Sports Home Time We provide latest Premier League news, Breaking stories, Transfer news.
(299)

၁၆ သင်းအဆင့် ပွဲတွေပြီးသွားတော့ ကွာတားရောက် ၈ သင်း ပေါ်ထွက်လာပါပြီ .. ဘယ်လိုလဲ ကိုယ်အားပေးတဲ့ အသင်းတွေ ကျန်သေးရဲ့လား 🤔🌍
08/07/2026

၁၆ သင်းအဆင့် ပွဲတွေပြီးသွားတော့ ကွာတားရောက် ၈ သင်း ပေါ်ထွက်လာပါပြီ ..
ဘယ်လိုလဲ ကိုယ်အားပေးတဲ့ အသင်းတွေ ကျန်သေးရဲ့လား 🤔🌍

သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ၆ ကြိမ်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးသော ကစားသမားကြီး ဖြစ်လာခဲ့တဲ့ ...
23/06/2026

သမိုင်းတစ်လျှောက် ပထမဆုံးအဖြစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ၆ ကြိမ်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးသော ကစားသမားကြီး ဖြစ်လာခဲ့တဲ့ စီရော်နယ်ဒို! ⚽️🔥

၅ ယောက် ၁ ယောက်ပဲဒါပေမဲ့ မက်ဆီ ..
23/06/2026

၅ ယောက် ၁ ယောက်ပဲ
ဒါပေမဲ့ မက်ဆီ ..

🚨 BREAKINGဂျပန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တူနီးရှားကို ၄-၀ ဂိုးနဲ့ အနိုင်ယူပြီးနောက် ကမ္ဘာ့ဖလားတစ်ပွဲအတွင်း ၄ ဂ...
21/06/2026

🚨 BREAKING

ဂျပန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တူနီးရှားကို ၄-၀ ဂိုးနဲ့ အနိုင်ယူပြီးနောက် ကမ္ဘာ့ဖလားတစ်ပွဲအတွင်း ၄ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး အာရှအသင်းအဖြစ် သမိုင်းဝင်မှတ်တမ်းတစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ 🇯🇵🔥

ဆာမူရိုင်းတို့ရဲ့ ထိရောက်တဲ့ တိုက်စစ်ကစားပုံက ပရိသတ်တွေကို အထင်ကြီးစေခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်ရေး အခွင့်အရေးကိုလည်း ပိုမိုအားကောင်းစေခဲ့ပါတယ်။ ⚽👏

ဖီဖာရဲ့ စည်းမျဉ်းသစ်နဲ့ ဈေးဦးပေါက် ထိသွားတဲ့ ပါရာဂွေး ကစားသမား Almirón ၂၀၂၆ ကမ္ဘာ့ဖလားမှာ စည်းမျဉ်းသစ်တစ်ခုကို ပထမဆုံးအက...
20/06/2026

ဖီဖာရဲ့ စည်းမျဉ်းသစ်နဲ့ ဈေးဦးပေါက် ထိသွားတဲ့ ပါရာဂွေး ကစားသမား Almirón

၂၀၂၆ ကမ္ဘာ့ဖလားမှာ စည်းမျဉ်းသစ်တစ်ခုကို ပထမဆုံးအကြိမ် လက်တွေ့အသုံးချခဲ့တဲ့ ဖြစ်ရပ်က အတော်လေး စိတ်ဝင်စားခံနေရပါတယ်။

ပါရာဂွေးအသင်း ကစားသမား Miguel Almirón ဟာ တူရကီနဲ့ ကစားခဲ့တဲ့ Group D ပွဲစဉ်အတွင်း ပြိုင်ဘက်ကစားသမားနဲ့ အငြင်းပွားမှုဖြစ်နေစဉ် ပါးစပ်ကို လက်နဲ့ ဖုံးကာ စကားပြောခဲ့တာကြောင့် တိုက်ရိုက်အနီကတ် ပြသခံခဲ့ရပါတယ်။ VAR ပြန်လည်စစ်ဆေးပြီးနောက် ဒိုင်လူကြီးက အနီကတ်ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

FIFA ရဲ့ စည်းမျဉ်းသစ်အရ ကစားသမားတွေဟာ အငြင်းပွားမှု သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှုအခြေအနေတွေမှာ ပါးစပ်ကို လက်၊ လက်မောင်း ဒါမှမဟုတ် အင်္ကျီနဲ့ ဖုံးကွယ်ပြီး ပြောဆိုခွင့်မရှိတော့ဘဲ ချိုးဖောက်ပါက အနီကတ်အထိ အရေးယူနိုင်ပါတယ်။

ဒီစည်းမျဉ်းကို လူမျိုးရေးခွဲခြားမှု၊ မုန်းတီးစကားပြောဆိုမှုတွေကို ဖုံးကွယ်ပြောဆိုတာ မဖြစ်စေရန် ရည်ရွယ်ပြီး ထုတ်ပြန်ထားတာဖြစ်ပါတယ်။

အဆိုပါပွဲမှာ ပါရာဂွေးက ၁-၀ နဲ့ ဦးဆောင်နေချိန် Almirón ထုတ်ပယ်ခံခဲ့ရပေမယ့် ကစားသမား ၁၀ ယောက်နဲ့ပဲ ပွဲပြီးအထိ ခံစစ်ကောင်းကောင်းကစားပြီး အနိုင်ရရှိခဲ့ပါတယ်။ တူရကီအသင်းကတော့ ဒီရှုံးပွဲကြောင့် ပြိုင်ပွဲကနေ ထွက်ခွာရတဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။

