Arr Mann TV Official Facebook Of Arr Mann Entertainment Please freely contact if you want to cooperate with us.

𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐏𝐨𝐬𝐭𝐞𝐫 | အမွေ ရုပ်ရှင်ဇာတ်ကားကြီး🏛️ ဂုဏ်ပကာသနတွေရဲ့ နောက်ကွယ်...မေတ္တာမပါတဲ့ စံအိမ်ကြီးထဲမှာလောဘတွေ ရေချိန်မြင့...
05/09/2026

𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐏𝐨𝐬𝐭𝐞𝐫 | အမွေ ရုပ်ရှင်ဇာတ်ကားကြီး

🏛️ ဂုဏ်ပကာသနတွေရဲ့ နောက်ကွယ်...
မေတ္တာမပါတဲ့ စံအိမ်ကြီးထဲမှာ
လောဘတွေ ရေချိန်မြင့်တက်လာရင်း

သွေးရင်းသားရင်း ဆိုသူတွေရဲ့
ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတွေ၊

ငွေကြေးကို ရှေ့တန်းတင်ခဲ့ကြတဲ့
နောက်ဆက်တွဲ ပြဿနာတွေနဲ့အတူ

♟️ အမွေရပိုင်ခွင့် လက်တစ်လုံးခြား
လှည့်ကွက်တွေအကြား

မြန်မာနိုင်ငံရဲ့ ထိပ်တန်း စီးပွားရေး
အင်ပါယာ ပိုင်ရှင်ကြီးတစ်ဦးရဲ့
အမွေကို ဆက်ခံသွားမယ်သူက
ဘယ်သူဖြစ်လာမလဲ ဆိုတာ..

Suspense & Power Dynamics တွေကို
ထင်ဟပ်ပြသထားသည့်
"အမွေ" ရုပ်ရှင်ဇာတ်ကားကြီးမှာ
ရင်တထိတ်ထိတ် ကြည့်ရှုခံစားရပါတော့မည်။

#စက်တင်ဘာလအတွင်း မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည်။

🎞️ H&L x ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေးတို့မှ
ပူးပေါင်းစီစဉ် ထုတ်လုပ်တင်ဆက်သည့်

📜 “အမွေ” ရုပ်ရှင်ဇာတ်ကားကြီး

🖋️ဇာတ်လမ်း - ဇင်အောင်၊ လွင်မင်းအံ့
✍🏼 ဇာတ်ညွှန်း - လွင်မင်းအံ့
🎬 ဒါရိုက်တာ - ထပ်ဆင့်အကယ်ဒမီ သြရသ
📽️ DOP - ဖိုးစီ

🌟ထပ်ဆင့်အကယ်ဒမီ နေတိုး၊ ထပ်ဆင့်အကယ်ဒမီ နေအောင်၊ ဇင်အောင်၊ နော်ဖောအယ်ထား၊ ဝါဆိုမိုးဦး၊ ယမင်းမေဦး၊ စိုးမိုးကြည် နှင့် အနုပညာရှင်များစွာ

#အမွေရုပ်ရှင်ဇာတ်ကားကြီး

&L

04/09/2026

ဂေဟာ | 𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 𝐓𝐑𝐀𝐈𝐋𝐄𝐑 𝟐

“စန္ဒကူးမြိုင်ဂေဟာ” ဆိုတာ..
မမြင်ရတဲ့အရာတွေထက်
မြင်နေရတဲ့လူတွေကို
ပိုကြောက်ရနိုင်တဲ့နေရာ…

ဘယ်သူ့ကို ယုံကြည်ရမလဲ?
ဘယ်သူ့ဆီက ထွက်ပြေးရမလဲ?

