Master Woo ကမ္ဘာမှာ ဇမ္ဗူ

Color အဖြူ

02/08/2025
တစ်တပ်တစ်အား ဂေါင်းကြီးတို့ အားပေးရကြိုးနပ်စေတဲ့ အနုပညာရှင်  comment မှာ လင့်ခ်
30/03/2025

တစ်တပ်တစ်အား ဂေါင်းကြီးတို့ အားပေးရကြိုးနပ်စေတဲ့ အနုပညာရှင် comment မှာ လင့်ခ်

အဲ့တာ ဘယ်သူတွေလဲ
29/01/2025

အဲ့တာ ဘယ်သူတွေလဲ

 #ထိုင်းနိုင်ငံမှာ ဘတ်ရိုက်ရင် နိုင်ငံကြီးတွေကို သွားလို့ ရ မရ… ??? ဒီကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏ မေးတတ်ကြတယ်။ အခု ဘတ်တွေလ...
15/12/2024

#ထိုင်းနိုင်ငံမှာ ဘတ်ရိုက်ရင် နိုင်ငံကြီးတွေကို သွားလို့ ရ မရ… ???

ဒီကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏ မေးတတ်ကြတယ်။ အခု ဘတ်တွေလဲ ဖွင့်ပြီဆိုတော့ အငြင်းပွါးစရာပို့စ်တွေပါ တွေ့လာရတယ်..။

ဘတ်ရိုက်တယ်ဆိုတာ မိမိရဲ့ အနီရောင်ပတ်စပို့စ်ထဲမှာ ( Non LA - Labour Work Permit) တုံးနဲ့ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့် ဗီဇာပါ..။ ဒါပေမယ့် Blue Collar လို့ ခေါ်တဲ့ အခြေခံ အလုပ်သမားအနေနဲ့ပါ..။

မေး : ဒီတော့ ဘတ်ရိုက်ရင် နိုင်ငံကြီး သွားလို့ မရဘူးဆိုတာ ဟုတ်လား…
ဖြေ : မဟုတ်ပါ။

မေး : ဒါဆို သွားလို့ ရလား…။
ဖြေ : မရပါ..။

ဟင် .. ဘာကြီးတုန်းးး။ ရတာလား မရတာလား..။

ဟုတ်ကဲ့ .. ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတဲ့အတွက်ကြောင့် မည်သည့်နိုင်ငံကြီးကိုမဆို ဗီဇာလျှောက်ခွင့် ရှိပါတယ်..။ ဒါပေမယ့် လျှောက်တဲ့နိုင်ငံနဲ့ လျှောက်တဲ့ ဗီဇာအပေါ် မူတည်ပြီး ရလဒ်ကသာ ကွာတာပါ..

ဥပမာ - သင်က US ကို Visit Visa (B1/B2) အလည်
ဗီဇာလျှောက်တယ် ဆိုပါစို့..။ သံရုံးကို သက်သေပြရမှာက သင်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရင်း US ကို အလည်သွားချင်တာ..။

အဲ့တော့ ကိုယ်က ထိုင်းမှာ ဘာအလုပ်လုပ်လဲ ..ဘာဗီဇာနဲ့ နေလဲ .. (ပတ်စပို့စ်စာအုပ်တောင်းကြည့်တာ အလကားမဟုတ်ဘူး.. record အားလုံး ပါပါတယ်..)

ကိုယ်က Non-LA (ဘတ်) နဲ့ နေနေတယ်..
ဘတ်မှာလည်း မဲ့ဘန်း/ ကော့ဆန်း (သန့်ရှင်းရေးသမား) လို့ ရေးထားတယ်..၊
ထိုင်းကို ဝင်လာတုန်းက အလည်နဲ့ ဝင်လာတယ်… ၊ရောက်တော့ Over stay နေလိုက်တယ်.. ၊
နောက်တော့ ဘတ်ဖွင့်လို့ ဘတ်ရိုက်လိုက်တယ်..၊
လစာက ဘတ် ၁၅၀၀၀-၂၀၀၀၀ ( ဒေါ်လာ ၅၀၀) နဲ့ အခြေခံအလုပ်သမားတစ်ယောက်က အမေရိကားလို နိုင်ငံမျိုးကို အလည်လာမယ်ဆိုတာ ယုတ္တိမတန်လို့ ဗီဇာ ရနိုင်ခြေ 90 % နှုန်း မရှိပါဘူး..။ သင်ဟာ ထိုင်းတုန်းကလိုပဲ အလည်နဲ့ ဝင်ပြီး သူတို့နိုင်ငံမှာ အလုပ်လုပ်ဖို့ နေခဲ့မယ့်သူဆိုတာ တစ်ထစ်ချ သတ်မှတ်လိုက်ပါပြီ။

