ET channnel ဇာတ်လမ်းတွဲ လင့်တွေတင်ပေးတဲ့ page လေးပါ😍😍

"အချစ်ကြွေး" ဇာတ်လမ်းအကျဉ်းဆတ်ဟာ ကျိကျိတက်ချမ်းသာတဲ့ကုမ္ပဏီဥက္ကဋ္ဌတစ်ယောက်ပါကိတ်ရဲ့အဖေက ဆတ်တို့ကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး လ...
26/08/2026

"အချစ်ကြွေး"

ဇာတ်လမ်းအကျဉ်း
ဆတ်ဟာ ကျိကျိတက်ချမ်းသာတဲ့ကုမ္ပဏီဥက္ကဋ္ဌတစ်ယောက်ပါ

ကိတ်ရဲ့အဖေက ဆတ်တို့ကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး လော-င်းက-စားစွဲနေသူပါတစ်နေ့မှာ ကုမ္ပဏီက ငွေတွေကိုအ-လွဲသုံး-စားလုပ်ပြီး ထွ-က်ပြေးတိ-မ်းရှောင်နေခဲ့ပါတယ်

ပြန်လည်ရှာတွေ့ချိန်မှာကိတ်ရဲ့အဖေက ငွေတွေကိုပြန်မဆပ်နိုင်တာကြောင့်အပေးအယူတစ်ခုလုပ်ခဲ့ကြပါတယ်

အဲ့ဒါကတော့ စည်းစိမ်ဥစ္စာတွေ အများကြီးရှိပြီး အမွေဆက်ခံမယ့်သူမရှိတဲ့ ဆတ်အတွက် ကိတ်က အ-ငှားကိုယ်ဝ-န်ဆောင်ပေးရမှာပါ

တည်ကြည်ခန့်ညားပြီး အေးတိအေးစက်နိုင်တဲ့ ဆတ်နဲ့ငယ်ရွယ်ချောလှပြီး ချစ်စရာကောင်းတဲ့ ကိတ်တို့တစ်အိမ်တည်း အတူနေဖို့အကြောင်းဖန်လာတဲ့အခါ...ရင်ခုန်ဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းအမျိုးအစားပါ..

အောက်ကလင့်ကိုနှိပ်ပြီးကြည့်ပါ

https://t.me/Thaidramaeithae/19955

ဟန်ဆောင်လက်ထပ်ခြင်းဇာတ်လမ်းအညွှန်းမတူညီတဲ့ နောက်ခံရှိသူနှစ်ယောက်ရဲ့ ရယ်စရာရော၊ ရင်ခုန်စရာပါ ကောင်းလှတဲ့ Fake Relationshi...
24/08/2026

ဟန်ဆောင်လက်ထပ်ခြင်း

ဇာတ်လမ်းအညွှန်း
မတူညီတဲ့ နောက်ခံရှိသူနှစ်ယောက်ရဲ့ ရယ်စရာရော၊ ရင်ခုန်စရာပါ ကောင်းလှတဲ့ Fake Relationship မှ အချစ်စစ်သို့ ပြောင်းလဲသွားပုံကို သဘာဝကျကျ ရိုက်ကူးထားတဲ့ နာမည်ကြီး အချစ်ဟာသ ဇာတ်ကားဖြစ်ပါတယ်။

မာဂရက်ဆိုတဲ့ မမကြီးဟာ န-ယူးယော့ခ်မြို့ရဲ့ အောင်မြင်ပေမဲ့ စည်းကမ်းကြီးပြီး ဝန်ထမ်းတွေ ကြောက်ရတဲ့ စာအုပ်ထုတ်ဝေရေး အရာ-ရှိတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ဗီ-ဇာသက်တ-မ်းကုန်လွန်သွားတာကြောင့် အမေ-ရိကန်ကနေ ပြ-ည်နှ-င်ဒ-ဏ်ပေးခံရမယ့် အန္တ-ရာယ်နဲ့ ရင်ဆိုင်ရချိန်မှာ၊ အမြဲတမ်း နှိ-ပ်စ-က်ခံနေရတဲ့ လက်ထောက်ကောင်လေး အန်ဒရူးကို သူမနဲ့ အ-တုအ-ယောင် မင်္ဂလာဆောင်ဖို့ ကြံစည်ပါတော့တယ်။

