KO.NYI. မင်း'ဘယ်ဘာသာကိုးကွယ်လဲအရေးမကြီးပါ
လူသားဆန်ဖို့ဘဲအရေးကြီးတရ်"

((ကမ္ဘာမြေကြီးငြိမ်းချမ်းပါစေ"))

04/09/2026

နိုင်ငံခြားမြေမှာ မိသားစုစားဝတ်နေရေးအတွက် အမြင့်ပေများစွာပေါ်တက်ပြီး အသက်ကို ပဓာနမထားဘဲ ကြိုးစားရုန်းကန်နေရတဲ့ မြန်မာလုပ်သား ကိုစိုင်းရဲ့ ဘဝဖြတ်သန်းမှုကို စာနာထောက်ထားကာ ထိုင်းရဲအရာရှိ Manot Saensila က လုန်းပူဒူးဒူးနဲ့ လုန်းတာမားတို့ရဲ့ အဆောင်တော်ကို ငွေကြေးတစ်ပြားတစ်ချပ်မှ မယူဘဲ အခမဲ့ ပေးအပ်ကူညီခဲ့ပါတယ်။
အလုပ်မစတင်ခင်တိုင်း မိမိအတွက်ရော ဝန်းကျင်အတွက်ပါ ဘေးအန္တရာယ်ကင်းရှင်းဖို့ အမြဲဆုတောင်းတတ်တဲ့ ကိုစိုင်းရဲ့ ရိုးသားကြိုးစားမှုကို သိရှိသွားတဲ့အခါမှာတော့ အဆိုပါထိုင်းရဲအရာရှိဟာ လူသားချင်းစာနာထောက်ထားတဲ့ စိတ်ဓာတ်အပြည့်နဲ့ ရှေ့ဆက်လုပ်ကိုင်မယ့် အလုပ်တွေမှာ ဘေးအန္တရာယ်ကင်းဖို့၊ ဘဝမှာ အောင်မြင်တိုးတက်ပြီး စည်းစိမ်ချမ်းသာတွေနဲ့ ပြည့်စုံဖို့ပါ မေတ္တာပို့သ အားပေးခဲ့ပါတယ်။
နိုင်ငံသားချင်း၊ လူမျိုးချင်း မတူကြပေမဲ့ ဘဝတူ ရုန်းကန်နေရသူချင်း အပြန်အလှန် စာနာနားလည်ပေးကြတဲ့ ဒီလိုလှပတဲ့ ပုံရိပ်တွေဟာ လူမှုကွန်ရက်ပေါ်မှာ တကယ်ကို ရင်နင့်ပီတိဖြစ်စရာနဲ့ မေတ္တာတရားရဲ့ နွေးထွေးမှုတွေကို အပြည့်အဝ ပေးစွမ်းနိုင်ခဲ့ပါတယ်... 🇲🇲🇹🇭
#အင်တာနက်သတင်း

26/08/2026
26/08/2026

ที่อยู่

10120
Bangkok
10120

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KO.NYI.ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์