KAUNG MRAT NEWS. ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก KAUNG MRAT NEWS., Media/News Company, Bangkok.
(3)

သာလီစွပါမြန်မာနိုင်ငံရေးသတင်းများနှင့်ရခိုင်သတင်း များကိုKAUNG MRATမှအဆက်မပြတ်ထုတ်လွှင့်တင်ပြပေးနေပါတယ်။နေစဉ်ကြည့်ရူနိုင်ရန်အတွက်KAUNG MRAT NEWS.ကိုlike and shareလုပ်ပီ Followerလုပ်ပေခဲ့ကြပါ

28/09/2025

"ပေးဆပ်ရတာ တန်လား"

အဘအတွက် မိသားစုကို ထားခဲ့ပြီး အသက်ပေးသွားပြန်ပြီ.. ခွေးသေဝက်သေ သေမှ ပေးဆပ်ရတာ မတန်ဘူးလို့ မပြောကြနဲ့လေ.. 😈

.

AA သတင်ထုပ်ပြန်ချက် breaking newsအစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့၏ ယခုရက်များအတွင်း အကြမ်းဖက်တိုက်...
27/09/2025

AA သတင်ထုပ်ပြန်ချက် breaking news
အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA အဖွဲ့၏ ယခုရက်များအတွင်း အကြမ်းဖက်တိုက်ခိုက်သော လုပ်ရပ်များနှင့်ပတ်သက်၍ ထုတ်ပြန်ချက်

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၆) ရက်
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်

24/09/2025

(အရည်အချင်းဆိုတာ အရေအတွက်ကိုပြောတာမဟုတ်ဘူးး )
မင်းဘာကောင်လဲ ငါဘာကောင်လဲဆိုတာ
လယ်ဘယ် ရှင်ကြည့်တဲ့အခါတွေ့ပီမလားးး

■ ပေါက်တောဒေသခံ ၇ ဦးကို စစ်ကောင်စီ ရေတပ်က ဖမ်းဆီးပြီး စစ်တွေမြို့မရဲစခန်းမှာ ထိန်းသိမ်းထား KAUNG MRAT NEWS. | စက်တင်ဘာ ၂...
22/09/2025

■ ပေါက်တောဒေသခံ ၇ ဦးကို စစ်ကောင်စီ ရေတပ်က ဖမ်းဆီးပြီး စစ်တွေမြို့မရဲစခန်းမှာ ထိန်းသိမ်းထား

KAUNG MRAT NEWS. | စက်တင်ဘာ ၂၂

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်က ဒေသခံ ၇ ဦး ပင်လယ်ပြင်မှာ ငါးဖမ်းနေစဉ် စစ်ကောင်စီ နေဗီများက သေနတ်ပစ်ဖောက်၍ ဖမ်းဆီးသွားပြီး လက်ရှိ စစ်တွေမြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ပေါက်တောမြို့နယ် ချောင်းဝကျေးရွာနှင့် ကုန်တန်းကျေးရွာမှ ဒေသခံ ၇ ဦးမှာ စက်တင်ဘာလ ၁၆ ရက်နေ့တွင် စက်လှေ ၃ စီးနှင့်အတူ စစ်တွေပင်လယ်ပြင်၌ ငါးဖမ်းနေစဉ် စစ်ကောင်စီ နေဗီများက သေနတ်ပစ်ဖောက် လှမ်းခေါ်၍ ဖမ်းဆီးသွားကြောင်း သိရသည်။

စစ်တွေမြို့ခံတစ်ဦးက "ပေါက်တောမြို့နယ်က ငါးဖမ်းနေတဲ့ ဒေသခံ ၇ ဦးကို စစ်ကောင်စီရေတပ်က ဖမ်းဆီးပြီး အခု စစ်တွေမြို့မရဲစခန်း အမှတ် ၁ မှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်။ နေဗီက ဖမ်းပြီး ရဲလက်ထဲ အပ်လိုက်တယ်လို့ ပြောတယ်။ အခု သူတို့ ဘယ်လိုဖြစ်နေလဲ အတိအကျ မသိရသေးဘူး" ဟု ပြောသည်။

