K&B Sharing And Selling

Smart OTG Remoteဘက်စုံသုံးရီမုဒ်လေး ပြန်ရောက်ပါပြီType C ခေါင်းက Android အတွက်ပဲအဆင်ပြေပါတယ် Iphone အတွက်ဆိုLightning ခေ...
05/11/2025

Smart OTG Remote
ဘက်စုံသုံးရီမုဒ်လေး ပြန်ရောက်ပါပြီ
Type C ခေါင်းက Android အတွက်ပဲ
အဆင်ပြေပါတယ် Iphone အတွက်ဆို
Lightning ခေါင်းနဲ့ပဲ သုံးလို့ရပါတယ်
Remote အသုံးပြုနည်း အသေးစိတ်ကို
Page ထဲဝင်ပြီး Pin Post မှာ
Video နဲ့ တင်ပေးထားပါတယ်
ပစ္စည်းကုန်သွားပြီးမှ လာမှာထားသူ
အယောက် 30 ကိုအရင်ဦးစားပေး
ပို့ပေးပါမယ် တစ်ယောက်ချင်းလိုက်ပို့ရင်
ကြာနေမှာဆိုးလို့ပါ

ဒီနေ့ရောက်ထားတဲ့ပစ္စည်းလေးတွေပါတချို့ပစ္စည်းတွေကတော့ stock နည်းနေလို့လက်ကားစျေးမရှိပါဘူး BMS တွေကတော့တစ်ခုတစ်အိတ်လာတာမို...
02/11/2025

ဒီနေ့ရောက်ထားတဲ့ပစ္စည်းလေးတွေပါ
တချို့ပစ္စည်းတွေကတော့ stock နည်းနေလို့
လက်ကားစျေးမရှိပါဘူး BMS တွေကတော့
တစ်ခုတစ်အိတ်လာတာမို့ အာမခံ မပါပါဘူး
Bee ရောက်တဲ့မြို့တိုင်း အိမ်ရောက်ငွေချေ
ရပါတယ် တခြား Deli နဲ့ပို့ စေချင်ရင်
ပို့ခကြိုလွှဲရပါမယ်ဗျ
နယ်တွေဘက်က 4/5 ရက်ကျော်ကြာနိုင်တာမို့
စိတ်ရှည်ရှည်စောင့်နိုင်မှအော်ဒါတင်ပေးပါဗျာ

KWS-X1 USB/PD Protocol Testerဒီ USB/Pd Tester လေးက PD စနစ်ပါCharger နဲ့ ပါဝါဘန့်တွေကနေ ရနိုင်တဲ့Volt တွေ Amp နဲ့ Protoco...
26/10/2025

KWS-X1 USB/PD Protocol Tester

ဒီ USB/Pd Tester လေးက PD စနစ်ပါ
Charger နဲ့ ပါဝါဘန့်တွေကနေ ရနိုင်တဲ့
Volt တွေ Amp နဲ့ Protocol တွေကို
ဖုန်း နဲ့ Load သီးသန့် တပ်စမ်းဖို့မလိုပဲ
စက္ကန့်ပိုင်းအတွင်း တိုင်းပေးနိုင်ပါတယ်
Emarker ပါတဲ့ C-C PD ကြိုးတွေကိုလဲ
ကြိုးက ဘယ်လောက် Voltနဲ့ Amp ထိ
သုံးနိုင်လဲဆိုတာ စစ်ကြည့်လို့ရပါတယ်
PC or Laptop နဲ့ ချိတ်ပြီးတော့လည်း
Version Update လုပ်လို့ရပါသေးတယ်
လောလောဆယ် V1.0.1 ကနေ V1.0.4 ကို
Update မြှင့်ကြည့်တာ အဆင်ပြေပါတယ်
ဒါ့အပြင် Trigger စနစ်လဲပါတာ​ကြောင့်
ကိုယ့်ဆီမှာ 5V ကနေ 20V ထိထွက်ပြီး
PPS or AVS စနစ်ရတဲ့ Charger (or)
ပါဝါဘန့်ရှိရင် 3.3V ကနေ 20V အတွင်း
ကိုလိုချင်တဲ့ Volt နဲ့ Amp အတိကျကို
Power Supply လို ထုတ်သုံးနိုင်ပါတယ်

