Sportscape Myanmar

Sportscape Myanmar Sportscape Myanmar is your ultimate destination for the latest news, updates, and insights on football.

ဒန်နီ ဝဲလ်ဘတ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ဘရိုက်တန်အသင်း ရသင့်ရထိုက်တဲ့ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။တဖက်မှာလည်း ...
21/03/2026

ဒန်နီ ဝဲလ်ဘတ်ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့အတူ ဘရိုက်တန်အသင်း ရသင့်ရထိုက်တဲ့ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

တဖက်မှာလည်း လီဗာပူးလ်တို့ အဆင့် ၄ နေရာကို တက်လှမ်းနိုင်မယ့် အခွင့်အရေး လက်လွှတ်ခဲ့ရပြန်ပါတယ်။

ပရီးမီးယားလိဂ် - ယူနိုက်တက်ကို နောက်ကလိုက်ပြီး သရေကစားသွားတဲ့ ဘုန်းမောက်
20/03/2026

ပရီးမီးယားလိဂ် - ယူနိုက်တက်ကို နောက်ကလိုက်ပြီး သရေကစားသွားတဲ့ ဘုန်းမောက်

လီဗာပူးလ်၊ ဘိုင်ယန်၊ ဘာကာနဲ့ အက်သလက်တီကိုတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ချန်ပီ...
18/03/2026

လီဗာပူးလ်၊ ဘိုင်ယန်၊ ဘာကာနဲ့ အက်သလက်တီကိုတို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်း

ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွေအပြီးမှာ လီဗာပူးလ်၊ ဘိုင်ယန်မြူးနစ်၊ ဘာကာနဲ့ အက်သလက်တီကိုမက်ဒရစ်တို့ဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် နေရာတွေကို အသီးသီး ရယူနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီနှစ်ရဲ့ ကွာတားဖိုင်နယ် တက်ရောက်မယ့် အသင်းတွေ အားလုံးစုံသွားပြီ ဖြစ်ပါတယ်။

လီဗာပူးလ်က အန်ဖီးလ်ကွင်းမှာ ကစားတဲ့ ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ဂါလာတာစာရေးကို ၄-၀ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပါတယ်။ ဒါကြောင့် နှစ်ကျော့ပေါင်း ၄-၁ ရလဒ်နဲ့ နောက်တဆင့် တက်သွားခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်မှာတော့ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရမှာပါ။

ဘိုင်ယန်မြူးနစ်ကတော့ အတ္တလန်တာအသင်းကို ၄-၁ နဲ့ ထပ်မံအနိုင်ရခဲ့လို့ နှစ်ကျော့ပေါင်း ၁၀-၂ ဆိုတဲ့ ဂိုးပြတ်ရလဒ်ကြီးနဲ့ နောက်တဆင့် တက်သွားပါတယ်။ သူတို့ကတော့ ကွာတားဖိုင်နယ်မှာ ရီးယဲလ်မက်ဒရစ်နဲ့ တွေ့ဆုံနေပါတယ်။

အက်သလက်တီကိုဟာ တော့တင်ဟမ်ဟော့စပါးကို အဝေးကွင်းမှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့လည်း ပထမအကျော့ အားသာချက်ကြောင့် နှစ်ကျော့ပေါင်း ၇-၅ နဲ့ နောက်တဆင့် တက်နိုင်ခဲ့ပါတယ်။ သူတို့ကတော့ နယူးကာဆယ်ကို ဂိုးပြတ်အနိုင်ခဲ့တဲ့ ပြည်တွင်းပြိုင်ဘက် ဘာစီလိုနာနဲ့ ကွာတားဖိုင်နယ်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့က လေဗာကူဆင်ကို ၂-၀ ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ အာတီတာရဲ့ အာဆင်နယ်က စပို့တင်းနဲ့ ရင်ဆိုင်ရမှာပါ။