​ဒီလိုနဲ့ လူ-ဝင်-မှုကြီး-ကြ-ပ်ရေးကို ယုံကြည်အောင် လုပ်ဖို့အတွက် မာဂရက် တစ်ယောက် အန်ဒရူး ရဲ့ မွေးရပ်မြေ မြို့လေးဆီ အတူတူ လိုက်သွားခဲ့ရပါတယ်။ ဟန်-ဆောင်မင်္ဂ-လာဆောင်ဖို့ ပြင်ဆင်ရင်း အန်ဒရူး ရဲ့ နွေးထွေးတဲ့ မိသားစု၊ ရိုးသားတဲ့ မြို့ကလေးရဲ့ ဝန်းကျင်နဲ့ အန်ဒရူး ရဲ့ ကြင်နာမှုတွေကို ထိတွေ့လာရတဲ့အခါမှာတော့ စိတ်ဓာတ်မာကျောလှပါတယ်ဆိုတဲ့ မာဂရက် တစ်ယောက် စိတ်နှလုံးပျော့ပြောင်းလာပြီး အတုအယောင်အချစ်မှသည် တကယ်စစ်မှန်တဲ့ အချစ်ကို ရှာဖွေတွေ့ရှိသွားကြတဲ့ အကြောင်းကို သဘောကျစရာ ရိုက်ကူးထားတာဖြစ်ပါတယ်..

လင့်ကို ကွန်မန့်တွင်ကြည့်ပါ

“ ချစ်ရပါသောကျွန်မရဲ့ကျူတာ ”ဒီဇာတ်လမ်းလေးမှာတော အေးဝါးဆိုတဲ့တစ်ယောက်က အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ခ...
22/08/2026

“ ချစ်ရပါသောကျွန်မရဲ့ကျူတာ ”

ဒီဇာတ်လမ်းလေးမှာတော အေးဝါးဆိုတဲ့တစ်ယောက်က အောင်မြင်ကျော်ကြားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ချမ်းသာကြွယ်ဝတဲ့ မိသားစုဝင်တစ်ဦးနဲ့ တွဲနေတဲ့သူပါ။ ဒါပေမယ့် အေးဝါးချစ်သူရဲ့ မိသားစုက အေးဝါး ကို အပြည့်အဝ လက်မခံရုံတင်မက အေးဝါးကိုပါ ဂရုမစိုက်သလိုလုပ်ပြပြီး အင်္ဂလိပ်လိုသာ ပြောဆိုဆက်ဆံကြတာကြောင့် သူမဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းလာပါတယ်။ မိသားစုရဲ့ လက်ခံမှုကို ရဖို့နဲ့ အလုပ်အတွက်လည်း အင်္ဂလိပ်စကားကို ကျွမ်းကျင်ဖို့အေးဝါး က အင်္ဂလိပ်စာ ဂျူတာ တစ်ယောက် ရှာဖွေရာကနေ ပန် နဲ့ တွေ့ဆုံခဲ့ပါတယ်။

အစပိုင်းမှာတော့ပန်နဲ့အေးဝါးက ဂျူတာ နဲ့ ကျောင်းသူ ဆက်ဆံရေးသာ ဖြစ်ပေမယ့် သင်ခန်းစာတွေကြားက နီးစပ်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကြောင့် သူတို့ ၂ယောက်ရဲ့ နှလုံးသားတွေ တဖြည်းဖြည်း နီးကပ်လာပါတော့တယ်။ ပန် က အေးဝါး ကို အခက်အခဲတွေကြားကနေ အမြဲကာကွယ်ပေးပြီး အားပေးကူညီပေးနေသလို အေးဝါး ကလည်း ပန် ဆီမှာ စစ်မှန်တဲ့ နွေးထွေးမှုကို ရှာတွေ့လာပါတယ်။

