သျောင်ပေစူးလေး

သျောင်ပေစူးလေး ဟာသ သုတရသ များနှင့် သတင်းစုံဖတ်ရန် follow လုပ်ပြီး ညာဘက်ထောင့်က လက်မလေးနှိပ်ပေးခဲ့ပါနော် Breaking News

ကျားဖျန့် လူလိမ်သတိထားကြပါ
13/12/2024

ကျားဖျန့် လူလိမ်သတိထားကြပါ

20/07/2024

အမြန်ဆံုးအဆင်ပြေပါစေ ဘဘမိုးဒီရေ 🙏🙏

သမီးတွေမှာ အဖေရှိနေတဲ့ ခံစားချက်လေးက အရမ်းကောင်းတာပဲနော်။ထူးအိမ်သင်လိုမျိုး မနက်ခင်းပွင့်တဲ့ ပန်းလေးထက် ပိုလှတယ်လို့ သီက...
20/07/2024

သမီးတွေမှာ အဖေရှိနေတဲ့ ခံစားချက်လေးက အရမ်းကောင်းတာပဲနော်။

ထူးအိမ်သင်လိုမျိုး မနက်ခင်းပွင့်တဲ့ ပန်းလေးထက် ပိုလှတယ်လို့ သီကြူးပေးမယ့် အနုပညာရှင် အဖေ။

ကျူရှင်ဆင်းတိုင်း ကျူရှင်ရှေ့မှာ
သူ့သမီးထွက်လာတာကို ထိုင်စောင့်နေတတ်တဲ့ အဖေ။

ပွဲဈေးသွားရင် လူကြပ်လို့
သမီးကို ပုခုံးပေါ်တင်ပြီး ပွဲဈေးထဲ လျှောက်ပြပေးမယ့် အဖေ။

သမီးရဲ့ ပုံလေးတွေဆို လိုင်စင်ဓာတ်ပုံလေးကအစ ပိုက်ဆံအိတ်ထဲ ထည့်ပြီး အမြဲဆောင်ထားမယ့် အဖေ။

အမေ မုန့်ဖိုးမပေးရင်
အဖေ့ ဆီက ယူဆိုပြီး အမေ့ထက်
နှစ်ဆလောက် မုန့်ဖိုးပိုပေးမယ့် အဖေ။

အဖေနဲ့ဆို မနက်တိုင်း လက်ဖက်ရည်ဆိုင်လည်းထိုင်ရမယ်။
အဖေ့ရဲ့ ဘားတန်းစက်ဘီးလေး နောက်ကလည်း လိုက်စီးရမယ်။

ကောင်းလိုက်တာ
အဖေနဲ့ ယှဉ်လာရင် ဘယ်အမျိုးသားမဆို ရှုံးမှာပဲ။

07/07/2024
29/06/2024
ဘဝမှာ ဘာပဲလုပ်လုပ် အောင်မြင်ချင်ရင် အဓိက (၄) ချက် လိုပါတယ်အောင်မြင်မှုမှာ ဖော်မြူလာရှိပါတယ်။ငယ်ငယ်က ကျွန်တော်တို့အိမ်နား...
27/06/2024

ဘဝမှာ ဘာပဲလုပ်လုပ် အောင်မြင်ချင်ရင် အဓိက (၄) ချက် လိုပါတယ်

အောင်မြင်မှုမှာ ဖော်မြူလာရှိပါတယ်။

ငယ်ငယ်က ကျွန်တော်တို့အိမ်နားမှာ စာအုပ်ငှားဆိုင်လေး တစ်ဆိုင်ရှိတယ်။ ဆိုင်နာမည်ကို အခုထိ မှတ်မိပါသေးတယ်၊ "စိန်ရွှေဖြိုး" တဲ့။ နွေရာသီ ကျောင်းပိတ်ရက်တွေဆို စာအုပ်တွေ ပုံမှန် ငှားဖတ်ဖြစ်တယ်။ သမိန်ပေါသွပ်၊ မြိုင်ရာဇာတွတ်ပီကစလို့ မင်းသိင်္ခစာအုပ်တွေ၊ တရုတ် သိုင်းဝတ္ထုတွေ အစုံပဲပေါ့။ အဲ့တုန်းက အခုခေတ်လို ဖုန်းတွေ၊ အင်တာနက်တွေလည်း မပေါ်သေးဘူးကိုး။

အဲ့လို စာအုပ်ငှားဆိုင်သွားရင်းနဲ့ ရွယ်တူကလေးတွေ စက်ဘီးစီးနေတာကို တွေ့ရပါများတော့ ကလေးတို့ ဘာသာဘာဝ ကျွန်တော်လည်း အားကျတာပေါ့လေ။ 🚴ငါလည်း စက်ဘီးလေးစီးပြီး စာအုပ်သွားငှားရင် တော်တော် အထာကျမှာပဲပေါ့ စိတ်ကူးယဉ်တာ။ အဲ့တာနဲ့ အိမ်ကို စက်ဘီးစီးသင်ပေးဖို့ ပူဆာပါတယ်။ ကံကောင်းချင်တော့ အိမ်မှာ ခေတ်ဟောင်း စက်ဘီးလေးတစ်စီးကလည်း အသင့်ရှိနေတယ်ဗျ။