အဖြစ်ဆိုးသွားတဲ့ စကော့သားများမော်ရိုကိုအသင်းကတော့ စကော့တလန်အသင်းနဲ့ ကမ္ဘာ့ဖလား အုပ်စုအဆင့်ပွဲစဉ်မှာ ပွဲစပြီး စက္ကန့် ၈၀ ...
20/06/2026

အဖြစ်ဆိုးသွားတဲ့ စကော့သားများ

မော်ရိုကိုအသင်းကတော့ စကော့တလန်အသင်းနဲ့ ကမ္ဘာ့ဖလား အုပ်စုအဆင့်ပွဲစဉ်မှာ ပွဲစပြီး စက္ကန့် ၈၀ အကြာမှာပဲ ဦးဆောင်ဂိုး ရယူနိုင်ခဲ့ကာ ထိုဂိုးနဲ့ပဲ အနိုင်ရသွားပါတယ်။

ဘရာဇီးလ်အသင်းနဲ့ အုပ်စုအဖွင့်ပွဲမှာ လှပတဲ့ဂိုးတစ်ဂိုး သွင်းယူခဲ့တဲ့ အစ္စမေးလ် ဆိုင်ဘာရီက ဒီပွဲမှာတော့ အဲဒီဂိုးထက်တောင် ပိုကောင်းတဲ့ သွင်းဂိုးတစ်ဂိုးနဲ့ မော်ရိုကိုကို ဦးဆောင်ပေးခဲ့ပါတယ်။

စကော့တလန်အသင်းအတွက်တော့ ပွဲအစကတည်းက အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်လိုက်ခဲ့ရတာဖြစ်ပြီး မော်ရိုကိုရဲ့ လျင်မြန်တဲ့ တိုက်စစ်ဆင်မှုကို မတားဆီးနိုင်ဘဲ ဂိုးပေးလိုက်ရတာ ဖြစ်ပါတယ်။

2026/27 ရာသီ ပရီးမီးယားလိဂ် ပွဲစဥ်ဇယား ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။အဖွင့်သီတင်းပတ်မှာတော့ ချန်ပီယံ အာဆင်နယ်အသင်း ပွဲချောင်နေ...
19/06/2026

2026/27 ရာသီ ပရီးမီးယားလိဂ် ပွဲစဥ်ဇယား ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
အဖွင့်သီတင်းပတ်မှာတော့ ချန်ပီယံ အာဆင်နယ်အသင်း ပွဲချောင်နေပြီး ဂိုးအရမ်းများ ပြတ်သွားမလား 🤔

၂ နှစ်ဆက်တိုက် ဥရောပ ချန်ပီယံ ဖြစ်လာတဲ့ PSG အသင်းCongratulations !!
31/05/2026

၂ နှစ်ဆက်တိုက် ဥရောပ ချန်ပီယံ ဖြစ်လာတဲ့ PSG အသင်း
Congratulations !!

ကဲ .. ဒီညတော့ ပွဲကောင်းပြီအာဆင်နယ်လား PSG လား .. ဘယ်အသင်းဘက်မှာ ရှိကြမလဲ 🤔
30/05/2026

ကဲ .. ဒီညတော့ ပွဲကောင်းပြီ
အာဆင်နယ်လား PSG လား ..
ဘယ်အသင်းဘက်မှာ ရှိကြမလဲ 🤔

PSG နဲ့ တွေ့ချင်လှပြီ ဆိုတဲ့ မာတင် အိုဒီဂတ်အိုဒီဂတ်က အာဆင်နယ် အသင်းဟာ ဒီစနေနေ့မှာ Paris Saint-Germain နဲ့ ကစားရမယ့် ချန်...
29/05/2026

PSG နဲ့ တွေ့ချင်လှပြီ ဆိုတဲ့ မာတင် အိုဒီဂတ်

အိုဒီဂတ်က အာဆင်နယ် အသင်းဟာ ဒီစနေနေ့မှာ Paris Saint-Germain နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြောင်း ပြောကြားလိုက်ပါတယ်။

“ကျွန်တော်တို့ရှေ့မှာ ထပ်ပြီး ကြီးမားတဲ့အရာတစ်ခုအတွက် တိုက်ပွဲဝင်ရဦးမယ်။ ဒီရာသီတစ်လျှောက်လုံး ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်လို အကြီးဆုံးပြိုင်ပွဲနှစ်ခုမှာ အဆုံးထိ ရောက်ချင်တယ်လို့ အမြဲပြောခဲ့ပါတယ်။

အခုတော့ အိပ်မက်တစ်ခုကို အမှန်တကယ် ဖြစ်လာအောင် လုပ်နိုင်မယ့် အခွင့်အရေး ထပ်ရလာပြီ။ အသင်းအတွင်း စိတ်ဓာတ်ပိုင်းကလည်း အရမ်းကောင်းနေတယ်။ ဒီလိုဗိုလ်လုပွဲတစ်ပွဲအတွက် ပြင်ဆင်ခွင့်ရတာ တကယ်ထူးခြားပါတယ်။

အားလုံးက စိတ်လှုပ်ရှားနေကြပြီး အခုချက်ချင်းတောင် ကစားချင်နေကြပြီ။ ဒီပွဲကို မစောင့်နိုင်တော့ပါဘူး” လို့ မာတင် အိုဒီဂတ်က ပြောဆိုခဲ့တာပါ။

ที่อยู่

Bangkok
10260

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sports Home Timeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์