Da Gwi Gwi တဂွီဂွီ

Da Gwi Gwi တဂွီဂွီ Da Gwi Gwi was a creative food blog, media and entertainment founded in April 26, 2018

20/07/2025

အစာ (၆)မျိုးပါတဲ့ တရုတ်တန်းက "ကျန်ကျောင်း ကောက်ညှင်းထုပ် Bak Chang"

#ကျန်ကျောင်း #ကောက်ညှင်းထုပ်

"ကိုယ်ရံတော် ကျန်ကျောင်းလို အဆင်းရော၊ အချင်းရောရှိတဲ့ ကောက်ညှင်းထုပ်" [Honest review]ကျွန်တော် ကျန်ကျောင်းနဲ့တော့ တစ်ပွဲ...
20/07/2025

"ကိုယ်ရံတော် ကျန်ကျောင်းလို အဆင်းရော၊ အချင်းရောရှိတဲ့ ကောက်ညှင်းထုပ်" [Honest review]

ကျွန်တော် ကျန်ကျောင်းနဲ့တော့ တစ်ပွဲတစ်လမ်း အကဲစမ်းချင်နေတာတော့ကြာပါပြီ... ဝက်သား၊ ဝက်အူချောင်း၊ ပုဇွန်ခြောက်၊ ဘဲဥငန်၊ သီဟိုဠ်စေ့၊ မှို (၆)မျိုးပါဝင်တယ်။ ဝက်သားမစားသူတွေအတွက် ကြက်သားလည်းရှိတယ်။ တစ်ထုပ် 5,000 Ks

နှစ်ထုပ် ဝယ်စားကြည့်တာ အိမ်ရောက်တော့ နွှေးစားတယ်။ ကောက်ညှင်းရဲ့ စေးပြီး နူးအိမှု၊ ဝက်သား အဆီအသားနှစ်မျိုးပါဝင်ပြီး ဝက်အခေါက်၊ အဆီလေးတွေက လျှာပေါ်မှာပျော်ဝင်သွားတယ်။ အသားကျတော့ အနေတော်ပဲ အရမ်းနူးမနေဘူး။ ပုဇွန်ခြောက်၊ ဘဲဥငန်၊ သီဟိုဠ်စေ့၊ ချီတာကီမှိုတွေကလည်း အဆိမ့်၊ အငန်၊ အချိုတွေကို ပံ့ပိုးပေးထားတယ်။ ကော်ဖီ ခါးဆိမ့်တစ်ခွက်နဲ့ဆို perfect ပဲ။ အချဉ်က ထန်းလျက်ရည်နည်းနည်းပါတယ် လိုက်ဖက်တယ်။ တရုတ်တန်းလောက် ကောင်ညှင်းထုပ်ဆိုင်များတာ တရုတ်တန်းပဲရှိတယ်။ တရုတ်တန်းကဆိုင်တွေထက် ကျွန်တော်နောက်ပိုင်း "ရွှေပုလ္လင်" ကပဲ ကြိုက်လို့စားတာများတယ်။ အခုတော့ တစ်ဆိုင်တိုးပြီ... "ကျန်ကျောင်း"

#ကျန်ကျောင်းကောက်ညှင်းထုပ်
#ကောက်ညှင်းထုပ်

📍ကျောက်မြောင်း ရှမ်းမလေး
18/07/2025

📍ကျောက်မြောင်း ရှမ်းမလေး

17/07/2025

Dim Sum item (၁၀)မျိုးပါဝင်တဲ့ Western Park Ruby (ပြည်သူ့ရင်ပြင်) ရဲ့ Weekend Breakfast Buffet (18,000++) ကို honest review ပေးလိုက်ပါတယ်။ သူ့ဆိုင်အနေအထား၊ ပါဝင်တဲ့ Buffet items၊ သူ့စျေးနဲ့ကတော့ မဆိုးပေမယ့်...

15/07/2025

အကြိုက်ဆုံး အဒေါ်လက်ရာ ဆိတ်သားဟင်းနဲ့ ထမင်းစား

ကိုယ်တွေကတော့ F Line 🤪🍔🍟🍕🌭🫕🍣🍩🧋🍜🥪🍝
13/07/2025

ကိုယ်တွေကတော့ F Line 🤪
🍔🍟🍕🌭🫕🍣🍩🧋🍜🥪🍝

11/07/2025

SUNSU, MuekGroob က အသစ်ထွက်ထားတဲ့ Kojac Snack Flavors အသစ်(၃)မျိုးကို review လုပ်ထားပါတယ်။ Boat Noodles, Stir-Fried Crab Curry, Sesame Sauce ဆိုပြီး Flavors အသစ် (၃)မျိုး ထွက်လာတာပါ။

