Wise News Enjoy our news

ကြားဖြတ်သတင်း။အခုဖြစ်ရပ်က ဩဂုတ်လ ၁၃ ရက်နေ့ကပါ။ မူရင်းသတင်း source ကတော့ End Time News ဖြစ်ပါတယ်။ ဥက္ကာပျံတခုဟာ ဆိုက်ဘေးရ...
20/08/2025

ကြားဖြတ်သတင်း။

အခုဖြစ်ရပ်က ဩဂုတ်လ ၁၃ ရက်နေ့ကပါ။ မူရင်းသတင်း source ကတော့ End Time News ဖြစ်ပါတယ်။

ဥက္ကာပျံတခုဟာ ဆိုက်ဘေးရီးယားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။

ကြီးမားတဲ့ ဥက္ကာခဲကြီးဟာ မှောင်မဲတဲ့ကောင်းကင်ယံမှာ ပေါ်လာပါတယ်။
လိမ္မော်ရောင်မီးလုံးကြီးလိုပါဘဲ။

တချို့က အရည်ပျော်နေတဲ့နေလုံးနဲ့ တူတယ်လို့ဆိုပါတယ်။

ဆိုက်ဘေးရီးယား တောထဲကို နားကွဲမတတ် ကျယ်လောင်သံကြီးနဲ့ပေါက်ကွဲကျဆင်းလာတယ်လို့ဆိုပါတယ်။

အနီးနားရွာတွေက မျက်မြင်သက်သေတွေပြောကြတာကတော့ စူးရှတဲ့လိမ္မော်ရောင်အလင်းကြောင့် မျက်စိကန်းမတတ်ဖြစ်ရတယ်လို့ဆိုပါတယ်။

မီးတောက်တွေနဲ့ ပြာမှုံလို မီးခိုးတွေဟာ တိမ်တွေကြားထိရောက်နေတာကိုတွေ့ကြရတယ်ဆိုပါတယ်။

ဆီးနှင်းဖုံးနေတဲ့ ဆိုက်ဘေးရီးယားရဲ့ တန်ဒြာဒေသဟာ တောက်ပတဲ့ မီးလျံ အတန်းကြီးနဲ့လင်းလက်နေခဲ့ပါတယ်။

တိုင်းထွာချက်တွေအရ ပေါက်ကွဲအားဟာ မီဂါတန် ရာနဲ့ချီပြီးရှိနိုင်တယ်လို့ဆိုပါတယ်။ ကီလိုမီတာ ၅၀ အကွာက အိမ်တွေရဲ့ပြူတင်းမှန်တွေဟာ အစိတ်စိတ်အမွှာမွှာ ကွဲကြေကုန်ပါတယ်။

အခု အဲဒီနေရာကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေသွားနေကြပြီလို့ဆိုပါတယ်။

စာရေးသူ အရင်အပါတ်လောက်က တွန်ဂက်စကာအကြောင်းရေးခဲ့တာမှတ်မိကြအုံးမယ်ထင်ပါတယ်။

ခုဖြစ်ရပ်ဟာလဲ ၁၉၀၈ ခုနှစ်ကလိုဖြစ်ရပ်မျိုးလို့ ပညာရှင်တွေကသုံးသပ်ပါတယ်တဲ့။

#ဥက္ကာပျံ

လှလိုက်တဲ့အဆင်။သဘာဝတရားရဲ့ဖန်ဆင်းမှုတခုပါ။ သူ့ကို Calliigrapha beetle လို့ခေါ်ပါတယ်။ သူ့ရဲ့ကွဲပြားတဲ့ပုံသဏ္ဌာန်က စိတ်ဝင်...
13/08/2025

လှလိုက်တဲ့အဆင်။

သဘာဝတရားရဲ့ဖန်ဆင်းမှုတခုပါ။ သူ့ကို Calliigrapha beetle လို့ခေါ်ပါတယ်။

သူ့ရဲ့ကွဲပြားတဲ့ပုံသဏ္ဌာန်က စိတ်ဝင်စားဖွယ်ပါ။ ဒီလိုအကွက်ဆန်းပုံသဏ္ဌာန်ကပဲ သူ့ကိုလူသိများစေပါတယ်။
သစ်ရွက်စားပုတုံးမျိုးဖြစ်ပါတယ်။