ပေါက်တောမြို့နယ်က ဒေသခံပြည်သူများမှာ ပင်လယ်ပြင်ထွက် ငါးရှာနေစဉ် စစ်ကောင်စီ နေဗီများ၏ ဖမ်းဆီးခြင်းကို မကြာခဏ ဖမ်းဆီးခံရကြောင်းလည်း နောက်ထပ် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။

"ပင်လယ်ပြင်မှာ ငါးရှားစားနေတဲ့ ဒေသခံတွေကို စစ်ကောင်စီက အမြဲလိုလိုဖမ်းပြီး ငွေညှစ်တာရှိတယ်။ ငွေမပေးရင် ပြန်မလွှတ်ဘူး။ ရဲလက်ထဲအပ်လိုက်တယ်။ အမှုတပ်တယ်။ တရားစွဲထောင်ချတယ်။ ပြည်သူ့စစ်မှုထမ်းသင်တန်းကို ပို့တာလည်းရှိတယ်။ ဒါက စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ လုပ်စားဖြစ်နေပြီ။ စက်တင်ဘာလ ၉ ရက်နေ့ကလည်း ပေါက်တောဒေသခံတွေ ပင်လယ်ပြင်မှာ ငါးရှာနေစဉ် အဖမ်းခံရတယ်လို့ သိရတယ်။ ဘယ်နှစ်ယောက်ဆိုတာ အတိအကျမသိဘူး" ဟု ပြောသည်။

ပေါက်တောမြို့သည် အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ ပေါက်တောနှင့် စစ်တွေမြို့ကြား ပင်လယ်ပြင်မှာ ရေလုပ်ငန်းလုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုနေကြခြင်းဖြစ်သည်။

"စစ်တွေမြို့က သူတို့လက်ထဲမှာဆိုတော့ ပင်လယ်ပြင်မှာလည်း သူတို့ စစ်သင်္ဘောတွေ ရှိနေတယ်။ ငါးဖမ်းလှေတွေ တွေ့ရင် လှမ်းခေါ်တယ်။ မလာရင် သေနတ်နဲ့ လိုက်ပစ်တယ်။ မလွတ်မြောက်နိုင်တဲ့ သူတွေက အဖမ်းခံရတာပေါ့။ ဒေသခံပြည်သူတွေဟာ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတာကို စစ်ကောင်စီက မတရားဖမ်းဆီးတယ်။ အခု ပင်လယ်ပြင်ကို သိပ်မထွက်ရဲကြဘူး။ ဝမ်းရေးကြောင့်သာ အသက်စွန့်ပြီး ငါးရှာထွက်နေရတယ်" ဟု ပေါက်တောမြို့နယ်ဒေသခံတစ်ဦးက ပြေသည်။

စစ်တွေပင်လယ်ပြင်တွင် သွားလာနေသော စစ်ကောင်စီနေဗီများမှာ ပေါက်တောနှင့် ပုဏ္ဏားကျွန်းဘက်သို့ လက်နက်ကြီးပစ်ခတ်ခြင်းများ ရှိနေသလို ဒေသခံပြည်သူများကိုလည်း မတရား ဖမ်းဆီးနေကြောင်း သိရသည်။

စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းကလည်း ပေါက်တောမြို့နယ် မင်းတဲကျေးရွာက အသက် ၂၅ နှစ်အရွယ် အမျိုးသမီး ၁ ဦးမှာ မြစ်ကမ်းနား ငါးရှာနေစဉ် စစ်တွေမြို့ အနီးရပ်နားထားသော စစ်ကောင်စီနေဗီများမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာရရှိသွားသည်။

ပုံစာ- Combined Fleet Exercise-Sea Shield ၂၀၁၇ ခုနှစ် စစ်ကောင်စီ ရေယာဉ်တပ်ပေါင်းစု ပင်လယ်ပြင်စစ်ဆင်မှုလေ့ကျင့်ခန်းနေစဉ်။ ဓါတ်ပုံ- စစ်ကောင်စီ

. #ပေါက်တောမြို့နယ် #ငါးဖမ်းသမားများ #ဖမ်းဆီးခံရ #စစ်ကောင်စီ #နေဗီများ #စစ်သင်္ဘောများ #လက်နက်ကြီးပစ်ခတ်

21/09/2025

❇️ တိုက်စွမ်းရည် ဘယ်လောက်ကွာလဲ?

