08/08/2026
ဆယ်လီဖက်တီးမနဲ့ တိုင်းဧရာသားတွေ ဖြစ်တဲ့ပွဲမှာ ဖက်တီးမကို ဘလိန်းနေကြတဲ့ သူတွေကိုတော့ ဖက်တီးမရဲ့အမေဖြစ်သူက ဒဲ့ပြောလိုက်ပါပြီ။
ကိုယ်တိုင် မလှူနိုင်ဘဲ ဖက်တီးမကို ဘလိန်း မနေနဲ့လို့ ပြောလိုက်တာပါ။ တနှစ်အတွင်း ဆယ်လီသူဌေး ဖြစ်သွားတဲ့ ဖက်တီးမဟာ လေးမျက်နှာ ရေဘေးမှာ ကင်မရာထောင် ရိုက်ကူးရေး လုပ်ပြီး ပိုက်ဆံ ဝေတဲ့ အပေါ် လူမှုကွန်ရက် သုံးစွဲသူတွေက ဝေဖန်နေကြပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ဖက်တီးမက သူ့အကောင့်ကနေ တချိန်လုံး ဖြေရှင်းနေပေမယ့် လူတွေကတော့ အမြင်မကြည်လင်ဘဲ ဖြစ်နေပါတယ်။
အဲဒါကြောင့် ဇာတ်ကောင် အသစ်ဖြစ်တဲ့ ဖက်တီးမရဲ့ မအေကို ထုတ်သုံးလာခြင်းပဲ ဖြစ်ပါတယ်။
ဖက်တီးမဟာ စစ်ကိုင်းငလျင်ကြီးတုန်းက မီးဖွားစရိတ်ပိုက်ဆံ သိန်း ၄၀ ကို အကုန်လှူခဲ့တယ်ဆိုတာကြောင့် သနားတတ်တဲ့ လူမှုကွန်ယက် အသုံးပြုသူတွေက မီးဖွားစရိတ် ဝိုင်းလွှဲပေးကြလို့ အကောင့်တောင် လစ်မစ် ပြည့်သွားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဖက်တီးမဟာ ချမ်းသာသွားပြီး သူ့ကို ငွေလွှဲပေးခဲ့တဲ့ သူတွေကတော့ ဖုန်းဘေလ်တောင် မထည့်နိုင်ကြတော့ပါဘူး။
ဘာပဲ ဖြစ်ဖြစ် ဖက်တီးမဟာ အစက တယောက်တည်းပဲ နေရသလိုနဲ့ ဆယ်လီဖြစ်မှ ယောက်ျားရော၊ မအေတွေပါ ရုတ်တရက် ပေါ်လာတာကြောင့် တော်တော်လည်း တတ်နိုင်ကြပါပေတယ်လို့ပဲ မှတ်ချက်ချလိုက် ရပါတယ်။
#ဖက်တီးမ
#အမေ