အနက်၊ အဖြူနဲ့ တခါတရံအနီရောင်နဲ့လဲတွေ့ရပါတယ်။ အရွယ်ကတော့ ၉ မီလီမီတာကနေ ၁၂ မီလီမီတာအထိရှိပါသတဲ့။

#အဆင်

မြင်ရခဲတဲ့ဓါတ်ပုံ။ဒီပုံကို သာမန်လို့ ယူဆကောင်း ယူဆကြပါလိမ့်မယ်။ ဒီထက်မကတဲ့အကြောင်းအရာတွေဒီဓါတ်ပုံက ပြနေပါတယ်။ ပုံပါ လေယာ...
12/08/2025

မြင်ရခဲတဲ့ဓါတ်ပုံ။

ဒီပုံကို သာမန်လို့ ယူဆကောင်း ယူဆကြပါလိမ့်မယ်။
ဒီထက်မကတဲ့အကြောင်းအရာတွေဒီဓါတ်ပုံက ပြနေပါတယ်။

ပုံပါ လေယာဉ်နှစ်စီးဟာ တစီးက လန်ဒန် ဟိသရိုးလေဆိပ်ကပျံတက်လာပြီး ဒူဘိုင်းကို သွားတဲ့ လေယာဉ်ပါ။လေယာဉ်မှတ်ပုံတင်အမှတ် E6-EUM ဖြစ်ပါတယ်။

ကျန်တစီးကတော့ E6- EVG ပါ။ ၂ စီးလုံး Airbus A-380-842 တွေပါ။

ဒါပေမဲ့ တစီးက ပေ ၃၇၀၀၀ ကပျံနေတာဖြစ်ပြီး တစီးက ပေ ၃၈၀၀၀ မှာပျံနေတာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လေကြောင်း အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ ICAO ကသတ်မှတ်ထားတဲ့ စည်းကမ်အတိုင်းတိကျစွာပျံသန်းနေကြတာဖြစ်ပါတယ်။

ဒီဥပဒေကို RVSM ( reduce vertical separation minimum ) လို့ခေါ်ပါတယ်။

အရင်က တစီးနဲ့တစီး အထက်အောက် အမြင့်ပေ ၂၀၀၀ ကွာ ပျံကြရာကနေ ၁၀၀၀ ပဲခွါပြီး ပျံကြရတာ ဖြစ်ပါတယ်။

ဒီလိုလုပ်လိုက်ခြင်းကြောင့် အမြင့်တက်ရလို့ ကုန်ကျတဲ့ဆီ သက်သာသွားပါတယ်။

ဒါပေမဲ့ တိကျတဲ့ အမြင့်ပြစနစ်တွေလိုပါတယ်။
ကြုံရင်တော့ RVSM အကြောင်းတင်ပြပါအုံးမယ်။

#လေယာဉ်

တောင်တွေပေါတဲ့နိုင်ငံ။ဒီနိုင်ငံက တောင်တွေများတဲ့အပြင် ကမ္ဘာ့အမြင်ဆုံးတောင်လည်း ရှိနေပါတယ်။ သူကတော့ နီပေါနိုင်ငံဖြစ်ပါတယ်...
12/08/2025

တောင်တွေပေါတဲ့နိုင်ငံ။

ဒီနိုင်ငံက တောင်တွေများတဲ့အပြင် ကမ္ဘာ့အမြင်ဆုံးတောင်လည်း ရှိနေပါတယ်။

သူကတော့ နီပေါနိုင်ငံဖြစ်ပါတယ်။

ပေ ၆၀၀၀ အထက်မြင့်တဲ့တောင် ၁၃၁၀ တောင်ရှိပါတယ်။ ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ ခု သတ်မှတ်ရာမှာ နီပေါက ၈ ခု ပိုင်ဆိုင်ပါတယ်။