ဒီလိုနဲ့ ကျွန်တော့်ကို အဖေက စက်ဘီးစီး စသင်ပေးပါတယ်။ ညနေဖက်တွေဆို အိမ်ရှေ့လမ်းပေါ်မှာ သားအဖနှစ်ယောက် စက်ဘီးတစ်စီးနဲ့ အလုပ်ရှုပ်ကြပြီ။ စစချင်းတော့ ဟန်ချက်ညီအောင်ကို မနည်းထိန်းရတယ်။ နင်းတာနဲ့ကို မှောက်တာပဲ။ လဲတာများလာတော့ အထာနပ်သွားတယ်။ နောက် မသင်ခင် တံတောင်ဆစ်ကာတို့ ဒူးခေါင်းကာတို့ ဝတ်ပြီးမှ စက်ဘီးပေါ်တက်တော့တယ်။

ဒါတွေ ဝတ်ထားလည်း လဲရင်တော့ နာသေးတာပဲနော်။ တချို့ အမာရွတ်တွေဆို အခုထိတောင် ရှိပါသေးတယ်၊ သေရာပါပဲ။ ဒါပေမဲ့ ကျွန်တော်ကလည်း အရမ်း စီးတတ်ချင်နေတာကိုး။ အဲ့တာနဲ့ မှောက်ရင်မှောက်ပါစေ၊ နင်းတာပဲ။ ဒီလိုကနေ စက်ဘီးစီးတတ်သွားခဲ့ပါတယ်။

ဆိုတော့ အောင်မြင်မှုကလည်း ဒီသဘောတရားနဲ့ ဆင်တယ်ဗျ။ ဘဝမှာ ဘာပဲလုပ်လုပ် အောင်မြင်ချင်ရင် အဓိက (၄) ချက် လိုပါတယ်။ အဲ့တာဘာတွေလဲဆိုတော့ ...

1️⃣ Purpose လို့ခေါ်တဲ့ ရည်ရွယ်ချက်ပါ။ ပန်းတိုင်တစ်ခုတော့ တိတိကျကျ ရှိဖို့ လိုတယ်။ ပြီးတော့ သူများ ချမှတ်ပေးတာ မဖြစ်ရဘူး၊ ကိုယ်တိုင် လိုလိုချင်ချင်ရှိတာမျိုး ဖြစ်ရမယ်။ စာအုပ်ငှားဆိုင်ကို စက်ဘီးနဲ့သွားချင်တာက ကျွန်တော့် ရည်ရွယ်ချက်ပေါ့။

2️⃣ Motivation လို့ခေါ်တဲ့ ထက်သန်မှုပါ။ ကိုယ့်ကိုယ်ကိုယ် ပေးဖို့လိုသလို၊ ပြင်ပကလည်း ရနိုင်ပါတယ်။ စက်ဘီးစီးသင်တဲ့ ဥပမာကိုပဲ ကြည့်ပါ။ ကျွန်တော် စက်ဘီးစီးတတ်သွားတာ ကိုယ်တိုင် စိတ်အားထက်သန်သလို ဘေးကနေ လိုက်ထိန်းကျောင်းပေးတဲ့ အဖေ့ရဲ့ အားပေးမှုလည်း ပါတာပေါ့။

3️⃣ Preparation လို့ခေါ်တဲ့ ပြင်ဆင်မှုပါ။ ဘာပဲလုပ်လုပ် အကောင်းဆုံး ပြင်ဆင်ထားတဲ့ အလေ့အကျင့်ရှိဖို့ လိုပါတယ်။ စက်ဘီးစီးသင်တုန်းက အကာအကွယ်တွေ ဝတ်တာနဲ့ တူတူပဲ။ မှောက်မကျတော့အောင် မဟုတ်ဘူး၊ မှောက်တယ်။ ဒါပေမဲ့ လဲကျရင် အရမ်းအထိ မနာဖို့၊ ပြန်ထနိုင်ဖို့ပါ။

4️⃣ Tenacity လို့ခေါ်တဲ့ ဇွဲရှိဖို့ပါ။ ဘယ်အရာမဆို ချက်ချင်းလုပ်၊ ချက်ချင်း အောင်မြင်တယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ 99.99% လောက်က အချိန်လိုပါတယ်။ ကျွန်တော်သာ မှောက်မှာ၊ အသားနာမှာ ကြောက်နေခဲ့ရင် စက်ဘီးစီးတတ်သွားမှာ မဟုတ်ပါဘူး။ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတာ သဘာဝပါပဲ။

ဒါတွေအပြင် လက်တွေ့ဘဝမှာ အောင်မြင်မှုက Luck (ကံတရား) နဲ့ External Factors (ပြင်ပအကြောင်းတရား) တွေနဲ့လည်း သက်ဆိုင်ပါသေးတယ်။ ဒါပေမဲ့ အဲ့တာတွေက ကိုယ်ထိန်းချုပ်လို့ရတာ မဟုတ်ဘူးလေ။