ကွာတားဖိုင်နယ် ပထမအကျော့ကို ဧပြီလ ၇-၈ ရက်နဲ့ ဒုတိယအကျော့ကို ဧပြီလ ၁၄-၁၅ ရက်နေ့တွေမှာ ကစားသွားကြမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ - နယူးကာဆယ်ကို ဂိုးပြတ်ချေမှုန်းပြီး ဘာကာ ကွာတားဖိုင်နယ်တက်ရောက်ဘာစီလိုနာ ၇-၂ နယူး...
18/03/2026

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ - နယူးကာဆယ်ကို ဂိုးပြတ်ချေမှုန်းပြီး ဘာကာ ကွာတားဖိုင်နယ်တက်ရောက်

ဘာစီလိုနာ ၇-၂ နယူးကာဆယ် (နှစ်ကျော့ပေါင်း ၈-၃ ဖြင့် ဘာစီလိုနာ ကွာတားဖိုင်နယ်တက်)
ရာဖင်ညာ ၆’၊ ၇၂’ ⚽︎ အီလန်ဂါ ၁၅’၊ ၂၈’
မာ့ခ်ဘာနယ် ၁၈’
ယာမယ်လ် ၄၅+၇’ (P)
ဖာမင်လိုပက်ဇ် ၅၁’
လီဝန်ဒေါစကီး ၅၆’၊ ၆၁’

ဗုဒ္ဓဟူးနေ့မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းဟာ နယူးကာဆယ်အသင်းကို ၇-၂ နဲ့ ဂိုးပြတ်အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ်အရ ၈-၃ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

ကမ့်နူးကွင်းမှာ ကတ်တလန်အသင်းရဲ့ တကယ်ကို ကောင်းမွန်လွန်းတဲ့ တိုက်စစ်ဆင်မှုတွေအောက်မှာ အက်ဒီဟောင်းရဲ့ နယူးကာဆယ် အကြီးအကျယ် ရှုံးနိမ့်ခဲ့ရတာပါ။ ဘာစီလိုနာအတွက် တိုက်စစ်မှူး လီဝန်ဒေါစကီး နဲ့ ရာဖင်ညာ တို့က နှစ်ဂိုးစီ သွင်းယူပေးခဲ့ကြပါတယ်။

🚨😲 “ကျွန်တော် ပက်နဲ့ မော်ရင်ဟိုတို့ကို အနိုင်ယူနိုင်ခဲ့တယ်၊ ဒါက ကျွန်တော့်ဆီမှာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမားတွေ ရှိနေတယ်ဆ...
18/03/2026

🚨😲 “ကျွန်တော် ပက်နဲ့ မော်ရင်ဟိုတို့ကို အနိုင်ယူနိုင်ခဲ့တယ်၊ ဒါက ကျွန်တော့်ဆီမှာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမားတွေ ရှိနေတယ်ဆိုတာကို ပြနေတာပါ”

- အယ်လ်ဗာရို အာဘီလိုအာ

လက်ရှိချန်ပီယံ PSG၊ ရီးယဲလ်၊ အာဆင်နယ်နဲ့ စပိုတင်းတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်ပါရီစိန်ဂျာမိန်း (PSG)၊ ရီးယဲလ်မက်ဒရစ...
17/03/2026

လက်ရှိချန်ပီယံ PSG၊ ရီးယဲလ်၊ အာဆင်နယ်နဲ့ စပိုတင်းတို့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်တက်

ပါရီစိန်ဂျာမိန်း (PSG)၊ ရီးယဲလ်မက်ဒရစ်၊ အာဆင်နယ်နဲ့ စပိုတင်းလစ္စဘွန်း တို့ဟာ အင်္ဂါနေ့မှာ ကစားခဲ့တဲ့ ပွဲစဉ်တွေအပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို အသီးသီး တက်လှမ်းသွားနိုင်ခဲ့ကြပါတယ်။