အဖြေအားလုံးကို
ရုပ်ရှင်ပိတ်ကားပေါ်မှာ
ဆက်လက်ရှာဖွေပါ။

🎬 “ဂေဟာ” ရုပ်ရှင်ဇာတ်ကားကြီး ကို
(၄.၉.၂၆) မှ (၁၀.၉,၂၆) ထိ #ဒုတိယပတ် အဖြစ်
တနိုင်ငံလုံးရှိ ရုပ်ရှင်ရုံပေါင်း (၈၁) ရုံ တွင်
ဆက်လက် ရုံတင်ပြသသွားပါမည်။

#ဂေဟာရုပ်ရှင်ဇာတ်ကားကြီး

31/08/2026

❝ စိတ်ကလေးကို အေးချမ်းအောင် လုပ်ဖို့အချိန်ကျပြီ... ❞ | 𝐌𝐀𝐖 𝐓𝐞𝐚𝐬𝐞𝐫

ရယ်သံတွေရဲ့နောက်ကွယ်မှာ… ဘယ်လိုဖုံးကွယ်မှုတွေရှိနေမလဲ

မကြာခင် ထွက်ရှိလာတော့မယ့် Official Trailer မတိုင်မီ “မော” ရဲ့ အငွေ့အသက်ကို ဒီ Teaser လေးနဲ့ စတင်မြည်းစမ်းကြည့်ပေးပါဦး 🖤💛

🎞️ “မော” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်

#မော #မောရုပ်ရှင်ဇာတ်ကားကြီး #ထွဋ်တင့်ထွန်း #မို့မို့မြင့်အောင် #အောင်ရဲထိုက် #အာဒံဦး #စူးရှထူး #ရဲလွင်ဦး #မာဂျမ်ခေး #နှင်း #အိမ့်ခြူးမိုးမြင့် #အောင်ပိုင်

30/08/2026

“လွန်”ရုပ်ရှင်ဇာတ်ကားကြီး
🔥 အတ္တတွေ… မာနတွေ… မတရားမှုတွေနဲ့
❤️ မေတ္တာတရားတို့ကြားက…
🪢 ဘဝရဲ့ “လွန်”ဆွဲပွဲကြီးမှာ

ဘယ်သူက အနိုင်ရမလဲ…?
🎬 အကယ်ဒမီ မြင့်မြတ်ရဲ့ ရင်ထဲထိစေမယ့် ဒရမ်မာကားစစ်စစ်ကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် … “လွန်”ရုပ်ရှင်ဇာတ်ကားကြီး
📅 စက်တင်ဘာ ၁၁ရက်နေ့ ရုံတင်ပြသမည်။

#လွန် #ဒါရိုက်တာနေပိုင် #မြင့်မြတ် #ရဲအောင် #ဝင့်ယမုံနိုင် #သံသာမိုးသိမ့် #ဇော်ဝင်းနိုင် #ဇော်ဦး #ထူးသာ #ခင်မို့မို့အေး #ဒိုပေါက်နိုင် #ဇော်ဦး #ထူးသာ #ခင်မို့မို့အေး #ဒိုပေါက်

19/08/2026

ကျွန်မနဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီး 🎬✨
𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 𝐓𝐑𝐀𝐈𝐋𝐄𝐑

"မိန်းမတစ်ယောက်ရဲ့ အချစ်ဟာ
အပြစ်မှန်သမျှကို ခွင့်လွှတ်နိုင်လောက်အောင် နက်ရှိုင်းခဲ့ပေမဲ့... 💔

မောင့်ရဲ့ ယုတ်မာရက်စက်မှုကတော့
ခွင့်လွှတ်ခြင်း နယ်နိမိတ်ကို ကျော်လွန်သွားခဲ့ပြီ... 🖤

ရထားတဲ့ ဒဏ်ရာတွေအတွက် မောင်...
ကောင်းကောင်းကြီး နာကျင်ခံစားစေရမယ်... 🔥"

🎥 လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ
မအေးအေးဝင်း စီစဉ်ရိုက်ကူး ထုတ်လုပ်လိုက်သည့်... ‼
✍️ဇာတ်လမ်း-ရွှေရေးထင်ထင်
✍️ဇာတ်ညွှန်း-မင်းကိုစိုး(နတ်သံကွင်း)၊ ရွှေရေးထင်ထင်
🎬ဒါရိုက်တာ-အကယ်ဒမီကိုဇော်(အရုဏ်ဦး)

ကျွန်မနဲ့မောင် ရုပ်ရှင်ဇာတ်ကားကြီး 🎬✨
🛎️ ဩဂုတ်လ(၂၈)ရက်နေ့မှစ၍ ရုံတင်ပြသပါမည် 🛎️🍿🎟️
#ကျွန်မနဲ့မောင်
#ရုပ်ရှင်ဇာတ်ကားကြီး

