Red Peacock အာဏာသိမ်းစစ်ကောင်စီ၏အကြမ်းဖက်မှုများကို တိုက်ရိုက်ပို့ပေးနိုင်ပါသည်
(5)

www.redpeacocknews.com https://www.youtube.com/ https://t.me/RedPeacoknews
တို့ကနေ တစ်ဆင့်
ဝင်ရောက်ကြည့်ရှုပေးနိုင်ပါပြီ။



အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပုလဲမြို့စစ်ရှောင်ကလေးငယ်များအတွက် စာရေးကိရိယာ ထောက်ပံ့စစ်ကိုင်း၊ အောက်တိုဘာ ၁၇စစ်ကိုင်းတ...
17/10/2025

အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပုလဲမြို့စစ်ရှောင်ကလေးငယ်များအတွက် စာရေးကိရိယာ ထောက်ပံ့

စစ်ကိုင်း၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက စစ်ရှောင်ကလေးငယ်တွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မွေးနေ့ရှင်ကိုယ်စား စာရေးကိရိယာများကို ထောက်ပံ့ကူညီခဲ့ပါတယ်။

Photo - ပေးပို့
သတင်းအပြည့်အစုံကို Website - t.ly/bLRLOတွင် ဖတ်ရှုနိုင်ပါတယ်။
သက်ဆိုင်ရာပုံများကို https://t.me/RedPeacoknews တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

#စစ်ကိုင်း

17/10/2025

နေပြည်တော်တိုင်းစစ်ဌာန၊ နေပြည်တော်တပ်ရင်း ၈၀၈ မှ လူအင်အားနဲ့ ဂန်းအင်အားမျှတရန်အတွက်

"အော်ပရေးရှင်း စစ်တောင်း"

ကမ်ပိန်းလေးဟာ 85% ပြည့်မိဖို့အတွက် 10% ရာခိုင်နှုန်းသာလိုအပ်

Road To 85%

Sep 16 2025 to Nov 10 2025

အောက်ပါ Link တွင်တိုက်ရိုက်ပါဝင်ပေးနိုင်
ပါသည်။

https://www.facebook.com/share/19jNHuTJta/

နိုင်ငံတကာ Fundraiser များမှ တစ်ဆင့်လည်း ပါဝင်ပေးနိုင်ပါသည်။

https://www.facebook.com/share/p/1CSfSVnGni/



#အော်ပရေးရှင်းစစ်တောင်း
#ကျပ်သိန်း၂၀၀၀ကမ်ပိန်း
ိးအလက်၂၀_ဝယ်ယူရန်

အရာတော်မြို့နယ်၊ သစ်ချိုကျေးရွာလေကြောင်းတိုက်ခိုက်မှု  လေးဦး သေဆုံးစစ်ကိုင်း၊ အောက်တိုဘာ ၁၇စစ်တပ်က စစ်ကိုင်းတိုင်း၊ အရာတ...
17/10/2025

အရာတော်မြို့နယ်၊ သစ်ချိုကျေးရွာလေကြောင်းတိုက်ခိုက်မှု လေးဦး သေဆုံး

စစ်ကိုင်း၊ အောက်တိုဘာ ၁၇

စစ်တပ်က စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက သစ်ချိုကျေးရွာကို ဒီနေ့မနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဗုံးကြဲတိုက်ခိုက်မှုမှာ ရဲဘော်တစ်ဦး၊ ပြည်သူ နှစ်ဦး နဲ့ ကျောင်းသားတစ်ဦးက သေဆုံးခဲ့ ရတယ်လို့ ဒေသခံရဲဘော်တစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးက “ ကလေးက နှလုံး ရပ်သွားတာလားမသိဘူး။ ဘာဒဏ်ရာမှ မတွေ့ရဘဲ သေသွားတာ။ ကျောင်းမုခ်ဦးတောင် ပျောက်သွားတယ်”လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စက်တင်ဘာတစ်လအတွင်း စစ်တပ်က နိုင်ငံ့အနှံ့လေကြောင်းတိုက်ခိုက်မှု ၁၈၇ ကြိမ် ပြုလုပ်ထားပြီး ၁၅၈ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။