လက်ရှိချန်ပီယံ PSG အသင်းက လန်ဒန်မြေမှာ ချယ်လ်ဆီးကို ၃-၀ ဂိုးနဲ့ အလွယ်တကူ အနိုင်ယူခဲ့တာပါ။ ဒါကြောင့် ၁၆ သင်းအဆင့် နှစ်ကျော့ပေါင်းရလဒ် ၈-၂ ဂိုးနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ်မက်ဒရစ်ကတော့ မန်ချက်စတာစီးတီးကို အဝေးကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်း ၅-၁ ဂိုးနဲ့ အနိုင်ရရှိကာ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ကလည်း အီးမရိတ်ကွင်းမှာ လေဗာကူဆင်ကို ၂-၀ ဂိုးနဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၁ ဂိုးနဲ့ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ပထမအကျော့တုန်းက ၃-၀ နဲ့ အနိုင်ရထားတဲ့ ဘိုဒိုဂလင့်ကို စပို့တင်းအသင်းက အိမ်ကွင်းမှာ မယုံကြည်နိုင်စရာကောင်းတဲ့ comeback ပွဲချိန်အတွင်းမှာ ၃-ဝ၊ အချိန်ပိုမှာ နှစ်ဂိုးထပ်သွင်းကာ ကွာတားဖိုင်နယ်အဆင့်ကို ထိုက်ထိုက်တန်တန် ရောက်ရှိသွားခဲ့ပါတယ်။

ပေါင် ၄၇ သန်းတန် လျှို့ဝှက်ငွေပေးချေမှုများကြောင့် ချယ်လ်ဆီး ဒဏ်ရိုက်ခံရBBCချယ်လ်ဆီးအသင်းဟာ ၂၀၁၁ နဲ့ ၂၀၁၈ ကြား အပြောင်းအ...
17/03/2026

ပေါင် ၄၇ သန်းတန် လျှို့ဝှက်ငွေပေးချေမှုများကြောင့် ချယ်လ်ဆီး ဒဏ်ရိုက်ခံရ

BBC

ချယ်လ်ဆီးအသင်းဟာ ၂၀၁၁ နဲ့ ၂၀၁၈ ကြား အပြောင်းအရွှေ့တွေမှာ လိုင်စင်မဲ့ အေးဂျင့်တွေနဲ့ တတိယအဖွဲ့အစည်းတွေဆီကို ပေါင် ၄၇ သန်း လျှို့ဝှက်ပေးချေခဲ့တယ်လို့ ဝန်ခံခဲ့ပြီးနောက် ပေါင် ၁၀ သန်း ဒဏ်ရိုက်ခံရသလို အပြောင်းအရွှေ့ပိတ်ပင်မှု ဆိုင်းငံပြစ်ဒဏ်လည်း ချမှတ်ခံလိုက်ရပါတယ်။

ပေါင် ၁၀ သန်း ဒဏ်ကြေးဟာ ပရီးမီးယားလိဂ်ကနေ ချမှတ်ဖူးသမျှထဲ အများဆုံး ဒဏ်ကြေးဖြစ်ပါတယ်။ ဒါဟာ ၂၀၇ ခုနှစ်တုန်းက ဟာဗီယာ မာရှေရာနိုနဲ့ ကားလို့စ် တီဗက်စ်တို့ရဲ့ အပြောင်းအရွှေ့တွေကြောင့် ဝက်စ်ဟမ်းအသင်း ချမှတ်ခံခဲ့ရတဲ့ ပေါင် ၅ ဒသမ ၅ သန်း ဒဏ်ကြေးစံချိန်ကို ကျော်လွန်သွားတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ချယ်လ်ဆီးဟာ အမှတ်လျှော့ပြစ်ဒဏ်လိုမျိုး အားကစားဆိုင်ရာ အရေးယူမှုတွေကနေတော့ ကင်းလွတ်ခဲ့ပါတယ်။ ဒါဟာ အသင်းဘက်က “အတိတ်က စည်းမျဉ်းချိုးဖောက်မှုတွေကို ကိုယ်တိုင်ဆန္ဒအလျောက် အစီရင်ခံခဲ့တာ”ကြောင့် ဖြစ်တယ်လို့ ပရီးမီးယားလိဂ်က ဆိုပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးဟာ၂၀၁၉ နဲ့ ၂၀၂၂ ကြား လူငယ်အကယ်ဒမီ ကစားသမားတွေ မှတ်ပုံတင်မှုနဲ့ ပတ်သက်ပြီး ချက်ချင်းသက်ရောက်မယ့် ကိုးလကြာ အကယ်ဒမီ ကစားသမားသစ်ခေါ်ယူခွင့်ပိတ်ပင်မှုနဲ့ ပေါင် ၇၅၀,၀၀၀ ဒဏ်ကြေးလည်း ချမှတ်ခံခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အစီရင်ခံစာမှာတော့ အီဒင်ဟာဇက်၊ ဆမ်မြူရယ် အီတို၊ ဝီလီယမ်၊ ရာမီရက်စ်၊ ဒေးဗစ်လူးဝစ်၊ အန်ဒရီ ရှာလီနဲ့ နီမန်ဂျာ မာတစ်တို့ရဲ့ အပြောင်းအရွှေ့တွေ အပါအဝင် လျှို့ဝှက်ငွေပေးချေမှုတွေနဲ့ ဆက်စပ်နေတဲ့ ကစားသမားခေါ်ယူမှုတွေကို ဖော်ပြထားပါတယ်။