တော်လှန်ရေး တပ်တွေက ဗန်းမောက်မြို့ကို မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတယ်။ ကျည်စဖောက်တဲ့နေ့ကနေ စတွက်ရင် (၆) ရက်နဲ့ အကြမ်းဖက် စစ်ခွေး ထောင်ချီ ခုခံနေတဲ့ ဗန်းမောက်မြို့ကို အပြီးပိုင် သိမ်းပိုက်နိုင်ခဲ့တယ်။

ခွေးတပ်က နောင်ချိုကို လေကြောင်းနဲ့ လက်နက်ကြီးတွေ အောတိုက်အောင် ပစ်ကူသုံးပြီး မြေပြင်က ခြင်းကြားအင်အား ထောင်ချီနဲ့ ထိုးစစ်ဆင်တာ လချီကြာပြီးမှ နောင်ချိုကို ရတယ်။ မြို့ကို သိမ်းပိုက်နိုင်ပေမယ့် လက်နက်ဘာညာ သိမ်းဆည်းရမိတာ မရှိပဲ မြို့အခွံကိုပဲ ရသွားတယ်။

တခါ ပခုက္ကူ တပ်မ (၁၀၁) ကနေ ကားနဲ့သွားရင် ၂ နာနရီလောက်ပဲ ကြာမယ့် ပေါက်မြို့ကို အင်အား တစ်ထောင်ကျော်နဲ့ စစ်ကြောင်းထိုးတာ ၂ လခွဲကျော် ကြာမှ ပေါက်မြို့ကို ခြေချနိုင်တယ်။ ဒီစစ်ဆင်ရေးမှာလဲ ခွေးတပ်က လေကြောင်းပစ်ကူကို ဖောချင်းသောချင်း သုံးပြီးမှ စစ်ရေး ရည်မှန်းချက် နေရာကို ရောက်နိုင်ခဲ့ကြတာ။

အပေါ်မှာ ပြောသွားတာတွေက တော်လှန်ပြည်သူတွေရော ခွေးတပ်ထောက်ခံတွေပါ သိထားတဲ့ အရှိတရားတွေပဲ။

ဆိုတော့ စစ်ရေးမှာ အမြဲတမ်း အပေါ်ကနေပဲ ဖိထားနိုင်ဖို့၊ ဖိတိုက်နိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ စစ်ပွဲကြီး တစ်ခုကို အနိုင်ရဖို့ဆိုတာ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲရင်း တဆင့်ချင်း ကျော်ဖြတ်နေရတာမို့ တခါတရံမှာ အဆုတ်အတက်ဆိုတာ ရှိတယ်။ ကိုယ့်ရဲဘော်တွေ အနားယူဖို့လိုတာ ရှိသလို လိုအပ်တဲ့ ခဲယမ်းရိက္ခာ ဖြည့်တင်းရင်း ရန်သူရဲ့ လုပ်နိုင်စွမ်းကို သိရဖို့ (တနည်း) ရန်သူမှာ တိုက်စွမ်းရည် ဘယ်လောက်ရှိလဲ သိနိုင်ဖို့ တမင် ဟထားပေးပြီး စစ်ဆွယ် စစ်မြှူရတာတွေ ရှိတယ်။ ဒါမှသာလျှင် ရန်သူရဲ့ အခြေအနေမှန်ကို သုံးသပ်ပြီး ပွဲသိမ်းတိုက်ပွဲတွေအတွက် သင့်တော်မယ့် စစ်ရေးစီမံချက်တွေ ချမှတ် လုပ်ဆောင်နိုင်မှာ မဟုတ်လား။

အခု (၄) နှစ်ကျော်ကာလအတွင်း တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲကို ဘယ်လို ဆင်နွှဲခဲ့လဲ၊ မြို့တွေ အမြောက်အများ သိမ်းယူနိုင်ဖို့ စစ်ဆင်ရေးတွေ ဘယ်လို လုပ်ဆောင်ခဲ့လဲ ဆိုတာ မြင်ခဲ့ကြရပြီး ဖြစ်သလို အကြမ်းဖက် ခွေးတပ် အနေနဲ့လဲ မြို့တစ်မြို့ကို ပြန်ရဖို့ ဖတ်သီဖတ်သီနဲ့ ဘယ်လောက်တောင် အားစိုက် တိုက်ယူနေရလဲ ဆိုတာ မြင်ခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။

