တောင်ငူ ရိုးရာမြေအလှ

တောင်ငူ ရိုးရာမြေအလှ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก တောင်ငူ ရိုးရာမြေအလှ, เว็บไซต์ข่าวและสื่อ, Bangkok.

02/10/2025

ရင်နာစရာကောင်းလိုက်တာကွာ
မရောင်ရာဆီလူးချင်ကြတာ
ခေတ်ပျက်ထဲမှာ တည်တဲ့ဘုရား ငါတို့ရှိမခိုး

17/09/2025
17/09/2025
16/09/2025
07/09/2025

ရေတာရှည်မြို့နယ်တွင် အသက် ၁၈ နှစ်အောက် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်များ အမြန်လိမ် လည်ရိုက်ထုတ်ပေးကာ စစ်သင်တန်းကျောင်းပို့ဆောင်

ရန်ကုန်၊ စက်တင်ဘာ ၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် အသက် ၁၈ နှစ်အောက် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး ၁၈ နှစ်ပြည့်မှတ်ပုံတင်များ အမြန်ရိုက် ထုတ်ပေးကာ စစ်သင်တန်းကျောင်းပို့ဆောင်နေကြောင်း ဖမ်းဆီးခံလူငယ်များ၏ မိဘဆွေမျိုးများထံမှ သိရှိရသည်။

ပဲခူးတိုင် ရေတာရှည်မြို့နယ် မြို့လှမြို့ ချောင်းမကြီး ၁ ရပ်ကွပ် ဥက္ကဋ္ဌ သိန်းဖေမြင့်က စစ်တပ်နှင့်အတူ ရပ်ကွက်အတွင်းမှ လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးကြောင်း၊ ဖမ်းဆီးရရှိသော လူငယ်များအနက်မှ အသက် ၁၈ နှစ်အောက် လူငယ်များကို စစ်တပ်နှင့် လ၀က ခေါ် လူဝင်မှုကြီးကြပ်ရေးတို့ ပူး ပေါင်းကာ အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်များ ချက်ချင်း လိမ်လည်ရိုက်ထုတ်ပေးပြီး စစ်မှုထမ်းသင်တန်းကျောင်းသို့ ချက်ချင်း ပို့ဆောင်နေကြောင်း သိရှိရသည်။

"အသက်မပြည့်တဲ့ ကလေးတွေ လူကောင်က ထွားတယ်ဆိုရင် တပ်က လ၀ကကို ဖုန်းဆက်ပြီး ချက်ချင်း အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင်ထုတ်ခိုင်းတယ်။ အဲဒီ မှတ်ပုံတင်အသစ်နဲ့ စစ်သင်တန်းကျောင်းပို့တာ။ မိဘက အသက်မပြည့်ပါဘူးဆိုပြီး မွေးစာရင်းနဲ့လိုက်ထုတ်လည်း လက်မခံဘူး။ တချို့ ကလေးတွေက အသက် ၁၅ နှစ်လောက်ပဲရှိတာ လူကောင်က အရမ်းထွားတော့ ကြီးကောင်ဝင်လာတာမျိုးတွေလည်း အကုန်ပါကုန်တယ်။ တကယ်က အသက်မပြည့်သေးတဲ့ကလေးတွေပါ။ သူတို့က မှတ်ပုံတင်တွေ လိမ်ထုတ်ပြီး သင်တန်းကျောင်းပို့တာ" ဟု အသက်မပြည့်သေးဘဲ စစ်တပ်၏ ပေါ်တာဆွဲ ဖမ်းဆီးမှု ခံလိုက်ရသည့် ကလေးငယ် ၁ ဦး၏ မိခင်ဖြစ်သူက ရှင်းပြသည်။

ထို့ပြင် ရေတာရှည်မြို့နယ်တွင် စစ်မှုထမ်းကြေးအဖြစ် လစဉ် ငွေကြေးကောက် ခံမှုမှာ ၁ လလျှင် ငွေကျပ် ၁ သိန်း အနည်းဆုံး တောင်းယူလာကြောင်း၊ ပြည်ပရောက်နေသော လူငယ်များအတွက် ၁ လလျှင် ငွေကျပ် ၂ သိန်းခွဲ အထိ တောင်း ယူလာနေကြောင်း သိရှိရသည်။

ယင်းအပြင် အစ္စလမ်ဘာသာဝင်များ၊ ခရစ်ယာန်ဘာသာဝင်များနှင့် ဟိန္ဒူဘာ သာ ဝင်များကဲ့သို့သော ဘာသာခြား ငွေကြေးတတ်နိုင်သော နေအိမ်များကို ၁ လလျှင် စစ်မှုထမ်းကြေး ၆ သိန်းအထိ စစ်တပ်၊ ရဲနှင့် ပျူစောထီးများက အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်းကာ ကောက်ခံနေကြောင်း သိရှိရသည်။

20/08/2025
20/08/2025

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ တောင်ငူ ရိုးရာမြေအလှผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์