အလားတူ စစ်တပ်က အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၂ မှုပြုလုပ်ခဲ့ပြီး သေဆုံးသူ ၁၀၇ ဦး ရှိတယ်လို့ NUG ကကြေညာထားပါတယ်။

Photo - ပေးပို့
သတင်းအပြည့်အစုံကို Website - t.ly/EG05z တွင် ဖတ်ရှုနိုင်ပါတယ်။

သက်ဆိုင်ရာပုံများကို https://t.me/RedPeacoknews တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

#စစ်ကိုင်း

17/10/2025

အနောက်မြောက်လွင်ပြင်သို့ ( တော်လှန်စကားဝိုင်း )

တပ်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ
ခေါင်းဆောင်မှုအခန်းကဏ္ဍဟာ
ဘယ်လောက်အရေးပါသလဲ ? ဆိုတဲ့အကြောင်းအရာများကို

Merry Fay - ပြည်သူ့လွတ်လပ်ရေးတပ်တော်
( PIO / PIA ) ဘဏ္ဍရေးဌာနဒုတာဝန်ခံ

ကိုအောင်ငဲ - ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး/
တပ်တော် ( DPLF / DPLA ) ဥက္ကဌ

ကိုဆောင်းခ - ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်
( BPLA ) ကွပ်ကဲရေးမှူး

ကိုဝေမိုးကျော် - ဗျူဟာအမှတ် ၉၃ ( TRI ဗျူဟာ )
နည်းဗျူဟာမှူး

ကိုဒီခေတ်ရှား - Moderator တို့မှ

အောက်တိုဘာ ( ၁၇ ) ရက် ၊ ည ၇နာရီအချိန်မှာ
OFP Fundraiser Page များ ၊ မီဒီယာများ နှင့်
ကမ်ပိန်း Page ၊ တပ်ရင်း Page များကနေ
တိုက်ရိုက် Live လွှင့်သွားမှာဖြစ်ပါသည် ။

#အနောက်မြောက်လွင်ပြင်သို့
#ယင်းမာပင်ခရိုင်အမှတ်၆တပ်ရင်း
#ယင်းမာပင်မြို့နယ်ပကဖULFစစ်ကြောင်း

#နွေဦးအားမာ

17/10/2025

အထူးလှုပ်ရှားတပ် - Special Regiment ၏ကျည်ကာဝယ်ပေးပါကမ်ပိန်းအစီအစဥ်မှပြုလုပ်သည့် “ အမျိုးသမီးရဲဘော်တို့ရဲ့စကားဝိုင်း” အစီအစဥ်ဖြစ်ပါသည်။ အထူးလှုပ်ရှားတပ်က ပြုလုပ်နေသည့် ကျည်ကာဝယ်ပေးပါ ကျပ်သိန်း (၃၀၀၀) ကမ်ပိန်းအား CRPH-OFP အစီအစဉ်ဖြင့် တာဝန်ယူ ကောက်ခံပေးမည့်နိုင်ငံတကာ Fund Raiser များ၏ စာရင်း‌‌အား အောက်ပါလင့်တွင် ရှာဖွေကာ အားဖြည့်ပါဝင်ပေးနိုင်ပါတယ်။ https://www.facebook.com/share/p/1FKycDbAAK/

#ပြည်သူ့အတွက်အထူးလှုပ်ရှားတပ်
#အထူးမုန့်စားတပ်
#ကျည်ကာဝယ်ပေးပါ

ကျောက်မဲမြို့နယ်ပစ်ခတ်မှုမှာ အရပ်သားနှစ်ဦး ထိခိုက်ရှမ်း၊ အောက်တိုဘာ ၁၇ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ အင်းကြင်တောင်ရပ်ကွ...
17/10/2025

