Ruby News ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ruby News, หนังสือพิมพ์, Phetchaburi Road, Khwaeng Thanon Phetchaburi, Khet Ratchathewi, Krung Thep Maha Nakhon, Bangkok.

မန္တလေးမှာ စမ်းသပ်နေတဲ့ ရွေ့လျားမီးပွိုင့်၊ မီးကစာ၊းချင်နေတဲ့ ထုံးဘဲဥတွေ အကြိုက်ပါပဲ။ ရွေ့လျားဆိုတော့ ထားချင်တဲ့နေရာ ထား...
22/09/2025

မန္တလေးမှာ စမ်းသပ်နေတဲ့ ရွေ့လျားမီးပွိုင့်၊ မီးကစာ၊းချင်နေတဲ့ ထုံးဘဲဥတွေ အကြိုက်ပါပဲ။ ရွေ့လျားဆိုတော့ ထားချင်တဲ့နေရာ ထားပြီး ခလုတ်နှိပ် တောင်၊းရုံပါပဲ။ ရွှေပြည်ကြီးကတော့ တနေ့တမျိုး မရိုးရပါဘူး။

#ထုံးဘဲဥ
#မီးပွိုင့်

တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူး ၃ ခု၊ အမှတ်ပေါင်း ၄၄၈ မှတ် ရပေမယ့် ငွေ မရှိတာကြောင့် စားပွဲထို၊း လုပ်နေရတဲ့ ဖြူးမြို...
20/09/2025

တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ဂုဏ်ထူး ၃ ခု၊ အမှတ်ပေါင်း ၄၄၈ မှတ် ရပေမယ့် ငွေ မရှိတာကြောင့် စားပွဲထို၊း လုပ်နေရတဲ့ ဖြူးမြို့က လူငယ်လေး

ဖြူးမြို့နယ် ညောင်ကားယားရွာက ဖြစ်ပြီး ဖခင်ဖြစ်သူက သုံးဘီးကယ်ရီမောင်းတယ်လို့ သိရပါတယ်။ ဆေးကျောင်း တက်ချင်လို့ ပညာဒါန အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။

#ဂုဏ်ထူး
#စားပွဲထိုး

တစီး ကျပ် ၈ သိန်းခွဲတန် စက်ဘီး အစီး ၇၀၀ ကျော်ကို ဟင်္သာတမြို့က ကျောင်းသားလေးတွေကို လှူဒါန်းခဲ့တဲ့ ပေါက်ဖော် မိသားစု၊ စုစ...
18/09/2025

တစီး ကျပ် ၈ သိန်းခွဲတန် စက်ဘီး အစီး ၇၀၀ ကျော်ကို ဟင်္သာတမြို့က ကျောင်းသားလေးတွေကို လှူဒါန်းခဲ့တဲ့ ပေါက်ဖော် မိသားစု၊ စုစုပေါင်း စက်ဘီး အစီးရေ သုံးသောင်းခွဲ လှူဒါန်းပြီးပါပြီတဲ့။ စေတနာ ကောင်းလိုက်ကြတာ၊ သာဓုခေါ်မိပါတယ်။

#စက်ဘီး
#ပေါက်ဖော်

16/09/2025

ဘေ၊ာလုံးပွဲ ရှုံ၊းလို့ ဖြစ်ကြတာတဲ့😮

မန္တလေးကနေ ရန်ကုန်သို့ ပြေးဆွဲတဲ့ အဝေးပြေးမှန်လုံကား အဲကွန်း အရမ်းအေးလွန်းတာကြောင့် လေဖြတ်သွားခဲ့ရတဲ့ အင်ဂျင်နီယာကြီးဖြစ...
15/09/2025

မန္တလေးကနေ ရန်ကုန်သို့ ပြေးဆွဲတဲ့ အဝေးပြေးမှန်လုံကား အဲကွန်း အရမ်းအေးလွန်းတာကြောင့် လေဖြတ်သွားခဲ့ရတဲ့ အင်ဂျင်နီယာကြီး

ဖြစ်ကာစမှာ ဘာမှ မေးလို့ မရတာကြောင့် လိုင်းပေါ် တင်ခဲ့ရမှာ အိမ်နဲ့ အဆက်အသွယ် ရပြီလို့ သိရပါတယ်။ မှန်လုံကားတွေမှာ အဲကွန်း အရမ်းအေးတဲ့ ပြဿနာကို ပြင်ဆင်သင့်ပြီ ဖြစ်ကြောင်း အင်တာနက် အသုံးပြုသူတွေက ဝေဖန်နေကြပါတယ်။