ဥပမာ Li-ion 3.7V ဘက်ထရီတွေတွက်
4.2V အတိကျထုတ်ပြီး အားသွင်းနိုင်သလို
3.2V LiFePo4 အတွက် 3.65V ပဲထုတ်ပြီး
အားသွင်းလို့ရတာကြောင့် Charger တွေ
မျိုးစုံဝယ်စရာမလိုတော့ပါဘူး
ကျွန်တော်ဆီမှာတော့ 28V ထိထွက်ပြီး
PPS စနစ်ပါတဲ့ 140W ပါဝါဘန့်ရှိတော့
Li-ion ၆လုံး 6S စီးရီးတွဲထားတာကို
Tester နဲ့ 4.2V × 6 = 25.2V ထုတ်ပြီး
ဘက်ထရီမှာ BMS ခံ သွင်းကြည့်တာ
100W လောက်တက်ပါတယ်
6S Charger ဖိုးသက်သာသွားတာပေါ့

(Tester ဖြစ်တာကြောင့် ရေရှည်အားသွင်း
သုံးလို့အဆင်ပြေမပြေတော့ အာမမခံပါဘူး
ကျွန်တော်က 6S BMS တွေအားပြည့်ရင်
ဖြတ်မဖြတ်စမ်းကြည့်ဖို့ ခနပဲသုံးတာပါ )


📵 Auto Test သတိပေးချက် 📵
KWS-X1 Tester ရဲ့အားသာချက်က
Load မလိုပဲ သူကိုယ်တိုင် Load အနေနဲ့
Charger တွေ ပါဝါဘန့်တွေက​ ရနိုင်တဲ့
Volt အကုန်ဆွဲထုတ်ပြီး တိုင်းပေးတာပါ
သူဆွဲလိုက်တဲ့ Volt တိုင်း​က Tester ရဲ့
Output မှာလည်း ပြန်ထွက်လာတာမို့
ဖုန်းနဲ့တခြား Device တွေတပ်မထားရပါ
Auto Test လုပ်မယ်ဆိုရင် English လို
Load ဖြုတ်ဖို့ သတိပေးစာ ပြပါတယ်
20V ထိထွက်တဲ့ Charger ကို စမ်းရင်
Tester က 20V ထိ Load ဆွဲကြည့်မှာမို့
20V မခံနိုင်တဲ့ဖုန်းကို တပ်ထားမိတဲ့ခါ
လောင်သွားပါမယ် 📵

Sink Mode ကို ပိတ်ထားပြီး
ရိုးရိုး Tester လိုပဲ ဖုန်းတပ်စမ်းရင်တော့
Charger က 20V ရရင်တောင်
ဖုန်းကသူနိုင်တဲ့ ဗို့ကိုပဲယူသုံးမှာမို့
20V ထွက်မလာနိုင်ပါဘူး

ရိုးရိုး PD Tester တွေလို Output မှာ
Load သီးသန့် တပ်စမ်းတဲ့ခါမျိုးကျ
Charger က 100W ထိထွက်ပေမဲ့
လက်ခံတဲ့ Load မှာ ပါတဲ့ဘက်ထရီက
အားပြည့်ခါနီးလို့ 100% နားကပ်နေရင်
Watt နည်းနည်းပဲ ပြတာကိုကြုံရမှာပါ
အဲဒါကို တချို့က သိပ်နားမလည်တော့
"ကျွန်တော့်ရဲ့ဖုန်းမှာ 120W တို့ 90W တို့
ပြနေတာကို Tester မှာကျ 15W ပြ​နေတာ
Tester က မမှန်တာလား" ဆိုပြီး
လာပြောသူတွေရှိလို့ ထပ်ရှင်းပြတာပါ