ကျောက်မဲမြို့နယ်ပစ်ခတ်မှုမှာ အရပ်သားနှစ်ဦး ထိခိုက်

ရှမ်း၊ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ အင်းကြင်တောင်ရပ်ကွက်မှာ ဒီနေ့ညနေ့ပိုင်းက ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေကနေတစ်ဆင့် သိရှိရပါ တယ်။

ဒီနေ့ ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “ အင်ကြင်းတောင်ရပ်ကွက်မှာ ဖြစ်သွားတာ။ ပြည်သူနှစ်ဦးက ထိခိုက်ထားတယ်” လို့ ပြောပါတယ်။

စစ်တပ်က ကျောက်မဲမြို့ကို အောက်တိုဘာ ၁ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo - ပေးပို့
သတင်းအပြည့်အစုံကို Website - t.ly/eZlk6 တွင် ဖတ်ရှုနိုင်ပါတယ်။

သက်ဆိုင်ရာပုံများကို https://t.me/RedPeacoknews တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

#ကျောက်မဲ

နတ်တလင်းမှာ စစ်တပ်က စက်တပ်လေထီးနဲ့ တိုက်ခိုက်လို့ ပြည်သူတွေ ထိခိုက်သေဆုံးပဲခူး၊ အောက်တိုဘာ ၁၇ပဲခူးတိုင်း၊ နတ်တလင်းမြို့န...
17/10/2025

နတ်တလင်းမှာ စစ်တပ်က စက်တပ်လေထီးနဲ့ တိုက်ခိုက်လို့ ပြည်သူတွေ ထိခိုက်သေဆုံး

ပဲခူး၊ အောက်တိုဘာ ၁၇

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ တိုက်ခိုက်လို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိတယ်လို့ ဒေသခံတော်လှန်ရေး ရဲဘော်တစ်ဦးက Red Peacock သတင်းမီဒီယာကို ပြောပါတယ်။

မနေ့ညနေ့ ခြောက်နာရီခွဲခန့်မှာ စစ်တပ်က စက်တပ်လေထီးနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တဲ့တွက် နတ္တလင်းမြို့နယ်၊ မကျီးပင်ရွာမှ ၁၄ နှစ်အရွယ်ကလေးတစ်ဦး နဲ့ အမျိုးသားတစ်ဦး ထိခိုက်ပြီး အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးက အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဒီနေ့နေ့လယ် ၁၂နာရီကျော်ခန့်မှာ စစ်တပ်က နတ်တလင်းမြို့နယ်ထဲက ကြက်ညိုရွာ၊ တောင်ညိုဆည်ရှင်းလင်းဆောင်၊ သင်္ဘောချည်တိုင်ရွာဘုန်းကြီးကျောင်း၊ သုခစက် လှေ ဆိပ်တို့ကို စက်တပ် လေထီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

ဒေသခံတစ်ဦးက “မကျီးပင်ရွာမှာ အမျိုးသားနဲ့ ၁၄ နှစ်ကလေး ထိတယ်။ အသက် ၆၀ အမျိုးသား သေတယ်။ ထိသွားတဲ့ဘုန်းကြီးကျောင်းမှာ ဘုန်းကြီး နဲ့ ပြည်သူအပါ ငါး ယောက် ထိတယ်။ ထိတဲ့ငါးယောက်မှာ နှစ်ယောက်သေတယ်။ စက်လှေဆိပ်မှာ ထိတာ နှစ်ယောက်။ အခုမနက် ထိတာ ခုနစ်ယောက်။ ညတုန်းက သုံးယောက်ထိပေမဲ့ တစ် ယောက် သေတယ်” လို့ ပြောပါတယ်။

စစ်တပ်ရဲ့စက်တပ်လေထီးတွေက ရွှေတောင်မြို့နယ်က နတ်တလင်းမြို့နယ်ထဲက ကျေး ရွာကို ခေါက်တုံခေါက်ပြန် လာရောက်ပြီး တိုက်ခိုက်နေတာလို့ ဒေသခံက ပြောပါတယ်။

