NUG Federal Network

NUG Federal Network ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก NUG Federal Network, สื่อ, Bangkok.

ဒီပဲယင်း လေယာဥ်ကျဲသွားတဲ့ လေယာဥ်မှူး မအေလိုး....ဒီကောင်တွေ မိသားစုက စစ်တပ်အမျိုးနွယ်တွေ ဖိုးကျော်+ဝင်းကြည် သား ၃ယောက် ညီ...
14/05/2025

ဒီပဲယင်း လေယာဥ်ကျဲသွားတဲ့ လေယာဥ်မှူး မအေလိုး....
ဒီကောင်တွေ မိသားစုက စစ်တပ်အမျိုးနွယ်တွေ ဖိုးကျော်+ဝင်းကြည် သား ၃ယောက် ညီအကို ၃ယောက်လုံး တပ်ထဲမှာ ကောင်းမြတ်ကျော်(တပ်ထဲမှာ ၂၀၁၂ သေ)၊ဇော်မင်းထင်ကျော် (ဒီပဲယင်းလေယာဥ်ကျဲ မအေလိုး)၊ချမ်းမြေ့ကျော်(နေပြည်တော်pharmacy ဆေးထုတ်ပေးတဲ့တပ်)၊ ဇာတိက ဟင်္သါတမြို့နယ်၊ခြင်ဘို့ အုပ်စု၊သဲရိုးအရှေ့စု ကျေးရွာ ခုမနေတော့ဖူး၊ ဟင်္သါတမြို့ တာငါးဆယ်မြောက် အလယ်လမ်းမှာ ကောင်းမြတ် ဆိုပြီး ပွဲရုံဖွင့်ထားတယ်။ ခွင့်ရရင် အလည်ပြန်လာတက်တယ် ၂၀၂၁ ကုန်ခါနီးတော့ ပြန်လာလို့ ဒီကောင့်အိမ်ကို မှိုင်းခွဲလိုက်သေးတယ်။လူတွေမထိခိုက်လိုက်ဖူး(အဖွဲ့အစည်းမသိ ) ဒီတစ်ကြိမ်တည်း ဒီကောင် ကျူးလွန်တာ မဟုတ်ဖူး ခဏခဏ ပဲ...သူ့ ပွဲရုံမှာ သူတို့ပုံတွေက ဟီးလို့ ချိတ်ထားတာ...အတိအကျဆုံးသတင်းပဲ။ facebook ပါဖျက်ပြေးသွားတယ် မအေလိုးက...👇👇👇
https://www.facebook.com/share/1CDFQDjcCF/

14/05/2025
မြင်းမူမြို့နယ်၊ ကန်တော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင်...
19/04/2025

မြင်းမူမြို့နယ်၊ ကန်တော်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဧပြီ ၂၀

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ်၊ ကန်တော်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

"မြင်းမူမြို့နယ် ကန်တော်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ တော်လှန်ရေး ရဲဘော်တွေ ရနိုင် သလောက်တော့ ကယ်ထုတ်နေရပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဧရာဝတီတိုင်း စစ်ဌာန မြစ်ဝကျွန်းပေါ်‌ဒေသကို အခြေချနိုင်တာ  ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုလုံး အတွက်အောင်ပွဲလို့ ကာကွယ်ရေး...
17/04/2025

ဧရာဝတီတိုင်း စစ်ဌာန မြစ်ဝကျွန်းပေါ်‌ဒေသကို အခြေချနိုင်တာ ပြည်သူ့ကာကွယ်ရေးတပ်မတော် တစ်ခုလုံး အတွက်အောင်ပွဲလို့ ကာကွယ်ရေးဝန်ကြီး ပြောကြား

ဧပြီ ၁၈

ဧရာဝတီတိုင်း စစ်ဌာနက မြစ်ဝကျွန်း ပေါ်‌ဒေသကို အခြေချနိုင်တာဟာ ပြည်သူ့ကာကွယ်ရေး တပ်မတော် တစ်ခုလုံး အတွက်အောင်ပွဲလို့ ဗျူဟာ (၂၉) AYA PDF ရဲ့ သင်တန်း ဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် (၂)စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန၊ (ဧရာဝတီ)၊ ဗျူဟာ (၂၉) AYA PDF ရဲ့ အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ မေ ၂၅ ရက်မှာ ကျင်းပပြီးစီး ခဲ့တာပါ။