ခါးပေမယ့် ဒါ အမှန်တရားပါ..။

တခြားနိုင်ငံဖြစ်တဲ့ ကိုရီးယားတို့၊ဂျပန်တို့၊ မလေးရှားတို့ သွားမယ်.. ရလားဆိုရင်..
ဟုတ်ကဲ့ … ရနိုင်ခြေရှိပါတယ်။ သူလဲ လျှောက်တဲ့ဗီဇာပေါ် မူတည်ပါသေးတယ်။

DV ပေါက်ရင်တော့ ကပြီး သွားလို့ ရပါတယ်..။

အဲ့ဒီတော့ ဘတ်မရိုက်ရတော့ဘူးလား.. ဆိုရင် ၊ ကိုယ် အခုချက်ချင်းကြီးလဲ US သွားဖို့အစီအစဉ်မှ မရှိသေးဘူးဆိုရင် ရိုက်ရတော့မှာပေါ့.. ။ မဟုတ်ရင် မျောက်သစ်ကိုင်းလွတ် ဖြစ်မယ်..။ နောက်တော့လဲ တစ်နည်းနည်းနဲ့ အဆင်ပြေမှာပါ..။

ဒါက US လို အနောက်နိုင်ငံကြီးအပေါ် မူတည်ပြီး ကျမရဲ့ သုံးသပ်မှုအမြင်သက်သက်ပါ.. ။
မန့်မှာ အပြုသဘောဆောင် ဆွေးနွေးနိုင်ပါတယ်.. ။

ဒီနေရာမှာ Edit လေး ထည့်ဖြည့်ချင်တာက ..
ကျမက ထိုင်းကို ရောက်ထဲက အမေရိကားသွားဖို့ အစီအစဉ်ရှိတယ်.. အဲ့ဒါကြောင့် ကျမ ပတ်စပို့စ်ကို လုံးဝ Over Stay မခံခဲ့ပါဘူး။ တစ်နှစ်လုံး ၃ လတစ်ကြိမ် ထိုင်းအပြင်ထွက်ပြီး သက်တမ်းတိုးပါတယ်။ နောက်တစ်နှစ် ငွေစုမိတော့ Non-B နဲ့ အလုပ်ဆက်လုပ်ပါတယ်..။ တစ်လျှောက်လုံး ရင်နာနာနဲ့ ငွေလမ်းခင်းပြီး ထိုင်းမှာ အလုပ်လုပ်ရပါတယ်.. အခုတော့ US ကို ရောက်ပြီဆိုပါတော့.. အားလုံးက ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။

#ဘတ်ရိုက်ခြင်းနဲ့ #နိုင်ငံကြီးတွေသွားရမရ


ထိုင်းသူတောင်းစားထံမှ ဘတ် ၃ သိန်းနဲ့ ဘဏ်စာရင်းထဲ ဘတ် ၁ သန်းတွေ့ မဲခေါင်၊ ဒီဇင်ဘာ ၁၄ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မှာ သူဖုန်းစ...
14/12/2024

ထိုင်းသူတောင်းစားထံမှ ဘတ် ၃ သိန်းနဲ့ ဘဏ်စာရင်းထဲ ဘတ် ၁ သန်းတွေ့

မဲခေါင်၊ ဒီဇင်ဘာ ၁၄

ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မှာ သူဖုန်းစားများလွန်းလို့ စီမံချက်ချ ဖမ်းဆီးရှင်းလင်းရာမှာ ထိုင်းနဲ့ ပြည်ပသား ၁၂ ယောက်ဖမ်းဆီးရမိခဲ့ပြီး သူဖုန်းစားတစ်ယောက်ဆီမှာ ငွေသားဘတ် ၃ သိန်းကျော်နဲ့ ဘဏ်စာရင်းထဲမှာ ဘတ် ၁ သန်းအထိ တွေ့ရှိခဲ့ရကြောင်း သိရှိရပါတယ်။