ရူပဗေဒ ဓာတုဗေဒတွေကို ထားလိုက်ပါ
လူတွေမှာဆိုရင် ဗိုက်တအားဆာနေချိန်မှာ
အစပိုင်းတော့ အငမ်းမရ မြန်မြန်စားပေမဲ့
ဗိုက်ပြည့်ခါနီးလာရင်တော့ ဖြည်းဖြည်းပဲ
စားနိုင်တော့သလိုပေါ့ ဘက်ထရီတွေ
ဖုန်းတွေ အားတအားနည်းနေတဲ့ချိန်မှာ
Watt အများဆုံးနဲ့ သွင်းပေမဲ့
အားပြည့်ခါနီးလာရင်တော့ Watt က
တဖြည်းဖြည်းနည်းလာတာ သဘာဝပါပဲ

ဖုန်းအားသွင်းရင်ပြတဲ့ 120W/90W တို့က
လက်ရှိသွင်းနေတဲ့ Watt ကိုပြတာမဟုတ်ပဲ
ဖုန်းနဲ့ Charger ကအများရနိုင်တဲ့ Limit ကို
ပြပေးတာပါ ဖုန်းက 99% ဖြစ်နေရင်တောင်
120W ရတဲ့ဖုန်းက 120W လို့ပေါ်နေမှာပဲ
Tester မှာက အမှန်တကယ် သွင်းနေတဲ့
Watt ကိုပဲပြပေးတာပါ

အဲဒါကြောင့် ရိုးရိုး Tester နဲ့ စမ်းတဲ့ခါ
Watt များများဆွဲစေဖို့ အားကုန်အောင်
အရင်သုံးရတာက အလုပ်တစ်ခုပေါ့ဗျာ
အားလုံးဝကုန်အောင်သုံးပြီးစမ်းတာတောင်
အဲ့ Charger က Watt နည်း နေသေးရင်
Charger ကရနိုင်တဲ့ Protocol နဲ့
ဖုန်းကလက်ခံနိုင်တဲ့ Protocol မကိုက်လို့
ဒါမှမဟုတ် ဂျင်းမိသွားတာလို့ပဲပြောရမှာ
(Watt က Charger ကရေးထားတဲ့တိုင်း
အတိကျကြီး 90W ဆို 90W ပြရမယ်လို့
မျော်လို့ထားလို့မရပါဘူး ဖုန်းဘူးထဲပါတဲ့
Mi ကအော်ရဂျင်နယ် 90W Charger နဲ့
အား 1% ကနေသွင်းပြီးစမ်းတာတောင်
60/70W လောက်ပဲရတာမျိုးရှိပါတယ်
ဒါကလဲဖုန်းနဲ့ Charger ကြားထဲ Tester
ခံလိုက်လို့ အပြည့်မရတာဖြစ်နိုင်ပါတယ်

ခု X1 Tester နဲ့ဆိုရင်တော့ ဖုန်း​မလို
သီးသန့် Load မလိုပဲ စမ်းရတာမို့
အားကုန်အောင်စောင့်ဖို့ မလိုတော့ဘူး
Mi 90W Charger ကိုတပ်စမ်းရင်
90W ရနိုင်ကြောင်းတန်းပြပါတယ်

16/10/2025

OTG Smart Remote လေးကို
Brand ရှိတဲ့ လျှပ်စစ်ပစ္စည်းနဲ့ရော
Remote ဆော့ဝဲထဲမှာ Brand နာမည်
ရှာမရတဲ့ TV နဲ့ ပန်ကာပါ စမ်းပြထားပါတယ်
သုံးလို့ရနေသေးတဲ့ ရီမုတွေကနေလည်း
မပျက်ခင်မှာ ခလုတ်​​​ တွေကော်ပီကူးတဲ့
နည်းကိုပြထားပါတယ်