“စစ်ဗျူဟာအရ အဆင့် ၃ ဆင့်ကို ဖြတ်သန်း ကြရာမှာ ပထမအဆင့် ကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင် ဒေသ တိုင်းမှာ တပ်တည်ဆောက်မှု ၊တပ်ဖြန့်နေရာယူမှုဟာ အတိုင်း အတာ တစ်ခုအထိအထမြောက်ခဲ့ပြီး၊ ဧရာတိုင်းသားတွေရဲ့ အိမ်ပြန်ခရီးက ကွက်ပြည့်မဟာဗျူဟာကို ပြည့်စုံစေခဲ့တယ်လို့” ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

ဒုတိယ အဆင့်အနေနဲ့ မဟာဗျူဟာ ထိုးစစ်ဆင်၊ မြို့သိမ်း၊စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲကြရမှာဖြစ်ပြီး ၊ တတိယ နောက်ဆုံးအဆင့်မှာ တစ်နိုင်ငံလုံး အထွေထွေထိုးစစ်ကြီးကို ဆင်နွှဲကြဖို့ ခြေလှမ်းအစ ဖြစ်တယ်လို့ဆိုပါတယ်။

PDF တပ်မတော် နဲ့ မဟာမိတ် တပ်တို့ဟာ အထွေထွေထိုးစစ်ကြီး အတွက်ပြင်ဆင်နေတယ်လို့လည်း အဆိုပါ သင်တန်းဆင်းပွဲ အမှာစကားမှာ ထည့်သွင်းပြောဆိုသွားတာပါ။

နှစ် ၇၀ ကျော် တည်ဆောက်ထားတဲ့ အကြမ်းဖက်လက်နက်ကိုင် တပ်ဖွဲ့ကို ၄ နှစ်သား PDF တပ်မတော်က ဦးကျိုးအောင် ချိုးပစ်နိုင် ခဲ့တယ်ဆိုတာ ရဲဘော်တို့ရဲ့ လက်ရုံးရည်၊နှလုံးရည်၊ထူးချွန်ထက်မြတ် တာကို ဖော်ပြနေတယ်လို့ ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်က အမိန့်နာခံမှုကောင်းပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေကို လေးစားလိုက်နာ တယ်၊တိုက်စွမ်းရည်လည်းရှိတယ်ဆိုတာကို မဟာမိတ်တပ်မှူး တွေကပါ ချီးကြူးကြတယ် လို့ အသိပေးပါတယ်။

မြစ်ဝကျွန်းပေါ်သားတွေ တိုက်ပွဲဝင်နိုင်အောင် အဖက်ဖက်က ကူညီ ပေးခဲ့ကြတဲ့ မဟာမိတ်ခေါင်းဆောင်များ နဲ့ ရဲဘော်များကို အထူးကျေးဇူတင်ရှိတယ်လို့ဆိုပြီး တိုက်ပွဲ ၁၀၀ မှာ အောင်ပွဲ ၁၀၀ ရရှိပါစေလို့လည်း ဦးရည်မွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

စိုင်းဇော်သိုက်အား အမြန်ဆုံးပြန်လွှတ်ပေး ပြည်သူများအတွက် သဘာဝဘေးအန္တရယ်အခြေအနေကို သတင်းပို့မှုဖြင့် ထောင်အနှစ် ၂၀ ချခံထာ...
17/04/2025

စိုင်းဇော်သိုက်အား အမြန်ဆုံးပြန်လွှတ်ပေး

ပြည်သူများအတွက် သဘာဝဘေးအန္တရယ်အခြေအနေကို သတင်းပို့မှုဖြင့် ထောင်အနှစ် ၂၀ ချခံထားရသူ Myanmar Now ၏ ဓာတ်ပုံဆရာဖြစ်သည်။