Flavor အသစ်တွေ စားပြီးသွားကြပြီလား?🦑🔥🍜🛶🦀Review video ခဏနေ ဒီ page မှာ တက်ပါမယ် 😉✌🏻
11/07/2025

Flavor အသစ်တွေ စားပြီးသွားကြပြီလား?
🦑🔥🍜🛶🦀
Review video ခဏနေ ဒီ page မှာ တက်ပါမယ် 😉✌🏻

ဆိုင်ထဲမှာ ပူအိုက်အိုက်နဲ့စားရတာရယ်၊ တစ်ခုခုမှာဖို့ လိုက်ခေါ်နေရတာရယ်ကလွဲရင် ကြိုက်သောဆိုင်တွေထဲကတစ်ဆိုင်အမဲမွကြော် + ဆီ...
09/07/2025

ဆိုင်ထဲမှာ ပူအိုက်အိုက်နဲ့စားရတာရယ်၊ တစ်ခုခုမှာဖို့ လိုက်ခေါ်နေရတာရယ်ကလွဲရင် ကြိုက်သောဆိုင်တွေထဲကတစ်ဆိုင်

အမဲမွကြော် + ဆီအချဉ်
အူချိုကြော်ကတော့ ဒီဆိုင်ရောက်ရင် ကျွန်တော် မစားမဖြစ် စားတယ်

ကြူကုတ်ပန်ဆိုင်း
📍ပဒုမ္မာလမ်း၊ ရွှေမြို့တော် ချစ်တီးထမင်းဆိုင်အနီး၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။

Oriental House အရသာ တော်တော်ကျသွားတာပဲ။ ဒီရက်ပိုင်း JS ဘက်ရောက်တုန်း နှစ်ခါလောက်ရှိပြီ စားကြည့်တာ။ ဝက်သားပေါင်းရှိုးမိုင...
09/07/2025

Oriental House အရသာ တော်တော်ကျသွားတာပဲ။ ဒီရက်ပိုင်း JS ဘက်ရောက်တုန်း နှစ်ခါလောက်ရှိပြီ စားကြည့်တာ။ ဝက်သားပေါင်းရှိုးမိုင် (Siu Mai/Shumai) အဆိုးဆုံးပဲ။ အသားအရသာလည်း ပြည့်ပြည့်ဝဝ မရတော့သလို ကော်လုံးကြီး ဝါးနေရသလိုပဲ။ ငယ်ငယ်ကတည်းက စားခဲ့တဲ့ brand မို့ လက်ရာမမှန်တာတော့သိပါတယ်။ အခုခေတ် ကုန်စျေးနှုန်းနဲ့လည်း Price ကို ချိန်နေရတာ နားလည်ပါတယ်။ ဒါပေမယ့် အခြေအနေဆိုးနေလို့ ပြောတာပါ

ပုဇွန်လုံးကြော်ဆိုလည်း တူးလုနီးပါးပဲ။
ဝက်နံရိုးပေါင်းကလည်း လုံးဝအေးဆက်နေတယ်။ Dim Sim အကုန်လုံးနီးပါးလည်း ပူမနေဘူး။ ရောင်းနေတာ Dim Sum လေဗျာ... အကြော်တွေလောက်ပဲ ကြော်ပြီးလာချတာကို ပူပူလေး စားရသလိုဖြစ်နေတယ်

နေ့လယ်၊ နေ့ခင်း မို့လို့ပဲလား?
မြို့မကျောင်းလမ်းဆိုင်မဟုတ်လို့ပဲလား?

JS ဆိုင်က ဝန်ထမ်းတွေတော်တော်များများကို ကြည့်ရတာကလည်း သူတို့မျက်နှာကို ကိုယ်တွေကြည့်စားရမယ့်ပုံတွေ ပေါက်နေတယ်။ Moti လေး ဘာလေးပေးလိုက်ကြပါဦး

07/07/2025

🇹🇭 ဘန်ကောက်မှာ ဆယ်ဘတ်စျေးလို့လည်း လူသိများတဲ့ ဆန်ဖိန်းညစျေး Sampeng/Sampheng Night Market | 7 Days in Thailand (EP 6)

© Copyright Disclaimer: No copyright infringement is intended. I do not own nor claim to own the rights to any of background music I used in the video.
Background Music Credit:
HitsLab - Funky Testimonial Youtube Music

"အကြူရီ စကောထမင်းဆိုင်" 😋
04/07/2025

"အကြူရီ စကောထမင်းဆိုင်" 😋

ที่อยู่

Bangkok

เบอร์โทรศัพท์

+959755313952

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Da Gwi Gwi တဂွီဂွီผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Da Gwi Gwi တဂွီဂွီ:

แชร์