ကိုယ်လုပ်နိုင်တာက ရည်ရွယ်ချက်ရှိဖို့၊ ထက်သန်မှုရှိဖို့၊ ပြင်ဆင်မှုရှိဖို့၊ ဇွဲရှိဖို့ ဆိုတဲ့ အချက်တွေနဲ့ ကိုယ့်မှာ ပြည့်စုံနေအောင် ကြိုးစားဖို့ပါပဲ။

ကျွန်တော်ကတော့ ဒီဖော်မြူလာကို PMPT လို့ အလွယ်မှတ်ထားပါတယ်။ စာဖတ်ပရိတ်သတ်တွေအတွက်လည်း အသုံးဝင် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ 💛

လူတွေဆိုတာက ပြောစရာတခုမဟုတ် တခုရှိနေကြမှာပဲ။မင်း ကောင်းတာလုပ်လည်း သူတို့ပြောမယ်၊မင်း ဆိုးတာ လုပ်လည်း သူတို့ပြောမယ်မင်းဘာ...
09/01/2024

လူတွေဆိုတာက ပြောစရာတခုမဟုတ် တခုရှိနေကြမှာပဲ။
မင်း ကောင်းတာလုပ်လည်း သူတို့ပြောမယ်၊
မင်း ဆိုးတာ လုပ်လည်း သူတို့ပြောမယ်

မင်းဘာလုပ်လုပ် သူတို့က ပြောနေမယ့်အတူတူ
မင်းကြိုက်တာကိုလုပ်ပါ
မင်းပျော်မယ်ထင်တာ လုပ်ပါ

ငါပိုင်ထားတဲ့ ကြွယ်ဝမှုတွေ ၊ ကိုယ်ပိုင်ဂျက်လေယာဥ်တွေ၊ ကားအကောင်းစားတွေဆိုတာ

ငါကြိုက်တာငါလုပ်ရင်း ရထားတာ
ဘယ်ကောင့် စကား အတိုင်းလိုက်လုပ်လို့မှ ရထားတာမဟုတ်ဘူး။

Flyod "Money" Mayweather မှ Gervonta "Tank" Davis ကို ဆုံးမတဲ့စကား

အိုဇာတာ ကောင်းချင်ရင်မင်းအိုချမ်းသာဘုရားကိုဖူးရတယ်... တဲ့။ကျန်းစစ်သားမင်းကြီး နာမကျန်းဖြစ်ချိန်မှာတည်ထားခဲ့တဲ့စေတီဘုရား။...
18/12/2023

အိုဇာတာ ကောင်းချင်ရင်
မင်းအိုချမ်းသာဘုရားကို
ဖူးရတယ်... တဲ့။

ကျန်းစစ်သားမင်းကြီး နာမကျန်းဖြစ်ချိန်မှာ
တည်ထားခဲ့တဲ့စေတီဘုရား။

အာနန္ဒာဘုရားအရှေ့မြောက်ဘက်မှာ
ရှိပါတယ်။

ထုံးဖြူဘုရား လေးဆူတွဲလျက်
တည်ထားပါတယ်။

သီဟိုဠ်နိုင်ငံမှ လက်ဆောင်ရတဲ့
သရီရဓာတ်တို့ကို ဌပနာပြီး
တည်ထားတဲ့ စေတီဘုရားဖြစ်ပါတယ်။

လူကြီးသူမများ ကျန်းမာချမ်းသာစေရန်
လာရောက်ဖူးကြတဲ့ စေတီဘုရားဖြစ်ပါတယ်။

ကောင်လေးငယ်ငယ်တစ်ယောက် ဒေါ်လာတစ်ဒေါ်လာကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ သူလိုချင်တဲ့အရာကို လိုက်မေးနေခဲ့တယ်။"ဒီဆိုင်...
15/12/2023

ကောင်လေးငယ်ငယ်တစ်ယောက် ဒေါ်လာတစ်ဒေါ်လာကိုင်ပြီး တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ သူလိုချင်တဲ့အရာကို လိုက်
မေးနေခဲ့တယ်။
"ဒီဆိုင်မှာ ဘုရားသခင်ရောင်းပါသလား?"

အဲဒီလို သူမေးလိုက်တိုင်း ဆိုင်ရှင်တွေက သူ့ကိုနောက်ပြောင်သူ၊ ကျပ်မပြည့်သူထင်ပြီး ဆိုင်ပြင်ဖက်ကို မောင်းထုတ်
လိုက်ကြတယ်။ နေဝင်မိုးချုပ်ခါနီးအချိန်မှာ (၂၉)ဆိုင်မြောက် ဆိုင်ပိုင်ရှင်က သူ့ကိုနွေးနွေးထွေးထွေး ကြိုဆိုခဲ့တယ်။

ဆိုင်ပိုင်ရှင်က ဆံပင်တွေဖြူဖွေးနေတဲ့ အသက်(၆ဝ)ကျော် အဘိုးအိုတစ်ဦးဖြစ်တယ်။ ကလေးငယ်ရဲ့အမေးကို ကြားတော့ အဘိုးအိုက ပြုံးပြုံးရယ်ရယ်နဲ့ ပြန်မေးခဲ့တယ်။

"ကလေး.. ဘုရားသခင်ကို ဝယ်ပြီး ဘာလုပ်မလဲ? အဘိုးကို ပြောပြနိုင်မလား?"