ဗဟုသုတအနေနဲ့ အောက်မှာဖေါ်ပြလိုက်ပါတယ်။

၁။ Mount Everest 8848.86 meters
၂။ Kanchenjunga 8586 meters
၃။ Lhotse 8516 meters
၄။ Makalu 8584 meters
၅။ Cho You 8188 meters
၆။ Dhaulagiri 8167 meters
၇။ Manaslu 8263 meters
၈ ။Annapura I 8091 meters တို့ဖြစ်ပါတယ်။

#နီပေါ
#တောင်

11/08/2025
ပါလက်စတိုင်းလေကြောင်း။လက်ရှိ ဂါဇာတို့၊ ပါလက်စတိုင်းတို့ သိကြမှာပါ။ တချိန်ကတော့ ပါလက်စတိုင်းလေကြောင်းဆိုတာ ရှိခဲ့ဖူးပါတယ်...
11/08/2025

ပါလက်စတိုင်းလေကြောင်း။

လက်ရှိ ဂါဇာတို့၊ ပါလက်စတိုင်းတို့ သိကြမှာပါ။

တချိန်ကတော့ ပါလက်စတိုင်းလေကြောင်းဆိုတာ ရှိခဲ့ဖူးပါတယ်။ ၁၉၃၇ လောက်ကဖြစ်ပါတယ်။
ပုံကိုကြည့်လိုက်ပါအုံးနော်။

#လေကြောင်း
#ပါလက်စတိုင်း

လူမသိလိုက်တဲ့ နျူစမ်းသပ်မှု။၁၉၆၂ ခုနှစ်ကဖြစ်ပါတယ်။ နာဆာနဲ့အမေရိကန်အစိုးရတို့ ပူးပေါင်းပြီး စမ်းသပ်မှုတခု ပြုလုပ်ခဲ့ကြပါတ...
11/08/2025

လူမသိလိုက်တဲ့ နျူစမ်းသပ်မှု။

၁၉၆၂ ခုနှစ်ကဖြစ်ပါတယ်။ နာဆာနဲ့အမေရိကန်အစိုးရတို့ ပူးပေါင်းပြီး စမ်းသပ်မှုတခု ပြုလုပ်ခဲ့ကြပါတယ်။ ဒါကတကယ်ပါ။

၁.၄ မီဂါတန် လောက်ရှိတဲ့ နျူကလီးယားဗုံးကို ဖေါက်ခွဲစမ်းသပ်ခဲ့တာဖြစ်ပါတယ်။

ကမ္ဘာမြေပေါ်မှာ မဟုတ်ပါဘူး။ အာကာသထဲမှာပါ။ ကမ္ဘာ့အထက် ကီလိုမီတာ ၄၀၀ အမြင့်မှာ ဖြစ်ပါတယ်။

ပေါက်ကွဲမှုကြောင့် သဘာဝမဟုတ်တဲ့ အော်ရိုရာအလင်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကို ဟာဝိုင်ရီကျွန်းပေါ်ကကနေ သာမန်မျက်စိနဲ့ မြင်ရပါတယ်။ တကျွန်းလုံးလျှပ်စစ်မီးတွေ ပြတ်တောက်သွားခဲ့ပါသတဲ့။

ဂြိုလ်တုတွေဟာ ပေါက်ကွဲမှုက ထွက်လာတဲ့လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့် ပျက်ဆီးကုန်ပါတယ်။

ရေဒီယိုသတ္တိကြွအမှုံတွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်းအတွင်းမှာ တစ်နှစ်လောက် လွင့်ပါနေခဲ့ပါတယ်။

ဒါကိုသိသွားကြတဲ့သိပ္ပံပညာရှင်တွေဟာ တုန်လှုပ်ချောက်ခြားသွားခဲ့ကြပါတယ်။

လူသားတွေရဲ့တီထွင်မှုဟာ ကမ္ဘာကိုသာမက အာကာသကိုပါ ဖျက်ဆီးနိုင်စွမ်း ရှိနေပါတယ်။

ဒါကြောင့်လဲ နိုင်ငံစုံက အာကာသကို ငြိမ်းချမ်းစွာအသုံးပြုရေး သဘောတူညီချက်ကို ထုတ်ပြန်ရတဲ့အထိ နိုးကြားလာခဲ့ကြပါတယ်။