စစ်အင်အားတွေ လက်နက် အင်အားတွေကို ခဏထားဦး၊ မြို့တစ်မြို့ သိမ်းဖို့အတွက် ဘယ်ဘက်က ဘယ်လောက် အချိန်ယူလဲလို့ ရိုးရိုးလေးပဲ တွက်ကြည့်ပါ၊ ရေရှည်မှာ ဘယ်သူနိုင်မယ် ထင်ကြလဲ?

KAUNG MRAT NEWS.

17/09/2025

နောက်ဘဝမာဒီလိုအဖြစ်ဆိုးနန့်မတွေ့ပါစေနန့် ညီလေးညီမလေးရယ် add

#မှော်ရှန်ရပ်ကွက်

📌 အပြည့်အစုံ ဓါတ်ပုံများကို Telegram channel မှာကြည့်နိုင်ပါသည်။👉 https://t.me/kaungmratnews/169မကွေးတိုင်း၊ ဆင်ပေါင်ဝဲမ...
17/09/2025

📌 အပြည့်အစုံ ဓါတ်ပုံများကို Telegram channel မှာကြည့်နိုင်ပါသည်။
👉 https://t.me/kaungmratnews/169
မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင် -သာဂရလမ်းပိုင်း၌ မြို့နယ်မှူးလိုက်ပါလာသော ရဲကားကို တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးပြီး မြို့နယ်မှူးအပါအဝင် ကျန်ရဲများအားလုံး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြေင်း သရက်ခရိုင်အမှတ် ၅ တပ်ရင်းက ထုတ်ပြန်သည်။

■ AA ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်နေသည့် နတ်ရေကန်စခန်းမှ စစ်ကောင်စီတပ်သား ၅ ဦး PDF မင်းဘူးအမှတ် ၂ တပ်ရင်းသို့ အလင်းဝင်...
15/09/2025

■ AA ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်နေသည့် နတ်ရေကန်စခန်းမှ စစ်ကောင်စီတပ်သား ၅ ဦး PDF မင်းဘူးအမှတ် ၂ တပ်ရင်းသို့ အလင်းဝင်
📌 အပြည့်အစုံ ဓါတ်ပုံများကို Telegram channel မှာကြည့်နိုင်ပါသည်။
https://t.me/kaungmratnews/153?single

KAUNG MRAT NEWS.| စက်တင်ဘာ ၁၅

အာရက္ခတပ်တော် AA ၏ ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်နေသော မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်စခန်းမှ စစ်ကောင်စီတပ်သား ၅ ဦး လက်နက်ခဲယမ်းများဖြင့် NUG ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းသို့ အလင်းဝင်လာကြောင်း မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ယနေ့ ထုတ်ပြန်ထားသည်။

အလင်းဝင်လာသော တပ်သား ၅ ဦးမှာ စစ်ကောင်စီက အတင်းအဓမ္မစစ်သားစုဆောင်းပြီး နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေး တပ်စခန်းသို့ ပို့ဆောင်ခြင်းခံရသည့် ပြည်သူ့စစ်ထမ်းတပ်သားများဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်း စစ်ကောင်စီတပ်သားများမှာ အမှတ် ၁၇ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်း ခရမ ၅၂၀ က ဖြစ်ပြီး စက်တင်ဘာလ ၉ ရက်နေ့ ညက မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းသို့ အလင်းဝင်လာကြခြင်းဖြစ်သည်။

"အလင်းဝင်လာတဲ့ ပစ စစ်သား ၅ ဦးကို စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ စိစစ်လက်ခံပြီး ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့တယ်။ လက်နက်ချပြီး ပြည်သူနဲ့ ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ခံကြိုဆိုလျက်ရှိပါတယ်။ လူ့အခွင့်အရေး အပြည့်အဝရရှိစေပြီး လက်နက်နဲ့ အလင်းဝင်လာသူတွေကို ဆုငွေတွေ ချီးမြှင့်ပေးသွားမယ်” ဟု မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ပြောဆိုထားသည်။

မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းသို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၅ ဦးမှာ တပ်သားဉာဏ်မြင့်မြတ်၊ တပ်သားအောင်အောင်၊ တပ်သား အောင်ခိုင်၊ တပ်သား ဖြိုးကိုကိုနှင့် တပ်သား‌ ဇော်ထွေး တို့ဖြစ်ကြသည်။

၎င်းတို့ပြောဆိုချက်အရ နတ်ရေကန်စခန်းသို့ ရောက်ရှိစဉ်က အာရက္ခတပ်တော် AA နှင့် တိုက်ပွဲတစ်ခုတွင် ရှမ်းပြည် လင်းခေးအခြေစိုက် တပ်ရင်း ခမရ ၅၇၈ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ၁၊ ဗိုလ်ကြီး ၁ ဦးနှင့် တပ်သား ၅၀ ကျော်မှာ နတ်ရေကန်စခန်းမှ ထွက်ပြေးသွားကြောင်း သိရသည်။

လင်းခေးအခြေစိုက် တပ်ရင်း ခမရ ၅၇၈ တပ်ရင်းမှာ နတ်ရေကန်စခန်းသို့ ပို့ဆောင်ခံထားရပြီး စစ်ကောင်စီက တပ်ရင်းအနည်းဆုံး ၁၀ ကျော်ကို ဖြည့်တင်းကာ တပ်သားအင်အား ထောင်နှင့်ချီဖြင့် အာရက္ခတပ်တော် AA ၏ ပူးပေါင်းတပ်ဖွဲ့များကို ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။

စက်တင်ဘာလ ၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် နတ်ရေကန်စခန်းအနီး အာရက္ခတပ်တော် AA နှင့် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၀၀ ကျော်သေဆုံးသွားကြောင်းလည်း မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းသို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများထဲမှ တပ်သား ဉာဏ်မြင့်မြတ်က ထုတ်ဖော်ထားသည်။

စက်တင်ဘာလ ၄ ရက်နှင့် ၇ ရက်နေ့တို့တွင် နတ်ရေကန်စခန်းအနီး စွန်တက်ကျေးရွာ အရှေ့မြောက်ဘက်၌ စစ်ကောင်စီ ခလရ ၂၉၅ တပ်ရင်းအပါအဝင် စစ်ကောင်စီ စစ်ကြောင်းများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အာရက္ခတပ်တော် AA ကလည်း စက်တင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲမှာ ၈ နာရီကြာမြင့်ခဲ့ကြောင်းနှင့် စစ်ကောင်စီတပ်သား အလောင်း ၆၀ ကျော်ကို စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းများနှင့်အတူ သိမ်းဆည်းရမိခဲ့ပြီး မျက်မြင် စစ်ကောင်စီတပ်သား ၁၀ ဦးလည်း သေဆုံးသွားကြောင်း AA က ပြောသည်။

ထပ်မံပြီးလည်း စစ်ကောင်စီတပ်သားများမှာ အထိနာပြီး ထွက်ပြေးနေ၍ အာရက္ခတပ်တော် AA က လိုက်လံချေမှုန်းတိုက်ခိုက်နေကြောင်းလည်း ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့များက ရခိုင်နှင့် ဆက်စပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် စစ်ကောင်စီတပ်စခန်း၊ တပ်ရင်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲမှာ ဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။

. #အာရက္ခတပ်တော် #စစ်ကောင်စီ #မကွေးတိုင်း #တိုက်ပွဲပြင်းထန်နေ #နတ်ရေကန်စခန်း

ရန်ကုန်တွင် AAတပ်ဖွဲ့ဝင် ၃ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၆ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် စွပ်စွဲမှုအပေါ် အဖမ်း...
14/09/2025

ရန်ကုန်တွင် AAတပ်ဖွဲ့ဝင် ၃ဦးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၆ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင် စွပ်စွဲမှုအပေါ် အဖမ်းဆီးရမိခဲ့
📌 အပြည့်အစုံ ဓါတ်ပုံများကို Telegram channel မှာကြည့်နိုင်ပါသည်။
https://t.me/kaungmratnews/148?single