ဒီနှစ်ရက်ဆက်တိုက် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သူဆယ်ဦး ရှိတဲ့အထဲ က သုံးဦးက အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံဘက်က အတည်ပြုပါတယ်။

မြန်မာနိုင်ငံရဲ့ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းတို့က စစ်တပ်က စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတွေကို ဦးစားပေးပြီး တော်လှန်ရေးတပ်တွေနဲ့ ပြည်သူတွေကို အရှိန်မြှင့် တိုက်ခိုက်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စက်တင်ဘာတစ်လအတွင်း စစ်တပ်က နိုင်ငံ့အနှံ့လေကြောင်းတိုက်ခိုက်မှု ၁၈၇ ကြိမ် ပြုလုပ်ထားပြီး ၁၅၈ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။
အလားတူ စစ်တပ်က အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၂ မှုပြုလုပ်ခဲ့ပြီး သေဆုံးသူ ၁၀၇ ဦး ရှိတယ်လို့ NUG ကကြေညာထားပါတယ်။

Photo - ပေးပို့
သတင်းအပြည့်အစုံကို Website - t.ly/uMlfW တွင် ဖတ်ရှုနိုင်ပါတယ်။

သက်ဆိုင်ရာပုံများကို https://t.me/RedPeacoknews တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

#ပဲခူး #စက်တပ်လေထီး

စစ်တပ်က TNLA ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့ကို ဗုံးကြဲရှမ်း၊ အောက်တိုဘာ ၁၇ရှမ်းပြည်နယ်မြောက်ပိုင်းထဲက တအာင်းတပ် TNLA ထိန...
17/10/2025

စစ်တပ်က TNLA ထိန်းချုပ်ထားတဲ့ မြို့ ၃ မြို့ကို ဗုံးကြဲ

ရှမ်း၊ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်မြောက်ပိုင်းထဲက တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်၊ နမ္မတူ နဲ့ နမ့်ဆန်မြို့တို့ကို စစ်တပ်က နှစ်ရက်အတွင်း ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

မနေ့ညနေပိုင်းမှာ စစ်တပ်က မိုးမိတ်မြို့၊ တောင်ပိုင်းရပ်ကွက်ကို တိုက်လေယာဉ်နဲ့ ပေါင် ၅၀၀ ပြင်အားနဲ့ ပေါင် ၂၅၀ ပြင်းအားရှိတဲ့ဗုံးတွေ ကြဲခဲ့တဲ့အတွက် အသက် ၅၀ အရွယ်အမျိုးသမီး ၁ ဦးထိခိုက်ခဲ့ပြီး နေအိမ် ၂ လုံးနဲ့ ကား ၁ စီးလည်း ပျက်စီးခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း နမ္မတူမြို့အထက (၁) စာသင်ကျောင်းကို စစ်တပ်က ဗုံးကြဲလို့ ဆရာမ ၄ ဦးထိခိုက်ဒဏ်ရာရပြီး စာသင်ဆောင်တွေနဲ့ ဒေသခံနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတတယ်။

အလားတူ နမ့်ဆန်မြိုနယ်၊ ဟိုမိန်းကျေးရွာကို လေကြောင်းနဲ့ ဗုံး ကြဲခဲ့ပြီး ထိခိုက်ပျက်စီးမှုကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ TNLA က ပြောပါတယ်။

"နမ္မတူ အထက ၁ နှစ်လုံးကျတယ်၊ ကျောင်းဆောင်နှစ်ဆောင် ထိတယ်၊ ဆရာမတွေ အိပ်ဆောင်တွေ ထိတယ် ဆရာမလေးယောက် ဒဏ်ရာ ရတယ်။ ဟိုမန်းရွာမှာကျတော့ လူနေအိမ်ပေါ် ကျတဲ့ အခါကျတော့ အမျိုးသမီး နှစ်ယောက် သေတယ်၊ အမျိုးသမီးတစ်ယောက် သေတယ်။ နေအိမ်ဆယ်လုံးလောက် ပျက်စီးတယ်” လို့ မြေပြင်မှာရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