ဒီစမ်းသပ်မှုရဲ့ အကျိုးဆက်ဟာ ကမ္ဘာကိုသာမက အာကာသနဲ့စက်ြာဝဠာကြီးကို ဘယ်လိုအကျိုးဆက်တွေ ဖြစ်စေမလဲဆိုတာ မှန်းဆရ ခက်ပါတယ်။

ဒီစမ်းသပ်မှုရဲ့အမည်ကတော့ "Starfish Prime" ဖြစ်ပါတယ်ခမျာ။

#နာဆာ
#အမေရိကန်
#နျူ

အမှန်တကယ်ကြိုးစားခြင်းရဲ့ ရလာဒ်။သူ့မှာ နည်းပြမရှိ၊ စပွန်ဆာ မရှိ၊ အထောက်အကူပစ္စည်းကိရိယာလဲမရှိပါဘူး။ဒါပေမဲ့ ၁၄ နာရီကြာတဲ့...
10/08/2025

အမှန်တကယ်ကြိုးစားခြင်းရဲ့ ရလာဒ်။

သူ့မှာ နည်းပြမရှိ၊ စပွန်ဆာ မရှိ၊ အထောက်အကူပစ္စည်းကိရိယာလဲမရှိပါဘူး။

ဒါပေမဲ့ ၁၄ နာရီကြာတဲ့ခရီးကို လျောက်လှမ်းပြီးလာပြိုင်ခဲ့ပါတယ်။

ကြမ်းတမ်းတဲ့ဒီခရီးမှာ တာရာဟူမာရာတောင် ( Tarahumara mountain) ကိုဖြတ် Candilaria Rivas Ramos ဒေသကိုဖြတ်ကာ ပထမနေရာက ပန်းဝင်လာနိုင်ခဲ့သူပါ။
၂၀၂၅ ကင်ညွန်အာထရာမာရသွန်ပြိုင်ပွဲကို ဗိုလ်ဆွဲခဲ့တာ ဖြစ်ပါတယ်။

မာရသွန်က ၆၃ ကီလိုမီတာ ရှည်ပါတယ်။ ဒါကိုသူမက ၇ နာရီ ၃၄ မိနစ်နဲ့စံချိန်တင်ပြေးပြခဲ့ပါတယ်။

သူမကတော့ မက္ကဆီကိုနိုင်ငံ ချီဟူရာဟူရာ ဒေသကလာပြိုင်တာ ဖြစ်ပါတယ်။

လာတာကလဲတယောက်တည်းဖြစ်ပြီးအပြေးစီးဖိနပ်တောင်မစီးနိုင်ဘဲ ရိုးရာဖိနပ်နဲ့သာ ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ရိုးရာဂါဝန်သာဝတ်ဆင်ခဲ့တာပါ။ ကန်ဒယ်လာရီယာဒေသရဲ့ ကြမ်းတမ်းတဲ့မြေပြင်နဲ့ရာသီဥတုကြားမှာ သူမကနေသားကျနေခဲ့ပါတယ်။

နောက်ဆုံးတော့ သူမဟာ ပထမဆုကိုထိုက်တန်စွာရရှိသွားခဲ့ပါပြီ။ ကြိုးစားခြင်းရဲ့ရလာဒ်တခုပါ။

( မူရင်း ဆောင်းပါးတွင် သူမအမည်ကိုမတွေ့ပါသောကြောင့် သိသူများမန့်ခဲ့ကြပါရန်။ )

#ရလာဒ်

ဂျပန်ကထွင်လိုက်တဲ့ ကျည်ကာအင်္ကျီ။ဂျပန်နိုင်ငံဆိုတတာနဲ့ အမျိုးမျိုးသော လူသုံးကုန်ပစ္စည်းတွေကို မျက်စိထဲပြေးမြင်မိကြမှာပါ။...
08/08/2025