#ကိုစိုင်းကို အမြန်ဆုံးပြန်လွှတ်ပေး

ဖမ်းဆီးရမိထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို တရားစီရင်နိုင်ရန် စတင်စစ်ဆေးနေပြီဟု NUG ...
15/04/2025

ဖမ်းဆီးရမိထားသည့် တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် တပ်သားများကို တရားစီရင်နိုင်ရန် စတင်စစ်ဆေးနေပြီဟု NUG အသိပေး

ဧပြီ ၁၅

အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိတဲ့ တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနဲ့ တပ်သားတွေကို လုပ်ထုံးလုပ်နည်တွေနဲ့အညီ စစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံကာ တရားစီရင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၈/၂၀၂၅ အစီအစဉ်မှာ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားလိုက်တာဖြစ်ပါတယ်။

“ထိုးစစ်ရပ်ဆိုင်းထားတဲ့ကာလ ဧပြီလ ၇ ရက်နေ့ ည ၉ နာရီ ခန့်မှာ အင်းတော်မြို့ ဂျပန်လှိုဏ်ဂူမှာ အခြေပြုတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ် တပ်မ ၇၇ ဟာ ဝန်းရံပိတ်ဆို့ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖိအားကို ရေရှည် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ စခန်းစွန့်လွှတ်ဆုတ်ခွာ သွားတာကြောင့် အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့သလို ဆုတ်ခွါထွက်ပြေးကြတဲ့ တပ်မမှူးနဲ့ တပ်သားတွေကိုလည်း စစ်သုံ့ပန်းတွေအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို စစ်သုံ့ပန်းဆိုင်ရာ မူဝါဒတွေနဲ့ အညီ ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းမှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်၊ စစ်ဆေးတွေ့ရှိချက်တွေအပေါ် အခြေခံပြီး တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်” လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲဟာ ၈လကျော်ကြာ ဆင်နွှဲခဲ့ကြတဲ့ ရက်ရှည်တိုက်ပွဲတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်တွေအနေနဲ့ စစ်ကူမရရှိခြင်း၊ မြေပြင်ကနေ လက်နက်ရိက္ခာခေါက်ပို့နိုင်မှု မရှိခြင်းနဲ့ ထိခိုက်သေဆုံးမှုများပြားခြင်းတို့ကြောင့် ဧပြီ ၇ရက် ညပိုင်းမှာ နောက်ဆုံးလက်ကျန် ဂျပန်လှိုဏ်ဂူစခန်းကနေ ဗိုလ်မှူးချုပ် အောင်သက်ဦး ဦးဆောင်တဲ့အဖွဲ့ဟာ စခန်းစွန့်ခွါ ထွက်ပြေးသွားခဲ့တာ ဖြစ်ပါတယ်။

အင်းတော်မြို့သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ကသာခရိုင် အမှတ် (၁) တပ်ရင်း၊ အမှတ် (၂) တပ်ရင်း၊ အမှတ် (၃) တပ်ရင်း၊ အမှတ် (၄) တပ်ရင်း၊ ကသာခရိုင် အထူးလှုပ်ရှား တပ်ခွဲ၊ အမှတ် (၁) အထူးတပ်ရင်း (SR-1)၊ အမှတ် (၁၀) အထူးတပ်ရင်း (SR-10)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(အင်းတော်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဗန်းမောက်-ပကဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကသာ-ပကဖ)၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ကသာ ခရိုင်-ပကဖ)၊ အမှတ် (၂) ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ရွှေဘိုခရိုင် အမှတ် (၆၊ ၉၊ ၁၂) တပ်ရင်းများ၊ ပြင်ဦးလွင်ခရိုင် အမှတ် (၅၀၉)၊ (၅၁၀)၊ (၅၁၂) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင် အမှတ် (၁၊ ၂) တပ်ရင်း၊ ပခုက္ကူခရိုင် အမှတ် (၃၊ ၅၊ ၈၊ ၁၀၊ ၁၇) တပ်ရင်းများ၊ ကျောင်းသားတပ်မတော် (ABSDF) တပ်ရင်း (၁၁၊ ၁၄)၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)မှ အထူးစစ်ကြောင်း၊မိုးညှင်း(KPDF)၊ ကလေးခရိုင် အမှတ် (၁၀) တပ်ရင်း၊ Rocket တပ်ဖွဲ့၊ Drone ပူးပေါင်းတပ်ဖွဲ့ (MOD Drone Force၊ ABSDF၊ K2၊ SR-1၊ အမှတ် (၁၈၄၉) ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် ဒရုန်းတပ်ဖွဲ့)၊ ကသာခရိုင် လက်နက်ကြီးအဖွဲ့၊ စစ်ကိုင်းတိုင်းပကဖ လက်နက်ကြီးတပ်ဖွဲ့၊ မြင်းခြံခရိုင် ကွန်မန်ဒိုတပ်ဖွဲ့ တို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တာမွေမြို့မရဲစခန်းကို ပကဖ တပ်ဖွဲ့ဝင်များ လက်ပစ်ဗုံး ၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ဧပြီ ၁၆ရန်ကုန်တိုင်း၊ တာ​မွေမြို့မရဲစခန်း...
15/04/2025