အဘိုးအိုရဲ့ ကြင်နာတဲ့စကားကိုကြားတော့ ကလေးငယ်က မျက်ရည်အဝဲသားနဲ့ သူ့နာမည်ဟာ ဘွန်နီဖြစ်ကြောင်း၊ ငယ်စဉ်က မိဘတွေသေဆုံးခဲ့လို့ ဦးလေးဖြစ်သူနဲ့နေကြောင်း ပြောပြတယ်။ ဦးလေးက လက်သမားတစ်ဦးဖြစ်ကြောင်း၊ ရှေ့
ရက်က ဦးလေးဟာ အမြင့်ပေါ်ကပြုတ်ကျပြီး ဆေးရုံရောက်နေရကြောင်း၊ အခုချိန်ထိ မေ့မျောနေသေးကြောင်း၊
ဆရာဝန်က "ဘုရားသခင်"သာလျှင် ဦးလေးကို ကယ်တင်နိုင်မယ့်အကြောင်း ပြောတယ်။
ဘွန်နီက ဘုရားသခင်ဆိုတာအရမ်းထူးဆန်းတဲ့အရာဖြစ်လိမ့်မယ်။
ဒါကြောင့် ဦးလေးအသက်ရှင်ဖို့ ဘုရားသခင်ကို သူလိုက်ဝယ်နေကြောင်း
အဘိုးအိုကိုပြောပြခဲ့တယ်။

အဘိုးအိုက ကရုဏာသက်စွာနဲ့ "ကလေးမှာ ပိုက်ဆံဘယ်လောက်ရှိလဲ?" လို့ ဘွန်နီကိုမေးတယ်။

"တစ်ဒေါ်လာရှိပါတယ်"

"ကလေး... ဘုရားသခင်ရဲ့ တန်ဖိုးကလည်း တစ်ဒေါ်လာပဲကွ!"

အဘိုးအိုဟာ ပြောပြောဆိုဆို စင်ပေါ်မှာရှိတဲ့ "Kiss of God"တံဆိပ် အချိုရည်ပုလင်းယူပြီး ဘွန်နီကို လှမ်းပေးလိုက်
တယ်။ "ယူသွား.. ကလေး.. မင်းဦးလေး ဒီ "ဘုရားသခင်"ကို သောက်ပြီးရင် နေကောင်းသွားလိမ့်မယ်"

ဘွန်နီက ဝမ်းသာအားရ အချိုရည်ပုလင်းကို ရင်ခွင်ထက်မှာပွေ့ပြီး ဆေးရုံကိုအပြေးသွားခဲ့တယ်။ လူနာခန်းထဲရောက်
တာနဲ့ "ဦးဦး.. ဦးဦး.... ဘုရားသခင်ကို သားဝယ်ခဲ့ပြီ... ဦးမကြာခင် နေကောင်းသွားလိမ့်မယ်" လို့ပြောတယ်။ နောက်
တစ်ရက်မှာ အထူးကုအဖွဲ့တစ်ဖွဲ့ ဆေးရုံကိုရောက်လာခဲ့ပြီး ဘွန်နီ့ဦးလေးကို ဆေးကုပေးခဲ့တယ်။

အဲဒီအဖွဲ့က အကောင်းဆုံးကုသမှု၊ ခေတ်အမီဆုံးကိရိယာတွေနဲ့ ဘွန်နီဦးလေး နေကောင်းပျောက်တဲ့အထိ ကုသ
ပေးခဲ့တယ်။ ဆေးရုံကမဆင်းခင် ကြီးမြင့်တဲ့ကုန်ကျစရိတ်ကိုမြင်တော့ ဘွန်နီဦးလေး ပြန်မေ့မျော့သွား မတတ်ပါ
ဘဲ။ ဒါပေမယ့် ဆေးရုံတာဝန်ခံက ကုန်ကျစရိတ်တွေကို အဘိုးအိုတစ်ဦး ရှင်းပေးခဲ့ကြောင်း၊ အဲဒီအဘိုးအိုဟာ
သူဌေးသူကြွယ်တစ်ဦးဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီတစ်ခုရဲ့ ဥက္ကဌရာထူးကနေ အငြိမ်းစားယူထားကြောင်း၊ သူ့အား
လပ်ရက်ကို ကုန်စုံဆိုင်လေးဖွင့်ပြီး ကုန်ဆုံးခဲ့ကြောင်း၊ အထူးကုအဖွဲ့ကိုလည်း သူပဲငှားရမ်းခဲ့ကြောင်းပြောပြတယ်။

အဘိုးအိုကို ဘွန်နီတို့ အရမ်းကျေးဇူးတင်မိခဲ့ပြီး အဘိုးအိုကို သွားရောက်ရှာဖွေခဲ့တယ်။ ဒါပေမယ့် အဘိုးအိုက ဆိုင်ကိုရောင်းပြီး ခရီးထွက်သွားခဲ့ပါတယ်။