ဂျပန်ကထွင်လိုက်တဲ့ ကျည်ကာအင်္ကျီ။

ဂျပန်နိုင်ငံဆိုတတာနဲ့ အမျိုးမျိုးသော လူသုံးကုန်ပစ္စည်းတွေကို မျက်စိထဲပြေးမြင်မိကြမှာပါ။

ခုတခါထုပ်လုပ်တာကတော့ စ-စ်သုံး ကျည်ကာအင်္ကျီ ပါတဲ့။

ပစ္စည်းကို tsuno fiber လို့ အမည်ရတဲ့ အမျှင်တွေနဲ့ ပင့်ကူအိမ်သဏ္ဌာန် ရက်လုပ်ထားပါတယ်။

ဝတ်ဆင်ရတာ ချည်သားလိုပျော့ပြောင်းပေါ့ပါးပေမဲ့ ကက်ဗလာ ကျည်ကာထက် ၅ ဆ ပိုမို ခံနိုင်ရည်ရှိပါတယ်။

UV ရောင်ခြည်ကို ခံနိုင်ရည်ရှိသလို ရေစိုတာ၊ အက်စစ်ဒဏ်တွေကိုလဲခံနိုင်ရည်ရှိပါတယ်။

စ-စ်ဖက်သုံးတင်မကပါဘူး။ ရေအောက်စူးစမ်းခြင်း၊ စက်ရုပ်များတွင်တပ်ဆင်နိုင်ခြင်းနဲ့ ဆေးဖက်ဆိုင်ရာမှာလဲ အသုံးချနိုင်တာမို့ အကျိုးရှိတဲ့တီထွင်မှုတခု ဖြစ်ပါတယ်။

#ကျည်ကာ
#အင်္ကျီ

မီးတောင်နဲ့ သစ်ပင်။ဒီနှစ်ခုဟာ ဘာပါတ်သလဲလို့ မေးစရာပါ။ တကယ်ပါတ်သက်မှု ရှိနေပါတယ်။ အထူးသဖြင့် မီးတောင်တဝိုက်က သစ်ပင်တွေဟာ ...
08/08/2025

မီးတောင်နဲ့ သစ်ပင်။

ဒီနှစ်ခုဟာ ဘာပါတ်သလဲလို့ မေးစရာပါ။ တကယ်ပါတ်သက်မှု ရှိနေပါတယ်။ အထူးသဖြင့် မီးတောင်တဝိုက်က သစ်ပင်တွေဟာ မီးတောင်ပေါက်ကွဲကာနီးရင် ထူးခြားမှုတွေပြသပါတယ်။

ဒီလိုပါ သစ်ပင်ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပါတယ်။

မီးတောင်ဟာ ပေါက်ကွဲခါနီးရင် မဂ္ဂမာ ( Magma ) တွေကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်တွေအများအပြား ထွက်လာပါတယ်။

သစ်ပင်တွေဟာ ကာဗွန်အမြောက်အများစုပ်ယူရတဲ့အခါ သူတို့ရဲ့ ဇီဝကမ္မ သဘောတွေ ပြောင်းလဲလာပါတယ်။

ဖိုတိုဆင်သစစ် ( Photosynthesis) ခေါ် အလင်းထုတ်လွှတ်မှုကို သစ်ရွက်မျက်နှာပြင်မှာ ဖြစ်ပေါ်စေပါတယ်။

ဒါက သာမန်မျက်စိနဲ့မမြင်ရပေမဲ့ ဂြိုလ်တုကနေ ရိုက်ကူးတဲ့ကင်မရာတွေမှာ ထင်ရှားစွာတွေ့ရပါတယ်။

နာဆာရဲ့ဂြိုလ်တုဓါတ်ပုံတွေအရ မီးတောင်ပါတ်ဝန်းကျင်က သစ်ပင်ရဲ့သစ်ရွက်တွေ reflection ခေါ် အရောင်ဖြာထွက်ပြောင်းလဲနေတာကို တွေ့ကြရပါတယ်။
နေရာကတော့ ချီလီ နဲ့ ကိုစတာရီကာတဝိုက်မှာပါ။