စမ်းပြတဲ့ Video မတင်ခင်ကတည်းက
ယုံယုံကြည်ကြည်နဲ့လာအားပေးကြတဲ့
ကာစတန်မာအားလုံးကိုကျေးဇူးပါဗျ
လက်ကျန်ရောင်းစရာ မကျန်တော့ပေမဲ့
ဝယ်သွားတဲ့သူတွေအဆင်ပြေအောင်
အသုံးပြုနည်း တင်ပေးလိုက်ပါတယ်

ဒီနေ့ Deli အပ်ဖြစ်တဲ့ Remote အော်ဒါတွေပါအားပေးသူတစ်ယောက်ချင်းစီကို ကျေးဇူးပါဗျအသုံးပြုနည်းစာအုပ်မှာပါတဲ့ QR Code ကိုScan...
13/10/2025

ဒီနေ့ Deli အပ်ဖြစ်တဲ့ Remote အော်ဒါတွေပါ
အားပေးသူတစ်ယောက်ချင်းစီကို ကျေးဇူးပါဗျ
အသုံးပြုနည်းစာအုပ်မှာပါတဲ့ QR Code ကို
Scan ဖက်လိုက်ရင် App ဒေါင်းဖို့ Link ကို
တန်းရောက်သွားပါလိမ့်မယ်

Scan ဖက်ပြီးမဒေါင်းတတ်ရင်
Android တွေတွက် Playstore မှာ
Zaza Remote လို့ရိုက်ရှာနိုင်ပြီး
IOS တွေ တွက် Uni TV Remote လို့
ရိုက်ရှာလို့ရပါတယ်
ဆော့ဝဲဒေါင်းပြီးတဲ့ခါ App ထဲမဝင်ခင်
OTG Remote ကိုအရင်တပ်ရမှာပါ
Remote ကိုအရင်မတပ်ပဲ ဝင်မိရင်
App ကဖုန်းမှာပါတဲ့ Google IR စနစ်ကို
Auto ချိန်းသွားတတ်လို့ IR မပါတဲ့ဖုန်းဆို
Remote ကအလုပ်မလုပ်တော့ပါဘူး
အဲ့လို Remote အလုပ်မလုပ်ဖူးဆိုရင်
ပုံမှာပြထားတဲ့အတိုင်း Setting ထဲဝင်ပြီး
USB ကို ပြန်ပြောင်းလို့ရပါတယ်

အသုံးပြုနည်း Video ရိုက်ထားပေမဲ့
ဖုန်းက သူ့ပါသူReset ချမိပြီး Video အကုန်
ပျက်သွားလို့ပါ နောက်ပြန်ရိုက်တင်ပေးပါမယ်ဗျ

All In One Smart Remote လေးပါOTG စနစ်ပါတဲ့ ဖုန်းတစ်လုံးရှိရင်ဒါလေးတစ်ခုလောက် ဝယ်ထားရုံနဲ့TV / Aircon / အဝတ်လျော်စက်Set-t...
12/10/2025

All In One Smart Remote လေးပါ
OTG စနစ်ပါတဲ့ ဖုန်းတစ်လုံးရှိရင်
ဒါလေးတစ်ခုလောက် ဝယ်ထားရုံနဲ့
TV / Aircon / အဝတ်လျော်စက်
Set-top box စသဖြင့် Brand ရှိတဲ့
Iလျှပ်စစ်ပစ္စည်းမျိုးစုံကို
ထိန်းချုပ်လို့ရပါပြီ 😍

Android နဲ့ Iphone User တွေတွက်
Type C/ Micro / Lightning ဆိုပြီး
ခေါင်း(3) မျိုးလုံး ရနိုင်ပါတယ်

တခြားဖုန်းတွေတော့ မသိပေမဲ့
Xiaomi or Redmi ဖုန်းတွေ မှာတော့
နောက်ပိုင်းထွက်သမျ Modelတိုင်းလိုလို
Remote တွက် IR Blaster ပါပြီးသားမို့
Mi User တွေတွက် ဝယ်စရာမလိုပါဘူး