KAUNG MRAT NEWS |စက်တင်ဘာ ၁၄

ရန်ကုန်တွင် အာရက္ခတပ်တော် AA ထောက်ပံ့ရေးအဖွဲ့ဝင် ၃ဦးအပါအဝင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁၆ဦးကို ငွေကျပ်ဘီလျံပေါင်းရာချီ တန်းဖိုရှိသော မူးယစ်ဆေးဝါးများအတူ ဖမ်းဆီးရမိခဲ့ ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့က စစ်ကောင်စီ၏ ဝါဒါဖြန့်သတင်းစာတွင် ရေးသားဖော်ပြ ထားသည်။

၄င်းတို့အား စက်တင်ဘာလ ၅ ရက်နှင့် ၇ ရက်နေတို့တွင် ရွှေပြည်သာ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ပန်းဘဲတန်းမြို့နယ်များကနေ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု စစ်ကော်မရှင်က ဆိုထားသည်။

ဖမ်းဆီးရမိသော ပစ္စည်းများထဲတွင် ICE ၄၄၄၀ ကီလိုဂရမ်၊ ကတ်တမင်း ၁၁၀၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၄၀၊ ဘိန်းဖြူ ၁၄ ကီလိုဂရမ် နှင့်ကား ၅ စီးလည်း ပါဝင်သည်ဟု သိရသည်။

အာရက္ခတပ်တော် AAအဖွဲ့သည် စစ်တပ်ရပ်တည်ရေးနှင့် လက်နက်ခဲယမ်းအတွက် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည်ဟု စစ်ကော်မရှင်က စွပ်စွဲပြောဆိုထားသည်။

စစ်ကော်မရှင်၏ စွပ်စွဲချက်နှင့်ပတ်သက်ပြီး အာရက္ခတပ်တော်AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက "AA ရပ်တည်ရေးနဲ့ လက်နက်ခဲယမ်းအတွက် မူးယစ်ဆေးဝါးရောင်းဝယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ ကျွန်တော်တို့က ထမင်းငတ်နေတဲ့အဖွဲ့အစည်း မဟုတ်ဘူး။ ဒါကြောင့် အောက်တန်းကျ လူညွန့်တုံးစေတဲ့ လုပ်ရပ်ကို ဘယ်တော့မှ မလုပ်ဘူး"လို့ BBC သတင်းဌာနသို့ တုံ့ပြန် ဖြေကြားထားသည်ကိုတွေ့ရှိရသည်။

ယင်းအပြင် ယခုဖမ်းမိသူများအပြင် AA၏ထောက်ပံ့ရေးတာဝန်ခံတစ်ဦးနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေသူ တစ်ဦးကို ဆက်လက်ဖမ်းဆီးရန် ကျန်ရှိနေသေးသည်ဟု စစ်ကော်မရှင်က ထုတ်ပြန်သည်။

သြဂုတ် ၂၃ ရက်နေ့ကလည်း မလေးရှားပို့မည့် မူးယစ်ဆေးဝါးများကို #မြေပုံမြို့နယ်မှ AA #အကောက်ခွန်မှူးက #အခွန်ကောက်ပြီးပို့ဆောင်ပေးနေသည်ဟု #စစ်ကော်မရှင်က စွပ်စွဲထားမှုအပေါ် #အာရက္ခတပ်တော် (AA)က ငြင်းဆိုထားသည်ကို တွေ့ရှိရသည်။

14/09/2025

အတုံးအရုံးသေ ၆၆ တွေ
(နှလုံးမကောင်းသူများမကြည့်ပါနှင့် )

BREAKING NEWS ■ ကျောက်တော် ပညာပန်းခင်း အထက်တန်းကျောင်း စစ်ကောင်စီ ဗုံးကြဲမှု ကျောင်းသူ/ သား ၁၈ ဦးသေဆုံး📌 အပြည့်အစုံ ဓါတ်...
12/09/2025

