28/08/2025
တောင်တန်းတွေရဲ့ အလယ်က ပျဉ်ထောင်အိမ်ညိုလေး ရှိတဲ့နေရာလေး 🌿❤️🏔️
ခန်းစည်းအဖြူလေးတွေ တပ်ထားတယ်
နှင်းဆီပန်းတွေလည်း ရှိတယ်
မြူခိုးလွင့်လွင့်နဲ့ အုပ်ဆိုင်းနေတဲ့ တောင်တန်းတွေကို လည်း မြင်ရမယ်
စိတ်ကူးထဲက နေရာလေး အတိုင်း တည်ရှိနေတဲ့ ဒီ Homestay လေးကို သိပ်ကို သဘောကျတာ
မနက်ရော ညရော ရာသီဥတုက အေးစိမ့်လို့..
မိုးခပ်စိမ့်စိမ့် ရွာတော့ တောင်တန်းတွေက အုံ့ဆိုင်းနေတာပေါ့
အိပ်ရာနိုးတာနဲ့ ပြတင်းပေါက်ကနေ မြူခိုးဖြူဖြူနဲ့ တောင်တန်းကြီးကို မြင်ရမယ်
မြို့ပြနဲ့ သက်ဆိုင်တဲ့ ဆူညံသံတွေ လုံးဝ မရှိဘူး
ငှက်အော်သံလေးတွေ စမ်းချောင်းက ရေစီးကျနေတဲ့ အသံတွေကိုပဲ ကြားရမယ်
မြင်ရုံနဲ့ အေးချမ်းလိုက်တာဆိုတဲ့ ခံစားချက် အပြည့်ပေးတဲ့ နေရာပေါ့
บ้านภูแววิว Phuvae VIEW HOME มณีพฤกษ์ လို့ ခေါ်တဲ့ ဒီ Homestay လေးက ထိုင်းနိုင်ငံမြောက်ပိုင်းက Nan ခရိုင်ထဲမှာ ရှိတာဖြစ်ပါတယ်
မိုးရာသီရဲ့ နတ်သမီးလို့ တင်စားကြတဲ့ Nan မှာ ဒီလို နေရာလှလှလေးတွေ အများကြီးရှိတာရယ်
Homestay မှာ အိမ်က တော့ ၃ အိမ်ပဲ ရှိတယ်ရှင့်
၃ အိမ်လုံးက Romantic ဆန်တဲ့ Decoration တွေနဲ့ပဲမို့ Couple တွေအတွက်တော့ Highly recommend ပါတယ်နော်😁
Reservation scope ကနေ Online Booking လုပ်လို့ရပါတယ်ရှင့်
AIS Internet ပဲ ရပါတယ်နော်
ကျန်တဲ့ dtac , true တို့ကတော့ signal မမိတာ များပါတယ်
တောင်အတက်အဆင်း အကွေ့အကောက်များပြီး လမ်းမှာ မြေပြိုတာတွေလည်း ရှိတာ မို့ သတိထားပြီးတော့ သွားပါနော်
Google maps location နဲ့ Page ကို comment မှာ ရေးပေးထားမယ်နော်
သိချင်တာ ရှိရင်လည်း မေးထားခဲ့လို့ရပါတယ်❤️