#အကယ်ဒမီအေးချမ်းမောင်
#မိုးဟေကို
#အကယ်ဒမီမေသန်းနု
#ခွန်းည #မင်းသူ #ဟိန်းသန့်ဇေ #မင်းအာကာ #ရှင်ရဲထွဋ် #မေသရဝဏ်
#မြန်မာရုပ်ရှင်

19/08/2026

ဂေဟာ 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐓𝐫𝐚𝐢𝐥𝐞𝐫

ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ၊
အတိတ်ရဲ့ ကျိန်စာဆိုးတွေနဲ့
ပြည့်နှက်နေတဲ့ ဒီ “ဂေဟာ” ကြီးထဲကနေ…

ကိုယ်ဝန်ဆောင်မိခင်တွေ၊
ရဲနွယ်လွင်နဲ့ သူမရဲ့ရင်သွေးလေးတို့
လွတ်မြောက်နိုင်ပါ့မလား…?

လျှို့ဝှက်ချက်ပေါင်းများစွာနဲ့
ထိတ်လန့်ခြောက်ခြား၊
အံ့ဩတုန်လှုပ်ဖွယ် ကြည့်ရှုခံစားရမယ့်
“ဂေဟာ” (SHELTER) ရုပ်ရှင်ဇာတ်ကားကြီးကို

📅 ဩဂုတ်လ (၂၈) ရက်နေ့မှ စတင်ပြီး
မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများမှာ ပြသပါမည်။

🎬 𝐑𝐚𝐧𝐠𝐨𝐮𝐧 x ခတ္တိယ Production တို့မှ စီစဉ်ထုတ်လုပ် တင်ဆက်သည်။

✍️ ဇာတ်လမ်း – မဧကံ
📝 ဇာတ်ညွှန်း – ခေတ်ရှေးညို
🎥 ဒါရိုက်တာ – ပြည်သစ်နိုင်

🌟 ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး၊ ကျော်ဆု၊ ထပ်ဆင့်အကယ်ဒမီ စိုးမြတ်သူဇာ

သံစဥ်ဆည်းဆာ၊ ထူးမွန်၊ မင်းသူ၊ သွန်းသစ္စာဇော်၊ ဟိန်းရတု၊ ရန်လင်းအောင်၊ နက်ရှိုင်းကို၊ မေမြန်မာ၊ မေသက်ကျော်၊ မေမြတ်စံ၊ ဆုပန်မေ၊ မေရီမောင်၊ တင်ဇာ၀င်းပြည့်၊ သာသာ၊ အေးအေးအောင်၊ မောင်မောင်မျိုးသန့်၊ ရွှေရည်၀င့်အောင်။

ကလေးသရုပ်ဆောင် - အိန္ဒြေသွန်းဆက်

#ဂေဟာ #ဂေဟာရုပ်ရှင်ဇာတ်ကားကြီး #စန္ဒကူးမြိုင်

14/08/2026

📜 စန္ဒကူးမြိုင်ဂေဟာမှ အသိပေးအကြောင်းကြားစာ🏚️

ဂေဟာသို့ လာရောက်မည့်
ဧည့်သည်တော်များသာမက
ဒီ ဂေဟာ Page ကို လာရောက်
လည်ပတ်ကြည့်ရှုနေသူများပါ
မပျက်မကွက် ဖတ်ရှုထားရန် လိုအပ်ပါတယ်။ 👁️

🌫️ စည်းကမ်းချက် (၁):
ဒီ Post ကို ကြည့်နေစဉ် အနီးအနားမှာ စန္ဒကူးနံ့ ရုတ်တရက် မွှေးလာပါက…ဘယ်ကလာတာလဲ မရှာပါနဲ့။

🎵 စည်းကမ်းချက် (၂):
ဒီစာကို ဖတ်နေစဉ် သားချော့တေးသံ တိုးတိုးလေး ကြားလာပါက…အသံလာရာကို လိုက်မရှာပါနှင့်။

🚪 စည်းကမ်းချက် (၃):
ဂေဟာမှ မိမိအတွက် သတ်မှတ်ပေးထားသော.. အခန်းတွင်သာ နေထိုင်ရမည်။

🤫 စည်းကမ်းချက် (၄):
ဂေဟာအတွင်း နေထိုင်သူအချင်းချင်း ကိုယ်ရေးကိုယ်တာကိစ္စများကို မေးမြန်းခြင်း၊ ဖလှယ်ခြင်း မပြုရ။

