Newsday Myanmar Welcome to Newsday Myanmar! Click "Like" to read the latest football news and entertainment news from around the world. User our app
https://bit.ly/3tEdCE8
(803)

နေ့စဉ်သတင်းများအဖြာဖြာ "Newsday Myanmar"

မနက်ဖြန် ကမ္ဘာ့ဖလားဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်မှု ပြုလုပ်
10/06/2026

မနက်ဖြန် ကမ္ဘာ့ဖလားဖွင့်ပွဲအတွက် အစမ်းလေ့ကျင့်မှု ပြုလုပ်



၃၈ နှစ်၊ ၁၁ လ၊ ၁၄ ရက်ဒီနေ့က ခင်ဗျားဟာ အာဂျင်တီးနားအတွက် အသက်အကြီးဆုံး ဂိုးသွင်းနိုင်တဲ့သူ ဖြစ်သွားပြီဆိုတာ သိလား?မက်ဆီ −...
10/06/2026

၃၈ နှစ်၊ ၁၁ လ၊ ၁၄ ရက်

ဒီနေ့က ခင်ဗျားဟာ အာဂျင်တီးနားအတွက် အသက်အကြီးဆုံး ဂိုးသွင်းနိုင်တဲ့သူ ဖြစ်သွားပြီဆိုတာ သိလား?

မက်ဆီ − "မသိဘူး၊ ကျွန်တော်က စံချိန်တွေအကြောင်း မစဉ်းစားဘူး၊ တစ်ယောက်တည်း အောင်မြင်မှုတွေအကြောင်း မစဉ်းစားဘူး။ ကျွန်တော်က အသင်းလိုက် အောင်မြင်မှုအကြောင်းပဲ စဉ်းစားတယ်"

“ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဒီအသင်းက ခင်ဗျားတို့ကို စိတ်မပျက်စေဘူးဆိုတာ အရင်ကတည်းက ပြောခဲ့ဖူးပါတယ်၊ ဒီတစ်န...
10/06/2026

“ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေပါတယ်။ ဒီအသင်းက ခင်ဗျားတို့ကို စိတ်မပျက်စေဘူးဆိုတာ အရင်ကတည်းက ပြောခဲ့ဖူးပါတယ်၊ ဒီတစ်နှစ်လုံးမှာ ပြိုင်ဘက် ဘယ်သူပဲဖြစ်ဖြစ်၊ ပြိုင်ပွဲ ဘယ်ဟာပဲဖြစ်ဖြစ် ကျွန်တော်တို့ အမြဲတမ်းယှဉ်ပြိုင်နိုင်ခဲ့တယ်ဆိုတာ ပြသခဲ့ပြီးသားလို့ ကျွန်တော်ထင်ပါတယ်။ ပြီးတော့ ဆက်လက်ယှဉ်ပြိုင်ဖို့ စိတ်လှုပ်ရှားမှုနဲ့ အနိုင်ရလိုစိတ်‌တွေ တူညီစွာနဲ့ ဆက်ရှိနေပါတယ်။”

“ဒီအသင်းဟာ အနိုင်ရချင်စိတ်ပြင်းပြပြီး အောင်ပွဲတွေများများလိုချင်တဲ့အသင်းပါ။ အမြဲလုပ်ခဲ့သလိုပဲ တစ်ဆင့်ချင်းလျှောက်လှမ်းသွားမှာပါ၊ ဒါပေမဲ့ စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှုနဲ့ ကျွန်တော်တို့ လုပ်နိုင်တဲ့အပေါ် ယုံကြည်မှုတွေ အများကြီးနဲ့ပေါ့။”

“ကျွန်တော်တို့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ကျွန်တော်တို့တစ်ချိန်လုံး လုပ်ခဲ့သလိုပဲ ကွင်းထဲမှာ အစွမ်းကုန်ထုတ်ပြမယ်ဆိုတာ ပရိသတ်တွေ သံသယမဝင်သင့်ပါဘူး။ အဆင်ပြေတာတွေရှိခဲ့သလို မပြေတာတွေလည်း ရှိခဲ့တယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရလဒ်ကောင်းတွေ ရဖို့ ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်၊ အဲဒါက မလွယ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ဒီရလဒ်ကောင်းတွေနဲ့ ကျင့်သားရသွားပြီ၊ ပရိသတ်တွေလည်း အဲဒါကို ကျင့်သားရအောင် လုပ်ပေးခဲ့တယ်။ နောက်တစ်ခါ ထပ်ပြီးကြိုးစားပါမယ်။”