IR Blaster မပါတဲ့ တခြားဖုန်းတွေမှာကျ
Remote ဆော့ဝဲထည့် သုံးလည်း သူ့မှာ
လူ့မျက်စိနဲ့ မမြင်နိုင်တဲ့ IR (Infrared Light)
အနီအောက်ရောင်ခြည်ကို ထုတ်ပေးဖို့
IR Blaster မပါတော့ အလုပ်မလုပ်ပါဘူး
အဲဒါကြောင့် ဒီ OTG Remote လေးကို
အားသွင်းပေါက်မှာ IR Blaster အနေနဲ့
တပ်သုံးရပါတယ်

Mi ဖုန်းတွေမှာက IR ပါတယ်ဆိုပေမဲ့
သူက Transmit သီးသန့်ပဲ ရပါတယ်
Infrared လှိုင်းကို ထုတ်ပဲ ပေးတာပါ

ခုရီမုလေးမှာကျ IR ကို ပြန်လက်ခံပြီး
Code ဖတ်နိုင်တဲ့ Receiver လဲပါတော့
App ထဲမှာ Brand Name လည်းရှာမရ
အော်ရဂျင်နယ်လည်း ဝယ်လို့မရနိုင်တဲ့
Remote တွေဆိုရင် မပျက်ခင်မှာ
ခလုတ်တစ်ခုချင်းစီရဲ့ Code တွေကို
လက်ခံပြီး Copy ကူးထားလို့ရတာကြောင့်
နောက်တစ်ချိန် Remote ပျောက်ပျက်ခဲ့ရင်
ဖုန်းလေးနဲ့ အဆင်သင့်သုံးရုံပါပဲ 😉

ကူးထားတဲ့ Code တွေကိုလည်း
မပျောက်အောင်File ထုတ်ပြီး
Google Drive မှာဖြစ်ဖြစ်
သိမ်းထားရင်ပိုကောင်းပါတယ်
နောက်မှ Video လေးနဲ့အသုံးပြုနည်းကို
အသေးစိတ် တင်ပေးပါမယ်

Remote ကောင်းမကောင်း စမ်းဖို့ဆိုရင်
Remote ကထွက်တဲ့ Infrared လှိုင်းက
မျက်စိနဲ့မမြင်နိုင်လို့ ရီမုရဲ့ မီးသီးကို
ဖုန်းကမ်မရာနဲ့ချိန်ပြီး ကြည့်လို့ရပါတယ်
Remote ရဲ့ခလုတ်တစ်ခုခုကိုနှိပ်လို့
ခရမ်းရောင်မီးလေး လင်းတာတွေ့ရင်
အဲ့ခလုတ်က ကကောင်းပါတယ်

Laptop သုံးဖို့ 100W ပါဝါဘန့်ကဒ်လေးရောက်ထားပါတယ်Type C တစ်ပေါက်တည်း ပဲတာမို့Type C to C PD ကြိုးရှိရပါမယ်Type C ပေါက်က အ...
09/10/2025

Laptop သုံးဖို့ 100W ပါဝါဘန့်
ကဒ်လေးရောက်ထားပါတယ်
Type C တစ်ပေါက်တည်း ပဲတာမို့
Type C to C PD ကြိုးရှိရပါမယ်
Type C ပေါက်က အဝင်အထွက်
နှစ်မျိုးလုံးရပါတယ် လက်တွေ့မှာတော့
Output အထွက်က 90W ကျော်ရပြီး
Input အဝင်ကတော့ 80W ကျော်ပါတယ်
ဖုန်းသွင်းမယ်ဆိုရင်တော့
ဘယ်နှ Watt ရတဲ့ဖုန်းဖြစ်ဖြစ်
18W ထက်ပို မရနိုင်ပါဘူး

4S Version ပဲမှာထားတာမို့
3.7V Li-ion ဘက်ထရီ 4လုံး
စီးရီးဆက်ပြီး ဘက်ထရီမှာ
4S BMS တပ်သုံးရပါမယ်