အဆိုပါကစားသမားတွေအနေနဲ့ ဘယ်လို အမှားအယွင်းမျိုးမှာမှ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ ဆိုထားပါတယ်။

တခြားကစားသမား လေးဦးရဲ့ ကိုယ်စားလှယ်တွေဆီ ပေးချေမှုတွေကိုလည်း ပရီးမီးယားလိဂ်က အသေးစိတ် ဖော်ပြထားပေမဲ့၊ သူတို့ရဲ့ နာမည်တွေကိုတော့ အစီရင်ခံစာထဲ ဖျောက်ထားပါတယ်။ သူတို့တွေကို လူသိရှင်ကြား မထုတ်ပြန်ရခြင်းအတွက် အကြောင်းပြချက် တစုံတရာ မရှိသေးပါ။

ရိုမန် အေဗရာမိုဗစ်ရဲ့ ပိုင်ဆိုင်မှုအောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီစွဲချက်တွေကို ကလပ်အသင်းက လက်ခံခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကတော့ “အသင်းနဲ့ ဆက်စပ်နေတဲ့ တတိယအဖွဲ့အစည်းတွေက ချယ်လ်ဆီးအသင်း ဒါမှမဟုတ် အကျိုးအမြတ်အတွက် ကစားသမားတွေ၊ လိုင်စင်မဲ့ အေးဂျင့်တွေနဲ့ တခြားတတိယအဖွဲ့တွေဆီကို တရားဝင်စာရင်းမပြထားတဲ့ ငွေပေးချေမှုတွေ လုပ်ဆောင်ခဲ့တာ”လို့ ဆိုပါတယ်။

ပေါင် ၁၀ သန်းဒဏ်ကြေးဟာ ပေါင် သန်း ၂၀ အထိ ဖြစ်သင့်တာ ဖြစ်ပေမဲ့ ချယ်လ်ဆီးဘက်က ကြိုတင်ပြီး ကိုယ်တိုင်အစီရင်ခံတာနဲ့ လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေကြောင့် ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ပေးခဲ့တာလို့ ပရီးမီးယားလိဂ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

တော့ဒ်ဘိုလီ ဦးဆောင်တဲ့ လုပ်ငန်းစုက ၂၀၂၂ မှာ အသင်းကို ဝယ်ယူပြီးနောက်မှာမှ ဖြစ်နိုင်ဖွယ် ချိုးဖောက်မှုတွေကို ကိုယ်တိုင် အစီရင်ခံ တင်ပြခဲ့တာပါ။

“ဒီလုပ်ငန်းစဉ် စတင်ကတည်းက အသင်းဟာ ဒီကိစ္စတွေကို အလေးအနက်ထား ကိုင်တွယ်ခဲ့ပြီး သက်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေး အဖွဲ့အစည်းအားလုံးနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့တယ်” လို့ ကလပ်အသင်းက ပြောပါတယ်။