ဒါပေမယ့် အေးဝါး မှာ ရှိပြီးသား ချစ်သူရယ် လူမှုအဆင့်အတန်းကွာခြားမှုနဲ့ မိသားစုဖိအားတွေကြောင့် သူတို့နှစ်ယောက်ရဲ့ အချစ်လမ်းခရီးဟာ လွယ်ကူမနေပါဘူး။ အချစ်၊ အိပ်မက်နဲ့ ဘဝရွေးချယ်မှုများကြားမှာ အေးဝါး ဟာ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်.....

အောက်ကလင့်ကိုနှိပ်ပြီးကြည့်ပါ

https://t.me/Thaidramaeithae/19904

" ဖားမင်းသားလေး " ဇာတ်လမ်းအကျဥ်း...ဉာဏ်ကောင်းလှတဲ့ ချီဝါရွာသူလေး လုပတ်ဟာ ရွာရဲ့စားဝတ်နေရေးအတွက် ပြိုလဲကျခါနီးဖြစ်နေတဲ့ အ...
19/08/2026

" ဖားမင်းသားလေး "

ဇာတ်လမ်းအကျဥ်း...
ဉာဏ်ကောင်းလှတဲ့ ချီဝါရွာသူလေး လုပတ်ဟာ ရွာရဲ့စားဝတ်နေရေးအတွက် ပြိုလဲကျခါနီးဖြစ်နေတဲ့ အပန်းဖြေစခန်းကိုကယ်တင်ဖို့ ဖားရိုးရာပုံပြင်တစ်ခုကို တီထွင်လိုက်ပါတယ်။ ရွာရဲ့စုံတွဲတံတားပေါ်မှာ ချစ်သူနှစ်ဦးရဲ့နာမည်ထွင်းထားတဲ့ ကတ်ပြားကိုချည်လိုက်လို့ တံတားပေါ် ဖားခုန်တက်လာရင် အဲဒီချစ်သူနှစ်ဦး ရိုးမြေကျပေါင်းဖက်ရတယ်ဆိုတဲ့ ရိုးရာပုံပြင်ကြောင့် လူအများစုက စိတ်ဝင်တစား လာကြည့်ကြပါတယ်။ ဒါပေမဲ့ လုပတ်နဲ့ ရွာသားတွေမသိတာကတော့ ရွာရဲ့အဓိကထောက်တိုင်ဖြစ်တဲ့ အပန်းဖြေစခန်းဟာ အိမ်ခြံမြေ စီးပွားရေးလုပ်ငန်းရှင် ခင်ထောင်ဆီမှာ အပေါင်ခံထားရတယ်ဆိုတာပါပဲ။

ရွာရဲ့မြေပေါ်မှာ အထက်တန်းစား ဇိမ်ခံအပန်းဖြေစခန်းကိုလာဆောက်မဲ့ ခင်ထောင်ကို လုပတ်တို့ရော ရွာသားတွေကပါ မကြည်ဖြူကြပါဘူး။ တစ်နေ့ ခင်ထောင် ချီဝါရွာကိုလာတဲ့အချိန် ကားမတော်တဆမှုကြောင့် အတိတ်မေ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ မှတ်ဉာဏ်တွေမရှိတော့တဲ့ ခင်ထောင်ဟာ အသဲမာပြီး တိကျအေးစက်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကနေ ကြင်နာနွေးထွေးတဲ့ ရွာသားလေးဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကြောင့် အခွင့်ရေးကိုလက်လွှတ်မခံဘဲ အတိတ်မေ့နေတဲ့ ခင်ထောင်ကို လုပတ်အမေနဲ့ ရွာသူကြီးက လုပတ်ရဲ့ချစ်သူဆိုပြီး လိ-မ်ညာလှ-ည့်စားလိုက်ပါတယ်။