ဘန်ကောက်ရဲ့ စီးပွားရေးဧရိယာဖြစ်တဲ့ ဆက်ဟမ်ဗစ်လမ်းပေါ်က အာဆော့ခ်လမ်းနဲ့ နာနာလမ်းဧရိယာနား သူဖုန်းစားတွေ အများအပြားရှိနေပြီး နိုင်ငံ ပြည်ပခရီးသွားလုပ်ငန်းပုံရိပ်ကို ထိခိုက်စေတာကြောင့် ထိုင်း လူဝန်မှု ကြီးကြပ်ရေး၊ လုမ္ပဏီရဲတပ်ဖွဲ့နဲ့ လူသားလုံခြုံရေးနဲ့ လူမှုဖူလုံရေး အရာရှိတွေဟာ ဒီဇင်ဘာ ၁၂ ရက်ညမှာ ကွင်းဆင်း ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီ စီမံချက်မှာ ထိုင်းသူဖုန်းစား ၈ ယောက်၊ ကမ္ဘောဒီးယားနိုင်ငံသား ၂ ယောက်၊ လာအိုနဲ့ မြန်မာ သူဖုန်းစား တစ်ယောက်စီကို ဖမ်းဆီးရမိခဲ့ပြီး ပြည်ပသားသူဖုန်းစား ၄ ယောက်ဟာ တရားမဝင်နိုင်ငံအတွင်း ဝင်ရောက် နေထိုင်ခြင်းအမှုပါ ထပ်တိုးချမှတ်ခံရမယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံ သူဖုန်းစားတွေထဲက ထိုင်းအမျိုးသမီး တစ်ယောက်လက်ထဲမှာတင် ငွေသား ဘတ် ၃ သိန်းကျော်တွေ့ရပြီး ဘဏ်စာရင်းကို စစ်ဆေးရာမှာ ဘတ် ၁ သန်းကျော်ပါ ထပ်မံတွေ့ရှိရကာ ဒီငွေတွေအားလုံးကို တောင်းရမ်းခြင်းက ရရှိထားတာဖြစ်တယ်လို့ ဖွင့်ဟ ခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူက ထုတ်ပြန်ခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ သူဖုန်းစားအားလုံးကို လုမ္ပဏီ ရဲစခန်းကို အပ်နှံခဲ့ကြောင်း သိရှိရပါတယ်။

Ref:bangkokpost

#သူတောင်းစား
#သူဖုန်းစား
#ဖမ်းမိ
#ထိုင်း
#ဘတ်သုံးသိန်း
#ဘဏ်စာရင်း

လေယာဉ်ကတော့ ခုလေးတင် ဆိုက်တာ..  ဒါပေမယ့် ပြင်သစ် မဟုတ်လား.. ချိုင်းနံ့တွေ မတရားနံကြတာလည်း ထုံးစံအတိုင်း.. ခုလို ဆောင်းတွ...
09/12/2024

လေယာဉ်ကတော့ ခုလေးတင် ဆိုက်တာ..

ဒါပေမယ့် ပြင်သစ် မဟုတ်လား..

ချိုင်းနံ့တွေ မတရားနံကြတာလည်း ထုံးစံအတိုင်း..

ခုလို ဆောင်းတွင်းဆို ပိုဆိုး.. အာရှကသူတွေသာ

တပတ် ၇ခါလောက် ရေချိုးတာ.. ဒီက ဥရောပက

လူတွေကျ ရေကို တပတ်မှ တခါချိုးသလား

အောက်မေ့ရတယ်..