Wepozt Express ကိုအိမ်ရောက်ငွေချေ အတွက်မသုံးတော့ပါဘူးအရင်ကတော့ ငွေကောက်၂သိန်းကျော်မှငွေကောက်ခတစ်ထောင် အပိုပေးရတာမလို့COD...
28/09/2025

Wepozt Express ကို
အိမ်ရောက်ငွေချေ အတွက်မသုံးတော့ပါဘူး
အရင်ကတော့ ငွေကောက်၂သိန်းကျော်မှ
ငွေကောက်ခတစ်ထောင် အပိုပေးရတာမလို့
COD ၂သိန်းအောက်ဆိုရင် ကိုယ့် Cus တွေ
ပို့ခသက်သာအောင် Wepozt နဲ့အပ်ပေးပါတယ်
၂သိန်းကျော်မှ အစွန်းထွက်ပဲလွှဲခိုင်းတာပါ

ခုကတော့ ငွေကောက်ထောင်ဂဏန်းလောက်နဲ့ကို
ပါဆယ်တစ်ထုတ်ကို 200Ks ကောက်ပါတယ်
10ထုတ်ဆို ၂​ထောင်/ အထုတ်တစ်ရာဆိုရင်
၂သောင်းတောင်ပေးရမှာမို့အဆင်မပြေပါဘူး

နောက်ပြီး Wepozt သုံးနေတဲ့ OSများလည်း
လက်ခံသူက ရန်ကုန်/မန်းလေး/နေပြည်တော်က
မဟုတ်ရင် Return Free မရလို့ သတိထားကြပါ
ဟိုနေ့က မန်းလေး-မော်လမြိုင်ကိုပစ္စည်းပို့တယ်
ပစ္စည်းကောက်ခေါ်ကတည်း Category မှာ
Electronic လို့ပေါ်တင်ထည့်ရေးထားတာကို
သူတို့ဘက်က လက်ခံသယ်သွားပြီးတော့
ရန်ကုန်ရောက်မှ မော်လမြိုင်ဘက်
လျှပ်စစ်ပစ္စည်းတွေပို့မရဘူးဆိုပြီး
Return လုပ် ၅ထောင် တောင်းတယ်
Return Free မရတာကိုယ်လဲသိပေမဲ့
ကိုယ်ကလဲလျှပ်စစ်ပစ္စည်းမဟုတ်ဘူးဆိုပြီး
လိမ်ပို့တာလဲမဟုတ်ဘူး ဒီ​မြို့ကိုပို့မရရင်
MDY မှကတည်းငြင်းလိုက်ပေါ့ဗျာ
ခုပါဆယ်ထုတ်ကလည်း မော်လမြိုင်ထိ
ရောက်သွားတာလဲမဟုတ်ပဲနဲ့ ရန်ကုန်တင်
လှည့်ပြန်လာရတာကို 5ထောင်တောင်းတာ
အမှန်ဆိုရန်ကုန်မန်းလေးပို့ခက
3500/4000 ဝန်းကျင်ပဲရှိတာ

နောက်ဆိုငွေကောက်ပါပါ/ မပါပါ
Bee နဲ့ပဲအပ်ပါတော့မယ် လက်ရှိမှာ Bee က
ပို့ဆောင်ချိန်ရက်အနည်းငယ်ပိုကြာပြီး
ပို့ခ ငါးရာ/ တစ်ထောင် ပိုများတာကလွဲရင်
တစ်နိုင်ငံလုံးနီးပါး Free Return ရပါတယ်
လက်ခံသူမြို့ကိုရောက်ပြီးမှလက်ခံသူက
စိတ်ပြောင်ပြီး Cancel လုပ်ရင်ပဲဖြစ်ဖြစ်
ကျွန်တော်ကိုယ်တိုင် မပို့ချင်တော့လို့
Cancel လုပ်ခိုင်းရင်ပဲဖြစ်​ဖြစ်
Return ခတပြားမှပေးစရာမလိုပဲ
အိမ်အရောက် Free ပြန်ပို့ပေးပါတယ်

