26/06/2026
” အပျိုစင် အိပ်မက် ” ( စ/ဆုံး)
ဇင်မာဝင့် တယောက် စာအုပ်ထည့်ထားတဲ့ ကချင်လွယ်အိပ်ကို ရင်ခွင်ပိုက်ပြီး ရင်တထိတ်ထိတ် ဖြင့် ကျွန်းလှေကား ကြီးအတိုင်း တက်လာသည်၊ ဒီနေ့ ကိုမောင့် အိမ်သို့ စာလာသင်ရမည်မှာ တခြားနေ့တွေနှင့် မတူ၊ ဟင်းလင်းပွင့် နေသည့် အိမ်ရှေ့ တံခါးကြီးသည် သူဝင်လာသည်နှင့် အလိုလို ဂျိုင်းကနဲ့ ပိတ်သွားသည်၊ သူက တံခါးပိတ်သံကြောင့် ရုတ်တရက် လန့်သွားပြီး ပါးစပ်က ဒေါ်ဒေါ်၊ ဒေါ်ဒေါ်၊ ဦးလေး၊ ဦးလေး၊ မညွန့်၊ မညွန့် ဆိုပြီး သူ့ ကို စာသင်ပေးနေသည့် ကိုမောင် အိမ်က အိမ်သားတွေကို အသံထွက်အောင် အော်ခေါ်နေသော်လည်း မည်သူကမှ မထူး။ အလိုလိုပိတ်သွားသော တံခါးကို ဆွဲဖွင့် ကြည့်သော်လည်း တံခါးက တုံ့တုံ့မျှ မလှုတ်။ ပါးစပ်က တကြော်ကြော် အော်ခေါ်နေသော်လည်း အိမ်ထဲမှ မည်သူမျှ ထွက်မလာ။
မည်သူ့ကိုမှ ခေါ်မရသည့် အဆုံး သူစာသင်နေကျ အပေါ်ထပ်သို့ စာကြည့်စားပွဲ ရှိရာသို့သာ တလှမ်းချင်း တက်လာမိသည်။ ကိုမောင် အပေါ်ထပ်မှာ သူ့အလာကို စာသင်ပေးဘို့ စောင့်နေသည်ဟု သူ့စိတ်ထဲက သိနေသည်၊ ကိုမောင့်နာမည်က ကိုမောင်တင်၊ ဆေးတက္ကသိုလ် တတိယနှစ် ကျောင်းသား၊ သူ့ ဂိုက်ဆိုလဲ မမှား၊ မိဘချင်းကလဲ ရင်းနှီးသည်။ ကိုမောင်က သူ့ကို ညီမလေးတယောက်လို ဂရုစိုက်သည်၊ ဘာမဆို သူ့ကို အလိုလိုက်သည်၊ သူက စာမကျက်ချင် ပျင်းတယ် ဟု ညီးညူရင် ကိုမောင်က သူနှင့် အတူတူ သူကျက်ရမည့် စာကို လိုက်ကျက်သည်။ အတူတူ စာအံသည်။ ကိုမောင်ကို သူမကြောက်၊ သူ့ဆရာဟု သဘောမထား၊ သူခင်သည်၊ ကိုမောင်နှင့် တွေ့လျှင် အားလုံး အဆင်ပြေသွားမည်ကို သူသိနေသည်၊ ထို့ကြောင့် တအိမ်လုံး သရဲခြောက်သလို တိတ်ဆိတ်နေသည့်တိုင်အောင် ကိုမောင်ရှိရာ စာသင်နေကျ နေရာဆီသို့ သူတက်လာရဲခြင်းဖြစ်သည်
(အချစ်စာပေမန့်မှာဖတ်ပါ 👇👇👇)