ဒီတွေ့ရှိချက်က အဖိုးတန်ပါတယ်။ ဘာကြောင့်ဆို ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုံးလောက်ဟာ မီးတောင်အနီးတဝိုက်နေထိုင်နေကြရတာဖြစ်ပါတယ်။
ကြိုတင်သတိထားကာကွယ်နိုင်ဖို့ အထောက်အကူ ဖြစ်လာမှာပါ။

တချို့မီးတောင်တွေအနားမှာတော့ သစ်ပင်တွေပေါက်လေ့ မရှိတာမျိုးလဲ ရှိပါတယ်။
ဒီလိုဆိုရင်တော့ လေထုကို တိုင်းထွာစောင့်ကြည့်တာမျိုးတွေရှိပါတယ်။

ဘာပဲဖြစ်ဖြစ် ခုတွေ့ရှိမှုကတော့ လူသားတွေအတွက် အကျိုးရှိပါတယ်လို့။

#မီးတောင်
#သစ်ပင်

လေထဲမှာတိုက်မိတဲ့လေယာဉ်။ဒါကို mid Air collided လို့ ခေါ်ပါတယ်။ ၂၂ ရက်၊ ဧပြီလ၊ ၁၉၉၆ ခုမှာဖြစ်ခဲ့တာပါ။FA18 တိုက်လေယာဉ် ၂ စ...
06/08/2025

လေထဲမှာတိုက်မိတဲ့လေယာဉ်။

ဒါကို mid Air collided လို့ ခေါ်ပါတယ်။ ၂၂ ရက်၊ ဧပြီလ၊ ၁၉၉၆ ခုမှာဖြစ်ခဲ့တာပါ။

FA18 တိုက်လေယာဉ် ၂ စီးဟာ မြောက် ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ ကမ်းခြေ အတ္တလန်တစ်သမုဒ္ဒရာ အပေါ်မှာ လေ့ကျင့်ပျံသန်းရင်း တိုက်မိခဲ့တာဖြစ်ပါတယ်။

တစီးကတော့ ရှေ့ပိုင်း nose cone ရယ်၊ ခေါင်းခန်းအဖုံး canopy ရယ်၊ အင်ဂျင်ရယ် ထိခိုက်ခဲ့ပြီး နောက်တစီးကတော့ ဘယ်ဖက်အတောင် ၅ ပေလောက် ပျက်ဆီးပြီး အမြီးပိုင်း ၃ ပေလောက် ပျက်ဆီးသွားပါတယ်။

မယုံနိုင်စရာ ၂ စီးလုံး ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြပါတယ်။

#လေယာဉ်

အာကသယာဉ်လား၊ ဂြိုလ်ပဲ့လား။ခုတလော လိုင်းပေါ်မှာ လူပြောများနေတာ 3I/ATLAS ဆိုတာပါဘဲ။ နိုဝင်ဘာလလောက်မှာ ကျနော်တို့ နေမိသားစု...
05/08/2025

အာကသယာဉ်လား၊ ဂြိုလ်ပဲ့လား။

ခုတလော လိုင်းပေါ်မှာ လူပြောများနေတာ 3I/ATLAS ဆိုတာပါဘဲ။

နိုဝင်ဘာလလောက်မှာ ကျနော်တို့ နေမိသားစုထဲကို ဖြတ်သန်းဝင်ရောက်လာမယ်လို့ဆိုပါတယ်။

ဒီ အာကာသထဲက အရာဝတ္ထုဟာ တနာရီကို ကီလိုမီတာ ၁၃၀,၀၀၀ လောက်နဲ့ရွေ့လျားလာနေတာ ဖြစ်ပါတယ်။

ဒါနဲ့ပါတ်သက်ပြီး နက္ခတ္တပညာရှင်တွေကြားမှာ အငြင်းပွားမှုတွေရှိနေကြပါတယ်။

တချို့က ဒါဟာ ရိုးရိုးဂြိုလ်ပဲ့အစိတ်အပိုင်းတခုသာဖြစ်တယ်လို့ဆိုပေမဲ့ တချို့ကတော့ ဂြိုလ်သားယာဉ်တခုဖြစ်တယ်လို့ အခိုင်အမာပြောနေတာပါ။

ဒီလိုဖြစ်စဉ်ဟာ ပထမဆုံးမဟုတ်ပါဘူး။ တတိယမြောက်တွေ့ရှိမှုတခုပါ။ ပထမနဲ့ ဒုတိယကတော့ အိုမူရာမူရာ ( Oumuamua ) နဲ့ ဘိုရီဆော့ဗ် ( Borisov ) ဆိုတဲ့ဂြိုလ်နှစ်ခုပါ။

ယခုအရာကတော့ အရွယ်အစားက မန်ဟက်တန်မြို့တခုစာလောက် ရှိပါတယ်တဲ့။

ဒါကြီးသာ ကမ္ဘာကို တည့်တည့်ဝင်တိုက်မိရင် မတွေးရဲစရာပါ။

3I/ATLAS ရဲ့ထူးခြားချက်တွေက အနားစွန်းတွေဟာ ပျံသန်းနိုင်တဲ့ယာဉ်တွေလို အချိုးကျ သေသပ်နေတာပါဘဲ။

နောက်တချက်က သူဟာ ကမ္ဘာမြေကထောက်လှမ်းတဲ့လှိုင်းတွေကိုလဲရှောင်ရှားပြီး ရွေ့လျာနေတာပါ။

နောက်လလောက်ဆို နေကိုအကာအကွယ်ယူပြီး ကမ္ဘာနားကိုချဉ်းကပ်ဖွယ်ရှိတယ်လို့ ဟားဗတ်တက္ကသိုလ်ရဲ့အထင်ကရ ပညာရှင် Avi Loeb ကဆိုပါတယ်။

သူဟာ ဂြိုလ်သားနဲ့ ယာဉ်ပျံ ( UFO ) တွေကို အထူးလေ့လာသုတေသနလုပ်နေသူပါ။

သူ့အဆိုအရ ဒီအရာကထုတ်လွှတ်တဲ့အသံလှိုင်းတွေဟာလည်း သဘာဝအတိုင်းမဟုတ်ဘဲ စနစ်တကျ ထုတ်လွှတ်တဲ့ပုံစံရှိတယ်ဆိုပါတယ်။

ဆိုလိုတာက ယာဉ်တစီးရွေ့လျားလို့ထွက်ပေါ်လာတဲ့အသံလှိုင်းမျိုးဖြစ်နေတယ်လို့ဆိုပါတယ်။

Loeb နဲ့ သူ့အဖွဲ့က ဒါဟာ ယာဉ်တစီးလို့အတိအကျ မပြောနိုင်သေးပေမဲ့ ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။

နောက်တချက်က ပျံသန်းရာလမ်းကြောင်းကနေ သွေဖယ်မှုက ၀.၀၀၅ ရာနှုံးသာရှိပြီး တသမတ် အမြန်နှုံးနဲ့ ရွေ့လျာနေတာ ဖြစ်ပါတယ်။
ယာဉ်ပျံလား၊ ဂြိုလ်ပဲ့လားဆိုတာတော့ ကျနော်တို့ နိုဝင်ဘာအထိ စောင့်ကြည့်ကြရမှာပဲ ဖြစ်ပါတယ်။

#ဂြိုလ်ပဲ့
#အာကာသယာဉ်

ที่อยู่

Bangkok
10520

เวลาทำการ

จันทร์ 08:30 - 16:30
อังคาร 08:30 - 16:30
พุธ 08:30 - 16:30
พฤหัสบดี 08:30 - 16:30
ศุกร์ 08:30 - 16:30

เบอร์โทรศัพท์

023298130

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Wise Newsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Wise News:

แชร์