28/02/2026
ဘဝမှာ များများစားစား မလိုချင်တော့ဘူး။
အထိအရှလည်း မခံချင်တော့ဘူး။
ထပ်ပြီး အထိအရှ မခံနိုင်တော့တာလည်း ပါမယ်။
လူအများကြီးနဲ့ ထပ်ပြီးဆုံတွေ့ရမှာထက်
ကိုယ်မရှိရင် မဖြစ်တဲ့
လူနည်းစုလေးအတွက် ရှိနေပေးမယ်။
အဆင်ပြေရင် ပြေသလိုပေါ့...
အဆင်မပြေရင် မပြေတဲ့အတိုင်း ရှင်သန်မယ်။
အချိန်ရရင် ရသလိုတော့
တိမ်တွေကို ငေးကြည့်ချင်တယ်။
သီချင်းတွေ ပိုနားထောင်ချင်တယ်။
စိတ်ပျော်ရမယ့် အရာလေးတွေကို လုပ်ကြည့်မယ်။
အများကြီး ပင်ပန်းခဲ့ရပြီးပြီလေ။
တကယ်ကို ပင်ပန်းခဲ့ရပြီးပါပြီ။