🚗 စည်းကမ်းချက် (၅):
စန္ဒကူးမြိုင်ဂေဟာဝင်းအပြင်သို့ သွားလာလိုပါက ယာဉ်မောင်း ကိုစောနှင့်အတူသာ ထွက်ခွာရမည်။

🕙 စည်းကမ်းချက် (၆):
ဒီ Post ကို ည ၁၀ နာရီနောက်ပိုင်း မှ ဖတ်ရှုနေပါက…နောက်သို့ လှည့်မကြည့်ပါနှင့်။ 👁️

⚠️ သတိပေးချက်
စကားနားမထောင်ဘဲ စည်းကမ်းဖောက်ဖျက်သူများအတွက် ဂေဟာဘက်မှ လုံးဝ တာဝန်ယူမည် မဟုတ်ပါ။ 🏚️

📌 အထက်ပါ အချက်များ သဘောတူပါက Comment တွင် "သဘောတူသည်" ဟုသာ ရေးခဲ့လိုက်ပါ။

ပုံ
စန္ဒကူးမြိုင်ဂေဟာ #အဆောင်မှူး

🏚️ "ဂေဟာ" ရုပ်ရှင်ဇာတ်ကားကြီးကို
📅 #ဩဂုတ်လ အတွင်း ရုံတင်ပြသမည်။

#ဂေဟာ #ဂေဟာရုပ်ရှင်ဇာတ်ကားကြီး #စန္ဒကူးမြိုင်

09/08/2026

𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐓𝐫𝐚𝐢𝐥𝐞𝐫 #အချစ်ဈေးရုပ်ရှင်ဇာတ်ကားကြီး

တန်ရာတန်ကြေး ပေးရင်…
ချစ်ခြင်းမေတ္တာကိုပါ ဝယ်လို့ရမလား…?

အချစ်ကို ဈေးပေး ကမ်းလှမ်းလာတဲ့အခါ…
ငွေကြေးရဲ့ အင်အားကြီးမှုနဲ့
ချစ်ခြင်းမေတ္တာရဲ့ ခမ်းနားမှုတို့
အားပြိုင်ကြရင်း.. အဆုံးသတ်မှာ
ဘာတွေဆက်ဖြစ်ကြမလဲ?

🏷️ 'အချစ်ဈေး' ရုပ်ရှင်ဇာတ်ကားကြီးကို
📆 #ဩဂုတ်လ (၁၄) ရက်နေ့မှစပြီး
မြန်မာတစ်နိုင်ငံလုံးရှိ
အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင်
တစ်ပြိုင်နက်တည်း ပြသသွားမည်။

🎬 Production: Bellarie Production
✍️ Story & Script: မိုးနီလွင်
🎥 Director: ပြည့်ဖြိုးနိုင် (PPN)
🎥 DOP - အကယ်ဒမီ အာကာတိုး

🌟 နိုင်းနိုင်း၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ဝတ်မှုံရွှေရည်၊
🌟 အကယ်ဒမီချောရတနာ၊ လင်းလပြည့်ထက်၊ အကယ်ဒမီဇော်ဦး၊ ဇင်မျိုး၊ ကိုဇော်၊ အေဏီဇော်
ဧည့်သည်သရုပ်ဆောင် - သားညီ နှင့် အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။

#အချစ်ဈေး

03/08/2026

“အချစ်စျေး” 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐓𝐞𝐚𝐬𝐞𝐫

ငွေက အင်အားကြီးတယ်။
အချစ်က တန်ဖိုးဖြတ်လို့ မရဘူး။

ဒါပေမဲ့…
Just 3 Days
သုံးရက်တာ ကွာပေးဖို့
ကြိုက်စျေးပေး ကမ်းလှမ်းလာတဲ့အခါ ..

🎬 “အချစ်စျေး” ရုပ်ရှင်ဇာတ်ကားကြီး ကို
#ဩဂုတ်လ အတွင်း ရုံတင်ပြသသွားမည်။

#အချစ်ဈေး

ที่อยู่

21/247 Juldis Tower, Phetchaburi Soi 19
Bangkok
10400

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Arr Mann TVผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์