ကုတ်အင်္ကျီထူကြီးတွေနဲ့ ဘေးက ဖြတ်သွားရင်

အနံ့တွေဟာ ထောင်းခနဲ.. ထောင်းခနဲ.. အသက်ကို

အလိုလို အောင့်ထားမိတဲ့အထိ.. ရုပ်ချောချော

လှတပတလေးတွေလည်း မထူးလှဘူး..

တခါက Louvre museum သွားတော့

ကောင်မလေးလှလှလေးတယောက်.. သူ့ကို

ဓာတ်ပုံရိုက်ပေးပါလားဆိုတော့ ကိုယ်လည်း

ဟာ၊ အတော်ပဲ.. ငါ့ကို ဓာတ်ပုံပြန်ရိုက်ပေးခိုင်းရုံလို့

တွေးတုန်း ရှိသေး.. သူ့ကုတ်အင်္ကျီကို လွှားခနဲ

ချွတ်ချလိုက်တာ.. ချိုင်းချွေးနံ့ဟာ ထောင်းခနဲ..

အောင်မယ်လေးတောင် စိတ်ထဲ တချင်သွားပြီး

မရိုင်းဖို့အရေး နှာခေါင်းကို လက်နဲ့ မပိတ်မိအောင်

မနည်း စိတ်ထိန်းပြီး အသက်အောင့်ချလိုက်ရတာ..

သူ့ ဓာတ်ပုံပြန်ရိုက်ခိုင်းဖို့ နေနေသာသာ၊

သူ့ပုံတွေပဲ အမြန်ရိုက်ပေးပြီး အဲ့ကနေ လစ်ထွက်

လာရတယ်..

ဒီခေတ်ထဲ ရေချိုးရင် ရေပူက နေရာတိုင်းလိုလို

ရရုံမက ချိုင်းလိမ်းဆေးတွေ၊ ဘော်ဒီလိုးရှင်းတွေ

ပေါတဲ့ ခေတ်မှာ အဲ့လောက်နံစရာလားတောင်

အောက်မေ့မိတယ်.. သူ ပြန်ရိုက်ပေးမယ်ဆိုတာ

ကိုလည်း နေပါစေ၊ ရတယ်နော်၊ မရိုက်တော့ဘူးဆိုပြီး

အသဲအသန် သူ့နားက ပြေးထွက်ခဲ့ရတာ

အမှတ်တရပဲ.. 😂

ဒါတင် ဘယ်ဟုတ်မလဲ.. ရထားပေါ်မှာ

ချွေးနံ့တအားပြင်းသူတွေ အနားလာထိုင်လို့

တခြားထိုင်ခုံစီ ပြောင်းရမလို၊ သူ့ အားနာပြီး

ကိုယ်ပဲ ရောက်ရာမှတ်တိုင်ကနေ ရထားပြောင်းစီး

ရမလို.. ဟိုးခေတ်ကလို ရေပူရေအေး

မလွယ်သေးတဲ့ကာလဆို သူတို့ တလတခါမှ

ရေချိုး/ ရေပတ်တိုက်လား မသိ..

ပြင်သစ်ရဲ့ ရေမွှေးတွေ နာမည်ကြီးရတာဟာ

ဒီလိုကိုယ်နံ့ပြင်းပြင်းတွေကို ဖုံးဖို့ ကြိုးစားရင်းကများ

ရေမွှေးတွေ ကောင်းသထက် ကောင်းပြီး

ကမ္ဘာကျော်လာရတာလားလို့တောင် တွေးမိပြီ..

ခုလည်း လေဆိပ်ကနေ တက္ကစီစီးတာ..

ငါ ဒီတခါတော့ လမ်းမပျောက်တော့ဘူး

တွေးတုန်းရှိသေး.. ကားကို ရှာမရ.. ဟိုဘက်ကလည်း

ပြင်သစ်တို့ ထုံးစံ အင်္ဂလိပ်စကားပြောတဲ့သူကို

ဆို သိပ်မကြည်ဖြူ၊ customer service

ချာတူးလန်လေ့ရှိတာကလည်း ထုံးစံအတိုင်း..

ဒတ်ချ်မိတ်ဆွေတယောက် ပြောသလို ဆိုရင်လေ..