#အဲကွန်း
#မှန်လုံ

13/09/2025

ရွှေပြည်ကြီးရဲ့ ထူးပေမယ့် မဆန်းတော့တဲ့ မြင်ကွင်းတခု😭

12/09/2025

လာတုန်းကလည်း တယောက်တည်း၊ ပြန်သွားတော့လည်း တယောက်တည်းပါပဲ😢

11/09/2025

မြန်မာပြည် ပညာရေးစနစ်ရဲ့ အောင်မြင်မှုတွေပေါ့🙄

လက်ရှိခေတ်စားနေတဲ့ စီးတီးမတ် အချိန်ပိုင်းအလုပ်မှာ လစာဘယ်လောက်ရနိုင်မလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေဒီနေ့ လိုင်းပေါ်မှာ ဟော့နေတ...
09/09/2025

လက်ရှိခေတ်စားနေတဲ့ စီးတီးမတ် အချိန်ပိုင်းအလုပ်မှာ လစာဘယ်လောက်ရနိုင်မလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေ

ဒီနေ့ လိုင်းပေါ်မှာ ဟော့နေတဲ့ အကြောင်းအရာကတော့ စီးတီးမတ် ကုမ္ပဏီကနေ အချိန်ပိုင်း အရောင်းဝန်ထမ်း ခေါ်ယူတဲ့ အကြောင်းပါပဲ။ ကျောင်းသားအရွယ်ကနေ ပင်စင်စား အရွယ်ထိ ပါဝင်တာကြောင့် လူအများအပြား စိတ်ဝင်စားနေကြပါတယ်။ လစာ ဘယ်လောက် ရမလဲဆိုတဲ့ မေးခွန်းကိုလည်း စိတ်ဝင်စားတဲ့သူတိုင်း မေးနေကြပါတယ်။

အဲဒီအတွက် HR ပညာရှင်တွေ ပြောပြတဲ့ လစာရနိုင်ခြေကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်တုန်းက ပြင်ခဲ့တဲ့ အနည်းဆုံး အခကြေးငွေ ဥပဒေအရ တရက် (၈ နာရီ) လုပ်အားခ အနည်းဆုံး နှုန်းထား ၄၈၀၀ ကျပ်နဲ့ အပို ထောက်ပံ့ကြေး ၂၀၀၀ ကျပ်၊ စုစုပေါင်း ၆၈၀၀ ကျပ် ပေးရမှာ ဖြစ်ပါတယ်။

အဲဒါကြောင့် တနာရီကို လုပ်အားခ ၆၀၀ လို့ မှတ်ယူလို့ ရပါတယ်။ စီးတီးမတ်က ဖော်ပြထားတဲ့ (၄) နာရီကြာ အချိန်ပိုင်း အလုပ်ဆိုရင်တော့ လစာ ၂၄၀၀ ကျပ်နဲ့ အပိုထောက်ပံ့ကြေး ၂၀၀၀ ကျပ်၊ စုစုပေါင်း ၄၄၀၀ ကျပ် အနည်းဆုံး ရရှိမှာ ဖြစ်ပါတယ်။

တခြား ခံစားခွင့်နဲ့ ရပိုင်ခွင့်တွေကတော့ စီးတီးမတ်ကုမ္ပဏီရဲ့ မူဝါဒအတိုင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ပိုင်း လုပ်သူတွေကတော့ (၄) နာရီတပိုင်းမှာ အနည်းဆုံး လစာ ၄၄၀၀ ကျပ် ရရှိမယ်လို့ သိရှိရပါတယ်။

#စီးတီးမတ်
#အချိန်ပိုင်း

"ဘိတ်ချေ၊းသမား နောက်ချေ၊းစာ၊း" သွားရပြီ ဖြစ်တဲ့ အာရှဆီပုလင်း U-23 အသင်းအသင်းကြီးဆို မနိုင်ဘူး၊ အသင်းငယ်ဆို မနိုင်ဘူး၊ ခြ...
09/09/2025