TNLA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကတော့ နမ့်ဆန်မြို့လေကြောင်းတိုက်ခံရမှုမှာ အရပ်သား ၃ ဦးသေဆုံးတယ်လို့ ပြောပါတယ်။

စစ်တပ်က TNLA ထိန်းချုပ်နယ်မြေတွေအပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့သိမ်းပိုက်ထားတဲ့နေရာတွေကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီး စစ်ရာဇတ်မှုတွေ ကျူးလွန်နေတာကြောင့် လူထုတွေအနေနဲ့ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ TNLA က သတိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စက်တင်ဘာတစ်လအတွင်း စစ်တပ်က နိုင်ငံ့အနှံ့လေကြောင်းတိုက်ခိုက်မှု ၁၈၇ ကြိမ် ပြုလုပ်ထားပြီး ၁၅၈ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။

အလားတူ စစ်တပ်က အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၂ မှုပြုလုပ်ခဲ့ပြီး သေဆုံးသူ ၁၀၇ ဦး ရှိတယ်လို့ NUG ကကြေညာထားပါတယ်။

Photo - ပေးပို့
သတင်းအပြည့်အစုံကို Website - - t.ly/UFwFf တွင် ဖတ်ရှုနိုင်ပါတယ်။

သက်ဆိုင်ရာပုံများကို https://t.me/RedPeacoknews တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

#ရှမ်း

စစ်ကိုင်းမှာ ကထိန်ခင်းဖို့သွားတဲ့ဇနီးမောင်နှံနှစ်ဦးထဲက ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံရ စစ်ကိုင်း၊ အောက်တိုဘာ ၁၇စစ်ကို...
17/10/2025

စစ်ကိုင်းမှာ ကထိန်ခင်းဖို့သွားတဲ့ဇနီးမောင်နှံနှစ်ဦးထဲက ဇနီးဖြစ်သူ အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

စစ်ကိုင်း၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာကနေ တန်ဆည်မြို့ကို ကထိန်ခင်းဖို့သွားတဲ့ ဇနီးမောင်နှံ ၂ ဦး ဖမ်းဆီးခံလိုက်ရပြီးနောက် ဇနီးဖြစ်သူကတော့ အဓမ္မကျင့် သတ်ဖြတ်ခံခဲ့ရတယ်လို့ လွတ်မြောက်လာတဲ့ အမျိုးသားဖြစ်သူရဲ့ ပြောပြချက်အရ ကန့်ဘလူခရိုင်အမှတ် ၃ တပ်ရင်းက ထုတ်ပြန်ပါတယ်။

ဖြစ်စဉ်အရ အဲဒီဇနီးမောင်နှံ ၂ ဦးကို ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းမှာ စံပယ်နံ့သာပျူစောထီးတပ်ဖွဲ့ဝင်တွေက အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ဇနီးမောင်နှံမှာပါလာတဲ့ရွှေ သုံးကျပ်သား၊ ငွေ၊ ဖုန်း နဲ့ ဆိုင်ကယ်တစ်စီးကိုလည်း ယူဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီနောက် ဇနီးဖြစ်သူကိုလည်း ပျူစောထီးအဖွဲ့ဝင်တွေက အဓမ္မပြုကျင့် သတ်ဖြတ်လိုက်တယ်လို့ အသတ်ခံရတဲ့အမျိုးသမီးရဲ့ ယောက်ျားဖြစ်သူက ပြောတဲ့အကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒီပျူစောထီးတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရွှေဘိုကနေ တနိုင်းကို လာတဲ့ အံစာတုံးကားပေါ်က လူငယ် ၉ ဦးကို ဖမ်းဆီးခဲ့တဲ့ဖြစ်စဉ်လည်းရှိခဲ့တယ်လို့ ကန့်ဘလူခရိုင်အမှတ် ၃ က ပြောထားပါတယ်။