ဒါပေမဲ့ အလိ-မ်အ-ညာဇာတ်လမ်းက ကြာရှည်မခံခဲ့ပါဘူး။ ခင်ထောင်ဟာ မတော်တဆမှုတစ်ခုကြောင့် မှတ်ဉာဏ်ပြန်ရလာပါတယ်။ အဲ့ဒါကြောင့် သူ မှတ်ဉာဏ်ပျောက်နေတဲ့အချိန် လိ-မ်လ-ည်လှ-ည့်စားခဲ့တဲ့ ချီဝါရွာသားတွေကို စိတ်ဆိုးဒေါသထွက်ရင်းကနေ လုပတ်ကို ခြိ-မ်းခြော-က်လက်စားချေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အောက်ကလင့်ကိုနှိပ်ပြီးကြည့်ပါ

https://t.me/Thaidramaeithae/19823

" အချစ်တစ်ခုတည်းကြောင့် "ဇာတ်လမ်းအကျဉ်းဆူရီယာရစ် မျိုးရိုးရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်တဲ့ နိုင်စင်ဟာ ရန်သူတွေ ပတ်ချာ...
16/08/2026

" အချစ်တစ်ခုတည်းကြောင့် "

ဇာတ်လမ်းအကျဉ်း
ဆူရီယာရစ် မျိုးရိုးရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်တဲ့ နိုင်စင်ဟာ ရန်သူတွေ ပတ်ချာဝိုင်းနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။

နိုင်စင်ရဲ့ ဘေးပတ်ပတ်လည်မှာ အန္တရာယ်တွေဝိုင်းနေပေမယ့် အနာဂတ်ကို ကြိုမြင်ရပြီး သူ့ကို စောင့်ရှောက်ကာကွယ်ပေးတဲ့ လင် ဆိုတဲ့သက်တော်စောင့်မလေး လည်းရှိပါတယ်။

တစ်နေ့မှာတော့ လင်ဟာ နိုင်စင်နဲ့ ဟန်ဆောင်လက်ထပ်ခိုင်းခံရပြီး လွတ်လပ်မှုအရသာကို ခံစားဖို့ နိုင်စင်နဲ့ ဝေးရာ ကျွန်းတစ်ကျွန်းကို ထွက်ပြေးလာခဲ့ပါတော့တယ်။

အချိန်ကာလအားဖြင့် (၆) နှစ်ကြာတဲ့အချိန်မှာ နိုင်စင်ရဲ့ဘေးမှာ ရန်သူတွေ ပတ်လည်ဝိုင်းနေသေးတဲ့အပြင် လင့်ကို လုပ်ကြံသ-တ်ဖြ-တ်ဖို့ကြိုးစားတဲ့သူပါ ရှိလာခဲ့ပါတော့တယ်။

အန္တရာယ်တွေလည်း မပြေလျော့သွားသလို့ လင့်အပေါ် ထားတဲ့ နိုင်စင်ရဲ့အချစ်တွေကအယောင်ဆောင် မဟုတ်ပဲ စစ်မှန်လို့ နေဆဲပါ...

ဒါကြောင့် (၆) နှစ်အကြာမှာ နိုင်စင်ဟာ လင့်ကို သူနဲ့အတူ ပြန်ခေါ်ဖို့ အဖြစ်မနေအကြောင်းဖန်လာခဲ့ပါတယ်။

(၆) နှစ်ကြာဝေးကွာခဲ့ပေမယ့် သူတို့နှစ်ဦးကြားမှာ "အချစ်တစ်ခုကြောင့်" ဆက်နွယ်မှုဟာ ခိုင်မြဲနေဆဲဆိုတာ သူတို့နှစ်ဦးသိသွားကြမလား ?

ဘေးပတ်လည်က အန္တရာယ်တွေကိုရော ရင်ဆိုင်ကျော်ဖြတ်သွားနိုင်မလား ?