တာမွေမြို့မရဲစခန်းကို ပကဖ တပ်ဖွဲ့ဝင်များ လက်ပစ်ဗုံး ၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ဧပြီ ၁၆

ရန်ကုန်တိုင်း၊ တာ​မွေမြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ စခန်းဝန်းအတွင်း ဗုံးသီးကျရောက်ခဲ့တာကြောင့် ထိခိုက်မှုတွေ ရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဧပြီလ ၁၄ရက်၊ မနေ့က ညပိုင်းမှာ တာမွေမြို့နယ်၊ ဗညားဒလ လမ်းပေါ်မှာရှိတဲ့ တာမွေမြို့မရဲစခန်းဝန်းထဲကို ပကဖတပ်ဖွဲ့ဝင်တွေက လက်ပစ်ဗုံး ၃လုံး သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

"ပွဲကခဲ့တဲ့ စစ်ရေးတာဝန်ခံရဲ့ ပြောပြချက်အရ ထိရောက်မှုရှိတယ်ဗျ ။ရုံးထဲအထိ ဗုံးသီးတွေ ကျတယ်။ ထိခိုက်မှုတွေရှိပါတယ်။" လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရန်ကုန်အရှေ့ပိုင်းခရိုင်(ပကဖ) ရဲ့ဦးဆောင်လမ်းညွှန်မှုနဲ့အတူ မြောက်ဥက္ကလာပ ပကဖတပ်​ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တာမွေမြို့မရဲစခန်းကို မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေက မကြာခဏဆိုသလို လက်ပစ်ဗုံးပစ်ခတ်တိုက်ခိုက်တာ၊ မိုင်းခွဲတိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ပြီး နောက်ဆုံးအနေနဲ့ ပြီးခဲ့တဲ့နှစ် သြဂုတ်​လတုန်းကလည်း ပြောက်ကျားတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပါသေးတယ်။

ပုံစာ - တာမွေမြို့မရဲစခန်းနှင့် လက်ပစ်ဗုံးများ (ပုံဟောင်း)

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၈ ၏ အရာရှိငယ် သင်တန်းဆင်းပွဲ  (ဓာတ်ပုံသတင်း)ဧပြီ ၁၅အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာက...
15/04/2025

နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၈ ၏ အရာရှိငယ် သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ဧပြီ ၁၅

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာန၊ ဗျူဟာ အမှတ် (၁၈) ရဲ့ အရာရှိငယ်သင်တန်း အပတ်စဉ် (၂/၂၀၂၅) သင်တန်းဆင်းပွဲကို နေပြည်တော်အနီး စိုးမိုးနယ်မြေ တစ်နေရာမှာ ဧပြီလ ၁၄ ရက်နေ့က ကျင်းပခဲ့တယ်လို့ အသိပေး ထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့တွင် “ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း” ဆိုင်းဘုတ်ထောင်၍ တော်လှန်သ...
13/04/2025