ငွေပေးချေမှုတွေကိုသာ မှတ်ပုံတင်ခဲ့မယ်ဆိုရင် သက်ဆိုင်ရာ ရာသီတွေအတွင်း ချယ်လ်ဆီးအနေနဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့ရေး စည်းမျဉ်းများ (PSR) ကို ချိုးဖောက်မှာ မဟုတ်ဘူးလို့ ပရီးမီးယားလိဂ်က ဆိုပါတယ်။ ဒါကြောင့် အမှတ်လျှော့ ပြစ်ဒဏ်ကို ချမှတ်ဖို့ မသင့်တော်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။

၂၀၁၂ နဲ့ ၂၀၁၉ ကြားကာလအတွက် “မပြည့်စုံတဲ့ ဘဏ္ဍာရေးအချက်အလက်တွေ တင်ပြခဲ့မှု” ကြောင့် ၂၀၂၃ တုန်းကလည်း ချယ်လ်ဆီးကို UEFA က ပေါင် ၈ ဒသမ ၆ သန်း ဒဏ်ရိုက်ခဲ့ပါတယ်။

“မှတ်ပုံမတင်ထားတဲ့ အေးဂျင့်တွေကို အသုံးပြုမှုနဲ့ ငွေပေးချေမှုတွေ ပြုလုပ်မှု” စွပ်စွဲချက်တွေအပေါ် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ရဲ့ သီးခြား စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုတခုကတော့ လက်ရှိမှာ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ချယ်လ်ဆီးဟာ ၂၀၁၁ ကနေ ၂၀၁၈ အတွင်းမှာ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်၊ FA ဖလား နှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တကြိမ်၊ ယူရိုပါလိဂ်ဖလား တကြိမ်နဲ့ လိဂ်ဖလား တကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူတို့ဟာ အဆိုပါခုနစ်နှစ်တာကာလအတွင်းမှာ မတူညီတဲ့ အမြဲတမ်းနည်းပြ ခြောက်ဦးအထိ ခန့်အပ်ခဲ့ပေမဲ့ ဘယ်နည်းပြချုပ်မှ အမှားအယွင်းတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲထားတာမျိုး မရှိပါဘူး။

လက်ရှိနည်းပြချုပ် လီယမ်ရိုဆင်နီယာကတော့ ဒီကိစ္စဟာ အသင်းအပေါ် “မကောင်းတဲ့ အာရုံထွေပြားမှု” ဖြစ်စေမှာ မဟုတ်ဘူးလို့ တနင်္လာနေ့မှာ ပြောပါတယ်။ “တကယ်တော့ ဒီပြဿနာကို အဆုံးသတ်မျဉ်း တားလိုက်တာဖြစ်လို့ ကျွန်တော်တို့ ရှေ့ဆက်သွားနိုင်ပါပြီ။ ရေရှည်မှာ ဒီအသင်းကို အတတ်နိုင်ဆုံး အင်အားတောင့်တင်းလာအောင် ကျွန်တော်တို့ စီစဉ်သွားနိုင်မှာပါ” လို့လည်း သူက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

အစီရင်ခံစာထဲမှာ ပါဝင်တဲ့ ကစားသမား ခေါ်ယူမှုများ

ရာမီရက်စ် - ၂၀၁၀၊ ဩဂုတ်လမှာ ဘင်ဖီကာအသင်းကနေ ပေါင် ၁၇ သန်း
ဒေးဗစ်လူးဝစ် - ၂၀၁၁၊ ဖေဖော်ဝါရီလမှာ ဘင်ဖီကာအသင်းကနေ ပေါင် ၂၁.၃ သန်း
အီဒင်ဟာဇက် - ၂၀၁၂၊ ဇွန်လမှာ လိုင်လီအသင်းကနေ ပေါင် ၃၂ သန်း
အန်ဒရေ ရှာလီ - ၂၀၁၃၊ ဇွန်လမှာ လေဗာကူဆင်အသင်းကနေ ပေါင် ၁၈ သန်း
ဆမ်မြူရယ် အီတို - ၂၀၁၃၊ ဩဂုတ်လမှာ အန်ဇီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေး
ဝီလီယမ် - ၂၀၁၃၊ ဩဂုတ်လမှာ အန်ဇီ မာခါချကာလာအသင်းကနေ ပေါင် သန်း ၃၀
နီမန်ဂျာ မာတစ် - ၂၀၁၄၊ ဇန်နဝါရီလမှာ ဘင်ဖီကာအသင်းကနေ ပေါင် ၂၁ သန်း

