Master Woo ကမ္ဘာမှာ ဇမ္ဗူ

Color အဖြူ

26/01/2026

ထိုးချင်တဲ့သူတွေ မန့်ခဲ့

02/08/2025
တစ်တပ်တစ်အား ဂေါင်းကြီးတို့ အားပေးရကြိုးနပ်စေတဲ့ အနုပညာရှင်  comment မှာ လင့်ခ်
30/03/2025

တစ်တပ်တစ်အား ဂေါင်းကြီးတို့ အားပေးရကြိုးနပ်စေတဲ့ အနုပညာရှင် comment မှာ လင့်ခ်

အဲ့တာ ဘယ်သူတွေလဲ
29/01/2025

အဲ့တာ ဘယ်သူတွေလဲ

 #ထိုင်းနိုင်ငံမှာ ဘတ်ရိုက်ရင် နိုင်ငံကြီးတွေကို သွားလို့ ရ မရ… ??? ဒီကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏ မေးတတ်ကြတယ်။ အခု ဘတ်တွေလ...
15/12/2024

#ထိုင်းနိုင်ငံမှာ ဘတ်ရိုက်ရင် နိုင်ငံကြီးတွေကို သွားလို့ ရ မရ… ???

ဒီကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏ မေးတတ်ကြတယ်။ အခု ဘတ်တွေလဲ ဖွင့်ပြီဆိုတော့ အငြင်းပွါးစရာပို့စ်တွေပါ တွေ့လာရတယ်..။

ဘတ်ရိုက်တယ်ဆိုတာ မိမိရဲ့ အနီရောင်ပတ်စပို့စ်ထဲမှာ ( Non LA - Labour Work Permit) တုံးနဲ့ ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ခွင့် ဗီဇာပါ..။ ဒါပေမယ့် Blue Collar လို့ ခေါ်တဲ့ အခြေခံ အလုပ်သမားအနေနဲ့ပါ..။

မေး : ဒီတော့ ဘတ်ရိုက်ရင် နိုင်ငံကြီး သွားလို့ မရဘူးဆိုတာ ဟုတ်လား…
ဖြေ : မဟုတ်ပါ။

မေး : ဒါဆို သွားလို့ ရလား…။
ဖြေ : မရပါ..။

ဟင် .. ဘာကြီးတုန်းးး။ ရတာလား မရတာလား..။

ဟုတ်ကဲ့ .. ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတဲ့အတွက်ကြောင့် မည်သည့်နိုင်ငံကြီးကိုမဆို ဗီဇာလျှောက်ခွင့် ရှိပါတယ်..။ ဒါပေမယ့် လျှောက်တဲ့နိုင်ငံနဲ့ လျှောက်တဲ့ ဗီဇာအပေါ် မူတည်ပြီး ရလဒ်ကသာ ကွာတာပါ..

ဥပမာ - သင်က US ကို Visit Visa (B1/B2) အလည်
ဗီဇာလျှောက်တယ် ဆိုပါစို့..။ သံရုံးကို သက်သေပြရမှာက သင်က ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေရင်း US ကို အလည်သွားချင်တာ..။

အဲ့တော့ ကိုယ်က ထိုင်းမှာ ဘာအလုပ်လုပ်လဲ ..ဘာဗီဇာနဲ့ နေလဲ .. (ပတ်စပို့စ်စာအုပ်တောင်းကြည့်တာ အလကားမဟုတ်ဘူး.. record အားလုံး ပါပါတယ်..)

ကိုယ်က Non-LA (ဘတ်) နဲ့ နေနေတယ်..
ဘတ်မှာလည်း မဲ့ဘန်း/ ကော့ဆန်း (သန့်ရှင်းရေးသမား) လို့ ရေးထားတယ်..၊
ထိုင်းကို ဝင်လာတုန်းက အလည်နဲ့ ဝင်လာတယ်… ၊ရောက်တော့ Over stay နေလိုက်တယ်.. ၊
နောက်တော့ ဘတ်ဖွင့်လို့ ဘတ်ရိုက်လိုက်တယ်..၊
လစာက ဘတ် ၁၅၀၀၀-၂၀၀၀၀ ( ဒေါ်လာ ၅၀၀) နဲ့ အခြေခံအလုပ်သမားတစ်ယောက်က အမေရိကားလို နိုင်ငံမျိုးကို အလည်လာမယ်ဆိုတာ ယုတ္တိမတန်လို့ ဗီဇာ ရနိုင်ခြေ 90 % နှုန်း မရှိပါဘူး..။ သင်ဟာ ထိုင်းတုန်းကလိုပဲ အလည်နဲ့ ဝင်ပြီး သူတို့နိုင်ငံမှာ အလုပ်လုပ်ဖို့ နေခဲ့မယ့်သူဆိုတာ တစ်ထစ်ချ သတ်မှတ်လိုက်ပါပြီ။

ခါးပေမယ့် ဒါ အမှန်တရားပါ..။

တခြားနိုင်ငံဖြစ်တဲ့ ကိုရီးယားတို့၊ဂျပန်တို့၊ မလေးရှားတို့ သွားမယ်.. ရလားဆိုရင်..
ဟုတ်ကဲ့ … ရနိုင်ခြေရှိပါတယ်။ သူလဲ လျှောက်တဲ့ဗီဇာပေါ် မူတည်ပါသေးတယ်။

DV ပေါက်ရင်တော့ ကပြီး သွားလို့ ရပါတယ်..။

အဲ့ဒီတော့ ဘတ်မရိုက်ရတော့ဘူးလား.. ဆိုရင် ၊ ကိုယ် အခုချက်ချင်းကြီးလဲ US သွားဖို့အစီအစဉ်မှ မရှိသေးဘူးဆိုရင် ရိုက်ရတော့မှာပေါ့.. ။ မဟုတ်ရင် မျောက်သစ်ကိုင်းလွတ် ဖြစ်မယ်..။ နောက်တော့လဲ တစ်နည်းနည်းနဲ့ အဆင်ပြေမှာပါ..။

ဒါက US လို အနောက်နိုင်ငံကြီးအပေါ် မူတည်ပြီး ကျမရဲ့ သုံးသပ်မှုအမြင်သက်သက်ပါ.. ။
မန့်မှာ အပြုသဘောဆောင် ဆွေးနွေးနိုင်ပါတယ်.. ။

ဒီနေရာမှာ Edit လေး ထည့်ဖြည့်ချင်တာက ..
ကျမက ထိုင်းကို ရောက်ထဲက အမေရိကားသွားဖို့ အစီအစဉ်ရှိတယ်.. အဲ့ဒါကြောင့် ကျမ ပတ်စပို့စ်ကို လုံးဝ Over Stay မခံခဲ့ပါဘူး။ တစ်နှစ်လုံး ၃ လတစ်ကြိမ် ထိုင်းအပြင်ထွက်ပြီး သက်တမ်းတိုးပါတယ်။ နောက်တစ်နှစ် ငွေစုမိတော့ Non-B နဲ့ အလုပ်ဆက်လုပ်ပါတယ်..။ တစ်လျှောက်လုံး ရင်နာနာနဲ့ ငွေလမ်းခင်းပြီး ထိုင်းမှာ အလုပ်လုပ်ရပါတယ်.. အခုတော့ US ကို ရောက်ပြီဆိုပါတော့.. အားလုံးက ကိုယ့်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။

#ဘတ်ရိုက်ခြင်းနဲ့ #နိုင်ငံကြီးတွေသွားရမရ


ที่อยู่

Bangkok
10600

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Master Wooผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์