BREAKING NEWS
■ ကျောက်တော် ပညာပန်းခင်း အထက်တန်းကျောင်း စစ်ကောင်စီ ဗုံးကြဲမှု ကျောင်းသူ/ သား ၁၈ ဦးသေဆုံး
📌 အပြည့်အစုံ ဓါတ်ပုံများကို Telegram channel မှာကြည့်နိုင်ပါသည်။
👉 https://t.me/kaungmratnews/128

KAUNG MRAT NEWS.|စက်တင်ဘာ ၁၂

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ နံနက် (၁) နာရီ (၀၅) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ (စစ်ကော်မရှင်တပ်) သည် အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ အတွင်းသို့ ညသန်းခေါင်အချိန်၌ လေကြောင်းမှ ပေါင် (၅၀၀) ဗုံး နှစ်လုံး လာရောက် ဗုံးကြဲချခဲ့သောကြောင့် သရက်တပင်ရွာအတွင်း ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်သို့ ကျရောက်ထိမှန်ခဲ့သည်။

အဆိုပါ ပေါင် (၅၀၀) ဗုံး နှစ်လုံးကြောင့် ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသူ/ကျောင်းသားများနှင့် ၎င်းအနီးအနားမှ ကလေးငယ်တချို့ အပါအဝင် စုစုပေါင်း (၁၈) ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးကာ (၂၀) ကျော် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြကြောင်း ကနဦး သတင်းများအရ သိရှိရသည်။

နောက်ဆက်တွဲ သတင်းများကို ထပ်မံတင်ပေးသွားပါမည်။

#ကျောက်တော် #ပညာပန်းခင်း #အထက်တန်းကျောင်း #စစ်ကောင်စီ #ဗုံးကြဲမှု #ကျောင်းသူ/ #သား #၁၈ ဦး #သေဆုံး

BREAKING NEWS ■ ကျောက်တော် ပညာပန်းခင်း အထက်တန်းကျောင်း စစ်ကောင်စီ ဗုံးကြဲမှု ကျောင်းသူ/ သား ၁၈ ဦးသေဆုံး📌 အပြည့်အစုံ ဓါတ်...
12/09/2025

BREAKING NEWS
■ ကျောက်တော် ပညာပန်းခင်း အထက်တန်းကျောင်း စစ်ကောင်စီ ဗုံးကြဲမှု ကျောင်းသူ/ သား ၁၈ ဦးသေဆုံး
📌 အပြည့်အစုံ ဓါတ်ပုံများကို Telegram channel မှာကြည့်နိုင်ပါသည်။
👉 https://t.me/kaungmratnews/126?single

KAUNG MRAT NEWS.|စက်တင်ဘာ ၁၂

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်၊ နံနက် (၁) နာရီ (၀၅) မိနစ်ခန့်အချိန်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ (စစ်ကော်မရှင်တပ်) သည် အာရက္ခပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာ အတွင်းသို့ ညသန်းခေါင်အချိန်၌ လေကြောင်းမှ ပေါင် (၅၀၀) ဗုံး နှစ်လုံး လာရောက် ဗုံးကြဲချခဲ့သောကြောင့် သရက်တပင်ရွာအတွင်း ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ရှေ့တည့်တည့်သို့ ကျရောက်ထိမှန်ခဲ့သည်။

အဆိုပါ ပေါင် (၅၀၀) ဗုံး နှစ်လုံးကြောင့် ပညာပန်းခင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းသူ/ကျောင်းသားများနှင့် ၎င်းအနီးအနားမှ ကလေးငယ်တချို့ အပါအဝင် စုစုပေါင်း (၁၈) ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးကာ (၂၀) ကျော် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြကြောင်း ကနဦး သတင်းများအရ သိရှိရသည်။

နောက်ဆက်တွဲ သတင်းများကို ထပ်မံတင်ပေးသွားပါမည်။

#ကျောက်တော် #ပညာပန်းခင်း #အထက်တန်းကျောင်း #စစ်ကောင်စီ #ဗုံးကြဲမှု #ကျောင်းသူ/ #သား #၁၈ ဦး #သေဆုံး

ที่อยู่

Bangkok

เบอร์โทรศัพท์

+8801759572576

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KAUNG MRAT NEWS.ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง KAUNG MRAT NEWS.:

แชร์

ประเภท