"ဘိတ်ချေ၊းသမား နောက်ချေ၊းစာ၊း" သွားရပြီ ဖြစ်တဲ့ အာရှဆီပုလင်း U-23 အသင်း

အသင်းကြီးဆို မနိုင်ဘူး၊ အသင်းငယ်ဆို မနိုင်ဘူး၊ ခြေရည်တူဆို မနိုင်ဘူး၊ မနိုင်ဘူးဆို မနိုင်ဘူးဆိုတဲ့ အာရှ ဆီပုလင်း U-23 အသင်းကတော့ အာဖဂန်အသင်းကို အရှက်တကွဲ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ပါတယ်။ ခြေစွမ်းက အသုံးမကျလွန်းလို့ သုံးသပ်စရာ မရှိတော့တဲ့ အခြေအနေပါပဲ။

တခု ရှိတာက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က တာဝန်ရှိသူတွေအနေနဲ့ အမျိုးသားအသင်း မှန်သမျှကို ဖျက်သိမ်းပြီး ဘက်ဂျက်တွေ အားလုံးကို အမျိုးသမီးအသင်းကို ပုံအော ပံ့ပိုးသင့်နေပါပြီ။ အသ၊က်လွန် ဆိုက်ပိကစားသမားတွေ များနေတဲ့ မြန်မာ U-23 အသင်းအနေနဲ့လည်း ကိုယ့်ခြေစွမ်းနဲ့ ထိုက်တန်တဲ့ အဆင့်ကို ရရှိသွားတယ်လို့ပဲ ဆိုချင်ပါတယ်။

လက်ရွေးစင်အသင်းကြီး ရရှိထားတဲ့ အာရှဆီပုလင်းအသင်းဆိုတဲ့ ဂုဏ်ပုဒ်ကိုတော့ ထိုက်ထိုက်တန်တန် ရရှိသွားခဲ့ပါပြီ။

#မြန်မာ
#ဆီပုလင်း

သက်တမ်းလွန် မြန်မာ U-23 အသင်း ဂျပန် အသင်းကို ရှုံးနိမ့်ပြီး အာရှဖလားခြေစ၊စ်ပွဲကနေ ဆန်ပြုတ်သောက်ပြီး ဆုတ်ပြန်လာခဲ့ရမြန်မာ...
06/09/2025

သက်တမ်းလွန် မြန်မာ U-23 အသင်း ဂျပန် အသင်းကို ရှုံးနိမ့်ပြီး အာရှဖလားခြေစ၊စ်ပွဲကနေ ဆန်ပြုတ်သောက်ပြီး ဆုတ်ပြန်လာခဲ့ရ

မြန်မာ U-23 အသင်းကတော့ အာရှဘောလုံးအင်အားကြီး ဂျပန် U-23 အသင်းကို ဘတ်စ်ကား ခံစ၊စ်ကွက်နဲ့ နောက်ဆုံး မိနစ်ပိုင်းအထိ သရေခံကစားခဲ့ပေမယ့်လည်း ပင်နယ်တီကြောင့် အရှုံးပေးခဲ့ပါတယ်။ ယခုပွဲ ရှုံးနိမ့်မှုကြောင့် မြန်မာအသင်းဟာ အာရှဖလားခြေစ၊စ်ပွဲကနေ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

အသင်းထဲမှာ အသက် ၃၀ နီးပါး ကစားသမားတွေ ပါဝင်နေလို့ ဝေဖန်ခံနေရတဲ့ မြန်မာအသင်းဟာ မိနစ် ၉၀ အထိ ဂျပန်အသင်းကို သရေကစားနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အရှုံးပေးခဲ့ရတာပဲ ဖြစ်ပါတယ်။

မြန်မာ U-23 အသင်းဟာ နောက်ဆုံးပွဲမှာ အာဖဂန်အသင်းနဲ့ သိက္ခာဆယ်ပွဲကို ကန်ရမှာ ဖြစ်ပါတယ်။

#မြန်မာ
#ရှုံးပြီ

06/09/2025

ဘယ်သူ့ကို ပိုင်တယ်၊ နောက်မှာ ဘယ်သူ ရှိတယ်၊ ကိုယ်ပိုင်နံပါတ်နဲ့ အပတ်စဥ် ဘယ်လောက်ဆိုပြီး ပြောကြတဲ့ ခေတ် ပြန်ရောက်ပြီလား😮

ที่อยู่

Phetchaburi Road, Khwaeng Thanon Phetchaburi, Khet Ratchathewi, Krung Thep Maha Nakhon
Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ruby Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์