စွဲချက်တင်ခံရတဲ့ ကာလအတွင်း ချယ်လ်ဆီးရဲ့ ရလဒ်များနဲ့ အောင်မြင်မှုများ

ပရီးမီးယားလိဂ် ရပ်တည်မှုများ

၂၀၁၀-၁၁ ရာသီ အဆင့် (၂)
၂၀၁၁-၁၂ ရာသီ အဆင့် (၆)
၂၀၁၂-၁၃ ရာသီ အဆင့် (၃)
၂၀၁၃-၁၄ ရာသီ အဆင့် (၃)
၂၀၁၄-၁၅ ရာသီ အဆင့် (၁) (ချန်ပီယံ)
၂၀၁၅-၁၆ ရာသီ အဆင့် (၁၀)
၂၀၁၆-၁၇ ရာသီ အဆင့် (၁) (ချန်ပီယံ)
၂၀၁၇-၁၈ ရာသီ အဆင့် (၅)

ဆွတ်ခူးခဲ့သော ဆုဖလားများ

ပရီမီယံလိဂ်ဖလား - ၂ကြိမ် (၂၀၁၄-၁၅၊ ၂၀၁၆-၁၇)
FA ဖလား - ၂ ကြိမ် (၂၀၁၁-၁၂၊ ၂၀၁၇-၁၈)
လိဂ်ဖလား - ၁ ကြိမ် (၂၀၁၄-၁၅)
ချန်ပီယံလိဂ်ဖလား - ၁ ကြိမ် (၂၀၁၁-၁၂)
ယူရိုပါလိဂ်ဖလား - ၁ ကြိမ် (၂၀၁၂-၁၃)

🚨 COMEBACK နဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာ ပြောကြားချက် - “ပွဲတပွဲအတွင်း အရာရာ ဖြစ်ပျက်သွားနိုင်တယ်။ ကျွန်တော်တို့ ပထမဆုံး လ...
16/03/2026

🚨 COMEBACK နဲ့ပတ်သက်လို့ ပက်ဂွါဒီယိုလာ ပြောကြားချက် -

“ပွဲတပွဲအတွင်း အရာရာ ဖြစ်ပျက်သွားနိုင်တယ်။ ကျွန်တော်တို့ ပထမဆုံး လုပ်ရမယ့်အရာကတော့ အနိုင်ရဖို့ပါပဲ။” ✅

“အကယ်၍ ၁၀ နှစ်ကြာပြီးတဲ့နောက်မှာမှ ကျွန်တော့်ရဲ့ ကစားသမားတွေကို ယုံကြည်မှုက ဘာလဲဆိုတာ ရှင်းပြနေရမယ်ဆိုရင်တော့ ကျွန်တော်တို့ဆီမှာ ပြဿနာရှိနေပြီလို့ပဲ ဆိုရမှာပါ။” ⛔️🥶

ကမ္ဘာ့အကြီးဆုံး ဘောလုံးသင်တန်းအဖြစ် မက္ကဆီကိုစီးတီး စံချိန်တင်APဇွန်လမှာ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို အိမ်ရှင်အဖြစ်လက်ခံကျ...
16/03/2026

ကမ္ဘာ့အကြီးဆုံး ဘောလုံးသင်တန်းအဖြစ် မက္ကဆီကိုစီးတီး စံချိန်တင်

AP

ဇွန်လမှာ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ပြင်ဆင်နေတဲ့ မက္ကဆီကိုနိုင်ငံဟာ တနင်္ဂနွေနေ့က မြို့တော်ရဲ့ ဇိုကာလို ရင်ပြင်မှာ လူပေါင်း ၉,၅၀၀ နဲ့အတူ Soccer class အကြီးဆုံးကို ပြုလုပ်ပြီး ကမ္ဘာ့စံချိန်မှတ်တမ်းသစ်တခုကို ရေးထိုးခဲ့ကြပါတယ်။