အောက်ကလင့်ကိုနှိပ်ပြီးကြည့်ပါ

https://t.me/Thaidramaeithae/19765

"အချစ်အိပ်မက်ရဲ့ဖူးစာ"ဇာတ်လမ်းအကျဉ်းရှေးဟောင်းလှေတွေအကြောင်းစိတ်ဝင်စားတဲ့ "ခေမိအွန်/ ခရင်မ်" ဟာ မကြာခင်ကမှ နိုင်ငံခြားကပ...
13/08/2026

"အချစ်အိပ်မက်ရဲ့ဖူးစာ"

ဇာတ်လမ်းအကျဉ်း
ရှေးဟောင်းလှေတွေအကြောင်းစိတ်ဝင်စားတဲ့ "ခေမိအွန်/ ခရင်မ်" ဟာ မကြာခင်ကမှ နိုင်ငံခြားကပြန်လာခဲ့ပါတယ်။တစ်နေ့မှာ ပြတိုက်ကိုသွားပြီး ရှေးဟောင်းလှေတွေလေ့လာရင်း အမည်မသိဦးလေးကြီးတစ်ယောက်က သူမကို ရှေးဟောင်းသစ်သားလှေငယ်လေးတစ်စီးကို ရောင်းပေးခဲ့ပါတယ်

အဲ့ဒီ့လှေငယ်လေးကိုဝယ်လာခဲ့တဲ့နေ့ကစလို့ "ခရင်မ်" တစ်ယောက် ထူးဆန်းတဲ့အိပ်မက်ကိုမက်ရာမှ အိပ်မက်ထဲက ရှေးဟောင်းအိမ်နဲ့ ယောကျာ်းတစ်ယောက်ကို စိတ်ထဲစွဲနေပါတော့တယ်

အိပ်မက်ကြောင့် စူးစမ်းလိုစိတ်ပြင်းပြနေတဲ့သူမဟာ "ထို့ဖွန်" နဲ့ "ပရော်ဖက်ဆာ ဒေါက်တာမဟနုတ်" တို့ရဲ့ အကူအညီနဲ့ ရှေးဟောင်းအိမ်တစ်အိမ်ဆီရေရက်လာခဲ့ရာမှာတော့ သူမအတွက် ပိုပြီးသံသယဖြစ်စရာတွေကြုံလာခဲ့ပါတယ်။

"ထို့ဖွန်" ဟာ "ခရင်မ်" ကို သဘောကျနေသူဖြစ်ပြီး "ခရင်မ်" ရဲ့ သံသယတွေကိုအဖြေကူရှာပေးဖို့ မိခင်ဖြစ်သူရဲ့အကြံပေးချက်ကြောင့် အကြားအမြင်ရတဲ့ "အဖွားဘူဝါ" ဆီ "ခရင်မ်" ကိုခေါ်သွားတွေ့ပေးခဲ့ပါတယ်။

"အဖွားဘူဝါ" ဟာ "ခရင်မ်" ကိုတွေ့တွေ့ချင်း ထိတ်လန့်တုန်လှုပ်သွားပြီးနောက်မှာ မြေးဖြစ်သူ "စပ်စီထိပ်" နဲ့ "စပ်စီထွန်" ကို "ခရင်မ်" ကိုဖမ်းခေါ်လာပြီး သ-တ်ဖို့လုပ်နေတဲ့အချိန်မှာ "ခရင်မ်" တစ်ယောက် ရုတ်တရင်ပျောက်သွားပြီး “ရတ်-သနကိုး-စင်ခေတ်ရဲ့ ၃ ဆက်မြောက်ဘုရင်မင်း" လက်ထက်ကို ပြန်ရောက်သွားခဲ့ရာမှ "ခွန်လွန်" နဲ့တွေ့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

"ခွန်လွန်" ဟာ လှေပေါ်မှာထိုင်နေရင်း ရုတ်တရက်ပေါ်လာတဲ့ "ခရင်မ်" ကိုတွေ့လိုက်ရာမှစလို့ သူတို့နှစ်ဦးရဲ့ဇာတ်လမ်း စတင်ခဲ့ပါတယ်။

အချိန်ခရီးသွားပြီးရောက်ရှိလာတဲ့ "ခရင်မ်" ဟာ ကိုယ့်ရဲ့အရင်မူလနေရာကိုပြန်ရောက်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ ?