ရန်ကုန်မြို့တွင် “ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း” ဆိုင်းဘုတ်ထောင်၍ တော်လှန်သင်္ကြန်လှုပ်ရှား

ရန်ကုန်၊ ဧပြီ ၁၃

ရန်ကုန်မြို့တွင် ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက “ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ ငိုနေရှာတယ် ပန်းပိတောက်ဖူးတွေလည်း” ဆိုင်းဘုတ်ထောင်၍ တော်လှန်သင်္ကြန်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို တော်လှန်ကျောင်းသားတွေက လူစည်ကားသော ကန်တော်ကြီးတွင် အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် တော်လှန်သင်္ကြန်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ "ပြည်သူမှ ပြည်သူသို့ စာနာထောက်ထားရင်း လာမယ့် မဟာသင်္ကြန်ပွဲတော်ရက်များ အတွင်းမှာ အသက်ဆုံးရှုံးသွားတဲ့ ပြည်သူများကို လွမ်းဆွတ်တမ်းတမှုမည်တဲ့ တိတ် တဆိတ် သင်္ကြန်နေ့ရက်များကို ကျနော်တို့အတူ ဖြတ်သန်းကြရပါမယ်" ဟု တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုက ပြောဆိုထားသည်။

ငလျင်ဘေးကြောင့် ပြည်သူများ ဒုက္ခမျက်ရည်ဝေနေချိန်မှာ အကြမ်းဖက်စစ်ကောင်စီက လျစ်လျူရှူပြီး သင်္ကြန်အတွင်း စာနာမှုကင်းစွာ မဏ္ဍပ်များ ဆက် လက်ဆောက်လုပ်နေခြင်းသည် ပြည်သူများကို မျက်နှာပြောင် တိုက်လွန်းသော လုပ်ရပ်ဖြစ်ကြောင်း တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစုက ဆို သည်။

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၂ ကြိမ်လုပ်ဆောင်ခဲ့ကာ ပြည်သူ ၁၀၅ ဦး သေဆုံး ဧပြီ...
13/04/2025

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၂ ကြိမ်လုပ်ဆောင်ခဲ့ကာ ပြည်သူ ၁၀၅ ဦး သေဆုံး

ဧပြီ ၁၃

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇၂ ကြိမ်လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၁၀၅ ဦး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်သည်။