ရက်သိပ်မကြာခင်မှာပဲ အဘိုးအိုရဲ့စာတစ်စောင်ကို သူတို့လက်ခံရရှိခဲ့တယ်။
စာထဲမှာက...-

"အမောင်လူငယ်... ခင်ဗျားမှာ ဘွန်နီလိုတူတစ်ယောက်ရှိတဲ့အတွက် အရမ်းကံကောင်းပါတယ်။
ခင်ဗျားအသက်ကိုကယ်ဖို့ ငွေတစ်ဒေါ်လာနဲ့ နေရာအနှံ့ ဘုရားသခင်ကို သူလိုက်ဝယ်ခဲ့တယ်။ ဘုရားသခင်ကို ကျေးဇူးတင်ပါ.. ခင်ဗျား
အသက်ကို သူကယ်လိုက်ပါတယ်။ ဒါပေမယ့် ခင်ဗျားသေချာမှတ်ထားရမှာက

တကယ့်ဘုရားသခင်ဆိုတာလူတွေရဲ့မေတ္တာစိတ်ပဲဖြစ်တယ်" လို့ ရေးထားပါတယ်။


#မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်။

တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာနှစ်စဉ်အကောင်းဆုံးပြောင်းဖူးဆုကို အကြိမ်ကြိမ် ရရှိတဲ့ ပြောင်းဖူးစိုက်ပျိုးသူတစ်ယောက်ရှိတ...
13/12/2023

တစ်ခါတုန်းက
တိုင်းပြည်တစ်ပြည်မှာ
နှစ်စဉ်အကောင်းဆုံးပြောင်းဖူးဆုကို
အကြိမ်ကြိမ် ရရှိတဲ့
ပြောင်းဖူးစိုက်ပျိုးသူတစ်ယောက်
ရှိတယ်။

တစ်နေ့မှာတော့ ဘုရင်ကြီးက
တိုင်းပြည်ရဲ့ အကောင်းဆုံး
ပြောင်းဖူးစိုက်ပျိုးသူဆီကနေ
ပြောင်းဖူးစိုက်ပျိုးနည်းကို
လေ့လာသင်ယူဖို့
သူ့ရဲ့ လူယုံအမတ်တစ်ချို့ကို
စေလွှတ်လိုက်ပါတယ်။

ဘုရင်ရဲ့ လူယုံ အမတ်တွေဟာ
ပြောင်းဖူးစိုက်ပျိုးနည်းကို
စိတ်ဝင်တစား လေ့လာကြပါတယ်။

ဒီလို လေ့လာရင်းနဲ့ ဆုရတဲ့
ပြောင်းဖူးစိုက်ပျိုးသူဟာ
သူရဲ့အကောင်းဆုံး
ပြောင်းဖူးမျိုးတွေကို
အနီးအနားက တခြားသော ခြံတွေဆီ
လိုလိုလားလားနဲ့
အမြဲ မျှဝေပေးတတ်တယ် ဆိုတာ
သူတို့တွေ ထူးဆန်းစွာ
သိရှိလိုက်ရတယ်။

"ခင်ဗျား တော်တော် "အ"တဲ့ လူ ပဲ။

ဘာလို့ ကိုယ်ရဲ့အကောင်းဆုံး
မျိုးစေ့တွေကို ဒီလို ပေါပေါပဲပဲ
လိုက်ဝေနေရတာလဲ"

" ခင်ဗျားရဲ့ အကောင်းဆုံး
မျိုးစေ့ကိုသာ သူတို့တွေ ရသွားရင်
နောက်နှစ်မှာ ခင်ဗျားကို
ကျော်တက်သွားမှာပေါ့" လို့
ဘုရင့် အမတ်တွေထဲက
ခေါင်းဆောင်ဖြစ်သူက ပြောလိုက်တယ်။

" ဝတ်မှုန်ကူးခြင်းရဲ့ တန်ဖိုးကို
တကယ်ပဲမသိလို့မေးတာများလား
ဝန်မင်းကြီး"

" ဒီပြောင်းဖူးပင်တွေ
ရင့်မှည့်လာကြတဲ့အခါ
လေအဝှေ့တစ်ချက်မှာပဲ
ဒီအနီးအနား ဝန်းကျင်မှာ ရှိတဲ့
ခြံတွေထဲက ပြောင်းဖူးပင်တွေဟာ
တစ်ပင်နဲ့ တစ်ပင် ဝတ်မှုံကူးကြပါတယ်"

"တကယ်လို့ ကျွန်တော့်ခြံ
အနီးအနား ခြံတွေဆီက
အရည်အသွေးညံ့တဲ့ ပြောင်းဖူးတွေ
ဖူးလာခဲ့မယ် ဆိုရင်
ကျွန်တော့်ခြံက ပြောင်းဖူးတွေလဲ
အောင်မြင်ဖြစ်ထွန်းလာစရာ
အကြောင်းမရှိပါဘူး"

"ကိုယ့်ခြံထဲက ပြောင်းဖူးတွေကို
အောင်မြင်ဖြစ်ထွန်းစေချင်တယ်ဆိုရင်
ကိုယ့်ခြံ အနီးအနားက
ပြောင်းဖူးပင်တွေကိုပါ
မြှင့်တင်ပျိုးထောင်မှ ရပါလိမ့်မယ်"လို့
ရိုးရှင်းစွာ အဖြေပေးလိုက်တော့
အမတ်တွေဟာ သူတို့ရဲ့ သေးသိမ်တဲ့
စိတ်တွေကို ပြန်မြင်မိပြီး
တော်တော်လေး အရှက်ရသွားကြသတဲ့။