"ခွန်လွန်" ရဲ့ ဘဝမှာ "ခရင်မ်" တစ်ယောက် ဘယ်လိုပါဝင်လာပြီး နှလုံးသားကိုအပိုင်သိမ်းသွားမလဲ ?

ထူးဆန်းတဲ့ကံကြမ္မာကြောင့်ဆုံတွေ့ခဲ့ကြတဲ့ "ခွန်လွန်" နဲ့ "ခရင်မ်" တို့ရဲ့ အချစ်ဇာတ်လမ်းဟာ အဆုံးသတ်မှာပေါင်းစည်းနိုင်ပါ့မလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ အချစ်ဒရာမာဇာတ်လမ်းကောင်းတစ်ခုဖြစိပါတယ်....

အောက်ကလင့်ကိုနှိပ်ပြီးကြည့်ပါ

https://t.me/Thaidramaeithae/19709

"ကိုယ့်ရဲ့ထာဝရနေမင်းကြီး"ဇာတ်လမ်းအကျဥ်း...ပန်ဆိုတဲ့ကောင်မလေးဟာ အဖေဖြစ်သူကိုဆုံးရှုံးပြီးနောက် အားထစ်ရဲ့အိမ်မှာနေရပါတယ်။ ...
10/08/2026

"ကိုယ့်ရဲ့ထာဝရနေမင်းကြီး"

ဇာတ်လမ်းအကျဥ်း...
ပန်ဆိုတဲ့ကောင်မလေးဟာ အဖေဖြစ်သူကိုဆုံးရှုံးပြီးနောက် အားထစ်ရဲ့အိမ်မှာနေရပါတယ်။ ပန်ဟာအားထစ်ကိုတဖက်သတ် သဘောကျနေပြီး အားထစ်ကိုပိုင်ဆိုင်ရဖို့နည်းလမ်းမျိုးစုံကိုသုံးပါတော့တယ်။ ဒါပေမဲ့ သူမရဲ့ချဥ်းကပ်မှုကြောင့်အားထစ်တစ်ယောက် အသက်အန္တရာယ်ကျရောက်တဲ့အထိဖြစ်ပြီးအိပ်မက်တွေအနာဂတ်တွေကိုစွန့်လွှတ်လိုက်ရပါတယ်။ဒါကြောင့် အားထစ်ဟာပန်ကိုအသွေးအသားထဲကနေမုန်းတီးနေတာပေါ့...

ပန်ကိုလည်း အားထစ်ရဲ့မိဘတွေက ပညာသင်ဖို့အဝေးပို့လိုက်တာကြောင့်နှစ်အတော်ကြာကွဲကွာသွားခဲ့ကြပါတယ်။ဝေးကွာသွားပြီးပြန်တွေ့ကြတဲ့အခါမှာလည်း အားထစ်ဟာပန်ကိုအမုန်းကြီးမုန်းနေဆဲပါပဲ။ ပန်ကတော့အမှားကိုသိပြီးပြုပြင်နေပေမယ့် အားထစ်ကတော့ ပန်ကိုအနို-င်ကျ-င့်ဒုက္ခပေးဖို့သာကြံစည်နေပါတယ်။

ကံတရားအလှည့်အ​ပြောင်းတွေကြားမှာ အမုန်းကနေအချစ်ကိုပြောင်းလဲလာတဲ့အခါ...အမုန်းကြီးမုန်းသူနဲ့အချစ်ကြီးချစ်သူကြားမှာ ဘယ်လိုတွေဆက်ဖြစ်ကြလေမလဲ...