မတ်လ ၂၈ ရက်နေ့ အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးချိန်မှစတင်၍ ဧပြီလ ၁၁ ရက်နေ့အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ကရင်နီ၊ ရှမ်း၊ ချင်း၊ ဧရာဝတီ၊ ကချင်၊ ကရင် ၊ မွန်နှင့် ရခိုင် တို့တွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ဆက်လက်ကျူးလွန်ခဲ့ကြောင်း ၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၇၂ ကြိမ်အတွင်း ပြည်သူ ၁၀၅ ဦး သေဆုံးခဲ့ကာ ၁၀၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ နေအိမ် ၇၄ လုံး ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၃ ကျောင်းလည်း ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် လက်နက်ကြီး ပစ်ခတ်မှု အကြိမ် ၃၀ လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီးကြောင့် ပြည်သူ ၆ ဦး သေဆုံးကာ ၃၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်နက်ကြီး ဒဏ်ကြောင့် နေအိမ် ၂၁ လုံးပျက်စီးပြီး ဘာသာရေးအဆောက်အအုံ ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“NUG အစိုးရအနေနဲ့ လူသားစာနာအကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ ခုခံကာကွယ်စစ်က လွဲပြီး ထိုးစစ်အားလုံး ခေတ္တရပ်တန့်မှုကို မတ်လ ၃၀ ရက်နေ့မှာ စတင်မယ်ဆိုတာ မတ်လ ၂၉ ရက်နေ့ကတည်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်က အပစ်အခတ်ရပ်စဲရေးကို ဧပြီ ၂ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ပြည်သူတွေကို ဦးတည်ပြီး လေကြောင်းကနေ တိုက်ခိုက်မှု၊ လက်နက်ကြီးတိုက်ခိုက်မှု၊ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းဥစ္စာတွေ မီးရှို့ဖျက်ဆီးပြီး ယူဆောင်တာတွေကို ငလျင်ဘေးသင့်ဒေသက ပြည်သူတွေ အပါအဝင် နိုင်ငံဒေသအနှံ့တော်တော်များများမှာ ဆက်လက်ကျူးလွန်တာကိုခံနေရပါတယ်” ဟု NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထို့ပြင် ငလျင်ဘေးအတွက် နိုင်ငံတကာက ထောက်ပံ့သည့် အကူအညီများသည် တကယ့်လက်တွေ့ မြေပြင်တွင် အလိုအပ်ဆုံးပြည်သူများထံ ထိရောက်သည့် ပံ့ပိုးမှုများ ရောက်ရှိရန် ဟန့်တားကန့်သတ်မှုများ ရှိနေပြီး နိုင်ငံ တကာ အကူအညီများသည် ပြည်သူများကို အကူအညီဖြစ်မည့်အစား လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူများကို အကြမ်းဖက်ပြန်လည်တိုက်ခိုက်မှုများအတွက် အထောက်အပံ့ဖြစ်သွားမည်ကို အလေးအနက် သတိ ထားပြီး တားဆီးရန် လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ငလျင်ဘေးနှင့် ပတ်သက်၍လည်း NLD အစိုးရလက်ထက်တွင်မှု သဘာဝဘေးနှင့် ပတ်သက်၍ ကြိုတင်စီစဉ်မှုများစွာဆောင် ရွက် ခဲ့ပြီး အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်များ၊ မြန်မာနိုင်ငံ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးစီမံချက်များကို ၂၀၁၉ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များကတည်းက ရေးဆွဲ အကောင်အထည် ဖော်ခဲ့ကြောင်း၊ သဘာဝဘေးများ ကြုံလာချိန်တွင်လည်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကိုလည်း သီးသန့်ထားရှိဆောင်ရွက်ခဲ့သော်လည်း အဆိုပါ ရန်ပုံငွေများကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၂ ခုနှစ်တုန်းအတွင်း အသုံးပြုခဲ့၍ ယခုလက်တွေ့ဖြစ်လာချိန်တွင် လူ့အသက်ပေါင်းများစွာကို ကြိုတင်ပြင်ဆင်မှုများ ပျောက် ကွယ်ခဲ့ရခြင်းဖြစ်ကြောင်း စစ်ကိုင်းငလျင်ကြီး တုံ့ပြန်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ယမန်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် ဒေါက်တာဝင်းမြတ်အေးက ပြောဆိုသည်။

လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ငလျင်ဘေးအတွက် အမေရိကန်ဒေါ်လာ တစ်မီလီယံနှင့် ညီမျှသည့် ကျပ်ငွေရန်ပုံငွေကို မတည်ပြီး စတင်ထောက်ပံ့ခဲ့ကြောင်း၊ ငလျင်နှင့် နောက်ဆက်တွဲ ငလျင်တွေကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်မှတ်တမ်းတင်ပြီး အချိန်နှင့် တပြေးညီထုတ်ပြန်ချက်များ ဆောင်ရွက်ခဲ့ကြောင်း၊ အရေးပေါ် အကူ အညီများကိုလည်း NUG စိုးမိုးနယ်မြေ စစ်ကောင်စီစိုးမိုးနယ်မြေဟူ၍ မခွဲခြားဘဲ အမြန်ဆုံးရောက်ရှိရေး ချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း NUG က ထုတ်ပြန်ပြောဆိုထားသည်။

ဓာတ်ပုံ- ဧပြီလ ၉ ရက်နေ့ ဝန်းသိုမြို့နယ် လေကြောင်းတိုက်ခိုက်မှုအတွင် သေဆုံးခဲ့ကြသည့် ကလေးငယ်များနှင့် ပြည်သူများ။

