07/06/2026
Jones Act ကင်းလွတ်ခွင့် ရပ်ဆိုင်းပေးရန် အမေရိကန် ရေကြောင်းအလုပ် သမားအဖွဲ့များ တောင်းဆို
၂၀၂၆ ခုနှစ် ဇွန် ၇ ရက်
အမေရိကန် ရေကြောင်းအလုပ်သမားအဖွဲ့များက Jones Act ဥပဒေ ၁၀၆ နှစ်ပြည့် အထိမ်းအမှတ်နေ့ တွင် Trump အစိုးရအား Jones Act ကင်းလွတ်ခွင့် (Waiver) အစီအစဉ်ကို ရပ်ဆိုင်းပေးရန် ထပ်မံ တောင်း ဆိုလိုက်သည်။
Jones Act သည် အမေရိကန် ဆိပ်ကမ်းတစ်ခုမှ အခြားဆိပ်ကမ်းတစ်ခုသို့ ကုန် ပစ္စည်းများ သယ်ယူရာ တွင် အမေရိကန်တွင် တည်ဆောက်ထားသော၊ အမေရိကန်ပိုင်ဆိုင်သော၊ အမေရိကန်ကုမ္ပဏီများက လည်ပတ်သော သင်္ဘောများနှင့် အမေရိကန်သင်္ဘောသားများကိုသာ အသုံးပြုရန် သတ်မှတ်ထားသည့် ဥပဒေဖြစ်သည်။
သို့သော် အီရန်နှင့်ပတ်သက်သည့်အကျပ်အတည်းများကြောင့်စွမ်းအင်ထောက် ပံ့ရေး ပြဿနာများ ဖြစ် ပေါ်လာနိုင်သည်ဟု ယူဆကာ Trump အစိုးရက ယာ ယီကင်းလွတ်ခွင့် ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားအလံတင် သင်္ဘောများကိုလည်း အမေရိကန်ပြည်တွင်း ဆိပ်ကမ်းများအကြား ရေနံ၊ ဓာတ်ဆီ၊ ဒီဇယ်နှင့် အခြားစွမ်း အင်ဆိုင်ရာ ကုန်ပစ္စည်းများ သယ်ယူခွင့်ပြုခဲ့သည်။
အမေရိကန် ရေကြောင်းအလုပ်သမားအဖွဲ့များကတော့ ယင်းကင်းလွတ်ခွင့်သည်ဓာတ်ဆီဈေးနှုန်း လျှော့ ချနိုင်ခြင်းမရှိသည့်အပြင် အမေရိကန်သင်္ဘော သားများ၊ပြည်တွင်းသင်္ဘောကုမ္ပဏီများနှင့်သင်္ဘောတည် ဆောက်ရေးလုပ်ငန်းများကို ထိခိုက်စေသည်ဟု ဝေဖန်ကြသည်။ အသစ်ထုတ်ပြန်သော အချက်အ လက် များအရ ကင်းလွတ်ခွင့်အောက်တွင် နိုင်ငံခြားအလံတင် သင်္ဘောများက အမေရိကန်ဆိပ်ကမ်းများ အ ကြား အနည်းဆုံး ခရီးစဉ် ၈၈ ကြိမ် ကုန်ပစ္စည်း သယ်ယူခဲ့ကြောင်း သိရသည်။
အလုပ်သမားအဖွဲ့များနှင့် ရေကြောင်းလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများက “အမေရိကန် ရေကြောင်းလုပ် ငန်းကို ပြန်လည်အားကောင်းစေလိုလျှင် ပြည်တွင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် နိုင်ငံခြား သင်္ဘောများကို အလွန်အကျွံ ခွင့်ပြုမထားသင့်ကြောင်း” အစိုးရကို တိုက်တွန်းထားသည်။
တစ်ဖက်တွင် ကင်းလွတ်ခွင့်ကို ထောက်ခံသူများကတော့ အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော စွမ်းအင်ထောက်ပံ့ရေး အခက် အခဲများကို ဖြေရှင်းရန်အတွက် ယင်းအစီအစဉ် ဆက် လက်လိုအပ်နေသေးကြောင်း ပြောဆိုထားကြသည်။
#