အောက်ကလင့်ကိုနှိပ်ပြီးကြည့်ပါ

https://t.me/Thaidramaeithae/19648

"ဝိမာလာချစ်နှောင်ကြိုး"ဇာတ်လမ်းအကျဉ်း​အဆင့်မြင့် ဟိုတယ်ပိုင်ရှင်ဖြစ်သူ ဂန်း ဟာ သူငယ်ချင်းဖြစ်သူ ပရင် ကို ဟိုတယ်ရှယ်ယာအချ...
07/08/2026

"ဝိမာလာချစ်နှောင်ကြိုး"

ဇာတ်လမ်းအကျဉ်း
​အဆင့်မြင့် ဟိုတယ်ပိုင်ရှင်ဖြစ်သူ ဂန်း ဟာ သူငယ်ချင်းဖြစ်သူ ပရင် ကို ဟိုတယ်ရှယ်ယာအချို့ ရောင်းချပြီးနောက် စီးပွားရေးပါတနာတွေ ဖြစ်လာခဲ့ကြပါတယ်။

တစ်ဖက်မှာလည်း ဂန်း ရဲ့ အိမ်ထောင်ရေးဟာ ပျ-က်စီးခါနီးဖြစ်နေပြီး ဇနီးဖြစ်သူက ကွာရှင်းချိန်မှာ "T-wili-ght Re-sort" ကို သိမ်းပိုက်ဖို့ ကြိုးစားနေပါတယ်။ ဂန်း ဆီမှာ တရားခွင်မှာ ဇနီးဖြစ်သူကို အရေးနိမ့်စေနိုင်တဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိနေခဲ့ပါတယ်။

ဒါကြောင့် ဇနီးဖြစ်သူဟာ ထိုအထောက်အထားတွေကို ခို-းယူဖို့အတွက် ဝိမာလာ ကို ငှားရမ်းခဲ့ပါတယ်။ စာနာစိတ်ရှိသူ ဝိမာလာ ဟာ စတင်အချိန်မှာ ငြင်းဆန်ခဲ့ပေမဲ့ ဂန်း ရဲ့ ရု-ပ်ပိုင်းဆို-င်ရာ နှိ-ပ်စ-က်မှုကြောင့် ဒဏ်ရာရထားတဲ့ ဇနီးဖြစ်သူကို မြင်တွေ့လိုက်ရတာရယ်၊ ရောဂါသည် မိခင်ဖြစ်သူရဲ့ ဆေးကုသစရိတ်အတွက် ငွေကြေး လိုအပ်နေတာရယ်ကြောင့် ဒီအလုပ်ကို လက်ခံခဲ့ပါတယ်။

ဂန်း ဟာ ရ-က်စ-က်တတ်တဲ့ အမျိုးသားတစ်ယောက်လို့ ထင်မှတ်ထားတဲ့ ဝိမာလာ ဟာ အထောက်အထားတွေကို ခို-းယူဖို့ စတင်ကြိုးစားပါတော့တယ်။

ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့ နောက်ကွယ်မှာ သူမ မသိသေးတဲ့ ရှုပ်ထွေးဆန်းကြယ်တဲ့ အမှန်တရားတွေ အများကြီး ကွယ်ဝှက်နေခဲ့ပါတယ်...

အောက်ကလင့်ကိုနှိပ်ပြီးကြည့်ပါ

https://t.me/Thaidramaeithae/19594

"L-o-V-e Y-o-U t-o D-e-B-t" ဇာတ်လမ်းအကျဉ်း​ထို-င်းနိုင်ငံရဲ့ နာမည်ကြီး ကမ်းခြေမြို့လေးတစ်မြို့မှာ နေ့စဉ်နှင့်အမျှ ရန်-ပွ...
06/08/2026

"L-o-V-e Y-o-U t-o D-e-B-t"

ဇာတ်လမ်းအကျဉ်း
​ထို-င်းနိုင်ငံရဲ့ နာမည်ကြီး ကမ်းခြေမြို့လေးတစ်မြို့မှာ နေ့စဉ်နှင့်အမျှ ရန်-ပွဲတွေ၊ အကြ-မ်းဖ-က်မှုတွေကြား ရုန်းကန်နေရတဲ့ ကြွေး-တောင်းသူ အမျိုးသားတစ်ယောက် ရှိပါတယ်။