“ပြင်သစ်တွေက အင်္ဂလိပ်လို ပြောတာကို

မကြိုက်ဘူး၊ အေး.. ဗြိတိသျှ အင်္ဂလိပ်သံဆို

ပိုတောင် မကြိုက်ဘူး..” တဲ့.. ဒီကလည်း Bonjour ကလွဲရင် ကျန်တာ တလုံး နှစ်လုံး သိတာ..

အင်္ဂလိပ်လိုကျလည်း အင်္ဂလန်မှာနေတော့

အမေရိကန်သံတော့ ဘယ်ထွက်မလဲ.. 🥲

အဲ့သလိုနဲ့ ကား ရှာမတွေ့လို့ ဖုန်းပြောတာပါဆိုတာကို

ကောင်းကောင်း မဖြေရုံမက ကား ရှာတွေ့လို့

ကားပေါ်လည်း အတက်.. တက်စီသမားရဲ့

ချွေးနံ့ကြီးဟာ ထောင်းခနဲ ထောင်းခနဲ..

ခုတော့ ပြင်သစ်ဆောင်းတွင်း ဒီဇင်ဘာကြီးမှာ

ကားမှန်နည်းနည်းချပြီး စီးခဲ့ရပြီလေ.. လေအေးတွေ

သူ့ဘာသာ ဝင်ချင်သလောက် ဝင်၊

အေးချင်သလောက် အေးပါစေ..

ချိုင်းနံ့ကြီးသာ အောင့်အီးရှူရရင် မသက်သာဘူး

မဟုတ်လား.. ဒါတွေဟာ ကြုံရဆုံရ ဒိုးရဲ့

ခရီးသည်ဘဝပေါ့..

လေယာဉ်ပေါ်ကနေ ပဲရစ်မြို့ရဲ့ နေဝင်ချိန်ဟာ

လှလိုက်တာပြီး ကြည်နူးခဲ့သမျှဟာ

ခုတော့ ချွေးနံ့တွေကြား ကျရှုံးခဲ့ပါပြီ..

ပဲရစ်ဟာ သိပ်လှတဲ့မိန်းမတယောက် ချိုင်းနံ့နံနေသလိုပဲ.. အမြင်လှ သလောက် သိပ်နံနေတာပါဘဲလားး..


ဘတ်ဖွင့်တော့မှာ ဆိုတော့ ငပိရည်၊ တို့စရာ လေးနဲ့ခြွေတာ စားရမှာဘဲ 🤤🤤🤪
08/12/2024

ဘတ်ဖွင့်တော့မှာ ဆိုတော့ ငပိရည်၊ တို့စရာ လေးနဲ့

ခြွေတာ စားရမှာဘဲ 🤤🤤🤪



“Gỏi Gá (သို့မဟုတ်) Vietnamese Chicken Salad ————————————————————————  🇻🇳Gỏi Gà သည် ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီး ရိုးရာအ...
06/12/2024

“Gỏi Gá (သို့မဟုတ်) Vietnamese Chicken Salad
————————————————————————

🇻🇳Gỏi Gà သည် ဗီယက်နမ်နိုင်ငံရဲ့ နာမည်ကြီး ရိုးရာ

အစားအစာတစ်မျိုး ဖြစ်ပြီး ကျန်းမာရေးအတွက်

သင့်တော်သော အာဟာရဓာတ် ပြည့်စုံတဲ့

မုန့်တစ်မျိုး ဖြစ်ပါတယ်။

“Gỏi” ဆိုသည်မှာ ဗီယက်နမ်စကားဖြင့် “salad”

(အသုပ်)ဟု အဓိပ္ပာယ်ရပြီး “Gà” သည်

ကြက်သားကို ဆိုလိုသည်။

ကြက်အူချောင်းတွေ ၊ အသီးအရွက် တွေ စုံလင်စွာ

အဆာပလာများကို ရွေးချယ်နိုင်ပြီး

ရောင်စုံ ကောက်ညှင်းပေါင်းများ ခရမ်းချဉ်သီးဆော့စ်

များဖြင့် တွဲဖက် စားသုံး ပါက Goodရှယ် ပါဘဲ 🤤။



ที่อยู่

Bangkok
10600

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Master Wooผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์