(ငွေလည်းကြိုမလွှဲနိုင် ယူမှာလားမယူဘူးလား
မသေချာတဲ့ တချို့ကာစတန်မာ အတွက်
Risk ယူပြီးတခြား Deli နဲ့ မအပ်နိုင်ပါဘူး
COD နဲ့မှာထားပြီးရင်တော့စိတ်ရှည်ရှည်နဲ့
စောင့်စေချင်ပါတယ် COD ပါဆယ်တွေဆို
ကျွန်တော်တို့OS တွေက ကာစတန်မာစီ
ပိုတောင်မြန်မြန်ရောက်စေချင်သေးတယ်
ဘာလို့ဆို ငွေကောက်ပါတဲ့ ပစ္စည်းဖိုးတွေက
ကာစတန်မာလက်ခံရရှိပြီး ၃ရက်နေမှ
Onlineshop ဘက်ကိုပြန်လွှဲတာပါ)

မှတ်ချက်ပုံထဲက ပါဆယ်ထုတ်ပိုင်ရှင်က
ယူနေကြအကိုပါ COD က၂သိန်းကျော်နေလို့
အစွန်းထွက်တောင် ကြိုလွှဲပေးထားပါတယ်
အရင်ကလည်း Wepozt နဲ့အပ်ထားတော့
ခုလည်းပို့ရတယ်ထင်ပြီး အပ်လိုက်တာ
အချိန်ကုန် ငွေကုန်ဖြစ်ကုန်ရော

Edit - Sold Out ပါဗျXY-SK35H BucK-Boost Converter လေးပါVolt Current ကိုလိုသလောက်ချိန်ညှိနိုင်ပြီးအဝင် Input ထက် Volt မြှ...
26/09/2025

Edit - Sold Out ပါဗျ
XY-SK35H BucK-Boost Converter လေးပါ
Volt Current ကိုလိုသလောက်ချိန်ညှိနိုင်ပြီး
အဝင် Input ထက် Volt မြှင့်တာ တိုးတာ
Volt လျော့တာ လုပ်လို့ရပါတယ်
CB မှာနှစ်ယောက်လာမေးထားလို့
၆လုံး စမ်းမှာပြီး တင်ပေးထားလိုက်ပါတယ်
လာမေးတဲ့နှစ်ယောက်ကို မမှတ်မိတော့လို့
နှစ်လုံးစာ တစ်ပတ်ထိ ချန်ပေးထားပါမယ်
တစ်ပတ်ကျော်ရင်တော့ လိုအပ်သူကို
ရောင်းလိုက်ပါမယ် လောလောဆယ်
ပိုတဲ့ ၄လုံးကို တော့ငွေကြိုလွှဲသူ
ဦးစားပေး ရောင်းပေးပါမယ်
စျေးက 37000Ks ပါ
စျေးနှုန်းအပြောင်းလဲရှိနိုင်ပါတယ်

ပို့စ်တင်ပြီး 24နာရီအတွင်းအထုတ်ရေ ၄၀ ကျော်တစ်နေကုန် ထိုင်ထုတ်နေရတာနဲဒီနေ့ Deli ရုံး​သွားမအပ်နိုင်သေးပါဘူးမနက်ဖြန်မှပါဆယ်...
21/09/2025

ပို့စ်တင်ပြီး 24နာရီအတွင်း
အထုတ်ရေ ၄၀ ကျော်
တစ်နေကုန် ထိုင်ထုတ်နေရတာနဲ
ဒီနေ့ Deli ရုံး​သွားမအပ်နိုင်သေးပါဘူး
မနက်ဖြန်မှပါဆယ်တွေအကုန်ပေါင်းပြီး
ရုံးသွားအပ်ရမှာမလို့စောင့်ပေးကြပါဦး
ကျွန်တော်လဲ နေသိပ်မကောင်းတာနဲ့
တူမလေးပါ ဝိုင်းကူထုတ်ခိုင်းနေရတာ😁