သူဟာ ပြီးဆုံးခြင်းမရှိတဲ့ ဒီလိုစ-က်ဆု-ပ်ဖွယ် ဘဝသံသရာကို ငြီးငွေ့လာပြီး ဒီအလုပ်ကနေ နှုတ်ထွက်ကာ သာမန်ဘဝသစ်တစ်ခုကို စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

သို့သော်လည်း သူလေးစားရတဲ့ အထက်လူကြီးက အလုပ်မထွက်ခင် "နောက်ဆုံးတာဝန်တစ်ရပ်" အဖြစ် အမျိုးသမီးငယ်တစ်ဦးဆီက ကြွေးနွံကို သွားရောက်တောင်းခံပေးဖို့ တောင်းဆိုလာတဲ့အခါမှာတော့...

အောက်ကလင့်ကိုနှိပ်ပြီးကြည့်ပါ

https://t.me/Thaidramaeithae/19587

"အချစ်ပြဇာတ်" ဇာတ်လမ်းအကျဉ်းဇာတ်မင်းသားလေး ဒင်ဟာဘုန်းကြီးကျောင်းက ကျွေးတာစားပြီး ကြီးပြင်းလာရတဲ့ မိဘမဲ့ကလေးတစ်ယောက်ပါစနိ...
04/08/2026

"အချစ်ပြဇာတ်"

ဇာတ်လမ်းအကျဉ်းဇာတ်မင်းသားလေး ဒင်ဟာဘုန်းကြီးကျောင်းက ကျွေးတာစားပြီး ကြီးပြင်းလာရတဲ့ မိဘမဲ့ကလေးတစ်ယောက်ပါ

စနိုဆိုတဲ့ ကောင်မလေးကလည်း ဒင်လိုပဲ ခက်ခဲကြမ်းတမ်းတဲ့ လောကဓံကို ရင်ဆိုင်ရင်းရှင်သန်နေရသူပါ

ဒင်က သူကြီးသမီး ရိဆွန်နဲ့ ချစ်ကြိုက်နေခဲ့ပြီး စနိုကတော့ ဒင်ကို ငယ်စဉ်ကလေးဘဝကတည်းကတစ်ဖက်သတ် ချစ်နေခဲ့ပါတယ်ဒင်က စနိုရဲ့ အချစ်တွေကို မမြင်နိုင်ခဲ့ပဲ ရိဆွန်ကိုသာ သူ့ရင်ထဲရှိနေခဲ့ပါတယ်

တစ်နေ့ ဒင်တစ်ယောက် ချစ်သူမိန်းကလေး ရိဆွန်ကို တင်တောင်းဖို့ မရှိမဲ့ရှိမဲ့ ငွေကြေးဥစ္စာလေးနဲ့ သူကြီးအိမ်ကို ရောက်လာခဲ့ချိန်မှာချစ်သူမိန်းကလေးရဲ့ တစ်ခြားယောက်ျားတစ်ယောက်နဲ့ ချစ်ရည်လူးနေတဲ့ မြင်ကွင်းကို မျက်စိနဲ့တပ်အပ်မြင်လိုက်ရပြီး နှလုံးသားတစ်ခုလုံး တစ်စစီကြွေမွသွားခဲ့ရှာပါတယ်

အဲ့နေ့ကစပြီး အောင်မြင်ကျော်ကြားတဲ့ ထိတ်ထိတ်ကြဲ ဇာတ်မင်းသားဖြစ်လာဖို့ ကြိုးစားခဲ့ပြီး စနိုကလည်း ဘေးကနေ ပါရမီဖြည့်ပေးခဲ့ပါတယ်ဒင်တစ်ယောက် သူမျှော်လင့်ထားသလို ထိတ်ထိတ်ကြဲ ဇာတ်မင်းသား ဖြစ်လာမလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်...

အောက်ကလင့်ကိုနှိပ်ပြီးကြည့်ပါ

https://www.facebook.com/share/p/14guGvRnUUh/

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ET channnelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์