"ကျွန်တော်တို့ လူ့ဘဝမှာလဲ
ဒီလိုပဲ မဟုတ်လား"

"ကျွန်တော်တို့ ငြိမ်းချမ်းပျော်ရွှင်စွာ
နေထိုင်ချင်တယ်ဆိုရင်
ကျွန်တော်တို့ပတ်ဝန်းကျင်ကိုလဲ
ငြိမ်းချမ်း ပျော်ရွှင်ခွင့် ရရှိဖို့
ဖန်တီးပေးတတ်ရမှ ရပါမယ်"

"ကိုယ်က အဆင့်မြင့်မြင့် တန်ဖိုးရှိရှိ
ရှင်သန်နေထိုင်ချင်တယ်ဆိုရင်
ကိုယ့် လူမှုပတ်ဝန်းကျင်က
လူတွေကိုလဲ တန်ဖိုးထားပြီး
လက်တွဲခေါ် ကူညီ မြှင့်တင်ပေးဖို့
လိုအပ်ပါတယ်"

" တကယ်တော့ ဘဝရဲ့တန်ဖိုး၊
ကိုယ့်ရဲ့ တကယ့် တန်ဖိုး ဆိုတာ
ကိုယ့်အတ္တတစ်ခုတည်း
အရင်းတည်ပြီး
ကိုယ့်အကျိုး၊ကိုယ့်စီးပွား၊
ကိုယ့်ပညာကိုပဲ ဆင့်ကာ ဆင့်ကာ
တည်ဆောက်ရုံနဲ့ မရနိုင်ပါဘူး။

ဒီလို အတွေးအမြင်နဲ့
ကိုယ့်အတွက် ကိုယ်သာ လုပ်ပြီး
ပေးဆပ်မျှဝေမှု မရှိတဲ့ လူကို
ဘယ်သူကမှ လေးစားအားကျ
တန်ဖိုးထားလာမှာ မဟုတ်ပါဘူး။

ကိုယ့်ပတ်ဝန်းကျင်ကို လှပအောင်
တန်ဖိုးရှိအောင် ခြယ်သခြင်းက
ကိုယ်ရဲ့ အရည်အသွေးကို
ပိုမိုတောက်ပြောင်စေတယ်။

ဒါကပဲကိုယ့်ရဲ့ တန်ဖိုး
တစ်စိတ်တစ်ပိုင်း ဖြစ်လို့နေပါတယ်။

" သင့်အနေနဲ့ အကောင်းဆုံး
ပြောင်းဖူးကို လိုချင်သလား"

"အကောင်းဆုံး ပြောင်းဖူးအတွက်ဆို
အကောင်းဆုံး ပတ်ဝန်းကျင်ကိုပါ
ဖန်တီးမှပဲ ရပါလိမ့်မယ်"

ကျွန်တော် ဒီနေ့ ဘဏ်သွားတယ် ပိုက်ဆံထုတ်ဖို့စောင့်နေတဲ့ အချိန် ကျွန်တော် အနားကို အဖွားတစ်ယောက် လာထိုင်တယ်.....လူတွေက ရှုပ်...
07/12/2023

ကျွန်တော် ဒီနေ့ ဘဏ်သွားတယ် ပိုက်ဆံထုတ်ဖို့
စောင့်နေတဲ့ အချိန် ကျွန်တော် အနားကို အဖွား
တစ်ယောက် လာထိုင်တယ်.....
လူတွေက ရှုပ်နေတော့ ပိုက်ဆံထုပ်ဖို့
တော်တော်ကြာအောင် စောင့်နေရတယ် အဲ့ချိန်မှာ
အဖွားက ကျွန်တော်ကို စကားလာပြောတယ်

```````မြေး ပိုက်ဆံ လာထုတ်တာလား´´´´´တဲ့
~~~~ဟုတ်ကဲ့ အဖွား~~~~
``````Awwအဖွားလည်း သမီးက ပိုက်ဆံပို့လိုက်လို့ ပိုက်ဆံ လာထုတ်တာလေ´´´´´´´´
~~~အော် ဟုတ်~~~

```````အဖွားမှာ သားနဲ့သမီး နှစ်ယောက်ရှိတယ်
သားက ဝန်ထမ်းလေ (ဂုဏ်ယူတဲ့မျက်ဝန်းတွေနဲ့)
သမီးကတော့ဘွဲ့ရပြီးတော့ အိမ်ထောင်ကျသွားပြီ ´´´´´

~~~ aww ဟုတ်လား အဖွား သားသမီးရတာ
ကံကောင်းတယ်နော် နှစ်ယောက်စလုံးက တော်ပြီး
မိဘကို ပြန်ကြည့်တဲ့ သားသမီးနဲ့တွေ့ရတာ~~~~