NUG ရဲ့ ထိုးစစ်ရပ်စဲရေးကာလ တစ်ပတ်ထပ်တိုး ဧပြီ ၁၃စစ်ကိုင်းငလျင်ဘေးကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထိုးစစ်ရပ်စဲရေ...
12/04/2025

NUG ရဲ့ ထိုးစစ်ရပ်စဲရေးကာလ တစ်ပတ်ထပ်တိုး

ဧပြီ ၁၃

စစ်ကိုင်းငလျင်ဘေးကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထိုးစစ်ရပ်စဲရေးကာလကို တစ်ပတ်ထပ်တိုးသွားမယ်လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်

ဒီနေ့ပြုလုပ်တဲ့ စစ်ကိုင်းငလျင်ကြီး (Major Earthquake) တုံ့ပြန်ရေးလုပ်ငန်းစဉ်များနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောကြားခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ မတ်လ ၂၀ ရက်နေ့က ဧပြီ ၁၂ ရက်နေ့ထိ ထိုးစစ်ရပ်စဲကာလ အဖြစ်သတ်မှတ်ထားပြီး နှစ်ပတ်ပြည့်ပြီ ဖြစ်တာကြောင့် နောက်ထပ် တစ်ပတ်ထိုးစစ်ရပ်စဲရေးကာလ သက်တမ်းတိုးမယ်လို့ဆိုပါတယ်။

အလားတူပဲ ဧပြီ ၁၃ ရက်ကနေ ၂၀ ရက်ကို ငလျင်ဘေးသင့်ပြည်သူတွေအတွက် နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အား ပေးမှု ရက်သတ္တပတ်အဖြစ် ‌NUG က သတ်မှတ်ထားတာပါ။

ထိုးစစ်ရပ်စဲထားတဲ့ကာလမှာ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေ ၊ စစ်ကြောင်းထိုးမှုတွေကို ပြုလုပ်နေတာကြောင့် နိုင်ငံတကာအနေနဲ့ စောင့်ကြည့်ရေးယန္တရား(international monitoring mechanism) ထူထောင်ပေးဖို့အတွက်NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းပြောကြားထားပါသေးတယ်။

NUGအစိုးရက နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်သတ်မှတ်ပြီး ထိုးစစ်ရပ်ထားဖို့ ထုတ်ပြန်...
12/04/2025

NUGအစိုးရက နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်သတ်မှတ်ပြီး ထိုးစစ်ရပ်ထားဖို့ ထုတ်ပြန်ကြေညာ

ဧပြီ ၁၃

စစ်ကိုင်းငလျင်ဒဏ်ကြောင့် အသက်အိုးအိမ် ထိခိုက်ခဲ့ရတဲ့ မြန်မာပြည်သူတွေကို နှစ်သိမ့်အားပေးမှု ပြုနိုင်ဖို့ ရည်ရွယ်ပြီး နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်သတ်မှတ်ကာ ထိုးစစ်တွေရပ်ထားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနက်ဖြန် ဧပြီလ ၁၃ ရက်နေ့ကနေ ၂၀ ရက်အထိ ကာလကို "နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ်” အဖြစ် သတ်မှတ်လိုက်တယ်လို့ ဆိုပါတယ်။

အဆိုပါ ရက်သတ္တပတ်အတွင်း လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ရန် ငလျင်ဒဏ်သင့်ဒေသတွေနဲ့ ဆက်စပ် ခရိုင်တွေမှာ ဧပြီ ၁၃ ရက်မှ ၂၀ ရက်အထိ ခုခံကာကွယ်စစ်ကလွဲလို့ ထိုးစစ်အားလုံး ဆက်လက် ရပ်ဆိုင်းထားမယ်လို့ ဆိုပါတယ်။

NUGအစိုးရအနေနဲ့ ပြည်တွင်းပြည်ပ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို လိုအပ်တဲ့အကူအညီနဲ့ကာကွယ်စောင့်ရှောက်မှုတွေပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန အထူးညွှန်ကြားချက် (၃/၂၀၂၅) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ညွှန်ကြားထားတယ်လို့လည်း သိရှိရပါတယ်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NUG Federal Networkผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท