pdf သတင်းအစုံ

pdf သတင်းအစုံ ဒိpage လေတောပေါက်စေချင်တယ်
အမေသားသမီးမှန်ရင် Like & Shaer
လုပ်ပေခြင်းဖြင့်ကူညီပေပါအမေသား🙏🙏

 #ကင်မရာဘေးဒုက္ခသည်ကပိုများနေပြီ
18/09/2024

#ကင်မရာဘေးဒုက္ခသည်ကပိုများနေပြီ

"နဂါးတက်မင်း ပြည်တော်ဆင်း မိစ္ဆာမင်းဆက် ပြုတ်လိမ့်မည်။"မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ထဲက ဘယ်အဖွဲ့ ပြည်တော်ဆင်းလာ မလဲ။
11/08/2024

"နဂါးတက်မင်း ပြည်တော်ဆင်း
မိစ္ဆာမင်းဆက် ပြုတ်လိမ့်မည်။"

မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ထဲက
ဘယ်အဖွဲ့ ပြည်တော်ဆင်းလာ မလဲ။

🇲🇲" #ကျိန်စာသင့်_နိုင်ငံတော်..."🇲🇲~~~~~~~~~~~~~~~~~~~~~~~~~~~🇲🇲 #ပဲခူးနဲ့ပုဂံ၊ စောလူးနဲ့ ငရမာန် စစ်ဖြစ်တာ၊ပဲခူးလည်း ကြေ၊...
17/07/2024

🇲🇲" #ကျိန်စာသင့်_နိုင်ငံတော်..."🇲🇲
~~~~~~~~~~~~~~~~~~~~~~~~~~~
🇲🇲 #ပဲခူးနဲ့ပုဂံ၊ စောလူးနဲ့ ငရမာန် စစ်ဖြစ်တာ၊
ပဲခူးလည်း ကြေ၊ ပုဂံလည်း သေ။

🇲🇲 #ရာဇဝင်မှာတော့၊ ပြည်သူ့ဒုက္ခထက်၊ ကျန်စစ် သမိုင်းပဲ၊ ကျန်ခဲ့တယ်။

🇲🇲 #အင်းဝနဲ့ဟံသာဝတီ၊ နှစ်လေးဆယ် စစ်ဖြစ်တာ၊ အင်းဝလည်း သေ၊ ဟံသာဝတီလည်း ကြေ။

🇲🇲 #ရာဇဝင်မှာတော့၊ တိုင်းပြည်ရဲ့ ဒုက္ခထက်၊ မင်းခေါင်နဲ့ ရာဇာဓိရာဇ်ပဲ၊ သူရဲကောင်း ဆန်ခဲ့တယ်။

🇲🇲 #ဘကြီးတော်နဲ့သာယာဝတီ၊ အမရပူရမှာ အာဏာလုတာ၊ ဗန္ဓုလလည်း သေ၊ အောက်
မြန်မာပြည်လည်း၊ ကြေ။

🇲🇲 #ရာဇဝင်မှာတော့၊ ပြည်သူ့ မျက်ရည်ထက်၊ မယ်နုဂုဏ်ရည်ပဲ၊ ကမ္ဗည်းတင်ခဲ့တယ်။

🇲🇲 #ဆင်ဖြူမရှင်နဲ့စုဖုရားလတ်၊ ရတနာပုံမှာ အာဏာလုတာ၊ ရာဇသွေးတွေလည်း သေ၊ မြန်မာတစ်ပြည်လုံးလည်း ကြေ။

🇲🇲 #ရာဇဝင်မှာတော့၊ တိုင်းပြည်ဆင်းရဲတာထက်၊ ရှင်ဘုရင် ဆင်းရဲတာကို၊ စာပေ ဖွဲ့ပြကြတယ်။

🇲🇲 #သန့်ရှင်းနဲ့တည်မြဲ၊ လွတ်လပ်ရေးခေတ်
နှစ်ခြမ်းကွဲတာ၊ ပြည်မလည်း သေ၊ တောင်တန်းလည်း ကြေ။

🇲🇲 #ရာဇဝင်မှာတော့၊ နိုင်ငံတော်ရဲ့ ဝဋ် ဒုက္ခထက်၊ ခေါင်းဆောင်တွေရဲ့ နေဝင်ချိန်ကို၊ ပိုမို ဂုဏ်ဆာပြခဲ့တယ်။

🇲🇲 ာစု_အိုင်တီခေတ်၊အနီ အစိမ်း
နှစ်ခြမ်း ကွဲတာ၊ စာရိတ္တတွေလည်း သေ၊ တိုင်း
ပြည်ကြီးလည်း ကြေ။

🇲🇲 #နောက်သမိုင်းကျရင်တော့၊ ပြည်သူ့ မျက်
ရည်ထက်၊ ခေါင်းဆောင်တွေရဲ့ နှပ်ရည်ကို၊
ကမ္ဗည်း တင်ကြလိမ့်ဦးမယ်။

🇲🇲 #မြန်မာပြည်ကြီးဟာ_မြန်မာနိုင်ငံကြီးဟာ_မြန်မာပြည်သူတွေဟာ၊ ခေတ် အဆက် ဆက်၊ ကျိန်စာသင့်မြေပေါ်မှာ၊ ကြုံလာသမျှ ဆင်းရဲခြင်းတွေနဲ့၊ ပျော်ရွှင်နေရတဲ့ ဝဋ် ဒုက္ခ
သည်တွေပါပဲ။

🇲🇲 #ဒီထက်လည်း၊ဘာ ရပိုင်ခွင့်မှမပိုပါဘူး။
#ခေါင်းဆောင်တွေ၊ တောက်ပြောင်ဘို့...
#လူကြီးတွေ၊ သမိုင်းကျန်ဘို့...
#ပြည်သူ့သွေးတွေ၊ခဏခဏ စီးဆင်းရတယ်။
#ပြည်သူ့သွေးသားတွေကို၊ခဏခဏ စတေးပေးခဲ့ရတယ်။

🇲🇲 #အနာဂါတ်သမိုင်းမှာတော့၊ တိုင်းပြည် ၏ ဆင်းရဲခြင်းနဲ့၊ ပြည်သူရဲ့ ဝဋ်ကြွေးတွေက၊
ကမ္ဗည်း မထင်ဘူး။

🇲🇲 #ခေါင်းဆောင်တွေပဲ၊ စာပေ အက္ခရာ တင်ကြတယ်။

🇲🇲 #မြန်မာပြည်ကြီးဟာ၊ သမိုင်းမလှဘူး။

🇲🇲 #ဒါပေမဲ့_ခေတ်အဆက်ဆက်က၊ ခေါင်း ဆောင်တွေ သမိုင်းကျန်ရစ်ဘို့၊ တိုင်းပြည်နဲ့
ပြည်သူတွေဟာ၊ ပျော် ပျော် ပါး ပါး ကြီး ဝဋ် ကြွေး ဆပ်နေကြရတယ်။

🇲🇲 #တစ်နည်းအားဖြင့်...
#ကျေ_ကျေ_နပ်_နပ်_ကြီး_ဝဋ်_ကြွေး_ဆပ်နေရဦးမယ်...။

ဝမ်းနည်းစရာသတင်းဘဘ သူရဦးတင်ဦးယနေ့နံနက် ၈နာရီ ၅၀ မိနစ်အချိန်မှာ ကွယ်လွန်ကြောင်းသိရပါတယ်၊ကောင်းရာဘုံဘဝရောက်ပါစေ🙏🙏🙏
01/06/2024

ဝမ်းနည်းစရာသတင်း
ဘဘ သူရဦးတင်ဦး

ယနေ့နံနက် ၈နာရီ ၅၀ မိနစ်အချိန်မှာ ကွယ်လွန်ကြောင်းသိရပါတယ်၊
ကောင်းရာဘုံဘဝရောက်ပါစေ🙏🙏🙏

14/02/2024

ငြိမ်းချမ်းရေး
အသက်ကိုစောင့်တဲ့ကံကို
ကျည်ဆန်က ဆောင့်ကန်လိုက်တယ်
ကမ္ဘာရဲ့တစ်ခြမ်းမှာ နေသာတုန်း
ကျန်တစ်ခြမ်းက အမှောင်ထဲရောက်နေရတာ
ပိုင်ဆိုင်မှုကို ချစ်လို့ဖြစ်ဖြစ်
အချင်းချင်းမုန်းလို့ ဖြစ်ဖြစ်
ဘယ်စစ်မှာများ အပေါင်းလက္ခဏာ ပြဖူးလဲ။
ရှေ့ကိုလျှောက်ဖို့ နောက်ကိုမျှော်ရင်
ပြည်တွင်းစစ်ရှိတယ်
လက်နက်ကိုင်တပ်ဖွဲ့ရှိတယ်
မပြတ်တဲ့ဆွေးနွေးပွဲနဲ့
မရပ်တဲ့သွေးစီးချောင်းတွေရှိတယ်။
ငြိမ်းချမ်းရေးလို့ စာလုံးပေါင်းတတ်ဖို့
ချိုးဖြူငှက်ချီမယ့် သံလွင်ခက် ကို
ငါ တို့ ဘယ် လို စိုက် မှာ လဲ။
မယ်ကဗျာ

07/02/2024

ပူပြနေရုံနဲ့မရဘူးလှူကြ ကူကြမှထိရောက်တယ်
အလကားယားပြမနေနဲ့လူတစ်ချို့$ကြောင်းတွေငါသိနေလို့ရွံတယ်

07/02/2024

🥀‎ကိုယ်တွေဘက်က လူသားဆန်ပေးတယ်
ထမင်းကျွေးတယ်၊ နေရာထိုင်ခင်းပေးတယ်
နွေးနွေးထွေးထွေး ကြိုဆိုတယ်🥺
သူတို့ကတော့ အရှင် လတ်လတ်တဲ့ ..
ရှားပါးနေဆဲ လူသားဆန်မှုတွေ
ခေါင်းပါးနေဆဲ စာနာမှုတွေ
ပျောက်shaနေတဲ့ မေတ္တာတရားတွေ 💔😢 ‎🥀😭😭 ‎

"ADPRA တပ်ဖွဲ့က RPG ကို အောင်မြင်စွာ ထုတ်လုပ်"စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အခြေစိုက် အာဏာရှင်တော်လှန်ရေ...
04/02/2024

"ADPRA တပ်ဖွဲ့က RPG ကို အောင်မြင်စွာ ထုတ်လုပ်"

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အခြေစိုက် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) - တပ်ခွဲ ၂ (Blach Shadow)၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂၅) KPDF-1၊ တပ်ခွဲ (၃) KGF တပ်ဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုမှ တာဝန်ခံတစ်ဦးတို့ ပူးပေါင်းပြီး RPG ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။

RPG တစ်လက်နှင့် RPG ဗုံးသီး ၅ ခုကို မြန်မာငွေ ကျပ်သိန်း ၆၀ ဖြင့် ထုတ်လုပ်နိုင်ခဲ့ပြီး လက်ရှိ ရှေ့တန်းစစ်မြေပြင်တွင် အသုံးပြုနေပြီဖြစ်ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီကို ခုခံတော်လှန်မှု အားကောင်းတဲ့ အညာဒေသမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လက်နက်ကြီး လက်နက်ငယ်မျိုးစုံကို တီထွင်ထုတ်လုပ်နေကြပြီး၊ အဆိုပါ လက်နက်ထုတ်လုပ်ရေးတွေမှာ အသက်ဆုံးရှုံးခဲ့ကြတဲ့ ရဲဘော်တွေလဲ အများအပြား ရှိခဲ့ပါတယ်။

အခုလက်ရှိ ADPRA က ထုတ်လုပ်လိုက်တဲ့ RPG တွေဟာ လက်လုပ်အမျိုးအစား ဖြစ်သော်လည်း စစ်မြေပြင်မှာ လုံခြုံထိရောက်စွာ အသုံးပြုနိုင်ပြီး စစ်ကောင်စီရဲ့ ဘန်ကာတွေကို ဖြိုဖျက်ရာမှာ တိကျကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနေကြောင်း သိရှိရပါတယ်။

1.  2.  2024 ရက်နေ့ မန္တလေးမြို့ အခြေအနေ
02/02/2024

1. 2. 2024 ရက်နေ့ မန္တလေးမြို့ အခြေအနေ

02/02/2024

1. 2. 2024 ရက်နေ့ မန္တလေးမြို့ အခြေအနေ

ที่อยู่

Bangkok

เบอร์โทรศัพท์

+66658023136

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ pdf သတင်းအစုံผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์