30/11/2024
မီးတောင်တွေကြားက ရေခဲနေတဲ့ နိုင်ငံ
အိုက်စလန်
ဆန့်ကျင်ဘက်တွေကိုပဲ တွဲမြင်ရမယ့် တစ်ခုတည်းသော နိုင်ငံ ❄️🔥
တချို့က ငရဲပြည်လို့ တင်စားပြီး တချို့က
အလှပဆုံး ပန်းချီကားကြီးလို့ ဆိုကြတဲ့ အိုက်စလန်နိုင်ငံ
🇮🇸မြောက်အမေရိကတိုက်နဲ့ ဥရောပတိုက်ကြားမှာ
တည်ရှိတဲ့ ဒီနိုင်ငံဟာ ကျွန်းနိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။တစ်နိုင်ငံလုံးရဲ့ ၁၁ ရာခိုင်နူန်းဟာ ရေခဲမြစ်တွေနဲ့ဖုံးလွှမ်းထားပြီး ဥရောပရဲ့ အကြီးဆုံး ရေခဲမြစ်ဟာ အိုက်စလန်မှာရှိပါတယ်။
🇮🇸ကမ္ဘာပေါ်မှာရှိတဲ့ ရေခဲမြစ်တွေဆီကို သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံထဲမှာ အိုင်စလန်ဟာ ထိပ်ဆုံးကနေပါ၀င်ပါတယ်။ရေခဲမြစ်ကြီးဟာ အပြာရောင်တလက်လက်တောက်ပနေတဲ့အပြင် 𝐇𝐢𝐤𝐢𝐧𝐠 လုပ်ချင်တဲ့သူတွေအတွက်လည်း အရမ်းမိုက်တဲ့ နေရာတစ်ခုပါ။
🧊🧊နာမည်က 𝐈𝐜𝐞𝐥𝐚𝐧𝐝 ဆိုပေမယ့် ရေခဲတွေချည်း ရှိနေတာ မဟုတ်ပါဘူး။မီးတောင်ပေါင်းက ၁၀၀ ကျော် ရေခဲတွေက ၁၁ ရာခိုင်နူန်းလောက် ယှဉ်တွဲတည်ရှိနေတာပဲ ဖြစ်ပါတယ်။
🧊🧊ကြီးမားပြီး စိတ်ဝင်စားဖွယ်ကောင်းလှတဲ့
မီးတောင်ပေါင်း ၃၀ ကျော်ရှိပြီး ရေခဲမြစ်ကြီးတွေ
ကလည်း အေးခဲလျက်ရှိတဲ့အပြင်
🔥🔥အံ့ဩစရာကောင်းတာ တစ်ခုက တချို့မီးတောင်ကြီးတွေဟာ ရေခဲမြစ်ကြီးတွေရဲ့အောက်မှာရှိနေတာပါပဲ။နောက်ထပ် ထူးဆန်း
တာတစ်ခုက မီးတောင် တွေပေါက်ကွဲတဲ့အခါ ရေခဲတွေကြားထဲက မီးတောက်တွေ ထွက်လာတာပါပဲ။
🔥🔥မြေကြီးထဲကနေ ထွက်လာတဲ့ ရေပူတွေဟာ
လေထဲကနေ ပြန်ကျလာရင် ရေခဲတွေ ဖြစ်သွားတာပါပဲ။ရေခဲတုံးလေးတွေဟာ လင်းလဲ့တောက်ပနေပြီး စိန်ပွင့်တွေနဲ့ကို တူနေရော။
💦ရေတံခွန်ပေါင်း ၁ သောင်းကျော်ရှိတဲ့အပြင် ရာသီဥတုကလည်း အချိန်မရွေး ပြောင်းလဲနေပါတယ်။အိုင်စလန်မှာ နေထိုင်တဲ့သူတွေဟာ မုန်တိုင်း
သတင်း နဲ့ လေတိုက်နူန်းကို အမြဲ နားစွင့်နေရပါတယ်။ရေခဲမြစ်တွေ .. ရေပူအိုင်တွေ.. ကမ်းခြေတွေ .. မြင်းတွေ.. ရေခဲဂူတွေ .. ရေခဲတုံးကြီးတွေနဲ့ လှရက်နိုင်လွန်းပါတယ်။
❄️🔥ဒီလို ကြမ်းတမ်းတဲ့ ရာသီဥတုနဲ့ မီးနဲ့ရေခဲ ဆန့်ကျင်ဘက် တွဲလျက်ရှိတဲ့ အိုင်စလန်နိုင်ငံက ဥရောပ နိုင်ငံ တစ်ခု ဖြစ်ပြီး ပဲရစ်တို့ လန်ဒန်တို့ကို သွားရင် ၁၃ နာရီ ကျော် ကြာပေမယ့် အိုင်စလန်ကို ရောက်ဖို့ဆိုရင် ထိုနိုင်ငံတွေကနေ နောက်ထပ် ၃ နာရီလောက် လေယာဉ်ထပ်စီးရမှာပဲ ဖြစ်ပါတယ်။ဥရောပနိုင်ငံ ဖြစ်တဲ့အတွက် မြန်မာပြည်ကနေဆိုရင် အနည်းဆုံးလေယာဉ် ၃ ဆင့်လောက် စီးရပါမယ်။
ဒါ့အပြင် အိုက်စလန်ဟာ ကမ္ဘာပေါ်မှာ 𝐍𝐨𝐫𝐭𝐡𝐞𝐫𝐧 𝐋𝐢𝐠𝐡𝐭𝐬 ကြည့်ဖို့ အကောင်းဆုံးနိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။မြောက်အတ္တလန်တိတ်သမုဒ္ဒရာ ထဲမှာ ရှိတဲ့နိုင်ငံ ဖြစ်ပြီး အိုက်စလန်ရဲ့ မြို့တော် ရေးခီးဗစ် ကိုတော့ကမ္ဘာ့အသန့်အရှင်းဆုံးမြို့တွေထဲက တစ်မြို့လို့လည်း တင်စားကြတာမလို့ သွားရောက်လည်ပတ်
သင့်တဲ့ နိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်ရှင်။