“ဖြစ်မှာလား၊ မဖြစ်ဘူးလားဆိုတာကတော့ ဒါဟာ ဘောလုံးပဲမဟုတ်လား။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေ ကျွန်တော်တို့ကို အနိုင်ယူဖို့ အခက်အခဲရှိလိမ့်မယ်ဆိုတာတော့ သံသယမဝင်ပါနဲ့၊ ဘာလို့လဲဆိုတော့ ဒါဟာ အင်မတန် ပြိုင်ဆိုင်မှုပြင်းထန်တဲ့ အသင်းတစ်သင်းမို့လို့ပါပဲ”

- လီယွန်နယ် မက်ဆီ

ရက်ရှ်ဖို့ဒ်ဟာ သူ့ ig မှာ ဘာစီလိုနာ ဆိုတာကို ဖြုတ်လိုက်ပါပြီ။
10/06/2026

ရက်ရှ်ဖို့ဒ်ဟာ သူ့ ig မှာ ဘာစီလိုနာ ဆိုတာကို ဖြုတ်လိုက်ပါပြီ။

"လူးဝစ် အင်းနရစ်က ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးစင်တာမှာ ၈ လကြာအောင် နေခဲ့တယ်။ သူ အိမ်ကို မပြန်ဘူး။ မနက် ၈ နာရီကနေ ည ၉ နာရ...
10/06/2026

"လူးဝစ် အင်းနရစ်က ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးစင်တာမှာ ၈ လကြာအောင် နေခဲ့တယ်။ သူ အိမ်ကို မပြန်ဘူး။ မနက် ၈ နာရီကနေ ည ၉ နာရီအထိ အလုပ်လုပ်တယ်"

"သူ့ကို အပြင်ထွက်ပြီး အနည်းငယ်လောက် လေကောင်းလေသန့်ရှူဖို့၊ ပတ်ဝန်းကျင်ပြောင်းဖို့ ကျွန်တော်တို့ ပြောပေမယ့် သူက ဘောလုံးကိုပဲ အစွဲအလမ်းကြီးနေတယ်"

"သူ့ဘဝတစ်ခုလုံးက ဘောလုံးအတွက်ပဲ။ အဲဒီမှာ ကျွန်တော်တို့ သူ့ကို ရူးသွားမှာ စိုးရိမ်ခဲ့တယ်"

"ကံကောင်းချင်တော့ သူ့ရဲ့ကြိုးစားအားထုတ်မှုရဲ့ ရလဒ်တွေကို ကျွန်တော်တို့ မြင်တွေ့လိုက်ရတယ်။ သူ့ဆီကနေ၊ ကစားသမားတွေဆီကနေ၊ အသင်းစီမံခန့်ခွဲရေးအဖွဲ့ဆီကနေ၊ ပရိသတ်တွေဆီကနေပါ။ ဒါဟာ ဧရာမ စုပေါင်းအားထုတ်မှုကြီးတစ်ခုပဲ ဖြစ်ခဲ့တယ်"

- ပီအက်စ်ဂျီဥက္ကဋ္ဌ နာဆာ အယ်လ် ခလိုင်ဖီ ပြောကြားချက်

ဘာစီလိုနာအသင်းဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ယူရို သန်း ၃၀ ပေးပြီး မဝယ်တော့ပါဘူး။ဒါ့ကြောင့် ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက...
10/06/2026

ဘာစီလိုနာအသင်းဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ယူရို သန်း ၃၀ ပေးပြီး မဝယ်တော့ပါဘူး။