ဟုတ်တယ် အခုလည်းသမီးက ပိုက်ဆံနှစ်သောင်း
ပို့လိုက်လို့လာထုပ်တာ သမီးတို့က အဆင်ပြေတယ်
သူနေတဲ့မြို့မှာ စျေးဆိုင်အကြီးကြီး ဖွင့်ထားတာ
(ပီတိဖြစ်နေတဲ့မျက်နှာနဲ့)´´´´´´´
~~~ဟုတ်လား ~~~~

အဲ့အချိန်မှာ ဘဏ်ဝန်ထမ်းက လာပြောတယ်
အဖွား ပိုက်ဆံက မရောက်သေးဘူး ခင်ဗျ………

`````သမီးက ဒီနေ့ ပို့လိုက်မယ် ပြောတာပဲ´´´´´´

::::ဟုတ်ကဲ့ ခင်ဗျ ဒီမှာတော့ မရောက်သေးဘူး
ဟိုဘက်ကိုတစ်ချက် ဖုန်းဆက်ကြည့်လိုက်နော်အဖွား::::::

အဲ့ဒါနဲ့ အဖွားက ကျွန်တော်ကို ~

``````သား အဖွားကို ဖုန်းလေး တစ်ခါလောက်
ခေါ်ပေးပါ့လား´´´´´

~~~ ~ဟုတ်အဖွား ရပါတယ် Ph နံပါတ်လေး
ပြော ဆိုတော့ စာအုပ်ခပ်နွမ်းနွမ်းလေး ထုတ်ပြီးတော့
သားပါ့သာ ဖတ်ပြီးခေါ်လိုက်နော်တဲ့ အဲ့ဒါနဲ့
Ph ဝင်သွားတယ်။ကျွန်တော်က အဖွား Phဝင်ပြီ
ပြောလိုက်ဆိုတော့ Phယူပြောတယ် ကျွန်တော်လည်း
ဟိုဘက်က ပြောတာ မကြားရဘူး လေ ……

ဟိုဘက်က အဖွားသမီးက ဘာပြောလဲမသိဘူး
အဖွားက Ph လာပေးတယ် အဖွားသမီးပြောတာ
အဖွားသိပ်မကြားရလို့ သားနားထောင်ပေးလို့
ပြောတယ် ကျွန်တော်လည်း ~~~~hello အမ ~~~~

အဖွားသမီးက ပြန်ပြောတယ်

`````မောင်လေးရေ ပြောပေးအုံး ဟိုဘက်က
နားလေးကို ဒီနေ့ပိုက်ဆံမပို့နိုင်ဘူး အလုပ်ရှုပ်နေလို့
Phလဲ ခဏခဏ တဂျီဂျီလည်း မဆက်နဲ့လို့
ပြောပေးလိုက်တဲ့´´´

ကျွန်တော်လည်း ရင်ဘက်ထဲမှာ စို့လာပြီး
နားထောင်နိူင်စွမ်း မရှိတော့တာနဲ့
````ဟုတ်ကဲ့အမ ပြောပေးပါ့မယ်လို့ ပြောလိုက်တယ်

ဟိုဘက်က ဖုန်းချသွားတယ်.,
ကျွန်တော်ကို မျှော်လင့်ချက် မျက်ဝန်းတွေနဲ့ ကြည့်နေတဲ့ အဖွားကို ကျွန်တော် ဘယ်လိုပြောပြရမလဲ...

~~~အဖွားရဲ့သမီးကလေ ဒီနေ့ အလုပ်တွေ
ရှုပ်နေလို့ ပိုက်ဆံမပို့နိူင်တာ
အရမ်း စိတ်မကောင်းဖြစ်နေတာ သိလား~~~~

```````ဟုတ်လား သမီးအလုပ်တွေ ရှုပ်နေတာကို
အဖွား ဒုက္ခပေးသလို ဖြစ်နေပြီ´´´´´

အဲ့ချိန်မှ ကိုအောင်ဆွေဝင်း ပိုက်ဆံထုပ်လို့ရပါပြီလို့
ခေါ်သံကြားတော့...

ကျွန်တော်လည်း အဖွား သားကို ခဏစောင့်ပေးနော်...

`````အေးအေး မြေး…´´´´´

ပိုက်ဆံထုပ်ပြီးတော့

~~~~အဖွားဘယ်ပြန်မှာလဲ ဘာနဲ့ပြန်မှာလဲ~~~

``````လိုင်းကားနဲ့ပြန်မှာ(ညိုးငယ်သော
မျက်ဝန်းတွေနဲ့)´´´´

~~~သားလိုက်ပို့ပေးမယ်လေအဖွား~~~~

`````လိုက်မပို့နဲ့မြေး အိမ်ကဝေးတယ် မြေးလည်း
ရုံးပြန်သွားရမှာ မဟုတ်လား´´´´´