ကန့်ဘလူခရိုင်အမှတ် ၃ တပ်ရင်းက ခရီးသွားပြည်သူများအနေနဲ့ ခရီးသွားလာရာတွင် စစ်တပ်စစ်စခန်းများကို သတိပြုရှောင်ရားသွားလာကြဖို့ သတိပေးထားပါတယ်။

Photo - ကန့်ဘလူခရိုင်အမှတ် ၃ (ပျူစောထီးတွေ လက်က လွတ်မြောက်လာတဲ့အမျိုးသား)

#ပျူစောထီး #စစ်ကိုင်း

သီပေါမြို့ကို စစ်တပ် ပြန်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းများ ထွက်ပေါ်ရှမ်း၊ အောက်တိုဘာ ၁၆တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ...
16/10/2025

သီပေါမြို့ကို စစ်တပ် ပြန်ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းများ ထွက်ပေါ်

ရှမ်း၊ အောက်တိုဘာ ၁၆

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်သွားပြီလို့ ဒေသတွင်းသတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဒီနေ့ညနေ့ပိုင်းမှာ စစ်တပ်က ပြန်ထိန်းချုပ်လိုက်တာလို့ သူတို့က အတည်ပြုပြောပါတယ်။

စစ်တပ်ပြန်ထိန်းချုပ်လိုက်ချိန်မှာပဲ မြို့ထဲက ဟိုတယ်သီပေါ၊ အကျဉ်းထောင်၊ စိုက်ပျိုးရေးရုံးနဲ့ မြေစာရင်းရုံးတွေမှာ မီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

သီပေါမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှာ တအာင်းတပ် TNLA က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်က သီပေါမြို့ကို ပြန်သိမ်းလိုက်ပြီလို့ ဒီနေ့ အောက်တိုဘာ ၁၆ ရက်ညပိုင်းမှာပဲ ရုပ်သံကတဆင့်ကြေညာပါတယ်။

စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်တွေမှာလည်း စစ်တပ်က သီပေါမြို့ကို ပြန်ထိန်းချုပ်လိုက်ပြီလို့ ရေးသားဖြန့်ဝေနေကြပါတယ်။

Photo – ပေးပို့
Website တွင် ဆက်လက်ဖတ်ရှုနိုင်ရန် - t.ly/NBc_y

Facebook Community Standard ကြောင့် သက်ဆိုင်ရာပုံများကို https://t.me/RedPeacoknews တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

16/10/2025

သီပေါမြို့ထဲ မီးလောင်

ရှမ်း၊ အောက်တိုဘာ ၁၆

ရှမ်းပြည်နယ်၊ သီပေါမြို့တွင်းမှာ မီးလောင်နေတယ်လို့ ဒေသတွင်းသတင်းအရင်းအမြစ် တွေအရ သိရပါတယ်။

ဒီနေ့ညနေ့သုံးနာရီခွဲခန့်မှစတင်ပြီး သီပေါမြို့ထဲက ဟိုတယ်သီပေါ၊ အကျဉ်းထောင်၊ စိုက်ပျိုးရေးရုံး နဲ့ မြေစာရင်းရုံးတွေမှာ မီးလောင်နေတာ ဖြစ်ပါတယ်။

စစ်တပ် နဲ့ TNLA တို့က သီပေါမြို့အဝင်၊ စံဖိတ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတစ်ဦးက “ ဘယ်သူရှို့မှန်းတော့ မသိဘူးဗျ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သီပေါမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo – ပေးပို့
Website တွင် ဆက်လက်ဖတ်ရှုနိုင်ရန် - t.ly/NBc_y

Facebook Community Standard ကြောင့် သက်ဆိုင်ရာပုံများကို https://t.me/RedPeacoknews တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Peacock သတင်းဌာန၏ App ကို Googleplaystore တွင် Download ချပြီး ဖတ်ရှုနိုင်ပါသည်။

#သတင်း #သီပေါ

ที่อยู่

Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Red Peacockผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Red Peacock:

แชร์