရယူနိုင်သည်။

🔹ကိုယ်ကျင့်သီလ ကောင်းမွန်ရေးအတွက် ယုံကြည်မှု စွမ်းအားကို အသုံးပြုရမည်။ အဆိုးတရားကို ဖယ်ရှား၍ အကောင်းတရားကို ရယူရေးအတွက်
ရဲရင့်မှု လုံ့လစွမ်းအားကို အသုံးပြုရမည်။

အသိပညာရရှိရေးအတွက် စိတ်စိုက်မှု (သတိ)စွမ်းအားကို အသုံးပြုရမည်။
အာရုံတစ်မျိုးတည်းကို ရှုမှတ်နိုင်ရေးအတွက်
စိတ်တည်ငြိမ်မှုစွမ်းအားကို အသုံးပြုရမည်။
သစ္စာတရားကို သိမြင်ရေးအတွက် ဆင်ခြင်သုံးသပ်မှု (ပညာ)စွမ်းအားကို
အသုံးပြုရမည်။

🔹ရရှိထားသော ဘ၀၌ အောင်မြင်မှုနှင့် ကောင်းကျိုးချမ်းသာရလိုသူတိုင်း စိတ်စွမ်းအားကို မြှင့်တင်နိုင်ဖို့ ကြိုးစားကြပါကုန်။

ပါမောက္ခချုပ်ဆရာတော်
နေပြည်တော်(ခေတ္တ)
၂၅၊၁၀၊၂၅

28/10/2025
26/10/2025

အိုခြင်း၊နာခြင်း၊သေခြင်း

25/10/2025

စိတ်ရောဂါရှိတာဆိုတာဘာလဲ။

23/10/2025

မတူတာဖယ်ထား။ တူတာနဲ့သွားကြမယ်။

ဘဝဆိုတာ အောက်တန်းကျတဲ့ ဘဝလည်း ဖြစ်တတ်တယ်။အထက်တန်းကျတဲ့ဘဝလည်း ဖြစ်တတ်တယ်။အဲ့တော့ အောက်တန်းကျခြင်း အထက်တန်းကျခြင်း ဆို တာ ...
22/10/2025

ဘဝဆိုတာ အောက်တန်းကျတဲ့ ဘဝလည်း ဖြစ်တတ်တယ်။

အထက်တန်းကျတဲ့ဘဝလည်း ဖြစ်တတ်တယ်။

အဲ့တော့ အောက်တန်းကျခြင်း အထက်တန်းကျခြင်း ဆို တာ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ် ကောင်းမှု နဲ့ပဲ ဆိုင်တယ်ပေါ့။

အထူးသဖြင့် မာန်မာန မထားရမယ့် ပုဂ္ဂိုလ်တွေကို မာန်မာနထားတဲ့ ပုဂ္ဂိုလ်တွေဟာ လူ့ဘဝရောက်ရင် အပြစ်ဒဏ် ခတ်ခံရသလိုပဲ အောက်တန်းကျတဲ့ ဘဝရောက်တတ်တယ် သူက။

မာနကြီးတဲ့ ပုဂ္ဂိုလ်ဟာ ကဲ မာန ကြီးဦးဟာ ဆိုပြီး တော့ ကံတရားကပြစ်ဒဏ်ခတ်လိုက်တော့ အောက်တန်းကျတဲ့ ဘဝရောက်သွားတယ်။

ဘဝမှာ ကိုယ့်ရဲ့ စိတ်ဓာတ် အတိုင်း လူတွေဟာ ဖြစ်တတ်တယ်ပေါ့။

ဒါလည်း သတိထားစရာပေါ့။

မာန်မာနကြီးတဲ့ ပုဂ္ဂိုလ်တွေဟာ အောက်တန်းကျတဲ့ ဘဝ ရောက်သွားတယ်။

သူများကို ရိုသေလေးစားသမှု ပြုတဲ့ ပုဂ္ဂိုလ် ဟာ ကိုယ့်ကို ပြန်လည်လေးစားပြီး ရိုသေတဲ့ ဘဝမျိုးရောက်တယ်။

ဘာဖြစ်လို့တုန်းဆိုရင် ဘယ်သူမပြု မိမိမှု ဆိုတဲ့ အတိုင်း ကိုယ်လုပ်ခဲ့တာတွေ ချည်းပဲ။