~~~~အဲ့ဒါဆို အဖွား နည်းတယ် များတယ်
သဘော မထားပါနဲ့ သားအိမ်ကပို့တဲ့ မုန့်ဖိုးထဲက
တစ်သောင်း ကန်တော့ပါရစေ~~~~

`````သာဓု သာဓု သာဓု ပါ မြေး´´´´
(မျက်ရည်တွေ စို့နင့်စွာနဲ့ ဆုတွေ
အများကြီး ပေးသွားတယ်)
ကားဂိတ်အထိ လိုက်ပို့လိုက်တယ်
ကျွန်တော် လှူလိုက်တဲ့ ပိုက်ဆံက
အများကြီး မဟုတ်ပေမယ့် အဖွားတွက်တော့
အခိုက်တန့်လေး အဆင်ပြေသွားမှာပါ
တကယ်ကို ရင်ထဲ စိတ်မကောင်းကြီးစွာ
ခံစားလိုက်ရတယ် သူ့တို့အတွက် ပိုက်ဆံ
နှစ်သောင်းက ဘာမှမဟုတ်ပေမယ့်
မိဘတွေအတွက် သားသမီးဆီက ပို့လိုက်တဲ့
ပိုက်ဆံက ဘယ်လောက် တန်ဖိုးကြီးမှန်း မသိကြဘူး
မိဘဆိုတာ ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ
သားသမီးဆီက အသိမှတ်ပြုမှုကို
မိဘတိုင်း လိုချင်ကြတာ ကြည့်ပဲ
မိဘကို တန်ဖိုးထားရကောင်းမှန်း
ဒီအသက် ဒီအရွယ်ထိ မသိကြတာပဲလား
မသိချင်ယောင် ဆောင်နေကြတာလား...
ကျွန်တော် သံဝေဂ ရမိတယ်
အဲ့နေရာမှာ ကျွန်တော် မိဘဆိုရင်ရော လို့
အတွေးနဲ့လေးနဲ့တင် ကျွန်တော်
ရင်ကွဲအောင် ခံစားမိတယ်
ဒီအချိန်မှာ မိဘတွေဘက်က သားသမီးတွေ
အတွက် လိုသေးမရှိအောင် ထားပေးတယ်
ဘာပဲ လိုအပ်လိုအပ် အရာရာကို မညည်းမညူပဲ
ဖြည့်ဆည်းပေးကြတယ်
ကျွန်တော် အလှည့်မှာရော မိဘတွေကို
လိုလေသေးမရှိအောင် အရာရာကို
ဖြည့်ဆည်း ပေးနိူင်ပါ့မလား...
ကျွန်တော် အရမ်း တုန်လှုပ်မိတယ်
ကျွန်တော် မိဘတွေ အသက်ကြီးလာတဲ့အချိန်
လိုလေသေး နည်းနည်းမှ မရှိအောင်
အရာရာကို ဖြည့်ဆည်းပေးနိူင်ဖို့ အများကြီး
အများကြီး ကြိုးစားရအုံးမယ်
တစ်ချိန်ချိန်မှာ ဒီလို သားသမီးမဖြစ်ဖို့
သားသမီး တာဝန်ကျေနိူင်ဖို့ ကြိုးစားရအုံးမယ်
အဆုံးထိဖတ်ပေးလို့
ကျေးဇူးတင်ပါတယ် ခင်ဗျာ...

မိမိကသာ လှူနိူင်ပေးနိူင်သောသူ ဖြစ်ရပါလို၏
မိဘဆီကနေ...လက်ပြန့်တောင်းနေမယ့်အစား...
မိဘကို ပေးနိူင်သော...
သူများသာ ဖြစ်ကြပါစေ ခင်ဗျာ🙏🙏🙏

Credit - အောင်ဆွေဝင်း (စာပေ ပရဟိတ)
Via:Aung Swe Win

❌❌တွေ့ရှိပါက အကြောင်းကြားပေးပါ။❌❌မော်လမြိုင်မြို့ ဒိုင်းဝန်းကွင်း အောက်ကျင်းရပ် လမ်းသစ်လမ်းနေ အဖ ဦးထွန်းထွန်းနိုင် ဒေါ်ပ...
28/11/2023

❌❌တွေ့ရှိပါက အကြောင်းကြားပေးပါ။❌❌

မော်လမြိုင်မြို့ ဒိုင်းဝန်းကွင်း အောက်ကျင်းရပ် လမ်းသစ်လမ်းနေ အဖ ဦးထွန်းထွန်းနိုင် ဒေါ်ပြုံးအိခိုင် တို့၏သမီး မမေပွင့်ဖြူ(ခ)ဖောင်းဖောင်းအသက်၁၃နှစ်နှင့်
နွေးနဒီနိုင်(ခ) တုံတုံအသက်၁၀နှစ်
တို့သည် 28.11.23မနက်၄နာရီအချိန်တွင်အိမ်မှထွက်သွားပါသည် ။
တွေ့ရှိရင်အကြောင်းကြားပေးပါ

ဆက်သွယ်ရန်မိသားစု၀င်ဖုန်း
09693515194
09425278537
09694805044

ที่อยู่

81, Macharoen Road, Nong Khaem
Bangkok
10160

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 21:00
พุธ 09:00 - 21:00
พฤหัสบดี 09:00 - 21:00
ศุกร์ 09:00 - 21:00
เสาร์ 09:00 - 21:00
อาทิตย์ 09:00 - 21:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ သျောင်ပေစူးလေးผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง သျောင်ပေစူးလေး:

แชร์