မြို့ရဲ့ ပင်မရင်ပြင်ကြီးဟာ နည်းပြတွေရဲ့ လမ်းညွှန်မှုအောက်မှာ ဘောလုံးအခြေခံလေ့ကျင့်ခန်းတွေ လုပ်ဆောင်နေကြတဲ့ လူအုပ်ကြီးနဲ့အတူ အကြီးစား ဟင်းလင်းပြင် လေ့ကျင့်ရေးကွင်းကြီးတခု ဖြစ်သွားခဲ့ပါတယ်။ ပါဝင်သူတွေဟာ အားကစားနဲ့ လူမှုအသိုက်အဝန်းကြား ထိတွေ့မှု ပိုကောင်းလာစေဖို့အတွက် ဘောလုံးကန်တာတွေ၊ စနစ်တကျ လေ့ကျင့်ခန်းလုပ်တာတွေကို ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။

ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့မှ အဲလ်ဖရက်ဒို အရစ္စတာ ရူအီဒါက ဒီစံချိန်ကို ပွဲအတွင်း အတည်ပြုပေးခဲ့ပါတယ်။

သူက “ခင်ဗျားတို့ဟာ တကယ်ကို အံ့သြဖို့ကောင်းပါတယ်။ အခုအချိန်ကစပြီး တရားဝင် အံ့အားသင့်စရာကောင်းသူများ ဖြစ်သွားပါပြီ။ ဂုဏ်ယူပါတယ်" လို့ ပြောကြားလိုက်ချိန်မှာတော့ လူအုပ်ကြီးက ဝမ်းသာအားရ အော်ဟစ်အောင်ပွဲခံခဲ့ကြပါတယ်။

မက္ကဆီကိုစီးတီးက သင်တန်းရောက်သူဦးရေဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ဆီယက်တဲလ်မြို့မှာ လူပေါင်း ၁,၀၃၈ ဦးနဲ့ တင်ထားခဲ့တဲ့ ယခင်ဂင်းနစ်စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာလို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

တက်ရောက်လာတဲ့ ပရိသတ်တွေကတော့ ဒီလိုစံချိန်တင်နိုင်တာဟာ လာမယ့်ကမ္ဘာ့ဖလားအတွက် ပိုပြီး စိတ်လှုပ်ရှားတက်ကြွစရာ ဖြစ်စေတယ်လို့ ဆိုပါတယ်။

“အက်ဇ်တီကာ အားကစားကွင်းကြီးက ပီလီနဲ့ မာရာဒိုနာတို့ကို လက်ခံကျင်းပပေးခဲ့ဖူးတယ်။ ဒီမှာကျင်းပမယ့် ကမ္ဘာ့ဖလားကတော့ တကယ့်ကို မှော်ဆန်ပါတယ်” လို့ ဘောလုံးနည်းပြ ဘောလုံးနည်းပြ မာရီယို အယ်လ်ဘာတို အယ်လ်ဗာရက်ဇ် အကော့စတာက ပြောပါတယ်။

မက္ကဆီကိုနိုင်ငံဟာ ၁၉၇၀ နဲ့ ၁၉၈၆ ခုနှစ်တွေမှာလည်း ကမ္ဘာ့ဖလားကို လက်ခံကျင်းပခဲ့ဖူးပါတယ်။ အဲဒီပြိုင်ပွဲတွေမှာ ဘရာဇီးလ်နဲ့ အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီးတွေက ဆုဖလားကို ဆွတ်ခူးသွားခဲ့ကြတာ ဖြစ်ပါတယ်။

အိမ်ရှင်မတဦးဖြစ်သူ ဆန်ဒရာ လိုပက်ဇ် ဖီဂူရိုအာကလည်း “ကျွန်မ တကယ်ကို ပျော်ခဲ့ရပါတယ်။ ကိုယ်တိုင်လုပ်နိုင်မယ်လို့ မထင်ထားတဲ့ အရာတွေကိုလည်း လုပ်ဆောင်ခဲ့ရတာ”လို့ ပြောကြားခဲ့ပါတယ်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sportscape Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์