ဒါ့ကြောင့် ရက်ရှ်ဖို့ဒ်ဟာ မန်ချက်စတာယူနိုက်တက်ဆီ ပြန်လာရတော့မှာပဲ ဖြစ်ပါတယ်။

နော်ဝေနိုင်ငံအသင်းဟာ အမေရိကန်ပြည်ထာင်စုမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ငါးနီ ၃၀၀ ကီလိုဂရမ်၊ ဒိန်ခဲ ၁၁၆ ကီလိုဂရမ်...
10/06/2026

နော်ဝေနိုင်ငံအသင်းဟာ အမေရိကန်ပြည်ထာင်စုမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ငါးနီ ၃၀၀ ကီလိုဂရမ်၊ ဒိန်ခဲ ၁၁၆ ကီလိုဂရမ်နဲ့ လိမ္မော်သီး ၆၀၀၀ တို့ကို ယူဆောင်သွားပါတယ်။

ဒါ့အပြင် နော်ဝေအစားအစာနယ်ပယ်က ထိပ်တန်းစားဖိုမှူး ၃ ဦးကိုလည်း အထူးလေယာဉ်နဲ့ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒိုင်လူကြီးတစ်ယောက်အတွက် ကမ္ဘာ့ဖလားပွဲတွေ ကိုင်တွယ်ရဖို့ဆိုရင် သူ့ဘဝ ပထမဆုံးပွဲစဉ်ကနေ နှစ်ပေါင်း ၂၀ ကြာတဲ့ အထိ အချိန်ယူရ...
10/06/2026

ဒိုင်လူကြီးတစ်ယောက်အတွက် ကမ္ဘာ့ဖလားပွဲတွေ ကိုင်တွယ်ရဖို့ဆိုရင် သူ့ဘဝ ပထမဆုံးပွဲစဉ်ကနေ နှစ်ပေါင်း ၂၀ ကြာတဲ့ အထိ အချိန်ယူရနိုင်ပါတယ်။

ဥပမာအနေနဲ့ မြင်သာအောင်ပြောရရင် ဦးနှောက်ခွဲစိတ် ဆရာဝန်တစ်ဦးဟာ သူ့အလုပ်ကို စတင်လုပ်နိုင်ဖို့ အချိန်ယူရတာထက် ဒိုင်လူကြီးတစ်ယောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်နိုင်ဖို့က အချိန် ပိုယူရတယ်ဆိုတာပါပဲ။

ယခု ဆိုမာလီယာဒိုင်လူကြီး အိုမာ အာတန်ဟာ နောက် ၂ ရက်နေရင် ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်ရခါနီးမှ အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်ခွင့် ငြင်းပယ်ခံခဲ့ရပါတယ်။

ဒီနေ့ကတော့ နည်းပြကြီး ကားလို့စ် အန်စလော့တီရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။သူဟာ အကြီးကျယ်အခမ်းနားဆုံး နည်းပြလို့ မဆိ...
10/06/2026

ဒီနေ့ကတော့ နည်းပြကြီး ကားလို့စ် အန်စလော့တီရဲ့ ၆၇ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။

သူဟာ အကြီးကျယ်အခမ်းနားဆုံး နည်းပြလို့ မဆိုနိုင်ရင်တောင် အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဖြစ်တယ်ဆိုတာတော့ သူဆွတ်ခူးခဲ့တဲ့ ဆုဖလားတွေအရ အသိအမှတ်ပြုရမှာပဲ ဖြစ်ပါတယ်။

Happy birthday Don Carlos 🎂🎉

🏆 x5 UEFA Champions League
🏆 x1 Bundesliga
🏆 x2 La Liga
🏆 x1 Premier League
🏆 x1 Serie A
🏆 x1 Ligue 1
🏆 x5 UEFA SuperCup
🏆 x3 Club World Cup

ကစားသမားဘဝ သွင်းဂိုး ၉၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မက်ဆီဂိုး ၁၀၀၀ ပြည့်ဖို့ ၈၉ ဂိုးပဲ လိုပါတော့တယ်။
10/06/2026

ကစားသမားဘဝ သွင်းဂိုး ၉၁၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ မက်ဆီ

ဂိုး ၁၀၀၀ ပြည့်ဖို့ ၈၉ ဂိုးပဲ လိုပါတော့တယ်။

ที่อยู่

Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Newsday Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Newsday Myanmar:

ทางลัด

แชร์