(လျော့စျေး ပေးနိုင်တဲ့ Limit ပြည့်သွားပြီမို့ပုံပါစျေးနှုန်းနဲ့ပဲ ရောင်းပေးပါတော့မယ် )DIY ဝါသနာရှင် ညီကိုတွေအတွက်Monetiz...
20/09/2025

(လျော့စျေး ပေးနိုင်တဲ့ Limit ပြည့်သွားပြီမို့
ပုံပါစျေးနှုန်းနဲ့ပဲ ရောင်းပေးပါတော့မယ် )
DIY ဝါသနာရှင် ညီကိုတွေအတွက်
Monetization ရတဲ့အထိန်းအမှတ်နဲ့
ပစ္စည်းတန်ဖိုးတစ်သောင်းအထက်ကစပြီး
တစ်ခုပဲဝယ်လည်း 1 ထောင်
၂သောင်းနဲ့အထက်ဆို 2ထောင်
3 သောင်းနဲ့အထက်ဆို 3 ထောင်
လျော့ပေးသွားပါမယ်
တစ်သောင်းအောက် ပစ္စည်းတွေကတော့
စျေးလျော့တဲ့ထဲမပါပါဘူး
ပစ္စည်းတွေကတော့ ခုပို့စ်မှာတင်ထားတာတွေပဲ
လက်ကျန်ရှိသလောက် ရပါမယ်ဗျ
တင်ထားတာမတွေ့ရင်ရောင်းစရာမရှိလို့ပါ

Views နဲ့  Engagement ကိုအချိုးချကြည့်မယ်ဆိုရင်ဘာမှသိပ်မကွာတဲ့ Post နှစ်ခုတောင်FB ကပေးတဲ့ နှုန်းကမတူဘူးဘယ်ဘက်က Post မှာဆ...
13/09/2025

Views နဲ့ Engagement ကို
အချိုးချကြည့်မယ်ဆိုရင်
ဘာမှသိပ်မကွာတဲ့ Post နှစ်ခုတောင်
FB ကပေးတဲ့ နှုန်းကမတူဘူး
ဘယ်ဘက်က Post မှာဆိုရင်
View 7 သောင်းကျော်မှာ
Engagement 7ထောင်ကို
0.52$ မြန်မာငွေ 2000Ks ရပေမဲ့

ညာဘက်က Post မှာ View 4 သောင်းကို
Engagement 3800 လောက်ရတာတော့
0.02$ မြန်မာငွေ 90Ks ပဲရတယ်

အမှန်ဆိုဘယ်ဘက်ကPost နဲ့ယှဥ်တွက်ရင်
0.1$ = 450Ks လောက်ရသင့်တယ်ဆိုပေမဲ့
ပုံသေတော့တွက်လို့မရဘူး
အဲတော့ ကျွန်တော် အမြင်ရ
Content ကောင်းကောင်းမဖန်တီးနိုင်ရင်
FB ကပေးတဲ့ဟာနဲ့ ရပ်တည်ဖို့မလွယ်ပါဘူး
တခြား Onlineshop လေးနဲ့တွဲလုပ်မှ
အဆင်ပြေမှာပါ တချို့ သန်းနဲ့ချီပြီး
View ရှိတာတောင် တစ်ပဲ၆ပြားပဲရတဲ့
သူတွေလဲရှိပါတယ်

ကျွန်တော်ဆို ဒီPost နှစ်ခုအတွက်
FB ကပေးတဲ့ ငွေကနည်းပေမဲ့
အဲ့ဒီအရောင်း Post နှစ်ခုကနေတဆင့်
လာဝယ်ပြီးအားပေးတဲ့သူတွေကြောင့်
5သိန်းကျော်ဖိုးလောက်ရောင်းလိုက်ရတယ်

ที่อยู่

Pattanakam Road, Suan Luang
Bangkok
10250

เบอร์โทรศัพท์

+959980900014

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ K&Bผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง K&B:

แชร์