အကုန်လုံး။

ကိုယ်ကသူများကို စော်ကားခဲ့တယ်ဆိုလို့ရှိရင် ကိုယ်ဟာ စော်ကားခံရတဲ့ ဘဝမျိုး ရောက်သွားတတ်တယ်။

ကိုယ်စော်ကားခဲ့တဲ့ ပြစ်မှုတွေဟာ တချိန်ကျရင် ကိုယ်ဟာ ပြန်ပြီး အစော်ကားခံရတာမျိုးတွေ ဖြစ်လာတယ်။

ကိုယ်လုပ်ခဲ့တာတွေ ကိုယ့်ဆီကို ပြန်ရောက်တတ်တယ်တဲ့။

ဒါ reaction သဘောအရ အဲ့ဒီအတိုင်းပဲ။

ကံတရားဆိုတာလည်း အလားတူအကျိုးပေးတတ်တယ်။

ကိုယ်က ရိုသေလေးစားသမှု ပြုခဲ့တယ်။

ကိုယ့်ထက် သီလ သမာဓိ ပညာ အသက် သိက္ခာ ဂုဏ်ဝါကြီးမားတဲ့သူတွေကို ရိုသေလေးစားလို့ရှိရင် ကိုယ်ကလည်း အရိုအသေခံရတဲ့ ဘဝမျိုးရောက်တတ်တယ်။

ကိုယ်ကရိုသေလို့ ကိုယ်လုပ်ခဲ့တဲ့ ရိုသေမှုသည် ကိုယ့်ဆီ ပြန်ရောက်လာတယ်။

ကိုယ်လုပ်ခဲ့တဲ့ စော်ကားမှုသည် ကိုယ့်ဆီပြန်ရောက်တယ်။

အဲ့တော့ ကောင်းတာ မကောင်းတာတွေ ဟာ ဘယ်သူ့မှ သွားပြီး အပြစ်မတင်နဲ့။

ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ပေတော့။

အရုပ်ဆိုးအကျည်းတန်တာလည်းပဲ အမေအဖေ ကို သွားပြီးအပြစ်မတင်နဲ့။

အမေက ရုပ်ဆိုးလို့ အဖေက ရုပ်ဆိုးလို့နဲ့ သွားအပြစ်မတင်နဲ့။

ဖြစ်လောရာဘဝမှာကို ဒေါသကြီးခဲ့လို့ ရုပ်ဆိုးတာ။

တချို့ အမေ အဖေက ရုပ်ဆိုးပါတယ်။သားသမီးတွေကျတော့ ကြည့်ပျော်ရှုပျော် ဖြစ်တာလည်း ရှိပါတယ်။

အမေ အဖေ တွေက သန့်သန့်ပြန့်ပြန့်ရှိသော်လည်း သားသမီးမှာလည်း ရုပ်ဆိုးတာလည်း ရှိတတ်တယ်ပေါ့နော်။

ဒါကြောင့်မို့လို့ ဘဝဆို တာ ဘယ်သူမ ပြု မိမိ မှုပဲ။

ကိုယ်လုပ်ခဲ့တာတွေ ကိုယ်ပြန်ခံစားရတယ်။

ဒါကတော့ ဓမ္မ နိယာမ လို့ခေါ်တဲ့ မလွဲမသွေ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေ ကို ဖော်ပြတာပဲ။ဖြစ်တယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

သောဏာထေရီမ ၏ ပါရမီ ဘဝနှင့် နောက်ဆုံးနေ့ရက်များ တရားတော်မှထုတ်နုတ်တင်ပြပါသည်။

#ပါချုပ်ဆရာတော် #တရားမှတ်စု

20/10/2025

သဒ္ဓါဆိုတာဘာကိုပြောတာတုန်း။

20/10/2025
18/10/2025

ကုသိုလ်ကံရဲ့သဘာ၀

17/10/2025

လူတွေဟာတန်ဖိုးတစ်ခုကိုလွန်မှပဲသိကြတယ်။

ที่อยู่

Krungthep-Non Alley 7 , Mueang Nonthaburi
Bangkok

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ပါမောက္ခချုပ်ဆရာတော်ဓမ္မမှတ်စုผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์